“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, August 3, 2013

ယိုးဒယား သင်္ဘောသီးထောင်း

Photo: ယိုးဒယား သင်္ဘောသီးထောင်း

လိုအပ်တဲ့ပစ္စည်းတွေကတော့ (၅) ယောက်စာအတွက်
သင်္ဘောသီးအစိမ်း
ငရုတ်သီးအစိမ်း + အမှည့်
ငါးပိစိမ်းစား
ပုစွန်ခြောက်
မြေပဲလှော်
ပဲတောင့်ရှည်
ခရမ်းချဉ်သီး
သံပုရာသီး
ငံပြာရည်
သကြား
ဟင်းခတ်မှုန့်တို့ပါနော်။

သင်္ဘောသီးကို အခွံနွှာ၊ ထက်ခြမ်းခြမ်း၊ အစေ့ထုတ်ပြီး ရေဆေးပေးပါ။ ပြီးတော့မှ သင်္ဘောခြစ်နဲ့ သဘောင်္သီးတွေကို ခြစ်ယူပါ။ ကြက်သွန်ဖြူကို အခွံနွှာ ရေဆေးပေးထားပါ။ ငရုတ်သီးတွေကို ရေဆေးပြီး အညှာခြွေပေးထားပါ။ ပဲတောင့်ရှည်၊ ခရမ်းချဉ်သီးတို့ကိုလည်း ရေဆေးပေးထားပြီး ခရမ်းချဉ်သီးကို မထူမပါး လှီးပါ။ ခရမ်းချဉ်သီး အလုံးသေးပါက ထက်ခြမ်းခြမ်းထည့်နိုင်ပါတယ်။ ပဲတောင့်ရှည်ကို ၁ လက်မခွဲ အရှည်လောက်တွေရအောင် ဖြတ်ထားပေးပါ။ ငါးပိစိမ်းစားကို မီးအုံးပေးထားပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင် ဇောက်နက်တဲ့ ငရုတ်ဆုံထဲကို ကြက်သွန်ဖြူအရင်ထည့်ထောင်းပါ၊ ပြီးရင် ငရုတ်သီးတောင့်တွေ ထည့်ထောင်း၊ ပြီးတာနဲ့ ငါးပိစိမ်းစား၊ သကြား၊ ပုစွန်ခြောက်၊ ဟင်းခတ်မှုန့်တို့ကိုထည့်ပြီး အားလုံး သမအောင် ထောင်းပါ။ ပုစွန်ခြောက်ညက်စရာမလိုပါဘူး။ ပြီးတာနဲ့ ပဲသီး၊ ခရမ်းချဉ်သီးတို့ကို ထည့်ပြီး အားလုံးသမအောင် အသာလေးမွှေပေးပါ။ ပြီးရင် သကြားနဲ့ ငံပြာရည်ကိုထည့်၊ ခြစ်ထားတဲ့ သင်္ဘောသီးတွေကို ထည့်ပြီး တစ်ဘက်က တူလေးဆွပေး၊ လက်တစ်ဘက် ငရုတ်ကျည်ပွေ့နဲ့ အသာအယာလှည့်ထောင်းပေးပါ။ ပြီးရင် ညှစ်ထားတဲ့ သံပုရာရည်ကိုပါ ဆမ်းထည့်ပြီး အားလုံး သမအောင် ထောင်း၊ အရသာ အပေါ့အငံကိုမြည်းပြီး လိုတဲ့အရသာကို ကဲထည့်၊ ပြီးရင် မြေပဲထောင်းလေးကိုပါ ထည့်ပြီး မွှေပေးပါ။ စိတ်ကြိုက်အရသာတွေ့ပြီဆိုရင် တော့ ချိုချဉ်ငံစပ်အရသာလေးနဲ့ ယိုးဒယား သင်္ဘောသီးထောင်းလေး ရပါပြီနော်။

By Lulucooking

မြ၀တီ

No comments:

Post a Comment