“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, December 1, 2012

မိဘ

Photo: မိဘ

အဝေးရောက်နေရင် ပိုသိသာတယ်...
မိဘရဲ့ ရပ်တည်မှု

အားငယ်ရင် ပို သိသာတယ်
မိဘရဲ့ ဖြစ်တည်မှု

ဝမ်းနည်းရင် ပိုသိသာတယ်
မိဘရဲ့  ပြုံးရွှင်မှု

ဝမ်းသာရင် ပိုသိသာတယ်
မိဘရဲ့  ဆူပူမှု

တယောက်တည်းနေရင် ပိုသိသာတယ်
မိဘရဲ့  နွေးထွေးမှု

ငိုချင်ရင် ပိုသိသာတယ်
မိဘရဲ့  အားပေးမှု

အထီးကျန်ရင် ပိုသိသာတယ်
မိဘရဲ့  ကြင်နာမှု

မွေးနေ့ ရောက်ရင် ပိုသိသာတယ်
မိဘရဲ့  ပင်ပန်းမှု

အစားထိုးမရတဲ့ အရာတွေမှာ မိဘဆိုတာ နံပတ်၁ပါ

ကိုယ့်ကိုလူလားမြောက်အောင် မွေးဖွားပေးလို့ 
အခုလို စာတွေတတ်လာခဲ့တာ

အခုလို သူငယ်ချင်းတွေရခဲ့တာ

အခုလို လုပ်ကျွေးခွင့်ရခဲ့တာ

ဝမ်းမနည်းပါဘူး...

အခုချိန်ခွဲရတယ် ဆိုတာ နောက်တချိန် လုပ်ကျွေးခွင့်ရဖို့ အခွင့်အရေးစောင့်နေတာပါ

အခုချိန်ဝမ်းနည်းတယ်ဆိုတာ နောက်တချိန် ပျော်ရွှင်ရဖို့ အခွင့်အရေးစောင့်နေတာပါ

အခုချိန် ငိုကြွေးတယ်ဆိုတာ နောက်တချိန် ပြုံးရွှင်ရဖို အခွင့်အရေးစောင့်နေတာပါ

အရိပ်ကိုလိုချင်ရင် အရင်နေပူထဲက လျှောက်လှမ်းရပါတယ်.....

မိဘရဲ့ မျက်နှာနဲ့ အပြုံးကို စဉ်းစားမိတာနဲ့ အရာအားလုံးပြန်ပြုံးပြနိုင်ပါတယ်.....

( ဇင်နှင်း)

facebook မှ

အမေ့ထံမှ ပြန်စာ(ဟာသ)

Photo: ချစ်သော အမေ..
သားမိုက် စာရေးလိုက်ပါတယ်
အမေ့သားမိုက် မိုက်မဲခဲ့တဲ့အပြစ်တွေအတွက် လောကကြီးက AIDS ဆိုတဲ့ရောဂါဆိုးကြီးကို
သားကိုလက်ဆောင်ပေးလိုက်ပြီ အမေ....
သားဘ၀နောက်ဆုံးအချိန်တွေမှာ မိုက်ကျွေးမိုက်ပြစ်တွေ ပေးဆပ်ရင်း
အမေ့ အေးရိပ်မှာခေါင်းချ ပါရစေ...သားမကြာခင်ရွှာကိုပြန်လာခဲ့မယ်အမေ...

အမေ့သားမိုက်
မောင်မောင်
မိခင်ထံမှ ပြန်စာ
သားရေ သားစာကိုဖက် ရလို့ အမေ ရင်တွေကွဲမတက် ခံစားရပါတယ်
ဒါပေမဲ့အမေ တရွာလုံးကောင်းစားရေးအတွက် အမေသားကိုတားပါရစေ သားရယ်

အကြောင်းက တော့သားရေ ....
ငါ့သားသာပြန်လာခဲ့ရင် ပထမ အမေတို့အိမ်က အိမ်ဖော်မလေး ဒီရောဂါ ကူးစက်ပါလိမ့်မယ်
သူသာကူးစက်ခဲ့ရင် မင်းအဖေ စီသေချာပေါက် ကူးစက်မှာပါ
မင်းအဖေသာ ဒီရောဂါရ ရင်အမေ့စီရောက်လာပြီပေါ့..အမေ့စီ ကိုဒီရောဂါရောက်လာရင်
သနားစရာကောင်းလှတဲ့ မင်းဦးလေး(မင်းအဖေရဲ့ညီ) ဒီရောဂါရသွားတော့မယ်...မင်းဦးလေးမိန်းမ လဲ ဒီရောဂါရတော့မှာပဲ
သူ့စီသာရောက်သွားခဲ့ရင်တော့ အမေတို့တရွာလုံးတော့ AIDS ရွာကြီးဖြစ်သွားတော့မှာပေါ့သားရယ်..
အားလုံးကိုကယ်တင်တဲ့အနေနဲ့သားအဲဒီမှာပဲ သားနောက်ဆုံးအချိန်တွေကိုဖြက်သန်းလိုက်ပါတော့

အချစ်များစွာဖြင့်

မေမေ 

Like Like Like Like Like Like Like Like Like Like Like Like Like Like

ချစ်သော အမေ..

ခြင်ဆေးခွေနဲ့ ကျန်းမာရေး

Photo: ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ သတင်းလေးကတော့ ခြင်ဆေးခွေတစ်ခွေကထွက်တဲ့ ခြင်ဆေးငွေ့တွေဟာ စီးကရက် အလိပ်တစ်
ရာနဲ့ ညီမျှတယ်ဆိုတဲ့ သတင်းလေးဖြစ်ပါတယ် ။

ခြင်ဆေးခွေတစ်ခွေကထွက်တဲ့ ခြင်ဆေးငွေ့တွေဟာ စီးကရက် အလိပ်တစ်ရာ နဲ့ ညီမျှတဲ့အတွက် အိန္ဒိယမှာရှိတဲ့လူတွေတော်တော်များများရဲ့ကျန်းမာရေးကို ထိခိုက်စေခဲ့ပါတယ် လို့ ပညာရှင်တွေကပြောကြားခဲ့ပါတယ် ။

“ လူတော်တော်များများ မသိကြသေးပါဘူး ဒါပေမယ့် အဆုတ်ကို ခြင်ဆေးခွေတစ်ခွေက ထိခိုက်စေနှုန်းဟာ အဆုတ်ကို ဆေးလိပ်အလိပ် တစ်ရာက ထိခိုက်စေနှုန်းနဲ့ညီမျှပါတယ် .. ဒါဟာ မလေးရှားမှာ လတ် တလောပြုလုပ်ထားတဲ့လေ့လာစမ်းသပ်မှုတွေကနေ ဖော်ပြနေခြင်းဖြစ်ပါတယ် ” လို့ Chest Research Foundation director တစ်ဦးဖြစ်သူ ဆန်ဒိဆယ်ဗီ က ပြောကြားခဲ့ပါတယ် ။

From; သက်တန့်ချို

ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ သတင်းလေးကတော့ ခြင်ဆေးခွေတစ်ခွေကထွက်တဲ့ ခြင်ဆေးငွေ့တွေဟာ စီးကရက် အလိပ်တစ်
ရာနဲ့ ညီမျှတယ်ဆိုတဲ့ သတင်းလေးဖြစ်ပါတယ် ။

ခြင်ဆေးခွေတစ်ခွေကထွက်တဲ့ ခြင်ဆေးငွေ့တွေဟာ စီးကရက် အလိပ်တစ်ရာ နဲ့ ညီမျှတဲ့အတွက် အိန္ဒိယမှာရှိတဲ့လူတွေေ
တ်ာတော်များများရဲ့ကျန်းမာရေးကို ထိခိုက်စေခဲ့ပါတယ် လို့ ပညာရှင်တွေကပြောကြားခဲ့ပါတယ် ။

facebook