“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, August 31, 2013

ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ် စာအုပ်

ဒီစာအုပ်လေးကို ဖတ်ဖူးတာ အတော်ကြာပါပီ .. အတော်လေးကောင်းတယ် .. ခုမှ ဒီ link လေးကို ရလို့ ပြန်မျှဝေပေးလိုက်ပါတယ် ....
အောင်မြင်ကြီးပွားလိုသူတိုင်းအတွက် လက်စွဲကိုင်သင့်တဲ့ စာရေးဆရာဖေမြင့်ရဲ့ ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတဲ့စာအုပ်လေးပါ 
ဖုန်းနဲ့ဖတ်လို့လည်းအဆင်ပြေပါတယ် 
Download>>>> dropbox (or)hotfile
 
http://lnx.lu/1aFI or http://lnx.lu/1aEG
Ref>>>
http://alinkabar.ning.com/

ငါးရှဥ့်ရဲ့ပုံပြင်

ငါးရှဥ့်ရဲ့ပုံပြင်

31-08-2013

ဂျပန်တွေရဲ့ ရာဇဝင်ပုံပြင်လို့ ဖတ်ရပါတယ်။
ရှေးရှေးတုန်းက ဂျပန်တံငါတွေ ငါးရှဥ့်ဖမ်းထွက်ကြတော့ သူတို့ရဲ့လှေကသေးတာကြောင့် လှေဝမ်းထဲ ဖမ်းရထားတဲ့ ငါးရှဥ့်တွေဟာ ကမ်းမကပ်ခင် သေကုန်ကြတယ်။ ဒါပေမယ့် တံငါတစ်ဦးရဲ့ လှေအပြင်အဆင်တွေက တစ်ခြား တံငါသည်တွေရဲ့လှေနဲ့ တူတယ်ဆိုပေမယ့် သူဖမ်းရတဲ့ ငါးရှဥ့်တွေက ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေသေးတာကိုတွေ့ရတယ်။ ဒါကြောင့် သူ့ငါးရှဥ့်အရှင်တွေက တစ်ခြားသူတွေထက် အမြဲဈေးကောင်း ပိုရခဲ့တယ်။ နှစ်ကြာလာတော့ အဲဒီတံငါသည်ဟာ စုမိဆောင်းမိလာသလို အရွယ်ထောက်လာတာကြောင့် ငါးဖမ်းမထွက်ခဲ့တော့ဘူး။ ဒါပေမယ့် သားကို ငါးရှဥ့်ဖမ်းတဲ့လျှို့ဝှက်ချက် သင်ပေးလိုက်တယ်။

အဲဒီလျှို့ဝှက်ချက်က တံငါသည်ဟာ လှေဝမ်းထဲမှာ ငါးခူးတစ်ချို့ထည့်ထားပြီး ဖမ်းရတဲ့ငါးရှဥ့်ကို ငါးခူနဲ့အတူ ရောထည့်ထားလိုက်တယ်။ ရောထည့်ခံရတဲ့ ငါးနှစ်မျိုးဟာ အချင်းချင်း ကိုက်ဖြတ်ကြတော့တယ်။ ငါးခူရဲ့ တိုက်ခိုက်မှုကို ငါးရှဥ့်က မဖြစ်မနေပြန်ခုခံရတယ်။ ငါးရှဥ့်ရဲ့ "အသက်ရှင်ရေး"ဆိုတဲ့ သဘာဝစိတ်က အပြန်အလှန် တိုက်ခိုက်မှုအောက်မှာ အလိုအလျှောက် ထကြွလာခဲ့တယ်။ ဒါကြောင့် သူတို့ဟာ ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေခဲ့တာဖြစ်တယ်။

တံငါသည်ကဆက်ပြီး သားကို ပြောပြခဲ့တယ်။

ကမ်းမကပ်ခင်သေရတဲ့ ငါးရှဥ့်တွေက သူတို့ကို ဖမ်းမိသွားပြီ... ဘယ်လိုပဲရုန်းရုန်း လွတ်တော့မှာ မဟုတ်ဘူးဆိုပြီး သေဖို့ကိုပဲ စောင့်နေခဲ့ကြလို့ သူတို့ရဲ့ အသက်ရှင်ဖို့ဆိုတဲ့မျှော်လင့်ချက်က အလွယ်တကူပျက်စီးသွားခဲ့တယ်။ ဒါကြောင့် လှေဝမ်းထဲမှာ ကြာကြာမနေရဘဲ အချိန်တိုအတွင်း သေသွားကြတာဖြစ်တယ်။

တံငါသည်က စိန်ခေါ်မှုတွေကို သတ္တိရှိရှိရင်ဆိုင်ဖို့၊ စိန်ခေါ်မှုကြောင့် ဘဝရဲ့ အသက်ရှင်နိုင်စွမ်းနဲ့ မျှော်လင့်ချက်က ပိုပြီးပြည့်စုံလာမယ့်အကြောင်း သားကို သင်ပြပေးခဲ့တယ်။

ဂျပန်မိဘတွေက ကိုယ့်သားသမီးကြီးပြင်းလို့ နားလည်မှုအတင့်သင့် ရှိလာတဲ့အခါ ဒီပုံပြင်ကို ပြောပြလေ့ရှိကြတယ်။ ဒါကြောင့် ဂျပန်လူမျိုးတွေရဲ့ ဘဝစိန်ခေါ်မှုတွေကို ရင်ဆိုင်ရဲတဲ့ သတ္တိ၊ စွမ်းရည်တွေကြောင့် ဂျပန်နိုင်ငံက ယနေ့အာရှမှာ အတိုးတက်ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ခဲ့တယ်။

နိုင်းနိုင်းစနေ

တစ်ကျော့ပြန် သက်ဝင်လာသည့် လော့ခ်ျနက်စ် ရေနဂါးကြီး ပုံပြင်

တစ်ကျော့ပြန် သက်ဝင်လာသည့် လော့ခ်ျနက်စ် ရေနဂါးကြီး ပုံပြင် 

လော့ခ်ျနက်စ် ရေအိုင်ထဲမှ ထွက်ပေါ်လာသည့် ကြီးမားသော ရေဂယက်ထမှုကြီးကြောင့် လော့ခ်ျနက်စ် ရေနဂါးကြီး၏ ပုံပြင်သည် တစ်ကျော့ပြန် အသက်ဝင်လာခဲ့သည်။ အသက်(၅၀) အရွယ်ရှိ အပျော်တမ်း ဓာတ်ပုံဆရာ ဒေးဗစ်အဲလ်ဒါသည် ဗြိတိန်နိုင်ငံ၊ စကော့တလန် ကုန်းမြင့်ဒေသရှိ နာမည်ကျော် ရေအိုင်ကြီးတွင် သဘာဝ ရှုခင်းများကို ဓာတ်ပုံရိုက်နေစဉ် အဆိုပါ ရေဂယက်ကို မှတ်တမ်းတင်နိုင်ခဲ့ခြင်း ဖြစ်သည်။ တည်ငြိမ်နေသော ရေထဲတွင် အကြောင်းအရာ အတိအကျ မသိဘဲ လှိုင်းထလာသော အခြေအနေနှင့် ပတ်သက်၍ ဒဏ္ဍာရီဆန်ဆန် ခန့်မှန်း ပြောဆိုနေသည့် လော့ခ်ျနက်စ် ရေနဂါးကြီး အမှန်တကယ် ရှိနေသလောဆိုသည့် မေးခွန်းများ ပြန်လည် နိုးကြားလာသည်။ ဒေးဗစ်က မိမိသည် အနက်ရောင် ပုံရိပ်တစ်ခုကိုလည်း တွေ့မြင်လိုက်ကြောင်း ဆိုသည်။ 

ဒေးဗစ်သည် ထိုစဉ်က ဖို့တ်အော်ဂက်စတို အနီးတွင် ငန်းတစ်ကောင်ကို ဓာတ်ပုံရိုက်နေရင်း ယခုမြင်ကွင်းကို တွေ့မြင်ခဲ့ရခြင်း ဖြစ်သည်။ အရှေ့ ကီလ်ဘရိုက်ဒ်တွင် နေထိုင်သော ဒေးဗစ်က "ကျွန်တော့် ညာဘက်ထောင့်နားက ရေထဲမှာ အနက်ရောင် အရိပ်ကြီး တစ်ခုကို ရုတ်တရက် တွေ့လိုက်ရတယ်။ အရှည်က (၁၅)ပေလောက် ရှိလိမ့်မယ်။ အဲဒီကနေပြီးတော့ လှိုင်းတွေ ထလာတာပါ။ ကျွန်တော် သေချာပေါက်ပြောနိုင်တာက ဒီရေလှိုင်းတွေဟာ ရေအောက် တက်လာတဲ့ အနက်ရောင် အရာဝတ္ထု တစ်ခုခုကြောင့် ဖြစ်လာတယ် ဆိုတာပါပဲ"ဟု ပြောကြားခဲ့သည်။

၎င်းက "အဲဒီအချိန်မှာ ရေက အရမ်းကို ငြိမ်နေတာပါ။ လှိုင်းကြက်ခွပ်လေးတွေတောင် မရှိသလောက်ပဲ။ ရေထဲမှာ တခြားဘာလှုပ်ရှားမှုမှလည်း မတွေ့ရဘူး။ လှေလည်းမရှိဘူး။ လော့ခ်ျနက်စ် ကန်ကြီးထဲမှာ ဘယ်သူမှလည်း ရှိမနေဘူး။ ဒါက ကျွန်တော် ရှင်းမပြတတ်တဲ့ အခြေအနေ တစ်ခုပါ"ဟုလည်း ဖွင့်ဟခဲ့သည်။ လော့ခ်ျနက်စ် ရေသတ္တဝါကြီး၏ သတင်းသည် နှစ်ပေါင်း(၈၀)ကျော်ကြာ တိမ်မြုပ်လိုက်၊ ပေါ်ပေါက်လာလိုက်နှင့် သံသရာ လည်နေခဲ့သည်။ (၁၉၃၄)ခုနှစ်က ဗိုလ်မှူးကြီးရောဘတ်ကင်းနက်သ် ဝီလ်ဆင်က ရေသတ္တဝါကြီး၏ ဦးခေါင်းပေါ်နေသော ဓာတ်ပုံကို ရိုက်ကူးခဲ့သော်လည်း နောက်ပိုင်းတွင် ယင်းမှာ အတုအယောင် လိမ်ညာမှုဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ လော့ခ်ျနက်စ်တွင် အမျိုးအမည်မသိ ရေသတ္တဝါကြီးတစ်ကောင် ရှင်သန်နေဆဲဟု ယုံကြည်နေသူ အမြောက်အမြားလည်း ရှိနေဆဲ ဖြစ်သည်။ အချို့သော ပညာရှင်များက လော့ခ်ျနက်စ်တွင် ကျက်စားနေသည်မှာ ကမ္ဘာဦးခေတ် ဒိုင်နိုဆောမျိုးစိတ် တစ်ခုဖြစ်သည့် ပလယ်စီအိုဆောရပ်စ် တစ်ကောင် မျိုးမသုဉ်းဘဲ ကျန်ရှိနေခြင်းဟုလည်း ခန့်မှန်းနေကြသည်။ အဆိုပါ သတ္တဝါများသည် ရှည်လျားသွယ်လျသော လည်တံရှိပြီး ခြေလက်များအစား ရေယက်များသာ ပါဝင်ကာ တိုတောင်းသော အမြီးမျိုး ရှိတတ်ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network
လော့ခ်ျနက်စ် ရေအိုင်ထဲမှ ထွက်ပေါ်လာသည့် ကြီးမားသော ရဂယက်ထ မှုကြီးကြောင့် လော့ခ်ျနက်စ် ရေနဂါးကြီး၏ ပုံပြင်သည် တစ်ကျော့ပြန် အသက်ဝင်လာခဲ့သည်။ အသက်(၅၀) အရွယ်ရှိ အပျော်တမ်း ဓာတ်ပုံဆရာ ဒေးဗစ်အဲလ်ဒါသည် ဗြိတိန်နိုင်ငံ၊ စကော့တလန် ကုန်းမြင့်ဒေသရှိ နာမည်ကျော် ရေအိုင်ကြီးတွင် သဘာဝ ရှုခင်းများကို ဓာတ်ပုံရိုက်နေစဉ် အဆိုပါ ရေဂယက်ကို မှတ်တမ်းတင်နိုင်ခဲ့ခြင်း ဖြစ်သည်။ တည်ငြိမ်နေသော ရေထဲတွင် အကြောင်းအရာ အတိအကျ မသိဘဲ လှိုင်းထလာသော အခြေအနေနှင့် ပတ်သက်၍ ဒဏ္ဍာရီဆန်ဆန် ခန့်မှန်း ပြောဆိုနေသည့် လော့ခ်ျနက်စ် ရေနဂါးကြီး အမှန်တကယ် ရှိနေသလောဆိုသည့် မေးခွန်းများ ပြန်လည် နိုးကြားလာသည်။ ဒေးဗစ်က မိမိသည် အနက်ရောင် ပုံရိပ်တစ်ခုကိုလည်း တွေ့မြင်လိုက်ကြောင်း ဆိုသည်။

ဒေးဗစ်သည် ထိုစဉ်က ဖို့တ်အော်ဂက်စတို အနီးတွင် ငန်းတစ်ကောင်ကို ဓာတ်ပုံရိုက်နေရင်း ယခုမြင်ကွင်းကို တွေ့မြင်ခဲ့ရခြင်း ဖြစ်သည်။ အရှေ့ ကီလ်ဘရိုက်ဒ်တွင် နေထိုင်သော ဒေးဗစ်က "ကျွန်တော့်

ကမ္ဘာဦး သက်ရှိများအစ မားစ်ဂြိုဟ်မှ ဖြစ်နိုင်ဟုဆို

နေစကြာဝဠာ အတွင်း သက်ရှိများ ပထမဆုံး ပေါက်ဖွားလာသည့် ဘူမိနက်သန် နေရာသည် ကမ္ဘာမြေ မဟုတ်ဘဲ မားဂြိုဟ်သာ
ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင် တစ်ဦးက ကောက်ချက်ချ ပြောဆိုခဲ့သည်။ ယနေ့ နေစကြာဝဠာ အဖွဲ့အစည်းအတွင်း သက်ရှိများ မှီတင်းနေထိုင်နိုင်သည့် တစ်ခုတည်းသော နေရာသည် ကမ္ဘာဂြိုဟ်ဟု သတ်မှတ်ထားသော်လည်း ကမ္ဘာပေါ်ရှိ သက်ရှိဇီဝဓာတ်၏ မူလအစသည် ဂြိုဟ်နီကြီးဟု တင်စားခေါ်ဝေါ်ခြင်း ခံရသည့် မားစ်တွင် ဖြစ်နိုင်ကြောင်း သုတေသန ရလဒ်သစ် တစ်ခုကို အထင်ကရ သိပ္ပံကွန်ဖရင့် တစ်ခုတွင် တင်သွင်းလာခဲ့ခြင်း ဖြစ်သည်။ ယခုကောက်ချက်သည် သက်ရှိဇီဝဓာတ် အစပြုရန် လိုအပ်သည့် အစောဆုံး မော်လီကျူး ဖွဲ့စည်းမှု စံနမူနာ ပုံစံများကို အခြေခံ တွက်ချက်ကာ ဖော်ထုတ်လာခြင်းဟု သိရှိရသည်။

အီတလီနိုင်ငံ၊ ဖလောရင့်စ်မြို့တွင် ပြုလုပ်ကျင်းပသည့် ဂိုးလ်ရှမစ်ဒ် သိပ္ပံကွန်ဖရင့်တွင် သက်သေ အထောက်အထားများကို အခြေခံ ထုတ်နုတ်သည့် ယခုတွေ့ရှိမှု အသစ်ကို ပရော်ဖက်ဆာ စတီဗန်ဘန်နာက တင်သွင်းလာခြင်း ဖြစ်သည်။ သက်ရှိမော်လီကျူး ဖွဲ့စည်းမှု အပိုင်းအခြား (၃)မျိုးဖြစ်သည့်

လွဲမှားနေသော ခံတွင်း သန့်ရှင်းရေး စနစ်များ

၁. သွားတိုက်စဉ် အချိန်ကြာမြင့် စွာတိုက်ခြင်း၊ မကြာခဏသွားတိုက် ခြင်း

မကြာခဏ သွားတိုက်ခြင်းဖြင့် သွား၏အပေါ်ယံလွှာတွေ စားသွား ပြီး နာကျင်မှုတွေ ဖြစ်လာနိုင်ပါ တယ်။ ဒါကြောင့် တစ်ရက်ကို သုံးကြိမ်ခန့် သွားတိုက်နိုင်ပြီး အနည်း ဆုံးမနက်တစ်ကြိမ်၊ ညတစ် ကြိမ် တစ်ခါတိုက် လျှင် ၂-၃ မိနစ်ခန့် သာ တိုက်ပေးသင့်ပါတယ်။

၂. သွားတိုက်စဉ် ကြမ်းတမ်းစွာ ဖိ တိုက်ခြင်း

ယင်းကဲ့သို့ဖိတိုက်ခြင်း က သွားတွေ ပိုဖြူလာမည်ဟု ယူဆမထားသင့်ပါ။ ဖြူလည်း မဖြူ လာနိုင်ပါ။ ဒါပေမယ့် ယင်းကဲ့သို့ ဖိတိုက်ခြင်းအားဖြင့် သွားဖုံးများ၊ သွားအပေါ်ယံကြွေလွှာများ စားသွား ကာ သွားပိုး ပိုစားနိုင်ပါ

'နောက်ဆုံးဆန္ဒ'(ဟာသ)

'နောက်ဆုံးဆန္ဒ'

လျှပ်စစ်ကုလားထိုင်နဲ့ သေဒဏ်ပေးခံရတော့မယ့် အကျဉ်းသားကို ရဲအရာရှိကမေးတယ်… …

“ကဲ... နောက်ဆုံးအနေနဲ့ မင်းလိုရာ ဆန္ဒပြုစမ်း၊ ငါလိုက်လျောပေးမယ်”

ဒီတော့ လျှပ်စစ်ကုလားထိုင်ပေါ်ထိုင်နေတဲ့ အကျဉ်းသားက ပြန်ပြောတယ်… …

“အရမ်းကြောက်နေလို့ ကျနော့်လက်လေး ကိုင်ထားပေးပါနော်”…တဲ့။

သန်၎ကို-ဘာသာပြန်သည်။
https://www.facebook.com/thanlayko

ဂရင်းကန်ညွန် ချောက်ကြီးနှင့် ဆင်တူသည့် ချောက်ကြီးတစ်ခု ဂရင်းလန်း ရေခဲလွှာ အောက်တွင် သိပ္ပံ ပညာရှင်များ တွေ့ရှိ

Photo: ဂရင်းကန်ညွန် ချောက်ကြီးနှင့် ဆင်တူသည့် ချောက်ကြီးတစ်ခု ဂရင်းလန်း ရေခဲလွှာ အောက်တွင် သိပ္ပံ ပညာရှင်များ တွေ့ရှိ

ဂရင်းကန်ညွန် ချောက်ကြီးနှင့် အရွယ်အစား တူညီသော အလွန်ကြီးမားသည့် ချောက်နက်ကြီး တစ်ခုကို ဂရင်းလန်း ရေခဲပြင်လွှာ အောက်တွင် သုတေသီများက ရှာဖွေ တွေ့ရှိခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ချောက်ကြီးသည် အရှည်အားဖြင့် အနည်းဆုံး ၄၆၆ မိုင် ရှည်လျားပြီး ချောက်၏ အနက်မှာ ၂၆၂၄ ပေ အထိ နက်သည်ဟု သိရသည်။ အဆိုပါ ချောက်ကြီးသည် ပုံသဏ္ဌာန်အားဖြင့် ကွေ့ကောက် နေသည့်မြစ် လက်တက်နှင့် အသွင်တူပြီး သက်တမ်းမှာလည်း နှစ်သန်းပေါင်းများစွာ ရှိနိုင်သည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်း ထားကြောင်း သိရသည်။

အဆိုပါ ချောက်ကြီးကို airborne radar ဖြင့် ဖမ်းယူ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ radar သည် ရေခဲထုကို ထိုးဖောက်နိုင်သည့် အပြင် ကုန်းမြင့်အောက်ရှိ အရာဝတ္ထုများ ကိုလည်း ရှာဖွေနိုင်သည်ဟု သိရသည်။

သိပ္ပံပညာရှင်များသည် ဆယ်စုနှစ်များစွာအတွင်း အာတိတ်ဒေသကို သုတေသန ပြုသူများက စုစည်း ထားသော တိုင်းတာမှု အချက်အလက်များကို ပေါင်းစည်း၍ လေ့လာမှုများ ပြုလုပ်ခဲ့ကြသည်။  ဆက်စပ် လေ့လာမှုများ ပြီးဆုံးပြီးနောက်တွင် သိပ္ပံပညာရှင်များသည် ဂရင်းလန်း ပြည်နယ်၏ အလယ်ဗဟိုမှ မြောက်ဘက်သို့ ဆန့်ထွက်သွားသည့် မြေလွှာအောက်မှ ကျောက်သားတွင် အက်ကွဲကြောင်းကြီး တစ်ခု ရှိနေကြောင်းကို သက်သေ အထောက်အထားများ ရရှိခဲ့သည်။

အဆိုပါ ချောက်ကြီးသည် အာတိတ် သမုဒ္ဒရာနှင့် ဆက်သွယ်နေသည့် ပင်လယ် ရေဝင်လမ်း တစ်ခုတွင် အဆုံးသတ် သွားသည်ဟု ဗြိတိန်နိုင်ငံ ကိန်းဘရစ် အခြေစိုက် သိပ္ပံပညာရှင် တစ်ဦးဖြစ်သူ ဒေးဗစ်ဗော့ဂန်က ပြောကြားသည်။

http://www.myawady.net.mm/allnews/global/item/24030-2013-08-31-11-45-18
ဂရင်းကန်ညွန် ချောက်ကြီးနှင့် အရွယ်အစား တူညီသော အလွန်ကြီးမားသည့် ချောက်နက်ကြီး တစ်ခုကို ဂရင်းလန်း ရေခဲပြင်လွှာ အောက်တွင် သုတေသီများက ရှာဖွေ တွေ့ရှိခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ချောက်ကြီးသည် အရှည်အားဖြင့် အနည်းဆုံး ၄၆၆ မိုင် ရှည်လျားပြီး ချောက်၏ အနက်မှာ ၂၆၂၄ ပေ အထိ နက်သည်ဟု သိရသည်။ အဆိုပါ ချောက်ကြီးသည် ပုံသဏ္ဌာန်အားဖြင့် ကွေ့ကောက် နေသည့်မြစ် လက်တက်နှင့် အသွင်တူပြီး သက်တမ်းမှာလည်း နှစ်သန်းပေါင်းများစွာ ရှိနိုင်သည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်း ထားကြောင်း သိရသည်။

အဆိုပါ ချောက်ကြီးကို airborne radar ဖြင့် ဖမ်းယူ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ radar သည် ရေခဲထုကို ထိုးဖောက်နိုင်သည့် အပြင် ကုန်းမြင့်အောက်ရှိ အရာဝတ္ထုများ ကိုလည်း ရှာဖွေနိုင်သည်ဟု သိရသည်။

သိပ္ပံပညာရှင်များသည် ဆယ်စုနှစ်များစွာအတွင်း အာတိတ်ဒေသကို သုတေသန ပြုသူများက စုစည်း ထားသော တိုင်းတာမှု အချက်အလက်များကို ပေါင်းစည်း၍ လေ့လာမှုများ ပြုလုပ်ခဲ့ကြသည်။ ဆက်စပ် လေ့လာမှုများ ပြီးဆုံးပြီးနောက်တွင် သိပ္ပံပညာရှင်များသည် ဂရင်းလန်း ပြည်နယ်၏

Google ဆိုသည့်အမည် ဖြစ်ပေါ်လာပုံ

Photo: Google ဆိုသည့်အမည် ဖြစ်ပေါ်လာပုံ

Google ဆိုသည့် စကားလုံးဟာ “Googol” ကနေ ဆင်းသက်လာတာပါ။ Googol ဆိုတာကတော့ ကွန်ပြူတာသိပ္ပံ ပညာရပ်မှာသုံးတဲ့ စကားလုံးဖြစ်ပြီး ၁.၀ x ၁၀ (၁၀၀) ကို ခေါ်ခြင်းဖြစ်ပါတယ်။ 

Google ကို တည်ထောင်ခဲ့သူ Larry Page နဲ့ Sergey Brin တို့ဟာ ကနဦးတုန်းက နာမည်နဲ့ပတ်သက်ပြီး အငြင်းပွားခဲ့ကြပါတယ်။ Sergey Brin က “BackRub” လို့ ခေါ်ဆိုဖို့ အဆိုပြုခဲ့တယ်လို့ သိရှိရပါတယ်။ အဲဒီနောက်မှာတော့ လုပ်ဖော်ကိုင်ဖက် တစ်ဦးက “googolplex” ဆိုတဲ့ နာမည်ကို အကြံပြုခဲ့ပြီး Larry Page က “googol” လို့ အတိုချုံ့ပြီးသုံးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ 

ဒါနဲ့ပဲ အင်တာနက်မှာ “googol.com” ကို domain မှတ်ပုံတင်ဖို့ လုပ်နေတုန်းမှာ Larry Page တစ်ယောက် စာလုံးပေါင်းမှားပြီး “google.com” လို့ မှတ်ပုံတင်ခဲ့မိပါတယ်။ 

Sergey Brin နဲ့ တိုင်ပင်ပြီးနောက် ၂ ဦးသဘောတူကာ Google.com ကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ရာမှ မတော်တဆ မှားယွင်းပြီး ဖန်တီးခဲ့မိတဲ့ Google.com လည်း မွေးဖွားလာခဲ့ ရပါတော့တယ်။

နောက်ထပ် ကောလဟာလ တစ်ခုကတော့ Google ရဲ့ ပထမဆုံးသော ရင်းနှီးမြှုပ်နှံသူ Andy Bechtolsheim (Sun Microsystems အား ပူးတွဲတည်ထောင်ခဲ့သူ) သည် ယင်း၏ ဒေါ်လာ ၁ သိန်းတန် ချက်လက်မှတ်ပေါ်တွင် googol အစား google ဟု မှားယွင်းရေးသား ခဲ့မိရာမှ စတင်ခဲ့သည်ဟု သိရှိရသည်။

မမြင်နိုင်သော စပီကာ ထုတ်လုပ်ရောင်းချတော့မည်

Photo: မမြင်နိုင်သော စပီကာ ထုတ်လုပ်ရောင်းချတော့မည်
Saturday, August 31, 2013

တီထွင်အောင်မြင်တာ အရင်နှစ်ကတည်းက ပါ။ ယခုတော့ ဈေးကွက်ကို အမှန်တကယ် ဖြန့်ချိရောင်းချတော့မှာ ဖြစ်ပါတယ်။

Saltwater Gel နဲ့ လုပ်ထားတဲ့ ယင်းစပီကာက ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပဲ ထိုးဖောက်မြင်နေရမှာ ဖြစ်ပါတယ်။ ဒီတော့ အသံဘယ်လိုဖြတ်မလဲ ဆိုတာ မေးစရာ ရှိပါတယ်။ ဒီလိုရှိပါတယ်။ အီလက်ထရောနစ် ဗို့အားတစ်ခု သက်ရောက်စေပြီး ယင်းသက်ရောက်မှုကြောင့် တုန်ခါမှုတစ်ခုဖြစ်ပေါ်ပြီး အသံလိုင်း ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ ယင်းအသံလိုင်းကနေပဲ အသံ မျိုးစုံ ထွက်ရှိနိုင်ပြီး စပီကာလိုမျိုးလုပ်ဆောင်မှာ ဖြစ်ပါတယ်။

ယင်း Gel ရဲ့  ထူးခြားချက်က အသားတု အစားထိုးမှုမှာလည်း အသံးပြု လို့ ရပါတယ်။ နောက်ဆိုရင် စပီကာနဲ့ အီလက်ထရောနစ် ပစ္စည်းမှာပါ မဟုတ်တော့ပဲ Human အစိတ်အပိုင်းမှာပါ အသုံးဝင်မယ့် နည်းပညာ အစိတ်အပိုင်း တစ်ခုဖြစ်လာမယ်လို့ ဆိုပါတယ်။

ယင်း Transparent speakers အလုပ်လုပ်ပုံကို အောက်ပါ ဗီဒိယို လခ့်မှာ ဝင်ရောက် လေ့လာကြည့်ရှု နိုင်ပါတယ်။

http://youtu.be/5K5KSDL1gXE

TechSpace Journal

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်၏ ခံယူချက်

Photo: ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်၏ ခံယူချက်
Saturday, August 31, 2013

လက်ရှိ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ Warren Buffet ရဲ့  ခံယူချက် အဆိုအမိန့်အချို့  က အောက်ပါ အတိုင်း ဖြစ်ပါတယ်။ 

ငွေရှာတဲ့အခါ....

ဝင်ငွေတစ်ခုတည်းကို ဘယ်တော့မှမရပ်တည်နဲ့ အခြား ငွေရနိုင်တဲ့ နည်းလမ်း (second source) မှာလည်း ရင်းနှီး မြှုပ်နှံ ပါ။ 

ငွေသုံးတဲ့အခါ...

ကိုယ်က မလိုအပ်တဲ့ အရာဝတ္ထုပစ္စည်းတစ်ခုကို ဝယ်လိုက်မိရင် ကိုယ့်ဆီက အသုံးဝင်တဲ့ အရာပစ္စည်းတစ်ခု ရောင်းရတော့မယ်လို့ သိထားပါ။ 

ငွေစုတဲ့အခါ.... 

သုံးပြီးငွေမှ ပိုတာကို မစုနဲ့။ စုပြီးငွေမှ ပိုတာကို သုံး..။

ကံကိုတည်ပြီး ရင်းရတော့မယ့်အခါ....

မြစ်ထဲကို ခြေထောက်နှစ်ဖက်လုံး စိမ်ဖို့ စိတ်မကူးမိစေနဲ့…။ 

ငွေရင်းနှီးတော့မယ့်အခါ... 

ခြင်းတောင်းတစ်ခုထဲမှာပဲ ကြက်ဥ အကုန်ထည့်မထားနဲ့..။

မျော်လင့်ချက် ထားတဲ့အခါ.....

ရိုးသာမှုဟာ လောကမှာ တန်ဖိုးအကြီးဆုံး လက်ဆောင်တစ်ခုပဲ၊ ယင်း အရာကို ဈေးပေါပေါ လူတွေကတော့ ဘယ်တော့မှ မမျော်လင့်နဲ့..။ 

Ref:dyknow
Aung Kham (TSJ team)

Myanmar Online New