“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, November 25, 2012

အိမ်တစ်လုံးတန်ဖိုးထက်ပို၍ ဈေးကြီးသော iPhone ဟန်းဆက်

Uunique London ကုမ္ပဏီက  ကမ္ဘာ့ဈေးအကြီးဆုံး iPhone ဟန်းဆက်ကို  တီထွင်ထုတ်လုပ်ခဲ့သည်။ အဆိုပါ iPhone ဟန်းဆက်အား အီတလီနိုင်ငံ
လုပ်သားရေ၊ ၁၈ ကာရက်ရှိ ရွှေရောင်နှင်းဆီပွင့်ကြီးနှင့် ရှားပါးသည့် ပန်းရောင်နှင့် အဖြူရောင် စိန်များကို အသုံးပြု၍ အလှဆင်ဖန်တီး ထားသည်။

၎င်း iPhone ဟန်းဆက်၏ တန်ဖိုးမှာ အိမ်တစ်လုံး တန်ဖိုးထက်ပို၍ တန်ဖိုးကြီးကြောင်း၊ မြင်ရသူတိုင်းကကြိုက်နှစ်သက်၍လိုချင်ကြမည်
ဖြစ်ကြောင်း အဆိုပါဟန်းဆက်ကို တီထွင်ဖန်တီးသူ ဒီဇိုင်နာက ပြောကြားခဲ့သည်။

၎င်းဟန်းဆက်အား ဖုန်းပြပွဲတွင် မော်ဒယ်လ်မစ်ချာဘာတန်က ပြသခဲ့ပြီး တန်ဖိုးမှာ စတာလင်ပေါင် ၁၈၉ဝဝဝ ရှိ ကြောင်း သိရသည်။

မြ၀တီ
facebook မှ 

ကျန်းမာ လှပရေး အတွက် တန်ဖိုးရှိ ခရမ်းချဉ် သီးများ

Photo: ကျန်းမာ လှပရေး အတွက် တန်ဖိုးရှိ ခရမ်းချဉ် သီးများ

ဆောင်းပါးရှင်- ထွန်းမင်းဇော်

ခရမ်း ချဉ်သီးသည် စွယ်စုံအသုံး ဝင်ပြီး ခန္ဓာကိုယ် ကျန်းမာရေး အတွက် အထူး သင့်လျော် သည့် အသီးတစ်မျိုး ဖြစ်ပါသည်။ ခရမ်းချဉ် သီးမှာ အင်တီ အောက်ဆီးဒင့် ဓာတ်များ ကြွယ်ဝ ပြီး ဗီတာမင် ဓာတ်များ ပေါများစွာ ပါဝင်၍ ကျန်းမာရေး အတွက် စားသုံးနိုင်ရန် သာမက မျက်နှာနှင့် အသားအရေ အလှအပ အတွက်ပါ အဖိုးတန် အသုံးပြု နိုင်သော အသီး တစ်မျိုး ဖြစ်ပါသည်။

ခရမ်း ချဉ်သီးမှာ ဗီတာမင် စီဓာတ် အပြည့်အဝ ပါဝင်သဖြင့် သွားဖုံးနှင့် သွားရောဂါ မဖြစ်အောင် ကာကွယ် နိုင်သည်။ ဗီတာမင် အေကြောင့် အရိုးများ ကြံ့ခိုင်စေပြီး ခန္ဓာကိုယ်မှာ ကယ်စီယမ် စုပ်ယူမှုကို အားပေးသည်။ အနီရောင် ရဲရဲနီ နေသော ခရမ်းချဉ် သီးမှာ ဗီတာ ကယ်ရိုတင်း ဓာတ်ကြွယ်ဝပြီး စားသုံးပြီးနောက်  ခန္ဓာကိုယ် တွင်းတွင်  ဗီတာမင် အေအဖြစ် ပြောင်းလဲ သွားသဖြင့် အမြင် အာရုံနှင့် ခန္ဓာကိုယ် ခုခံအား စနစ်ကို အထောက်အကူ ပြုပါသည်။

အလှအပ အတွက် အသုံးဝင် ပုံများမှာ ခရမ်းချဉ် သီးရည်နှင့် သခွားသီး အရည် ဆတူ ရော၍ မျက်နှာတွင် ဂွမ်းစဖြင့် ပွတ်လိမ်းပြီး ၁၅မိနစ်ခန့် အကြာရေနှင့် သန့်စင်ပေးလျှင် မျက်နှာပြင်ရှိ အဆီများကို ဖယ်ရှား ပေးပြီး ဝက်ခြံ ထွက်ခြင်းကို တားဆီး နိုင်ပါသည်။ မျက်နှာပြင် အရေပြား ကြမ်းတမ်းခြင်း၊ အနီစက်များ ဖြစ်ခြင်း၊ နေလောင်ခြင်း၊ အသားအရေ မညီညာဘဲ အကွက်များ ဖြစ်ပေါ် လာခြင်း အား ခရမ်းချဉ်သီး အရည် လက်ဖက်ရည် ဇွန်းနှစ်ဇွန်းကို ဒိန်ချဉ် လေးဇွန်းနှင့် ရော၍ အရေပြားပေါ် သေချာစွာ ပွတ်လိမ်းပြီး နာရီ ဝက်လောက် အကြာတွင် မျက်နှာသစ် ပေးခြင်းဖြင့် သက်သာ ပျောက်ကင်း နိုင်ပါသည်။

ခရမ်းချဉ်သီးကို မျက်နှာ မသစ်ခင် ထက်ဝက်ပိုင်း၍ ခရမ်းချဉ် သီးခြမ်းဖြင့် မျက် နှာပေါ် ပွတ်လိမ်း ပေးပါက အသားအရေ နူးညံ့ပြီး အသား အရေ ချောမွတ် လှပလာစေ ပါသည်။ အဲယားကွန်း အခန်းအတွင်း အနေများ၍ အသားအရေ ခြောက်သွေ့ခြင်းအား တစ်နေ့ကို ခရမ်းချဉ်သီး နှစ်လုံးခန့် စားသုံးခြင်း၊ သောက်ရေ(၄) ဖန်ခွက် သောက်သုံး ခြင်းဖြင့် အသားအရေ မွဲခြောက်မှုမှ ကာကွယ် နိုင်ပါသည်။

ခရမ်းချဉ်သီး ဖျော်ရည် တစ်နေ့တစ်ခွက် သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်ဝ နေသူများ အသားအရေ စစ်၍ ကိုယ်ခန္ဓာ သွယ်လျလှပ လာစေနိုင်သည့် အပြင် အသားအရေ ဝင်းပစိုပြည် လာစေပြီး ကိုယ်ဝန်ဆောင် မိခင်များ နေ့စဉ် ဖျော်ရည် တစ်ခွက် သောက် သုံး ပေးခြင်းဖြင့် သံဓာတ် စုပ်ယူမှုကို အားပေးပြီး သွေးလည် ပတ်မှုကို ကောင်းမွန် စေကာ သွေးသား သန့်စင်စေ နိုင်ပါသည်။ ခရမ်းချဉ် သီး စားသုံးခြင်း သည် ခရမ်းချဉ်သီး မစားသုံး သူများထက် ၃၄ ရာခိုင်နှုန်း ခန့် နှလုံးရောဂါ ဖြစ် ပွားနိုင်ခြေ လျော့ နည်း နိုင်ကြောင်းလည်း သိရှိရ ပါသည်။

သို့ဖြစ်ပါ၍ သိပံ္ပအမည် Kycoeersicum ဟု ခေါ်သည့် ခရမ်း ချဉ်သီးသည် မီးဖိုချောင်သုံး  ဟင်းလျာ တစ်ခုတွင် သာမက ရောဂါ ကာ ကွယ်ရေး အတွက်လည်းကောင်း၊ ခန္ဓာကိုယ် အလှအပ ရေးရာအတွက် လည်းကောင်း အသုံးပြု စားသုံးသင့်သည့် သီးနှံ တစ်မျိုး ဖြစ် ပါ ကြောင်း ဖော်ပြလိုက် ရပါသည်။

http://www.myawady.net.mm/post/post2/2012-10-19-06-12-34
ခရမ်း ချဉ်သီးသည် စွယ်စုံအသုံး ဝင်ပြီး ခန္ဓာကိုယ် ကျန်းမာရေး အတွက် အထူး သင့်လျော် သည့် အသီးတစ်မျိုး ဖြစ်ပါသည်။ ခရမ်းချဉ် သီးမှာ အင်တီ အောက်ဆီးဒင့် ဓာတ်များ ကြွယ်
ဝ ပြီး ဗီတာမင် ဓာတ်များ ပေါများစွာ ပါဝင်၍ ကျန်းမာရေး အတွက် စားသုံးနိုင်ရန် သာမက မျက်နှာနှင့် အသားအရေ အလှအပ အတွက်ပါ အဖိုးတန် အသုံးပြု နိုင်သော အသီး တစ်မျိုး ဖြစ်ပါသည်။

ခရမ်း ချဉ်သီးမှာ ဗီတာမင် စီဓာတ် အပြည့်အဝ ပါဝင်သဖြင့် သွားဖုံးနှင့် သွားရောဂါ မဖြစ်အောင် ကာကွယ် နိုင်သည်။ ဗီတာမင် အေကြောင့် အရိုးများ ကြံ့ခိုင်စေပြီး ခန္ဓာကိုယ်မှာ ကယ်စီယမ် စုပ်ယူမှုကို အားပေးသည်။ အနီရောင် ရဲရဲနီ နေသော ခရမ်းချဉ် သီးမှာ ဗီတာ ကယ်ရိုတင်း ဓာတ်ကြွယ်ဝပြီး စားသုံးပြီးနောက် ခန္ဓာကိုယ် တွင်းတွင် ဗီတာမင် အေအဖြစ် ပြောင်းလဲ သွားသဖြင့် အမြင် အာရုံနှင့် ခန္ဓာကိုယ် ခုခံအား စနစ်ကို အထောက်အကူ ပြုပါသည်။

အလှအပ အတွက် အသုံးဝင် ပုံများမှာ ခရမ်းချဉ် သီးရည်နှင့် သခွားသီး အရည် ဆတူ ရော၍ မျက်နှာတွင် ဂွမ်းစဖြင့် ပွတ်လိမ်းပြီး ၁၅မိနစ်ခန့် အကြာရေနှင့် သန့်စင်ပေးလျှင် မျက်နှာပြင်ရှိ အဆီများကို ဖယ်ရှား ပေးပြီး ဝက်ခြံ ထွက်ခြင်းကို တားဆီး နိုင်ပါသည်။ မျက်နှာပြင် အရေပြား ကြမ်းတမ်းခြင်း၊ အနီစက်များ ဖြစ်ခြင်း၊ နေလောင်ခြင်း၊ အသားအရေ မညီညာဘဲ အကွက်များ ဖြစ်ပေါ် လာခြင်း အား ခရမ်းချဉ်သီး အရည် လက်ဖက်ရည် ဇွန်းနှစ်ဇွန်းကို ဒိန်ချဉ် လေးဇွန်းနှင့် ရော၍ အရေပြားပေါ် သေချာစွာ ပွတ်လိမ်းပြီး နာရီ ဝက်လောက် အကြာတွင် မျက်နှာသစ် ပေးခြင်းဖြင့် သက်သာ ပျောက်ကင်း နိုင်ပါသည်။

ခရမ်းချဉ်သီးကို မျက်နှာ မသစ်ခင် ထက်ဝက်ပိုင်း၍ ခရမ်းချဉ် သီးခြမ်းဖြင့် မျက် နှာပေါ် ပွတ်လိမ်း ပေးပါက အသားအရေ နူးညံ့ပြီး အသား အရေ ချောမွတ် လှပလာစေ ပါသည်။ အဲယားကွန်း အခန်းအတွင်း အနေများ၍ အသားအရေ ခြောက်သွေ့ခြင်းအား တစ်နေ့ကို ခရမ်းချဉ်သီး နှစ်လုံးခန့် စားသုံးခြင်း၊ သောက်ရေ(၄) ဖန်ခွက် သောက်သုံး ခြင်းဖြင့် အသားအရေ မွဲခြောက်မှုမှ ကာကွယ် နိုင်ပါသည်။

ခရမ်းချဉ်သီး ဖျော်ရည် တစ်နေ့တစ်ခွက် သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်ဝ နေသူများ အသားအရေ စစ်၍ ကိုယ်ခန္ဓာ သွယ်လျလှပ လာစေနိုင်သည့် အပြင် အသားအရေ ဝင်းပစိုပြည် လာစေပြီး ကိုယ်ဝန်ဆောင် မိခင်များ နေ့စဉ် ဖျော်ရည် တစ်ခွက် သောက် သုံး ပေးခြင်းဖြင့် သံဓာတ် စုပ်ယူမှုကို အားပေးပြီး သွေးလည် ပတ်မှုကို ကောင်းမွန် စေကာ သွေးသား သန့်စင်စေ နိုင်ပါသည်။ ခရမ်းချဉ် သီး စားသုံးခြင်း သည် ခရမ်းချဉ်သီး မစားသုံး သူများထက် ၃၄ ရာခိုင်နှုန်း ခန့် နှလုံးရောဂါ ဖြစ် ပွားနိုင်ခြေ လျော့ နည်း နိုင်ကြောင်းလည်း သိရှိရ ပါသည်။

သို့ဖြစ်ပါ၍ သိပံ္ပအမည် Kycoeersicum ဟု ခေါ်သည့် ခရမ်း ချဉ်သီးသည် မီးဖိုချောင်သုံး ဟင်းလျာ တစ်ခုတွင် သာမက ရောဂါ ကာ ကွယ်ရေး အတွက်လည်းကောင်း၊ ခန္ဓာကိုယ် အလှအပ ရေးရာအတွက် လည်းကောင်း အသုံးပြု စားသုံးသင့်သည့် သီးနှံ တစ်မျိုး ဖြစ် ပါ ကြောင်း ဖော်ပြလိုက် ရပါသည်။

ဆောင်းပါးရှင်- ထွန်းမင်းဇော်
http://www.myawady.net.mm/post/post2/2012-10-19-06-12-34

ရိုဘော့ကောက်ကြောင်းနှင့် မြန်မာ့ရှေ့ဆောင်စက်ရုပ်ပညာရှင်

စက်ရုပ်လို့သိထားကြတဲ့ (Robot)ဆိုတဲ့စကားလုံးကို ၁၉၂၀ပြည့်နှစ်က ချက်ကိုစလိုဗက်ကီးယားစာရေးဆရာ Karel Capekက သူ့ရဲ့ပြဇာတ် "Rossum's UniversalRobots"မှာ စတင်အသုံးပြုခဲ့တယ်လို့ဆိုကြပါတယ်။
Robotဟာ robota ဆိုတဲ့စကားလုံးက ဆင်းသက်လာတာဖြစ်ပြီး ချက်ဘာသာစကားအရ အလုပ်ကိုတကုပ်ကုပ်လုပ်နေရတဲ့အလုပ်သမား၊ စလိုဗက်ခ်ဘာသာစကားအရ အလုပ်လို့ဆိုလိုကြောင်း သိရပါတယ်။
မှတ်တမ်းများအရ ရှေးဦးစက်ရုပ်ကို ၁၇၇၀ခုနှစ်မှာ ဆွစ်လူမျိုး နာရီလုပ်သူ နိုင်ရာရီ ဂျက်ကွက်ရက်က တည်ဆောက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီစက်ရုပ်ဟာ စာရေးတဲ့စက်ရုပ်ဖြစ်ပြီး စာလုံးလေးဆယ်ကျော်ရေးသားနိုင်ပါတယ်တဲ့။
ဒါပေမယ့် ရှေးဦးစက်ရုပ်တွေထဲက ကျွန်တော်သဘောအကျဆုံးစက်ရုပ်ကတော့ ဂျပန်ပညာရှင်တစ်ဦးတီထွင်ခဲ့တဲ့ လူတူစက်ရုပ်ဖြစ်ပါတယ်။

ဂျပန်အက်ဒီဆင်လို့ ခေတ်လူများကခေါ်ဝေါ်ကြတဲ့ ဂျပန်လက်မှုပညာရှင် ဟီဆာရှီဂျီ တာနာကာ တီထွင်ခဲ့တဲ့လူတူစက်ရုပ်ပါ။
အဲဒီစက်ရုပ်ဟာ လက်ဖက်ရည်ခွက်တွေကို စားပွဲဝိုင်းတွေဆီ လိုက်ပို့ပေးနိုင်သလို မြှားကျည်တောက်ထဲက မြှားကိုလည်း ထုတ်ယူပစ်ခတ်နိုင်တယ်၊ ဂျပန်အက္ခရာတွေကိုလည်း ရေးသားနိုင်တယ်လို့ သိရပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း စက်မှုလုပ်ငန်းသုံးပြည်တွင်းဖြစ်လူတူစက်ရုပ်ကို လွန်ခဲ့တဲ့နှစ်များစွာအတွင်း အင်ဂျင်နီယာတစ်ဦးက အောင်အောင်မြင်မြင်တီထွင်နိုင်ခဲ့ဖူးပါတယ်။
အဲဒီမြန်မာ့ရှေ့ဆောင်စက်ရုပ်ပညာရှင်ကတော့ ဦးကြည်ဆိုသူဖြစ်ပါတယ်။

ဆရာဦးကြည်ကို ၁၉၃၄ခုနှစ်၊ဇွန်လ၊၁ရက်နေ့၊ထားဝယ်မြို့မှာ ဖွားမြင်ခဲ့ပြီး ငယ်စဉ်က ထားဝယ်မြို့အထက်တန်းကျောင်းမှာ ပညာသင်ကြားခဲ့ပါတယ်။
ဆယ်တန်းအောင်မြင်ပြီးတဲ့နောက်မှာ ဆရာဟာ အင်းစိန်စက်မှုလက်မှုသိပ္ပံမှာ မြို့ပြအင်ဂျင်နီယာဘာသာရပ်ကို ဆည်းပူးခဲ့ပါတယ်။
ဒါပေမယ့်ဆရာဟာ စက်မှုအင်ဂျင်နီယာဘာသာရက်ကို ပိုစိတ်ဝင်စားခဲ့တယ်လို့ဆိုပါတယ်။
၁၉၅၄ခုနှစ်မှာ ဆရာဟာ အင်းစိန်စက်မှုလက်မှုသိပ္ပံမှာ A.G.T.I(civil)ဒီပလိုမာဘွဲ့ရရှိပြီး အဲဒီကျောင်းမှာပဲ နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
နောက်ပိုင်းဆရာဟာ ကလောစက်မှုလက်မှုသိပ္ပံမှာ လက်ထောက်ကထိကအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် အမေရိကန်ကို နှစ်ရှည်သင်တန်းတက်ရောက်ဖို့ စေလွှတ်ခံခဲ့ရပါတယ်။
နိုင်ငံရပ်ခြားမှာ ပညာသင်ယူရင်းနဲ့ ဆရာဟာ စက်ရုပ်တီထွင်ဖို့အကြံရခဲ့တာလို့ ဆိုပါတယ်။
ဆရာဟာ နိုင်ငံခြားကပြန်လာပြီးတဲ့နောက် အင်းစိန်စက်မှုလက်မှုသိပ္ပံမှာ တာဝန်ထမ်းဆောင်ရင်း စက်ရုပ်တီထွင်ဖို့စလုပ်ပါတယ်။
ဆရာဟာ တပည့်တွေကို စာသင်ကြားပေးရင်းနဲ့ သက်ဆိုင်ရာစာအုပ်စာတမ်းများကို ရှာဖွေလေ့လာဖတ်ရှုရင်း တပည့်တွေအကူအညီနဲ့ အသုံးပြုမယ့် စက်ကိရိယာတွေ ရှာဖွေစုဆောင်းပါတယ်။
အဆင်သင့်ဖြစ်သွားတဲ့အချိန် ၁၉၈၆ခုနှစ်ကျောင်းဆင်းချိန်မှာ ဆရာဟာ ၀ါသနာပါတဲ့ကျောင်းသားတွေကို စုစည်းပြီး စက်ရုပ်ကို စတင်တီထွင်တပ်ဆင်ကြပါတယ်။
စက်ရုပ်အတွက်ကုန်ကျစရိတ်အားလုံးကို ထိုစဉ်က စက်မှု၊စိုက်ပျိုးနှင့် အသက်မွေးပညာဦးစီးဌာနက စိုက်ထုတ်ပေးခဲ့ပါတယ်။
ဒီလိုနဲ့ခြောက်လအကြာမှာ ဆရာတို့အဖွဲ့ဟာ စက်ရုပ်တစ်ရုပ်ကို အောင်မြင်စွာတီထွင်နိုင်ခဲ့ကြပါတယ်။

အဲဒီစက်ရုပ်ကို မော်တော်ကားဆေးမှုတ်လုပ်ငန်းမှာ အသုံးပြုဖို့ ရည်ရွယ်တီထွင်ခဲ့တာပါ။အဲဒီစက်ရုပ်ဟာ ကောင်းမွန်စွာထိုင်နိုင်၊ထနိုင်၊လမ်းလျှောက်နိုင်ပြီး ဆေးမှုတ်တဲ့နေရာမှာလည်း တိကျသေချာတယ်လို့ဆိုပါတယ်။
၁၉၈၆ခုနှစ် ပြည်ထောင်စုပြပွဲမှာ ပြသခဲ့တဲ့အခါ လူကြိုက်အများဆုံးတီထွင်မှုဖြစ်ခဲ့ပါတယ်။
ဆရာဟာ အဲဒီစက်ရုပ်မထွင်ခင်ကတည်းက အလိုအလျောက်ဖွင့်ပိတ်တံခါး၊ နိုင်ငံခြားမှာယခုတိုင်သုံးနေကြဆဲ ကော်ဖီရောင်းစက်ကဲ့သို့သော လက်ဖက်ရည်ရောင်းစက်၊ Remote controlမော်တော်ကားတို့ကိုလည်း တီထွင်ခဲ့ပြီးဖြစ်ပါတယ်။
Remote controlဆိုတာ မြန်မာမပြောနဲ့ ကမ္ဘာမှာတောင် သိပ်မတွင်ကျယ်သေးတဲ့အချိန်မှာ တီထွင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အာလူးအကောင်းနဲ့အပုပ်ရွေးတဲ့စက်၊ ဘီစကွတ်အမျိုးအစားအဆိုးအကောင်းရွေးတဲ့စက်တွေလည်း တီထွင်ခဲ့ပါတယ်။
နောက်ပိုင်းမှာဆရာဟာ စက်ရုပ်ကို လူတို့ရဲ့အမိန့်ပေးစကားနာခံနိုင်စေရန်နဲ့ စကားပြန်လည်တုံ့ပြန်ပြောဆိုနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် စရိတ်စကကြီးမားခြင်း၊ အားပေးကူညီမှုနည်းပါးခြင်းတို့ကြောင့် လက်လျှော့ခဲ့ရတယ်လို့ဆိုပါတယ်။
ဆရာရဲ့ပြိုင်ပွဲဝင်စက်ရုပ်ပင်လျှင် ပြိုင်ပွဲမှာပြသဖို့ပဲ ခွင့်ပြုခဲ့တာလို့ဆိုပါတယ်။
ဆရာဟာ ဆက်လက်ပြီး နိုင်ငံ့တာဝန်များကို ရာထူးအဆင့်ဆင့်ထမ်းဆောင်ခဲ့ပြီး အောင်ဆန်းစက်မှုလက်မှုသိပ္ပံနှင့်အထွေထွေပြုပြင်ရေးကျောင်းအုပ်ကြီးအဖြစ်မှ ၁၉၉၄ခုနှစ်မှာ အနားယူခဲ့ပါတယ်။
ဆရာရဲ့ ဘ၀တစ်လျှောက်မှာ နိုင်ငံခြားတိုင်းပြည်များမှ ကုမ္ပဏီတွေက အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့ကြပေမယ့် ဆရာဟာ လုံးဝထွက်မသွားဘဲ နိုင်ငံအတွက် ပြည်တွင်းမှာပဲ တပည့်တွေကို ပညာသင်ကြားမွေးထုတ်ပေးခဲ့သူဖြစ်ပါတယ်။
အဲဒီအချိန်တုန်းက စက်ရုပ်တီထွင်ဖို့ဆိုတာ တော်တော်ကိုခက်ခဲတဲ့အလုပ်မှန်း လူတိုင်းသိနိုင်ပေမယ့် ဆရာဦးကြည်ကတော့ အောင်မြင်အောင်လုပ်ဆောင်ပြသွားခဲ့ပါတယ်။
အဲဒီအချိန်တုန်းက မြန်မာနိုင်ငံမှာ IC(integrated circuit)တွေကိုတောင် ပေါပေါများများ သိပ်သုံးနိုင်မယ်မထင်ပါဘူး။
အဲဒီလို IC နဲ့ Gear (ဂီယာ)ခေတ်က အင်ဂျင်နီယာတစ်ယောက်ဟာ လူတူစက်ရုပ်တစ်ရုပ်ကို အစအဆုံး အောင်မြင်စွာတီထွင်နိုင်ခဲ့တဲ့အကြောင်း ယနေ့ microprocessor နဲ့ servo motor ခေတ်မှ လူငယ်များ သိရှိအားကျအတုယူနိုင်ကြစေရန် ရေးသားတင်ပြလိုက်ရပါတယ်ခင်ဗျာ။ 

အားလုံးကိုလေးစားစွာဖြင့်

မင်းအရိပ်
စက်ရုပ်လို့သိထားကြတဲ့ (Robot)ဆိုတဲ့စကားလုံးကို ၁၉၂၀ပြည့်နှစ်က ချက်ကိုစလိုဗက်ကီးယားစာရေးဆရာ Karel Capekကသူ့ရဲ့ပြဇာတ် "Rossum's UniversalRobots"မှာ စတင်အသုံးပြုခဲ့တယ်လို့ဆိုကြပါတယ်။Robotဟာ robota ဆိုတဲ့စကားလုံးက ဆင်းသက်လာတာဖြစ်ပြီး ချက်ဘာသာစကားအရ အလုပ်ကိုတကုပ်ကုပ်လုပ်နေရတဲ့အလုပ်သမား၊ စလိုဗက်ခ်ဘာသာစကားအရ အလုပ်လို့ဆိုလိုကြောင်း သိရပါတယ်။