“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, July 11, 2012

မိန်းမမြတ် ဂုဏ်အဂါင်္(၉)ဖြာ

သာမုန္ဒြိယကျမ်းလာအရ မိန်းမမြတ်ဂုဏ်အဂါင်္ကိုးဖြာရှိပါတယ်။
၁။အိမ်တွင်းမှုတွေမှာ သေသပ်သန့်ရှင်းစွာ ပြုလုပ်စီမံတတ်တာက အဂါင်္တစ်ချက်။
၂။ကိုယ့်ရဲလင်ကလွဲလို့ ဖွဲနဲ့ဆန်ကွဲလို့ တွေးပြီးအခြားယောက်ျားတွေကို စိတ်မကူးတာ။
၃။လင်ရှာပေးတဲ့ပစ္စည်းဥစ္စာကို သိမ်းဆည်းတာ။
၎။လင်ရဲ့စီမံတိုင်ပင်မှုတွေကို ခံယူတာ။
၅။လင့်အလိုက်ကိုသိပြီး ပြုတတ်တာ။
၆။ရာသီနဲ့အလိုက် လင်ကိုဝတ်ဆင်ပေးတာ။
၇။လင့်နောက်မှ အိပ်တာ။
၈။လင့်အရင်ထတာ။
၉။ပြုံးသောမျက်နှာနဲ့ချိုသာတဲ့စကား ရှိတာပါ။
မိန်းမမြတ်ရဲ့ ဘ၀ကို မရဘဲမိန်းမသားဘ၀ကိုရောက်ရတဲ့ အချက်ဆယ့်သုံးချက်လည်းရှိပါတယ်။ တစ်ခါတစ်ရံမှာပတ်ဝန်ကျင်ကြောင့်နဲ့ ကိုယ့်လင်ကြောင့်မိန်းမကောင်းဘ၀ကမိန်းမပျက်ဘ၀ကို ရောက်တတ်ကြပါတယ်။  အဲသည့် ဆယ့်သုံးချက်က -
၁။ယောက်ျားတစ်ယောက်နဲ့ပျော်ပါးပေါင်းဖော်နေရတယ်လို့ အိပ်မက်အတန်တန်မက်တာ။
၂။ခင်ပွန်းလင်နဲ့ကြာမြင့်စွာ ဝေးကွာကွေကွင်းနေတာ။
၃။လင်က အိုနေတာ။
၎။မိန်းမတန်မဲ့အရက်သောက်တာ။
၅။လင်ကမယားငယ်နေတာ။
၆။လင်ကြီးက အိုရွတ်တွနေတာ။
၇။ပျက်နေတဲ့မိန်းမတွေနဲ့ ရောနှောနေတာ။
၈။ကောင်းတဲ့အသက်မွေးဝမ်းကျောင်း မကြာခဏပျက်စီးတာ။
၉။အိုးအိမ်ကို အတည်တကျမနေတာ။
၁၀။ပွဲကြိုက်တာ၊အပျော်ကြိုက်တာ၊
၁၁။ကိုယ့်ကိုယ်ကို ထိန်းနေတာ။
၁၂။ဖခင်ရဲအုပ်ထိန်းမှုနဲ့ ကြာမြင့်စွာ နေရတာ။
၁၃။ယောက်ျားတွေကြားထဲ ရောက်နေတာပါဘဲ။

 http://www.mmitpalace.com/profiles/blog/show?id=6456788%3ABlogPost%3A161051&xgs=1&xg_source=msg_share_post

သင် စကားပြောတဲ့အခါ ဒီအမှား ၁၀ ခုကို ပြုလုပ်လေ့ရှိသလား?

သင့်ရဲ့ စကားပြောစွမ်းရည်တွေကို တိုးတက်အောင် လုပ်နိုင်ပါသလား? သေချာတာပေါ့ ။
သင့်ဘ၀တစ်လျှောက်လုံး စွဲမြဲလာခဲ့တဲ့ စကားပြောဆိုမှု ပုံစံတွေကို ပြောင်းလဲဖို့ နည်းနည်းလေးတော့ အချိန်ယူရပါလိမ့်မယ်။ ဒါပေမဲ့ အဲဒါဟာ သိပ်ကို ဖြစ်နိုင်ပါတယ်။
ဒီစာကို လိုတာထက်ပိုပြီး ရှည်မသွားရလေအောင်- စကားပြောတဲ့အခါ ကျနော်တို့အများစု ပြုလုပ်တတ်ကြတဲ့ အမှားတစ်ချို့နဲ့ အဲဒါတွေကို ပြောင်းလဲဖို့ နည်းလမ်းတစ်ချို့ကို ကြည့်ကြရအောင်။

၁။ နားမထောင်ခြင်း
အမေရိကန် စာရေးဆရာကြီး အားနက်စ် ဟဲမင်းဝေးက ပြောခဲ့ဖူးတယ် -
” ကျနော်ဟာ နားထောင်ရတာကို သဘောကျတယ်၊ ဂရုတစိုက် နားထောင်ခြင်းကြောင့် တခြားလူတွေဆီကနေ ကျနော်အများကြီး သင်ယူနိုင်ခဲ့တယ်။ လူအများစုကတော့ ဘယ်တော့မှ နားမထောင်တတ်ကြဘူး “
လူအများစုနဲ့ မတူပါနဲ့။

ကျောက်ကပ် ဝေဒနာရှင်တွေအတွက် အထောက်အကူဖြစ်စေရန် (သို့ ) ဝမ်းသာစေရန်

ကျောက်ကပ်ဝေဒနာခံစားနေရသူများမှာ လူလည်းပင်ပန်း ၊ငွေကြေးကုန်ကျမှု့ များပြားသော ရောဂါတစ်ခုဖြစ်ပါသည်။ သိန်းထောင်ချီ၍
ချမ်းသာသောသူပင် ဒေ၀ါလီ ခံ ရသော ရောဂါ ပါ ။ ကျောက်ကပ်ဆေးနေရသူများမှာ လူလည်းနာ ငွေလဲကုန်လှပါသည်။အချိန်အခိုက်အတန့်တခုသာ
ထိန်းထားနိုင်ပြီး မရဏမင်းထံ သွားရသည်သာများပါသည်။
လဲလှယ်နိုင်မှသာ အသက်ဆက်နိုင်ပါသည်။ လဲဖို့စားရိတ်ကလည်း သိန်းထောင်ကျော် ကုန်ကျပါသည်။
ထို့ကြောင့်ကျောက်ကပ် ဝေဒနာသည်များ အောက်ပါအတိုင်း ဆောင်ရွက်ကြည့်ပါ။

မြန်မာနိုင်ငံ မှ ပထမဆုံး လူသားများ

1. ပထမဆုံး သမ္မတ = စဝ်ရွှေသိုက်

2. ပထမဆုံး ၀န်ကြီးချုပ် = ဦးနု

3. ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး

4. ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ = မက္ခရာမင်းသား နှင့် မစ္စတာလိန်း (ဒေါက်တာ
ဆင်မျူယ် ဂျွန်ဆင်၏ အင်္ဂလိပ်အဘိဓာန်ကို ပြန်ဆို)

5. ပထမဆုံး သိပ္ပံစာပေ ပြုစုသူ = ယောမင်းကြီး ဦးဘိုးလှိုင်

6. ပထမဆုံး အမျိုးသားကောလိပ်မှ ဝိဇ္ဇာဘွဲ့ရသူ=အာဇာနည်ခေါင်းဆောင်ကြီးဆရာကြီး ဦးရာဇတ်

7. ပထမဆုံး အင်ဂျင်နီယာ =ဖန်ချက်ဝန် ဦးရွှေအိုး

8. ပထမဆုံး နိုင်ငံရေးသမား အကျဉ်းကျခံရသူ = ဆရာတော်ဦးဥတ္တမ

9. ပထမဆုံး လူမှုဝန်ထမ်း အမျိုးသမီး = ဒေါ်ဦးဇွန်း

10. ပထမဆုံး ရုပ်ရှင်သရုပ်ဆောင် = ဦးညီပု

11. ပထမဆုံး မြန်မာ့ရုပ်ရှင်ထူထောင်သူ နှင့် ဒါရိုက်တာ = လန်ဒန်အတ်ဦးအုန်းမောင်

12. ပထမဆုံး မြန်မာ့ရုပ်ရှင် စတန့်မင်းသား = ကျော်စိုး

13. ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ မင်းသား = ဦးကျော်ဝင်း

14. ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ မင်းသမီး =ကြည်ကြည်ဌေး

15. ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ကလေးသရုပ်ဆောင် = အောင်ထွန်းလေး

16. ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ဆု အမျိုးသား = ဦးကျောက်လုံး

17. ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ဆု အမျိုးသမီး =ဒေါ်မေနွဲ့

18. ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဒါရိုက်တာ = ဦးသုခ

19. ပထမဆုံး နိုင်ငံခြားသွား ဆိုင်းဆရာ = စိန်ဗေဒါ

20. ပထမဆုံး ကာလပေါ်ဝတ္ထုရေး စာရေးဆရာ = ဂျိမ်းစ်လှကျော် (မောင်ရင်မောင် မမယ်မ ၀တ္တု)

21. ပထမဆုံး သတင်းစာ ဆရာမ = အင်ဒီပင်းဒင့် ဒေါ်စန်း

22. ပထမဆုံး ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး ပါမောက္ခ = ဦးဖေမောင်တင်

23. ပထမဆုံး ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာ ကထိက = ဒေါက်တာဘမော်

24. ပထမဆုံး စတီရီယို အဆိုတော် = တက္ကသိုလ်ထွန်းနောင်

25. ပထမဆုံး လေသူရဲ = မီးပုံးပျံ ဦးကျော်ရင်

26. ပထမဆုံး စက်ရုပ်တီထွင်သူ = ဦးကြည်

27. ပထမဆုံး နယ်လှည့် ဇာတ်သဘင် = ဂရိတ်ဦးဘိုးစိန်

28. ပထမဆုံး မြန်မာလူမျိုး ဟိုက်ကုတ်တရားဝန်ကြီးချုပ် = ဒေါက်တာဆာမြဘူး (၁၈၈၅-၁၉၆၆)

29. ပထမဆုံး မြန်မာပါရဂူ = ဒေါက်တာဘဟန်(၁၈၉၀-၁၉၆၉) (ပြင်သစ်နှင့်ဂျာမနီပြန်)

30. ပထမဆုံး ညွှန်ကြားရေးမှူးချုပ် နှင့် အဏုမြူ စွမ်းအင် ဦးစီးဌာနတည်ထောင်သူ = ဒေါက်တာတင်လှိုင်

31. ပထမဆုံး မြန်မာ ကာတွန်းဆရာ = ဦးဘကလေး(ရွှေတလေး)

32. ပထမဆုံး မြန်မာနိုင်ငံ သမိုင်းကော်မရှင်ဥက္ကဋ္ဌ = ပညာမင်ကြီး စည်သူဦးကောင်း

33. ပထမဆုံး ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်=ဒေါက်တာတင်မောင်

34. ပထမဆုံး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗ-က-သ)၏ဥက္ကဋ္ဌ=ဦးရာရှစ်

35. ပထမဆုံး ကျားကစားနည်း စာအုပ်ရေးသူ=စာရေးဆရာချစ်ညို (၁၉၂၄ - ၁၉၈၇)

36. ပထမဆုံး လူမှုထူးချွန် ပထမဆင့်ကို ရရှိသူ အမျိုးသမီး=ဟာဂျီမပျဉ်းမနားဒေါ်ပု (၁၉၀၆-၁၉၈၂)

37. ပထမဆုံး ဖလောရင့် နိုက်တင်ဂေးဆု ရရှိသူ =ဗိုလ်မှူးဒေါ်ခင်အုန်းမြ(ခေါ်) စာရေးဆရာမကြီး မြမာလာ

38. ပထမဆုံး မြန်မာ ကိုယ်ခန္ဓာအလှူရှင် = ဦးဝင်းမြင့်(မန္တလေး)

မိမိတို့စိတ်ကြိုက် ဓာတ်ပုံတွေကို ပန်ချီးကား အဖြစ်ပြောင်းလဲရအောင်

မိမိတို့စိတ်ကြိုက် ဓာတ်ပုံတွေကို ပန်ချီးကား အဖြစ်ပြောင်းလဲရအောင် (Mediachance Dynamic Auto-Painter 2.5.1_Portable)

                                   ဒါလေးကတော့ မိမိတို့စိတ်ကြိုက် ဓါတ်ပုံတွေကို ပန်းချီကားလေးအဖြစ် ဖန်
တီးပေးတဲ့ Software လေးဘဲဖြစ်ပါတယ်။ Portable လေးတင်ပေးထားတာပါ။ အသုံးပြုရတာရောဒေါင်း

ထမင်းစားပြီးလျှင် ရှောင်ကျဉ်သင့်သော အချက်များ

ကျန်းမာရေး စာနယ်ဇင်းတစ်ခုမှာ ဖတ်လိုက်ရလို့ ပြန်လည်ဖော်ပြလိုက်တာပါ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အတွက် အထူးဂရုပြုသင့်တယ်လို့လည်းထင်ပါတယ်။ တစ်ချို့လည်းသိပြီး ဖြစ်ပါလိမ့်မယ်။ မသိသေးသောသူများ အတွက် ရည်ရွယ်ပြီးတော့ ရေးသားလိုက်ခြင်းဖြစ်ပါသည်။

(၁) ဆေးလိပ်မသောက်ပါနှင့်
ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမင်းစားပြီး စီးကရက်တစ်လိပ်သောက်ခြင်းသည် စီးကရက်ဆယ်လိပ်သောက်ခြင်းနဲ့ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။

(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်
ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါကထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမ်းမစားမီ တစ်နာရီအလိုတွင်သာစားသုံးသင့်သည်။

အသက်ကြီးသူများကို နုပျိုကျန်းမာနေစေမည့် နည်းလမ်း (၂၀)


အသက်ကြီးတယ်ဆိုတာ လောကဓမ္မတာ တစ်ရပ်ပါ။ ဒါပေမဲ့ သင့်အသက်အရွယ်ဟာ သင်ခံစားနေရ တဲ့ နုပျိုငယ်ရွယ်ကျန်းမာတဲ့ စိတ်ခံစားမှုအပေါ် သက်ရောက်မှုမရှိပါဘူး။ ဆိုလိုတာက အသက်ဘယ်လောက်ပဲ ကြီးလာပါစေ၊ အိုလာပြီလို့ မတွေးတောဘူးဆိုရင် သင်က နုပျိုကျန်းမာနေမှာပဲ ဖြစ်ပါတယ်။
(၁) ဘဝမှာ ပါဝင်ဆင်နွှဲပါ
အိမ်မှာ ထိုင်နေရတဲ့အခါ သင့်ကိုယ်သင် အိုမင်းလာပြီဆိုတဲ့ အတွေးမျိုးဝင်လာနိုင်ပါတယ်။ အိမ်ထဲမှာထိုင်ပြီး အချိန်ဖြုန်း တာထက် ဘဝမှာ လုပ်စရာရှိတဲ့ တာဝန်တွေ၊ ဝတ္တရားတွေကို ပါဝင်လုပ်ဆောင်ပေးတာက ကိုယ့်ကိုယ်ကိုယ် ငယ်ရွယ်ဖျတ်လတ် တယ်ဆိုတဲ့ အတွေးဝင်စေပါတယ်။
(၂) အိုမင်းခြင်းကြောင့် စိတ်ဓာတ်မကျပါနှင့်
အသက်အရွယ်ကြီးရင့်လာမှာကို စိတ်ဓာတ်ကျနေတာက သင့်ကို ပိုမိုအိုမင်းလာစေပါတယ်။ အသက်အရွယ်ကြီးလာတဲ့ အတွက် စိတ်မသက်မသာမဖြစ်ပါနဲ့။

ရှိသမျှ Gmail Account အားလုံးကို Browser တစ်ခုတည်းမှာပဲ တစ်ပြိုင်နက်တည်း Invisible နဲ့ဖွင့်ထားချင်ရင်



 ဒီ Post လေးက ကျွန်တော့် ဆရာသမား ဆရာ ထက်ဇော်ရဲ့ MMiTD က Post လေးကို သဘောကျလို့ပြန်ပြီးမျှဝေတာပါ။
ရှိသမျှ အကောင့်တွေနဲ့  Gmail အားလုံး တစ်ပြိုင်တည်း စစ်ပြီး Special ဂျီပုန်းလုပ်ကြရအောင်
များသောအားဖြင့် Browser တစ်ခုမှာ mail တစ်ခုပဲ ဖွင့်လို့ ရတယ်လို့ ပဲ သိထားကြပါတယ် ။