!-kp-3နည်းပညာ-http:>
Wednesday, August 8, 2012
ဟာသတိုများ(၈)
(၁) စကားပြောဖော်
အလွန်ကပ်စေးနှဲသူတစ်ဦးကို ဇနီးဖြစ်သူမှပြောလိုက်သည်။
ငွေကစကားပြောတယ် ဆိုတာ တကယ်ပဲ လားဟင် ကိုကို။
သိပ်ဟုတ်တာပေါ့ မိန်းမရယ်။
ဒါဆိုကိုကို အပြင်သွားတဲ့အခါ ကျွန်မ တစ်ယောက်တည်းနေရတာပျင်းလွန်းလို့ စကားပြောဖော်အဖြစ် နည်းနည်းလောက်ပေးထားခဲ့စမ်းပါ။
……………………….
(၂) အာဂျင်တီးနား
စာသင်ကျောင်းတစ်ခု၌ ပထ၀ီဆရာသည် ကျောင်းသားတစ်ယောက်ကို မေးလိုက်သည်။
အာဂျင်တီးနား နိုင်ငံဘယ်နားမှာရှိလဲကွ။
ဟုတ်ကဲ့။ ပထ၀ီ စာအုပ်ရဲ့ စာမျက်နှာ ၄၃ မှာရှိပါတယ်ဆရာ။
……………………….
(၃) ဒါကြောင့်ကိုး
မျက်စိဆရာဝန်တစ်ဦးသည် လူနာကို ပါဝါမျက်မှန်တစ်လက်ပြီး တစ်လက်ပြောင်းလဲတပ်ဆင်ကာ စမ်းသပ်နေရာမှ စိတ်ညစ်သံဖြင့် ပြောလိုက်သည်။
ကိုင်း…ရှိသမျှဒီဂရီတွေလည်း ကုန်ပြီ။ အခုထိ ဟိုကစာတွေတစ်လုံးမှ ဖတ်မပြသေးဘူး။
ကျွန်တော်က စာမတတ်ဘူး ဆရာရဲ့။
………………………..
(၄)တကယ့်ရှေ့နေ
တရားခံရှေ့နေ- ဟိုဥစ္စာ ခင်ဗျားရဲ့ကား မဟုတ်လား။
တရားလို – ရှေ့နေကြီး မေးခွန်းတွေကိုဖြေရင်း ဖြေရင်းနဲ့ ကျွန်တော့်မှာ ကားတစ်စီးပိုင်တယ်လို့တောင် သိပ်မထင်မိတော့ပါဘူး။
………………………..
(၅) ရှာရတာမလွယ်ဘူး
လူတစ်ယောက်သည် သူ၏ချစ်သူအတွက် မွေးနေ့လက်ဆောင်အဖြစ် စိန်လက်စွပ်တစ်ကွင်းပေးလိုက်ရာ..
ဟယ် .. လှလိုက်တာ ကိုကိုရယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ အပတ်တုန်းက မွေးနေ့လက်ဆောင်အဖြစ်နဲ့ ရေခဲသေတ္တာ ၀ယ်ပေးမယ်လို့ ပြောခဲ့ပြီးတော့။။။
ကိုယ်သိပါတယ်ကွာ။ ဒါပေမယ့် ရေခဲသေတ္တာအတုက ဘယ်ဆိုင်မှာမှ မရဘူးကွာ။
………………………..
(၆)သူ့ဇာတာ
ဗေဒင်ဆရာသည် သူ့ရှေ့ရှိ သူ၏ဇာတာကို စေ့စပ်သေချာစွာ တွက်ချက်ကြည့်ပြီးနောက် ပြောလိုက်သည်။
ဇာတာရှင် ဟာ လောလောဆယ် အညံ့ပိုင်း ထဲမှာပဲရှိသေးတယ်။ ဒါပေမယ့် မွေးလကျော်ရင်တော့ လက်ခမောင်းခပ်ဖို့ သာပြင်ပေတော့။
ဒါဆို ကျွန်တော်ငွေ အစုလိုက် အပုံလိုက် ရကိန်းရှိလို့ ပေါ့နော်။
ဟင့်အင်း….လက်ဝှေ့ကြိုးဝိုင်းထဲ ရောက်ဖို့ပဲရှိတယ်။
……………………….
(၇) ကိစ္စမရှိပါဘူး
ကိုရေ မီးဖိုချောင်ထဲမှာ သူခိုးရောက်နေလို့ သွားဖမ်းပေးစမ်းပါ။
ဟာကွာ…သူ့မှာလက်နက်ပါရင် ပြန်ခုခံမှာပေါ့ကွ။
အဲဒါဘာဖြစ်လဲ..ကိုကိုက အသက်အာမခံလုပ်ပြီးသားပဲဟာ။
……………………….
(၈) သတိထားပြီးစောင့်ကြည့်
ဆရာရယ်..ကျွန်မသားလေး သဲတွေနဲ့ ဆော့ရင်းမျိုချမိလို့ ရေတော့တိုက်ထားတယ်။
အဲဒါဘာဆက်လုပ်ရမလဲဟင်။
ဘိလပ်မြေနဲ့ ထုံးနဲ့ ထပ်ပြီးမျိုမချမိစေနဲ့။
………………………
(၉) ထင်တဲ့အတိုင်းပဲ
ရှေ့နေ – နေစမ်းပါဦး။ မင်းက သေသေချာချာမြင်ရတယ် ဆိုတော့ သေတဲ့လူနဲ့ ဘယ်လောက်အကွာအဝေးမှာ ရှိနေလို့လဲ။
သက်သေ – ရှစ်ပေခြောက်လက်မတိတိ အကွာမှာရှိနေလို့ပါ။
ရှေ့နေ – အမယ် တယ်လည်းတိကျလှချည်လားကွ။ ဘာဖြစ်လို့ ဒီလောက်တိတိကျကျ ပြောနိုင်ရတာလဲ ။
သက်သေ – အခင်းဖြစ်ရပ်ကိုပြန်ပြောပြရင် ကပ်သီးကပ်ဖဲ့လုပ်မယ့် သူတစ်ယောက်က ဟိုမေးဒီမေးလုပ်ချင်လုပ်လိမ့်မယ်လို့ ထင်လို့ ပေတံနဲ့ကို တိုင်းထားတာပါ။
………………………….
(၁၀) ဘယ်သူမှန်မလဲ
ကျွန်မရဲ့ ဗိုက်ထဲက အလုံးအကြောင်းကို ဒေါက်တာက တစ်မျိုးပြောတယ်။ မနက်ပိုင်းက လာကြည့်တဲ့ ဆရာဝန်က တစ်မျိုးပြောတယ်။ ဘယ်ဟာကိုယုံရမလဲ။
သူပြောတာမှန်မလား။ ကျွန်တော်ပြောတာမှန်မလား ဆိုတာရင်ခွဲရုံရောက်တော့ အဖြေပေါ်ပါလိမ့်မယ်။ မပူပါနဲ့။
……………………………
(၁၁) အတွေးအခေါ်
သစ်ကုလားအုပ်တွေရဲ့ လည်ပင်းဟာ ဘာလို့ရှည်ရတာလဲ မေမေ။
ဒါလေးများ၊ ခေါင်းနဲ့ ကိုယ်နဲ့သိပ်ဝေးနေလို့ ပေါ့ သားရယ်၊
……………………………
(၁၂) အချစ်ကုသိုလ်ကံ
ကျွန်တော်ဟာ မိန်းမနဲ့ပတ်သက်လာရင် ကုသိုလ်ကံဆိုးပါတယ်ဗျာ။ ပထမမိန်းမတုန်းက အိမ်ပေါ်ကဆင်းသွားတယ်။
နောက်မိန်းမကျတော့ ဘယ်လိုဖြစ်သလဲ။
သူကျတော့ လုံးလုံးကို နှင်ချလို့မရဘူးဖြစ်နေတယ်ဗျ။
………………………….
(၁၃) ဒါဖတ်ပြီးမှပြော
ခင်ဗျားရဲ့ကူညီမှုအတွက် ဘယ်လောက်ကျေးဇူးတင်တယ် ဆိုတာ ပြောပြဖို့ စကားလုံးတောင် ရှာမတွေ့သလောက်ပါပဲဗျာ။
ရော့…ဒါဆို ဒီစာအုပ်ဖတ်ကြည့်ပြီး မှပြော။
အဲဒါဘာစာအုပ်လဲဗျာ
အဘိဓာန်စာအုပ်လေ။
………………………….
(၁၄) ကတိအတိုင်း
ဒီ company မှာ ကျွန်တော်ကားဝယ်တုန်းက ကားနဲ့ပတ်သက်ပြီး လိုအပ်တာဘာမဆိုရှိရင် တစ်လအတွင်းလာခဲ့ပါ။ အလကားလုပ်ပေးမယို့ ပြောခဲ့တာမှတ်မိတယ် မဟုတ်လား။
ဟုတ်ကဲ့ခင်ဗျ။ အခုဘာများဆောင်ရွက်ပေးရမလဲခင်ဗျာ။
ကားဂိုဒေါင် တစ်လုံးဆောက်ပေးဖို့ပါ။
…………………………
(၁၅) မသိလို့ပါ
ဘာဖြစ်လို့ သူခိုးကိုသွားကျိုးအောင် ရိုက်ပြီး ဖမ်းရတာလဲ။ ခင်ဗျား မှာအပြစ်ရနိုင်တာမသိဘူးလား။
မသိပါဘူးရှင်။ ကျွန်မယောင်္ကျားဟာ အဲဒီညက ညဉ့်နက်တဲ့အထိ ပြန်မလာလို့ စောင့်ရတာ ဒေါသဖြစ်နေတုန်း
သူကတိတ်တိတ်ကလေး ၀င်လာတော့ ယောက်ျားအမှတ်နဲ့ လုပ်ခဲ့မိတာပါ။ သူခိုးမှန်းသိရင် ဒီလောက်တောင် လုပ်မိမှာမဟုတ်ပါဘူး တရားသူကြီးမင်း။
…………………………
(၁၆) တစ်ကောင်ကြွက်မဟုတ်ဘူး
မင်းထောင်ထဲရောက်နေတာ ၃ နှစ်လောက်ရှိပြီ။ ဘယ်သူမှထောင်ဝင်စာလည်း လာမတွေ့ကြဘူး။ မင်းမှာဆွေမျိုးမိဘတွေမရှိတော့ဘူးလားကွ။
သိပ်ရှိတာပေါ့။ ဒါပေမယ့် တကူးတက လာတွေ့ဖို့မလိုဘူးလေ။ သူတို့အားလုံးဒီထောင်ထဲမှာပဲဟာ။
………………………….
(၁၇) စိတ်ပျိုကိုယ်နု
စိတ်ပျိုကိုယ်နုဖြစ်အောင် ဘာလုပ်ရရင်ကောင်းမလဲ ကျောင်းဒကာရဲ့။
သစ်ပင်ပန်းပင်စိုက်ပေးရင်စိတ်လဲချမ်းသာ လေကောင်းလေသန့်လည်းရှူရလို့ စိတ်ပျိုကိုယ်နုဖြစ်တာပေါ့။
ဒီလိုဆို မာလီကုလားတွေကျတော့ ဘာလို့ စိတ်ပျိုကိုယ်နုမဖြစ်တာလဲ။
…………………………
(၁၈)အထည်ဖိုးကြောင့်
ဒီနေ့တော့ အကုသိုလ်ဝင်တာပဲ မိန်းမရေ။ ကားမောင်းပြန်လာရင်းနဲ့ လမ်းမှာမီးပွိုင့်ကိုဝင်တိုက်မိခဲ့လို့ ဒဏ်ငွေဖြစ်ဖြစ် ထောင်တစ်လဖြစ်ဖြစ် အပြစ်ပေးခံရမယ်တဲ့။
ဒီလိုဆိုဒဏ်ငွေ ဆောင်မနေနဲ့တော့ မောင်။ ဒီလအတွက် မေ ယူထားတဲ့အထည်ကြွေးတွေဆပ်ရမှာ များနေလို့။
………………………..
(၁၉) အကောင်းဆုံးအဖြေ
မင်းမိန်းမခိုးပြေးသွားတဲ့ ကောင်ကို လိုက်မသတ်ဘူးလားကွ။
ငါလိုက်သတ်ရင် ရာဇ၀တ်မှုဖြစ်မှာပေါ့။ ငါ့မိန်းမနဲ့ ကြာကြာနေမိလို့ သူ့ကိုယ်သူ သတ်သေတော့ပိုကောင်းတယ်လေ။
…………………………
(၂၀)မနက်ဖြန်ဆိုရင်
ခင်ဗျားတို့ စတိုးဆိုင်ကို ညကအဖောက်ခံရတာဘာတွေပါသွားလဲ ဗျ။
ဘာတွေပါသွားမှန်း ကို မသိဘူး။ အခုမှ စာရင်းလုပ်မလို့။ မနက်ဖြန်မှ ခိုးရင်အကောင်းသား။
……………………………
မှတ်ချက်။ ။ ရဲစကိုင်း၏ ပြုံးရုံပြုံးပါ ဆိုသော စာအုပ်မှဖြစ်ပါသည်။
http://www.zwekapinmyae.com/profiles/blog/show?id=2879352%3ABlogPost%3A693557&xgs=1&xg_source=msg_share_post
စိတ်ညစ်နေရင်ဒါလေးတွေလုပ်ကြည့်ပါ
၁.....သက်ကြီးရွယ်အိုတွေကိုလက်ဆောင်တစ်ခုခုဝယ်ပေးပါ သူတို့ ပြုံးပြတာတွေ့ရရင် စိတ်ကြည်နူးပြီးစိတ်ညစ်စရာတွေပျောက်တတ်ပါတယ်....
၂.....ကလေးလေးကိုခဏလေးပွေ.ချီပါ...သူရီသံလေးကြားရရင်စိတ်ကြည်နူးပြီးစိတ်ညစ်စရာတွေပျောက်တတ်ပါတယ်...
၃.....ပင်လယ်ကမ်းခြေသို.သွားပြီးငွေသဲသောင်ပြင်ပေါ်သို.ဘိနပ်မစီးပဲပြေးရင်းနဲ.အားထုပ်ပြီးအော်လိုက်ပါစိတ်ညစ်စရာတွေကိုထွေးပစ်လိုက်သလိုဖြစ်သွားစေပြီးစိတ်ညစ်စရာတွေကိုလျော.နည်းစေပါတယ်
၎.....ကိုယ်အရမ်းကြိက်တဲ့စတော်ဘယ်ရီကိတ်ကိုစားပါ..... အရသာချိုမှိန်လို့စိတ်ညစ်စရာတွေကို လျော့နည်းစေပါတယ်...
၅.....ပေါ့ပါးတဲ့.သီချင်းလေးတွေကိုနားထောင်ပေးပါ....လိုက်က လိုက်ခုန်ရင်းနဲ့ စိတ်ညစ်စရာတွေကိုလျော့နည်းစေပါတယ်...
၆.....ဆင်းရဲသားတွေသူတောင်းစားတွေကိုတတ်နိုင်သလောက်ပံ့ပိုးပေးပါ ...သူတို့ကျေးဇူးတင်တာကိုတွေ့ရရင် စိတ်ကြည်နူးပြီးစိတ်ညစ်စရာတွေပျောက်တတ်ပါတယ်...
၇.....ဘုန်းကြီးကျောင်းသို့သွားပြီးဘုရားရှိခိုးပါ စိတ်ပေါ့ပါးစေပြီးစိတ်ညစ်စရာတွေပျောက်တတ်ပါတယ်...
၈.....သူငယ်ချင်းတွေနဲ.ဈေးဝယ်ထွက်ပါ...တချိန်ကမဝယ်လိုက်ရတဲ့အရာတခုတခုဝယ်လိုက်ရလို့စိတ်ညစ်စရာတွေကိုမေ.ပစ်တတ်တယ်...
၉.....အစာများများစားပါ ဗိုက်ပြည့်နေရင်စိတ်ညစ်စရာတွေကအရေးမကြီးတော့ဘူးလေ
၁၀.....အဓိကအချက်က ကိုယ့်ကိုစိတ်ညစ်အောင်လုပ်တဲ့သူကိုမဆဲပါနဲ့ ခွင့်လွတ်ပေးပါ...ဒါမှ ကိုယ်လဲခဏလေးစိတ်ညစ်ပြီးရင် စိတ်ပေါ့ပါးပြီးစိတ်ညစ်စရာတွေလည်း ကိုယ်နဲ့အဝေးတနေရာသို့ထွက်သွားမှာပါ......
http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1326290&xgs=1&xg_source=msg_share_post#axzz232AWTzOQ
သင့်ဖူးစာရှင် မှန်ရဲ့လား တွက်ကြည့်ရအောင်..
ကိုယ့်ချစ်သူက သင့်ရဲ့ဖူးစာရှင် ဟုတ်မဟုတ် သိချင်ကြဘူးလား၊ နည်းကတော့ လွယ်လွယ်လေးပါ။ သင်ရယ်၊ သင့်ရဲ့
ချစ်သူမွေးနေ့သက္ကရာဇ် အားလုံးပေါင်းကြည့်၊ နောက်ဆုံး ရလာတဲ့ကိန်းတစ်လုံးကအဖြေပေါ့။ကဲအစမ်းလေးလုပ်ကြည့်
ရအောင်။ သင်က ၁၃.၁.၁၉၉၁ သင့်ချစ်သူက ၄.၄.၁၉၉ဝ ဆိုပါစို့။
သင့်မွေးနေ့ + သင့်ချစ်သူမွေးနေ့ = အဖြေ
၁၃ + ၁ + ၁၉၉၁ + ၄ + ၄ + ၁၉၉ဝ = ၄၀၀၃
မွေးနေ့၂ခုပေါင်းထားတဲ့ အဖြေ
၎ + ၀ + ၀ + ၃ = ၇
အဖြေက ၇ ပေါ့။
ရှင်းပြီနော်။ ကဲ..တွက်ကြည့်ကြရအောင် ...
အဖြေ- ၁
(၁) ရတဲ့သူကတော့ သင်ဟာသူ့ကိုအသက်ပေးနိုင်လောက်အောင်ချစ်ပေမယ့် သူ့အတွက်ကတော့ ရည်းစားဟောင်း
ကပစ်သွားလို့ အသဲကွဲပြီးခဏလာနားတဲ့ Bus ကားမှတ်တိုင်လိုဖြစ်နေတာပါ။ သင်နဲ့အတူနေတဲ့အချိန်မှာ သူဟာပျော်
ခါးနာခြင်း ကင်းဝေးစေမည့် ကိုယ်နေဟန်ထားများ
၁) မှန်ကန်သော အနေအထား
ကိုယ်နေဟန်ထား မှန်မှသာ ခါးနာ ဝေဒနာ ကင်းဝေးမှာ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အနေအထားမျိုး နေ
တဲ့အခါ ကျောရိုးဟာ သန်စွမ်းပြီး တည့်မတ်နေပါတယ်။ ကျောရိုးက ခုံးတာ၊ ခွက်တာတွေ ဖြစ်ရင် ကြွက်သားနဲ့ တွယ်
ဆက်မျှင်တွေဟာ ကျောရိုး ဟန်ချက်ညီအောင် အတင်း တည်ဆောက်နေရတာကြောင့် ညောင်းညာတာ၊ ခါးနာတာ၊
ခေါင်းကိုက်တာနဲ့ တခြား ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
၂) ကျောရိုး၏ ကွေးညွတ်မှု
ှုကျန်းမာရေး ကောင်းနေတဲ့ ခါးနောက်ကျောမှာ သဘာဝ အကွေးသုံးမျိုး ရှိပါတယ်။ လည်ပင်း အကွေး၊ ခါးအပေါ်ပိုင်း
အကွေးနဲ့ ခါးအောက်ပိုင်း အကွေးတို့ပဲ ဖြစ်ပါတယ်။ မှန်ကန်တဲ့ ကိုယ်နေဟန်ထားဟာ ဒီအကွေး သုံးမျိုးကို တည်မြဲနေ
အောင် ထိန်းထားနိုင်ပေမယ့် ကိုယ်နေဟန်ထား မမှန်ရင်တော့ ကြွက်သားတွေပေါ်ကို ဖိအား ကျရောက်စေကာ
နာကျင်စေနိုင်ပါတယ်။
၃) မှန်ကန်သော မတ်တတ်ရပ် အနေအထား
မတ်တတ်ရပ်တဲ့ အခါ ရင်ဘတ်ကို မြှင့်ထားရပါမယ်၊ ပခုံးတွေက နောက်ဘက်ကို ရောက်ပြီး တင်းမထားရပါဘူး။
ဗိုက်နဲ့ တင်ပါးတွေက ရင်ဘတ်နဲ့ ယှဉ်ရင် နောက်ဘက် ရောက်နေရပါမယ်၊ ကိုယ်အလေးချိန်ဟာ ခြေထောက်
နှစ်ဖက်စလုံးပေါ်မှာ အညီအမျှ ရှိနေရပါမယ်။
၎) နံရံကပ်ကာ စစ်ဆေးနည်း
မတ်တတ်ရပ်တဲ့ အနေအထားက မှန်၊ မမှန် သိအောင် နံရံကို ကပ်ပြီး စစ်ဆေးသင့်ပါတယ်။ ခြေဖနောင့်တွေကိုတော့
နံရံနဲ့ ၂-၄ လက်မ အကွာလောက် ထားပြီး ခေါင်း၊ ပခုံးနဲ့ တင်ပါးတွေကို နံရံနဲ့ ထိကာ ရပ်ပါ။ သင့်ကျောနဲ့ နံရံရဲ့
အကွာအဝေးက လက်တစ်ဝါးစာ အထူလောက်ပဲ ရှိသင့်ပါတယ်။ တကယ်လို့ အလွန် ဝေးနေရင် ဝမ်းဗိုက် ကြွက်သား
တွေကို ရှပ်ပြီး ရပ်ပါ။ အလွန် နီးနေရင်တော့ သင့်ခါးကို နည်းနည်း မြှင့်လိုက်ပါ။ အဲဒီ အနေအထား အတိုင်း လမ်း
လျှောက်တာ၊ ရပ်တာတွေကို လုပ်ဆောင်ပေးပါ။
၅) မှန်ကန်သော ထိုင်နည်း အနေအထား
ကြမ်းပြင်ပေါ်မှာ ခြေဖဝါး နှစ်ဖက်စလုံးကို ချထားနိုင်မယ့် ထိုင်ခုံမျိုးနဲ့ ထိုင်ပါ။ ဒူးတွေက တင်ပါးနဲ့ တစ်တန်းတည်း
ဖြစ်နေရပါမယ်။ နောက်ကျောကို ထိုင်ခုံ နောက်မှီမှာ မတ်မတ် ထိုင်ပါ။ လိုအပ်ရင် ခါးနောက်ကျော အကွေး နေရာမှာ
တဘက် ဒါမှမဟုတ် ခေါင်းအုံးသေး ထည့်ထားပါ။ ညောင်းညာလာရင် ခေါင်းကို မျက်နှာကြက်ဆီ ကြည့်လိုက်၊
မေးစေ့ကို အောက်ဆွဲချလိုက် လုပ်ပေးပါ။ နောက်ကျော အပေါ်ပိုင်းနဲ့ လည်ပင်းတွေ ကတော့ သက်သောင့်သက်သာ
နဲ့ မတ်နေရပါမယ်။ ပခုံးတွေကိုလည်း မြှင့်ထားတာ၊ နှိမ့်ချထားတာမျိုး မလုပ်ဘဲ သက်သောင့်သက်သာ ထားရှိပါ။
၆) ပခုံး၏ မှန်ကန်သော အနေအထား
ထိုင်နေချိန်မှာပဲ ဖြစ်ဖြစ်၊ ရပ်နေချိန်မှာပဲ ဖြစ်ဖြစ် ပခုံး အနေအထားကို ဂရုစိုက်ပါ။ ပခုံးကို လျှောတာ၊ မြှင့်တာတွေ
မဖြစ်ပါစေနဲ့။
၇) တုံ့ပြန်မှုကို စစ်ဆေးပါ
သင့်ပခုံးတွေ မတ်နေတယ်ဆိုတာ သိနိုင်အောင်မှန်ရှေ့မှာ မတ်မတ်ရပ်ပြီးသင့်ပခုံး အနေအထားကို စစ်ဆေးကြည့်ပါ။
၈) အကျိုးကျေးဇူး
မှန်ကန်သော အနေအထား ရအောင် လေ့ကျင့်ရတာက အစပိုင်းမှာ ပင်ပန်းနေနိုင်ပေမယ့် ကြာလာတဲ့အခါ နေရထိုင်
ရတာ သက်သောင့်သက်သာ ရှိလာတာကို တွေ့ရမှာပါ။ အသက်အရွယ်မရွေး ခါးနာတာကို ကင်းဝေးစေမယ့် နည်းလမ်းလည်း ဖြစ်ပါတယ်။
http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1674339&xgs=1&xg_source=msg_share_post
ရှေးဟောင်းအံ့ဖွယ်ခုနစ်ပါး
ရှေးဟောင်းအံ့ဖွယ်ခုနစ်ပါး မှတ်တမ်းကိုပြုစုရေးသားခဲ့သူများမှာ
သမိုင်းပညာရှင် ဟီရိုဒိုးတပ်(စ်)Herodotus ဘီစီ(၄၈၄-၄၅၂) နှင့်
တက္ကသိုလ်ကျောင်းသား Callimachus ဘီစီ(၃၀၅-၂၄၀) တို့
အလက်ဇန်းဒီးယား(Alexandria) ပြတိုက်တွင် ပြုစုခဲ့ကြခြင်းဖြစ်သည်။
သူတို့ပြုစုခဲ့သော အဆောက်အဦးများမှာ မှတ်တမ်းများမှလွဲ၍ ယခုခေတ်၌
မရှိကြတော့ပေ။ အီဂျစ်ပြည်ရှိ ဂီဇာပိရမစ်သာ ယခုခေတ်တွင်တွေ့ရှိနိုင်တော့သည်။
ရှေးဟောင်းကမ္ဘာမှ အံ့ဖွယ် ခုနစ်ပါးမှာ အောက်ပါအတိုင်းဖြစ်သည်။
1. ဂီဇာ ပိရမစ်ကြီး(Great Pyramid of Giza)
2. ဘေဘီလုံမှ မိုးပျံဥယာဉ်(Hanging Gardens of Babylon)
3. အိုလံပီယာရှိ ဇု(ရပ်)နတ်ဘုရားရုပ်တု(Statue of Zeus at Olympia)
4. Ephesus ရှိ အာသီးမိ(စ) နတ်ဘုရားကျောင်း (Temple of Artemis at Ephesus)
5. Maussollos ၏ င်္သချိုင်းဂူအဆောက်အဦး (Mausoleum of Maussollos at Halicarnassus)
6. ရိုဒတ်(စ်)၏ကျောက်ရုပ်တုကြီး (Colossus of Rhodes)
7. အလက်ဇန်းဒီးယားမြို့ မီးပြတိုက် (Lighthouse of Alexandria)
ဂီဇာပိရမစ်ကြီးအား အီဂျစ်ဖာရို(ဘုရင်) ခူဖူး(khufu) က သူ၏
င်္သချိုင်းဂူအဖြစ် ဘီစီ၂၅၆၀တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထိုပိရမစ်ကြီးသည်
ရှေးဟောင်းကမ္ဘာမှ အံ့ဖွယ်ခုနစ်ပါးတွင် အစောဆုံးတည်ဆောက်ခဲ့သော
အဆောက်အဦဖြစ်သည်။ ရှေးဟောင်းအံ့ဖွယ်ခုနစ်ပါးတွင် ယနေ့အထိကျန်ခဲ့သော
တစ်ခုတည်းသောအဆောက်အဦးလည်းဖြစ်သည်။ မဟာပိရမစ်ကြီးသည် ဂီဇာအရပ်တွင်ရှိသော
ပိရမစ်ကြီးသုံးခုအနက်အကြီးဆုံးဖြစ်၍ ယခုခေတ် ကိုင်ရို(Cairo) မြို့အနီးတွင်
ရှိသည်။ စတင်တည်ဆောက်ကာစက ပေပေါင်း၄၈၀ ခန့်ရှိသောလည်း
ယခုအခါရာသီဥတုဒါဏ်ကြောင့် ပေအနည်းငယ်နိမ့်ဆင်း သွားခဲ့သည်။
လူသားတို့တည်ဆောက်ခဲ့သော အဆောက်အဦးများတွင် အမြင့်ဆုံးအဖြစ်
နှစ်ပေါင်းလေးထောင်ကျော် ဗိုလ်စွဲခဲ့သည်။ ခေတ်သစ်ကမ
္ဘာ့အံ့ဖွယ် ခုနစ်ပါးစာရင်းအတွက် မူလက အင်တာနက်၊ဖုန်းများမှတဆင့်
မဲပေးခံခဲ့ရသော်လည်း အီဂျစ်အာဏာပိုင်များက
ထိုကဲ့သို့မလုပ်သင့်ကြောင်းတားမြစ်ခဲ့သည့်အတွက် ခေတ်သစ်အံ့ဖွယ်ခုနစ်ပါးတွင်
မပါဝင်ခဲ့ပေ။
အငြင်းပွားဖွယ်ရာများရှိသော်လည်း မိုးပျံဥယာဉ်နေရာသည်
ယခုခေတ်အီရတ်(Iraq) နိုင်ငံရှိ ယူဖရေးတီး (Euphrates)
မြစ်ကမ်းပါးတွင်တည်ရှိခဲ့သည်ဟု ဆိုကြသည်။ ဘေဘီလွန်းနီးယန်းဘုရင်
Nebuchadnezzar II မှသူ၏ နန်းတော်အတွင်းတွင် ဘီစီ၆၀၀ ခန့်ကတည်ဆောက်ခဲ့သည်ဟု
ယူဆရသည်။ ထိုဥယျာဉ်မှာ ဘုရင်က သူ၏ မိဖုရားကျေနပ်စေရန်အတွက်
ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ မိဖုရားသည် စိမ်းလန်းသော
နယ်မြေဒေသမှလာသူဖြစ်၍ သူ၏နယ်မြေကိုလွမ်းဆွတ်နေသောကြောင့်ဘုရင်က
တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်ဟု ပြောကြသည်။ မိဖုရား၏ ဇာတိနယ်မြေမှာ Medes
ဒေသဖြစ်၍ ယခုခေတ်နှင့် ဆိုလျင် အီရန်နိုင်ငံမြောက်ပိုင်းကို
ဆိုလိုခြင်းဖြစ်သည်။ ဘေဘီလုံမိုးပျံဥယျာဉ်နှင့် ပတ်သတ်သော
အသေးစိတ်အချက်အလက်များသည် ဂရိရာဇဝင်များ၌သာ အများဆုံး တွေ့ရသည်။
ဘေဘီလုံမှတ်တမ်းများတွင်မူ မည့်သည့်အသေးစိတ်မှတ်တမ်းမှ မတွေ့ရှိရပေ။
ဂရိနတ်ဘုရားတို့၏ ဘုရင် ဇု(ရပ်စ်) (Zeus) ၏ ကြီးမားသော ရွှေချထားသည့်ရုပ်တုကြီးအား ရှေးဟောင်းအိုလံပစ် ပြိုင်ပွဲများကျင်းပရာဒေသတွင် တည်ဆောက်ခဲ့ကြသည်။ ထိုနေရာနေသည် အိုလံပီယာမြို့တည်ရှိခဲ့သော ရှေးဟောင်း မြို့တော်နေရာတွင်တည် ရှိသည်။ ရုပ်တုကြီးကို ဘီစီ ၄၃၂ ခုနှစ်တွင် တော်ဝင် ပန်းပုထုပညာရှင် ဖိုင်ဒီးရပ်(စ်) Phidias က အပြီးအစီးထုလုပ်ခဲ့သည်။ ကျောက်စီထားသောရာဇနှင်တံကိုလက်တစ်ဖက်က ကိုင်၍ ပလ္လင်ပေါ်တွင်ထိုင်ကာ တစ်မြို့လုံးကိုမိုးကြည့်နေဟန် ထုလုပ်ခဲ့ခြင်းဖြစ်သည်။ အမြင့်ပေ ၄၀ ခန့်မြင့်ကာ လက်တစ်ဖက်တွင် ရာဇနှင်တံကို ကိုင်ထားပြီး နောက်လက်တစ်ဖက် ပေါ်တွင် အောင်မြင်ခြင်းကို ကိုယ်စားပြုသော နတ်ဘုရားမရုပ်တုကို တင်ထားသည်။ အဆိုပါ ရုပ်တုနှင့် နှင်တံများကို ဆင်စွယ်နှင့် အခြားအဖိုးတန်သတ္တုများဖြင့် ပြုလုပ်ထားသည်။ အေဒီ ၃၉၁ တွင် ခရစ်ယာန်ဘာသာသည် ရောမအင်ပါယာ၏ တရားဝင်ဘာသာဖြစ်လာပြီးနောက်ပိုင်း နတ်ဘုရားများ ကိုးကွယ်ခြင်းကို ပိတ်ပင်တားစီးခဲ့သောကြောင့် ရုပ်တုရှိရာ ဘုရားကျောင်းကိုလည်း ပိတ်ပစ်လိုက်ရသည်။ ဘုရားကျောင်းနှင့်တကွရုပ်တုပါ ဖျက်စီးခံခဲ့ရသည်၊ ကွန်စတန်တီနိုပယ်(Constantinople) ယခု တူရကီနိုင်ငံ အစ္စတန်ဘူလ်(Istanbul) သို့ရုပ်တုကို သီးသန့်ယူသွား၍ မီးရှို့ဖျက်စီးခဲ့ကြသည်ဟု သမိုင်းပညာရှင်များ အမျိုးမျိုးအငြင်းပွားခဲ့ကြသည်။
ဂရိနတ်ဘုရားမ အာသီးမိ(စ)(Artemis) အားပူဇော်သောအားဖြင့် တည်ဆောက်ခဲ့သော
ကြီးမားသည့် စကျင်ကျောက် ကျောင်းတော်ကြီးဖြစ်သည်။ ဘီစီ ၅၅၀ ခန့်က Ephesus
ယခုSelçuk အရပ် (တူရကီ) တွင်တည်ရှိခဲ့ခြင်းဖြစ်သည်။ ပေ ၆၀ ခန့်မြင့်သော
တိုင်လုံးပေါင်း ၁၂၀ ပါဝင်ပြီး အလွန်လှပသော အနုပညာ
လက်ရာများဖြင့်ထုံမွှမ်းထားသည်။ ထိုအနုပညာလက်ရာများတွင် အမေဇုံစစ်သည်များ၏
ကြေးရုပ်တုများလည်းပါဝင်သည်ဟု ဆိုကြသည်။ အမေဇုံစစ်သည်များသည် ဒဏ္ဍာရီဆန်သော
အမျိုးသမီးစစ်သည်များကို ဆိုလိုသည်။ Herostratus ဆိုသောလူတစ်ယောက်မှ
နာမည်ကြီးလိုသောကြောင့် ၃၅၆ ဘီစီတွင် ဘုရားကျောင်းအားမီးရှို့ဖျက်စီး
ခဲ့သည်ဟုဆိုသည်။ ပြန်လည်တည်ဆောက်ခဲ့ပြီးနောက် အေဒီ ၂၆၂ တွင်ဂေါ့(သ်)(Goths)
မျိုးနွယ်များ၏ ဖျက်စီးမူ့ ကိုခံခဲ့ရပြီး အေဒီ ၄၀၁ တွင်
ကွန်စတန်တီနိုပယ်(Constantinople) သာသနာပိုင်Saint John Chrysostom ၏အမိန့်
ဖြင့် ခရစ်ယာန်များ၏ ဖျက်စီးခြင်းကိုခံခဲ့ရသည်။ ယခုအခါ
ဘုရားကျောင်းပြန်လည်တူးဖေါ်ရေး ဖောင်ဒေးရှင်း များဖွဲ့၍
ပြန်လည်တူးဖေါ်ခြင်းများပြုလုပ်နေသည်။
Halicarnassus အရပ် (ယခုခေတ်တူရကီနိုင်ငံ အနောက်မြောက်ပိုင်းဒေသ) ရှိ ထင်ရှားသော င်္သချိုင်းဂူမှာ ဘီစီ ၃၇၀ နှင့်၃၅၀ ကြားတွင် ဘုရင် Maussollos အတွက်တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။ ဒဏ္ဍာရီဇာတ်လမ်းများ အရ ဘုရင် Maussollos က သူ၏မိဖုရား Artemisia II မှ သူနှင့် သူတို့၏ အချစ်အား သတိရနေစေရန်တည်ဆောက် ခဲ့ခြင်းဖြစ်သည်ဟု ပြောကြသည်။ Maussollos သည် ပါရှန်းအင်ပါယာမှ အုပ်ချုပ်သူတစ်ယောက်ဖြစ်ပြီး သူ၏ ကျော်ကြားသောသင်္ချိုင်းဂူမှတဆင့် Mausoleum(သင်္ချိုင်းဂူ) ဟူသောစကားလုံးဆင်းသက်လာခဲ့သည်။ ဂူအဆောက်အဦးမှာ ပေ ၁၂၀ ရှည်လျားပြီး ပေ၁၄၀ မြင့်သည်။ သင်္ချိုင်းဂူသည် လှပသော ဗိသုကာလက်ရာများကြောင့် အလွန်ပင်ထင်ရှားသည်။ အလယ်တွင် ရွှေချထားသော ခေါင်းတလားမြုပ်နှံထားသောအခန်းရှိပြီး ပန်းကနုတ်များ၊ ပန်းဆွဲများဖြင့် နံရံများတွင် ခြယ်သထားသည်။ ထိုဂူ အဆောက်အဦအား ဂရိဗိသုကာ လေးယောက်မှတည်ဆောက်ပေးခဲ့ကြခြင်းဖြစ်သည်။ ဂူအဆောက်အဦသည် ၁၅ ရာစုအစောပိုင်းထိ တည်ရှိနေခဲ့သော်လည်း ခရစ်ယာန် ခရူးဆိတ် စစ်သည်များမှ ရဲတိုက်သစ်ဆောက်လုပ်ရန်အတွက် လိုအပ်သောပစ္စည်းများ ယူရာမှ ပျက်စီးခဲ့ရသည်။ မပျက်စီးပဲကျန်ရစ်ခဲ့ သော ကနုတ်ပန်းနှင့် အလှတန်ဆာ တစ်ချို့အား ယခုအခါ လန်ဒန် ရှိ ဗြိတိသျှပြတိုက်တွင် တွေ့ရှိနိုင်သည်။
ဘီစီ ၂၈၂ တွင်တည်ဆောက်ပြီးစီးကာ ၁၂ နှစ်ကြာမျှ အချိန်ယူတည်ဆောက်ခဲ့ရသော
ကျောက်ရုပ်တုကြီးသည် ၅၆ နှစ်အကြာတွင် ငလျင်ဒဏ်ကြောင့် ဒူးခေါင်းနေရာထိ
ပြိုကျပျက်စီးခဲ့သောကြောင့် ရှေးဟောင်းအံ့ဖွယ်ခုနစ်ပါး တွင်
သက်တမ်းအနည်းဆုံးအဖြစ်တည်ရှိခဲ့သော ကျောက်ရုပ်တုကြီးဖြစ်သည်။
ကျွန်းစောင့်နတ်ဘုရားဖြစ်သော ဂရိနေနတ်ဘုရား Helios
အားကိုယ်စားပြုတည်ဆောက်ထားသော ထိုရုပ်တုကြီးသည် ကျောက်တုံး၊သံသတ္တုများ
ဖြင့်ဖွဲ့စည်းထားပြီး အပြင်ဘက်ပိုင်းအား ကြေးဝါသတ္တုဖြင့် ဖုံးလွှမ်းထားသည်။
ကျောက်ရုပ်တုကြီးသည် ပေပေါင်း ၁၁၀ ခန့်မြင့်သောကြောင့်
ရှေးဟောင်းရုပ်တုများအနက် အမြင့်ဆုံးရုပ်တုကြီး ဟုခေါ်ဆိုနိုင်ပေသည်။
မက်စီဒိုးနီးယား (Macedonia) သြဇာအာဏာကို တွန်းလှန်နိုင်ခဲ့သော
မြို့ပြနိုင်ငံသုံးခု၏ ပေါင်းစည်းခြင်းအထိမ်းအမှတ်အဖြစ်
တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။
ထိုမီးပြတိုက်သည် ရှေးဟောင်းကမ္ဘာမှအံ့ဖွယ်ခုနစ်ပါးတွင်
လက်တွေ့အသုံးကျသည့် တစ်ခုတည်းသောအဆောက် အဦဖြစ်သည်။ အီဂျစ်ဆိပ်ကမ်းမြို့တော်
အလက်ဇန်းဒီးယားတွင် အချက်ပြမီးရောင်အဖြစ် သဘောင်္များအတွက် အန
္တရာယ်ကင်းစေရန် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည်။ ဖာရိုး(စ်)
(Pharos) ကျွန်းငယ်လေးပေါ်တွင် ဘီစီ ၂၈၅မှ ၂၄၇ အတွင်းတည်ဆောက်ခဲ့သော
ထိုအဆောက်အဦသည် ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦ အဖြစ်နှစ်ပေါင်းများစွာ
မှတ်တမ်းဝင်ခဲ့သည်။ ခန့်မှန်းချေအားဖြင့်ပေပေါင်း ၃၈၄ပေ နီးပါးရှိသော
ထိုအဆောက်အဦးသည် ယခုခေတ်နှင့်ဆိုလျင် အထပ်၄၀ ခန့်ရှိသော
အဆောက်အဦးတစ်လုံးနီးပါးရှိသည်။ မီးပြတိုက်အား ညအခါတွင် မီးထွန်းထားပြီး၊
နေ့အခါတွင် ပြောင်လက်နေသော ကြေးဝါပြားများမှတစ်ဆင့် နေရောင် ပြန်စေပြီး
သဘောင်္များအား လမ်းပြကူညီခဲ့သည်။ ထိုမီးပြတိုက်မှ ထွက်သောအလင်းရောင်အား
ပတ်ဝန်းကျင် ၃၅ မိုင်အကွာအဝေးမှ မြင်ရသည်ဟုဆိုကြသည်။ အဆိုပါ ကြီးမားသော
မျှော်စင်မီးပြတိုက်ကြီးသည် အေဒီ ၁၃၀၃ နှင့် ၁၃၂၃ တို့တွင် လှုပ်ခတ်ခဲ့သော
ငလျင်ကြီးများ ကြောင့် ပျက်စီးခဲ့ရသည်။ မပျက်စီးခင် နှစ်ပေါင်း ၁၅၀၀
ကျော်နီးပါးလုံးတွင် မက်ဒီတာရီယန် ကမ်းခြေမှအလင်းရောင် ကြီးအဖြစ်
သဘောင်္များအားကူညီပေးခဲ့သည်။
by စာကြည့်တိုက်(ရွှေအိမ်စည်စာပေဒါနပြုပါသည်)
1. ဂီဇာ ပိရမစ်ကြီး(Great Pyramid of Giza)
2. ဘေဘီလုံမှ မိုးပျံဥယာဉ်(Hanging Gardens of Babylon)
3. အိုလံပီယာရှိ ဇု(ရပ်)နတ်ဘုရားရုပ်တု(Statue of Zeus at Olympia)
4. Ephesus ရှိ အာသီးမိ(စ) နတ်ဘုရားကျောင်း (Temple of Artemis at Ephesus)
5. Maussollos ၏ င်္သချိုင်းဂူအဆောက်အဦး (Mausoleum of Maussollos at Halicarnassus)
6. ရိုဒတ်(စ်)၏ကျောက်ရုပ်တုကြီး (Colossus of Rhodes)
7. အလက်ဇန်းဒီးယားမြို့ မီးပြတိုက် (Lighthouse of Alexandria)
သမိုင်းကြောင်းအကျဉ်း
ဂီဇာ ပိရမစ်ကြီး(Great Pyramid of Giza)
ဘေဘီလုံမှမိုးပျံဥယျာဉ် (Hanging Gardens of Babylon)
အိုလံပီယာရှိ ဇု(ရပ်)နတ်ဘုရားရုပ်တု (Statue of Zeus at Olympia)
ဂရိနတ်ဘုရားတို့၏ ဘုရင် ဇု(ရပ်စ်) (Zeus) ၏ ကြီးမားသော ရွှေချထားသည့်ရုပ်တုကြီးအား ရှေးဟောင်းအိုလံပစ် ပြိုင်ပွဲများကျင်းပရာဒေသတွင် တည်ဆောက်ခဲ့ကြသည်။ ထိုနေရာနေသည် အိုလံပီယာမြို့တည်ရှိခဲ့သော ရှေးဟောင်း မြို့တော်နေရာတွင်တည် ရှိသည်။ ရုပ်တုကြီးကို ဘီစီ ၄၃၂ ခုနှစ်တွင် တော်ဝင် ပန်းပုထုပညာရှင် ဖိုင်ဒီးရပ်(စ်) Phidias က အပြီးအစီးထုလုပ်ခဲ့သည်။ ကျောက်စီထားသောရာဇနှင်တံကိုလက်တစ်ဖက်က ကိုင်၍ ပလ္လင်ပေါ်တွင်ထိုင်ကာ တစ်မြို့လုံးကိုမိုးကြည့်နေဟန် ထုလုပ်ခဲ့ခြင်းဖြစ်သည်။ အမြင့်ပေ ၄၀ ခန့်မြင့်ကာ လက်တစ်ဖက်တွင် ရာဇနှင်တံကို ကိုင်ထားပြီး နောက်လက်တစ်ဖက် ပေါ်တွင် အောင်မြင်ခြင်းကို ကိုယ်စားပြုသော နတ်ဘုရားမရုပ်တုကို တင်ထားသည်။ အဆိုပါ ရုပ်တုနှင့် နှင်တံများကို ဆင်စွယ်နှင့် အခြားအဖိုးတန်သတ္တုများဖြင့် ပြုလုပ်ထားသည်။ အေဒီ ၃၉၁ တွင် ခရစ်ယာန်ဘာသာသည် ရောမအင်ပါယာ၏ တရားဝင်ဘာသာဖြစ်လာပြီးနောက်ပိုင်း နတ်ဘုရားများ ကိုးကွယ်ခြင်းကို ပိတ်ပင်တားစီးခဲ့သောကြောင့် ရုပ်တုရှိရာ ဘုရားကျောင်းကိုလည်း ပိတ်ပစ်လိုက်ရသည်။ ဘုရားကျောင်းနှင့်တကွရုပ်တုပါ ဖျက်စီးခံခဲ့ရသည်၊ ကွန်စတန်တီနိုပယ်(Constantinople) ယခု တူရကီနိုင်ငံ အစ္စတန်ဘူလ်(Istanbul) သို့ရုပ်တုကို သီးသန့်ယူသွား၍ မီးရှို့ဖျက်စီးခဲ့ကြသည်ဟု သမိုင်းပညာရှင်များ အမျိုးမျိုးအငြင်းပွားခဲ့ကြသည်။
Ephesus ရှိအာသီးမိ(စ) နတ်ဘုရားကျောင်း (Temple of Artemis at Ephesus)
Maussollos ၏ င်္သချိုင်းဂူအဆောက်အဦး
(Mausoleum of Maussollos at Halicarnassus)Halicarnassus အရပ် (ယခုခေတ်တူရကီနိုင်ငံ အနောက်မြောက်ပိုင်းဒေသ) ရှိ ထင်ရှားသော င်္သချိုင်းဂူမှာ ဘီစီ ၃၇၀ နှင့်၃၅၀ ကြားတွင် ဘုရင် Maussollos အတွက်တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။ ဒဏ္ဍာရီဇာတ်လမ်းများ အရ ဘုရင် Maussollos က သူ၏မိဖုရား Artemisia II မှ သူနှင့် သူတို့၏ အချစ်အား သတိရနေစေရန်တည်ဆောက် ခဲ့ခြင်းဖြစ်သည်ဟု ပြောကြသည်။ Maussollos သည် ပါရှန်းအင်ပါယာမှ အုပ်ချုပ်သူတစ်ယောက်ဖြစ်ပြီး သူ၏ ကျော်ကြားသောသင်္ချိုင်းဂူမှတဆင့် Mausoleum(သင်္ချိုင်းဂူ) ဟူသောစကားလုံးဆင်းသက်လာခဲ့သည်။ ဂူအဆောက်အဦးမှာ ပေ ၁၂၀ ရှည်လျားပြီး ပေ၁၄၀ မြင့်သည်။ သင်္ချိုင်းဂူသည် လှပသော ဗိသုကာလက်ရာများကြောင့် အလွန်ပင်ထင်ရှားသည်။ အလယ်တွင် ရွှေချထားသော ခေါင်းတလားမြုပ်နှံထားသောအခန်းရှိပြီး ပန်းကနုတ်များ၊ ပန်းဆွဲများဖြင့် နံရံများတွင် ခြယ်သထားသည်။ ထိုဂူ အဆောက်အဦအား ဂရိဗိသုကာ လေးယောက်မှတည်ဆောက်ပေးခဲ့ကြခြင်းဖြစ်သည်။ ဂူအဆောက်အဦသည် ၁၅ ရာစုအစောပိုင်းထိ တည်ရှိနေခဲ့သော်လည်း ခရစ်ယာန် ခရူးဆိတ် စစ်သည်များမှ ရဲတိုက်သစ်ဆောက်လုပ်ရန်အတွက် လိုအပ်သောပစ္စည်းများ ယူရာမှ ပျက်စီးခဲ့ရသည်။ မပျက်စီးပဲကျန်ရစ်ခဲ့ သော ကနုတ်ပန်းနှင့် အလှတန်ဆာ တစ်ချို့အား ယခုအခါ လန်ဒန် ရှိ ဗြိတိသျှပြတိုက်တွင် တွေ့ရှိနိုင်သည်။
ရိုဒတ်(စ)မှကျောက်ရုပ်တုကြီး (Colossus of Rhodes)
အလက်ဇန်းဒီးယားမြို့ မီးပြတိုက် (Lighthouse of Alexandria)
မျက်နှာကို ဘာမှမလိမ်းခင် အဆင့်ဆင့် သန့်စင်နည်းလေး
Subscribe to:
Posts (Atom)