“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, September 19, 2012

ပိုးသတ်ဆေးမသုံး ကွန်ပျူတာဖြင့်သာ ခြင်နှိမ်နှင်းနည်း

 
တကယ်အသုံးဝင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ခြင်ဆေးခွေ နဲ့၊ ခြေဆေး ရည်ဘူး အနံ့များနဲ့ ခြင်ကို နှိမ်နှင်းတာ ထက်စာရင် အများကြီး အကျိုးရှိတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ပိုက်ဆံလည်း မကုန်၊ ကျန်းမာရေးလည်း ညီညွတ်စေ ပါတယ်။ ကွန်ပျူတာနဲ့ Sound box ရှိရင် လုပ်လို့ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။

တုန်ခါမှု -Vibration အသံနဲ့ ခြင်တွေကို အခန်းတွေကနေ နှင်ထုတ်နိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ပုဇင်းရင်ကွဲ တစ်ကောင်ရဲ့ အသံ တုန်ခါမှုပမာဏ ရှိတဲ့ Audio file ကိုဖွင့်ပေးလိုက်ရင် ခြင်များ သူ့အလိုအလျောက် ထွက်ပြေး မှာ ဖြစ်ပါတယ်။ ဒီတော့ အခန်းတစ်ခန်းလုံး ကြားရလောက်အောင် မြည်မယ့် စပီကာတော့ လိုအပ်ပါတယ်။ နည်းစနစ်ကျကျဆိုရင် အခန်းရဲ့ လေး ဘက်လေးတန်မှာ စပီကာ လေးလုံးချပြီး တစ်လုံးနဲ့တစ်လုံး ကြားနိုင်လောက် တဲ့ အနေအထားလို့ဆိုပါတယ်။ အမှန်တော့ စပီကာ တစ်လုံးတည်း ရှိလည်း တစ်ခန်းလုံး ကြားနိုင်လောက်တဲ့ အသံထိ မြင့်တင်ပေးရင် ရပါတယ်။ စပီကာ ပိုရှိလေကောင်းလေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အောက်ဖော်ပြပါ အဆင့်အတိုင်းသွားရန် လိုအပ်ပါတယ်။


၁။ အောက်ပါ လခ့်မှ tonegen ဆော့ဖ်ဝဲအား ဒေါင်းလုခ်ဆွဲပါ။

http://www.nch.com.au/tonegen/index.html

၂။ ပြီးတော tnsetup ကို click နှိပ်ပြီး Install လုပ်နိုင်ပါတယ်။ (software က file size လည်းမကြီးတဲ့အတွက် Install လုပ်တာ အင်မတန်မြန်ပါတယ်။)

၃။ Install လုပ်ချိန် ပေးထားတဲ့ ဆော့ဖ်ဝဲတွေထဲမှာ NCH Tone Generator ကိုတော့ အမှန်ခြစ်ပေးရပါမယ်။ အားလုံး အမှန်ခြစ်ပြီး ကူးလည်း ရပါတယ်။ ကျန်တာကတော့ အခြား နေရာမှာ အသုံးပြုရတဲ့ ဆော့ဖ်ဝဲများ ဖြစ်ပါတယ်။

၎။ NCH Tone Generator ကို Install လုပ်ပြီးပြီဆိုရင် သူ့ရဲ့  icon လေးကို Double click နှိပ်ဖွင့်နိုင်ပါတယ်။

၅။ Application မြင်နေရပေမယ့် ဘာမှမလုပ်ပဲ Enter တစ်ချက်ခေါက်ပါ။

၆။ Frequency ဘယ်လောက်ထားမလဲလို့ မေးတဲ့ Box လေးပေါ်လာပြီး 57.00HZ ဖြည့်ပေးရပါမယ်။

၇။ Play လုပ်နိုင်ပါပြီ။ Play လုပ်လိုက်ရင်တော့ Vibration 57Hz အဆင့်ရှိတဲ့ အသံထွက်လာမှာ ဖြစ်ပါတယ်။ ဒီတော့ တစ်ခန်းလုံးကြားရလောက်တဲ့ အသံအနေအထားကို ကိုယ်တိုင်ချိန်ဆ ယူနိုင်ပါတယ်။
ဒီတော့ အိမ် ပြတင်းပေါက်၊ တံခါးပေါက်များထားပြီး ယင်း Audio ကိုဖွင့်ပေးရမှာ ဖြစ်ပါတယ်။ မိနစ်အနည်းငယ်ဖွင့်ပြီး ခြင်မရှိလောက်တော့ဘူးဆိုရင် ပြန်ပိတ်နိုင်ပါပြီ။
ယင်း Application ကိုအခြား အော်ဒီယို စမ်းသပ်မှုတွေမှာလည်း လိုသလို အသုံးပြုနိုင်ပါသေးတယ်။ စာဖတ်သူတို့ အသုံးပြုလို့ အဆင်ပြေမယ်လို့ မျော် လင့်ပါတယ်။
အောင်ခမ်း (TSJ team)

အင်တာနက် 20 % လောက် ပိုမြန်စေချင်ရင်

1. Start Menu--->> Click Run ကိုရွေးပါ။
2. Type gpedit.ms c ရိုက်ပါ။
3. Enter ခေါက်ပါ။
4. ဘယ်ဘက်ခြမ်းက Computer Configura tion ကို Expand လုပ်ပါ။
5. Administr ative Templates ကို Expand လုပ်ပါ။
6. Network ကို Expand လုပ်ပါ။
7. Qos Packet Scheduler ကိုရွေးပါ။
8. ပြီးလျှင် ညာဘက်ခြမ်းက Limit Reservabl e Bandwidth ဆိုတဲ့စာကြောင်းပေါ်မှာ double Click နှိပ်ပါ။
9. Limit Reservabl e Bandwidth Propertie s box မှာ Enableoption ကိုရွေးပါ။
10. Bandwidth Limit [%] box မှာ 0% ပြောင်းပြီး okနှိပ်ထွက်ပါ။
11. Restart ချလိုက်ပါ။


http://www.mmitpalace.com/profiles/blog/show?id=6456788%3ABlogPost%3A267295&xgs=1&xg_source=msg_share_post

ဝါးဟားဟား (ဟာသများ)

ဒုက္ခပေးသူ
အနည်းငယ်တွေလာသော လူတစ်ယောက် လမ်းမပေါ်မှနေပြီး တစ်ရပ်ကွပ်လုံးကြားအောင် အော်ပြောနေသည် ။
" အရပ်ကတို.ရေ.. အရပ်ကတို....."
တိုက်ခန်းများတွင် မီးများလင်းလာသည် ။ ပြတင်းတံခါးများဖွင့်လာသည် ။ စိုးရိမ်ပူပန်သော မျက်နှာများ ပေါ်လာသည် ။
ထိုလူက ထပ်အော်သည် ။
" မျက်နှာလွဲထားကြပါ ။ ကျနော် ရူးရူးပေါက်မလို. ... "

ကျေးဇူးရှင်
ဖခင်ဖြစ်သူ မီးဖိုချောင်မှာ ထိုင်ပြီး အရက်သောက်နေသည် ။ သမီးဖြစ်သူ ၀င်လာပြီး ပြောသည် ။
" ဖေဖေ .. ပုလင်းလွတ်တွေ ယူသွားပြီးမယ်နော် ။ ဒါတွေ ရောင်းပြီး ဆန်ဝယ်ချင်လို. .."
" ယူသွား .. ယူသွား .. ဟင်း ..ငါသာမရှိရင် မင်းတို.ဘာနဲ့ ထမင်းစားကြမလဲ မသိပါဘူး ..."

ကြော်ငြာ ကိုယ်စားလှယ်
ကြော်ငြာကိုယ်စားလှယ်က ၄င်း ကံကောင်းရ်ျ အလုပ်မပြုတ်ပုံကို ဒီလိုပြောပြသည် ။
အခု ကျနော် ပြောပြမဲ့ အကြောင်းက အာရပ်နိုင်ငံ တစ်ခုမှာ ဖြစ်ခဲ့တာပါ ။ ကိုးလ်ဒရင့် ကြော်ငြာဆိုင်းဘုတ်တစ်ခုကို
အပိုင်းသုံးပိုင်းခွဲပြီး စိုက်ထူဖို. ကျနော် ဆုံးဖြတ်လိုက်တယ် ။ ပထမပိုင်းမှာ သဲကန္တရထဲ ရေငတ်ပြီး သေလုမြောပါးဖြစ်နေတဲ့
လူရဲ့ပုံကို ပန်းချီဆရာကဆွဲထားတယ် ..။ ဒုတိယပိုင်းမှာတော့ အဲဒီလူက ကျနော်တို. ကြော်ငြာတဲ့ ကိုးလ်ဒရင့်ကိုသောက်နေတဲ့ပုံ .. ။
တတိယပိုင်းမှာတော့ အဲဒီလူ ကျေနပ်စွာပြုံးနေတဲ့ပုံ ... ဒါမေဲ့ အရေးကြီးဆုံးကို ကျနော် မေ့သွားတယ်ဗျ ။
အာရပ်လူမျိုးတွေက စာကို နောက်ကနေ ရှေ့ ကိုဖတ်ကြတယ်ဆိုတဲ့ အချက်ပဲဗျို. ..။

တစ်ရက် ၅၀၀စား
တိရိစ္ဆာန်ရုံတစ်ခုမှာပေါ့........
ဝက်ဝံကသေသွားတော့ အစားထိုးဖို့မရှိဘူးဖြစ်နေတယ် ဒါနဲ့
နေ့စားတစ်ယောက်ငှားပြီးတော့ ၀က်ဝံသားရေခြုံ ခိုင်းပြီး
ဝက်ဝံအတုလုပ်ခိုင်းတာပေါ့.....
တစ်ရက်ငါးရာပေးပြီးတော့ အဲတစ်ရက်ကျတော့ ဧည့်သည်များတုန်းမှာ leader
က၀က်ဝံလေးရေ လူများတုန်း နောက်ကျွမ်းထိုးပြလိုက်ပါဆိုတော့
ဝက်ဝံကကျွမ်းထိုးတာလွန်ပြီး ကျားခြံထဲရောက်သွားရော
သူက၀က်ဝံဟန်ဆောင်ထားတဲ့လူဆိုတော့ ကြောက်တာပေါ့ တုန်နေတာပဲ...
ကျားကလဲလာနေပြီ ကျားကသူ့ကိုခြေထောက်ကနေစနမ်းကြည့်တယ်...
ဟန်ဆောင်ထားတဲ့သူကလဲ သူ့ကိုကျားကကိုက်တော့မယ်ထင်တာပေါ့ ကြောက်လွန်းလို့တုန်နေပြီ..
ကျားက သူ့နားရွက်နားကိုလာနမ်းတယ်
ပြီးတော့ သူ့ကိုတိုးတိုးလေးစကားပြောသွားတယ်....
" မကြောက်ပါနဲ့ကွာ ငါလဲမင်းလို တစ်ရက်ငါးရာစားပဲကွ.... "

အရူး
စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။
လူနာတစ်ယောက်သည် သစ်ပင် ပေါ်တွင်ရောင်နေသည်။ ဆရာဝန်တစ်ယောက်ကအောက်မှနေ
ပြီး ဆင်းလာဖို့ ပြောနေသည်။
လက်ထဲတွင်လည်း သင်္ကြန်ရေပြွတ်သေနတ်တစ်ခု ကိုကိုင်ထားသည်။
"ဟေ့ကောင်.......မင်းဆင်းမှာလား..မဆင်းဘူးလား..ငါ ပစ်လိုက်မှာနော်.."
"မဆင်းဘူး....ဆရာ ပစ်ချင်လဲပစ်လိုက်.."
"မင်းတကယ်မဆင်းဘူးလား.... ငါ ပစ်လိုက်မှာနော်.."
"မဆင်းဘူးဆရာ...မဆင်းဘူး"
ဆရာဝန်လဲ ကြံရာမရ ဖြစ်နေတယ်။အဲဒီ အချိန်မှာ နောက်လူနာတစ်ယောက်ရောက်လာပါတယ်။ ဆရာဝန်က
အဲဒီလူနာဆီ ကနေအကူအညီတောင်းပါတယ်။လူနာကသေနတ်ကိုယူလိုက်ပြီး
"ဟေ့ကောင်.... မင်းဆင်းလာခဲ့စမ်း..ငါ ပစ်လိုက်မှာနော်.."
"ဟုတ်...ဟုတ်..ဆင်းလာပါပြီ...မပစ်ပါနဲ့ ...ဆင်းပါပြီ.."
ပထမလူနာလဲ သစ်ပင်ပေါ်ကနေဆင်းလာပါတယ်။
ဆရာဝန်က......
"မင်းက ငါပြောတုံးကတော့ မဆင်းဘူး...ဘာလိုသူပြောမှဆင်းတာလဲ.."
"ဟာ..ဆရာကလူကောင်းဆရာရဲ
့..တကယ်မပစ်ဘူးဆိုတာကျွှန်တော်သိတယ်..အဲကောင်ကရူးနေတာ..တကယ်ပစ်မှာ.."
"ဟေ..."

သိပြီလား
စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။
လူနာများသည် နံပါတ် တစ်ခုကိုအော်ဟစ်နေကြ ရာဆေးရုံတစ်ခုလုံး ဆူညံနေသည်။
ဆရာဝန်တစ်ယောက်က လူနာများကိုမေးသည်။
"37............37............37"
"ဘာလို့  37 လို့ အော်နေရတာလဲ"
လူနာများကအပေါ်ကို လက်ညိုးထိုး ပြကြတယ်။ အဲဒါနဲ့ ဆရာဝန်လည်း အပေါ်ထပ်ကို
တက်သွားသည်။ အပေါ်ထပ်တွင်လည်း
"37............37............37"
"ဘာလိုအဲဒီလိုအော်နေကြတာလဲ"
လူနာများက အပေါ်ကို လက်ညိုးထိုးပြကြပြန်သည်။အဲဒါနဲ့ ဆရာဝန်လည်း အပေါ်ထပ်ကို
တက်သွားသည်။
အပေါ်ထပ်တွင်လည်း 37 ကိုအော်နေကြသည်။
"ငါကိုပြောကြစမ်းပါအုံး....ဘာလို့ 37 လို့ အော်နေတာလဲ.."
လူနာများကအောက်ကို လက်ညိုးထိုး ပြကြတယ်။ ဆရာဝန်လည်း အောက်ထပ်ကိုငုံ ကြည့် လိုက်တယ်။
အဲဒီမှာ နောက်နားက လူနာက ဆရာဝန်ကို လေးထပ်တိုက်ပေါ်ကနေ ကန်ချလိုက်တယ်။
ပြီးတော့လူနာတွေက ဆက်ရွတ်ကြတယ်။
"38.............38.............38"

မခံစားနိုင်လို့ ပါ
တနေ့ မှာ အဖွား ကြီး တယောက် သွား ကိုက် ဝေဒနာ ကို အပြင်း အထန် ခံ စား နေ ရ ရှာ သ တဲ့...
နောက် ဆုံး မ ခံ စား နိုင် တာ နဲ့ .. ဆရာဝန် နဲ့ သွားပြ သတဲ့...
ဒါပေမယ့် ခက် တာ က သူပြ တဲ့ ဆရာဝန် က သွား ဆရာဝန် မဟုတ် ပဲ... O.g ဖြစ် နေတယ်..
အဘွားကြီး ။ ။ ကျွန်မ မခံ မရပ် နိုင် အောင် ကိုက် ခဲ နေ တာ ပဲ ဆရာရယ်
ဆရာဝန် ။ ။ ဟုတ်ကဲ့အဖွား..ကျွန်တော်သေသေချာ ချာ စစ် ဆေး ပေး ပါ့မယ်...
ဆရာဝန် မှာ သေ သေ ချာ ချာ စစ် ဆေး ပြီး....
ဆရာဝန်။ ။ အဖွား ရ... ဘာမှ လည်း မဖြစ် ပါလား.....
အဘွားကြီး။ ။ မသိပါဘူး ဆရာရယ် သွားက တနေ့ထက်တနေ့ ပိုပို ပြီး ကိုက် လာ လို့ လာ ဆေးခန်းလာပြတာ ပဲ....
ဆရာဝန်။ ။ အမ် အဖွား က သွား ကိုက် နေ တာ လား... ဘာ လို့ ကျွန်တော့ ကို စောစော က မပြောလည်း.....
ထိုအခါ အဘွားကြီး ပြော လိုက်ပုံ က.........
အဘွားကြီး ။ ။ မသိဘူး လေ ဆရာရယ် ... ကျွန်မက .. သွား ရဲ့ အမြစ် ကို ရှာနေတာမှတ်လို့...

သူ့ကိုမုန်းလို့
လူတစ်ယောက်ဟာ သူမွေးထားတဲ့ခွေးကြီးကို ခေါ်ပြီး သူ့မိတ်ဆွေ တိရစ္ဆာန် ဆရာဝန်ဆီခေါ်သွားပါတယ်။ သူ့ခွေးကြီးက အဖိုးတန်ထဲကဖြစ်ပြီး ခွေးထဲမှာ တော်တော့်ကိုလှတဲ့ကောင်လို့ ပြောလို့ရတယ်။ ဟိုရောက်တော့
ဆရာဝန်က . . . ခင်ဗျားခွေး ဘာဖြစ်လို့လဲ ၊ နေမကောင်းလို့လား ဆိုတော့
ခွေးရှင်က . .ဟင့်အင်း .သူ့အမြီးကိုဖြတ်ပစ်ချင်လို့ပါ ၊ ကျေးဇူးပြုပြီးဗျာ အရင်းနားကနေ ဖြတ်ပေးစမ်းပါ.
ဆရာဝန်က ခွေးကိုတစ်လှည့် ခွေးပိုင်ရှင် မိတ်ဆွေကိုတစ်လှည့် တအံ့တသြနဲ့ ကြည့်မိတယ်။ ပြီးမှ…
ဆရာဝန်. . .ဘာလို့ဖြတ်ပြစ်ချင်ရတာလဲခင်ဗျာ၊ သူ့ခမျာ သနားစရာ။ ခင်ဗျားခွေး က ဒေါင်းတင်မောင်းတင်နဲ့ ခန့်ညားတဲ့ကောင်ကြီး၊ အမြီးဖြတ်ပစ်လိုက်ရင် ဘယ်လောက်ရုပ်ဆိုး သွားမလဲ မလုပ်ပါနဲ့ဗျာ ..
ခွေးရှင်က. . . မရဘူးဗျာ၊ ဒီကောင့်အမြီးကို ဖြတ်ကိုဖြတ်ရတော့မယ်၊ မဖြတ်လို့မဖြစ်ဘူး..
ဆရာဝန် . . . ဘာလို့ ဒီလောက်အသည်းအသန်ဖြတ်ချင်ရနေရတာလဲ..
အဲဒီမှာ ခွေးပိုင်ရှင်ပြောလိုက်တဲ့စကားကတော့
မနက်ကျရင် ကျွန်တော့ယောက္ခမကြီး အလည်ရောက်တော့မှာဗျ. ။ အဲဒီအခါကျရင် ကျွန်တော့ခွေးက အမြီးတနန့်နန့်နဲ့ ကြိုဆိုနေမှာကို မကြည့်ချင်လို့ဗျ။ ရှင်းပြီလား။

အစည်းအဝေး
အစည်းအဝေးမှ ပြန်လာသော လွတ်တော်အမတ်ကို မိန်းမက မေးသည် ။
" ရှင်ဟာ အစည်းအဝေးတွေပဲ နေ့ တိုင်းတက်နေပြီး....အစည်းအဝေးမှာ ဘာတွေပြောကြသလဲဆိုတာ
ကျမကို ပြန်မပြောပြဘူး "
" သြော်...မင်းကလဲကွာ အကြောင်းအရာမျိုးစုံ ဆွေးနွေးကြတာပေါ့...
ဥပမာ ယောကျာ်းတိုင်း မိန်းမ ၂ ယောက်ယူခွင့်ပြုဖို့ အကြောင်း ဒီနေ့  ဆွေးနွေးကြတယ် "
" ဘာ...မိန်းမ ၂ ယောက်..ဟုတ်လား...သေချင်းဆိုး...ရှင့်ကို ဘယ်သူက ခွင့်ပြုမှာလဲ.. ဟင်း..ဟင်း.."
" မင်းကလဲ..ဒေါသကြိးပဲ...ဒီအကြောင်းကို မနက်ဖန်မှ အပြီးသတ် ဆုံးဖြတ်မှာပါကွ.."
နောက်နေ့ တွင် ယောင်္ကျားကို မိန်းမကစိတ်မရှည်စွာဖြင့် တစ်နေ့ လုံးမျှော်သည်။ ပြန်ရောက်လာသောအခါ..မဆိုင်းမတွ မေးခွန်း ထုတ်လိုက်သည် ။
" ဘယ်လို ဆုံးဖြတ်လိုက်သလဲ..တော့ "
" ဆန့် ကျင်ဘက် ဆုံးဖြတ်ချက်ကို ချလိုက်တယ်.....မိန်းမတိုင်း ယောင်္ကျား ၂ ယောက် ယူခွင့်ပြုရမယ်..တဲ့ "
" ဟင်..ဟုတ်လား...ဟန်ကျတာပဲ...ဘေးအိမ်က လူပျိုကြီး ကိုယူရမယ် :D

ဆရာမ နဲ့ သူ့တပည့်များ
ဆရာမ မရှိတော့ ပွတ်လောရိုက်နေကြ၏။ မကြာခင်မှာတစ်ကျောင်းလုံးကကြောက်သော မျက်နှာထားတင်းတင်း ဆရာမ အတန်းထဲဝင်လာ၏။ မီးကိုရေနဲ့ ငြိမ်းလိုက်သလို ချက်ချင်း တိတ်ဆိတ်ငြိမ်ကျသွား၏။ "ဂွတ်မောနင်း တီချာ"
' ဘာလဲ၊ မင်းတို့က ဒါပဲတက်သလား၊ နေ့ခင်း ညနေခင်း တစ်နေ့လုံးအတွက်ပါသွားအောင် မပြောတက် ကြတော့ဘူးလား'
ထိုအခါ တပည့်လေးများက
"ဂွတ်မောနင်း၊ အားဖတားနွန်း၊ အီးဗီးနင်း "ဟု ညီညီညာညာ ရွတ်ပြလိုက်ကြ၏။
'မကောင်းဘူးရှည်တယ်၊ တစ်နေ့လုံးပါသွားအောင် အကောင်းဆုံး စဉ်းစားကြ'
ခဏကြာတော့ တပည့်လေးများက
"ဂွတ်ဟိုးလ်ဒေး တီချာ"
အေး၊ အဲဒါမှန်တယ်၊ ကဲ စာသင်မယ်၊ ငါက စကားတစ်လုံး၊ ဒါမှမဟုတ် ၀ါကျတစ်ကြောင်း ရွတ်ပြလိုက်မယ်၊ မင်းတို့က ဆန့်ကျင်ဘက် ၀ါကျကို ပြန်ပြောရမယ်၊ ကဲ စပြီ ၊ လိမ်မာသော...
တပည့်လေးများက မဆိုင်းမတွပင် မိုက်သော ဟု ညီညီညာညာ ပြောလိုက်ကြသည်။
ဆရာမက' မြင့်သော'
တပည့်လေးများက "နိမ့်သော"
'ကျဉ်းသော'
"ကျယ်သော"
'၀သော'
"ပိန်သော"
'ပေါ်ပျူလာဖြစ်သော'
"ပေါ်ပျူလာမဖြစ်သော"
'မဟုတ်ဘူး၊ မှားတယ်'
"ဟုတ်တယ်၊ မှန်တယ်"
'ဟာ၊ အမိုက်အမဲလေးတွေ"
"ဟာ၊ အလိမ်မာကြီးတွေ"
'အို၊ ဘုရားသခင်'
"အို၊ ကျေးကျွန်"
'ဟဲ့၊ ငါမေးနေတာ မဟုတ်ဘူး'
"ဟဲ့၊ ငါဖြေနေတာ မဟုတ်ဘူး"
'အမလေး၊ သေတော့မှာပဲ'
"အမလေး၊ ရှင်တော့မှာပဲ"
'ဟေ့ ရပ်တော့'
"ဟေ့ စတော့"
'တော်ပြီ၊ သင်တန်းပြီးပြီ'
"တော်သေးဘူး၊ သင်တန်းစပြီ"
'နင်တို့ဟာ နင်တို့ စစ မစစ ငါသွားပြီ'
တပည့်များ ဆန့်ကျင်ဘက်ဝါကျ စဉ်းစားမရခင်မှာ ဆရာမ အတန်းအပြင်ဘက် ရောက်သွားတော့၏။

http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1394919&xgs=1&xg_source=msg_share_post

အပျော်တန်း ဗီဒီယိုတည်းဖြတ်ချင်တဲ့ သူငယ်ချင်းများ အတွက် cyberlink powerdirector 10

ဒီနေရာကသွားဒေါင်းလိုက်ပါ...
 http://www.cyberlink.com/downloads/trials/powerdirector-ultra/download_en_US.html

Photoshop (PS) ဖြစ် ဆံပင်အရောင်ပြောင်းနည်း

ပထမ (ps) ကိုဖွင့်လိုက်နော်.....ပြီးလျင် မိမိ အရောင်ပြောင်းချင်တဲ့ သူရဲ့ ပုံကို (ps) ထည့်လိုက်ပေါ့.
နေမင်းကတော့ဒီအောက်က ပုံလေးကို လုပ်ကြည့်မယ်ပေါ့..

ပြီးရင် အောက်က ပုံ (၁) ကိုကြည့်ဗျာ....

မျှား အသေး ပြထားရာ layer ကို အသစ် ထုပ်လိုက်ပါ..။


ပြီးလျင် အောက်က ပုံ(၂) ကိုကြည့်ဗျ..။
brush tools (b) ကို နိတ်လိုက် >>> ပြီးရင် (ps) ရဲ့  အောက်ကအမဲ နဲအဖြူ နှစ်ကွက် က  (  set orground colour  ) ကို အဖြူရောင်ပြောင်းလိုက်ပါ..။




 ပြီးရင် မိမိအပုံရဲ့ ဆံပင်ရှိရာ နေရာလေးတွေကို လိုက်ချယ်လိုက်ပေါ့ဗျာ..။ ပုံ (၃) ကိုကြည့်ပါ..။



အဲလို ချယ်ပြီးသွားပြီးဆိုလျင်... ပုံ(၄) ကလို soft light ကို ရွှေးလိုက်ပါ..။



ပြီးလျင်... ပုံ (၅) ကလို colour box ခေါ်လိုက်ဗျ... ( ctrl + u ) ကို နိတ်

မိမိ နှစ်သက်သလို အရောင်လေးတွေလုပ်နိုင်ပါတယ်..။
ဒီအပုံက အရင်ဆံပင်ပုံက အမဲပါ

အောက်က အပုံ တွေက နေမင်းလုပ်ထားတာလေးတွေပါ...

အားလုံးအဆင်ပြေနိုင်ပါစေခင်ဗျ..။
နေမင်းသူ(သထုံသား)

http://onlinepyadaik.com/profiles/blog/show?id=4021190%3ABlogPost%3A580403&xgs=1&xg_source=msg_share_post

အုန်းဆီ နဲ့ Hair Coat ဘယ်ဟာသာသလဲ?


အုန်းဆီဟာ အမျိုးမျိုးသော ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်ပိုးမွှားများ၊ ယားနာများကို ပျောက်ကင်းစေနိုင်ပြီး ဝမ်းချုပ်ခြင်းမှလည်း ကင်းဝေးစေပါတယ်။ ကျောရိုးမကြီးကင်ဆာ၊အနောက်တိုင်းက အမျိုးသမီးတွေအဖြစ်များတဲ့ ရင်သားကင်ဆာနဲ့ တခြားသောကင်ဆာ အမျိုးအစားတို့ကိုလည်း ကာကွယ်ပေးပါတယ်။ အုန်းဆီဆိုတာ
မြန်မာလူမျိုးတိုင်း ရင်းနှီးကျွမ်းဝင်တဲ့ အဆီတစ်မျိုးဖြစ်ပါတယ်။  များသောအားဖြင့်အုန်းဆီကို ခေါင်းလိမ်းဆီအဖြစ်နဲ့သာ အသုံးများကြပါတယ်။ တချို့သော ပျိုမေများ
ကတော့ အုန်းဆီကိုကြိုက်နှစ်သက်ခြင်း မရှိကြပါဘူး။ ခေတ်ပေါ် Hair Coat စတဲ့ကေသာသုံး အလှကုန် နိုင်ငံခြားမိတ် ပစ္စည်းများကိုသာ စွဲလမ်းအားပေး တတ်ကြပါတယ်။ ဒီဆောင်းပါးလေးဟာ အုန်းဆီပရိုမိုးရှင်း မဟုတ်ကြောင်း အာမဘန္တေခံရင်းရွှေမျက်လွှာကို တစ်ချက်မျှ ဝင့်ပေးပါလို့ မေတ္တာရပ်ခံရင်း………။

 အုန်းဆီ အမျိုးအစား

အုန်းဆီကို ဘယ်လိုသုံးလဲဆိုတာနဲ့ပတ်သက်ပြီး ကမ္ဘာ့ဟောင်း (၁၉ ရာစုမတိုင်မီ) နဲ့ ကမ္ဘာသစ်ကို ခွဲခြားလိုက်မယ်ဆိုရင်ဘိုးတော်ဘုရား လက်ထက်တုန်းက အုန်းဆီကို မြန်မာတွေဟာ ကေသာအတွက် အဓိကထားအသုံးပြုခဲ့ကြပါတယ်။ကျန်းမာရေးအတွက် ထိပ်ကပ်နာပေါက်တာတို့မှာ အသုံးပြုကြပါတယ်။

တခြားနိုင်ငံတွေမှာတော့ အလှအပအတွက်သာမက ထိပ်ပြောင်ခြင်း၊ ပွန်းပဲ့ခြင်း၊ မီးလောင်ဒဏ်ရာ၊ ပန်းနာ၊ အအေးမိဖျားနာ၊ ချောင်းဆိုးခြင်း၊ နားကိုက်ခြင်း၊ ဖျားနာခြင်း စတဲ့နေရာတွေအတွက် အသုံးပြုကြပါတယ်။ ခေတ်သစ်မှာတော့ ယားနာ၊ရေယုန်၊ ဝက်သက်၊ ဒက်နဲ့ အရိုးပွရောဂါတွေမှာပါ အသုံးပြုနိုင်တဲ့အထိ ထွန်းကား တိုးတက် ခဲ့ပါတယ်။ ကျောက်ကပ်နဲ့အသည်းရောဂါတွေအတွက်လည်း ကာကွယ်ပေးပါတယ်။ အုန်းဆီမှာ Lauricacid ပေါတယ်။


ဒီအက်ဆစ်ကို မိခင်နို့မှာလည်း တွေ့ရှိနိုင်တယ်။ မွေးကင်းစကလေးငယ်ရဲ့ ကိုယ်တွင်း အင်္ဂါများကို သန်မာကြံ့ခိုင်စေတယ်။ ခန္ဓာကိုယ်က အလွယ်တကူ ချေဖျက်နိုင်တဲ့ ဖက်တီး အက်ဆစ် ပါဝင်တဲ့အတွက် အားအင်အဖြစ် အလွယ်တကူပြောင်းလဲနိုင်တယ်။ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့သတ္တိထူးရှိတယ်။ တစ်ခါတစ်လေမှာ တစ်ကိုယ်လုံးအေးစက်ပြီးချမ်းစိမ့်စိမ့် ဖြစ်နေလေ့ရှိပါတယ်။

အဲ့ဒီလိုအခါမျိုးမှာ မီးလှုံမယ့်အစား အုန်းဆီလေးကိုသာ စမ်းသုံးကြည့်ပါလို့ အကြံပြု ချင်ပါတယ်။ အုန်းဆီဟာ ကိုယ်တွင်းအပူချိန် (သွေးဖိအား) ကို ကောင်းမွန်စေပြီး အုန်းဆီထဲမှာပါရှိတဲ့ ဖက်တီး အက်ဆစ်တွေကို လောင်ကျွမ်းစေတဲ့အတွက်ကိုယ်တွင်း အင်္ဂါများကို တိုးတက်ကောင်းမွန်စေပါတယ်။


ခံတွင်း ကျန်းမာရေး

အုန်းဆီဟာခံတွင်းရှိ အနံ့အသက်ဆိုးများကို ဖယ်ရှားပေးပြီး သွားပျက်စီးခြင်း၊သွားဖုံးရောဂါများအတွက်လည်း ကာကွယ်ပေးပါတယ်။ သွားကိုအုန်းဆီနဲ့ ရောပြီး တိုက်ပေးပါကခံတွင်းအနံ့ ကောင်းမွန်ပြီးသွားတွေ ကျန်းမာသန်မာလာစေမှာဖြစ်ပါတယ်။


ဟင်းသီးဟင်းရွက် ဆီများထက် ပိုထူး

အုန်းဆီဟာ တခြားသော ဟင်းသီး ဟင်းရွက်ဆီများထက် ပိုပြီး ထူးခြားများပြားတဲ့ သတ္တိတွေ ရှိပါတယ်။ အမျိုးမျိုးသောဘတ်တီးရီးယားများ၊ ဗိုင်းရပ်စ်ပိုးမွှားများ၊ ယားနာများကို သေစေနိုင်ပြီး ဝမ်းချုပ်ခြင်းမှလည်း ကင်းဝေးစေပါတယ်။ကျောရိုးမကြီး ကင်ဆာ၊ အနောက်တိုင်းက အမျိုးသမီးတွေ အဖြစ်များတဲ့ ရင်သားကင်ဆာနဲ့ တခြားသော ကင်ဆာ အမျိုးအစားတို့ကိုလည်း ကာကွယ်ပေးပါတယ်။

 
ကေသာကို အကျိုးပြု

အုန်းဆီဟာ ကေသာတွင်းမှာ ရှိတဲ့ ပရိုတင်းဓာတ်တွေကို ပိတ်ဆို့ထားနိုင်တဲ့ အတွက် ကေသာတွင်း ပရိုတင်းဓာတ် ဆုံးရှုံးမှု မဖြစ်တော့ပါဘူး။ ပိုးသားလေးလိုရွှန်းစိုသန်စွမ်း တောက်ပြောင်စေပြီး ဒက်ပေါက်ခြင်းမှလည်း ကင်းဝေးစေပါတယ်။အရေပြားအုန်းဆီဟာ အသားရေကိုလည်း ရွှန်းစိုစေပြီး ဝက်ခြံကိုလည်း အမြန်ဆုံးကုသပေးနိုင် ပါတယ်။ အရေပြားထဲကို ဖောက်ဝင်နိုင်စွမ်းရှိပြီး အညစ်အကြေးတွေ
ကို ဖယ်ရှားသန့်စင်ပေးနိုင်ပါတယ်။ ဝက်ခြံအတွက် အုန်းဆီပါးပါးလေးကို မနက်တိုင်း လိမ်းပေးပါ။ ပထမမှာ ဝက်ခြံဟာ ပိုပြီးဆိုးရွားလာတဲ့ ပုံစံရှိလာနိုင်ပါတယ်။မကြောက်ပါနဲ့။ မကြာခင် လျော့ပါး ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ ဆက်တိုက်လေးသာ အသုံးပြု ပေးပါ။ အုန်းဆီကို
အရေပြားအတွက် ပုံမှန်အသုံးပြုပေးမယ်ဆိုရင် အရေးပြားအတွက်ပြဿနာတွေဟာ နောက်နောင်ဖြစ်ပေါ်လာမှာ မဟုတ်တော့ပါဘူး။ တောင်ပစိဖိတ်ကျွန်းက ကျွန်းသား၊ကျွန်းသူတွေဟာ အုန်းဆီကိုနေ့စဉ်ပုံမှန် အသုံးပြုကြပါတယ်။


နေရောင်ထဲအပြင်မသွားခင် အုန်းဆီလိမ်းပြီးမှ သွားလေ့ရှိကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အုန်းဆီဟာ အကောင်းဆုံးနေရောင်ကာခရင်မ် တစ်မျိုးပဲ ဖြစ်ပါတယ်။ အုန်းဆီကို နေလောင်ဒဏ် အသားရေများအတွက်လည်း အသုံးပြုနိုင်ပါသေးတယ်။ အမာရွတ်၊ မှဲ့ခြောက်များ၊ ကြွက်နို့များကိုလည်း အုန်းဆီဟာ ဖယ်ရှားနိုင်ပါတယ်။ အုန်းဆီကို အပူပေးပြီး နွေးတေးတေးအဆင့်မှာ လိမ်းပေးရမှာဖြစ်ပါတယ်။ ပူနွေးတဲ့အုန်းဆီ အနေအထားကို အရေပြားဟာကောင်းစွာ စုပ်ယူနိုင်မှာဖြစ်ပြီးအဲဒီ့လိမ်ထားတဲ့ နေရာကို ပတ်တီးနဲ့ ထပ်ပြီး စည်းပေးရမှာ ဖြစ်ပါတယ်။

ဆောင်းဦးရွက်ကြွေ ကွဲမျက်ခြေ
ဟေမာန်ဆောင်းရဲ့ တံခါးပေါက်ကို ရောက်လာတဲ့အခါ ပျိုတို့ရဲ့ခြေဖဝါးဟာ ဘယ်အမာခံမျက်နှာပြင်မှမနင်းရဘဲ ကွဲအက်ပြတ်ရွေ့လာပါတယ်။ အဲဒီ့လို အခါမျိုးမှာ အုန်းဆီနဲ့ ခြေဖနောင့်ကို လိမ်းပေးလိုက်ပါ။ ခြေဖဝါးကွဲတာ အပြင် ခြေထောက်မှာ ယားနာတွေ ပေါက်ရင်လည်း အုန်းဆီကို အသုံးပြုနိုင်ပါသေးတယ်။

ဝိတ်ကျစေ
အုန်းဆီဟာ ဝိတ်ကျစေမယ်ဆိုရင် ပျိုတို့ မျက်ခုံးလေးတော့ နည်းနည်း ပင့်ချင်မယ် ထင်တယ်။ ဒီလိုရှိပါတယ်။ အုန်းဆီဟာ ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန် ဖြောင့်ဖြူးသွက်လက်စေတာမို့ ကိုယ်တွင်းရှိ အဆီပိုများကို ဖယ်ရှားပေးသွားပြီး အားအင်ကြွက်သား အဖြစ်သို့ ဖန်တီးလိုက်ပါတယ်။ ဒီလိုနဲ့ ကိုယ်အလေးချိန်တိုးခြင်းမှ တစ်ခါတည်း ကာကွယ်ပေးပြီးသား ဖြစ်သွားပါတော့တယ်။

အဆုံးသတ်ပြောရရင် တစ်ချို့ ပျိုမေတွေ မျက်နှာလွဲခဲပစ်၊ မျက်စောင်းထိုးလုပ်ထားတဲ့ အုန်းဆီဟာ ဆားရောဂါ၊ အေအိုင်ဒီအက်စ် ရောဂါများကိုပါ ပျောက်ကင်းနိုင်တဲ့ သတ္တိရှိကြောင်း တချို့သုတေသန ပညာရှင်တွေက ပြောကြားထားပါတယ်။

 http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1725734&xgs=1&xg_source=msg_share_post

Ei Lay
ဖတ်မိ သမျှ ကျန်းမာရေး

ဗုဒ္ဓဘာသာအပေါ် ကမ္ဘာကျော်လူပုဂ္ဂိုလ်များ၏ အတွေးအမြင်နှင့် မှတ်ချက်များ

 
(၁) ဗုဒ္ဓဘာသာဟာ လူသားတိုင်း အတွက်ဖြစ်ပေမယ့်။
လူသားအားလုံးက ဗုဒ္ဓဘာသာမဖြစ်ခဲ့ကြဘူးတဲ့။
(အိုင်စတိုင်းလ် - Albert Einstein)

(၂) ဗုဒ္ဓသည် ဘာသာပြောင်းသူများကို အနိုင်ယူရန် တရားဟောခြင်းမဟုတ်ဘဲ၊ တပည့်သာဝကတို့ကို အသိညဏ်အလင်းရရှိစေရန် တရားဟောခြင်းဖြစ်သည်။ (စာရေးဆရာတစ်ဦး)

(၃) ဗုဒ္ဓနှင့် သာမန်လူသားတစ်ဦး၏ ကွဲပြားချက်မှာ လူကောင်းနှင့် အရူးကွဲပြားသကဲ့သို့ပင် ဖြစ်သည်။ (စာရေးဆရာတစ်ဦး)

(၄) အကယ်၍ ခေတ်သစ်သိပ္ပံပညာလိုအပ်ချက်များနှင့် ဖက်ပြိုင်သည့် ဘာသာရေးတစ်ခု ရှိခဲ့သည်ဆိုလျှင် လက်၎င်းသည် ဗုဒ္ဓဘာသာ ဖြစ်ပေလိမ့်မည်။  (အိုင်စတိုင်းလ် - Albert Einstein)

(၅) သတ်ပစ်လိုက်
ခန္ဓာကိုယ်ကို သတ်ပစ်ခြင်းသည် အကျိုးမရှိပါ၊ ခန္ဓာကိုယ်က အပြစ်ကျူးလွန်ခြင်းကိစ္စမှာ တာဝန်မရှိပါ၊ မသိမိုက်မဲစိတ်ကသာ အပြစ်ကို ကျုးလွန်၍ တာဝန်ရှိသူဖြစ်တယ်၊ မသိမိုက်မဲမှုလျင် လူသတ်သမားအစစ်ဖြစ်ပါတယ်။
ဒါ့ကြောင့် မသိမိုက်မဲမှုကိုသာ သတ်ပစ်ရမယ်၊ ကြိုးပေးရမယ်၊ ဘယ်လိုသတ်ဖြတ်ကြိုးပေးရမလဲ?
လူသတ်သမားကို သစ္စာ ပညာ ဗုဒ္ဓဒေသနာတရား ဟောကြားပြီး မိုက်မဲမှု မသိမှုကို ပယ်သတ်ပြစ်နိုင်တယ်။  (မဟတ္တမဂန္ဒီ - Ghandi)


(၆) အနာဂါတ်ဘာသာတရားက သဘာဝလောကဓာတ်တခွင်လုံးအတွက် အဖြေပေးစွမ်းနိုင်သော အယူဝါဒတစ်ရပ်သာဖြစ်ရလိမ့်မည်။ အနှီးဘာသာသည် ပုဂ္ဂလအဓိဌာန်အယူအဆဖြင့်  ဖန်တီးတီထွင်ထားသော ဖန်ဆင်ရှင်တရားနှင့် မသက်ဆိုင်စေသင့်။ တစ်ယူသန်အစွဲအလမ်းများနှင့်  ယင်တို့မှ ပေါက်ဖွားခဲ့သော အကိုးအကြောင်းဆက်ပညာကိုလည်း  ကျော်လွှားလွန်မြောက်  ရလိမ့်မည်။              ထိုဘာသာတရားသည် သာဘာဝလောကဓာတ်(ရုပ်တရား)နှင့်တကွ နာမ်တရာများကို လွှမ်းခြုံ၍ ဒိဌဓမ္မဖြင့် အဓိပ္ပါယ်ပြည့်ဝသော ပေါင်းစည်းညီညွတ်မှုကို ဖော်ဆောင်နိုင်စွမ်းရှိရပေလိမ့်မည်။ ဗုဒ္ဓဘာသာသည် ထိုအရည်အချင်းများနှင့် ပြည့်စုံသည်ကို တွေ့ရ၏။ မျက်မှောက်ခေတ် သိပ္ပံပညာ၏ လိုအပ်ချက်များကို  ဖြည့်ဆည်းပေးနိုင်စွမ်သောဘာသာတရားတစ်ခုရှိသည်ဆိုပါလျင် ထိုဘာသာတရားက ဗုဒ္ဓဘာသာဖြစ်လိမ့်မည်။  (အိုင်စတိုင်းလ် - Albert Einstein)

(၇) ကမ္ဘာပေါ်တွင် မည်သည့်ဘာသာသည် ကြီးကျယ်မြင့်မြတ်သော ဘာသာဖြစ်သည်ဆိုခြင်းကို မပြောလျှင်မဖြစ်ပြောပါဟု သင်ကကျွနုပ်အား တိုက်တွန်းခဲ့သော် ကျွနုပ်စိတ်ပါလက်ပါစာနာထောက်ထားသောအားဖြင့် "ဗုဒ္ဓဘာသာသည် ကြီးကျယ်မြင့်မြတ်သော ဘာသာဖြစ်သည်" ဟု မဆိုင်းမတွ အဖြေပေးရမည်ဖြစ်ပါသည်။ (ရာဘင်ဒြာနတ်တဂိုးလ် - Rabindranath Tagroe)

(၈) ဗုဒ္ဓ၏ကြီးမားသော အနှစ်နာခံမှု၊ စွန့်လွတ်မှုနှင့် ဘဝ၏သန့်ရှင်းစင်ကြယ်မှုတို့ဖြင် ဟိန္ဒူဝါဒအပေါ်တွင် မပျက်ပြယ်နိုင်သည့် အမှတ်တံဆိပ်တစ်ခုကို ထားရစ်ခဲ့ပြီး ဟိန္ဒူဝါဒသည် ထိုမြတ်သောဆရာအား အနန္တကျေးဇူးကြွေးများ ပေးဆပ်ရန် ရှိနေပေသည်။ (မဟတ္တမဂန္ဒီ - Ghandi)

(၉) အကယ်၍ ပြဿနာတစ်ခုခုဖြေရှင်းဖွယ်ရာရှိခဲ့လျှင် ဗုဒ္ဓဟောကြားခဲ့သည့် လမ်းစဉ်ဖြင့် ငြိမ်းချမ်းစွာ ဒီမိုကရေစီကျကျ စဉ်းစားဆင်ခြင်ရပေသည်။ (နေရူး - Nehru)

(၁၀) ဗုဒ္ဓ၏ အဆုံးအမများသည် ဟိန္ဒူဝါဒတွင် တစ်စိတ်တစ်ဒေသအားဖြင့် ပါဝင်အကျုံးဝင်နေသည်ဟု ကျွနုပ်ဆင်ခြင်ယူဆမိပါသည်။ အိန္ဒိယနိုင်ငံရှိ  ဟိန္ဒူဝါဒအပေါ် ဂေါတမဗုဒ္ဓ က မည်ကဲ့သို့ ကြီးမားစွာ ပြောင်းလဲစေခဲ့သည်ကို မည်သို့မျှ ပြန်လည်စူးစမ်းရှာဖွေရန် မဖြစ်နိုင်တော့ချေ။ (မဟတ္တမဂန္ဒီ - Ghandi)

(၁၁) သန့်ရှင်းသော နည်းနာနိဿယနှင့် မြင့်မြတ်သောသင်ကြားမှုများမှာ တစ်စုံတစ်ရာသော အယူဝါဒကြီး တစ်ခုကမျှ အလွမ်းသင့်အောင် မဆောင်ရွက်နိုင်သဖြင့် ဗုဒ္ဓဘာသာမှ ကူးယူကြရပေသည်။ (အိပ်ခ်ျဂျီဝဲလ် - H.G. Wells - ဗြိတိသျှသမိုင်းပညာရှင်)

(၁၂) ရှင်တော်ဗုဒ္ဓ --- အရှင်ဘုရားဟောကြားတဲ့ ဒေသနာမှာရှိတဲ့ တခြားအရာတွေထက် အကြောင်းအရာ တစ်ခုအတွက်နှင့်ပဲ တပည့်တော် အရှင်ဘုရားရဲ့ တရားဒေသနာတော်ကို လေးစားမြတ်နိုးလှပါသည်။ အဲဒီအကြောင်းအရာဟာ ဘာလဲဆိုရင် တရားဒေသနာမှာ ပါတဲ့ အရာဝတ္ထုအားလုံးဟာ ပြတ်သားနေခြင်းဖြစ်ပါတယ်။ သူ့အလိုလိုပင် ထင်ရှားနေခြင်း ဖြစ်ပါတယ်။ (ဟာမန်ဟက်စ် - ၁၈၈၇ - ၁၉၆၂ )

(၁၃) ပြစ်မူကျူးလွန်သူသည် ဘုရားသခင်ထံ တောင်းပန်အသနားခံရန် ဆုတောင်းဝတ်ပြုကြိုးစားမူတို့ဖြင့် အကုသိုလ်ဆိုးကျိုးမှ လွတ်မြောက်နိုင်သည်ဟု ဗုဒ္ဓဝါဒီတို့က မယုံကြည်ချေ။ (ဂျွန်ဝေါလ်တားစ် - John Walters)

(၁၄) စိတ်ချမ်းတာစေတာက
ကျွနုပ်တို့ တတွေသည် ရုပ်ဝတ္ထုကြွယ်ဝမူ ဝိုင်းဝိုင်းလည်နေသည့် ကြားတွင် စိတ်ဓာတ်ရေးရာအားဖြင့် ချွတ်ခြုံကျနေကြရပါသည်။ ရုပ်ဝတ္ထုကြွယ်ဝသော်လည်း စိတ်ချမ်းသာမူ ကင်းသော အခြေအနေတွင် စိတ်၏ချမ်းသာမူ အမှန်တကယ်ရရန်အတွက် ဗုဒ္ဓ၏ကျင့်စဉ်ကိုကျင့်ကြံအားထုတ်ကြည့်ဖို့သင့်လှပါသည်။ ဗုဒ္ဓကျင့်စဉ်သည် စိတ်ချမ်းသာမူကို အမှန်တကယ်ဖြစ်စေနိုင်သည်။ (ဂျွန်ဝေါလ်တားစ် - John Walters)

(၁၅)သက်ရှိသတ္တဝါများကို မညှင်းဆဲရန် နတ်ဘုရားများထံဝယ် ဆုတောင်းပတ္တနာပြုခြင်း၊ ဘုန်းတော်ဘွဲ့များရွတ်ဆိုခြင်း၊ ယစ်ပူဇော်ခြင်းများကို မပြုလုပ်ရန် ဗုဒ္ဓသည် လူ့သမိုင်းတွင် အဦးဆုံး အပြစ်ပြ၍ ဆုံးမပဲ့ပြင်ခဲ့သည်။ (Prof. Phys Davids)

(၁၆) ဗုဒ္ဓ၏တရားတော်သည် ကမ္ဘာပေါ်ဝယ် အနုမြူဗုံးများ၊ ဟိုက်ဒရိုဂျင်ဗုံးများ ရှိနေသည်ထက်ပို၍လိုအပ်သောအချိန်ဖြစ်သည်။ (နေရူး - Nehru)

(၁၇) ကမ္ဘာပေါ်ရှိ ဘာသာတရားတီထွင်သူ ခေါင်းဆောင်အများစုမှာ မဟာခရီးသည်များဖြစ်ကြသည်။ ဘာသာတရားခေါင်းဆောင် ဓမ္မနာယကများထဲတွင် အကျင့်သိက္ခာ၊ ပညာညဏ်၊စဉ်းစားညဏ်၊ စိတ်နေသဘောထားအရာတို့၌ အမြင့်မြတ်ဆုံးဖြစ်သည့်  ဗုဒ္ဓသည် ခရီးသည်ဘုရင် ဖြစ်သည်။ (ရာဟုလာသံ ကစ္စည်း)

(၁၈) လူမှုဒုက္ခ သုက္ခအရှုပ်အထွေးများအတွက် ဗုဒ္ဓ၏ ငြိမ်းချမ်းရေးတရားဒေသနာတော်သည် အတိတ်ကထက် ယနေ့တွင် ပို၍လိုအပ်ပေသည်။ (နေရူး - Nehru)

(၁၉)  ဗုဒ္ဓမြတ်စွာတွင် ဒေါသအလျှံ ထွက်သောအခါဟူ၍ မည်သည့်အခါမျှ မရှိချေ။ ဘုရားရှင်၏ နှုတ်တော်မှ အကြင်နာမဲ့သောစကားထွက်ပေါ်လာသည်ဟူ၍ မည်သည့်အခါမျှ မရှိပေ။ (Dr. S. Radhakrishnan)

(၂၀) ရှည်လျားလှသည့် သမိုင်းကြောင်းတစ်လျှောက်တွင်  ဗုဒ္ဓဘာသာဝင်များအနေဖြင့် အခြားဘာသာဝင်များကို ညှင်းပန်းနှိပ်စက်မှုဟူသော မှတ်တမ်းမှတ်ရာ တစ်စုံတစ်ရာမျှ မရှိပါပေ။ (ပါမောက္ခရီးစ်ဒေးဗစ် - Prof. Rhys Davids )

(၂၁) ဘာသာကို ကျုပ်လက်ခံယုံကြည်နိုင်ခြင်း မရှိပါ၊ သို့သော် ကမ္ဘာ့ဘာသာကြီးများအနက်တစ်စုံတစ်ခုသော ဘာသာကို လက်ခံရန် အကြောင်းများပေါ်ပေါက်လာခဲ့သော် မိမိလက်ခံနိုင်မည့် ဘာသာတရားမှာ " ဗုဒ္ဓဘာသာ" ဖြစ်ပါသည်။ (Bertrand Russell, English Philosopher)

(၂၂) ဗုဒ္ဓဝါဒသည် ယုံကြည်မှုထက် သိမှုနှင့် ရှုမြင်မှုကိုသာ အဓိကထားသည်။ ဗုဒ္ဓ၏ သွန်သင်ဆုံးမမှု (တရားတော်) များသည် "ဧဟိ ပဿိကော လာလှည့် ရှူလှည့်" ဟုဖိတ်ခေါ်ခြင်းကိုသာ ပြု၍လာပြီး ယုံကြည်လော့ ဟုမဆိုပေ။ (ဆရာတော် ဒေါက်တာဝါပိုလာရာဟုလာ  - Ven. Dr. W. Rahula)

(၂၃)  ဗုဒ္ဓသည် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဆိုင်ရာ ဘုရားသခင် (သို့) နတ်ဘုရားများ၏ ကူညီမှု မြူတစ်စိမျှမပါဘဲ လူတိုင်းကိုယ်တိုင်ရယူနိုင်သည့် လွတ်မြောက်ရေးကို ကမ္ဘာ့သမိုင်းတွင် အဦးဆုံး ထုတ်ဖော်ကြေငြာခဲ့သည်။ (Prof. Eliot)

(၂၄) နှလုံးသားမှာ ချမ်းသာစေတဲ့ တရားမရှိလျှင် စည်းစိမ်ဥစ္စာ မည်မျှပြည့်စုံစေကာမှု ချမ်းသာနိုင်မည်မဟုတ်ပေ။ (ဒလိုင်လားမား - Dalai Lama)

(၂၅) လွတ်လပ်မှု မပေးစွမ်းနိုင်တဲ့ အမိန့်ဟာ ညှင်းဆဲနှိပ်စက်မှု ဖြစ်သွားနိုင်တယ်။  အမိန့်မပါတဲ့ လွတ်လပ်မှုဟာလည်း ဖရိုဖရဲ ဖြစ်သွားနိုင်တာပဲ။ ဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လွတ်လပ်မှုကိုလည်း ပေးစွမ်းနိုင်ရမယ်။  ဖရိုဖရဲဖြစ်မှုကိုလည်း ကာကွယ်နိုင်စွမ်းရှိရမယ်။ (ဒလိုင်လားမား - Dalai Lama)

(၂၆) ဤအရာ လူသားသစ်ပင်မှာ နှစ်ပေါင်းကုဋေ့ကုဋေ့တစ်ကြိမ်သာပွင့်ခဲ့တာ ပညာရနံ့ မေတ္တာပျားရည်စက်များလောကကို ပြည့်ဝစေတာလူသားပန်းတစ်ပွင့်ပါ။ (ဆာအက်ဒွင်အာနိုး - Sir Edwin Arnold)

(၂၇) ဗုဒ္ဓဘာသာနှင့်
 ခေတ်သစ်သိပ္ပံပညာသည် အသိပညာဆိုင်ရာ အလွန်နီးကပ်ဆက်စပ်စွာ တည်ရှိနေကြောင်း ကျွန်ုပ်မကြာမကြာ ဆိုခဲ့ပြီး ထပ်ခါတလဲလဲ ပြောဆိုပါဦးမည်။ (ဆာအက်ဒွင်အာနိုး - Sir Edwin Arnold)

(၂၈) ဗုဒ္ဓဝါဒသည် လောကနှင့်ဘဝ ၏ တကယ်ပကတိ အဖြစ်မှန်ကိုသာ ဆင်ခြင်သုံးသပ်ရကား သဘာဝဓမ္မအတိုင်း ရှုမြင်သော ဝါဒဟု ဆိုရပေမည်။ (ဆရာတော် ဒေါက်တာဝါပိုလာရာဟုလာ - Ven. Dr. W. Rahula)

(၂၉) များသောအားဖြင့် ဘာသာရေးဆရာ များသည် ၎င်းတို့၏တပည့်များကို အခြားဘာသာများနှင့် စပ်ဆိုင်သည့် ကျမ်းစာများ၊ အယူဝါဒများ၊စာပေများကို ဖတ်ရှူလေ့လာခွင့် မပြုဘဲတားမြစ်ကြသည်။ ဗုဒ္ဓဝါဒတွင် ဤအဖြစ်မျိုး လွန်စွာနည်းပါးပေသည်။ (ဖရခန္တီပါလော)

(၃၀)  စွမ်းရည်သတ္တိ ဘယ်လောက်သိမ်ဖျင်းသူပင်ဖြစ်ပါစေ တရားတော်ရဲ့ တန်ခိုးကြောင့် သတ္တိဗျတ္တိ ပြည့်ဝလာစေပါတယ်။ အညံ့စားလူတစ်ဦးကို အတော်ဆုံးလူဖြစ်လာစေတာဟာ တရားတော်ရဲ့ ဂုဏ်ကျေးဇူးတော်ကြောင့်ပါပဲ။ (ဂိုအင်ဂါ - SN Goenka)
 .................................................................

-
BY-MR NINE
-[အရှင်သုခမိန္ဒ (စဝ်ဆုခမ်း) နှင့်  အရှင်ဝိဇယ ရေးသားပြုစုထားသော " ဗုဒ္ဓအနု ပညာပြခန်း " စာအုပ်မှ
ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။]

http://www.kzarboworld.com/profiles/blog/show?id=5098850%3ABlogPost%3A86510&xgs=1&xg_source=msg_share_post

ပါဏာတိပါတကံဟာ သဘာဝကိုဆန့်ကျင်နေတာလား အမေးအဖြေ

ကျန်းမာရေး ပုံမှန်ဖြစ်လာလို့ ရေးလက်စအဖြေများကို အဆုံးသတ်ပေးလိုက်ပါတယ်။

မေး။ ။ ဆရာတော် မင်္ဂလာပါ။ အလုပ်များမှန်းသိပေမယ့် ဖြေရှင်းပေးပါအုံးဘုရား။ ပါဏာတိပါတကံနဲ့ပက်သက်ပြီး ဘာသာခြား တစ်ယောက်ကပြောပါတယ်။ သူတပါးအသက်ကို မသတ်ဖို့ တားမြစ်ထားတာက သဘာဝမကျပါဘူးတဲ့။ သူတပါးအသက်ကိုမသတ်ပဲနေလျှင် ကမ္ဘာကြီးရော လူတွေပါ ရှင်သန်နိုင်မှာမဟုတ်ဘူးတဲ့။

ဥပမာ-ခြင်လို ပိုးမွားမျိုးကိုတောင် မသတ်ပဲ လွတ်ပေးလိုက်ရင် ခြင်တွေဟာ ပေါက်ပွားရှင်သန်မှုများမယ် လူတွေအသတ်ပါဆုံးရှုံးနိုင်တယ်။ ဒါကြောင့် ဗုဒ္ဓဘာသာတွေများပြီး အဲလို ဘယ်သတ္တဝါမှ မသတ်ပဲ ရောဂါဖြစ်နိုင်တဲ့ သတ္တဝါတွေ များလာမယ်ဆိုရင် လူတွေ သေကြေနိုင်တယ်လို့ပြောပါတယ်။ အဲဒီတော့ ဗုဒ္ဓဘာသာတွေဟာ သတ္တဝါတွေကို မသတ်ပဲရှောင်တယ်။ ဒါပေမယ့် လူအချင်းချင်းပြန်သတ်နေတာနဲ့တူတူပါပဲတဲ့။

နောက်တစ်ခုက သူတပါးအသက်ကိုမသတ်ပဲ အသီးအရွက်တွေပဲစားတဲ့ ဗုဒ္ဓဘာသာဝင်တွေများလာရင်လဲ သဘာဝကြီးပျက်စီးပြီး ကြာရှည်ရပ်တည်နိုင်မှာမဟုတ်ပါဘူးတဲ့ဘုရား။ အသီးအရွက်ပဲစားတဲ့သူတွေ များလာလေ သဘောဝက အသီးအပွင့်တွေလျော့နည်းပြီး အလျှင်မှီအောင် ပြန်စိုက်နိုင်မှာ မဟုတ်ပဲ လူတွေ သေကျေပြက်စီးရမယ်လို့ပြောပါတယ်။ ပြီးတော့ဗုဒ္ဓဘာသာတွေဟာ ဟိုဟာသတ်လဲငရဲကြီး ဒီဟာ သတ်လဲငရဲကြီးနဲ့ အမြဲတမ်းဒုက္ခရောက်နေရတော့မှာလားတဲ့ဘုရား။ အဖြေကိုစောင့်မျှော်နေပါ့မယ် အရှင်ဘုရား။

ချိုရီ

ဖြေ။ ။ ပိုးမွှားတွေသတ်မှ ရောဂါကင်းမယ်လို့ တစ်ထစ်ချ သတ်မှတ်လို့မရပါဘူး။ တောရွာတွေမှာနေတဲ့လူတွေ ဘယ်ပိုးမွှားမှ မသတ်ပါဘူး။ သူတို့တွေ အသက်ရှင်ကျန်းမာလျက်ရှိကြပါတယ်။

နောက်ပြီး လူသားအားလုံး သူတစ်ပါးအသက်ကို မသတ်ဘဲရှောင်ကြဉ်မယ်လို့ ပြောလို့ရလား။ ဗုဒ္ဓဘာသာဖြစ်တဲ့လူအားလုံးတောင် ပါဏာတိပါတကံကို မစောင့်ထိန်းသူတွေ အများကြီးရှိပါသေးတယ်။ ဒါပြင် ကမ္ဘာမှာရှိတဲ့ လူသားအားလုံး ဗုဒ္ဓဘာသာဝင်ဖြစ်မယ်ဆိုတာရော ပြောလို့ရ လား။ မြတ်ဗုဒ္ဓရှိတဲ့အချိန်က ရဟန္တာများစွာ တရားဟောကြားနေတဲ့ ခေတ်ကာလ မှာတောင် ဘာသာခြားတွေ၊ ဗုဒ္ဓတရားကို မယုံကြည်သူတွေ၊ မလိုက်နာသူတွေ အများကြီးရှိသေးတယ်။ ဒီဘက်ခေတ်မှာဆို ပိုတောင်ဆိုးပါဦးမယ်။ အဲဒါကြောင့် အပေါ်ကပြောတဲ့စကားတွေက တစ်ခုမှတစ်ထစ်ချ သတ်မှတ်လို့မရပါ။ မြတ်ဗုဒ္ဓက သတ္တ၀ါအားလုံး သတ်ဖြတ်ခြင်းမှာ မကင်းလွတ်နိုင်ဘူးဆိုတာကိုသိလို့ မသတ်ရလို့အမိန့်ချမှတ်ခဲ့တာ မဟုတ်ပါဘူး။ သူတစ်ပါးအသက်ကိုသတ်ရင် မင့်တို့လည်း ၀ဋ်လည်ခြင်း အကျိုးတွေ ခံရတယ်။ ဒါဟာ လောကသဘာဝတရားပဲလို့ သိမြင်တဲ့အတိုင်း မိန့်ကြားပေးခဲ့တာပါ။

တချို့က သူတော်ကောင်းတွေ တရားကျင့်ကြံကြရင် လူဦးရေ နည်းပါးသွားမယ်။ မျိုးဆက်ပြတ်သွားမယ်စသည်ဖြင့် ပြောဆိုတွေးထင်နေကြပါတယ်။ တကယ်တမ်းစဉ်းစားကြည့်ရင် လူဦးရေဟာ နည်းမလာဘဲ များများလာတယ်ဆိုတာ စားသောက်ကုန်များ မလောက်ငှတာကိုထောက်ဆကြည့်ပါက သိနိုင်ပါတယ်။ နောက်ပြီး သတ္တ၀ါတွေဟာ သံသရာမှာကျင်လည်နေရတာ အများကြီးရှိနေကြသေးပြီး သံသရာမှလွတ်တဲ့သူဟာ အနည်းငယ်သာ ရှိပါသေးတယ်။ ဒါကြောင့် မျိုးဆက်ပြတ်ခြင်း လူဦးရေနည်းခြင်းတို့ဖြစ်မယ်လို့ တွေးထင်နေသူများ စဉ်းစားကြည့်ပါက သိနိုင်ကြောင်း ပြောပါရစေ။

တချို့သူများက ဦးဇင်းကိုတောင် တရားလာချကြပါသေးတယ်။ အရှင်ဘုရား သာသနာ့ဘောင်မှာနေရင် အရှင်ဘုရားရဲ့ စောင့်လေမျိုးနွယ်ဆိုတဲ့ သားသမီးကျင့်ဝတ်ကို မလိုက်နာရာရောက်မှာပေါ့၊ မျိုးဆက်သစ်ကို ထိန်းသိမ်းပေးရာ မရောက်ဘဲနေမှာပေါ့ လို့ ပြောဆိုကြပါတယ်။ စောင့်လေမျိုးနွယ်ဆိုတဲ့ ကျင့်ဝတ်တရားဟာ လူဦးရေမျိုးဆက်ကို စောင့်ထိန်းခိုင်းတာ မဟုတ်ပါဘူး။ အဓိကအားဖြင့် မျိုးရိုးစဉ်လာစောင့်ထိန်းခဲ့တဲ့ ကိုယ်ကျင့်တရား၊ ဘာသာတရားအယူဝါဒတို့ရဲ့ မှားမှန်ကိုဆင်ခြင်ပြီးသကာလ မှားနေရင် မှန်အောင်ပြုပြင်ပေးရမယ်။ အမှန်ဖြစ်လာရင် အဲဒီအမှန်တရားကို စောင့်ထိန်းပေးရမယ်။ မိမိမျိုးရိုးစဉ်လာကို သူတစ်ပါးမကျုးကျော် မစော်ကားအောင် စောင့်ရှောက်ကာကွယ်ပေးရမယ်။ ကိုယ့်ကြောင့် ကိုယ့်မျိုးရိုးသိက္ခာမကျ၊ မျက်နှာမငယ်ရအောင် ပြုလုပ်ပေးခြင်းတို့ကို ဆိုလိုတာပါ။

သံသရာမှာ အမှားကိုအမှန်၊ အမှန်ကိုအမှားထင်ကာ ကျင်လည်နေရတဲ့ သတ္တ၀ါတွေ အများကြီးရှိသေးတယ်ဆိုတာ ကျန်တဲ့ဘုံဌာနတွေကိုမကြည့်ပါနဲ့။ တိရစ္ဆာန်တွေကိုကြည့်လိုက်ရင် သိပါတယ်။ အဲဒီလိုများပြားစွာကျန်နေသေးတဲ့ သတ္တ၀ါတွေကို သံသရာမှလွတ်အောင် မိမိကိုယ်တိုင်လည်းကြိုးစားရင် အများကိုလည်း လွတ်မြောက်အောင် နည်းလမ်းပေးခြင်း တို့ကို ပြုလုပ်ရပါမယ်။ အဲဒီလိုမဟုတ်ဘဲ သူလည်းကျင်လည် ကိုယ့်လည်းကျင့်လည်ဆိုရင်တော့ သံသရာထဲမှာ သတ္တ၀ါတွေမကုန်ဆုံးနိုင်တော့ဘဲ သူတော်ကောင်းတရားမရှိလို့ လူမိုက်တွေချည်းဖြစ်နေပါက သတ်ဖြတ်ခြင်းစတဲ့ လူမိုက်လုပ်ငန်းတွေနဲ့သာ ဘ၀တိုင်းကြုံတွေ့နေရမှာပါ။ ဒါကြောင့် သူတော်ကောင်းတရားထွန်းကားအောင် မိမိကိုယ်တိုင်လည်း ကျင့်သုံးရမှာဖြစ်ပြီး အများကိုလည်း ကျင့်သုံးနိုင်အောင် လမ်းညွှန်ပေးရပါမယ်။ ဒါမှသာ သံသရာထဲက သတ္တ၀ါတွေဟာ သူတော်ကောင်းနဲ့တွေ့ပြီး သူတော်ကောင်းများဖြစ်ကာ သံသရာဝဲသြဃထဲကနေ တဖြည်းဖြည်းချင်း လွတ်မြောက်ပြီးသကာလ ငြိမ်းချမ်းမှုကို ထာဝစဉ်ခံစားနေရမှာပါ။

လူသားတွေရဲ့ ခန္ဓာကိုယ်ဓာတ်သဘာဝကြီးက အသားစားမှဖြစ်မယ်၊ အသားစားမှ လိုအပ်တဲ့ခန္ဓာကိုယ် စွမ်းအားတွေရှိပြီး ကျန်းမာအသက်ရှည်မယ်ဆိုရင် အသားကိုစားနိုင်ပါတယ်။ ဒါပေမဲ့ မိမိစားမဲ့အသားဟာ သူ့ဘာသာသူ ဘယ်လိုပုံစံနဲ့ဖြစ်စေသေပြီးသား သတ္တ၀ါ ဖြစ်နေရပါမယ်။ မိမိကိုယ်တိုင်လည်း တိရစ္ဆာန်ကို မသတ်ရသလို သူတစ်ပါးကိုလည်း မသတ်ခိုင်းရ၊ မိမိစားမှာ ဆိုပြီးတော့လည်း သူတစ်ပါးက ပြုလုပ်မပေးရ၊ မိမိပယောဂ လုံးဝမပါရပါ။ အဲဒီလိုဆိုရင်တော့ မိမိစားတဲ့အသားရဲ့ သက်ရှိတိရစ္ဆာန်ဟာ မိမိနဲ့မည်သို့မည်မျှမှ ပတ်သတ်မှု မရှိတဲ့အတွက် အပြစ်မရှိပါပေ။ အဲဒီလိုမဟုတ်ဘဲ မိမိပယောဂတစ်ခုခုပါခဲ့ရင် ဖြစ်စေ၊ မိမိရှေ့မှာသတ်နေတာကို မြင်နေရတဲ့ အသားငါးကိုဖြစ်စေ၊ မိမိကြိုတင်မှာထားလို့ သူတစ်ပါးက သတ်ပေးလိုက်ရင်ဖြစ်စေ အဲဒီလို အသားငါးများကို စားမယ်ဆိုရင်တော့ မိမိမှာလည်း အပြစ်ရှိတာမို့ ကံကြမ္မာဆိုးနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။

တချို့သောလူတွေဟာ အသားငါးတော့ မစားကြပါဘူး။ ဒါပေမဲ့ စိတ်ဓာတ်ကျတော့ ညစ်ပစ်ယုတ်မာကြပါတယ်။ အဲဒီလို လူတွေနဲ့စာရင် စိတ်ဓာတ်ကောင်းပြီး အသားငါးစားတဲ့လူတွေကို လူကောင်းလို့ ခေါ်နိုင်ပါတယ်။ ဒါကြောင့် မိမိခန္ဓာကိုယ်ကြီးဟာ အသားငါးစားမှ ကျန်းမာ သက်ရှည်မှာမို့ဖြစ်စေ၊ သစ်သီးသစ်ရွက်နဲ့ အသက် ဆက်ဖို့မဖြစ်နိုင်ရင်ဖြစ်စေ စိတ်ဓာတ်ကောင်းဖို့သည် အဓိကအကျဆုံးဖြစ်တာမို့ မိမိပယောဂမပါတဲ့ အသားငါးဆို စားချင်ပါက စားနိုင်ကြပါတယ်။

အသားငါးစားတာနဲ့ပတ်သတ်ပြီး မြတ်ဗုဒ္ဓက

(၁) ကိုယ့်အတွက်ရည်မှန်းပြီး သတ်ဖြတ်တာကို ကိုယ်တိုင်မြင်တဲ့အသား

(၂) ကိုယ့်အတွက်သတ်ဖြတ်တယ်လို့ ကိုယ်တိုင်ကြားရတဲ့အသား

(၃) ကိုယ့်အတွက်သတ်ဖြတ်တယ်ဆိုတာ ကိုယ်တိုင်က ယုံမှားသံသယဖြစ်တဲ့အသား

အဲဒီလို အသားမျိုးတွေကို မစားကောင်းပါဘူး။ အဲဒီအစွန်းသုံးပါးလွတ်ကင်းတယ်ဆိုရင်တော့ စားဖို့ရန်အပ်စပ်တယ်ဆိုတာ မြတ်စွာဘုရားရှင်က မိန့်တော်မူပြီးသားပါ။ အစွန်းသုံးပါးကနေ မလွတ်တဲ့အသားကို စားတယ်ဆိုရင် စားတဲ့သူရဲ့အပြစ်သာဖြစ်ပြီး ဘာသာတရားရဲ့သတ်မှတ်ချက် မဟုတ်ဘူးဆိုတာ သဘောပေါက်စေချင်ပါတယ်။ ဥပမာ-ခရစ်ယာန်ဘာသာတစ်ခုမှာ လူကိုမသတ်ဖို့ တားမြစ်ထားတယ်ဆိုပါတော့။ အဲဒါကို အဲဒီဘာသာဝင်တစ်ဦးဦးက လူသတ်မှုကျူးလွန်တယ်ဆိုရင် ဘုရားသခင်ရဲ့အပြစ်မဟုတ်သလို ဘာသာဝင်အားလုံးရဲ့အပြစ်မဟုတ်ပါဘူး။ ကျူးလွန်တဲ့သူရဲ့ အပြစ်ပါပဲ။

ခရီးသွားရင်း ပိုင်းကောင်များကို နင်းမိရာ၌ (မော်တော်ကားဖြင့် တိုက်မိရာ၌) မိမိကြောင့်သေသော်လည်း သေစေလိုသော စေတနာမပါက ပါဏာတိပါတကံမထိုက်ပါ။ တချို့မှာ အဲဒီလိုမတော်တဆနင်းမိသွားရင် သနားကရုဏာတောင် ဖြစ်ကြပါသေးတယ်။ အသာငါးများကို စားတဲ့လူရှိလို့ သတ်တဲ့လူက ရှိရတာလို့ တချို့က ပြောကြပါတယ်။ ဒါဆို ဘယ်သူ့မှာ အပြစ်ရှိတယ်ဆိုတာ ရှင်းပြပါမယ်။

(က) ခွေးတစ်ကောင်ဟာ ကြက်ကို ကိုက်သတ်ပြီးချီလာတာကို လူကစားရင် အဲဒီလူမှာ ပါဏာတိပါတကံ ထိုက်မယ်ထင်လား မထိုက်ပါ။။

(ခ) အိမ်တစ်အိမ်တွင် အိမ်ရှင်မသော်လည်းကောင်း၊ အိမ်ထောင်ဦးစီးသော်လည်းကောင်း တစ်ယောက်ယောက်က ပါဏာတိပါတအမှုကိုပြုရင် စားကြတဲ့တစ်အိမ်သားလုံးက သတ်သူကို အားပေးတာလည်းမရှိ၊ တိုက်တွန်းတာလည်းမရှိ၊ သဘောတူညီမှုမရှိ၊ သူတို့ပယောဂမပါရင် သတ်သူတစ်ဦးသာ ပါဏာတိပါတကံထိုက်ပြီး ကျန်သူများမထိုက်ပါ။ ဒါကြောင့် အိမ်ထောင်သည်များ စားဝတ်နေရေးရှာဖွေပေးတဲ့အခါ အကုသိုလ်ကိစ္စများကို ရှောင်ကြဉ်ပေးရပါမယ်။ ဒါမို့ဆို မိမိတစ်ယောက်တည်းသာ အကုသိုလ်ဖြစ်ခံပြီး လုပ်ကျွေးရင် မိမိတစ်ယောက်တည်းသာ ခံရမည်ဆိုတာ မမေ့ပါနဲ့။ တချို့က မယားမျက်နှာ၊ ချစ်သူမျက်နှာရအောင်ဆိုပြီး မကောင်းမှုလုပ်ကာ မျက်နှာချိုသွေးချင်သူများ သတိထားကြပါလေ။

(ဂ) မြတ်ဗုဒ္ဓလက်ထက်က မုဆိုးကြီးတစ်ယောက်ဟာ သမာပတ်ဝင်စာေးနသော ဥပ္ပလ၀ဏ်ထေရ်မအား အသားတချို့လှူလိုသောကြောင့် အနီးအပါး၌ အလိုရှိသူ ယူရစ်ပါဟု ကြွေးကြော်ပြီး ပံ့သကူပစ်ထားခဲ့ပါတယ်။ အဲဒါကို ဥပ္ပလ၀ဏ်ဘိက္ခုနီမ သမာပတ်မှထတဲ့အခါ ပံ့သကူကောက်ယူပြီးသကာလ ကောင်းမွန်စွာစီစဉ်ကာ ဘုရားရှင်အား ကပ်လှူခဲ့ပါတယ်။ အဲဒီကပ်လှူတာကို ဘုရားရှင် ဘုဉ်းပေးတော်မူခဲ့ပါတယ်။ မိမိပယောဂမပါတဲ့အသားမို့ စားသောက်ခွင့်ရှိတယ်။ အပြစ်မရှိဘူးဆိုတာကို ထောက်ပြချင်တာပါ။

(ဃ) ကုက္ကုရမိတ္တအမည်ရှိတဲ့ မုဆိုးကြီးရဲ့ မယားဟာ အပျိုဘ၀ကပင် သောတာပန်ဖြစ်ခဲ့ပါတယ်။ လင်မုဆိုးကြီးက လေးယူခဲ့ပါ ရှင်မရေလို့ စေခိုင်းရင် လေးကို ယူပေးရ။ ဓား-လှံ ယူခဲ့ပါရှင်မရေလို့ဆိုရင် ယူပေးရပါတယ်။ ဒါဟာ မယားဝတ္တရားကိုပြုကျင့်ရာဖြစ်ပြီး သူမတွင် တိရစ္ဆာန်များအား သတ်စေလိုသော စေတနာမရှိခြင်းကြောင့် ပါဏာတိပါတကံ မဖြစ်ပါ။

(င) လက်၌ အနာမရှိလျှင် ထိုလက်ဖြင့် အဆိပ်ကိုကိုင်သော်လည်း ထိုလက်ကို မပူစေနိုင်။ ထို့အတူ မကောင်းမှုကို ပြုလိုသောစိတ်မရှိသူမှာ မကောင်းမှုအဆိပ် မလောင်နိုင်ပါလို့ မြတ်ဗုဒ္ဓကိုယ်တိုင် ဓမ္မပဒပါဠိတော်၊ ကုက္ကုရမိတ္တ၀တ္ထုမှာ ဟောကြားထားတာ ရှိပါတယ်။ ဒါကြောင့် ပါဏာပါတိကံအကြောင်းကို ဒီလောက်ဆို ရှင်းလိမ့်မယ်ထင်ပါတယ်။ ဒါနဲ့မရှင်းသေးရင်လည်း ဦးဇင်းအရင်ကဖြေဆိုထားတဲ့ ကြက်ဥစားခြင်းဟာ အပြစ်ရှိမရှိ အမေးအဖြေကို ထပ်ဖတ်ကြည့်ရင် ပိုမိုရှင်းသွားပါလိမ့်မယ်။

ပါဏာတိပါတကံထိုက်တဲ့ အင်္ဂါများကို လက်တမ်းမှတ်မိအောင် ထပ်မံရေးသားပေးလိုက်ပါတယ်။
(၁) သက်ရှိသတ္တ၀ါဖြစ်ခြင်း။
(၂) သက်ရှိသတ္တ၀ါဟု သိခြင်း။
(၃) သတ်လိုသော စိတ် (စေတနာ) ရှိခြင်း။
(၄) သတ်ဖို့ရန် ကိုယ်မှု၊ နှုတ်မှု၊ ပယောဂတခုခုကို ပြုသောအားဖြင့် သတ်ခြင်း။
(၅) သေခြင်း။
အထက်ပါအင်္ဂါ (၅)ပါးပြည့်စုံမှ ပါဏာတိပါတကံထိုက်ပါတယ်။

ဒီအင်္ဂါ(၅)ချက်လုံးနဲ့မညီရင်၊ ကိုယ်တိုင်ပြုခြင်း၊ ခိုင်းခြင်း၊ ကျေးဇူးပြောခြင်း၊ သဘောတူခြင်းတို့မရှိဘူးဆိုရင်လည်း ပါဏာတိပါတကံ မထိုက်ပါ။

လူတွင်ရောဂါဖြစ်စေသောပိုးများစွာရှိသည့်အနက် အများဆုံးရောဂါဖြစ်စေသောပိုးမှာ ဘက်တီးရီးယား (bacteria)နှင့် ဗိုက်ရပ်စ် (Virus) များဖြစ်ပါတယ်။

ဘက်တီးရီးယားပိုးများဟာ သူတို့ဘာသာ တစ်ကောင်မှနှစ်ကောင်၊ နှစ်ကောင်မှလေးကောင်း စသည်ဖြင့် မျိုးပွားနိုင်ကြပါတယ်။ အဲဒါကြောင့်မို့ ဘက်တီးရီးယားပိုးများကို သတ္တဗေဒဘာသာတွင် အသေးငယ်ဆုံးနှင့် ရှေးအကျဆုံး သက်ရှိသတ္တ၀ါအဖြစ် စာရင်းသွင်းထားကြတာပါ။ ဗိုက်ရပ်စ်များမှာ သူတို့ဘာသာ မျိုးမပွားနိုင်ဘဲ အခြားသောသတ္တ၀ါတို့ရဲ့ (host)လို့ခေါ်တဲ့ မျိုးပွားပစ္စည်းများကို အသုံးပြုပြီးမှသာ မျိုးပွါးနိုင်ကြပါတယ်။ ဒါကြောင့် ဗိုက်ရပ်စ်ပိုများကို ဆဲလ်အတွင်းရှိသည့် အချိန်၌သာ သက်ရှိသတ္တ၀ါလို့ သတ်မှတ်ရပါမယ်။ ဘက်တီရီးယားနှင့် ဗိုက်ရပ်စ်များဟာ ၎င်းတို့မျိုးပွါးနိုင်ရန် အစာသို့မဟုတ် ပစ္စည်းများရှိနေသမျှ ဆက်လက်မျိုးပွားနိုင်ကြပါတယ်။

ဗုဒ္ဓတရားတော်အရ ကာမဘုံမှ သတ္တ၀ါမှာ အသက်စိတ်ဝိညာဉ်ဟာ အဓိကဖြစ်ပါတယ်။ အသက်စိတ်ဝိညာဉ်ဟာ တစ်ကိုယ်မှနှစ်ကိုယ် ခွဲထွက်မသွားနိုင်ပါဘူး။ သတ္တ၀ါမှန်ရင် သူ့ဘ၀အားလျော်စွာ သက်တမ်းများရှိကြတဲ့အတွက် သတ္တဗေဒအရ သက်ရှိပိုးဟုခေါ်သော်လည်း ဗုဒ္ဓတရားတော်အရ ထိုပိုးမွှားများဟာ သတ္တ၀ါများမဟုတ်ဘဲ ရောဂါသည်မှာ အကုသိုလ်ကံရှိလို့ ဥတုကြောင့်ဖြစ်တဲ့ ကမ္မပစ္စယဥတုဇရုပ်များဖြစ်လာရတာကြောင့် ပိုးသတ်ဆေးပေးခြင်းသည် ပါဏာတိပါတကံ မထိုက်ပါပေ။

သံကောင်များမှာမူ ပဋိသန္ဓေနေခြင်း၊ သက်တမ်းရှိခြင်းတို့ကြောင့် သတ္တ၀ါစာရင်းထဲမှာ ထည့်ရပါမယ်။ ဒါပေမဲ့ သံကောင်များသေခြင်းကို အာရုံမပြုဘဲ လူနာရောဂါပျောက်ကင်းရေးကိုသာ အာရုံပြုပြီး ဆေးထိုးဆေးပေးပြုလုပ်ပါက ပါဏာတိပါတကံ မထိုက်ပါပေ။

ပါဏာတိပါတကံထိုက်ရာတွင်လည်း အပြစ်ကြီးသေးတို့ ခွဲခြားမှုရှိပါသေးတယ်။ သီလစသောဂုဏ်ရှိသူ၊ မိမိအပေါ်ကျေးဇူးရှိသူ၊ သတ်ဖြတ်ရာတွင် လုံလအားစိုက်ထုတ်မှု၊ သတ္တ၀ါ အကြီးအငယ်တို့ပေါ်တွင်မူတည်ပြီး အပြစ်ကြီးခြင်း အပြစ်သေးခြင်းတို့ ဖြစ်ပါတယ်။ သီလ၊ သမာဓိ၊ ပညာ၊ ကျေးဇူးစတဲ့ ဘာဂုဏ်ရည်မှမရှိတဲ့ သံကောင်များကို အာရုံထားပြီးသတ်မိလျှင်လည်း အပြစ်ငယ်လေးမျှသာ ဖြစ်ပါလိမ့်မယ်။

ဒီလောက်ဆိုရင်တော့ ဆင်ခြင်ပေးပြီးမေးထားတဲ့မေးခွန်းအဖြေ လုံလောက်ပြီ ထင်ပါတယ်။ ဦးဇင်းသည် ပညာရှင်မဟုတ်သေးတဲ့ အညတြလေးသာဖြစ်လို့ အဖြေထဲမှာ အမှားများစွာ ပါလျှင်ပါနိုင်ပါတယ်။ အဲဒါကြောင့် မြတ်ဗုဒ္ဓရဲ့ဝါဒအတိုင်း ၀ိဘဇ္ဇလေးနဲ့ဖတ်ပြီး အသိဉာဏ်လေးနဲ့ပိုင်ခြားကြပါလေ။ စာဖတ်ပရိသတ်အားလုံး အသိဉာဏ်ဗဟုသုတတိုးပွားပြီးသကာလ ငြိမ်းချမ်းမှုကိုခံစားနိုင်ပါစေလို့ ဆန္ဒပြုလျက်.....။

မှီးငြမ်းရေးသားသော စာအုပ်များ
၁။ ၀ိနည်းပါဠိတော် နိဿဂ္ဂိယပါစိတ်။
၂။ ဓမ္မပဒပါဠိတော်၊ ကုက္ကုရမိတ္တ၀တ္ထု။
၃။ မဟာစည်ဆရာတော်ဘုရားကြီး ဖြေကြားတော်မူသော ဘ၀ပြဿနာ။

အရှင်ကောမလ(ခ)ဆန်နီနေမင်း
sanninaymin@gmail.com
www.sanninaymin.com
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

http://www.kzarboworld.com/profiles/blog/show?id=5098850%3ABlogPost%3A87064&xgs=1&xg_source=msg_share_post

”ကိုယ့်ဘက်ပါအောင်စည်းရုံးနည်း (၁၁)နည်း”

(၁)  ငြင်းခုံခြင်းကိုရှောင်ရှားပါ၊
(၂) တဖက်သား၏အယူအဆကိုအလေးပြုပါ၊ လူတစ်ဦးတစ်ယောက်အား မှားသည်..ဘယ်အခါမှမပြောပါနှင့်။
(၃) အကယ်၍ သင်သည်မှားခဲ့လျှင် လျင်လျင်မြန်မြန်နှင့် လေးလေးနက်နက် ၀န်ခံပါ။
(၄) ချိုချိုသာသာနှင့်စပါ။
(၅) တဖက်သားအားအလျှင်အမြန် “အင်း” လိုက်အောင်ပြောပါ။
(၆) တဖက်သားကို သူပြောချင်တာဝအောင်ပြောပါစေ။
(၇) တဖက်သားအားပေးအပ်သောအကြံသည် သူ၏အကြံဟုသာအထင်ရောက်ပါစေ။
(၈) တဖက်သား၏အယူအဆလိုအင်ဆန္ဒတို့ နှင့်စပ်လျဉ်း၍ ကိုယ်ချင်းစာတတ်ပါစေ။
(၉) မြင့်မြတ်သောစိတ်ဓာတ်ကို ထိခိုက်အောင်လုပ်ပေးပါ။
(၁၀) သင်၏အကြံအစည်များကို တဖက်သားစိတ်အာရုံများကို ဆွဲနိုင်အောင်ပြုပေးပါ။
(၁၁) သူတို့ ၏ မခံချင်သောစိတ်ကိုဆွပေးပါ။ 
              အပြစ်တင်မစောပါနှင့်။
    တဖက်သား၏စိတ်ထဲတွင် ပြင်းပြသော ဆန္ဒတစ်ခု ဖြစ်ပေါ်လာအောင် ရှေ့ဦးစွာဆွပေးပါ ....

http://alinkabar.ning.com/profiles/blog/show?id=6320079%3ABlogPost%3A1029869&xgs=1&xg_source=msg_share_post

“ မြတ်စွာဘုရား၏ကိုယ်စား ရုပ်ပွားတော် ကိုးကွယ်သူများ သိသင့်သိထိုက်သော အချက်အလက် ”

(၁)
မြတ်စွာဘုရား၏ ကိုယ်စားတော် ဆင်းတု ရုပ်ပွားတော်များသည် ၊
မည်သည့်ကာလအချိန်မှ စတင်ပေါ်ပေါက်လာသည် ။

(၂)
ဆင်းတု ရုပ်ပွားတော်များအဖြစ် ထုလုပ် သွန်းလောင်းအပ်သော အရာများသည်
မည်သည့်အရာများ ဖြစ်သည် ။

(၃)
ဆင်းတု ရုပ်ပွားတော်များကို မည်ကဲ့သို့သော ပုံသဏ္ဌာန်မျိုးကို ထုလုပ်အပ်သည် ။

(၄)
ထုလုပ်ရာတွင် မည့်သည့်အချက်များကို သတိပြု ဂရုထားအပ်သည်တို့ ဖြစ်ကြ၏





(၁)
မြတ်စွာဘုရား၏ ဆင်းတုရုပ်ပွားတော်များ စတင်ပေါ်ပေါက်လာပုံမှာ ဤသို့ဖြစ်၏ တနေ့သ၌ ပေဿနဒီ ကောသလ
မင်းကြီးသည် မြတ်စွာဘုရားအား ဖူးမြော်ကန်တော့ရန် ဇေတ၀န် ကျောင်းတော်သို့ သွားရောက်ခဲ့လေရာ မြတ်စွာ
ဘုရားသခင်သည် ၀ါပအခါတွင် ဒေသစာရီကြွချီတော် မူမြဲအတိုင်း ကြွချီတော်မူ၏ ။ ဇေတ၀န်ကျောင်းတော်၌ မြတ်စွာ
ဘုရားသခင် ရှိတော်ခိုက်မဟုတ်သဖြင့် မဖူးမတွေ့ရသည်နှင့် မင်းကြီးသည် စိတ်တော်ညိုးနွမ်းကာ ကျောင်းတော်ကို
ဆီ မီး ပန်း နံ့သာတို့ဖြင့် ပူဇော်ပြီး နန်းတော်သို့ပြန်လည်ကြွခဲ့ရလေသည်။



မြတ်စွာဘုရားလည်း ဒေသစာရီကြွချီရာမှ ဇေတ၀န် ကျောင်းတော်သို့ ပြန်ရောက်တော်မူခဲ့ရာ ဗုဒ္ဓပြန်လည်ရောက်ရှိ
တော်မူပြီဟု မင်းကြီးကြားသိလျှင် မှူး မတ်ဗိုလ်ပါခြံရံလျက် မြတ်စွာဘုရားထံ သွားရောက်ပြီး “ ဘုန်းတော်ခြောက်ပါး
နှင့်ပြည့်စုံတော်မူသော ရှင်တော်မြတ်ဘုရား အရှင်ဘုရားသည် ကျောင်းတော်၌ သီတင်းသုံးရှိနေပါသော် တပည့်တော်
တို့သည် တရားတော်ကိုလည်း နာယူရပါ၏ သီလတော်ကိုလည်း ဆောက်တည်ကြရပါ၏ ။ ကျောင်းတော်၌ အရှင်
ဘုရားမရှိခဲ့သော် တပည့်တော်တို့သည် အလှူလည်းမပြုရ တရားတော်လည်း မနာကြားရ ၊ သီတင်းသီလလည်း
မဆောက်တည်ရ ဖြစ်ခဲ့ရပါ၏ ။ အရှင်ဘုရားကိုယ်စား ရုပ်ပွားတော်ကို ထုလုပ်ပူဇော်လိုပါသည် ခွင့်ပြုတော်မူပါလော့”
ဟု လျှောက်ထားတောင်းပန်လေသည် ။ ထိုအခါ ဗုဒ္ဓမြတ်စွာလည်း သာဓုသုံးကြိမ် သုံးခါခေါ်ဆိုပြီးနောက် မင်းကြီး၏
လျှောက်ထားတောင်းပန်ချက်ကို ခွင့်ပြုတော်မူခဲ့ပေ၏ ထိုအချိန်မှစ၍ ဆင်းတု ရုပ်ပွားတော်များ စတင်ပေါ်ပေါက်
လာခဲ့ပေတော့သည် ။




(၂)
မြတ်စွာဘုရားသခင်သည် ကောသလမင်းအား မိမိ၏ကိုယ်စားတော် ရုပ်ပွားဆင်းတု တော်များ ထုလုပ်သွန်းလောင်း
လုပ်ရန် အရာဝတ္ထုများကိုပါထုတ်ဖေါ်မြွက်ကြားတော်မူခဲ့ပေ၏ ။ “ မင်းကြီး သဒ္ဓါ ပညာ ၀ီရိယနှင့်ပြည့်စုံသော မင်း
ပုဏ္ဏား သူဋ္ဌေးသူကြွယ် ဆင်းရဲသားတို့သည် မိမိတို့၏ တတ်စွမ်းနိုင်သည့်အားလျော်စွာ ရွှေဖြင့်လည်းကောင်း ၊ ငွေ
ဖြင့်လည်းကောင်း ၊ ပတ္တမြားဖြင့်လည်းကောင်း ၊ ကြေးဖြင့်လည်းကောင်း ၊ သံဖြင့်လည်းကောင်း ၊ ခဲဖြင့်လည်းကောင်း၊
ကြေးနီဖြင့်လည်းကောင်း ၊ သစ်ဖြင့် လည်းကောင်း ၊ အုတ်ဖြင့်လည်းကောင်း ၊ ကျောက်ဖြင့်လည်းကောင်း ၊ အဆင်းရှိ
သောဆေးဖြင့်လည်း ကောင်း ၊ ကျောက်မျက်ရွဲတို့ဖြင့်လည်းကောင်း သွန်းလောာင်းအပ် ထုလုပ်အပ်၊ ရေးသော်လည်း
ရေးအပ် ပေ၏ ”ဟု မိန့်ကြားတော်ခဲ့၏





(၃)
ထုလုပ်အပ် သွန်းလောင်းအပ်သည့် ရုပ်ပွားတော် ပုံသဏ္ဌာန်များ ဗုဒ္ဓကိုယ်စား ရုပ်ပွားတော်များ ထုလုပ်ရန် မြတ်စွာ
ဘုရားသည် ကောသလမင်းအား မိန့်ကြားရာတွင် “ ငါဘုရားသည် ဗောဓိပင်နှင့်ပုလ္လင်တော်၌ မာရ်စစ်သည်တို့ကို
အောင်မြင်တော်မူဟန်ကိုလည်းကောင်း ပဉ္စ၀ဂ္ဂီ(၅)ဦးတို့အား ဓမ္မစကြာဟောတော်မူဟန်ကိုလည်းကောင်း ၊ကပ္ပိန္န
မင်းကြီးကို ရုပ်တုဖန်ဆင်း၍ ပြတော်မူဟန်ကိုလည်းကောင်း ၊ ရတနာစင်္ကြံ၌ စင်္ကြသွားတော်မူဟန်ကိုလည်းကောင်း၊
အနိမ္မိဿကုန်း၌ မမှိတ်သော မျက်စိဖြင့် ကြည့်တော်မူဟန်ကိုလည်းကောင်း ၊အာဋ္ဌာရနှင့် ဥဒကရသေ့ကြီးတို့ ရှုံးခြင်း
ကြီး ရှု လေစွတကားဟုရင်လက်ခတ်တီး၍ အံ့သြတော်မူဟန်ကိုလည်းကောင်း၊ အရှင်အာနန္ဒာအား လက်သားတော်
ဖြင့် မြေမှုန့်ပြတော်မူဟန်ကိုလည်းကောင်း ၊ လျောင်းစက်ကျိန်းတော်မူဟန်ကိုလည်းကောင်း၊ ပရိနိဗ္ဗာန် ပြုတော်မူ
ဟန်ကိုလည်းကောင်း ၊ ထုလုပ်ရာ သွန်းလောင်းရာ ရေးစွဲရာ၏ ”ဟု မိန့်မြွက်တော်မူခဲ့လေသည် ။





(၄)
ဆင်းတုရုပ်ပွားတော်များ ထုလုပ်ရာတွင် သတိပြု ဂရုထားရမည့် အချက်များ ဆင်းတု ရုပ်ပွားတော်များ ထုလုပ်
သွန်းလောင်းလုပ်ရာ၌ ပါသာဒိကဂုဏ်တော်နှင့်ပြည့်စုံအောင် ကြည်ညို ဖွယ် အသရေတော်ဆောင်နေသည့် ပုံတော်
မျိုးကို ထုလုပ် သွန်းလောင်း ရေးစွဲရမည်ဖြစ်၏ ။ တတ်နိုင်သမျှ လက္ခဏာတော်ကြီး လက္ခဏာတော်ငယ်တို့နှင့် ပြည့်
စုံသည့်အသွင်ကို ဆောင်အောင် ထုလုပ် သွန်းလောင်း ရေးစွဲရမည် ။ လှပစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ခြယ်သ
ထားသော အမျိုးသ္မီးများတို့၏ မျက်နှာသွင်ပြင်မျိုးကဲ့သို့ မထုလုပ် မသွန်းလောင်း မရေးခြယ်အပ်ပေ ။ ကြည်ညိုဖွယ်
ကင်းမဲ့သော လက်တဖက်ကို ဆန့်တန်းထားခြင်း ၊ လည်ကုပ်တိုနှင့်ဝမ်းဗိုက်ပူ(အချို့ဒက္ခိဏသာခါဘုးရား) ထုလုပ်
သွန်းလောင်း ရေးစွဲထားခြင်း၊ မျက်နှာပေါက်ဆိုးစွာ ကြည်ညိုဖွယ်တင့်တယ်မှု သပ္ပာယ်မှုကင်းမဲ့ သော ပုံသဏ္ဌာန်မျိုး
များကို ထုလုပ် သွန်းလောင်း ရေးခြယ်ခြင်းမှ ရှောက်ကြဉ်ရပေမည် ။






“ မြတ်စွာဘုရား၏ ဆင်းတုရုပ်ပွားတော်များ ပူဇော်ရသည့်အကျိုး ”

မြတ်စွာဘုရား၏ ရုပ်ပွားဆင်းတုတော်ကို ပူဇော်ရှိခိုးကြသည့် သူများမှာ-- “သက်တော်ထင်ရှား မြတ်စွာဘုရားပါ
တကား ” ဟု ဂုဏ်တော်ကိုးပါးကို စိတ်ရောက်ပြီးကြသူများ ဖြစ်ကြပါသည် ၊ ဖြစ်လည်းဖြစ်ရပါမည် ။ ဤကဲ့သို့
ပူဇော်ကိုးကွယ်ကြမည်ဆိုလျှင် “သမေ စိတ္တေ သမံဖလံ ”ဆိုသည့် ဘုရားဟောပါဠိတော်အရ အကျိုးထူးများ ရရှိ
နိုင်ပါသည် ။ ဘုရားအစစ်ကို ပူဇော်ရသကဲ့သို့ အကျိုးတရား အတူတူပင်ရရှိနိုင်ပါသည်”



ထို့ကြောင့် ရုပ်ပွားဆင်းတု ကိုးကွယ်ကြသူများ၏ စိတ်သည် အချုပ်ဖြစ်သည် ၊ အဓိကလည်းဖြစ်၏။ မိမိစိတ်သည်
စွမ်းလျှင် မိမိအား အကျိုးပေးစွမ်းမည်သာ ဖြစ်ပေသည် ။ မိမိတို့၏ နေအိမ်များအသီးသီး တွင် ရုပ်ပွားဆင်းတု
ကိုးကွယ်ထားပြီးသည်နှင့် လိုက်နာရမည့်စည်းကမ်းများ ရှိပါသည် ။ ဘုရားစင်ကို သီးခြားစင်မြင့်နှင့် ၊ ကိုးကွယ်ထား
ရမည်။ (ဘုရားစင်ကို သီးခြားဘုရားခန်းနှင့်စင်မြင့် ၊ ကိုးကွယ်ထားနိုင် မည်ဆိုလျှင် အထူးဆိုဘွယ်ရာမရှိပေ) မိမိ
အာရုံပြု ပူဇော်လိုသည့်အချိန်တွင် ဘုရားခန်းထဲဝင်၍ ပူဇော် ကိုးကွယ်ရပါသည် ။ ဘုရားစင်ရှေ့ ဒူးထောက် ပေါ်ကား
မနေရပေ ၊မြတ်ဗုဒ္ဓကို အဂါရ၀ ဖြစ်အောင် ပြုလုပ်နေထိုင်ကြလျှင် အပြစ်ဖြစ်ပါသည် ။ အပြောအဆို ယဉ်ကျေးသိမ်
မွေ့ရပါမည် ။ ဘုရားစင်ရှေ့ထား ပြီး ဆဲဆိုခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲသောက်စားခြင်း၊ ရန်ဖြစ်ခြင်းများ မပြုလုပ်ရပါ ၊
အထူးသဖြင့် ဗုဒ္ဓဘာသာဝင် တဦးခံယူပြီး ဗုဒ္ဓဘာသာအသင်းအပင်းနဲ့ ငါမပတ်သက်ချင်ပါ စသော အမင်္ဂလာစကားများ
မပြောဆိုမိခြင်းသည် သိပ်အရေးကြီးလှပါသည် ။ မိမိတို့အိမ်တွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကို ဘုရားစင်နှင့် ကိုး
ကွယ်ထားခြင်းအားဖြင့် ဖေါ်ပြလတ္တံ့ပါ အကျိုးကျေးဇူး(၉)မျိုးကို ရရှိပါသည် ။




(၁)
ဘုရားစင်ရှိသည့်အတွက် ဘုရားကိုမြင်နေရခြင်း ၊ ဘုရားဝေယျာဝစ္စပြုနေရခြင်း ၊
ဘုရားကို ကိုင်းညွတ် သည့်စိတ်ဖြင့် မမေ့ခြင်းနှင့် ဘုရားတရားနှင့်ကင်းကွာ မနေခြင်းပင်ဖြစ်သည် ။



(၂)
မြတ်စွာဘုရားကို ဖူးတွေ့ရခြင်းဖြင့် ဗုဒ္ဓဘာသာအပေါ် ပို၍ ယုံကြည်မှု လေးနက်လာသည်။



(၃)
အိမ်တွင် ဘုရားစင်ရှိလျှင် စနစ်တကျ ဆည်းကပ်ကိုးကွယ်မှု ပြုခြင်းဖြင့် သတိမြဲခြင်းနှင့်
ပညာဥာဏ် ထက်မြက်ခြင်းများ ရှိလာသည် ။



(၄)
ကုသိုလ်တရားများ တိုးပွားလာသည် ။



(၅)
စိတ်ညစ်ညူးမှုရှိလာလျှင် ဘုရားစင် ဘုရားရှေ့တော်သို့ သွားပြီး ဘုရားပန်းလဲခြင်း ၊
မြတ်စွာဘုရားကို အသေအချာကြည့် အာရုံပြုလိုက်ခြင်းဖြင့် စိတ်ညစ်ညူးမှုများ ပပျောက်လာသည် ။
အမှားအယွင်းများ မပြုလုပ်မိတော့ဘဲ ရပ်တန်းမှရပ်ပြီး စိတ်ကြည်နူးမှု ချက်ချင်းရရှိလာပါသည် ။



(၆)
အိမ်တွင် ဘုရားစင်ရှိသဖြင့် နာနာဘာဝ ၀ိနာဘာဝများ၏ အနှောင့်အယှက်များမှ ကင်းပြီး
မကြောက်မရွံ့ နေနိုင်ပါသည် ။



(၇)
ဆင်းရဲဒုက္ခကို သည်းခံလာနိုင်သည် ။



(၈)
ဘုရားစင်ကို ပိုးမျှင် ဖုန်များ ကင်းစင်အောင် လှည်းကျင်းသုတ်သင်ပြီး ကျကျနန ထားလျှင်
အိမ်ကျက်သ ရေ ၊ လူကျက်သရေ တက်ပြီး ဂုဏ်သိက္ခာများ တက်ပါမည် ။



(၉)
ဘုရားစင်ရှိသဖြင့် မြတ်စွာဘုရားနှင့် အတူတကွနေထိုင်ရသကဲ့သို့ ဖြစ်ပြီး
သူတပါး၏ ချီးမြှောက်ပူဇော်မှု ကို ၊ ခံယူရရှိနိုင်ပါသည် ။


http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1748985&xgs=1&xg_source=msg_share_post

ဇက်ကြောတက်သူများအတွက် ဆင်ခြင်စရာများ

အကြောတက်ရောဂါ အမျိုးမျိုးတွင် ဇက်ကြော တက်ခြင်း၊ နောက်ကြော တက်ခြင်း၊
ခြေသလုံးနှင့် ပေါင်ကြောများ တက်ခြင်း၊ ကြွက်တက်ခြင်း စသည်ဖြင့် အမျိုးပေါင်းများစွာ ရှိပါသည်။
အကြောတက်ခြင်း အမျိုးမျိုးသည် လူ၏ ခန္ဓာဗေဒအရ တည်ဆောက်ထားသော အရိုးများ လှုပ်ရှားမှုကို တွယ်ဆက် ထောက်ကန် ပေးထားသော ကြွက်ကြော၊ အာရုံကြော၊ ဆိုင်းကြော၊ ခုကြော (အရွတ်ကြော)၊ အမြှေး၊
အရွတ် (ခုတုံး) များတွင် ရောင်ခြင်း၊ ပါးခြင်း၊ ပွန်းစားခြင်း၊ တင်းခြင်း၊ လျော့ခြင်း၊ အားနည်းခြင်း
စသည့် အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ရလေသည်။



ဇက်ကြောတက်ခြင်း အကြောင်းကို ဦးစွာ ရှင်းပြလိုပါသည်။ ရုံးထိုင်သူများ၊ စာရေး စာဖတ်များသူ၊
ခေါင်းငုံ့ပြီး အလုပ်လုပ်ရသူ၊ ကျောင်းသား ကျောင်းသူ၊ ဆရာဆရာမများ၊ ကွန်ပျူတာ၊ တီဗီအကြည့်များသူ၊
အထိုင်များသူ အားလုံးပင် ဇက်ကြောတက်သည်ဟု ညည်းတွားလေ့ ရှိသည်။ မျက်စိ အာရုံစိုက်ရသူများ၊
ဆူညံသံများကြားတွင် နေထိုင်ရသူ၊ အလုပ်လုပ်ရသူများလည်း ဇက်ကြောတက် တတ်သလို
အစာမကြေသူ၊ ဝမ်းချုပ်သူ၊ လိပ်ခေါင်းရောဂါ ရှိသူများလည်း ဇက်ကြောတက်ဝေဒနာ ခံစားကြရပါသည်။
ထူးထူးခြားခြား ကလေး (၇) နှစ် အရွယ်၊ (၁၀) နှစ် အရွယ် ကလေးများတွင်လည်း ဇက်ကြောတက်ဝေဒနာ ခံစားရကြောင်း တွေ့ရပါသည်။
ထိုကလေးများမှာ ယခုခေတ်ပေါ် ဂိမ်းကစားစက်များ၊ တီဗီနှင့် တွဲဆက်ပြီး ကစားကြသူများဖြစ်ကြောင်း
တွေ့ရပါသည်။ ပြေးလွှား ဆော့ကစားရမည့် အရွယ်တွင်တီဗီဂိမ်း၊ ကွန်ပျူတာဂိမ်းများကြောင့်
ကလေးများမှာ မျက်စိအာရုံကြော၊ နားအာရုံကြောများ ထိခိုက်ရုံသာမက ဇက်ကြောတက်ဝေဒနာပါ
အရွယ်မတိုင်မီ ခံစားကြရခြင်း ဖြစ်သည်။ ထိုကလေးများမှာ မှတ်ဉာာဏ်များပါ ကျဆင်း သွားတတ်ပါသည်။



ဆူညံစွာ ဆောင်းဘောက်ကြီးများ ဖွင့်ထားသော ရုပ်ရှင်ရုံအတွင်း ဈေးရောင်းသူများနှင့် ရုပ်ရှင်ရုံ ဝန်ထမ်းများမှာလည်း
ဇက်ကြောတက် ရောဂါ ရနေရကြောင်း တွေ့ရသည်။ ဝေါ့ခ်မင်းခေါ် နားကြပ်ကက်ဆက်ကို
အမြဲ နားထောင်လေ့ရှိသူ ကျောင်းသားငယ်လေးများမှာလည်း ဇက်ကြောတက် ဝေဒနာနှင့် နားအကြားအာရုံ ဝေဒနာများပါ
ဖြစ်ပေါ် ခံစားရကြောင်း တွေ့ရပါသည်။ ဆူညံမှုကို အမြဲ ခံစားရသူများသည် အကြောတက်ဝေဒနာ အမျိုးမျိုး ခံစားရလေ့ ရှိသည်။
ပူပြင်းသော နေရောင်အောက်တွင် အလုပ်လုပ်ရသူများ၊ စူးရှသော အလင်းပြန်အရာကို ကြည့်သူများ၊
မီးစလိုက် အလင်းအောက်တွင် အလုပ်လုပ်ရသူများလည်း ဇက်ကြောတက် ဝေဒနာ ခံစားကြရတတ်ပါသည်။
အော်ဟစ် ပြောဆိုရသူများ၊ သင်တန်းသား၊ စာသင်သားများကို မကြားရမည်စိုး၍ အော်ဟစ်ပြောဆို သင်ကြားပေးရသော
ဆရာ၊ ဆရာမများ၊ သင်တန်းဆရာများမှာလည်း အသံပျက် ရောဂါနှင့် နောက်ကြောတက် ရောဂါများ ခံစားရလေ့ ရှိပါသည်။



နောက်ကြောတက်ရောဂါ ခံစားရခြင်း၏ အကြောင်းအရင်းများမှာ များလွန်းသဖြင့် ဝေဒနာ ခံစားရသူလည်း အများဆုံး ဖြစ်ပါသည်။
ဓာတ်ဆီ၊ ဒီဇယ်ဆီ ရောင်းချသူတစ်ဦးမှာ ခေါင်းကိုက်ခြင်းနှင့် ဇက်ကြောတက် ဝေဒနာကို ပြင်းထန်စွာ ခံစားရကြောင်း ပြောပြဖူးပါသည်။
သူသည် အမြတ်အစွန်းကလည်း ရနေသဖြင့် ဤအလုပ်ကိုလည်း မစွန့်လွှတ်နိုင်သောကြောင့် ဝေဒနာကို
ဆက်လက် ခံစားရနေဦးမည် ဖြစ်ကြောင်း ပြောပါသည်။ ဓာတုဗေဒ အနံ့ဆိုးများကြောင့်လည်း ဇက်ကြောတက် ဝေဒနာ ဖြစ်နိုင်ပါသည်။
အစားအသောက်ကြောင့် ဇက်ကြောတက် တတ်ပါသည်။ တညင်းသီး အလွန်ကြိုက်သူ တစ်ဦးမှာ ဇက်ကြောတက် ဝေဒနာ
ခံစားရကြောင်း တွေ့ရပါသည်။ ထို့အတူ မြေအောင်းသား ပုရစ်ကြိုက်သူ၊ ငါးသလောက် ကြိုက်သူ၊ မျှစ်ချဉ် ကြိုက်သူ၊
ဆူးပုတ်ရွက်၊ အုန်းနို့၊ အုန်းထမင်း ကြိုက်သူ၊ ငါးချဉ် ကြိုက်သူ၊ ပုစွန်ချဉ် ကြိုက်သူများမှာလည်း ဇက်ကြောတက်ကြောင်း တွေ့ရလေသည်။
ထိုကဲ့သို့ တက်စာကြိုက်သူ တစ်ဦးက “အကြောတက်ခံမယ်၊ အငတ်တော့ မခံဘူး။ မသေခင်လေးတော့ အဝစားသွားရမယ်”
ဟု ပြောဖူးပါသည်။ တက်စာထဲ အဆိုးဆုံးမှာ တညင်းသီးဟု ထင်ပါသည်။ ကျောက်ကပ်ကို ပျက်စီးစေပါသည်။
ဆီးလမ်းကြောင်းတွင် ပိတ်ဆို့ပြီး ဆေးရုံ ရောက်ရသူများလည်း ရှိသည်။
တညင်းသီး အစားများပြီး လေဖြတ်သူ နှစ်ယောက် တွေ့ဖူးသည်။
ကျောက်ကပ် ပိတ်ဆို့ရာမှ သွေးတိုးမြင့်တက်ပြီး လေဖြတ်ခြင်း ဖြစ်ပါသည်။


ကောက်ညှင်း ကြိုက်သူများ၊ ဆန်စီးကြိုက်သူများနှင့် ထမင်းအမာ ချက်စားသူ၊ ဆန်ကြမ်းကို အေးမှ စားသူ၊ ထမင်းကြမ်း၊ထမခြောက် (ထမင်းခြောက်)၊ ထမင်းချိုးကြော် စားကြသူများမှာ အစာကြေခဲသဖြင့် နောက်ကြောတက်၊ဇက်ကြောထိုးခြင်း ဖြစ်လာတတ်ပါသည်။ အစာအိမ်တွင် လေပွပြီး လေကြောင့် ဇက်ကြောတက်ခြင်း ဖြစ်သည်။အထက်ပါ အစာများ ကြိုက်၍ စားချင်လျှင် လေကြေ လေနိုင်သော နှမ်းဆီ ဆမ်းစားခြင်း၊ နှမ်းထောင်း ဖြူးစားခြင်းများဖြင့်ကာကွယ်နိုင်သည်။ အစာမကြေ လေချဉ်တက်သူများလည်း ဇက်ကြော တက်နိုင်သည်။ လေချဉ်သည် အစာအိမ်မှ
အစာချေရည်မှ အငွေ့ပျံတက်လာသော ဂက်စ်တစ်မျိုး ဖြစ်သည်။ အစာအိမ်ရောင်လျှင် အချဉ်ခံတတ်သည်။
အစာအိမ်ကြောင့် နောက်ကြော လက်ပြင်နှစ်ခုကြားနှင့် ဇက်ကြောတက်လျှင် အလွန် ခံရခက်စေသည်။
ဆန်ပြုတ်သောက်ပြီး မာသော အစာ၊ အချဉ်အစပ်များကို လုံးဝ ရှောင်ကျဉ်လိုက်လျှင် သက်သာ ပျောက်ကင်းနိုင်ပါသည်။


အစာမကြေခြင်း၏ နောက်ဆက်တွဲ ရလဒ်မှာ ဝမ်းချုပ်ခြင်း ဖြစ်သည်။ ဝမ်းချုပ်ခြင်း၏ နောက်ဆက်တွဲ ရလဒ်မှာ
လိပ်ခေါင်းရောဂါ ဖြစ်သည်။ လိပ်ခေါင်းရောဂါ ရှိသူများမှာ ဝမ်းကောင်းကောင်း မသွားလျှင် မနေနိုင်အောင် ဇက်ကြောတက်လေ့ ရှိသည်။
ဝမ်းမှန် လေသက်မှ ဇက်ကြောထိုး သက်သာသွားလေ့ ရှိသည်။ လိပ်ခေါင်းရောဂါ အဆင့်သုံးဆင့် ရှိသည်။
ပထမအဆင့်မှာ အတွင်းလိပ်ခေါင်း ဖြစ်သည်။ ပြင်ပသို့ မထွက်သဖြင့် မသိသာသော်လည်း ဇက်ကြော တက်လာသည်။
ဝမ်းချုပ်သည့်နေ့တွင် ပိုတက်သည်။ ဝမ်းနှုတ်လိုက်လျှင် ဇက်ကြောတက် သက်သာသဖြင့် ဝမ်းနှုတ်ဆေးကို
စားသည့်အကျင့် ဖြစ်လာသည်။ ထိုအကျင့်သည် မကောင်း။ အူမကြီးကို ဝမ်းနှုတ်ဆေးက ဒုက္ခပေးလျှင် ကင်ဆာ ဖြစ်နိုင်သည်။
ဒုတိယအဆင့်တွင် လိပ်ခေါင်းသည် အပြင်သို့ ထွက်လာသည်။ ဝမ်းသွားရန် အားထုတ်ပြီး ညှစ်လျှင် လိပ်ခေါင်း အပြင်ထွက်လာသည်။
ဝမ်းတွင်မာသော အစာပါလျှင် ပူစပ်သော အစာစားလျှင် သွေးကျတတ်သည်။
ဝမ်းသွားပြီးလျှင် ရေသုံးပြီး ပြန်သွင်းနိုင်လျှင် လိပ်ခေါင်းမှာ အတွင်းသို့ ပြန်ဝင်သွားပြန်သည်။
စအိုဝတွင် ပူခြင်း၊ ရောင်ခြင်း၊ ယားခြင်းတို့ ဖြစ်လေ့ ရှိသည်။ နောက်ကြော၊ ဇက်ကြောထိုးခြင်း၊
တင်ပါးဆုံနှင့် ခါးတွင် ညောင်းညာ ကိုက်ခြင်းများပါ ဖြစ်လေ့ရှိသည်။
အပူ၊ အစပ်၊ အမာများကို လုံးဝ ရှောင်ရမည့် အဆင့် ဖြစ်လေသည်။



လိပ်ခေါင်း တတိယအဆင့်မှာ အပြင်သို့ ထွက်နေသော လိပ်ခေါင်းကို ပြန်သွင်းမရသော အဆင့်ဖြစ်သည်။
ပထမအဆင့်၊ ဒုတိယ အဆင့်ထက် ပို၍ ဇက်ကြောတက်သည်။ ခြေနှစ်ဖက်လုံး ညောင်းကိုက်ပြီး အနင်းအနှိပ်ခံနေမှ သက်သာသည်။ဝမ်းသွားရခက်ပြီး နှုတ်မှ သွားသော အဆင့် ဖြစ်သည်။ စနစ်မကျသော ဆေးတင်ကုသခြင်း၊ မသန့်ရှင်းသော ရိုးရာကုထုံးများဖြင့်
ကုသခြင်းသည် မမှန်ကန်ပါ။ အန္တရာယ် မကင်းပါ။ ရှေးက စာရေးဆရာကြီး တက်တိုးသည် ရိုးရာနည်းဖြင့်
လိပ်ခေါင်းကုသော ဆေးဆရာကြီး တစ်ဦးနှင့် စားဆေးတင် ကုသရာ သုံးကြိမ်တိုင် မအောင်မြင်သဖြင့်
ထိုဆရာကြီးက ဆေးဖိုးငွေ ပြန်ပေးသည်ဟု ဆိုသည်။ ဆရာကြီးတက်တိုးက လက်မခံ။
ခြေကြွခ ယူပါဆိုပြီး ပြန်ကန်တော့သည်။ နောက်ဆုံး ဆေးရုံတက်ပြီး သားရေကွင်းပစ် ကုသလိုက်မှ
လိပ်ခေါင်းရောဂါ အမြစ်ပြတ်ခဲ့သည်ဟု ဇနီးဖြစ်သူ ဆရာမကြီး ဒေါ်နုယဉ်က ဆောင်းပါး ရေးသားထားသည်ကို ဖတ်ရှုရဖူးပါသည်။
ဤသည်မှာ မြန်မာဆရာများ၏ ကုထုံးကို နှိမ်ခြင်း မဟုတ်။
ခေတ်မမီတော့သော ကုထုံးများကို ပြုပြင်စေချင်သော စေတနာဖြင့် ရေးသားခြင်း ဖြစ်သည်။
ဇက်ကြောတက်သည်၊ အကြောတက်သည် ဆိုသော စကားများမှာ လွယ်လွယ်နှင့် ပြောသောစကား ဖြစ်သော်လည်း
လွယ်လွယ်နှင့် ပျောက်နိုင်သော ရောဂါအသေးအဖွဲ မဟုတ်ကြောင်း သိစေလိုပါသည်။ အပြင်သဘောမှာ လွယ်သော်လည်းအတွင်းသဘောမှာ မလွယ်သော အရာများစွာ ရှိသည်။ မူလဘူတ အကြောင်းအရင်းကို သိမျှသာလျှင်ကုသ ပျောက်ကင်းနိုင်မည် ဖြစ်သည်။ အနာသိမှ ဆေးရှိမည်။ အကျိုးကို မကုဘဲ အကြောင်းကို
ကုမှသာ ပျောက်ကင်းနိုင်မည် ဖြစ်သဖြင့် ပေါ့ပေါ့ဆဆ နေသင့်သော အရာမဟုတ်ကြောင်း ရေးသားလိုက်ရပါသည်။

Mg Mandalay မှ ကူးယူဖော်ပြပါသည်။