Friday, November 1, 2013
လေးစားရတဲ့ ကောင်လေး တစ်ယောက်
တနေ့တော့ အသက် ၃၀ ကျော် ကုမ္ပဏီ ဒါရိုက်တာ တစ်ယောက် ရုံးဆင်းချိန်လောက်မှာ သူ့ရဲ့ရုံးခန်းကနေ ရုံးရှေ့ရပ်ထားခဲ့တဲ့ သူ့ရဲ့ အမိုးပွင့် ကားအသစ်လေးကို လှမ်းကြည့်လိုက်တယ်။ ကားနားမှာ ၁၃ နှစ် အရွယ် ကောင်လေး တစ်ယောက်ဟာ ကားလေး ကို လှည့်ပတ်ကြည့်နေပြီး သဘောကျဟန်နဲ့ ကားကို ကိုင်ကြည့်လိုက် အတွင်းထဲက ကားကူရှင်များကိုပါ ငေးကြည့်လိုက်နဲ့ အလုပ်ရှုပ်နေတာ တွေ့လိုက်တယ်။
ဒီတော့ ကားကို တခုခုနဲ့များ ခြစ်ပေးလိုက်ရင် ဒုက္ခ ဆိုပြီး စိုးရိမ်စိတ်လေး ၀င်လာတော့ ရုံးကနေ ခပ်တုတ်တုတ် ဆင်းခဲ့တယ်။
ရုံးအောက်ရောက်တော့ ....
ဟိတ် ကောင်လေး.. ဘာလုပ်နေလဲ ... ဆိုတော့...
ကောင်လေး မျက်နှာက ကြောက်ရွံ့ မနေပဲ... ကားပိုင်ရှင်လား... လို့ တည်ငြိမ်စွာမေးလာတယ်....
ဟုတ်တယ်လေ... လို့ ခပ်ပြတ်ပြတ် ဖြေမိတယ်...
ကောင်လေးက..... အရမ်းသဘောကျတယ်ဗျာ... အစ်ကို ၀ယ်တုန်းက ဘယ်လောက် ပေးလိုက်ရလဲ.... လို့ မေးတယ်...
သူက... အစ်ကို့ဆီက မွေးနေ့လက်ဆောင်ရတာပါ.... လို့ ပြီးစလွယ်ဖြေလိုက်တယ်...
ဒီတော့ ကောင်လေးက ရင်ခုန် အံ့သြစွာနဲ့... ဟာ ဟုတ်လား... ဆိုပြီး အရမ်းကို အားကျသွားပုံနဲ့ ငေးကြည့်နေတယ်....
ဒီတော့... သူလဲ ကောင်လေးကို စိတ်ဝင်စားသွားပြီး... ကားလိုက်စီးမလား... လို့ မေးတယ်...
ကောင်လေးက မဆိုင်းမတွပဲ.. ဟုတ်ကဲ့လို့ ပြန်ဖြေတယ်....
လမ်းတလျှောက်လုံး... ကောင်လေးဟာ ကားစီးရလို့ ပျော်နေပုံ မပေါက်ပဲ... အတွေးတခု ထဲမှာ နစ်မျော နေဟန်တွေ့ရတယ်..... တနေရာ အရောက်မှာတော့... ရုတ်တရက် အခွင့်အရေး တခုတောင်းတယ်...
အစ်ကိုရေ ကျနော့ကို အိမ်ရှေ့ထိ လိုက်ပို့ပေးပါလား... ဆိုပြီး တောင်းဆိုတယ်...
သူ့အတွေးထဲမှာတော့
ဒီကောင်လေး သူ့ရပ်ကွက်ထဲက သူငယ်ချင်းတွေကို ကြွားချင်ပုံရတယ်... ဆိုပြီး.. သူလဲ အားနေတာနဲ့ လိုက်ပို့ဖို့ သဘောတူလိုက်တယ်။
နွမ်းပါးသူများ စုနေကြတဲ့ လူနေရပ်ကွက်ထဲက လမ်းကျင်းလေးများအတိုင်း အကွေ့အကောက်တွေ ကျော်သွားပြီး တနေရာအရောက်မှာတော့ အိမ်တန်းလျား တခုရှေ့မှာ ရပ်ခိုင်းလိုက်တယ်။
ပြီးတော့... ကားထဲက ခပ်တုတ်တုတ်ဆင်းပြီး ခဏလေးနော်.. မသွားသေးနဲ့အုံး၊ ကျေးဇူးပြုပြီး ခဏလေး စောင့်နေပေးပါ... လို့ ပြောပြီး အိမ်အပေါ်ထပ်ကို အပြေးလေး တက်သွားတယ်.....
ခဏနေတော့...
ခြေမသန်တဲ့ သူ့ရဲ့ ညီလေးကို မနိုင်မနင်း ပွေ့ချီပြီး ဆင်းလာတယ်... ပြီးတော့... ကားကို လက်ညှိးထိုးပြပြီး... သူ့ညီလေးကို ပြောလိုက်တယ်...
ညီလေး... ဟိုကားကို ကြည့်လိုက်... သူ့အစ်ကိုက မွေးနေ့ လက်ဆောင် ၀ယ်ပေးတာတဲ့... အစ်ကိုလဲ ညီလေးကို တနေ့နေ့မှာ ဒီလို ကားဝယ်ပေးနိုင်အောင် ကြိုးစားမယ်.. အားမငယ်နဲ့ သိလား... အဲဒီအချိန်ရောက်ရင် ညီလေးကြိုက်တဲ့ နေရာသွားလို့ရပြီပေါ့... လို့ ပြောလိုက်တော့... ကုမ္ပဏီ ဒါရိုက်တာလေးဟာ သူ့ကိုယ်သူတောင် ရှက်သွားပါသတဲ့။ နောက်ပြီး မလေးစားပဲ မနေနိုင်လို့ ညီအစ်ကို နှစ်ယောက်စလုံးကို မြို့အနှံ့ လိုက်ပို့ရင်း တစ်ညတာ အချိန်ဖြုန်းလိုက်မိတယ်။
ကြယ် စင်
http://mmforward.blogspot.com/
စမတ် ပြတင်းပေါက်များကို ပထမဆုံး အကြိမ် သိပ္ပံ ပညာရှင်များ တီထွင်
တရုတ်နိုင်ငံ ရှန်ဟိုင်း တက္ကသိုလ်မှ သိပ္ပံပညာရှင် များသည် စွမ်းအင်
သုံးစွဲမှုကို သက်သာ စေနိုင်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်သည့်
ကမ္ဘာ့ ပထမဆုံး စမတ်ပြ တင်းပေါက်များကို တီထွင်နိုင်ခဲ့ကြသည်ဟု သိရသည်။
သိပ္ပံပညာရှင်များသည် စမတ် ပြတင်းပေါက်များကို တီထွင်ခဲ့ရာ တွင် ထွင်းဖောက်မြင်နိုင်သည့်Vanadium Dioxide (Vo2) အလွှာပါး သစ်တစ်မျိုးကို အသုံးပြု ခဲ့ကြသည်။(Vo2) အလွှာပါးသည် အပူချိန် ၆၈ ဒီဂရီ စင်တီဂရိတ် အထိ ခံနိုင်ရည်ရှိပြီး သတ္တုတစ်ပိုင်း လျှပ်ကူး ပစ္စည်းအကူးအပြောင်းကို အပြန်အလှန် လုပ်ဆောင်ပေး သည့် ကိရိယာဖြစ်သည်။
Vo2 အလွှာပါးသည် အပူချိန် ၆၈ ဒီဂရီစင်တီဂရိတ် အောက်တွင် အနီအောက် ရောင်ခြည်ကို ထွင်းဖောက်မြင်နိုင်စွမ်း ရှိပြီး အပူချိန်ကို ကာကွယ် နိုင်စွမ်း ရှိသည်။ သို့သော် အပူချိန် ၆၈ ဒီဂရီစင်တီ ဂရိတ်အထက် ကျော်လွန်သွားပါက အနီအောက် ရောင်ခြည်ကို တုံ့ပြန် နိုင်စွမ်းရှိပြီး

ကမ္ဘာ့အံ့ဖွယ် ၁၀ ခု
၁ - မဟာတံတိုင်း (The Great Wall of China)
တရုတ်နိုင်ငံရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့ မဟာတံတိုင်းကို ၇ ရာစု BC က တည်ဆောက်ခဲ့တာဖြစ်ပြီး တရုတ်အင်ပါယာကို ကာကွယ်ပေးတဲ့ ခံတပ်ကြီးတစ်ခုအဖြစ် တည်ဆောက်ခဲ့တာပါ။
၂ - Petra
ဂျော်ဒန်နိုင်ငံရဲ့ ရှေးဟောင်းမြို့တော် တစ်ခုဖြစ်တဲ့ Petra မြို့တော်ဟာ သူ့ရဲ့ ကျောက်တုန်းတွေနဲ့ချည်း ဖန်တီးထားတဲ့ ဗိသုကာလက်ရာနဲ့ ထူးခြားတဲ့ ရေပေးဝေမှု့စနစ်ကြောင့် ထင်ရှားပါတယ်။
၃ - Cristo Rendetor Statue
ဘရာဇီးနိုင်ငံရဲ့ အမှတ်လက္ခဏာတစ်ခုဖြစ်တဲ့ Jesus ရုပ်ထုဟာ ကမ္ဘာ့အကြီးဆုံး Art Deco ရုပ်ထုဖြစ်ခါ မီတာ ၃၀ ခန့်မြင့်ပါတယ်။
၎ - Taj Mehal of Agra
India နိုင်ငံရဲ့ ရတနာတစ်ပါးအဖြစ်တင်စားရတဲ့ တာ့ဂ်ျမဟာရဲ့ အတွင်း၊ အပြင် ဗိသုကာ လက်ရာများဟာလည်း အံ့မခန်းဖြစ်ပြီး Mughal empreor Shah Jahan ဟာ သူ့ဇနီးအတွက်

အတူတူမအိပ်သင့်တဲ့ အရာ (၅) မျိုး
၁. နာရီဝတ်ပြီး မအိပ်ပါနဲ့..
နာရီဟာရေဒီယိုသတ္တိကြွထုတ်လွှင့်
မှုအတော်မြင့်မားပါတယ်…နာရီ ဟာသေးငယ်တယ်လို့ထင်ရပေမဲ့ ၀တ်ဆင်ပြီး အချိန်ကြာကြာ အိပ်ခဲ့ရင် သင့်ရဲ့ကျန်းမာရေးကို ဆိုးကျိုးတွေ အများကြီးဖြစ်လာစေနိုင် ပါတယ်တဲ့….ဒါကြောင့်အိပ်တဲ့အခါ နာရီကို ချွတ်ပြီးအိပ်ကြပါ..
၂. အမျိုးသမီးများ ဘရာဝတ်ပြီး မအိပ်ပါနဲ့
အမေရိကားမှ ပညာရှင်များလေ့လာတွေ့ရှိချက်အရအမျိုးသမီးများ ၁၂နာရီထက်ကျော်လွန်ပြီး အတွင်းခံ(ဘရာ)ကိုဝတ်ဆင်ပါကရင်သားကင်ဆာ ဖြစ်နိုင်ချေ အလွန်မြင့်မားကြောင်းသိရပါတယ်…ဒါကြောင့် ညအိပ်ရာ ၀င်ချိန်မှာတော့ Pls sleep without bra,ok?
၃. ဖုန်းနဲ့အတူတူမအိပ်ပါနဲ့
မိမိလက်ကိုင်ဖုန်းကိုမိမိရဲ့အိပ်ရာဘေး ဒါမှမဟုတ် အနီးအနားမှာထားခြင်းကို အားမပေးပါဘူး..တစ်ချို့က ဖုန်းကို နိုးစက်အနေနဲ့အသုံးပြုတတ်ကြ ပါတယ် ….အဲလိုသုံးရင်လည်းဖုန်းကို မိမိနဲ့ဝေးနိုင်သမျှ ဝေးဝေးမှာ

Subscribe to:
Posts (Atom)