“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, February 2, 2012

အံ့ရောကွာ

တစ်ခါက ရွာတစ်ရွာတွင် အလွန်အသော မောင်န ဆိုသူရှိသည်....
တစ်နေ့တွင် မြို့မှ မောင်အာဂဆိုသူ မောင်နတို့ရွာသို့ ရောက်လာသည်...
မောင်နနှင့် မောင်အာဂတို့သည် စားသောက်ဆိုင်လေးတစ်ဆိုင်၌ ဆုံမိကြပြီး မောင်အာဂက လူအများရှေ့၌..
“မျက်လုံးကို ပါးစပ်နဲ့ကိုက်ပြမယ်”
မောင်နက.......
““ဟာ...မဖြစ်နိုင်တာဗျာ...ကဲ.ခင်ဗျားစကားအတိုင်းလုပ်ပြနိုင်ရင် ငွေငါးရာပေးမယ်..””
ထိုအခါ မောင်အာဂက သူ့ဘယ်ဘက်ကျောက်မျက်လုံးကိုထုတ်၍ ကိုက်ပြလိုက်သည်..
““ဟင်.!!””
မောင်န ငွေငါးရာပေးလိုက်ရသည်..
““ အံ့ရောကွာ ””
မောင်အာဂက ထပ်၍
“ ကျန်တဲ့ညာဘက်မျက်လုံးကို ပါးစပ်နဲ့ကိုက်ပြဦးမယ်..”
ထိုအခါ မောင်နက..
““ မဖြစ်နိုင်တာကွာ..မျက်လုံးနှစ်လုံးစလုံး ကျောက်မျက်လုံးဆိုရင် မင်းဘယ်လိုလမ်းသွားမလဲ..””
“ ငှဲငှဲငှဲ ”
““ ဒီလောက်တောင် အပြောကြီးတာ ၁၀၀၀ ကြေးလောင်းမယ်၊ လုပ်နိုင်ရင်လုပ်ပြစမ်း ””
ဤတွင် မောင်အာဂက ပါးစပ်အတွင်းမှ အံကပ်ကိုထုတ်၍ ညာဘက်မျက်လုံးကို ကိုက်ပြလိုက်ပြန်သည်...
ထို့ကြောင့် မောင်နလည်း ဤသို့ဆိုကာ ငွေ ၁၀၀၀ ကို ပေးလိုက်ရပြန်သတည်း..
““ အံ့ရောကွာ....””

မှတ်ချက်။  ။စီးပွားရေးအကျိုးဆောင်မဟုတ်ပါ..“ဟာသ”သာဖြစ်သည်..ပုံ/ သကြီးသားဘဆီ(ခေတ္တ..ဝေသာလီ)