“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, September 9, 2012

ထူးထူးဆန်းဆန်း အဆောက်အဦများ


















http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1425056&xgs=1&xg_source=msg_share_post

ကမ္ဘာ့ ပညာတတ်အများဆုံး ၁၀ နိုင်ငံ

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် လွန်ခဲ့သောနှစ် ၅၀ ထက် တက္ကသိုလ်ဘွဲ့ရဦးရေ ၂၀၀ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ကြောင်း OECD ၏ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ အချို့သောနိုင်ငံများတွင် ဘွဲ့ရပညာတတ် ဦးရေ တိုးတက်လာသော်လည်း အချို့သောနိုင်ငံများတွင် သိသိသာသာ တိုးတက်လာခြင်းမရှိချေ။ ဝေါစတရိ ဂျာနယ်၏ ထုတ်ပြန်ချက်တွင် ဖွံ့ဖြိုးပြီး နိုင်ငံများတွင်သာ ဘွဲ့ရဦးရေ အများဆုံး ဖြစ်ကြောင်း တင်ပြခဲ့သည်။
ပညာတတ် အများဆုးံးသော ပြည်သူများမှာ ကမ္ဘာပေါ်တွင် အချမ်းသာဆုံးသူများဖြစ်ကြသည်။ အမေရိကန် ပြည်ထောင်စု၊ ဂျပန်၊ ကနေဒါတို့သည် ပြည်တွင်း အသားတင် ထုတ်လုပ်မှုတွင် အမြင့်ဆုံးနိုင်ငံများဖြစ် ပြီး နော်ဝေ၊ သြစတြေလျ တို့သည် ဒုတိယလိုက်သည်။ ဖွံ့ဖြိုးပြီး နိုင်ငံများသည် ပညာရေး ကဏ္ဍတွင်ရင်းနှီးမြှုတ်နှုံမှု အများဆုံး နိုင်ငံများဖြစ်သည်။ ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံများမှ ပြည်သူများမှာ ပညာတတ်လူဦးရေ အများဆုံးဖြစ်သည်။

၁၀။ ဖင်လန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း စီးပွားရေးဖွံ့ဖြိုးမှုနှုန်း (၁၉၉၉-၂၀၀၉) ၁.၈ ရာခိုင်နှုန်း ( တတိယ အနိမ့်ဆုံး) တဦးချင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှု ဒေါ်လာ ၃၆ ၅၈၅ ( အမြင့်ဆုံး အမှတ်စဉ် ၁၄)
လူဦရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉)း ၃.၁၅ ရာခိုင်နှုန်း ( အနိမ့်ဆုံး အမှတ် ၁၀) ဖင်လန်နိုင်ငံသည် အခြားသော OECD နိုင်ငံများနှင့်နှိုင်းယှဉ်ပါက သေးငယ်သောနိုင်ငံဖြစ်သည်။ ၁၉၉၉-၂၀၀၉ ခုနှစ်အတွင်း ကောလိပ်ဘွဲ့ရ တနှစ်လျင် ၁.၈ ရာခိုင်နှုန်းတိုးလျက်ရှိသည်။ ဖင်လန်နိုင်ငံတွင် လူမှုရေးသိပ္ပံ၊ စီးပွားရေးဘာသာရပ်နှင့် ဥပဒေတို့မှာ လူကြိုက်မများသော ဘာသာရပ်များဖြစ်ပြီး၊ ကောလိပ်ကျောင်းသား အများစုမှာ အင်ဂျင်နီယာ ဘာသာရပ်၊ ထုတ်လုပ်ရေးဆိုင်ရာ ဘာသာရပ်နှင့် ဆောက်လုပ်ရေးဆိုင်ရာ ဘာသာရပ်တို့မှာ လူကြိုက်များသော ဘာသာရပ်များဖြစ်သည်။

၉။ ၾသစေၾတးလ်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉)း ၃.၃ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၁၁) တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ဒေါ်လာ ၄၀၇၁၉ ( အမြင့်ဆုံးအဆင့် ၆)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉)း ၁၄.၆၃ ( တတိယ အမြင့်ဆုံး) သြစတြေလျ၏ လူဦးရေတိုးတက်နှုန်းမှာ သက္ကရာဇ် ၂၀၀၀-၂၀၀၉ အတွင်း ၁၄.၆၃ ရခိုင်နှုန်းရှိသည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် လူဦးရေ တိုးတက်မှုနှုန်း တတိယ အမြင့်ဆုံးဖြစ်သည်။ သြစတြေလျနိုင်ငံသည် ပြည်သူ့ဘဏ္ဍာငွေအား ပညာရေးကဏ္ဍ၌ အသုံးပြုမှုမှာ OECD နိုင်ငံများအတွင်း အနိမ့်ဆုံးအဆင့် ၆ တွင်ရှိသည်။

၈။ ဗြိတိန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း နှစ်စဉ်တိုးတက်မှုနှုန်း ၄.၀ ရာခိုင်နှုန်း (အမြင့်ဆုံးအဆင့် ၉ တွင်ရှိသည်) တဦးချင်းပြည်တွင်း အသားတင်ထုတ်ကုန် ဒေါ်လာ ၃၅ ၅၀၄ (အမြင့်ဆုံးအဆင့် ၁၆) လူဦးရေ အပြောင်းအလဲ (၂၀၀၀-၂၀၀၉)း ၃.၄ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၁၃) အခြားသော OECD အဖွဲ့ဝင်နိုင်ငံများနှင့် မတူဘဲ အင်္ဂလန်နိုင်ငံ၏ ပညာတတ်လူဦးရေ တိုးတက်မှုမှာ သက္ကရာဇ် ၁၉၉၉-၂၀၀၉ အတွင်း ၄ ရာခိုင်နှုန်းအထိ ရှိသည်။ အင်္ဂလန်နိုင်ငံသည် ပြည်သူ့ဘဏ္ဍာ ကိုပညာရေး၌ အသုံးပြုမှုမှာ OECD အဖွဲ့ဝင်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အနိမ့်ဆုံးအဆင့် ၄ တွင်ရှိသည်။

၇။ နော်ဝေ
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) တဦးချင်း ပြည်တွင်း အသားတင်ထုတ်ကုန် ၅၆၆၁၇ ဒေါ်လာ (ဒုတိယ အမြင့်ဆုံး) လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၇.၅၂ ရာခိုင်နှုန်း (အမြင့်ဆုံးအဆင့် ၁၄) နော်ဝေနိုင်ငံသည် ပြည်သူ့ဘဏ္ဍာကို ပညာရေးကဏ္ဍ၌ အသုံးပြုရာတွင် တတိယ အများဆုံးနိုင်ငံဖြစ်သည်။ ဂျီဒီပီ၏ ၇.၃ ရာခိုင်နှုန်းကို အသုံးပြုသည်။နော်ဝေနိုင်ငံ၏ ၆၀ ရာခိုင်နှုန်မှာ ကောလိပ်ဘွဲ့ရများ ဖြစ်သည်။နော်ဝေ နိုင်ငံသည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးသော နိုင်ငံဖြစ်သည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် တဦးချင်းဝင်ငွေ ဒုတိယ အများဆုံးနိုင်ငံဖြစ်သည်။

၆။ တောင်ကိုးရီးယား
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၉ ရာခိုင်နှုန်း နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ၅.၃ ရာခိုင်နှုန်း (အမြင့်ဆုံးအဆင့် ၅) တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ဒေါ်လာ ၂၉၁၀၁ ( အနိမ့်ဆုံးအဆင့် ၁၃)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၃.၇ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၁၄) ကိုးရီးယားနိုင်ငံသည် OECD အဖွဲ့ဝင်နိုင်ငံများတွင် ဘွဲ့ရများသောနိုင်ငံဖြစ်သည်။ ၁၉၉၉-၂၀၀၉ ခုနှစ်အတွင်း ဘွဲ့ရဦးရေ ၅.၃ ရာခိုင်နှုန်းတိုးလာခဲ့သည်။ OECD အဖွဲ့ဝင်များကြားတွင် အမြင့်ဆုံးအဆင့် ၅ ရှိသည်။ ကိုးရီးယားကျောင်းသား အများစုကြိုက်နှစ်သက်သော ဘာသာရပ်များမှာ ပညာရေး၊ လူမှုရေးဘာသာရပ်၊ အနုပညာ ဘာသာရပ်တို့မှာ အမြင်းဆုံးဖြစ်သည်။

၅။ နယူးဇီလန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၀ ရာခိုင်နှုန်း နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ၃.၅ (အနိမ့်ဆုံးအဆင့် ၁၄) တဦးချင်းပြည်တွင်းထုတ်လုပ်မှု ဒေါ်လာ ၂၉၈၇၁ (အနိမ့်ဆုံးအဆင့် ၁၄) လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၁၁.၈၈ ( အမြင့်ဆုံးအဆင့် ၈) နယူးဇီလန်နိုင်ငံ၏ တဦးချင်းပြည်တွင်းထုတ်လုပ်မှုမှာ ဒေါ်လာ ၃၀၀၀၀ အောက်လျော့နည်းသည့်အတွက် OECD အဖွဲ့ဝင်နိုင်ငံများတွင် အနိမ့်ဆုံးအဆင့် ၁၄ ရှိသည်။ လူဦးရေ ၄၀ ရာခိုင်နှုန်းမှာ ကောလိပ်အဆင့် တက်ရောက်သူများ ဖြစ်သည်။ ကမ္ဘာတွင်ကောလိပ်တက်ရောက်မှု အဆင့် ၅ တွင်ရှိသည်။

၎။ အမေရိကန် ပြည်ထောင်စု
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၁ ရာခိုင်နှုန်း နှစ်စဉ် တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၀) ၁.၄ ရာခိုင်နှုန်း (အနိမ့်ဆုံးဖြစ်သည်) တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ဒေါ်လာ ၄၆ ၅၈၈ (အမြင့်ဆုံးအဆင့် ၄)
လူဦးရေပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၈.၆၈ ( အမြင့်ဆုံးအဆင့် ၁၂) အမေရိကန် ပြည်ထောင်စုတွင် ကောလိပ်ပြီးဆုံးမှုသည် လူဦးရေ အချိုးအစားနှင့်တွက် ချက်ပါက ၁.၄ ရာခိုင်နှုန်းသာရှိသည့် အတွက် OECD အဖွဲ့ဝင်နိုင်ငံ ၃၄ နိုင်ငံတွင် အနိမ့်ဆုံးဖြစ်သည်။ ပညာရေးအတွက် အသုံးစရိတ်မှာ ပညာရေး အသုံးစရိတ်စုစုပေါင်း၏ ၇၁ ရာခိုင်နှုန်း ကို ပြည်သူ့ဘဏ္ဍာငွေမှ သုံးစွဲသည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် အနိမ့်ဆုံးအဆင့် ၆ ရှိသည်။ အရွယ်ရောက်ပြီးသူ ပညာတတ် အများဆုံးသော နိုင်ငံဖြစ်သည်။

၃။ ဂျပန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၄ ရာခိုင်နှုန်း နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ၃.၂ ရာခိုင်နှုန်း (အနိမ့်ဆုံးအဆင့် ၁၀) တဦးချင်း ပြည်တွင်းအသားတင် ထုတ်လုပ်မှု ဒေါ်လာ ၃၃၇၅၁ ( အနိမ့်ဆုံးအဆင့် ၁၇)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉ ရာခိုင်နှုန်း) ၀.၄၆ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၆) ဂျပန်နိုင်ငံရှိ လူဦးရေ ၄၄ ရာခိုင်နှုန်းမှာ ကောလိပ် တက်ရောက်ဖူးသူများ ဖြစ်သည်။ ဂျပန်နိုင်ငံသည် အလယ်တန်းအဆင့် အောင်မြင်မှုတွင် ဖင်လန်နိုင်ငံနှင့် အဆင့်တူညီရှိသည်။ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု၏ ၁.၅ ရာခိုင်နှုန်းကို ကောလိပ်အဆင့် ပညာရေးတွင် သုံးသည့် အတွက် OECD အဖွဲ့ဝင်နိုင်ငံများတွင် အနိမ့်ဆုံးအဆင့် ၁၇ တွင်ရှိသည်။

၂။ အစ္စရေး
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၅ ရာခိုင်နှုန်း နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၀) တဦးချင်း ပြည်တွင်း အသားတင်ထုတ်လုပ်မှု ၂၈၅၉၆ ဒေါ်လာ လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၁၉.၀၂ ရာခိုင်နှုန်း ( အမြင့်ဆုံး)
၂၀၀၇ ခုနှစ်တွင် ကောက်ယူသော စစ်တမ်းအရ အသက် ၂၅-၆၄ နှစ်အတွင်း ကောလိပ်ပညာ ပြီးဆုံးမှုသည် ၄၄ ရာခိုင်နှုန်းရှိသည်။ အမျိုးသားထုတ်ကုန်နှင့် တွက်ချက်ပါက ပညာရေး အသုံးစရိတ်မှာ ၂၀၀၀-၂၀၀၈ ခုနှစ်အတွင်း ကျဆင်းလာခဲ့သည်။

၁။ ကနေဒါ
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၅၀ ရာခိုင်နှုန်း နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ( အနိမ့်ဆုံးအဆင့် ၅)
တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ၃၉၀၇၀ ( အမြင့်ဆုံးအဆင့် ၁၀) လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၉.၈၉ ( အမြင့်ဆုံးအဆင့် ၁၀) ကနေဒါနိုင်ငံတွင် အရွယ်ရောက်ပြီးသူ ၅၀ ရာခိုင်နှုန်းမှာ ကောလိပ်ပညာ ပြီးဆုံးသူများ ဖြစ်သည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် အမြင့်ဆုံးဖြစ်သည်။ ပြည်တွင်းထုတ်လုပ်မှု၏ ၂.၅ ရာခိုင်နှုန်းကို ပညာရေးတွင် သုံးသည့်အတွက် OECD အဖွဲ့ဝင်များတွင် အမြင့်ဆုံးဖြစ်သည်။ ကနေဒါနိုင်ငံ၏ ကျောင်းသား ၂၅ ရာခိုင်နှုန်းမှာ ပြည်ပမှ ပြောင်းရွှေ့လာသူများဖြစ်သည်။

http://www.zwekapinmyae.com/profiles/blog/show?id=2879352%3ABlogPost%3A763668&xgs=1&xg_source=msg_share_post

ဒေါင်းအုပ်ကြီးက မြို့ထဲသို့ ၀င်သောင်းကျန်း

 
ကြောင်နှင့်ခွေးများ အကာအကွယ်များရှိရာသို့ပြေးကြရသည်။ တွားသွားနေသလား ထင်ရလောက်အောင် ကားများ အရှိန်လျှော့ချကုန်သည်။ နေအိမ်များအတွင်း နေထိုင်သူများ ပင်လျှင် ပြတင်းတံခါးများကိုပိတ်ကာ တံခါးကိုပင်ချက်ချထားရသည်။ လယ်တဲများနှင့် ဂရင်းဟောက်စ်များကို လုံခြုံရေးယူထားရသည်။ အခိျု့က ရေဖြင့်ပစ်ခတ်ရသော ပစ္စတိုသေနတ်များကို ကိုင်စွဲကြသည်။ ဗြိတိန်နိုင်ငံ ဆောက်သ်ပို့မြို့အနီ
း ဘန့်ခ်ရွာမှ ရွာသားတို့၏ နေထိုင်မှုမှာ ဒေါင်းအကြမ်းဖက်ဂိုဏ်း၏ နှောင့်ယှက်မှုအန္တရာယ်နှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

အသက်၇၁နှစ်အရွယ်ရှိ ယန်းအိုဟန်လွန်အမည်ရှိ အဖွားကြီးသည် မိမိကိုယ်မိမိ ဒေါင်းရန်မှ ကာကွယ်ရန် နီးရာလက်နက်ဖြစ်သည့် ဘောဖျက်ကို ကောက်ကိုင်ရသည်။ ဒေါင်းများ မြို့ကလေးထဲသို့ ၀င်လာသည်။ နောက်ထပ်နာရီပေါင်းများစွာကြာ တစ်ညလုံးနေထိုင်ပြီး နံနက်လင်းအားကြီးအချိန်ထိ ဒေါင်းတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ရွာတွင်နေထိုင်သူ အမျိုးသမီးတစ်ဦးသည် သူ၏ ဂိုဒေါင်ထဲ၌ ဒေါင်းတစ်ကောင် အိပ်ပျော်နေသည်ကို တွေ့ရှိရသည်။ ဒေါင်းများသည်အရသာရှိသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို ကိုက်ဖြတ်စားသောက်ကြသည်။ အဖိုးတန်အပင်များကို ဖျက်ဆီးကာ ကိုက်ချီလျက် လသာဆောင်များ သို့မဟုတ် ခေါင်းတိုင်များထဲသို့ ပစ်ချခဲ့ကြသည်။

ကားလမ်းပေါ်၊ ပလက်ဖောင်းပေါ်၊ ကားစက်ဖုံးပေါ်၊ မြက်ခင်းပေါ် နေရာအနှံ့အမှိုက်သရိုက်များ စွန့်ပစ်ခဲ့ကြသည်။ ဗြိတိန်နိုင်ငံ လန်ကက်ရှိုင်းယား တောပိုင်း၌ ယင်းကဲ့သို့ ထူးခြားလှသော အဖြစ်အပျက်ဖြစ်ပွားခဲ့သည်။ ၎င်းတို့၏ မိတ်လိုက်ရာသီ ကျော်လွန်သွားပြီးနောက် ၁၅ကောင်ခန့်ရှိသော ဒေါင်းအုပ်ကြီးက ရွာသို့ဝင်ရောက် နှောင့်ယှက်ခဲ့ခြင်းဖြစ်သည်
 
http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1429703&xgs=1&xg_source=msg_share_post

မက္ကစီကိုက ၀ိညာဉ်တွေ နေတဲ့ အရုပ်ကျွန်း.


မက္ကဆီကိုနိုင်ငံရဲ့ ရှေးကျလှတဲ့ Xochimilco ခရိုင်မှာရှိတဲ့ labyrinthine တောင်ကြားဒေသတစ်ခုလုံးမှာ အထက်ကပုံလို ထူးဆန်းပြီး သဘာဝလွန်တဲ့ အရုပ်တွေနဲ့ ပြည့်လို့နေပါတယ်။ မြို့တော်ကနေ ၁၈မိုင်သာဝေးတဲ့ ဒီအေးချမ်းလှတဲ့ စိုစိုစွတ်စွတ် ကျွန်းတွေကြားမှာ တစ်ကျွန်းလုံး ထောင်ပေါင်းများစွာသော ထူးထူးဆန်းဆန်း အရုပ်တွေပြည့်နေတဲ့ Teshuilo Lake ကျွန်းရှိနေပါတယ်။ များပြားလှတဲ့ အရုပ်တွေဟာ သစ်ပင်တွေထက်မှာ တွဲလျားကျနေကျပြီး အမျိုးမျိုး၊ အဖုံဖုံပျက်စီးနေကြပါပြီ။

ဒီသက်မဲ့အရုပ်တွေရဲ့ ခြေတွေလက်တွေဟာ ညင်ညင်သာသာ တိုက်ခတ်နေတဲ့ လေညင်းနဲ့အတူ ညပိုင်းကို မရောက်မချင်း တိတ်တိတ်ဆိတ်ဆိတ် လှုပ်ရမ်းနေကြလေ့ရှိပါတယ်။ ဒေသခံတွေရဲ့ အဆိုကတော့ ဒီအရုပ်တွေဟာ ညပိုင်းကိုရောက်တဲ့အခါ သေဆုံးသွားကြတဲ့ဝိညာဉ်တွေပူးကပ်ပြီး အနီးအနားကဖြတ်သန်းသွားကြတဲ့သူတွေကို ရေအောက်သင်္ချိုင်းဆီကို ဆွဲဆောင်ခေါ်ယူလေ့ရှိတယ်လို့ ဆိုကြပါတယ်။

၁၉၅၀နှောင်းပိုင်းကာလတွေမှာ Don Julian Santana Barrera ဟာTeshuilo ရေကန်ပေါ်က အမည်မရှိသေးတဲ့ ဒီကျွန်းမှာနေထိုင်ဖို့ လာရောက်ခဲ့ပါတယ်။ အထီးကျန်ဆန်လှတဲ့ ဒီကျွန်းဟာ အများနဲ့ဝေးရာမှာ အထီးကျန်ဆန်ဆန်နေချင်တဲ့ သူ့အတွက်တော့ အသင့်တော်ဆုံးနေရာလို ဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့် မသိခဲ့တာက ဒီကျွန်းမှာ ထိတ်လန့်စရာကောင်းလှတဲ့ နောက်ကြောင်းရာဇ၀င်တွေ ရှိခဲ့တယ်ဆိုတာကိုပါပဲ။ ၁၉၂၀လောက်က မိန်းကလေးသုံးယောက်ဟာ ကျွန်းပေါ်မှာ ကစားနေကြရင်း တစ်ယောက်ဟာ ကျွန်းပေါ်က ကမ်းပါးစောက်တွေနဲ့ ၀န်းရံနေပြီး ညစ်ပတ်လှတဲ့ ရေတွေပြည့်နေတဲ့ တူးမြောင်းထဲကို မတော်တဆချော်ကျပြီး သေဆုံးခဲ့ပါတယ်။ ဒီမိန်းကလေးရဲ့ ၀ိညာဉ်ဟာ အဝေးကို ထွက်မသွားဘဲ ကျွန်းပေါ်မှာပဲ လှည့်လည်သွားလာနေခဲ့ပါတယ်။ ဒီဒေသဟာ မကြာခင်မှာပဲ သတင်းဆိုးတွေနဲ့ ကျော်ကြားလာခဲ့ပြီး သရဲခြောက်တဲ့ ဒီကျွန်းပေါ်ကို ညဘက်မှာ သွားရဲတဲ့သူလည်း တော်တော်ရှားပါးလာပါတယ်။

Julian တစ်ယောက် ကျွန်းပေါ်ကို ရောက်လာတဲ့ နောက်မှာတော့ မိန်းကလေးရဲ့ဝိညာဉ်အတွက် စကားပြောဖော်တစ်ယောက်ရလာပါတော့တယ်။ သူမကJulian ကို သူမသေဆုံးခဲ့ရတဲ့အကြောင်းကို ပြောပြပြီး သူမကစားဖို့ အရုပ်တွေရှာပေးဖို့ ပူဆာပါတော့တယ်။ ဒါ့အပြင် သမိုင်းမတင်ခင်ကာလတွေတုန်းကတည်းက ဒီဒေသပတ်ဝန်းကျင်မှာ ရှိနေခဲ့ကြတဲ့ ၀ိညာဉ်တွေကို ဒီအရုပ်တွေက စောင့်ရှောက်ပေးဖို့ ရည်ရွယ်ချက်လည်း ပါခဲ့ပါတယ်။ Julian ကလည်း မိန်းကလေးရဲ့ သွေးဆောင်မှုကို အလွယ်တကူပဲ လက်ခံခဲ့ပြီး ကျွန်းတစ်လျှောက်လိုက်လံလို့ ညစ်ပတ်ပေရေနေတဲ့ ကျွန်းပေါ်မြေနိမ့်ပိုင်းဒေသတစ်ဝိုက်က ရေစပ်စပ်မှာတွေ့ရှိရတဲ့ အရုပ်တွေကို လိုက်လံရှာဖွေပါတော့တယ်။

နှစ်ပေါင်းများစွာကြာတဲ့အထိTeshuilo Lake ရေကန်ဟာ အမေ့ခံအဖြစ်ရှိနေခဲ့ပြီး Julian တစ်ယောက်လည်း နေသားထိုင်သားကျလာခဲ့ပြီး သူ့အိမ်သူ့ယာအဖြစ်သဘောထားလို့ ကျွန်းပေါ်က အရုပ်တွေကို လိုက်လံစုဆောင်းရင်း နေထိုင်ခဲ့ပါတယ်။ ၁၉၉၀ကို ရောက်တဲ့အခါမှာတော့ Xochimilco ဒေသကို အမျိုးသားအမွေအနှစ်အဖြစ် ကြေငြာခဲ့ပါတယ်။ ဒီတူးမြောင်းကို ရှင်းလင်းဖို့ ပေါင်သန်းပေါင်းများစွာကုန်ကျမယ့် စီမံကိန်းတစ်ခုရေးဆွဲပြီးတဲ့နောက်မှာတော့ ကျွန်းပေါ်ကို တူးမြောင်းရေတွေတစ်ခါပြန်ပြီး ဖြတ်သန်းစီးဆင်းလာနိုင်ခဲ့ပါတယ်။

ပထမတော့ လူတွေက Julian ကိုလူထူးဆန်း၊ အရှုပ်ထုပ်ကြီးလို့ သတ်မှတ်ခဲ့ကြပါပြီး အသက်ပြန်သွင်းလို့ရမယ်အထင်နဲ့ အရုပ်အပျက်အစီးတွေကို လိုက်ကောက်နေတဲ့ ခပ်ကြောင်ကြောင်လူကြီးလို့လည်း ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ သူဟာ အတွေးအခေါ်တွေ ခေတ်ဟောင်းမှာကျန်ခဲ့ပြီး အန္တရာယ်မပေးနိုင်တဲ့ လူတစ်ယောက်ဖြစ်မှန်း အများက သိလာခဲ့ကြပါတယ်။ ဒီအချိန်မှာတော့ Julian နေတဲ့ကျွန်းကလေးကို La Isla de las Muñecas လို့အများက ခေါ်ဝေါ်နေကြပါပြီ။ အဓိပ္ပာယ်ကတော့ အရုပ်ကျွန်းဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ဝိညာဉ်မိတ်ဆွေတွေကတော့ ပလတ်စတစ်ရုပ်မိတ်ဆွေကို ကျေနပ်တင်းတိမ်ဟန်မရှိဘဲ ကျွန်းတစ်ခုလုံးမှာလည်း နေရာလပ်တောင် မကျန်တော့လောက်အောင် အရုပ်တွေပြည့်နှက်နေခဲ့ပါတော့တယ်။ Julian ဟာ မိန်းကလေးရဲ့ ၀ိညာဉ်အတွက် သူ့ရဲ့အကောင်းဆုံးလက်ဆောင် အရုပ်တွေကို ချိတ်ဆွဲပေးထားဖို့ တဲတစ်ခုတောင် ထိုးတားခဲ့ပါတယ်။

၂၀၀၁ခုနှစ်ရဲ့ ဧပြီလ ၂၁ရက်နေ့မှာတော့ Julian နဲ့ သူ့ရဲ့တူဖြစ်သူ Anastasio တို့ဟာ ငါးမျှားနေရင်းကနေ Julian ကတူဖြစ်သူကို တူးမြောင်းထဲက ရေထဲကနေ ထူးဆန်းတဲ့အသံတစ်ခုက သူ့ကိုသူတို့နဲ့ အတူလာနေဖို့ ခေါ်နေကြောင်း ပြောပြပါတော့တယ်။ ဒီအသံတွေကို သူမကြာခဏဆိုသလို ကြားနေရပြီး သူတို့ရဲ့ခေါ်သံတွေနောက်ကို မလိုက်မိဖို့ သူအမြဲခုခံနိုင်ခဲ့ကြောင်း ရှင်းပြခဲ့ပါတယ်။ တူဝရီးနှစ်ယောက်သားဟာ ငါးဆက်မျှားနေခဲ့ကြပြီး Anastasio က လိုအပ်တဲ့ပစ္စည်းတွေယူဖို့ ထစ်ခြားနေရာကို ခဏထွက်သွားခဲ့ပါတယ်။ သူ့ဦးလေးငါးမျှားနေတဲ့ နေရာကို ပြန်လာတဲ့ အချိန်မှာတော့ ဦးလေးဖြစ်သူဟာ ၁၉၂၀က မိန်းကလေး အသက်ဆုံးခဲ့တဲ့ တူးမြောင်းထဲက အနီးမှာ မျက်နှာအပ်လို့ ရေထဲမှာပေါလောမြောနေတာကို တွေ့ခဲ့ရပါတော့တယ်။ အသက်၈၀အရွယ်ရောက်လာပြီဖြစ်တဲ့ အဖိုးအို ဟာ သူ့ကိုခေါ်တဲ့အသံတွေကို တွန်းလှန်နိုင်စွမ်းမရှိတော့တာကြောင့်ပဲလား ကိုယ်တိုင်ကပဲ သူ့မိတ်ဆွေမိန်းကလေးဆီကို အရောက်သွားချင်ခဲ့တာလားဆိုတာကိုတော့ ဘယ်သူမှမသိနိုင်တော့ပါ။

Julian သေဆုံးသွားခဲ့ပေမယ့် ကျွန်းပေါ်က အရုပ်တွေကတော့ လာလည်ကြတဲ့ ခရီးသည်တွေကို အသက်မဲ့တဲ့ မျက်ဝန်းတွေနဲ့ ငေးမောကြည့်နေကြဆဲပါ။ အရုပ်တွေမှာ မျက်စိတွေစုံစုံလင်လင် ပါခဲ့ရင်တောင်မှ ခြေလက်တွေကျိုးနေတာ ပတ်ဝန်းကျင် သဘာဝရာသီဥတုဒဏ်ချက်တွေကြောင့် အရောင်တွေလွင့်နေပါပြီ။ ဘာပဲဖြစ်ဖြစ် ဒီအရုပ်တွေကို မြင်ရတာနဲ့ သဘာဝမကျမှုကို ခံစားရနိုင်ပြီး သစ်ပင်သစ်ကိုင်းတွေကနေ အထီးကျန်ဆန်ဆန်နဲ့ ဥပေက္ခာပြုခံရတာတွေကို ကြေကွဲရင်း ငေးစိုက်ကြည့်နေသလို ခံစားရမှာမလွဲပါ။ ဘယ်နေရာကိုသွားသွား တစ်ယောက်ယောက်က ကိုယ့်နောက်ကျောကနေ စိုက်ကြည့်နေသလိုခံစားရပြီး နောက်ကျောလည်းလုံနိုင်မှာတော့ မဟုတ်ပါ။

တောရိုင်းသစ်ပင်တွေ နွယ်ပင်တွေကလည်း ပလတ်စတစ်ရုပ်တွေရှိနေတဲ့ နေရာတွေကို ရစ်ပတ်ဝိုင်းဖွဲ့ပေါက်ရောက်နေကြပြီး တောပင့်ကူတွေကလည်း ဟောက်ပက်ဖြစ်နေတဲ့ အရုပ်တွေရဲ့ မျက်လုံးအိမ်တွေ၊ ပါးစပ်တွေထဲမှာ အိမ်တွေဖွဲ့နေကြပါတယ်။

အရုပ်တွေအားလုံးဟာ ဆိုးဆိုးဝါးဝါး ပျက်စီးနေကြပေမယ့် ညပိုင်းအချိန်တွေရောက်ရင် လှုပ်လှုပ်ရှားရှားရှိလာပြီး သူတို့ရဲ့စကားသံတွေဟာလည်း တိုက်ခတ်နေထဲလေညင်းနဲ့အတူပါလာတတ်တယ်လို့ ဆိုကြပါတယ်။ Anastasio ကတော့ အရုပ်တွေဟာ သူ့အလိုလို ခေါင်းတွေလည်၊ လက်တွေ ခြေထောက်တွေဟာလည်း သဘာဝမကျဘဲ ကွေးကောက်ပြီး လှုပ်ရှားနေကြတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီပုံပြင်ဇာတ်လမ်းတွေဟာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ဒီအရုပ်တွေရှိတဲ့ La Isla de las Muñecas ဒေသကတော့ ခရီးသည်တွေ၊ ရှုခင်းကောင်းမြတ်နိုးသူတွေရဲ့ လေးနာရီကြာလှည့်လည်ကြည့်ရှုနိုင်တဲ့ ခရီးစဉ်နေရာကောင်းတစ်ခုတော့ ဖြစ်ပါတယ်။ Julian သေဆုံးပြီးချိန်ကစလို့ ဒေသဟာ မက္ကဆီကိုနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်တဲ့ အထူးဆန်းဆုံးနေရာတွေထဲမှာ တစ်ခုအပါအ၀င် ဖြစ်လို့နေပါတော့တယ်။

http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1426826&xgs=1&xg_source=msg_share_post

Pizza လုပ်စားကြရအောင်

Pizza dough လုပ်ရန်
၁။ တစေး( dry yeast) စားပွဲတင်ဇွန်း တစ်ဇွန်း
၂။ သကြား စားပွဲတင်ဇွန်း တစ်ဇွန်း
၃။ ဆား စားပွဲတင်ဇွန်း တစ်ဝက်
၎။ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း (မရှိလျှင် အခြားဆီအစားထိုးသုံး၍ ရနိုင်ပါသည်)
၅။ ရေနွေးနွေး တစ်ခွက် (250ml)
၆။ ဂျုံမှုန့် ၂ ခွက် (ထမင်းပေါင်းအိုးတွင် ပါလာသည့် ဆန်ချိန်ခွက်နှင့် ချိန်တွယ်နိုင်ပါသည်၊ရေလဲ ထိုနည်းတူစွာ)


ပြုလုပ်ပုံ အဆင့်ဆင့်

လက်နှစ်ဖက်လုံးမရှိဘဲ လေယာဉ်မောင်းသူ

Jessica Cox
အမေရိကန်နိုင်ငံက Jessica Cox ဟာမွေးကတည်းက လက်နှစ်ဖက်လုံး မပါရှိခဲ့ပါဘူး။ ဒီလို မွေးရပါ ဒုက္ခတ တစ်ယောက်ဖြစ်သော်ညားလဲ စိတ်ပညာဖြင့် ဘွဲ့ရထားတဲ့သူမဟာ
စာရေးခြင်း၊ စာရိုက်ခြင်း၊ ကားမောင်းခြင်း၊ ခေါင်းလျှော်ခြင်း နှင့်
ဖုန်းပြောခြင်းတို့ကို သူမရဲ့ ခြေထောက်ဖြင့် အကုန်ပြုလုပ်နိုင်ပါတယ်။ Cox
ဟာ အကမယ်ဟောင်း တစ်ယောက်ဖြစ်သလို တိုက်ကွမ်ဒိုအားကစား မှာလဲ ခါးပတ်
အနက်ရရှိထားသူဖြစ်ပါတယ်။ သူကိုတော့ ယာဉ်မောင်းလိုင်စင်ပေးဖို့ အတွက်တော့
ကန့်သတ်ခြင်း ခံရပါတယ်။ သူဟာ လေယာဉ်ကိုမောင်းနိုင်သလို စာရိုက်တဲ့အခါမှာ
တစ်မိနစ်ကို ၂၅ လုံး အထိမြန်အောင်ရိုက်နိုင်သူ ဖြစ်ပါတယ်။
သူမောင်းတဲ့လေယာဉ်အမျိုးအစားကတော့ Ercoupe လို့ခေါ်ပြီး ခြေနင်မပါရှိတဲ့
လေယာဉ်မျိုးဖြစ်ပါတယ်။ လေယာဉ်ဝဲယာထိန်းပဲ့တက်ပြား ခြေနင်းမပါသော်လည်း
Jessica Cox ကတော့ ခြေထောက်နဲ့ လက်ကိုင်ကို ထိန်းပါတယ်။
အဲ့ဒီလေယာဉ်မောင်းလိုင်စင်ရဖို့ အတွက်တော့ ခြောက်လလောက် သူရဲ
ကိုယ်အလေးချိန်ကို လျှော့ခဲ့ရပြီး အဆင့်သုံးဆင့်ကို သင်ကြားပြီး ၈၉ နာရီ
လေ့ကျင့်ပျံသန်းပြီးတဲ့နောက်မှာတော့ လေယာဉ်မောင်းလိုင်စင် ရရှိသွားတဲ့
ပထမဆုံး လက်နှစ်ဖက် မရှိတဲ့ လေယာဉ်မောင်းသူ တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ဒီလို ကွန်ပြူတာ သုံးပါတယ်
ဒီလို လိုင်နာဆွဲပါတယ်
ဒီလိုခေါင်းဖီးတယ်
စာရေးတော့ လည်းဒီလိုပဲ
ဒီလိုမျိုးကားလည်းမောင်းတတ်တယ်
လေယာဉ်လည်းမောင်းတတ်တာပဲ

 http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A462174&xgs=1&xg_source=msg_share_post

အသဲပုံကြက်ဥကြော်နည်း

ကြက်ဥကြော်လေးကို အမြင်ဆန်းဆန်းနဲ့ စားချင်စဖွယ် အသဲပုံလေးလုပ်ပြီးကြော်နည်းပါ။
ဧည့်သည်လာလို့ကျွေးမွေးတဲ့အခါလဲ မျက်နှာပန်းလှတာပေါ့နော်။
ပထမဆုံးကြက်သွန်မိတ်နဲ့မုန်လာဥနီကို သေးသေးလေးတွေဖြစ်အောင်လှီးပေးပါ။