“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, June 18, 2013

**** အသက်မဲ့သွားတဲ့ မနက်ဖြန်ညများ ****

ရူးမိုက်ခဲ့ အတိတ်တစ်ခုကြောင့်
ဆူးစိုက်ဝင်နေတဲ့ ရင်ထဲက မြှားတစ်စင်း
ဘယ်အချိန်ထိ နာကျင်နေဦးမှာလဲ ...

ယိုင်နဲ့နဲ့ ငါ့ဘ၀ထဲ
အားကိုးတကြီး မျှော်လင့်မိခဲ့သူလည်း
အခုတော့ .. ခါးသီးမှုတွေနဲ့အတူ အသက်မဲ့သွားခဲ့ပြန်ပြီလေ ...

အသုံးချခံဖို့ ငါ့ဘ၀ကိုပေးလိုက်ပြီးမှ
အသုံးမကျတဲ့ ငါ့ကိုယ်ငါလို့ အပြစ်တင်မိချိန်
သုံးမရရဲ့ မနက်ဖြန်တွေထဲ ငါအသက်ဆက်မရှင်ချင်တော့ဘူး ...

ဘယ်သူ့ကိုမှလည်း ..
မခေါ်ချင်တော့ဘူး .. မပြောချင်တော့ဘူး ..
ဟန်မဆောင်ချင်တော့ဘူး .. မပြုံးပြချင်တော့ဘူး ..

ဘယ်သူမှ မသိ ဘယ်သူမှ မရှိတဲ့နေရာမှာ
တိတ်တဆိတ်နဲ့ ထာဝရ အိပ်စက်လိုက်ချင်တယ် ...
လှုပ်နှိုးမဲ့သူ မလာပါစေနဲ့ ...

အော် ... တကယ်တော့ ငါဟာ
အသက်မဲ့တဲ့ အိပ်မရညတွေနဲ့အတူ
မနက်ဖြန်တွေတိုင်း ရူးသွပ်နေရဦးမယ့် သူပါလား ...

အောင်ကျော်မြင့်(akmyint.kooo@gmail.com)

ကြက်သွန်ဖြူစားပြီး မနံအောင်

ကြက်သွန်ဖြူစားပြီး မနံအောင်

(၁) နို့သောက်ပါ
နွားနို့တွင်ပါဝင်သော အဆီ ဓါတ်က ကြက်သွန်ဖြူ၏ ဆာလဖာ ဓါတ်ကို ချေဖျက်ပေးပြီး အနံ့ဆိုးများမှ ကင်းဝေးစေသည်။
(၂) လက်ဖက်စိမ်းရည် (Green tea) သောက်ပါ
လက်ဖက်စိမ်း၏ ပိုလီဖီနောဒြပ် ပေါင်းများက ကြက်သွန်ဖြူ၏အနံ့ကို လျော့နည်းစေသည်။
(၃) မှိုစားပါ
မှိုတွင်လည်း ပိုလီဖီနောဒြပ် ပေါင်းများပါဝင်ပြီး အထူးသဖြင့် ခံတွင်းနံ့ဆိုးခြင်းမှ ကာကွယ်ပေး သည်။
(၄) သစ်သီးစားပါ
ပန်းသီး၊ ဘယ်ရီသီး၊ နာနတ်သီး၊ ကီဝီသီးတို့၏ သဘာဝအင်ဇိုင်းများက ကြက်သွန်ဖြူ၏အနံ့ဆိုးသော ဆာလ ဖာဒြပ်ပေါင်းများအား ချေဖျက် ပေးသည်။

ဇော်ကို
Source:RD

Health Updates Journal
Vol.2, No.23
အေးချမ်းမွန် Copy & Credit To >Health Updates Journal < Thank
(၁) နို့သောက်ပါ
နွားနို့တွင်ပါဝင်သော အဆီ ဓါတ်က ကြက်သွန်ဖြူ၏ ဆာလဖာ ဓါတ်ကို ချေဖျက်ပေးပြီး အနံ့ဆိုးများမှ ကင်းဝေးစေသည်။

(၂) လက်ဖက်စိမ်းရည် (Green tea) သောက်ပါ
လက်ဖက်စိမ်း၏ ပိုလီဖီနောဒြပ် ပေါင်းများက ကြက်သွန်ဖြူ၏အနံ့ကို လျော့နည်းစေသည်။

(၃) မှိုစားပါ
မှိုတွင်လည်း ပိုလီဖီနောဒြပ် ပေါင်းများပါဝင်ပြီး အထူးသဖြင့် ခံတွင်းနံ့ဆိုးခြင်းမှ ကာကွယ်ပေး သည်။

(၄) သစ်သီးစားပါ
ပန်းသီး၊ ဘယ်ရီသီး၊ နာနတ်သီး၊ ကီဝီသီးတို့၏ သဘာဝအင်ဇိုင်းများက ကြက်သွန်ဖြူ၏အနံ့ဆိုးသော ဆာလ ဖာဒြပ်ပေါင်းများအား ချေဖျက် ပေးသည်။

ဇော်ကို - Source:RD

Health Updates Journal - Vol.2, No.23
အေးချမ်းမွန် Copy & Credit To >Health Updates Journal < Thank

ကျန်ရှိနေတဲ့သက်တမ်းမှာ ဓမ္မအသိဖြင့် အကျိုးရှိအောင် ဘယ်လိုနေကြရမှာလဲ ?။

ကောင်းကျိုးချမ်းသာ ရဖို့ဆိုတာ အချက် ၄ ချက် လိုပါတယ်။ အဲဒီ အချက် ၄ ချက်နဲ့ကိုယ့်ရဲ့ စိတ်စွမ်းအားတွေကို လေ့ကျင့်ပေးရပါမယ်။

        (၁)။“ငါ့သန္တာန်မှာ ကုသိုလ်စိတ် ဖြစ်စေရပါမယ်”။ ငါ့သန္တာန်မှာ ဒီလူ့ဘ၀ ရလာတဲ့အချိန်မှာ “ ကုသိုလ်
စိတ်” တွေ များများ ဖြစ်စေရပါမယ်။ ကုသိုလ်ဆိုတာ အဆိုးတရားတွေ ဖယ်ရှားပြီး အကောင်းတရားတွေကို
ဖေါ်ဆောင်ပေးနိုင်တဲ့ စွမ်းအားရှိတဲ့ အလောဘ၊ အဒေါသ၊ အမောဟတို့ ရှိရပါမယ်။

         အလောဘဆိုတာ ကိုယ့်ရဲ့ပစ္စည်းကို အများနဲ့ မျှဝေခံစားနိုင်ဖို့ လောကမှာလူဆိုတာ အပေါင်းအသင်း
တွေနဲ့ နေတဲ့အခါကျတော့ ကိုယ်ရဲ့ပစ္စည်းကို ဆုပ်ကိုင်မထားဘဲနဲ့ မျှဝေခံစား သုံးစွဲနိုင်ရပါမယ်။ စွန့်လွတ်နိုင်
တဲ့စိတ်မျိုး အလောဘစိတ်ကို ထားနိုင်ရပါမယ်။ အဒေါသဆိုတာ အများရဲ့အကျိုးကို လိုလားတဲ့ မေတ္တာဖြစ်
ပါတယ်။ အမောဟဆိုတာ ဘာကိုလုပ်သင့်သလဲ၊ ဘာကိုမလုပ်သင့်ဘူးလဲ ဆိုတာကို သိတဲ့ အသိပညာ ဖြစ်
ပါတယ်။

         အဲဒီ သဘာဝတရားတွေဟာ အဆိုးတရားတွေကို ဖယ်ရှားနိုင်တာမို့ ကုသိုလ်လို့ ခေါ်ပါတယ်။ အဲဒီ
ကုသိုလ်တရားတွေ ကိုယ့်ရဲ့သန္တာန်မှာဖြစ်အောင် လုပ်ရပါမယ်။

         (၂)။ “အလေ့အကျင့် လိုအပ်ပါတယ်”။ ကုသိုလ်စိတ် ဖြစ်ဖို့အတွက် “သမုဒါစာရ” အလေ့အကျင့် လို
အပ်ပါတယ်။ ဥပမာ=မနက် အိပ်ရာထရင် မျက်နှာသစ်ပါမယ်၊ ဘုရားရှိခိုးပါမယ်ဆိုတဲ့အလေ့အကျင့် လုပ်
ထားရပါမယ်။ ဘုရားရှိခိုးလို့ပြီးမှ မနက်စာ စားပါမယ်၊ ဘုရားမရှိခိုးဘဲနဲ့  နံနက်စာ မစားဘူးလို့ ဒီလို အလေ့
အကျင့်မျိုး ထားရပါမယ်။ နောက်.. မေတ္တာပို့မယ် ဆိုရင်လည်းကိုယ့်ရဲ့ အိမ်သူအိမ်သားတွေက စပြီးတော့
သတ္တ၀ါတွေ ကျန်းမာကြပါစေဆိုပြီး မေတ္တာပို့လို့ရပါတယ်။ သတ္တ၀ါတိုင်းရဲ့ အားလုံးအပေါ်မှာ မေတ္တာထား
နိုင်ရပါမယ်။

         မေတ္တာဆိုတာ ရင်ထဲ နှလုံးထဲမှာ အမုန်းတရားတွေကို ဖယ်ရှားပြီးတော့  အကျိုးလိုလားတဲ့ စိတ်မျိုး
ကို ခေါ်တာ ဖြစ်ပါတယ်။ ကုသိုလ်စိတ်ဖြစ်အောင် အလေ့အကျင့်ဆိုတာ လေ့ကျင့်ပေးရပါတယ်။

         (၃)။ “ကောင်းတဲ့ဘက်ကို ညွှတ်နေရပါတယ်”။ ကုသိုလ်အတွက်“ပရိဏာမန” အမြဲတမ်း ကိုယ်ရဲ့
စိတ်ကလေးကို ကောင်းတဲ့ဘက်ကိုပဲ ညွှတ်နေအောင် ထားပေးရပါမယ်။ ဆိုကြပါစို့...တစ်ယောက်တည်း
အေးဆေးစွာနေမိရင် ဘာကိုတွေးမိသလဲဆိုတာ ပြန်ဆန်းစစ်ကြည့်ပါ၊ ကိုယ့်စိတ်လေးဟာ ကောင်းတဲ့ဘ
က်ကို ညွှတ်နေရပါမယ်၊ မကောင်းတဲ့ဘက်ကို ညွှတ်နေမိလို့ရှိရင်ကောင်းတဲ့ဘက်ကို သတိထားပြီး ညွှတ်မိ
အောင် ထိန်းသိမ်းလေ့ကျင့် ပေးရပါမယ်၊ ကောင်းတဲ့ဘက်ကို အမြဲတမ်း ဦးလှည့်ပေးရပါမယ်။ ကောင်းကျိုး
ချမ်းသာ လိုလားသူ ဖြစ်ဖို့အတွက် ဦးလှည့်ပေးရပါမယ်။ မေတ္တာပွားဖို့အတွက် ဦးလှည့်ပေးရပါမယ်။ ဒီလို
လေ့ကျင့် ပေးရပါမယ်။

         (၄)။ “နှလုံးသွင်း မှန်ရပါမယ်”။ “အာဘုဇိတ” ခေါ် နှလုံးသွင်းတရား၊ နှလုံးသွင်းဆင်ခြင်မှုက အလွန်
အရေးကြီးပါတယ်။ အဲဒါကို မြတ်စွာဘုရားက ယောနိသောမနသိကာရ လို့ပြောပါ တယ်။ မှန်မှန်ကန်ကန်
စဉ်းစားတာ၊ အသိဉာဏ်နဲ့ စဉ်းစားတာ၊ နှလုံးသွင်းမှု မှန်ကန်တာ၊ လိမ္မာပါးနပ်စွာ စဉ်းစားတာကို ယောနိ
သောမနသိကာရလို့  ခေါ်ပါတယ်။ ဘယ်ကိစ္စပဲ ဖြစ်ဖြစ်  ယောနိသော မနသိကာရ မထားတတ်လို့ရှိရင်
ကုသိုလ်လုပ်နေတာတောင်မှ ကုသိုလ်မရဘဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့် စာပေမှာ “ယေကေစိ ကုသလာ
ဓမ္မာ သဗ္ဗေတေ ယောနိသောမနသိကာရ မူလကာ ” လို့ ဆိုပါတယ်။ “ ကုသိုလ် မှန်သမျှတို့သည် ယောနိ
သောမနသိကာရ ပေါ်မှာ အခြေခံကြသည်။” လို့ မြတ်စွာဘုရားက ဟောကြားထားပါတယ်။

         ဒါကြောင့်မို့လို့ ကုသိုလ်တစ်ခု ဖြစ်ဖို့ရာ ဟောဒီအချက် ၄ ချက်နဲ့ ပြည့်စုံရပါမယ်။ မိမိစိတ်ကို အမြဲတမ်း
ကုသိုလ်စိတ် ဖြစ်စေရပါမယ်ဆိုပြီး သန္နိဌာန် ချထားလိုက်ပါ။ စိတ်ကို  ကောင်းတဲ့ဘက် အမြဲတမ်း ဦးညွှတ်
စေရပါမယ်။ ကုသိုလ်စိတ်ဖြစ်အောင် အမြဲတမ်း လေ့ကျင့်ပေးရပါမယ်။ယောနိသောမနသိကာရ ထားနိုင်ရ
ပါမယ်။ ဒီအချက်တွေနဲ့  ပြည့်စုံရင် စိတ်ဟာ အမြဲတမ်း ကုသိုလ်စိတ် ဖြစ်နေပါမယ်။

         ကုသိုလ်တွေ များလာခြင်းအားဖြင့် ကောင်းကျိုးချမ်းသာတွေ ရလာပါမယ်။ ယခုဘ၀မှာလည်း ကောင်း
ကျိုးချမ်းသာကာ နောင်ဘ၀မှာလည်း ကောင်းတဲ့အကျိုးကို ခံစားရပါမယ်။ ဒါကြောင့်  တရားချစ်ခင် သူတော်
စင် အပေါင်းတို့ ယောနိသောမနသိကာရ တရားကိုကျင့်သုံးခြင်းဖြင့် နည်းလမ်းမှန်စွာ ဘ၀မှာ နေထိုင်နိုင်ကြပြီး
ဆင်းရဲဒုက္ခကင်းရာ မြတ်နိဗ္ဗာန်ကိုရရှိ စံစားခံစားနိုင်တဲ့ ပုဂ္ဂိုလ်မြတ်တွေ ဖြစ်ကြပါစေ ကုန်သတည်း။ ။

 { ၁၃၇၀ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့
   နယ်၊ ကျောင်းကြီးလမ်း၌ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဟောကြားသော “ ဓမ္မအသိဖြင့်
   အကျိုးရှိရှိနေမည် ” တရားတော်ကို ကိုးကားရေးသားပါသည်။ }
  ဦးသိန်းဝေ။
 http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

နှာခေါင်းကင်ဆာ ( Nasal cancers )

နှာခေါင်း ကင်ဆာကလည်း သွေးနဲ့ သွေးပြန်ရည် လမ်းကြောင်း တွေကနေ တခြားတခြား သွားတော့တာဘဲ။ Lymph system သွေးပြန်ရည်စနစ်ကနေ ကူးတော့ Lymph nodes တက်စေ့တွေ ကြီးလာစေတယ်။ ဆိုးတာက အဆုပ်၊ အသဲ၊ အရိုးတွေဆီပါ ရောက်လို့ဘဲ။ ဆရာဝန်တွေဆီ ရောက်လာရင် ၈ဝ% လောက်က ပြန့်နေတဲ့အဆင့် ရောက်နေတတ်တယ်။ အမျိုးသားတွေက ၂ ဆ ပိုဖြစ်တယ်။ အသက် ၄၅ နှစ် ကျော်တွေ ပိုဖြစ်တယ်။

Risk Factors and Prevention ဘာ့လိုဖြစ်နိုင်သလဲ၊ ဘယ်လိုကာကွယ်မလဲ။ သုတေသန လုပ်ထားတာတွေထဲက အချက်တိုင်းကြောင့် ဖြစ်ရတာတော့ မဟုတ်ပါ။ အခွင့်အလမ်း များစေတာသာ ဖြစ်ပါတယ်။ ရေးပြတဲ့ အချက်တွေနဲ့ အတော်ကြီး နီးကပ်၊ ထိစပ်နေသူတွေမှာ ကင်ဆာ မဖြစ်တာတွေ အများကြီးရှိပါတယ်။

၁။ ဆေးလိပ်၊ စီးကရက်၊ ဆေးတံ၊ ဆေးငုံ၊ ဆေးရှူ၊

၂။ အရက်၊

၃။ Human papillomavirus (HPV) ဆိုတဲ့ ဗိုင်းရပ်စ်၊ ဒီအကောင်က လိင်ဆက်ဆံရာကနေလည်း ကူးတဲ့ပိုး။

၎။ Specific inhalants အမှုံအမွှား၊ အငွေ့အသက်တွေ၊ သစ်သား၊ အဝတ်အထည်၊ သားရေ၊ Flour dust ဂျုံမှုံ့၊ Nickel dust (နစ်ကယ်လ်)၊ Chromium dust (ခရိုမီယမ်)၊ Mustard gas မုန်ညင်းငွေ့၊ Asbestos မျက်နှာကျက်လုပ်အမှုံ၊ Isopropyl alcohol fumes (အိုင်ဆိုပရိုပိုင်းလ်) အရက်ပြန်၊ Radium fumes (ရေဒီယမ်) ငွေ့၊ Glue fumes ကော်ငွေ့၊ Formaldehyde fumes (ဖေါ်မယ်လ်ဒီဟိုက်) ငွေ့ Solvent fumes used in furniture and shoe production ပရိဘောဂ နှင့် ဖိနပ်လုပ်ငန်း သုံး ဖျော်ဆေးတွေ၊

၅။ Air pollution လေထုညစ်ညမ်းမှု၊

စဖြစ်တော့ အအေးမိ နှာစေးသလိုနဲ့ စတယ်။ ကြာတော့မှ ရောဂါရှိမှန်း သိရလို့ နောက်ကျ နေတတ်တယ်။ နှာခေါင်း ပိတ်တာ၊ မျက်စိထဲမှာ အရာနှစ်ခုမြင်တာ၊ မျက်ရည် ဆက်တိုက် ကျနေတာ၊ သွားတွေ ချောင်လာတာ၊ ခေါင်းကိုက်တာတွေ ဝင်လာတယ်။ အနံ့မရဖြစ်၊ နှာရည်ယို၊ နှာခေါင်းသွေးယို၊ ကိုယ်ပူတာတွေလည်း ရှိနိုင်တယ်။ ပါးစပ်-နှာခေါင်းနဲ့ မျက်နှာမှာ အလုံးပေါ်တာမယ်။ ပါးစပ်ဟရတာ ခက်တာမယ်။ လည်ပင်း အကြိတ်တွေ ပေါ်လာမယ်။ ကြာလေလေ အားယုတ်၊ အစားပျက်၊ ပိန်လာမယ်။

သေချာအောင် Endoscopy လည်ချောင်းထဲ ကရိယာထဲ့ စစ်ဆေးနည်း၊ Biopsy အသားစဖြတ်ယူ စစ်ဆေးနည်း၊ X ray ဓါတ်မှန်၊ CT or CAT scan စီတီ-စကင်န်၊ MRI တွေ လုပ်ရတယ်။

ဆေးကုတဲ့အခါ အဖွဲ့လိုက်ကနေ ကုပေးရတယ်။ ခွဲစိတ်ဆရာဝန်၊ သမားတော်၊ ကင်ဆာအထူးကု၊ ရောဂါဗေဒပညာရှင်၊ သူနာပြု၊ ဓါတ်ကင်ဌာန၊ စိတ်ရောဂါအထူးကု၊ အာဟာရအထူးကု၊ လူမှုရေးပညာရှင် စသူတွေ ပါနိုင်တယ်။

အများဆုံးက ခွဲစိတ်တာရယ်၊ ဆက်ပြီး ဓါတ်ကင်တာ ၄-၅ ပါတ်ကြာ လုပ်ပါတယ်။ နောက်ကျနေရင် မခွဲခင်ကတည်းက ဓါတ်ကင်ပေးတယ်။ ဓါတ်ကင်ကုသတာက ပိုအဆင်ပြေတတ်တယ်။ ခွဲတာလို ရုပ်သိပ်မပျက်ဘူး။ ခွဲစိတ်တာမှာလည်း ဖြစ်တဲ့နေရာက ရှုတ်ထွေးတဲ့အတွက် ရိုးရိုးခွဲတာအပြင် Laser surgery လေဆာနည်း၊ Cryosurgery အေးခဲနည်းတွေ ပါရတတ်သေးတယ်။ Reconstructive surgery ခွဲစိတ်ထားတဲ့ နှာခေါင်းကို အသစ်ပြင်နည်း၊ Prosthesis နှာခေါင်းအတု လုပ်တာတွေပါ လိုတတ်သေးတယ်။

ဓါတ်ကင်တာမှာ ၂ နည်းလုပ်တယ်။ External-beam radiation therapy အပြင်ကနေကင်တာ နဲ့ Implants internal radiation therapy ရက်အကြာကြီး အချောင်းထည့်တာတွေ ဖြစ်တယ်။ အပြင်နည်းတခုဖြစ်တဲ့ Intensity modulated radiation therapy (IMRT) နည်းသစ်က ပိုထိရောက်တယ်လို့ ဆိုပါတယ်။

နောက်ကျသူတွေကို Chemotherapy ဆေးပေးကုတာ လုပ်ပါတယ်။

တခြားနည်းတွေလည်း လုပ်ကြသေးပါတယ်။ Massage, Meditation, Music therapy, Prayer, Yoga နှိပ်တာ၊ တရားထိုင်တာ၊ ဂီတနဲ့ ကုတာ၊ ဆုတောင်းတာ၊ ရောဂ လေ့ကျင့်ခန်းနည်။

ဓါတ်ကင်တော့ အားယုတ်တယ်။ အစာအာဟာရ ကောင်းကောင်း စားသင့်တယ်။ စိတ်ဓါတ် မကျအောင် လုပ်ရမယ်။ လေ့ကျင့်ခန်း လုပ်သင့်တယ်။ ဓါတ်ကင်လို့ အနာဖြစ်ရင် ကုရမယ်။ ပဋိဇီဝဆေး၊ ချောင်းဆိုးပျောက်ဆေး၊ အနာအကိုက် ပျောက်ဆေး၊ ဗီတာမင်၊ ပျို့-အန် ပျောက်ဆေးတွေ လိုမယ်။ ဆံပင်ကြွတ်တာက နောက်တော့ ကောင်းလာနိုင်တယ်။

ကင်ဆာမှန်သမျှ ဖြစ်ပြီးနောက် ဘယ်လောက် အသက်ရှည်နိုင်သလဲ ဆိုတာကို ပြောရင် ၅ နှစ်ခံနှုံးနဲ့ ပြောတယ်။ ဒီရောဂါမှာ ၅၄% ရှိလို့ အဆိုးကြီး မဟုတ်ပါ။
Dr. တင့်ဆွေ

ဘ၀တိုင်း ဆုံချင်လျှင်

ဘ၀တိုင်း ဆုံချင်လျှင်

အခါတပါး၌ မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရိမြို့တွင် သီတင်းသုံးတော်မူစဉ် နကုလပိတာ နကုလမာတာ အမည်ရှိသော သူကြွယ် ဇနီးမောင်နှံအိမ်သို့ ကြွတော်မူသည်၊ သူကြွယ် ဇနီးမောင်နှံတို့သည် မြတ်စွာဘုရားအား ရိုသေစွာရှိခိုးလျက် သင့်လျော်သောနေရာ၌ ထိုင်နေကြပြီးလျှင် နကုလပိတာ သူကြွယ်က ဤသို့လျှောက်သည်-
မြတ်စွာဘုရား တပည့်တော်သည် အသက်ငယ်ရွယ်စဉ်ကပင် ငယ်ရွယ်သူဖြစ်သော နကုလမာတာနှင့် လက်ထပ်ခဲ့ပါသည်၊ လက်ထပ်သည့်အချိန်ကစ၍ ယနေ့အထိ နကုလမာတာကို ကျော်လွန်ပြီး အခြားသော မိန်းမများထံ စိတ်ရောက်ဖူးသည်ဟု တခါမျှ မရှိခဲ့ဘူးပါ၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုကား ဆိုဖွယ်ရာပင် မရှိတော့ပါ၊ မြတ်စွာဘုရား တပည့်တော်တို့သည် ယခုဘ၀၌လည်း အချင်းချင်းတွေ့ဆုံပြီး နောင်ဘ၀သံသရာ၌လည်း အချင်းချင်းတွေ့ဆုံရန် အလိုရှိကြပါသည်ဘုရား။

နကုလမာတာကလည်း လျှောက်ပြန်သည်-
မြတ်စွာဘုရား တပည့်တော်မ ငယ်ရွယ်စဉ်ကပင် နကုလပိတာနှင့် လက်ထပ်ခဲ့ပါသည်၊ ထိုအခါမှစ၍ တပည့်တော်မသည် နကုလပိတာကို ကျော်လွန်ပြီး ယောက်ျားတပါးထံ စိတ်ရောက်ဖူးသည်ဟု မရှိခဲ့ဘူးပါ၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုကား ဆိုဖွယ်ရာပင် မရှိတော့ပါ၊ မြတ်စွာဘုရား တပည့်တော်တို့သည် ယခုဘ၀၌လည်း အချင်းချင်းတွေ့ဆုံပြီး နောင်ဘ၀သံသရာ၌လည်း အချင်းချင်း တွေ့ဆုံရန် အလိုရှိကြပါသည်ဘုရား။

ထိုအခါ မြတ်စွာဘုရားက ဤသို့ မိန့်တော်မူလေသည်-
သူကြွယ်တို့ ဇနီးမောင်နှံနှစ်ယောက်တို့သည် အကယ်၍ ယခုဘ၀၌ အချင်းချင်းတွေ့ဆုံပြီး နောင်ဘ၀သံသရာ မှာလည်း အချင်းချင်းတွေ့ဆုံချင်ကြလျှင် နှစ်ယောက်လုံးသည်-

၁-တူမျှသော သဒ္ဓါ ရှိကြရမည်။
၂-တူမျှသော အကျင့်သီလ ရှိကြရမည်။
၃-တူမျှသော စွန့်ကြဲမှု စာဂ ရှိကြရမည်။
၎-တူမျှသော အသိဉာဏ်ပညာ ရှိကြရမည်။
ယင်းသို့ တူမျှသော သဒ္ဓါ, တူမျှသာ သီလ, တူမျှသော စာဂ, တူမျှသော ပညာရှိလျှင် ထိုဇနီးမောင်နှံ နှစ်ယောက်တို့သည် ယခုဘ၀လည်း အချင်းချင်းတွေ့ဆုံပြီး နောင်ဘ၀သံသရာမှလြည်း အချင်းချင်း တွေ့ဆုံကြရကုန်၏။

ဇနီးမောင်နှံ နှစ်ယောက်တို့သည် သဒ္ဓါတရား ရှိကြ၏၊ အလှူခံပုဂ္ဂိုလ်၏ အလိုကို သိကြ၏၊ ကိုယ်နငတ်ကို စောင့်စည်းကြ၏၊ ထိုဇနီးမောင်နှံတို့သည် အချင်းချင်း ချစ်ဖွယ်စကားကို ပြောဆိုကြကုန်လျက် တရားသဖြင့် အသက်မွေးကြ၏။

အကျင့်သီလ တူမျှကြကုန်သော ဇနီးမောင်နှံ နှစ်ယောက်တို့အား စီးပွားဥစ္စာ တိုးပွားလျက် ချမ်းသာစွာ နေထိုင်ရ၏၊ ရန်သူများ မကောင်းမကြံနိုင်ပေ။

တူမျှသော သီလအကျင့်ရှိသော ဇနီးမောင်နှံ နှစ်ဦးတို့သည် ယခုဘ၀တွင် တရားကိုကျင့်၍ နောင်အခါ နတ်ပြည် လောက၌ နှစ်သက်မွေ့လျော်ကာ မတောင့်မတ လိုရာရလျက် ၀မ်းမြောက်ကြရကုန်၏။

( စတုက္က အင်္ဂုတ္တိုရ်၊ ဒု-ပဏ္ဏာသက၊ ပုညာဘိသန္ဓ၀ဂ်၊ ၅-ပဌမ သမဇီဝိသုတ် )
credit to - မင်္ဂလာသတင်းစဉ်

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)

တီဗီ ၁ နာရီကြည်တိုင်း အသက် ၂၂ မိနစ်တို

ထူးထူးခြားခြား လေ့လာ တွေ့ရှိချက် တစ်ခု ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံ၊ Yale တက္ကသိုလ်မှ ဆေးပညာရှင် များက စစ်တမ်းအရ ရှာဖွေ တွေ့ရှိ ထားခြင်း ဖြစ်ပါတယ်။
တီဗီကို တစ်နာရီ ပတ်လုံး ထိုင်ကြည့်တဲ့ အခါ ကိုယ်လက် လှုပ်ရှားမှုများ မရှိတဲ့ အတွက် အဆီ တက်စေပါတယ်။ ကိုယ်တွင်း ကယ်လိုရီလောင်ကျွမ်းမှု အားနည်းပြီး သွေးကြောပိတ်ခြင်း၊ သွေးကြောကျဉ်းခြင်း၊ Fatty acid တိုးခြင်းတို့ ဖြစ်စေပါတယ်။ တစ်နာရီပတ်လုံး ယင်းဖြစ်စဉ်များ ဆက်တိုက် ဖြစ်ရင် ကိုယ်တွင်း ဇီဝလောင်ကျွမ်းမှု စနစ် အလုပ် လုပ်ဆောင်မှု နှေးကွေးပြီး အကြော အားနည်းတာတို့၊ ဦးခေါင်းသို့ သွေးစီးမှု နှေးတဲ့ အတွက် ခေါင်းမူးတာတို့ ဖြစ်စေပါတယ်။
ဒါကြောင့် ဘာမှ မလှုပ်မရှုက်ပဲ တီဗီ ၁ နာရီ ထိုင်ကြည့် လိုက်ခြင်းဟာ ပျှမ်းမျှ အားဖြင့် တီဗီမကြည့်တဲ့ လူထက် ကျန်းမာရေး ကောင်းမွန်မှုက ၃၀ ရာခိုင်နှုန်းကျော် လျော့နည်းသွားပြီး အသက်နဲ့ တွက်လိုက်ရင် ၂၂ မိနစ်စာ အသက် လျော့သွား စေပါတယ်။ ဒါကြောင့် တစ်ရက်ကို ပျှမ်းမျှ ၆ နာရီ တီဗီ ကြည့်သူဟာ သာမန် လူတွေထက် ငါးနှစ်လောက် အသက် တိုတာကို လည်း လေ့လာ တွေ့ရှိခဲ့ပါတယ်။
ကွန်ပျူတာ အသုံးပြု အလုပ်လုပ်သူတွေထက် တီဗီကြည့်သူများ ပိုဖြစ်ပြီး ကွန်ပျူတာ အသုံးပြု လုပ်ကိုင် သူများကလည်း ကိုယ်လက် လှုပ်ရှားမှု ရှိရန် လိုအပ်တယ်လို့ ဆိုပါတယ်။ ရုံးချိန်ဆက်တိုင် ထိုင်ရာမှ မထ တည်တည် အလုပ်လုပ်ခြင်း ကလည်း တီဗီကြည့်သူနဲ့ မထူးမခြားနား ကျန်းမာရေး ချို့ ယွင်းလို့ အသက်တို နိုင်ကြောင်း သိရပါတယ်။

http://www.myawady.com.mm/

ကင်ဆာ ဆင်ခြင်စရာ တဒါဇင်

မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း Consumer Protection Association (Myanmar)

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးရဲ့ ၂ဝ၁၁ ခုနှစ်ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က ကင်ဆာအဖြစ်ဆုံး ၁ဝ နိုင်ငံထဲမှာ နံပါတ် ၂ နေရာကိုရောက်နေပြီး ကင်ဆာဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေကတော့ -

1. ကင်ဆာကြောက်ရင် ပလတ်စတစ်နဲ့ ဖော့ဘူးရှောင်
အလွယ်ကြိုက်တတ်တဲ့ မြန်မာတွေဟာ မုန့်ဟင်းခါးပဲ ဝယ်ဝယ်၊ လက်ဖက်ရည်၊ ကော်ဖီ၊ အသုပ်စုံတွေ၊ ထုံချိုင်းတွေ၊ အကြော်စုံတွေ၊ အကင်တွေပဲ ထုပ်ထုပ် ပလတ်စတစ်တွေ၊ ကြွပ်ကြွပ်အိတ်တွေနဲ့ချည်းပဲ သုံးနေကြပါတယ်။ ပလတ်စတစ်ထဲမှာပါတဲ့ ပလတ်စတစ်ဆိုက်ဇာဆိုတဲ့ ဓာတ်နဲ့တွေ့ရင် စတိုင်ရင်း (Styrene) ဆိုတဲ့ ဓာတု ပစ္စည်းတွေဟာ အပူဓာတ်နဲ့ပဲ တွေ့တွေ့ ဆီပါတဲ့ အစားအသောက်နဲ့ပဲ တွေ့တွေ့ အစားအသောက်တွေထဲကို ဓာတ်ပြုပျော်ဝင်တော့တာပါပဲ။ နောက်ပြီး ကလေးနို့ဘူးတွေ ပြုလုပ်တဲ့ PVC ပလတ်စတစ်နဲ့ ပလတ်စတစ်ရေပိုက်တွေမှာ မိုနိုမာ (Monomer) ဆိုတဲ့ အင်မတန် အဆိပ်ပြင်းပြီး ကြောက်စရာကောင်းတဲ့ ဓာတ်တစ်မျိုးပါဝင်တာ တွေ့ရပါတယ်။ ဒီဓာတုပစ္စည်းတွေ အကုန်လုံး ဆိုးရွားတဲ့ ကင်ဆာရောဂါတွေ ဖြစ်စေနိုင်တာမို့ အရင်တုန်းကလို စက္ကူတွေ၊ အင်ဖက်တွေ၊ ဗန်ဒါရွက်တွေ၊ စတီးချိုင့်တွေ၊ ဖန်ဘူးတွေနဲ့ပဲ အစားအသောက်တွေကို ပြောင်းလဲ ထုပ်ပိုးကြပါစို့။ ဒန်ပေါက်ဆိုင်တွေ စားသောက်ဆိုင်တွေမှာ အသုံးပြုနေတဲ့ ဖော့ဘူးတွေဟာလည်း စတိုင်းရင်း (Styrene) ဓာတ်ပါတဲ့ ပလတ်စတစ် အုပ်စုဝင်တွေ ဖြစ်လို့ ဖော့ဘူးတွေ တစ်ခါသုံး ပလတ်စတစ်တွေ လုံးဝအသုံးမပြုဘဲ တော်လှန်ဆန့်ကျင် ပြောင်းလဲကြပါစို့။

2. အချဉ်ရည်နဲ့ ကင်ဆာရောဂါ
အသုတ်ဆိုင်တွေ အကြော်ဆိုင်တွေ ထုံချိုင်းဆိုင်တွေ၊ အကင်ဆိုင်တွေ၊ တုတ်ထိုးဆိုင်တွေမှာ နေ့စဉ် လူတွေ မြိန်ရည် ယှက်ရည် စားနေကြတာကတော့ အန္တရာယ်ရှိ တားမြစ်ဆိုးဆေး နီနီရဲရဲတွေရယ်၊ အစာအိမ် အူလမ်းကြောင်း၊ ကင်ဆာ ဖြစ်စေတတ်တဲ့ ဆာ(လ်)ဖျူရစ် အက်ဆစ်ပြင်း (H2SO4) ရောစပ်ထားတဲ့ အချဉ်ရည်လို့ ခေါ်တဲ့ အဆိပ်ရည်တွေပါပဲ ဆာ(လ်)ဖျူရစ် အက်ဆစ်က နည်းနည်းလေးထည့်ရုံနဲ့ အချဉ်ရည် အရသာကို ဖြစ်ပေါ်စေပြီး ဘက်ထရီအိုးမှာသုံးတဲ့ အက်ဆစ်ပါ။ ရေရှည်စားသုံးရင်တော့ အစာအိမ်အူလမ်းကြောင်း ကင်ဆာ၊ အူမကြီး ကင်ဆာ အသည်းကင်ဆာတွေကို ကျိန်းသေဖြစ်နိုင်တာမို့ လုံးဝရှောင်ရှားကြဖို့ တိုက်တွန်းလိုက်ပါရစေ။

3. နှာခေါင်းကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ အသက်ရှူလမ်းကြောင်းကင်ဆာတွေ ဖြစ်ပွားစေတဲ့ ခြင်ဆေးခွေ
ခြင်ဆေးခွေတွင် ဓာတုပိုးသတ်ဆေးများထဲတွင် အပြင်းထန်ဆုံးလို့ သတ်မှတ်ထားတဲ့ S.2 ပိုးသတ်ဆေး၊ လွှစာမှုန့်၊ ဗိုင်ဒါကော်၊ ဆိုးဆေးနဲ့ ဓာတု အမွှေးအကြိုင်တို့ ပါဝင်သည်။ ထို့အပြင် အပြင်းထန်ဆုံး အဆိပ်တစ်မျိုးဖြစ်သည့် Benzene (ဘန်ဇိုင်း) ကာစီနိုဂျင် တစ်မျိုးပါဝင်ပြီး အာရုံကြောမှ စကာ ရိုးတွင်းချဉ်ဆီအထိ အဆိပ်ဖြစ်စေသည်။ ခြင်ဆေးခွေတစ်ခွေဧ။်အဆိပ်ဓာတ်သည် စီးကရက် အလိပ်ပေါင်း ၁၃၇ လိပ်မှထွက်ရှိသော အဆိပ်မှုန် အရေအတွက်နှင့် ညီမျှသဖြင့် ဝေးဝေးကရှောင်ကြဖို့ သတိပေးလိုက်ရပါသည်။ အမွှေးတိုင်များသည်လည်း ခြင်ဆေးခွေကဲ့သို့ပင် အန္တရာယ်ရှိသဖြင့် လုံးဝမသုံးအပ်ပေ။

4. အချိုရည်နှင့် ဂျယ်ရီများ
အချိုရည်ဘူးများတွင် တားမြစ်ဆိုးဆေး၊ ကင်ဆာဖြစ်စေသော တာရှည်ခံဆေး၊ သကြားထက် အဆ ၂ဝဝ ပိုမို ချိုစေသော ပါဝါသကြားနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဖိန်း ဓာတ်များ ပါဝင်သဖြင့် ခံတွင်းကင်ဆာ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါနှင့် အဝလွန်ရောဂါ၊ အသည်းကင်ဆာရောဂါတို့ကို ဖြစ်ပွားစေသည်။ ထို့အတူ ဂျယ်ရီဘူးများတွင်လည်း တရုတ်မှ လာသော ဂျယ်ရီပေါင်ဒါ၊ ဆီထရစ်အက်ဆစ်၊ Sodium Benzorate ခေါ် တာရှည်ခံဆေးပါဝင်သဖြင့် ကလေးများကို လုံးဝ မကျွေးသင့်၊ မရောင်းသင့်ပါ။

5. မယ်လမင်း (ဖိုက်ဘာ) ပစ္စည်းများ
ထိုပစ္စည်းများသည် အပူနှင့် ထိတွေ့လျှင် ဓာတ်ပြုသဖြင့် ကျောက်ကပ်ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသဖြင့် လုံးဝ အသုံးမပြုသင့်ပါ။

6. တရုတ်နို့မှုန့်နှင့် ၄င်းနှင့် ပြုလုပ်သော မုန့်များ
တရုတ်နို့မှုန့်ကို ဖျော်ကာ ခွေးပေါက်စ၊ ကြောင်ပေါက်စလေးများကို တိုက်ကျွေးရာ ထိုခွေးကလေး ကြောင်ကလေးများသည် အကြောဆွဲကာ ၁၈ ကောင်ထက်မနည်း သေဆုံးကုန်ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် တရုတ်ပြည်မှ တံဆိပ်မျိုးစုံနှင့် တင်သွင်းသော နို့မှုန့်များနှင့် ၄င်းတို့ဖြင့် ပြုလုပ်သော မုန့်ပဲ သရေစာများကို ကလေးများကို လုံးဝ မတိုက်ကျွေးသင့်ပါ။

7. ကော်ဖီမစ်များ (Coffeemix)
ကဖိန်း၊ တာရှည်ခံ ဓာတုဆေး၊ ကော်ဖီအနံ့၊ အုန်းသီးခွံအမှုန့်များနှင့် သကြား၊ အခြားကုန်ကြမ်းပစ္စည်းများ ပါဝင်သည်ကို တွေ့ရသဖြင့် မသောက်သုံးသင့်ပါ။ ၄င်းရယ်ဒီမိတ် ကော်ဖီများကို သောက်သုံးပါက ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးသွေးတိုးရောဂါ၊ စိတ်ကျရောဂါနှင့် ရင်သားကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ပန်ကရိယ ကင်ဆာနှင့် အမျိုးသမီးများ မြုံခြင်းနှင့် ကိုယ်ဝန်ပျက်ကျခြင်းတို့ကို ဖြစ်စေသဖြင့် လုံးဝ မသောက်သုံးသင့်ပါ။ ထို့ပြင် ကော်ဖီမစ်တွင် နို့ဆီနှင့် နို့မှုန့်အစား အသုံးပြုသော creamer မှာ မလေးရှားတွင် စားအုန်းဆီကို အဆီထုတ်ပြီး ကျန်သော ကြိတ်ဖတ်များကို တရုတ်နိုင်ငံမှ ဝယ်ယူကာ မှုန့်နေအောင် ကြိတ်ချေပြီး Creamer အဖြစ် ပြန်လည်ရောင်းချကြောင်း သိရှိရသည်။ ထို ကြိတ်ဖတ်မှုန့်များသည် သွေးတိုးရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ လေဖြတ်ရောဂါနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသည်။

8. အရောင်ချွတ်ထားသော အစားအသောက်များ
နိုင်ငံခြားတိုင်းပြည်များတွင် သကြားကို မူလသဘာဝအရောင်အတိုင်း ဝါညစ်ညစ် သကြားများကို စားသုံးကြသော်လည်း မြန်မာနိုင်ငံတွင်မူ ဟိုက်ဒရိုဟု ခေါ်သော Chemical ချွတ်ဆေးသုံးကာ ဖြူဖွေးသော သကြားမျာကို ရွေးချယ်စားသုံးကြ၏။ ထန်းညက်သည်လည်း မူလ အညိုရောင် ပျောက်ကာ ချွတ်ဆေးကြောင့် ဖြူဖွေးသွားကာ နေ့စဉ်သုံးသည့် အိမ်သုံးဆားသည်ပင်လျှင် ဓာတု ချွတ်ဆေးသုံးပြီး ဖြူဖွေးအောင် လုပ်ကြ၏။ ထိုဓာတုချွတ်ဆေးများသည် ကင်ဆာရောဂါကို ဖြစ်ပွားစေသဖြင့် သဘာဝ အရောင်ကို ရွေးချယ် စားသောက်ကြပါစို့။
9. ရောင်စုံဆိုးဆေးများနှင့် အစားအသောက်များ
တားမြစ် အန္တရာယ်ရှိ ဆိုးဆေးများ အသုံးပြုထားသော မျှစ်နီ၊ မျှစ်ဝါ၊ ပုစွန်ချဉ်နီနီ၊ အဝါရောင်ဆိုးထားသော ငါးပုဏား၊ ငါးမြွေထိုး၊ ရွှေငါး၊ ကြက်သားများနှင့် အနီရောင်ဆိုးထားသော ငရုတ်သီးမှုန့်၊ ပုစွန်ခြောက်၊ ပတ္တမြားပြောင်းဖူး၊ ငါးပိ၊ ပဲနီလေး၊ ပဲဝါလေး၊ မက်မန်းသီး၊ ဆီးထုတ်စသည်တို့သည် အသည်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသဖြင့် လုံးဝရှောင်ကြဉ်သင့်ပါ၏။

10. သတိထားသင့်သော အသီးအနှံများ
ဓာတုဟော်မုန်းဆေးများ အသုံးပြုထားကာ အဆမတန် ကြီးထွားနေသော မုန်လာဥအဖြူများ၊ အမြစ်တိုတို အလုံးတုတ်တုတ်နှင့် ပဲပင်ပေါက်များ၊ ပိုးသတ်ဆေး အပြင်းစား သုံးထားသည့် ဂေါ်ဖီထုပ်၊ ပန်းမုန်လာထုပ်၊ မုန်ညင်းထုပ်များနှင့် ဆေးစိမ် ဆေးဖျန်းကာ မှည့်နေသော သရက်သီး၊ သင်္ဘောသီး၊ လိမ္မော်သီး၊ ပန်းသီး၊ ငှက်ပျောသီး စသည်တို့သည် ကင်ဆာ ဖြစ်စေနိုင်သဖြင့် ရှောင်ရှားသင့်သည်။ ထို့အပြင် လူသေကောင် မပုပ်အောင် ပြုလုပ်သည့် ဖော်မလင်နှင့် အသုံးပြုထားသော ပဲပြား၊ မဲနယ်ဆိုးထားသော ပုစွန်၊ ယူရီးယား ဓာတ်မြေသြဇာပါသော ငါးပိရေကျိုတို့ကိုလည်း ကင်ဆာရောဂါဖြစ်မှာ ကြောက်လျှင် ရှောင်ရှားသင့်ပါသည်။ အစေ့မပါတဲ့ စပျစ်၊ ကီလိုမာလကာနှင့် ဆီးသီး၊ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ အသီးမှန်သမျှ ကင်ဆာကို ဖြစ်စေသတဲ့။ ပလတ်စတစ် ပါကင်လှလှ၊ တံဆိပ်မျိုးစုံဖြင့် ထုတ်လုပ်သော ငါးမုန့်ကြော်၊ အာလူးကြော်၊ တိုဟူးကြော်၊ ကြက်သွန်ကြော်များသည် အာဟာရတန်ဖိုး လုံးဝမရှိသည့်အပြင် ပလတ်စတစ်ဆိုက်ဇာဓာတ်များ ပါဝင်သဖြင့် ကင်ဆာရောဂါကို ဖြစ်ပွားစေပါသည်။

11. ပဲဆီ၊ နှမ်းဆီအတုများ ကင်ဆာရောဂါ သတိထား
အခု စားအုန်းဆီတွေထဲကို အနည်ကျအောင် အီလန် ဆပ်ပြာမှုန့်၊ ဒါမှမဟုတ် ဆပ်ပြာတစ်မျိုးမျိုးကို ထည့်ပြီး ဆပ်ပြာထဲက ဟိုက်ဒြောဆိုဒ် ဓာတုပစ္စည်းက စားအုန်းဆီထဲက ခဲစေတတ်တဲ့ အနည်တွေကို အောက်မှာသွားထိုင်ပြီး တခြားစားအုန်းဆီတွေကို မခဲတော့ဘူး။ ဒီတော့မှ ၂၇ လမ်း ၂၈ လမ်းက ဝယ်ထားတဲ့ ၂၅ဝကျပ်တန် ပဲဆီအနံ့၊ နှမ်းဆီအနံ့ ဓာတုဆေးရည်ကိုထည့်လိုက်တော့ ပဲဆီ၊ နှမ်းဆီ အစစ်ထက်တောင် ပိုမွှေးသွားရော။ ဒါပေမယ့် ဆပ်ပြာထဲက ဟိုက်ဒြောဆိုဒ်ဓာတ်နဲ့ အက်ဆစ်ဓာတ်တွေက ကင်ဆာရောဂါမျိုးစုံကို ဖြစ်စေပါတယ်။ မြန်မာ့ဆီဈေးကွက်မှာ ထွက်သမျှမြေပဲဆံတွေကို တရုတ်နိုင်ငံက ဈေးကောင်းပေးဝယ်သွားလို့ မြန်မာပြည်မှာ ကြိတ်စရာ မြေပဲဆံ မကျန်တော့ဘူး။ ဈေးကွက်ထဲမှာ ၈ဝ% သော ပဲဆီတွေက အနံ့ထည့်ထားတဲ့ ပဲဆီ အတုတွေလို့ ဆီလုပ်ငန်းရှင်တစ်ဦးက ကျွန်ုပ်တို့ CPAM သို့ အကြောင်းကြားပါတယ်း

12. အချိုမှုန့်နှင့် ကြက်သားမှုန့်များ
အချိုမှုန့်တွင် ပါဝင်သော ဓာတုပစ္စည်းများသည် ဦးနှောက်နှင့် အာရုံကြောထိခိုက်စေကာ လေဖြတ်လေငန်းရောဂါ၊ လေးဖက်နာရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ချို့ယွင်းပျက်စီးစေသော ရောဂါ၊ ဆီးချို သွေးချိုနှင့် သွေးတိုးရောဂါများကို ဖြစ်ပွားစေသဖြင့် ရှောင်ကြဉ်သင့်ပါသည်။ ကြက်သားမှုန့်တွင်လည်း အချိုမှုန့်နှင့် တာရှည်ခံ မှိုသတ်ဆေးများ၊ ဓာတုပစ္စည်းများ ပါဝင်သဖြင့် အချိုမှုန့်ထက်ပင် ပိုမို ဆိုးရွားစေပါသည်။

စားသုံးသူ ကာကွယ်ရေး အသင်းသို့ ဝင်ရောက်လိုသူများ၊ ဆက်သွယ်အကူအညီတောင်းခံလိုသူများနှင့် လှူဒါန်းလိုသူများ
အသင်းရုံး ၁
စာရေးဆရာ ဗအုပ်ခိုင်(သဘာဝ သမားတော် အသည်းအထူးကု)
မင်းစေတီလမ်း၊ မင်းစေတီ စာကြည့်တိုက်ရှေ့၊ အင်းစိန်မြို့နယ်။ ဖုန်း 01-644090/ 09-421121890

အသင်းရုံး ၂
ပေါက်စေတီ ကျောင်းတိုက်ဝင်း၊ ၈မိုင်လမ်းဆုံအနီး၊ မရမ်းကုန်းမြို့နယ်။ ဖုန်း - 01-661732

ဇီဝိတ ဒါနဆေးကုခန်းတွင် သံဃာတော်၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို အခမဲ့ ကုသပေးပါသည်။

တည်နေရာ
ပေါက်စေတီ ကျောင်းတိုက်ဝင်း၊ ၈မိုင်လမ်းဆုံအနီး၊ မရမ်းကုန်းမြို့နယ်။ ဖုန်း 01-661732
(မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းမှ လက်ကမ်းစာစောင်)

ကျန်းမာရေးကောင်းစေသော အဖြူရောင်အစာများ .....

ကျန်းမာရေးကောင်းစေသော အဖြူရောင်အစာများ .....

အဖြူရောင်အစာတွေကို လျှော့စားပါလို့ ပြောလိုက်ရင် အခွံချွတ်ထားတဲ့ ဆန်တွေ၊ ဂျုံတွေနဲ့ လုပ်ထားတဲ့အစာတွေကို ဆိုလိုတာပါ။ အဖြူရောင်ဟင်းသီးဟင်းရွက်၊ အစေ့အဆန်နဲ့ အခွံမာအသီးတွေမှာ ရောဂါကို တွန်းလှန်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (anti-oxidants)တွေ များစွာမပါဝင်ပေမယ့် သွေးတိုးရောဂါ၊ နှလုံးတိုက်ခိုက်ခံရနိုင်ခြေနဲ့ အခြားရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချနိုင်တဲ့ အစွမ်းတွေရှိကြောင်း အောက်မှာ ဖော်ပြလိုက်ပါတယ်။

မုန်လာဥ (Turnip)
ခွက်တစ်ဝက်စာ မုန်လာဥမှာ ၁၈ ကယ်လိုရီသာ ပါဝင်ပေမယ့် ကင်ဆာကို တွန်းလှန်နိုင်တဲ့ Glucosinolates ဒြပ်ပေါင်းတွေ များစွာပါဝင်ပါတယ်။

ပန်းဂေါ်ဖီ (Cauliflower) 
ချက်ပြီးသား ပန်းဂေါ်ဖီတစ်ခွက်စာမှာ အရိုးသန်စွမ်းဖို့လိုအပ်တဲ့ ဗီတာမင် K ဟာ သင်ရဲ့နေ့စဉ်လိုအပ်ချက် ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းခန့် ပါဝင်ပါတယ်။

ကြက်သွန်နီ (Onion) 
Quercetin တွေများစွာပါဝင်တဲ့အတွက် အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

မုန်လာဥဖြူ (Radish) 
ခွက်တစ်ဝက်စာ မုန်လာဥဖြူမှာ ကိုးကယ်လိုရီသာပါဝင်ပါတယ်။ ဗီတာမင်စီ များစွာပါဝင်တဲ့အတွက် ခုခံအားစနစ် ကောင်းမွန်စေပါတယ်။

ကြက်သွန်ဖြူ (Garlic) 
သွေးဖိအားလျော့ကျစေနိုင်တဲ့အပြင် ကိုလက်စထရောအဆင့်လည်း လျှော့ချနိုင်ပါတယ်။ ကင်ဆာကို ကာကွယ်နိုင်တဲ့ အစွမ်းလည်း ရှိပါတယ်။

စိမ်းစားဥ (Parsnips) 
အမျှင်ဓာတ်နဲ့ ဗီတာမင် C များစွာ ပါဝင်ပါတယ်။ မတ်ပဲ တစ်ခွက်စာမှာ သင့်ရဲ့နေ့စဉ်အမျှင်ဓာတ်လိုအပ်တဲ့ ပမာဏရဲ့ ထက်ဝက်ခန့် ပါဝင်တဲ့အပြင် အသားဓာတ် ၁၄ ဂရမ် ပါဝင်ပါတယ်။

Mg Mandalay

နှလုံးရောဂါ အကြောင်းသိကောင်းစရာလေးတွေ တင်ပေးလိုက်ပါတယ်

နှလုံးရောဂါ အကြောင်းသိကောင်းစရာလေးတွေ တင်ပေးလိုက်ပါတယ်
-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-

၁။ ရင်ဘတ်အောင့်တာမပျောက်ရင်
ခါတိုင်းအောင့် နေကြ ပုံစံ မဟုတ်ဘဲ ရင်ဘတ်အောင့် နေပြီး စက္ကန့် အနည်းငယ် အတွင်း သက်သာ သွားခဲ့ရင် နှလုံး ရောဂါကြောင့် ရင်ဘတ် အောင့်တာ မဟုတ်ပါဘူး။

ဒါဟာ အစာအိမ်မှ အက်ဆစ်တွေ အစာမျိုပြွန်ကို ဆန်တက်တာကြောင့် ရင်ပူတာပါ။ ရင်ဘတ် အောင့်တာ တဖြည်းဖြည်း ပိုဆိုးလာပြီး အနည်းဆုံး မိနစ် အနည်းငယ်ခန့်ထိ မပျောက်မှသာ နှလုံးရောဂါ အတွက် စိုးရိမ်ရမှာပါ။

၂။ အသက်ရှုမဝရင်
လူအများစုမှာ အသက်ရှူ မဝတာဟာ စိတ်ဖိစီးမှု များတာကြောင့် ဖြစ်တာပါ။ အသက်ရှူလို့ မရတဲ့ ခံစားမှုမျိုးဟာ Hyperventilation ကြောင့် ဖြစ်ပြီး သွေးထဲမှာ ကာဗွန်ဒိုင် အောက်ဆိုဒ်တွေ နည်းသွား ပါတယ်။ Treadmill စက်မှာ လမ်းလျှောက် နိုင်ပြီး လမ်းလျှောက် အပြီး အခြေအနေ ပိုမဆိုးရင် မစိုးရိမ် ရပါဘူး။ လူနာဟာ ဒီနေ့မှာ နေကောင်းနေပြီး နောက်တစ်နေ့မှာ လှေကားတက်ရင် လှေကားထစ်တွေမှာ နားပြီး အသက်ဝအောင် ရှူပြီးမှ လှေကား ထစ်တွေ တက်လို့ရတယ်ဆိုရင် စိုးရိမ်စရာ အခြေအနေပါ။

၃။ တစ်ခါမှမခံစားရဖူးသောခန္ဓာကိုယ်အထက်ပိုင်းနာကျင်ရင်
တစ်ခါတစ်ရံ နှလုံး တိုက်ခိုက် ခံရတာဟာ ရင်ဘတ်အောင့်တဲ့ လက္ခဏာ မပြတတ် ပါဘူး။ ရှေးဦးစွာ မေးရိုး မှာနာတာ၊ တံတောင်ဆစ်မှာ နာတာ၊ ဒါမှမဟုတ် သွားနာတာတွေ အနေနဲ့ လက္ခဏာ ပြတတ်ပါတယ်။ ဒါဟာ နှလုံးသွေးကြော ပိတ်တာကြောင့် နာကျင်တာ ဖြစ်ပြီး အာရုံကြောမှ တစ်ဆင့် ဘယ်ဘက်လက် ဒါမှမဟုတ် မေးရိုးကို နာကျင်တာတွေ ရောက်သွား တာပါ။ ဒီလို တစ်ခါမှ မခံစားရဖူးတဲ့ နာကျင်မှု အသစ်တွေ ခံစားရရင် လျစ်လျုရှု မထားပါနဲ့။

ခွဲခြားနိုင်သောနည်းလမ်းနှစ်ခု
အောက်ပါတို့မှာ သင်ခံစား နေရတဲ့ ဝေဒနာကို လျစ်လျူရှုသင့်သလား ဒါမှမဟုတ် ဆရာဝန်ကို ပင့်ရမလား ဆိုတာကို ခွဲခြားနိုင်တဲ့ နည်းလမ်း နှစ်ခုပါ။

၁။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။
နှလုံးသန်မာဖို့ လေ့ကျင့်ခန်း မှန်မှန် လုပ်နေရင် ကောင်းတဲ့ နာကျင်တာနဲ့ မကောင်းတဲ့ နာကျင်တာ တွေကို သင်ခွဲခြား သိရှိ နိုင်ပါတယ်။ လှုပ်လှုပ်ရှားရှား လုပ်နေရင်းနဲ့ ခံစားရတဲ့ ဝေဒနာ ပိုဆိုးလာရင် ဆရာဝန် ပင့်သင့်ပါတယ်။

၂။ သင့်မှာရှိသောဖြစ်နိုင်ချေများကိုလေ့လာပါ။
သင့်မိဘတွေဟာ အသက်၉၀ အရွယ်ထိ အသက်ရှင်နေပြီး သင့်ရဲ့သွေးတွင်း ကိုလက်စထရော အဆင့်ဟာ ပုံမှန်ဖြစ်နေရင် တံတောင်ဆစ်မှာ နာနေတာဟာ တင်းနစ်ကစား တာကြောင့် ဖြစ်နိုင်ပါတယ်။ သင်ခံစားရတဲ့ ဝေဒနာဟာ နှလုံး ရောဂါမှန်း မသေချာရင် ဆရာဝန်နဲ့ ပြဖို့ အမြဲ သတိရပါ။

ကျန်းမာသုတ - မြန်မာ့သားကောင်း မှကူးယူဖြန့် ဝေပေးပါသည်