“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, May 9, 2013

AIDS ရောဂါပိုးထက် ပို၍ ကြောက်စရာ ကောင်းသော ရောဂါပိုးသစ် တစ်မျိုး ဆရာဝန်များ ရှာဖွေ တွေ့ရှိ

Photo: AIDS ရောဂါပိုးထက် ပို၍ ကြောက်စရာ ကောင်းသော ရောဂါပိုးသစ် တစ်မျိုး ဆရာဝန်များ ရှာဖွေ တွေ့ရှိ 
Wednesday,May08,2013

လိင်မှတစ်ဆင့် ကူးစက်တတ်သော Gonorrhoea HO41 ပိုးသစ်တစ်မျိုးသည် ဆေးမတိုးတော့သော ရောဂါပိုးသစ် တစ်မျိုးဖြစ်ပြီး AIDS ရောဂါပိုးထက် ပို၍ ဆိုးရွားစေနိုင်သည့် အလားအလာ ရှိကြောင်း အမေရိကန်ပြည်ထောင်စုမှ ဆရာဝန်များက သတိပေးပြောကြား ထားသည်။

အဆိုပါ ရောဂါပိုးကို လွန်ခဲ့သော နှစ်နှစ်က ဂျပန်နိုင်ငံရှိ ပြည့်တန်ဆာ အမျိုးသမီး တစ်ဦးထံမှ ပထမဆုံး ရှာဖွေ တွေ့ရှိ ခဲ့ခြင်း ဖြစ်ပြီး ၎င်းရောဂါပိုးသည် ခုခံအားကျဆင်းမှုကို ပို၍ဖြစ်ပွား နိုင်ခြေ ရှိကြောင်း အမေရိကန် အမျိုးသား လိင် ကျန်းမာရေး ဆိုင်ရာ ညွန့်ပေါင်းအဖွဲ့မှ ဝီလျံစမစ်က  သတိပေး ပြောကြားခဲ့သည်။

၎င်းရောဂါပိုးသစ်ကို ပျောက်ကင်းအောင် ကုသနိုင်မည့် ဆေးဝါးတစ်မျိုးကို ယခုထိတိုင်အောင် ဖော်ထုတ်နိုင်ခြင်း မရှိသေး သော်လည်း စမ်းသပ် စစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင် သွားရန်လို အပ်ကြောင်း မစ္စတာ စမစ်က ပြောကြား ထားသည်။

အဆိုပါ ရောဂါပိုးသစ်သည် အမေရိကန် နိုင်ငံအတွင်းသို့ ဝင်ရောက်လာနိုင်ကြောင်း၊ အကယ်၍ ရောဂါပိုးကူးစက် ပျံ့နှံ့ လာပြီးနောက် ထိရောက်စွာ ကာကွယ်နိုင်စွမ်းမရှိပါက ၎င်းရောဂါပိုးကို ကုသရန် အမေရိကန် ဒေါ်လာ သန်း ၇၈ဝ ကုန်ကျနိုင်ဖွယ်ရှိကြောင်း မစ္စတာ စမစ်က အခိုင်အမာ ပြောကြား ထားသည်။

၎င်းရောဂါပိုးသည် လူအများအပြားကို လျင်မြန်စွာ ကူးစက် နိုင်သောကြောင့်AIDS ရောဂါပိုး ထက်ပို၍ ကြောက်မက် ဖွယ်ကောင်းကြောင်း naturopathic ဆေးဝါးဌာနမှ ဆရာဝန် တစ်ဦးဖြစ်သူ အလန်ခရစ် စတင်းစန်းက CNBC သတင်း ဌာနသို့ ပြောကြားခဲ့သည်။

အဆိုပါ ရောဂါပိုးသစ် ကူးစက်ခြင်းကြောင့် သားအိမ် မျိုးဥပြွန်နှင့် မျိုးဥအိမ် လတ်တလော နာတာရှည် ရောဂါပိုးဝင် ရောက်ခြင်း၊ သားအိမ်တွင် မဟုတ်သော အခြားနေရာ တစ်ခုတွင် သန္ဓေ တည်ခြင်းနှင့် သားသမီး မရနိုင်ခြင်း စသော ရောဂါများကို ဖြစ်စေနိုင်သည်။

မြ၀တီ
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ

ဆိုလာပါဝါ ပလပ်ပေါက်

Photo: ဆိုလာပါဝါ ပလပ်ပေါက်

ဘက်ထရီလည်းမလို၊ အားသိုစရာနေရာ သက်သက်လည်းမလို ပါဘူး။ နေ့ခင်း တစ်နေကုန် ယူထားတဲ့အားနဲ့ ညဘက် ကျ အလင်းရောင် ကောင်းကောင်း ပေးနိုင်ပါတယ်။

Portable ပစ္စည်းလေးပါ။ မှန်လည်း ဖောက်စရာ မလိုပါဘူး။ နေရောင် ဝင်တဲ့ နေရာတွေကို လိုသလို ရွှေ့လျား ကပ်ပေးရုံပါပဲ။ solar power window socket လို့ အမည်ပေးထား ပါတယ်။

ဒီဇိုင်းဖန်တီးမှုမှာ လူကြုက်များခဲ့ပြီး အရေအတွက် များများ ထုတ်နိုင်အောင် ကြိုးပမ်းလျက် ရှိကြောင်း သိရပါတယ်။
-
Ref: gadgets
ရိုးရာလေး နည်းပညာ

အေးချမ်းမွန် Credit & Copy From >YoYarLay<Thank
https://www.facebook.com/excellencemedia
သတင်းများသည် သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

သန္ဓေတားဆေး သောက်နေသလား

Photo: သန္ဓေတားဆေး သောက်နေသလား

ပရိုဂျက်စတင် (Progestin) နဲ့ အီစထရိုဂျင် (Estrogen) ဆိုတဲ့ ဟော်မုန်း နှစ်မျိုးကို  ပမာဏ အနည်းငယ်စီ ထည့်သွင်းထားတဲ့ ဟော်မုန်းပါ သန္ဓေတားဆေးကို သောက်နေသူ အိမ်ထောင်ရှင် အမျိုးသမီးတွေ အနေနဲ့ ကိုယ်ဝန် မရစေဖို့ တစ်နေ့တစ်လုံးမှန်မှန် သောက်သုံးဖို့ လိုပါတယ်။ ဒီဟော်မုန်းတွေက သားဥအိမ်ကနေ သားဥမကြွေအောင် တားဆီးပေးပါတယ်။ ဒါပေမဲ့ ဒီဆေးတွေကို သောက်တာကြောင့် လိင်ကနေတစ်ဆင့် ကူးစက်ရရှိနိုင်တဲ့ ရောဂါပိုးတွေကိုတော့ မကာကွယ် နိုင်ပါဘူး။
သန္ဓေတားသောက်ဆေး သောက်ခြင်းဖြင့် ရရှိနိုင်သော ကောင်းကျိုးများ
သန္ဓေတား သောက်ဆေးကို အညွှန်းအတိုင်း နေ့စဉ်မှန်မှန် (Sex ကိစ္စ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သောက်ပေးရပါမယ်) သောက်ပေးရင် အမျိုးသမီး အားလုံးနီးပါး (အမျိုးသမီး ၁၀၀ မှာ တစ်ဦးပဲ ကိုယ်ဝန်ရနိုင်ခြေရှိ) ကို ကိုယ်ဝန် မရရှိအောင် တားဆီး ပေးနိုင်ပါတယ်။ ရရှိနိုင်တဲ့ တခြားကောင်းကျိုး တွေကတော့-
ရာသီအကြိုနဲ့ ရာသီလာစဉ် ဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှု ဝေဒနာကို သက်သာစေတယ်၊ သားအိမ်ကင်ဆာကို ကာကွယ်ပေးတယ်၊ အတွင်းပိုင်းရှိ မျိုးဆက်ပွားအင်္ဂါတွေ မရောင်ရမ်းအောင် ကာကွယ်ပေးတယ်၊ သားဥအိမ်မှာ ရေအိတ်မတည်အောင် ကာကွယ်ပေးနိုင်သလို ရေအိတ်ငယ်တွေ ရှိရင်လည်း ရောဂါလက္ခဏာတွေကို သက်သာစေပါတယ်။ ဒီဆေးကို တိတိကျကျနဲ့ မှန်မှန်ကန်ကန် သောက်မယ်ဆိုရင် အလွန်ထိရောက်စွာ သန္ဓေတားနိုင်ပါတယ်။ ဒီဆေးကို ရပ်ပြီးတာနဲ့ ချက်ချင်း ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။
သန္ဓေတားသောက်ဆေး သောက်ခြင်းဖြင့် ရရှိနိုင်သော ဆိုးကျိုးများ
နေ့စဉ် မပျက်မကွက်၊ မမေ့မလျော့ သောက်နေရပါတယ်။ သန္ဓေတားဆေး သောက်သုံးတဲ့ အမျိုးသမီး တချို့မှာ အောက်ပါ ဆိုးကျိုးတွေ ရရှိတတ်ပါတယ်။ ပျို့ချင် အန်ချင်ဖြစ်တယ်။ စိတ်ခံစားမှု အပြောင်းအလဲတွေ ဖြစ်နိုင်ပါတယ်။ ဝက်ခြံတွေ ပိုဆိုးလာတယ် (တချို့အမျိုးသမီးတွေမှာ ဝက်ခြံသက်သာလာပါတယ်)။ ကိုယ်အလေးချိန် တက်လာတာ၊ ကျသွားတာ ဖြစ်တတ်တယ်။ ခေါင်းကိုက်တာနဲ့ ခေါင်းမူးတာ ဖြစ်နိုင်ပါတယ်။ ရာသီလာတဲ့ ပုံစံပြောင်းလဲတာ (ဥပမာ- ရာသီပုံမှန် မလာတာ၊ ရာသီသွေး နည်းသွားတာ၊ ရာသီလာတဲ့ အကြိမ်ရေ ပုံမှန် မဟုတ်တော့တာ) ဖြစ်တတ်ပါတယ်။ ရင်သားတွေ တင်းမာတာ စတဲ့ ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။
Tip! သန္ဓေတားဆေး သောက်တဲ့အတွက် အမျိုးသမီးတွေမှာ လိင်ပိုင်းဆိုင်ရာ အပြုအမူတွေ ပြောင်းလဲတာမျိုး မဖြစ်တတ်ပါဘူး။ အမျိုးသမီးအများစုဟာ သန္ဓေတားဆေးကို အန္တရာယ်ကင်းကင်း သောက်နိုင်ပေမယ့် သွေးခဲတာ၊ လေဖြတ်တာ၊ နှလုံးရောဂါထတာ၊ အဝလွန်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာ၊ ဆီးချိုရောဂါရှိတာ၊ ရင်သားကင်ဆာရှိတာ၊ အသည်းရောဂါနဲ့ သည်းခြေရောဂါရှိတာ စတဲ့ အခြေအနေတွေ ရှိရင်တော့ ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးပြီးမှ သန္ဓေတားဆေးကို သောက်သင့်ပါတယ်။ 

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
BY GOOD HEALTH
ပရိုဂျက်စတင် (Progestin) နဲ့ အီစထရိုဂျင် (Estrogen) ဆိုတဲ့ ဟော်မုန်း နှစ်မျိုးကို ပမာဏ အနည်းငယ်စီ ထည့်သွင်းထားတဲ့ ဟော်မုန်းပါ သန္ဓေတားဆေးကို သောက်နေသူ အိမ်ထောင်ရှင် အမျိုးသမီးတွေ အနေနဲ့ ကိုယ်ဝန် မရစေဖို့ တစ်နေ့တစ်လုံးမှန်မှန် သောက်သုံးဖို့ လိုပါတယ်။ ဒီဟော်မုန်းတွေက သားဥအိမ်ကနေ သားဥမကြွေအောင် တားဆီးပေးပါတယ်။ ဒါပေမဲ့ ဒီဆေးတွေကို သောက်တာကြောင့် လိင်ကနေတစ်ဆင့် ကူးစက်ရရှိနိုင်တဲ့ ရောဂါပိုးတွေကိုတော့ မကာကွယ် နိုင်ပါဘူး။
သန္ဓေတားသောက်ဆေး သောက်ခြင်းဖြင့် ရရှိနိုင်သော ကောင်းကျိုးများ
သန္ဓေတား သောက်ဆေးကို အညွှန်းအတိုင်း နေ့စဉ်မှန်မှန် (Sex ကိစ္စ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သောက်ပေးရပါမယ်) သောက်ပေးရင် အမျိုးသမီး အားလုံးနီးပါး (အမျိုးသမီး ၁၀၀ မှာ တစ်ဦးပဲ ကိုယ်ဝန်ရနိုင်ခြေရှိ) ကို ကိုယ်ဝန် မရရှိအောင် တားဆီး ပေးနိုင်ပါတယ်။ 
 
ရရှိနိုင်တဲ့ တခြားကောင်းကျိုး တွေကတော့-
ရာသီအကြိုနဲ့ ရာသီလာစဉ် ဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှု ဝေဒနာကို သက်သာစေတယ်၊ သားအိမ်ကင်ဆာကို ကာကွယ်ပေးတယ်၊ အတွင်းပိုင်းရှိ မျိုးဆက်ပွားအင်္ဂါတွေ မရောင်ရမ်းအောင် ကာကွယ်ပေးတယ်၊ သားဥအိမ်မှာ ရေအိတ်မတည်အောင် ကာကွယ်ပေးနိုင်သလို ရေအိတ်ငယ်တွေ ရှိရင်လည်း ရောဂါလက္ခဏာတွေကို သက်သာစေပါတယ်။ ဒီဆေးကို တိတိကျကျနဲ့ မှန်မှန်ကန်ကန် သောက်မယ်ဆိုရင် အလွန်ထိရောက်စွာ သန္ဓေတားနိုင်ပါတယ်။ ဒီဆေးကို ရပ်ပြီးတာနဲ့ ချက်ချင်း ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။

သန္ဓေတားသောက်ဆေး သောက်ခြင်းဖြင့် ရရှိနိုင်သော ဆိုးကျိုးများ
နေ့စဉ် မပျက်မကွက်၊ မမေ့မလျော့ သောက်နေရပါတယ်။ သန္ဓေတားဆေး သောက်သုံးတဲ့ အမျိုးသမီး တချို့မှာ အောက်ပါ ဆိုးကျိုးတွေ ရရှိတတ်ပါတယ်။ ပျို့ချင် အန်ချင်ဖြစ်တယ်။ စိတ်ခံစားမှု အပြောင်းအလဲတွေ ဖြစ်နိုင်ပါတယ်။ ဝက်ခြံတွေ ပိုဆိုးလာတယ် (တချို့အမျိုးသမီးတွေမှာ ဝက်ခြံသက်သာလာပါတယ်)။ ကိုယ်အလေးချိန် တက်လာတာ၊ ကျသွားတာ ဖြစ်တတ်တယ်။ ခေါင်းကိုက်တာနဲ့ ခေါင်းမူးတာ ဖြစ်နိုင်ပါတယ်။ ရာသီလာတဲ့ ပုံစံပြောင်းလဲတာ (ဥပမာ- ရာသီပုံမှန် မလာတာ၊ ရာသီသွေး နည်းသွားတာ၊ ရာသီလာတဲ့ အကြိမ်ရေ ပုံမှန် မဟုတ်တော့တာ) ဖြစ်တတ်ပါတယ်။ ရင်သားတွေ တင်းမာတာ စတဲ့ ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။
Tip! သန္ဓေတားဆေး သောက်တဲ့အတွက် အမျိုးသမီးတွေမှာ လိင်ပိုင်းဆိုင်ရာ အပြုအမူတွေ ပြောင်းလဲတာမျိုး မဖြစ်တတ်ပါဘူး။ အမျိုးသမီးအများစုဟာ သန္ဓေတားဆေးကို အန္တရာယ်ကင်းကင်း သောက်နိုင်ပေမယ့် သွေးခဲတာ၊ လေဖြတ်တာ၊ နှလုံးရောဂါထတာ၊ အဝလွန်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာ၊ ဆီးချိုရောဂါရှိတာ၊ ရင်သားကင်ဆာရှိတာ၊ အသည်းရောဂါနဲ့ သည်းခြေရောဂါရှိတာ စတဲ့ အခြေအနေတွေ ရှိရင်တော့ ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးပြီးမှ သန္ဓေတားဆေးကို သောက်သင့်ပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
BY GOOD HEALTH

ကမ္ဘာ့အရှည်ဆုံး ဟိုင်းဝေးလမ်း

Photo: ကမ္ဘာ့အရှည်ဆုံး ဟိုင်းဝေးလမ်း

Pan-American Highway လို့အမည်ပေးထားပါတယ်။ စုစုပေါင်း အရှည် ကတော့ ၂၉၈၀၀ မိုင် ရှိပါတယ်။

အမေရိကန်နိုင်ငံ၊ အလက်စကာ ပြည်နယ်က Fairbanks မြို့ ကနေ စပြီး ဘရာဇီးနိုင်ငံ Brasilia မြို့ မှာ ဆုံးပါတယ်။ ကြားထဲမှာ နိုင်ငံ ၁၂ ငံ ဖြတ်ပြီး စုစုပေါင်း ၁၄ နိုင်ငံ ဖြတ်သွားတဲ့ ဟိုင်းဝေး ဖြစ်ပါတယ်။ အမေရိကန်က တိုက်အတွင်းက နိုင်ငံအတော်များများကို ဖြတ်သွားခြင်း ဖြစ်ပါတယ်။

အအေးလွန်တဲ့ဒေသ၊ အပူလွန်တဲ့ဒေသ၊ ရေခဲတောင်၊ သဲကန္တာရ၊ စိုစွတ်တော၊ ပူးပြင်းခြောက်သွေ့နေရာ အစရှိသဖြင့် တစ်နေရာနဲ့ တစ်နေရာ မတူညီတဲ့ ရာသီဥတုကို ဖြတ်သွားပါတယ်။ နိုင်ငံ တစ်ခုချင်းဆိုရင် Canada,
United States, Mexico,Guatemala, El Salvador,Honduras, icaragua,
Costa Rica, Panama,Colombia, Ecuador, Peru,Chile နဲ့ Argentina တို့ ဖြစ်ပါတယ်။ ဒါကြောင့် Pan American ဟိုင်းဝေးကို ကမ္ဘာ့အရှည်ဆုံး ဟိုင်းဝေးလမ်းအဖြစ် ဂင်းနစ်မှတ်တမ်းတင်ထားကြောင်း သိရပါတယ်။
--
Ref: techblog
ရိုးရာလေး ဗဟုသုတ

အခွံမာသီးကို စားသုံးပါက အသည်းရောဂါကို လျှော့ချနိုင်

အစိမ်းရောင် ဟင်းရွက်၊ နေကြာဆီ၊ အခွံမာသီးနဲ့ ဟင်းနုနယ်ရွက် တွေဟာ အသည်း ရောဂါရဲ့ လက္ခဏာ တွေကို လျှော့ချနိုင်တယ်လို့ လေ့လာမှု အသစ်အရ တွေ့ရှိ ထားပါတယ်။
ဗီတာမင် E မြင့်မားစွာ ပါဝင်တဲ့ အစားအစာ တွေကို စားသုံး တာကြောင့် အဝလွန်တဲ့ အတွက် ဖြစ်နိုင်တဲ့ အသည်းရောဂါ ဆိုင်ရာ လက္ခဏာ တွေကို လျှော့ချ နိုင်တယ်လို့ သိပ္ပံပညာရှင် တွေက ယုံကြည် ကြပါတယ်။ အဝလွန်တာကြောင့် အသည်း အဆီဖုံး ရောဂါ ဖြစ်ပေါ်တတ်ပါ တယ်။ အသည်းမှာ အဆီတွေစုကာ အတာကြောင့် မဟုတ်တဲ့ အသည်း အဆီဖုံး ရောဂါဖြစ်ပြီး ဆိုးရွားတဲ့ ရောဂါဖြစ်ကာ Cirrhosis ခေါ်တဲ့ အသည်းမှာ အမာရွတ် ဖြစ်ပေါ် ပါတယ်။ အဲဒီ ရောဂါကြောင့် အသည်း အလုပ် မလုပ်နိုင်တာနဲ့ အသည်း ကင်ဆာ ဖြစ်တတ် ပါတယ်။
လေ့လာမှု တွေအရ ဗီတာမင် E ဟာ အဝလွန် တာကြောင့် ဖြစ်တဲ့ အသည်း အဆီဖုံး ရောဂါ ဝေဒနာတွေကို သက်သာ စေနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဗီတာမင် E မှာ ဓာတ်တိုး ဆန့်ကျင်တဲ့ ဂုဏ်သတ္တိ ရှိတာကြောင့် နှလုံးရောဂါ၊ ကင်ဆာနဲ့ အယ်လ်ဇိုင်းမား ရောဂါအပါ အဝင် ရောဂါမျိုးစုံကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ အသက်ကြီး သူတစ် ယောက်အတွက် ဗီတာမင် E နေ့စဉ် လိုအပ်ချက် ပမာဏဟာ လေးမီလီဂရမ် ဖြစ်ပါတယ်။ ပဲပိစပ်၊ ပြောင်းဖူးနဲ့ သံလွင်ဆီမှာ ဗီတာမင်တွေ အမြင်မားဆုံး ပါဝင်ပါတယ်။ အခွံမာသီးနဲ့ အစေ့အဆန်တွေ မှာလည်း ဗီတာမင် E အမြောက်အမြား ပါဝင်ပါတယ်။ အားဖြည့်ထားတဲ့ ကွေကာနဲ့ အစိမ်းရောင် ဟင်းရွက်မှာလည်း ဗီတာ မင် E များစွာ ပါဝင်တယ်လို့ သိရပါတယ်။ 

ဒေါက်တာခင်မိုးမိုး
မြ၀တီ

မိဘ နှစ်ပါး၏ အုပ်ထိန်းမှု အောက်တွင် ကြီးပြင်းလာသော ကလေးများသည် ဉာဏ်ရည်ပိုမို ထက်မြက်ကြောင်း လေ့လာတွေ့ရှိ

Photo: မိဘ နှစ်ပါး၏ အုပ်ထိန်းမှု အောက်တွင် ကြီးပြင်းလာသော ကလေးများသည် ဉာဏ်ရည်ပိုမို ထက်မြက်ကြောင်း လေ့လာတွေ့ရှိ
Thursday,May09,2013

မိဘနှစ်ပါး၏ ထိန်းကွပ်မှု အောက်တွင် ကြီးပြင်းလာသော ကလေးများသည် မိခင် သို့မဟုတ် ဖခင် တစ်ဦးတည်း၏ အုပ်ထိန်းမှုဖြင့် ကြီးပြင်းလာသည့် ကလေးများထက် ဉာဏ်ရည်ပိုမို ထက်မြက်ကြောင်း သုတေသန ပညာရှင် များ၏ လေ့လာ တွေ့ရှိချက် တစ်ရပ်အရ သိရသည်။

ထို့အပြင် မိဘနှစ်ပါးမှ ထိန်းကွပ်ပေးသော ယောင်္ကျားလေး အများစုသည် မှတ်ဉာဏ်ပိုမို ကောင်းမွန်ခြင်း၊ သင်ယူ တတ်မြောက်မှု ပိုမို လွယ်ကူနိုင်ပြီး မိန်းကလေး အများစုသည် ပေါင်းသင်း ဆက်ဆံမှုနှင့် ညှိနှိုင်း ဆောင်ရွက်မှု များတွင် ပိုမို ထက်မြက်လေ့ ရှိကြောင်း ပညာရှင် များက တွေ့ရှိခဲ့ကြသည်။

မိဘ နှစ်ပါးလုံး၏ အုပ်ထိန်းမှု အောက်တွင် ကြီးပြင်းခဲ့သော ကလေးများသည် ဘ၀၏ ပထမ အရွယ်တွင် စိတ်ဖိစီးမှု လျော့နည်းခြင်း၊ ပိုမိုတည်ငြိမ် ရင့်ကျက်ခြင်းနှင့် အလွယ်တကူ တတ်မြောက်ခြင်း စသည့် အကျိုးကျေးဇူး များကိုပါ ကြုံတွေ့ ခံစားနိုင်ကြောင်း သုတေသန ပညာရှင် များက ယုံကြည် လက်ခံထားသည်။

အလားတူ မိဘနှစ်ပါး၏ အုပ်ထိန်းမှု အောက်ရှိ ယောက်ျားလေး အများစုသည် မီးခိုးရောင် ဦးနှောက်ဆဲလ် ထုတ်လုပ်မှု ပိုမို ကောင်းမွန်ပြီး မိန်းကလေး အများစုသည် အဖြူရောင် ဦးနှောက်ဆဲလ် ပိုမို ထုတ်လုပ်နိုင်ကြောင်း သုတေသီ များက ဖော်ပြခဲ့သည်။

ကနေဒါ နိုင်ငံ ကာဂယ်ရီ တက္ကသိုလ်ရှိ ဟော့ခ်ျကစ်(စ်) ဦးနှောက်ဆိုင်ရာ လေ့လာမှု ဌာနမှ သုတေသီ များသည် ကြွက်များအား လေ့လာစမ်းသပ် ခဲ့ရာတွင် မိစုံဖစုံ ရှိသော ကြွက်များသည် အခြား ကြွက်များထက် ဦးနှောက် ဖွံ့ဖြိုးမှု ပိုမို ကောင်းမွန်ကြောင်း လေ့လာ တွေ့ရှိ ခဲ့သည်ဟု သိရသည်။