“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, January 1, 2013

♚ ပဲတီသနပ် (ခေါ်) ပဲပင်ပေါက်သနပ် ♚



 
ပဲတီသနပ်လို့ ခေါ်တဲ့ ပဲပင်ပေါက်သနပ်ကို အားလုံးအတွက်

မျှဝေပေးလိုက်ရပါတယ်နော့့် 



ပြုလုပ်နည်း
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

ပဲပင်ပေါက်များကို အမည်းရောင် ပဲဖတ်လေးတွေ အရင်သန့်စင်ပေးရမယ်နော်

ပြီးမှ ရေနဲ့ သန့်စင်အောင်ဆေးပါမယ့့် 


ပြီးရင် ရေနွေးပွက်ပွက်ဆူအောင် တည်ထားတဲ့အထဲမှာ နနွင်းမှုန့်လေး

အသက်ရှည် ကျန်းမာသောဘဝကို ပိုင်ဆိုင်စေ

 
အသက်ရှည်ကာ ကျန်းမာတဲ့အဘဝကို ရရှိစေဖို့အတွက် အောက်ပါနည်းလမ်းနှစ်ရပ်ဟာ အဓိကကျကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

၁။ အကောင်းဆုံးကို မျှော်လင့်ပါ ....
အမျိုးသမီး ကျန်းမာရေးဆိုင်ရာ လေ့လာမှုအရ အမျိုးသမီးဦးရေ တစ်သိန်းကို လေ့လာခဲ့ရာ အကောင်းမြင် နှုန်းများ သူတွေဟာ အဆိုးမြင်သူတွေထက် လေ့လာမှုအပြီး ပထမရှစ်နှစ်အတွင်း သေဆုံးနိုင်ခြေ ၁၄ ရာခိုင်နှုန်း လျော့နည်းကြောင်း သိရပါတယ်။

အကောင်းမြင်သူတွေဟာ လူမှုဆက်ဆံရေး ကွန်ယက်ခိုင်မာပြီး စိတ်ဖိစီးမှုကို ကောင်းကောင်း ထိန်းချုပ်နိုင်တာကြောင့် ဖြစ်ပါတယ်။

၂။ ချစ်သောသူကို ကြင်နာပါ ...
စိတ်ဖိစီးမှု ခံစားရပုံချင်း တူနေရင်တောင် ဂရုစိုက်ရမယ့် ဘဝဖော်ရှိနေတဲ့ အိမ်ထောင်ရှင်တွေဟာ အရွယ် မတိုင်ခင် အသက်သေဆုံးနိုင်ခြေ ၃၆ ရာခိုင်နှုန်း လျော့နည်းကြောင်း မီချီကန်တက္ကသိုလ်လေ့လာသူတွေက ဆိုပါတယ်။ ချစ်တဲ့သူနဲ့ အတူရှိနေတာဟာ ခန္ဓာကိုယ်ကနေ ချည်နှောင်တဲ့ ဟော်မုန်းအောက်ဆီတိုစင် ထွက်စေခြင်းနဲ့ စိတ်ဖိစီးမှု ဟော်မုန်း ကော်တီဆောအထွက်နည်းစေခြင်းတို့ကို ဖြစ်ပေါ်စေတာ ကြောင့်ပါ။
ခန္ဓာကိုယ်ထဲမှာ စိတ်ဖိစီးမှု ဟော်မုန်းရှိနေရင် သွေးဖိအား မြင့်တက်ပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို လျော့ကျစေနိုင်ပါတယ်။


Health
Mg Mandalay

"" အချစ်လေလား ""

အကြည့်တွေ့ရယ်ဆုံလာရင်လေ သိပ်ခက်တယ်
နှိုင်းယှဉ်ပြလို့မရတဲ့စကားလုံးတွေရင်ထဲ
အညှာလွယ်တယ်လို့ ပြောချင်ပြောပါ
မင်းအပြုံးလေးတွေ့ရင် သိပ်ချစ်တာပဲ

သစ္စာစကားလည်း မဆိုပါဘူး
မုသားစကားလည်းမပြောပါဘူး
ယုံတယ်ဆိုရင်တော့ ကိုယ့်ချစ်ကို
လက်ခံပေးပါကွယ်

တစ်သက်မှာတစ်ကြိမ်
တစ်ကြိမ်မှာတစ်ယောက်တည်းမို့
အချစ်လေးရယ် ကိုယ့်ကိုပြန်ချစ်လိုက်ပါတော့ကွယ်

တစ်ရက်လည်းမဟုတ်ခဲ့ပါ
နှစ်ရက်လည်းမဟုတ်ခဲ့ပါ
ရက်တွေတရက်ပီးတစ်ရက်ကြာခဲ့ပါပီ
ခေါ်လေလေဝေးနေရမှာလား
မျှော်လေလေဆွေးနေရမှာလား
လိုက်နေတာသိရဲ့သားနဲ့ ပြေးနိုင်လွန်းသူလေးရယ်

အမူအရာလေး တမော့မော့
ပုတုန်းရောင်ဆံကေသာ ကြော့ကြော့မှာ
ပန်းပန်ဖို့ မောင်ရည်စူး နှင်းဆီဖူးလေး
မောင်ခူးလို့လာပြီ
ချစ်သူလေးရဲ့ ဆံကေသာထက်
ပြုံးရွှင်ကာ မြူးတူး ပန်ဆင်လိုက်စမ်းလေ

ချစ်သူခြေတစ်လှမ်းလှမ်းလိုက်တိုင်း
ပန်းတစ်ပွင့် ပွင့်နေတယ်လို့ထင်မိ
ချစ်သူသွားရာနေရာများ
ပန်းမန်စုံလင်တဲ့ ဥယျာဉ်များဖြစ်သွားလေလား
စိတ်တွင်ခံစား အချစ်လေလား...........။

(ကိုဇော်)
iceheart.owner@gmail.com

"" စောင့်လို့နေမှာပါ ""

မင်းနဲ့မှ ချစ်တတ်သွားတာပါ
မင်းနဲ့မှ ချစ်တာမချစ်တာ ငါသိခဲ့တာ
မင်းနဲ့မှ အချစ်အကြောင်းငါသိခဲ့တာ
ဒါတွေဟာ ရိုးလွန်းပါတယ်ကောင်မလေးရယ်
ငါကတော့ မင်းအပေါ်
ဘယ်လောက်ချစ်တယ်ဆိုတာတွေကို
ရိုးလွန်း အသုံးများလွန်းနေတဲ့စကားလုံးတွေနဲ့
မတင်စားချင်ဘူးကောင်မလေးရယ်....

ငါအချစ်ကို ထိခိုက်ပွန်းပဲ့သွားနိုင်လို့ပါ
ငါရဲ့အချစ်ဟာ အရမ်းသိမ်မွေ့နူးညံ့ပြီး
ပေးဆပ်ခြင်းတွေ ရယူခြင်းမရှိ
ယုယခြင်းတွေ ကြမ်းတမ်းခြင်းမရှိ
နွေးထွေးသော အချစ် အေးစက်စက်ဖြစ်ခြင်းမရှိတွေနဲ့
ပြည့်စုံနေတဲ့ အချစ်တွေနဲ့မင်းလေးကို
တသက်လုံးချစ်သွားမှာပါ
မင်းအနားဘယ်သူတွေပဲရှိရှိပေါ့ ကောင်မလေးရယ်
မပြောင်းမလဲ အကြောင်းမလွှဲပဲ
တထောင့်တနေရာကနေ မင်းလေးကိုယ့်ရင်ခွင်ဝင်လာမဲ့
တစ်နေ့ကို ကိုယ်ကျေကျေနပ်နပ်ကြီး စောင့်လို့နေမှာပါ......

(ကိုဇော်)

အိမ်မွေး တိရစ္ဆာန်ကြောင့် ဖြစ်သော ဓာတ်မတည့် မှုများ

တရားခံ မွှာကောင်များ
သင့်ကို နှာချေစေတဲ့ အကြောင်း ရင်းဟာ ခွေးနဲ့ ဓာတ်မတည့်လို့ မဟုတ် ဘဲနဲ့ ခွေးလေး နေထိုင် လေ့ရှိတဲ့ နေရာတွေမှာ ရှိနေတတ်တဲ့ မွှားကောင် တွေကြောင့် ဖြစ်တတ်ပါတယ်။ မွှားကောင် တွေဟာ လူတွေကို ဓာတ်မတည့်မှု ဖြစ်စေတဲ့ အဓိက သတ္တဝါ ဖြစ်ပါတယ်။
ဒါကြောင့် ခွေးလေးရဲ့ အိပ်ရာကို ဖြစ်နိုင်လျှင် အပတ်စဉ် လျှော်ဖွပ်ပေးပါ။ လေဝင် လေထွက် ကောင်းတဲ့ နေရာမှာ ရွှေ့ထားလိုက်ပါ။
ဓာတ်မတည့်မှုဖြစ်ပေါ်စေသော ကြောင့်ကြောင်တွေရဲ့ တံတွေးမှာ ပြင်းထန်တဲ့ ဓာတ်မတည့်မှု ပစ္စည်းတွေ ပါဝင်ပါတယ်။ ခွေးတွေလို အမွေးကြောင့် ဓာတ်မတည့်မှု ဖြစ်ပေါ်လာမှာ စိုးရိမ်စရာ မလိုပါဘူး။ အချို့သောကြောင် အမျိုးအစားများ ဆိုင်ဘေးရီး ယန်းကြောင်၊ ရုရှားကြောင်ပြာ စတဲ့ အမျိုးအစား တွေကတော့ ဓာတ်မတည့်မှုကို ဖြစ်ပေါ် စေသည့်နှုန်း နည်းပါးပါတယ်။ ဒါပေမယ့် ဓာတ်မတည့်မှု ရောဂါ ဝေဒနာရှင်နဲ့ တည့်သော ကြောင်အမျိုးအစား ရယ်လို့တော့ မရှိပါဘူး။ ဝေဒနာ လက္ခဏာများ ခွေးနှင့် ဓာတ်မတည့် မှုကြောင့် ခံစားရနိုင်သော ဝေဒနာများမှာ
- ချောင်းဆိုးခြင်း၊ အသက်ရှုလျှင် တရွှီရွှီ မြည်ခြင်း၊
- မျက်လုံးနီရဲ၊ ယားယံလာခြင်း
- နှာခေါင်း ယားလာပြီး နှာစေး၊ နှာချေလာခြင်း
- နှာခေါင်းပိတ်ခြင်း RAST (radioallergosorbent test လို့ခေါ်တဲ့ အရေပြား သို့မဟုတ် သွေးစစ်ဆေး ခြင်းဖြင့် ဘာကြောင့် ဓာတ်မတည့် မှုဖြစ်ပေါ် ရသလဲ ဆိုတဲ့ အကြောင်းရင်းကို သိရှိနိုင်ပါတယ်။ ခွေးကြောင့်လား၊ မှိုကြောင့်လား၊ ဝတ်မှုန်တွေကြောင့်လား ဆိုတာကို ယေဘုယျအားဖြင့် ခန့်မှန်းလို့ ရပါတယ်။

ဓာတ်မတည့်မှုဖြစ်ခြင်းကို ဘယ်လိုလျှော့ချမလဲ
မိသားစု အတွင်းမှာ ခွေးနဲ့ဓာတ် မတည့်တဲ့သူ တစ်ယောက်ရှိ နေပြီး ဆက်မွေးချင်တဲ့ အခြေ အနေမှာ ဓာတ်မတည့်မှု ဖြစ်ခြင်းကို တတ်နိုင် သမျှ လျော့နည်းအောင် ဆောင်ရွက် နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။
- ခွေးကို အိပ်ခန်းထဲ ပေးမဝင်ပါနဲ့။
- အိမ်အပြင်ဘက်မှာ ခွေးနဲ့ဆော့ ကစားနိုင်ပါတယ်။
- ခွေးကို ကိုင်ပြီးတာနဲ့ လက်ကို သေချာစွာဆေးကြောပါ။
- ခွေးကို တစ်ပတ်တစ်ခါ ရေချိုးပါ။
-ကော်ဇော၊ ခြေသုတ်ဝတ်၊ ကြမ်း သုတ်ဝတ်များကို အမြဲသန့်ရှင်း အောင်ထားပါ။ စွန့်လွှတ် လိုက်ပါ နှာချေခြင်း၊ ရင်ကျပ်ခြင်းတို့ဟာ သိပ်ပြီး စိုးရိမ်စရာ မရှိပေမယ့် သင့်ရဲ့ ကလေးငယ်မှာ ပြင်းထန်တဲ့ အိမ်မွေး တိရစ္ဆာန်နဲ့ ဓာတ်မတည့်မှု ရောဂါ ရှိနေမယ် ဆိုရင်တော့ အိမ်မွေး တိရစ္ဆာန် ငယ်လေးကို အခြား အိမ်တစ်အိမ်ကို ပို့လိုက်ဖို့ ပြင်ဆင် သင့်ပါတယ်။

မောင် Ref: Healthcare Asia.
http://www.myawady.com.mm/health/knowledge/item/3261-2013-01-01-09-58-55