“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, September 27, 2012

ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများ ၏ထူးထူးခြားခြားအချက်များ

ငယ်ရွယ်ရွယ်နှင့် ဆံပင်ဖြူသူ

အမေရိကတိုက်ကို ရှာဖွေတွေ့ရှိခဲ့သည့် အီတလီလူမျိုးရေကြောင်း သွားလာရေးသမား
ခရစ်စတိုဖာကိုလံဘတ်စ် (၁၄၅၁- ၁၅၀၆) ၏ ဆံပင် များသည်
အသက်သုံးဆယ်အရွယ် ၌ ဆွတ်ဆွတ်ဖြူခဲ့ သည်။

သွေးထိုးပေးမှုကို မယုံသည့် မဟာအလက်ဇန်းဒါး

သမိုင်းတစ်လျှောက်လုံး၌ မိမိလက်အောက်ငယ်သားများကို အယုံကြည်ဆုံးဘုရင်ဖြစ်သူ မဟာ အလက်ဇန်းဒါးဘုရင် သည် သူ့အား သူ၏ဆရာဝန်ဖီလစ်က အဆိပ်ခတ်သတ်လိမ့်မည်ဟူသည့် ပစ်စာတစ်စောင်ကို ရရှိခဲ့သည်။ ထိုစာကို ရရှိပြီး သိပ်မကြာလှသည့် ကာလ၌ သူ၏ဆရာဝန် ဖီးလစ်က သူ့အားဆေးသောက်ရန်ပေးလာခဲ့သည်။

မဟာ အလက်ဇန်းဒါးသည် သူရရှိထား သည့် ပစ်စာကို သူ၏ဆရာဝန်အား ပေးဖတ်စေခဲ့ပြီး၊ ထိုစာကို သူ့အနေဖြင့် လုံးဝမယုံကြည် ကြောင်းပြသသည့် အနေဖြင့် ဖီးလစ်ပေးသည့် ဆေးခွက်ကို တစ်ကျိုက်တည်းဖြင့် ကုန်အောင် မော့ သောက်ပစ်လိုက်သည်။ မဟာအလက်ဇန်းဒါးဘုရင်ဘာမှ မဖြစ်ခဲ့ပါ။

မှတ်ဥာဏ်ကောင်းသည့် ဧကရာဇ်

ရောမဧကရာဇ် ဟာဒြီယန်(၇၆-၁၃၈) သည် မှတ်ဥာဏ်အလွန်ကောင်းသူဖြစ်သည်။
သူသည် ရောမတပ်မတော်ရှိတပ်သားမှသည် ဗိုလ်ချုပ်ကြီးအထိ
တပ်မတော်သားအားလုံး၏ အမည်နှင့် ရုပ်ကိုပါမှတ်မိသိရှိသည်။


လခ နှစ်(၅၀) အတွက် ကြိုပေးခြင်းခံရသူ

ပြင်သစ်လူမျိုးအတွေးခေါ်ပညာရှင် ဒဲနစ်စ်ဒီဒီရော့(တ်) (၁၇၁၃-၁၇၈၄) အား
ရုရှားဘုရင်မကြီး မဟာကတ်သရင်း (၁၇၂၉-၁၇၉၆) က စာကြည်တိုက်မှူးအဖြစ်ခန့်အပ်ခဲ့ပြီး၊
နှစ်(၅၀)အတွက် လခ ကိုကြိုပေးထားခဲ့သည်။ သို့သော် ဒီဒီရော့(တ်) သည် လုပ်သက် (၁၉)နှစ်အကြာ၌
ကွယ်လွန်အနိစ္စရောက်ခဲ့သည်။

မှတ်ဥာဏ်ကောင်းသည့် အင်္ဂလိပ်ဘုရင်

တတိယမြောက် ဂျော့ဘုရင် (၁၇၃၈-၁၈၂၀)သည် အလွန်မှတ်ဥာဏ်ကောင်းသူဖြစ်သည်။
သူသည် ဗြိတိသျှရေတပ်မတော်မှ အရာရှိ(၄ ၅၀၀)၏ တစ်ဦးချင်းအား
အမည်ရောမျက်နှာပါ မှတ်မိနေခဲ့ပြီး၊မည်သည့် အရာရှိအား
မည်သည် သင်္ဘော၌ တာဝန်ချထားပေးသည်ဆိုသည် ကိုပါ မှတ်မိနေသည်။
 
http://www.mmitpalace.com/profiles/blog/show?id=6456788%3ABlogPost%3A265459&xgs=1&xg_source=msg_share_post

စိတ်ဖောက်ပြန်ရောဂါကို မြွေဟောက်၏အဆိပ်ဖြင့် ကုသနိုင်

 
ဆင်တစ်ကောင်ကိုပင် တုံးလုံး လဲကျ သွားနိုင်အောင် ပေါက်သတ်နိုင်သော တောကြီးမြွေဟောက်၏ အဆိပ်သည်
ဦးနှောက် ဒဏ်ရာရမှုကြောင့် ဖြစ်သော စိတ်ဖောက်ပြန်မှု ရောဂါဖြစ်စတွင်ကုသနိုင်ကြောင်း စင်ကာပူအမျိုးသား တက္ကသိုလ်မှ သုတေသီများကတွေ့ရှိခဲ့ကြသည်။

အဆိပ်အတောက် ကျွမ်းကျင်သူ မန်ဂျူနာသာကီနီက ဗက်တီးရီးယား ပိုးကြောင့်ဖြစ်သော
အဆိပ်အတောက်သည် ကြွက်သား အာရုံကြောနှိုးဆွမှုကို ကာကွယ်ပေးခြင်းဖြင့်
ကြွက်သားများ ကျဉ်းမြောင်းသွားမှုကို သက်သာစေကြောင်း ပြောသည်။

ထိုဆေးကို ခြောက်လမှ ရှစ်လ အတွင်းတစ်ကြိမ် ထိုးပေးခြင်းဖြင့် နို့တိုက် သတ္တဝါများတွင် ရှိသောNA-CHR (ပတ်ဝန်းကျင် ပြောင်းလဲမှုများကိုမှတ်သား၍ မိမိအာရုံကြောစနစ်တွင်လှုံ့ဆော်စေသောဆဲလ်)တွင် အကျိုးသက်ရောက်မှုရှိသည်ကိုတွေ့ရသည်။

သို့သော် ယခုအချိန်ထိ ထိုဆေးကို ကြွက်များနှင့်သာစမ်းသပ် သောအဆင့်တွင်သာ ရှိကြောင်း သိရသည်။



လူသားများတွင်ဖြစ်ပေါ်တတ်သော ဦးနှောက်ဒဏ်ရာကြောင့် စိတ်ဖောက် ပြန်မှုရော
ဂါကို ကုသနိုင်ဖွယ်ရှိကြောင်း ပါမောက္ခကီနီက ပြောပြသည်။
စင်ကာပူအမျိုးသားတက္ကသိုလ်မှ ၁၀ဦးပါအဖွဲ့သည် သြစတြေးလျ၊ ဆွစ်ဇာလန် အစရှိသောနိုင်ငံ
များမှ သုတေသီများဖြင့် ပူးပေါင်းဆောင်ရွက်နေကြပြီး ၎င်းတို့၏ တွေ့ရှိချက် များကို ဆေးပညာ
ဂျာနယ်တွင် ထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။

တောကြီးမြွေဟောက်၏အဆိပ် မှထုတ်လုပ်သော Haditoxin ဓာတ် ပေါင်းသည် သုတေသီများ
အတွက်တတိယ ဆေးအမျိုးအစားသာဖြစ်ပြီးစိတ်ပူပန်မှု ရောဂါကိုကုသောOhanin နှင့် သွေး
တိုးရောဂါကုသနိုင်သောB-Ca- rdiotoxin ဓာတ်ပေါင်းများလည်း ပါဝင်သည်။ ၎င်းဆေးများကို သုတေသန ပြုဆဲဖြစ်ပြီး ဆေးဝါးအဖြစ် ထုတ်လုပ်မည် ဖြစ်သည်။

Mg Mandalay Face Book မှကူးယူဖော်ပြသည်။
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A474400&xgs=1&xg_source=msg_share_post

အိန္ဒိယနိုင်ငံ၊ သာဝတ္တိရှိ အာနာန္ဒာဗောဓိပင်သမိုင်း

တချိန်က မြတ်စွာဘုရား သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတော်မှာ ကိန်းအောင်းမွေ့လျော် သီတင်းသုံးတော်မူစဉ်တုန်းက၊ အမှန်တော့ သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းဆိုတာ မြတ်စွာဘုရား အများဆုံး သီတင်းသုံးတဲ့ ကျောင်းတော်ကြီး ဖြစ်ပါတယ်။
သာဝတ္ထိမြို့ဟာလည်း မြတ်စွာဘုရား အများဆုံး သီတင်းသုံးတဲ့ မြို့တော်ကြီး ဖြစ်ပါတယ်။

ဇေတဝန်ကျောင်းတော်ကြီးရဲ့ ဒကာ အများကြားဖူးတဲ့ အနာထပိဏ်သူဌေးကြီး၊ အဲဒီ ဇေတဝန်ကျောင်းမှာ မြတ်စွာဘုရား သီတင်းသုံးတော်မူစဉ်တုန်းက၊ သီတင်းသုံးတယ်ဆိုပေမယ့် မြတ်စွာဘုရားဟာ ဘယ်ကျောင်းမှာမှ အမြဲ မနေနိုင်ပါဘူး။
သတ္တဝါများအတွက် တရားဟောဖို့ ဒေသစာရီ ကြွချီပြီးတော့ သွားနေရစမြဲပါ။
အေးအေးချမ်းချမ်း အေးအေးဆေးဆေး ကျောင်းမှာထိုင်ပြီး သီတင်းသုံးနေတယ်ဆိုတာ အင်မတန်မှ နည်းပါတယ်။

ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးသော်လည်းပဲ ကျွတ်ထိုက်တဲ့ ဝေနေယျသတ္တဝါများ နေ့တိုင်းနေ့တိုင်း ဉာဏ်မျက်စိမှာ ဖြန့်ကြည့်ပြီးတော့ ဉာဏ်ထဲမှာ ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်များ၊ ဘုရားရဲ့ ကျေးဇူးပြုခံထိုက်တဲ့ ပုဂ္ဂိုလ်များ ပေါ်လာတယ်ဆိုရင် ဘယ်လောက်ပဲ ဝေးဝေး၊ တယောက်တည်းဖြစ်ပါစေ ဆင်းရဲချမ်းသာမရွေး၊ အယုတ်အလတ် အမြတ်မရွေး ကြွရောက်ပြီးတော့ တရားဟောရတယ်။ တခါတရံလည်း နေ့ချင်းပြန်ပေါ့။ တခါတရံလည်း ရက်ရှည် ခရီးကြွနေရတာပဲ။

အဲဒီလို မြတ်စွာဘုရား သတ္တဝါများအတွက် တရားဟောဖို့ ခရီးဒေသစာရီ ကြွချီတဲ့အခါ မြို့ထဲမှာ ရှိတဲ့ ဒကာ ဒကာမတွေကတော့ နေ့တိုင်းနေ့တိုင်း ကျောင်းသို့ လာနေကျပါ။
ဘုရားရှိလည်း လာတာပဲ။ ဘုရားမရှိလည်း လာကြတာပဲ။
မနက်ပိုင်းလာလည်း မနက်ပိုင်း လှူဖွယ်တန်းဖွယ်တွေနဲ့။
နေ့လည်ပိုင်းလာလည်း နေ့လည်ပိုင်းအလျောက် လှူဒါန်းဖွယ်တွေနဲ့။
ညနေပိုင်းရောက်တော့လည်း ပန်းတို့ ဆီမီးတို့ စတဲ့ လှူဖွယ်တန်းဖွယ်တွေနဲ့ ကျောင်းလာကြတယ်။

အထူးအားဖြင့် မြတ်စွာဘုရားအား ပူဇော်ဖို့ ဖူးဖို့ဆိုပြီးတော့ ပန်းစသည် ယူပြီးတော့ ဒကာ ဒကာမတွေ ဇေတဝန်ကျောင်းလာကြတော့ မြတ်စွာဘုရား ဒေသစာရီ ကြွချီခိုက်နဲ့ ကြုံကြိုက်တဲ့အခါမှာ ဘုရားနှင့် မတွေ့ကြရဘူး။
သူတို့ ရည်ရွယ်ချက်က ဘုရားပူဇော်မယ်ဆိုတဲ့ ရည်ရွယ်ချက်နှင့် ပန်းစသည် လှူဒါန်းဖွယ်မျိုးစုံ ယူလာကြတယ်။ လှူဖို့ ယူလာကြတယ်။

ကျောင်းရောက်တော့ ဘုရားနဲ့ မတွေ့တော့ စိတ်ထဲမှာ ဟာခနဲ ဖြစ်သွားကြတယ်။
စိတ်ထဲမှာ ဟာခနဲဖြစ်တော့ ဘုရားကို ပူဇော်ဖို့ ယူခဲ့တာ ဘုရားနှင့်က မတွေ့၊ ဘုရားကိုယ်စား ဘယ်အနား သွားပူဇော်ရမယ်လို့လည်း အသိတရားက မရှိသေး။
ဒီလိုဆိုတော့ ယူလာခဲ့တဲ့ ပန်းစတဲ့ လှူတန်းဖွယ်တွေကို မြတ်စွာဘုရား သီတင်းသုံးတဲ့ ဂန္ဓာကုဋိကျောင်းတံခါးဝနား စွန့်ထားခဲ့ပြီးတော့ အားငယ်တဲ့စိတ်ကလေးတွေနဲ့ အိမ်ပြန်,ပြန်သွားကြရတယ်။
တစ်ခါ မဟုတ်ဘူး၊ နှစ်ခါ မဟုတ်ဘူး။ အကြိမ်ကြိမ်ပဲ အဲဒီလို ဖြစ်ကြတယ်။
ဘုရားကလည်း ကျောင်းမှာ အမြဲတမ်း သီတင်းသုံးနေနိုင်တာ မဟုတ်ဘူး။ ဒေသစာရီ ကြွချီရတာက အများကြီး။

အဲဒီလို ဘုရား ဒေသစာရီ ကြွချီခိုက်နဲ့ ကြုံရတဲ့အခါများမှာ ဘုရားဖူးလာတဲ့ ပုဂ္ဂိုလ်တွေ၊ ဘုရားနှင့် မတွေ့ကြရတော့ အားငယ်ကြတယ်တဲ့။
ဆောက်တည်ရာ မရှိသလိုလို ကိုးကွယ်ရာ မရှိသလိုလို အဲလို ဖြစ်ကြတယ်။
လှူဖို့တန်းဖို့ ယူခဲ့ကြတဲ့ ပန်းစတဲ့ လှူဒါန်းဖွယ်များကိုလည်းပဲ ပူဇော်စရာ နေရာက မသိသေးတော့ ဂန္ဓကုဋိကျောင်းတံခါးဝ စသည်မှာ ပစ်ထားခဲ့ကြတယ် တဲ့။

အဲဒါနဲ့ မြတ်စွာဘုရား ဒေသစာရီ ကြွချီရာက ပြန်လာတဲ့အခါ အရှင်အာနန္ဒာလည်း ပါလာတယ်။
ဘုရားကြွသွားရင် အရှင်အာနန္ဒာလည်း လိုက်သွားရသဖြင့် ဘုရားပြန်ကြွလာရင် အရှင်အာနန္ဒာလည်း ပါလာစမြဲ။

ဒီတော့ ဒကာ ဒကာမတွေက ဒီအကြောင်းကို ပဓာနကျောင်းဒကာကြီးဖြစ်တဲ့ အနာထပိဏ်သူဌေးကြီးကို ပြောကြတာပေါ့။
မြတ်စွာဘုရားဖူးဖို့ မြတ်စွာဘုရားထံ လှူဖို့တန်းဖို့ ပူဇော်ဖို့ သွားတဲ့အခါ ဘုရားနဲ့ မတွေ့ရလို့ အားငယ်တဲ့အကြောင်း၊ ပူဇော်စရာ မတွေ့လို့ ပန်းစသည်ကို ဂန္ဓကုဋိကျောင်းတံခါးမှာ စွန့်ပစ်ထားခဲ့ရတဲ့အကြောင်း၊ ဒါကြောင့် တကယ်လို့များ ဘုရားရှင် ဒေသစာရီ ကြွချီတဲ့အခါမှာ ဘုရားအား ပူဇော်စရာ ဘုရားကိုယ်စား ပူဇော်စရာလေးများ ရှိရင် ကောင်းမှာ၊ မြတ်စွာဘုရားအား လျှောက်ပေးပါဦးလို့ လူတွေက ကျောင်းဒကာ အနာထပိဏ်သူဌေးကြီးကို ပူဆာကြ ပြောကြတယ်။

အဲဒါနဲ့ မြတ်စွာဘုရား ဒေသစာရီ ကြွချီရာက ပြန်ကြွလာတဲ့အခါ အရှင်အာနန္ဒာလည်း ပါလာတော့ အရှင်အာနန္ဒာထံ သွားပြီးတော့ အနာထပိဏ်သူဌေးကြီးက လျှောက်တယ်။
အရှင်ဘုရား .. မြတ်စွာဘုရားက ဇေတဝန်ကျောင်း သီတင်းသုံးတယ်ဆိုပေမယ့် အမြဲတမ်း သီတင်းသုံးနိုင်တာ မဟုတ်တော့ သတ္တဝါများအတွက် တရားဟောဖို့ သွားရတယ်ဆိုတော့၊ မြတ်စွာဘုရား ဒေသစာရီ ကြွချီတဲ့အခါ ဟောဒီ ဇေတဝန်ကျောင်းထဲမှာ ဘုရားဆိတ်သုဉ်းသလိုပဲ ဖြစ်နေပါတယ်ဘုရား။ ဘုရားဖူးဖို့ လှူဖို့ တန်းဖို့ လာတဲ့ ပုဂ္ဂိုလ်များ ဘုရားနဲ့ မတွေ့တော့ အားငယ်ကြတယ် ဘုရား။ ဘုရားကိုယ်စား ကိုးကွယ်စရာကလည်း မရှိတော့ လှူဖို့ တန်းဖို့ ယူခဲ့တဲ့ ဥစ္စာတွေကို ဂန္ဓကုဋိကျောင်းတိုက်တံခါးနားမှာ ဒီအတိုင်းပဲ ချထားခဲ့ စွန့်ထားခဲ့ရတယ် ဘုရား။

ဒါကြောင့် မြတ်စွာဘုရားကို လျှောက်ပေးပါပေါ့။
ဘုရားမရှိတဲ့အခါ ဘုရားကိုယ်စား ကိုးကွယ်စရာ ပူဇော်စရာများ မြတ်စွာဘုရား မိန့်ကြားပေးပါဘုရား၊ ညွှန်ကြားပေးတော်မူပါဘုရား။
အဲဒီလို အရှင်ဘုရားက မြတ်စွာဘုရားကို လျှောက်ပေးပါဦးဘုရားလို့ ကျောင်းဒကာ အနာထပိဏ်သူဌေးကြီးက (အရှင်အာနန္ဒာ၊ လောကအပြောတော့ ဘုရားရဲ့ ကိုယ်ရေးအရာရှိပေါ့။ ဘုရားရဲ့ ကိုယ်ရေးအရာရှိလို့ ခေါ်ဆိုရမယ့်) အရှင်အာနန္ဒာကို လျှောက်တော့ -
အရှင်အာနန္ဒာက မြတ်စွာဘုရားထံ သွားလျှောက်။

မြတ်စွာဘုရားထံ သွားလျှောက်တော့ အရှင်အာနန္ဒာက မေးခွန်းပဲ လျှောက်ပါတယ်။

“မြတ်စွာဘုရား၊ လောကမှာ စေတီဘယ်နှမျိုး ရှိပါသလဲ ဘုရား”

“သုံးမျိုးရှိတယ် အာနန္ဒာ”

သုံးမျိုးဆိုတာက ‘ဓမ္မစေတီ’မပါဘဲနဲ့ သုံးမျိုးပြောတာပါ။
တချို့နေရာမှာ လေးမျိုးဆိုတာက ‘ဓမ္မစေတီ’ထည့်ပြီးတော့ လေးမျိုးလို့ ပြောတာ။
အခု မြတ်စွာဘုရားက -

“သုံးမျိုးရှိတယ် အာနန္ဒာ”

“အဲဒီ သုံးမျိုးက ဘာတွေလဲဘုရား”

“သုံးမျိုးဆိုတာ ‘ပရိဘောဂစေတီ’၊ ‘ဥဒ္ဒိဿစေတီ’၊ ‘ဓာတုစေတီ’ပေါ့”

ဓာတုစေတီကို ‘သရီရစေတီ’လို့လည်း ခေါ်တယ်။
မြတ်စွာဘုရားရဲ့ ခန္ဓာကိုယ်မှ ဖြစ်ပေါ်လာသောကြောင့် ဓာတုစေတီကို သရီရစေတီလို့လည်း ခေါ်တယ်။
ဒါကြောင့် -
“ပရိဘောဂစေတီရယ်၊ ဥဒ္ဒိဿစေတီရယ်၊ ဓာတုစေတီရယ်လို့ သုံးမျိုးရှိတယ် အာနန္ဒာ၊ အဲဒီသုံးမျိုးရှိတယ် အာနန္ဒာ”

အဲဒီ သုံးမျိုးထဲမှာ ‘ဓမ္မစေတီ’ထည့်လိုက်ရင် စေတီလေးမျိုးဆိုတာ ပေါ်လာတယ်။

စေတီဆိုတာ ပါဠိလို ‘စေတိယ’။
စေတိယဆိုတာ မြတ်နိုးထိုက်တယ်၊ ပူဇော်ထိုက်တယ်၊ လေးစားထိုက်တယ်၊ မြတ်မြတ်နိုးနိုး အားကိုးထိုက်တယ် အဲဒါကို စေတီလို့ ခေါ်ပါတယ်။

အဲဒီ သုံးမျိုးရှိတယ်လို့ မြတ်စွာဘုရားက မိန့်ကြားတော့ အရှင်အာနန္ဒာက -

“မြတ်စွာဘုရား .. အဲဒီ စေတီသုံးမျိုးကို မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်မှာပဲ တည်လို့ ဖြစ်ပါသလား ဘုရား”လို့ အရှင်အာနန္ဒာက ပညာရှိပီပီ လျှောက်တယ်။
ဒကာ ဒကာမတွေက ဘယ်လို လျှောက်ခိုင်းလို့ဘုရား၊ အနာထပိဏ်သူဌေးကြီးက ဒီလိုလျှောက်ခိုင်းလို့ဘုရား တလုံးမှ မပြောဘူး။
ပညာရှိကြီးပီပီပဲ လိမ္မာပါးနပ်စွာ စေတီတည်လို့ ဖြစ်ပါမယ့်အကြောင်းကို လမ်းခင်းပြီးတော့ အရှင်အာနန္ဒာ လျှောက်နေပုံကလေး။

အဲဒီ စေတီသုံးမျိုး ပရိဘောဂစေတီ၊ ဥဒ္ဒိဿစေတီ၊ ဓာတုစေတီဆိုတဲ့ စေတီသုံးမျိုး။
“မြတ်စွာဘုရား သက်တော်ထင်ရှားရှိနေစဉ်မှာပဲ တည်လို့ ဖြစ်ပါသလားဘုရား”ဆိုတော့

“နှစ်မျိုးတည်လို့ ဖြစ်တယ် အာနန္ဒာ”

ဓာတုစေတီဆိုတာကတော့ ဘုရား ပရိနိဗ္ဗာန် စံမှပဲ တည်လို့ ဖြစ်တယ်။
ဓာတုစေတီဆိုတာ ဘုရားရဲ့ အရိုးဓာတ်တော်ကို ခေါ်တာ။
အရိုးဓာတ်တော်ဆိုတာကတော့ ဘုရားမရှိတဲ့နောက် ပရိနိဗ္ဗာန်စံပြီးမှပဲ ရမှာပေါ့။

ပရိဘောဂစေတီနဲ့ ဥဒ္ဒိဿစေတီဆိုတာကတော့ ငါဘုရား သက်တော်ထင်ရှားရှိနေစဉ်မှာပဲ တည်လို့ ဖြစ်ပါတယ် အာနန္ဒာဆိုတော့ အရှင်အာနန္ဒာက ဒီလိုဆို မြတ်စွာဘုရား၊ မြတ်စွာဘုရား သက်တော်ထင်ရှားရှိနေစဉ်မှာပဲ ပရိဘောဂစေတီနှင့် ဥဒ္ဒိဿစေတီ တည်လို့ဖြစ်တယ်ဆိုရင် တပည့်တော် စေတီတည်ချင်ပါတယ်ဘုရား ဆိုတော့ -

မြတ်စွာဘုရားက ပရိဘောဂစေတီဆိုတာ ငါဘုရား အသုံးအဆောင် သဗ္ဗညုတရွှေဉာဏ်ကို ထိုးထွင်း၍ သိရာဖြစ်တဲ့ ဗောဓိပင်ပေါ့။

ဗောဓိပင်လို့ ပြောလိုက်ရင် သပိတ်တော်တို့၊ သင်္ကန်းတော်တို့ စတဲ့ ဘုရား အသုံးအဆောင်၊ ပြီးတော့ စေတီကြီးတွေပေါ့။
မြေပေါက်စေတီဆိုတာ အမှန်တော့ ဘုရားရဲ့ သီတင်းသုံးရာ ကျောင်းဆောင်ကြီးတွေပါ။
ကျောင်းဆောင်ကြီးတွေဆိုတာကလည်း အသုံးအဆောင်တွေမို့လို့ ပရိဘောဂစေတီပဲ။
စေတီကြီးတွေမှန်သမျှအားလုံး ဘုရားရဲ့ သီတင်းသုံးရာ အုတ်ဂူ၊ အုတ်ကျောင်းကြီးများသဖွယ် တည်ဆောက်ထားတာ ဖြစ်သောကြောင့် ပရိဘောဂစေတီအရာမှာ တည်တယ်။
ဗောဓိပင်တို့ဆိုတာလည်းပဲ မြတ်စွာဘုရားရဲ့ အသုံးအဆောင် ပရိဘောဂစေတီလို့ပဲ ခေါ်တယ်။
ဘုရားရဲ့ အသုံးအဆောင် သပိတ်တော်တို့၊ သင်္ကန်းတော်တို့ စတဲ့ ဥစ္စာအားလုံး၊ အသုံးအဆောင်အားလုံးကို ပရိဘောဂစေတီ။

ဒါကြောင့် -
“ငါဘုရား သဗ္ဗညုတဉာဏ် ထိုးထွင်းသိရာဖြစ်တဲ့ ဗောဓိပင်ဆိုတာ ပရိဘောဂစေတီပဲ ချစ်သား အာနန္ဒာ”

ဥဒ္ဒိဿစေတီဆိုတာကတော့ ငါဘုရားရဲ့ ဂုဏ်တော်ကို အာရုံပြုပြီးတော့ ကြည်ညိုမြတ်နိုးစွာ ကိုးကွယ်ရတဲ့ အလုပ်ပါ။
အဓိကတော့ အာရုံပြုတတ်ဖို့ စိတ်အားထက်သန်ဖို့သာ ပဓာနပါ။

အဲဒီလိုဆိုတော့ မြတ်စွာဘုရား အဲလို မိန့်ကြားတော်မူတော့ အရှင်အာနန္ဒာက အဲလိုဆိုလို့ရှိရင် တပည့်တော် ဟောဟိုက ဇေတဝန်ကျောင်းတံခါးပေါက်မှာ မြတ်စွာဘုရား သဗ္ဗညုတဉာဏ်ကို ထိုးထွင်းသိမြင်ရာဖြစ်တဲ့ မဟာဗောဓိပင်က ဗောဓိစေ့ကို ယူပြီးတော့ ဗောဓိပင် စိုက်ပျိုးချင်ပါတယ် ဘုရား တဲ့။

မြတ်စွာဘုရား ကျောင်းမှာ မရှိတဲ့အခါမှာ ဒကာ ဒကာမတွေ ပူဇော်ဖို့ လာတဲ့အခါမှာ မြတ်စွာဘုရားနဲ့ မတွေ့တော့ ပူဇောစရာနေရာ မတွေ့တော့ အားငယ်ကြတယ် ဘုရား။
ဒါကြောင့် မြတ်စွာဘုရား မရှိတဲ့အခိုက် ဒကာ ဒကာမတွေ ပူဇော်ဖို့ လှူတန်းဖို့ လာကြတဲ့အခါ ပူဇော်စရာ လှူတန်းစရာ ဘုရားကို အာရုံပြု ပူဇော်လှူတန်းစရာအဖြစ်ဖြင့် ရအောင် ပရိဘောဂစေတီအဖြစ် ဇေတဝန်ကျောင်းတံခါးပေါက်မှာ ဗောဓိပင် စိုက်ချင်တယ်ဘုရား၊ ဗောဓိပင်ကလည်း မြတ်စွာဘုရား သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိရာဖြစ်တဲ့ မဟာဗောဓိပင်က ဗောဓိညောင်စေ့ကို ယူပြီးတော့ စိုက်ပျိုးမှာပါဘုရားလို့ အရှင်အာနန္ဒာက လျှောက်တော့ မြတ်စွာဘုရားက -

ကောင်းတာပေါ့ အာနန္ဒာ၊ ဇေတဝန်ကျောင်း တံခါးပေါက်မှာ ဗောဓိပင်ကြီး စိုက်ပျိုးလိုက်တော့ ဟောဒီ ဇေတဝန်ကျောင်းကြီးဟာ ငါဘုရား အမြဲသီတင်းသုံးသလို ဖြစ်သွားမှာပေါ့။
ဒီဇေတဝန်ကျောင်းထဲမှာ ငါဘုရား အမြဲသီတင်းသုံးနေသလို ဖြစ်တော့မှာ။
လာသမျှလူတွေ လှူဖို့တန်းဖို့ ပူဇော်ဖို့ အားကိုးဖို့ လာကြတဲ့ ပုဂ္ဂိုလ်အားလုံး ဘုရားရဲ့ဂုဏ် အာရုံပြုပြီးတော့ လှူကြတန်းကြ ပူဇော်ကြမယ်ဆိုရင် ကုသိုလ်တွေ ပွားကြမှာပေါ့။
ငါဘုရားနဲ့ အမြဲတွေ့နေသလိုပဲ နေမှာပေါ့ အာနန္ဒာ။
ဘုရားက ကောင်းတယ်လို့ ထောက်ခံတယ်။ ခွင့်လည်း ပြုတယ်။

အဲဒီ အကြောင်းအရာကို အရှင်အာနန္ဒာက ပသေနဒီကောသလမင်းကြီးထံလည်း အကြောင်းကြားတယ်။
ကျောင်းဒကာ အနာထပိဏ်သူဌေးကြီးထံလည်း အကြောင်းကြားတယ်။
ပုပ္ဖါရုံကျောင်းအမကြီး ဝိသာခါထံလည်း အကြောင်းကြားတယ်။
ဒီအပြင် အရေးပါ အရာရောက်တဲ့ ဒကာ ဒကာမတွေထံလည်း အကြောင်းကြားတယ်။

ပြီးတော့ အရှင်အာနန္ဒာက အရှင်မဟာမောဂ္ဂလာန်ထံ သွားအကူအညီတောင်း။
“အရှင်ဘုရား .. တပည့်တော် ဇေတဝန်ကျောင်းတံခါးပေါက်မှာ ဗောဓိပင် စိုက်ပျိုးချင်တယ် ဘုရား၊ အရှင်ဘုရားရဲ့ တန်ခိုးနှင့် မဟာဗောဓိပင်က ဗောဓိညောင်စေ့ရအောင် ဆောင်ရွက်ပေးတော်မူစေချင်ပါတယ်ဘုရား” ဆိုတော့ -

အရှင်မဟာမောဂ္ဂလာန်က “ဟာ လွယ်ပါတယ် အာနန္ဒာ၊ ဗောဓိညောင်စေ့ရဖို့ မခက်ပါဘူး၊ ငါ တာဝန်ယူပါတယ်” ဆိုပြီးတော့ အရှင်မဟာမောဂ္ဂလာန်က တန်ခိုးနဲ့ ကောင်းကင်ခရီးကနေ မြတ်စွာဘုရား ပွင့်ခဲ့တဲ့ မဟာဗောဓိပင်ကို ကြွ၊ အဲဒီကို ကြွပြီးတော့ ဗောဓိညောင်သီးတစ်လုံးဟာ အညှာကနေ ကြွေကျခိုက် အရှင်မဟာမောဂ္ဂလာန်က ဟိုအောက်က မြေကြီးပေါ် မရောက်မီ ကြွေကျလျှင် ကြွေကျချင်း သင်္ကန်းနဲ့ လှမ်းခံယူလိုက်တယ်။

သင်္ကန်းနဲ့ လှမ်းခံယူပြီးတော့ ကောင်းကင်ခရီးနဲ့ပဲ ဇေတဝန်ကျောင်းကို ပြန်ကြွခဲ့တယ်။
ဗောဓိညောင်သီးတစ်လုံး ပါလာခဲ့တယ်။

အဲဒီထဲမှာ ညောင်စေ့တွေ မျိုးစေ့တွေ ပါလာတယ်ပေါ့။
အရှင်အာနန္ဒာက ဒကာ ဒကာမတွေ အသိပေးပြီးတော့ စေခိုင်းသင့်တဲ့ ပုဂ္ဂိုလ်များကို ကျောင်းတံခါးပေါက်မှာ မြေရှင်း၊ တွင်းများတူးခိုင်းပေါ့။
အားလုံး ကိစ္စပြီးပြီဆိုတဲ့အခါမှာ ရွှေပေါင်းချောင်ထဲမှာ နံ့သာနဲ့ထုံထားတဲ့ မြေများ ထည့်ပြီးတော့ အဲဒီ ဗောဓိညောင်စေ့များကို ချပြီးတော့ ပသေနဒီကောသလမင်းကြီးကို စိုက်ပျိုးခိုင်း။
ပသေနဒီကောသလမင်းကြီးကလည်း ကျောင်းဒကာ အနာထပိဏ်သူဌေးကြီးလက်ထဲ လွှဲ။
အနာထပိဏ်သူဌေးကြီးက ဗောဓိညောင်စေ့ကို အဲဒီထဲမှာ ကြဲချ စိုက်ပျိုးလိုက်တယ်ဆိုရင်ပဲ အံ့သြစရာကောင်းလောက်အောင်တဲ့ ဗောဓိညောင်ပင်ကြီး ဘွားခနဲဆို ချက်ချင်း ပေါ်ပေါက်လာသတဲ့။

စေတနာအားတွေ၊ သဒ္ဓါအားတွေ၊ တန်ခိုးအားတွေ အကုန်လုံးပေါ့။ နှလုံးသား တရားတည်ဆိုတဲ့အတိုင်း ဘုရားယုံကြည်မှုက သိပ်အားကောင်း၊ တရားယုံကြည်မှုက သိပ်အားကောင်း၊ စွမ်းအားတွေက အင်မတန် အားကောင်းလွန်းလို့ ယုံနိုင်စရာ မရှိဘူးတဲ့။

တခါတည်း ဘွားခနဲဆို ဗောဓိညောင်ပင်ကြီး ချက်ချင်း ထပေါက်လာ။
ပေါက်လိုက်တာ အထက်ကို အတောင်ငါးဆယ်၊ ဘေးလေးဖက်လေးတန်ကိုလည်း အတောင်ငါးဆယ်၊ အကိုင်းအခက်တွေ တခါတည်း ရှုမငြီး အံ့မခန်းနိုင်လောက်အောင် ဗောဓိပင်ကြီး ဘွားခနဲ ပေါက်လာသတဲ့။

အဲဒါနဲ့ အရှင်အာနန္ဒာက ဘုရားထံ သွားလျှောက် -
“ဗောဓိပင် စိုက်ပျိုးပြီးပါပြီ ဘုရား၊ အဲဒီ ဗောဓိပင်မှာ မြတ်စွာဘုရား ဖလသမာပတ် ဝင်စားတော်မူပါဘုရား၊ အသုံးချတော်မူပါ ဘုရား” ဆိုတော့ မြတ်စွာဘုရားလည်း အဲဒီ စိုက်ပျိုးထားတဲ့ ဗောဓိပင်အောက်သွား။ အဲဒီမှာပဲ တစ်ညလုံး ဖလသမာပတ်ဝင်စားပြီးတော့ အသုံးချတော်မူတယ်။ ပရိဘောဂစေတီပေါ့။

အရှင်အာနန္ဒာကို အကြောင်းပြုပြီးတော့ စိုက်ပျိုးတဲ့ ဗောဓိပင်ဖြစ်လို့ “အာနန္ဒာဗောဓိ”လို့ အဲလို ခေါ်တယ်။

အဲလိုဆိုရင် ဘုရားဂုဏ်ကို အာရုံပြုတာ အဓိကပါ။
အဓိကအားဖြင့် နှလုံးသားမှာ တရားတည်တာပါ။ နှလုံးသား တရားတည်တဲ့ စွမ်းအားကြောင့်မို့လို့ ဇေတဝန်ကျောင်းတံခါးပေါက်မှာ ဘုရားကိုယ်စား ဘုရားရဲ့ အသုံးအဆောင် မဟာဗောဓိပင်မှ အပွားဖြစ်တဲ့ ဗောဓိပင်ဆိုတာ ပေါ်လာရတယ်။
ဘုရားကိုယ်တိုင် ခွင့်ပြုထားတယ်။

ဒါကြောင့် စေတီဆိုတာ ဘုရားရှိကတည်းက ပေါ်လာတဲ့ ဥစ္စာပါ။
ဘုရားကိုယ်တိုင်လည်း ခွင့်ပြုထားတယ်။
ကောင်းတယ်တဲ့။
ငါဘုရား မရှိတဲ့နောက် ငါဘုရား မရှိတဲ့အခါ ငါဘုရားကိုယ်စား ဖြစ်တာပေါ့။
ဘုရားကို အာရုံပြု ပူဇော်ရင် တကယ့်ဘုရားနဲ့ တွေ့ရသလိုပဲ ပူဇော်ရသလို အကျိုးဟာ ရပါတယ်လို့ ဘုရားကလည်းပဲ ချီးမွှမ်းဂုဏ်တင်ထားတာပဲ။


(တိပိဋကဓရ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ, ယောဆရာတော် ၏ ၁၉၉၈-ခုနှစ် ဖေဖော်ဝါရီလတွင် ပထမအကြိမ် ထုတ်ဝေသည့်
“နှလုံးသားဝယ် ဘုရားတည် - ဓမ္မစာစုများ အမှတ် (၁)” စာအုပ်တွင် ပါရှိသော သာသနာတော်သက္ကရာဇ် ၂၅၃၉-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၅၇-ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၁-ရက်၊ ခရစ်သက္ကရာဇ် ၁၉၉၅-ခုနှစ် နိုဝင်ဘာလ ၂-ရက် ကြာသပတေးနေ့ ညအချိန် ကလေးမြို့နယ် အင်ဒိုင်းကြီးရွာ မဟာအာယုဒီဃကျောင်းကြီးအတွင်း၌ ဟောကြားတော်မူသော “နှလုံးသားဝယ် တရားတည် တရားတော်” မှ)
www.mmitpalace.com/profiles/blog/show?id=6456788%3ABlogPost%3A267172&xgs=1&xg_source=msg_share_post

သီးစုံပဲဟင်း ချက်ကြမယ်

သီးစုံပဲဟင်းချက်ရန် ပါဝင်သော ပစ္စည်းများ

၁ ။ ကုလားပဲခြမ်း ၂၅၀ ဂရမ်
၂။ ဗူးသီးတစ်စိပ်(သို့) တစ်လုံး (ပြည်ပက ဗူးသီးတွေက သေးသေးလေးတွေ)
၃ ။ခရမ်းသီးကြီး တစ်လုံး
၎။ရုံးပတီသီး (၁၀)တောင့်ခန့်
၅။ပဲသီး တစ်စည်း (၁၀)တောင့်ခန့်
၆။ပျဉ်းတော်သိမ်ရွက်(ခေါ်)ဆီသတ်ရွက် အနည်းငယ်
၇။ဟင်းချက်မာဆလာ ကော်ဖီဇွန်းတစ်ဇွန်း
၈။မန်းကျည်းသီးမှည့် စားပွဲတင်ဇွန်း တစ်ဇွန်း(ရေဖျော်ထားပါ)
၉။ ကြက်သွန်ဖြူ၊နီ၊ ဂျင်း

အမြန်ဆုံး ရင်ပူသက်သာအောင်


မကြာခဏ ရင်ပူတာက နေထိုင် စားသောက်မှု ပုံစံနဲ့ ဆက်စပ် နေတတ်ပါတယ်။ ကိုယ်အလေးချိန် လျှော့ချတာနဲ့ အစား အသောက်ကို နည်းနည်းနဲ့ မကြာခဏ စားတာတွေဟာ ရင်ပူတာကို သက်သာ စေနိုင်ပေမယ့် လတ်တလော ရင်ပူနေလို့ နေရတာ မသက်မသာ ဖြစ်နေရင် ပြုလုပ်သင့်တဲ့ နည်းတွေကို ရေးသားလိုက် ရပါတယ်။
ပီကေဝါးပါ
ပီကေ ဝါးတာကြောင့် တံတွေး အထွက်များကာ အစာရေမျိုပြွန်ဆီကို အစာအိမ် အက်စစ်တွေ ပြန်တက်ကာ ပူလောင်တဲ့ ခံစားချက်မျိုး မဖြစ်အောင် ဖြစ်တတ်ပါတယ်။
ချင်း(ဂျင်း) စားပါ
ချင်းတက်ဟာ ရိုးရာ အစာအိမ် ဝေဒနာ သက်သာစေတဲ့ ဆေးဖက်ဝင် အစာပါ။ ရင်ပူနေချိန်မှာ ချင်းပါးပါး တစ်လွှာ ဒါမှမဟုတ် ချင်းခတ်ထားတဲ့ လက်ဖက်ရည်ကြမ်းကို မှီဝဲပေးပါ။
မုန်ညင်းရွက်စားပါ
အဝါရောင် မုန်ညင်းမှုန့်ကို လက်ဖက်စားဇွန်း တစ်ဇွန်းလောက် စားပေးတာက ရင်ပူတာကို သက်သာစေပါတယ်။
ဗာဒံစေ့စားပါ
ထမင်းစားပြီး ဗာဒံစေ့ နှစ်စေ့၊ သုံးစေ့လောက် စားပေးတာက ရင်ပူ သက်သာစေပါတယ်။

ကေအမ် (Ref;RD)
By Good Health
http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogPost%3A7996475&xgs=1&xg_source=msg_share_post

လက်နှစ်ဖက်စလုံးမရှိသည့် သင်္ချာဆရာမ

မွေးစကတည်းကပင်လက်နှစ်ဖက်စလုံးမပါရှိခဲ့ သည့် အမျိုးသမီးတစ်ဦးဟာ ခြေထောက်နှစ်ဖက်
ကိုအသုံးပြုပြီး စာသင်ကြားပြသနိုင်ခြင်းဖြင့် လူသားတွေအနေဖြင့် (ဆန္ဒရှိမယ်၊ ကြိုးစားမယ်ဆို
လျှင် ) ဘာမဆိုစွမ်းဆောင်ရရှိနိုင်ကြောင်း ကလေးများအား အားကျအတုယူနိုင်စေရန်၊ စိတ်ခွန်
အားများဖြစ်စေနိုင်ရန် ပြသခဲ့ ပါတယ်...
လိတ်ခ်ဝုဒ် အရပ်ရှိ၊ အိုဟိုင်ရို အလယ်တန်းကျောင်းတွင် သင်ကြားပြသနေသည့် မစ္စဂန်နွန်က
သူမရဲ့ ခြေချောင်းများကိုအသုံးပြုပြီး သင်ပုန်းပေါ်တွင်စာရေးခြင်း၊ ကွန်ပြူတာတွင်စာရိုက်ခြင်း
သင်ခန်းစာလေ့ ကျင့် ခန်းစာရွက်များအား ဝေငှခြင်းတို့ ကိုပြုလုပ်နိုင်ပါတယ်...
သင်္ချာနှင့် သိပ္ပံဘာသာရပ်များသင်ကြားပြသသည့် မစ္စဂန်နွန်ဟာ မက္ကစီကိုရှိမိဘမဲ့ ကလေး
ကျောင်းတစ်ခုတွင် ကြီးပြင်းလာခဲ့ ရတာဖြစ်ပြီး သူမအသက် ၇ နှစ်အရွယ်မှာ အိုဟိုင်ရိုဒေသမှ
မိသားစုတစ်ခုက မွေးစားခဲ့ တာဖြစ်ပါတယ်...

လက်မရှိလည်း ရှိတဲ့ ခြေထောက်ကိုရအောင်အသုံးပြုပါတယ်...
Inspiring: Mary Gannon, a science teacher who was born without arms, teaches students using her feet
သူမဟာ ယခုစာသင်ကျောင်းတွင် ယာယီဆရာမအဖြစ် လွန်ခဲ့ သည့် နှစ်က စတင်ဝင်ရောက်ခဲ့ 
တာဖြစ်ပြီး ယခုအခါမှာတော့ ၆ တန်း၊ ၇တန်း၊ ၈တန်းများတွင် အချိန်ပြည့် ဆရာမဖြစ်ကာ "ပျော်
ရွှင်ခြင်းခြေထောက်များ " ဟုမည်ရှိသည့် လိုင်စင်နံပါတ်ပြားနှင့် ကားအားမောင်းကာ ကျောင်းသို့ 
လာရောက်လေ့ ရှိပါတယ်...
" အခုတော့ ကျွန်မက လုပ်ချင်တာ၊ စိတ်ပါဝင်စားတာကိုလုပ်နေနိုင်ပါပြီ... ကိုယ်ဖြစ်ချင်တာတစ်
ခုကို ဘာပဲဖြစ်ဖြစ် လုပ်မယ်လို့ စိတ်ဆုံးဖြတ်ခဲ့ ပြီဆိုယင်တော့ ဘယ်သူတားတားမဖြစ်ဖြစ်အောင်
လုပ်နိုင်မှာပါ..." လို့ သူမကဆိုပါတယ်...
သူမအား မသန်မစွမ်းသူကိုခေါ်တာဟာ မပြုသဘောမဆောင်တဲ့ ၊ နှိမ့်ချတဲ့ သဘောမို့ ထိုကဲ့ သို့ 
ခေါ်ဆိုခြင်းအား မကြိုက်ပါဘူးလို့ သူမကဆိုပါတယ်...

ဆန္ဒနဲ့ လုံ့ လဇွဲဝီရိယသာရှိယင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတာ ကလေးတွေအတွက် နမူနာ
ကောင်းတစ်ယောက်ဖြစ်ရတာမို့ သူမအနေနှင့် ဝမ်းသာပါတယ်...
Determined: She said she was glad to be a good example to students that they can achieve their dreams

လက်မရှိပေမယ့် လည်း ရှိတဲ့ ခြေထောက်နဲ့ ဖြစ်အောင်လုပ်လို့ ရပါတယ်...
Problem solving: Ms. Gannon writes on the board using a pen between her toes
" ဒါပေမယ့် လူတွေအနေနှင့် သူမကိုကြည့် ပြီး စိတ်ဓါတ်ခွန်အားတွေဖြစ်မယ်...သူတို့ ရဲ့ ဘဝ
တွေကိုပိုမိုတိုးတက်ကောင်းမွန်အောင်လုပ်ဆောင်နိုင်မယ်ဆိုယင်တော့ သူမအနေနှင့် မသန်မ
စွမ်းလို့ ခေါ်ခံရလည်းကိစ္စမရှိပါဘူးလို့ သူမကဆိုပါတယ်..."
" ၎င်းတို့ အနေဖြင့် အခက်အခဲများကို အောင်မြင်အောင်ကြိုးပမ်းစွမ်းဆောင်နိုင်ကြောင်း မစ္စဂန်
နွန်က သက်သေပြခဲ့ ပါတယ်လို့ ကျောင်းသားများကဆိုပါတယ်..."
" သင်္ချာမတော်တဲ့ ကျွန်တော့် အတွက် သင်္ချာတော်အောင်၊ ပုစ္ဆာတွေကို ဖြေရှင်းတွက်ချက်နိုင်
အောင် ဆရာမက စိတ်ဓါတ်ခွန်အားတွေဖြစ်စေပါတယ်..." လို့ ၆ တန်းကျောင်းသား ဂျေဒင်ဂျွန်
ဆင် က မြေခွေးသတင်းဌာနကိုပြောပြခဲ့ ပါတယ်....
ဘာလိုအခြေအနေပဲဖြစ်ဖြစ်၊ ဘာကြီးပဲဖြစ်နေဖြစ်နေ သင်သာဆန္ဒရှိနေပါစေ ( ပြင်းပြတဲ့ ဆန္ဒ )
ဖြစ်အောင်လုပ်နိုင်တယ်ဆိုတာ သက်သေပါပဲ လို့ လည်း ၈ တန်းကျောင်းသော ကမ်ဘရီဂရစ်ဖင်
က လိတ်ခ်ဝုဒု ပက်ခ်ျ သတင်းကိုပြောကြားခဲ့ ပါတယ်...

ယခင်နှစ်ကတော့ ဒီကျောင်းမှာ ယာယီအဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့ ပြီး ယခုအခါတော့ 
အချိန်ပြည့် ဝန်ထမ်း ( ကျောင်းဆရာမ ) ဖြစ်ခဲ့ ပါပြီ....
Top teacher: She began working at the school last year as a substitute but now has a full time position

ကားလိုင်စင်နံပါတ်ပြားကိုက ပျော်ရွှင်နေတဲ့ ခြေထောက်တစ်စုံ...လို့ အမည်ရပါတယ်...
Proud: The number plate on Ms Gannon's car reads 'Happy Feet'
ဟာ့ ဒင်း အလယ်တန်းကျောင်းမှ ဆရာများကတော့ မစ္စဂန်နွန်ဟာ ကျောင်းသားတွေအတွက်
တော့ စံပြနမူနာပါပဲဆိုတာ သဘောတူညီကြပါတယ်...
" သူမတောင်ဖြစ်အောင်လုပ်နိုင်ယင် ငါလည်းဖြစ်အောင်လုပ်နိုင်ရမှာပေါ့ ဆိုတာ လူတိုင်းတွေး
နိုင်ပါတယ်..." လို့ လက်ထောက်ကျောင်းအုပ်ကြီး ဂျိုးတက်ကက် ကပြောကြားခဲ့ ပါတယ်...
ဘော်ဘော်တွေလဲ ဘဝမှာကြုံတွေ့ ရင်ဆိုင်နေရတဲ့ အခက်ခဲတွေကို အားမလျော့ပဲ ရင်ဆိုင်နိုင်ကြပါစေနော်....8)

http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1454435&xgs=1&xg_source=msg_share_post