“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, September 30, 2013

ယူရိုငွေ ၁.၂၅ သန်းတန် မာစီဒီး ရွက်လှေ

ယူရိုငွေ ၁.၂၅ သန်းတန် မာစီဒီး ရွက်လှေ

Monday, September 30, 2013

ဂျာမနီ မာစီဒီးက ကားပဲ ထုတ်တာ မဟုတ်ပါဘူး။ ရွက်လှေနဲ့ အခြားသော စက်အစိတ်အပိုင်းများလည်း ထုတ်လုပ်ပါတယ်။ ဒီတော့ ပုံမှာ မြင်တွေ့နေရတဲ့ လှေက မာစီဒီးက ထုတ်မယ့်လှေ ဖြစ်ပါတယ်။

မာစီဒီး ကုမ္မဏီတစ်ခုတည်းတော့ မဟုတ်ပါဘူး။ Silver Arrow Marine အမည်ရ ကုမ္မဏီက စက်ပိုင်းဆိုင်ရာကို အဓိက တာဝန်ယူပြီး ဇိမ်ခံ ရွက်လှေဖြစ်လာအောင်နဲ့ ဒီဇိုင်းထူးခြားသွားအောင်ကတော့ မာစီဒီးက တာဝန်ယူမှာ ဖြစ်ပါတယ်။ ရွက်လှေ အရှည်ပေ ကတော့ ၄၆.၂ ပေ ရှိပါတယ်။ ဒီဇယ်အင်ဂျင် ၂ လုံး တပ်ဆင်ပြီး မြင်းကောင်ရေအား ထုတ်လုပ်မှုအားက ၉၄၀ ရှိပါတယ်။

ရွက်လှေရဲ့  ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁.၆၉ သန်း ရှိပါတယ်။ ယူရိုငွေနဲ့ တွက်တော့ ၁.၂၅ သန်း ဖြစ်ပါတယ်။ ၂၀၁၅ အမှီရောင်းချနိုင်ဖို့ ပြင်ဆင်နေတဲ့ ရွက်လှေ ဖြစ်ပြီး ရွက်လှေ တည်ဆောက်မှုကို စတင်နေပြီ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: autoblog
ColayAutomobile

http://myawadynews.blogspot.com/2013/09/blog-post_8027.html

သင် ပျင်းတဲ့အခါ လုပ်စရာ (၁၀)ခု

သင်ပျင်းနေပါသလား။ အကယ်၍ သင် ပျင်းလည်းပျင်းနေတယ်၊ ဘာလုပ်ရမယ်မှန်းလည်းမသိဘူးဆိုရင်တော့ ဒီ Top 10 List က သင့်အတွက်ပါပဲ။ ဟောဒီမှာ အချိန်တွေကို ကုန်လွန်သွားစေဖို့ အားလပ်ချိန်မှာ သင်လုပ်နိုင်တဲ့အရာတစ်ချို့။

၁။ အပြင်ထွက်ပါ- သင့်မှာ တခြားဘာမှလုပ်စရာမရှိဘူး ဆိုရင်တော့ ပြင်ပလုပ်စရာလေးတစ်ခုခု လုပ်တာလောက် ကောင်းတဲ့အရာ မရှိပါဘူး။ ဒါကြောင့် လမ်းလျှောက်ပါ။ ပြေးပါ။ သင် အနှစ်သက်ဆုံး ကော်ဖီဆိုင်ကို သွားးပါ။ မိတ်ဆွေတစ်ချို့နဲ့ တွေ့ဆုံပါ ၊ ဒါမှမဟုတ် သင့်စိတ်ထဲက အမှန်တကယ် ဆန္ဒရှိတဲ့ ဘယ်အရာကိုမဆို လုပ်ပါ။

၂။ ဂိမ်းကစားပါ။ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ chess ကစားတာပဲဖြစ်ဖြစ် ၊ အွန်လိုင်းဂိမ်းတစ်ခုခုကို ကစားတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သင်ကြိုက်တဲ့ ဂိမ်းအခွေတစ်ခွေကို ကစားတာပဲဖြစ်ဖြစ်ပေါ့၊ ဂိမ်းကစားခြင်းဟာ သင့်ကိုယ်သင် ခဏတာ ပျော်ရွှင်မှုရစေဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

၃။ အကြိုက်ဆုံး သီချင်းတွေကို ဖွင့်ပြီး လိုက်ဆိုပါ။ ကခုန်ပါ။ သီချင်းသံနဲ့အတူစီးမျောရင်း
သင့်ရဲ့အချိန်ကို ပျော်ရွှင်စွာ ခံစားပါ။

၎။ သူငယ်ချင်းတစ်ယောက်ယောက်ဆီကို ဖုန်းဆက်ပြီး သူတို့မှာ လုပ်စရာ

ဥာဏ်ရည်ဥာဏ်သွေး(ဟာသ)

Photo: "ဥာဏ်ရည်ဥာဏ်သွေး"

အင်ဂျင်နီယာတစ်ယောက်နဲ့ ရှေ့နေတစ်ယောက် တောထဲကရေကန်တခုမှာ ငါးမျှားဖို့ရောက်လာတယ်။
ဖြစ်ချင်တော့...
တက္ကသိုလ်ကျောင်းသူတစုကလည်း ပျော်ပွဲစားထွက်လာရင်း ဘယ်သူမှမရှိတာနဲ့ ကန်ထဲရေဆင်းချိုးရင်း ဆော့နေကြတယ်။

ခိုးခိုးခစ်ခစ်ရယ်သံတွေကြားတော့ ငါးမမျှားသေးပဲ ချောင်းကြည့်လိုက်တယ်
ရေထဲမှာ ကောင်မလေးတွေ...
ကမ်းပေါ် ခပ်လှမ်းလှမ်းမှာက အဝတ်အစားပုံ...
ရွှီ... ပွပြီပေါ့

အင်ဂျင်နီယာက ပြောတယ်... ...
"ငါတို့ ဒီကစောင့်ပြီး ခြောင်းကြည့်ရအောင်၊ သူတို့ရေထဲကတက်လာရင် ရှယ်ပဲ"

ဒီတော့ ရှေ့နေက ပြန်ပြောတယ်... ...
"အာ... ဘာလို့ခြောင်းကြည့်မှာလဲ"
"ဟမ်... မင်းက မကြည့်ချင်ဘူးလား"
"ကြည့်မှာပေါ့ကွ၊ ဒါပေမယ့် စောင့်စရာမလိုတဲ့အကြံ ငါ့မှာရှိတယ်"
"ဘယ်လိုလဲ"
"လာကွာ.... " ... ဆိုပြီး ရှေ့နေက အနားမှာတွေ့တဲ့ ပုံးအစုပ်တလုံးကို ကောက်လို့ ရေကန်စပ်ဆင်းသွားတယ်...

ကောင်မလေးတွေက သူတို့ကို မြင်တော့ အော်တာပေါ့... ...
"အဲ... အား... အီး... ရှင်တို့ ရှင်တို့ ကျမတို့ရေချိုးနေတာကို မမြင်ဘူးလား"
"မြင်သားပဲ"
"မြင်ရဲ့သားနဲ့ ရေကန်စပ်ကို ဘာလာလုပ်တာလဲ"

ဒီတော့ ရှေ့နေက လက်ထဲကိုင်လာတဲ့ ပုံးကို မြှောက်ပြလိုက်ရင်း ပြောတယ်... ...
"အို... ဒီအချိန်ဆို ကန်ထဲကမိကျောင်းတွေကို အစာကျွေးရတာ င့ါအလုပ်ကွ"
"ရှင်... မိကျောင်း"
"ဟယ်... မိကျောင်း"
"ဘုရား ဘုရား"
"အမလေး အမလေး... မိကျောင်းတဲ့"

ဒီတော့... 
ရှေ့နေက အင်ဂျင်နီယာကို ပြုံးပြုံးလေးလှည့်ကြည့်ရင်း ပြောလိုက်တယ်... ...

"ကဲ... သူငယ်ချင်း၊ စိတ်တိုင်းကျ ရှုစားပေတော့"... တဲ့

သန်၎ကို-ဘာသာပြန်သည်။
https://www.facebook.com/thanlayko

ကမ္ဘာ့ ဆံပင်အရှည်ဆုံးအမျိုးသ္မီး

ကမ္ဘာ့ ဆံပင်အရှည်ဆုံးအမျိုးသ္မီး
++++++++++++++++++++

သူမရဲ့နာမည်ကတော့ Asha Mandela ဖြစ်ပြီး
သူမရဲ့အသက်ဟာ 47နှစ်ရှိနေပါပြီ။

သူမရဲ့ဆံပင်ကိုသူမအသက် 25နှစ်ထဲကမညှပ်ပဲထားခဲ့ကာ
ယခုအချိန်မှာတော့သမရဲ့ဆံပင်အရှည်ဟာ 55ပေအထိရှိနေပြီး
ဒီအရှည်ကတော့ City Bus တစ်စီးအရှည်စာလောက်ရှိပါတယ်။

ဆရာဝန်ရဲ့ပြောဆိုချက်အရတော့ သူမသာဒီဆံပင်ကိုဆက်ပြီး
အရှည်ထားနေမယ်ဆိုရင်သွက်ချာပါဒရောဂါရနိုင်ပြီး
ယခုအချိန်တွင်လည်းသူမတွင်နှလုံးရောဂါရှိနေပါတယ်။

သူမကတော့ဆံပင်ကိုညှပ်မဲ့အစားမိမိကိုယ်ကိုသက်သေလိုက်မည်ဟု
သူမရဲ့ဆံပင်အပေါ်အလွန်ခင်တွယ်နေပါတယ်။

ယခုအချိန်မှာ Asha Mandela သည်ကမ္ဘာ့ ဆံပင်အရှည်ဆုံးသူအဖြစ်
ဂင်းနစ်စံချိန်တင်ခံထားရသူဖြစ်နေပါပြီ။

ZK(ကနောင်)
Scientist Myanmar

အေးချမ်းမွန် Credit To > Scientist Myanmar < Thanks
Re-posted By ACM 28-9-2013 
https://www.facebook.com/excellencemedia

သူမရဲ့နာမည်ကတော့ Asha Mandela ဖြစ်ပြီး သူမရဲ့အသက်ဟာ 47နှစ်ရှိနေပါပြီ။

သူမရဲ့ဆံပင်ကိုသူမအသက် 25နှစ်ထဲကမညှပ်ပဲထားခဲ့ကာ ယခုအချိန်မှာတော့သမရဲ့ဆံပင်အရှည်ဟာ 55ပေအထိရှိနေပြီး
ဒီအရှည်ကတော့ City Bus တစ်စီးအရှည်စာလောက်ရှိပါတယ်။

ဆရာဝန်ရဲ့ပြောဆိုချက်အရတော့ သူမသာဒီဆံပင်ကိုဆက်ပြီး အရှည်ထားနေမယ်ဆိုရင်သွက်ချာပါဒရောဂါရနိုင်ပြီး
ယခုအချိန်တွင်လည်းသူမတွင်နှလုံးရောဂါရှိနေပါတယ်။

သူမကတော့ဆံပင်ကိုညှပ်မဲ့အစားမိမိကိုယ်ကိုသက်သေလိုက်မည်ဟု သူမရဲ့ဆံပင်အပေါ်အလွန်ခင်တွယ်နေပါတယ်။

ယခုအချိန်မှာ Asha Mandela သည်ကမ္ဘာ့ ဆံပင်အရှည်ဆုံးသူအဖြစ် ဂင်းနစ်စံချိန်တင်ခံထားရသူဖြစ်နေပါပြီ။

ZK(ကနောင်)
Scientist Myanmar

အေးချမ်းမွန် Credit To > Scientist Myanmar < Thanks
Re-posted By ACM 28-9-2013
https://www.facebook.com/excellencemedia

အဖေသို့ သမီးပေးစာ

၁၆ နှစ်အရွယ် သမီးလေး အခန်းထဲသို့ အဖေ ဖြစ်သူ ဝင်လာပါတယ်။ သမီး မရှိပဲ အခန်းက သပ်ရပ်နေပြီး စာတစ်စောင် စားပွဲပေါ်မှာ တင်ထား တာ တွေ့ လိုက်ပါတယ်။ စာကို ဖတ်ကြည့်တဲ့အခါ

ချစ်သော ဖေဖေ
ဒီစာကိုရေးရတဲ့အတွက် စိတ်မကောင်းပါဘူး။ ဖေဖေနဲ့ မေမေကို တကယ် ချစ်ပါတယ်။ သို့ပေမယ့် သမီးနဲ့ ချစ်သူနောက်ကို အပြီးလိုက်သွားပါပြီ။ စိတ်မဆိုးပါနဲ့ ဖေဖေ။ သူက သမီးအပေါ် ကောင်းပါတယ်။ အပြင်ပန်းက တက်တူးတွေ၊ ဆေးမင်ကြောင်တွေ ဘယ်လောက်ပဲ များများ သူ သမီးကို တကယ်ချစ်တာ ခံစားမိပါတယ်။ သမီးထက် ၁၄ နှစ်ကြီး ပိုကြီး တယ်လေ။ အိမ်ထောင်ကွဲပေါ့။ သို့ပေမယ့် သူ့ဇာတ်လမ်းတွေ ပျက်သွားပြီိလို့ ကတိပေး ထားတယ်။ သူ ကတိဖျက်တာ ၁၅ ခါ မကပေမယ့် ဒီတစ်ခါတော့ နောက် ဆုံး ဖြစ်မယ်လို့ သမီးယုံကြည်တယ်လေ။
သမီးမှာလည်း ကိုယ်ဝန်ရှိနေပြီလေ။ ငယ်သေးပေမယ့် ဒီအရွယ်မှာ မွေးလို့ ဘာမှ မဖြစ်ပါဘူး။ ကလေးတွေအများကြီးမွေးပြီး ဘဝတည်ဆောက်ဖို့လည်း သမီးဆန္ဒရှိတယ်။ သူလည်း ဒီတိုင်းပဲလေ။ ဒီအတွက် ဖေဖေ စိတ်မပူပါနဲ့။ သူ့မှာ အလုပ်အကိုင်မရှိဘူးဆိုတာ မှန်ပါတယ်။ သို့ပေမယ့် မြို့ မှာ သူ ဆေးခြောက်ဖြန့်တော့မယ်လေ။ သမီးကိုချစ်ရင် ဘယ်သူမှ မသိစေနဲ့နော်။ သမီးတို့ ချမ်းသာတဲ့တစ်နေ့ကျ ဖေဖေတို့ကို ပြန်ကျေးဇူးဆပ်မှာပါ။
ဖေ့ဖေ့ကိုလည်းချစ်တယ်။ ချစ်သူကိုလည်း ချစ်တယ်။ ဒီတော့ သမီးတို့ ပိုချစ်ရတဲ့ ချစ်သူဆီကိုပဲ လိုက်သွားပါပြီ အဖေ။
ချစ်ခြင်းများစွာဖြင့် အဖေ့ရဲ့  သမီး
စာဖတ်ပြီးချိန် ဒေါသကြီးလှတဲ့ အဖေဖြစ်ဟာ လက်တွေတောင် ကတုန်ကရင် ဖြစ်လာပါတယ်။ စာကို ဆုပ်ဖြဲမယ်အလုပ် အောက်နားမှာ စာနည်းနည်း ထပ်ရေးထားတာ တွေ့တော့ ဆက်ဖတ်မိပါတယ်။
PS: ဖေဖေရေ.။ အပေါ်က ရေးထားသမျှ တစ်ခုမှ မမှန်ပါဘူးနော။ အခု သမီး ဘေးက သူငယ်ချင်းအိမ်မှာ။ လောကမှာ ထင်ထားတာ တွေ (သမီး ရီပို့ကဒ်) ထက် အရမ်းဆိုးရွားတဲ့ အရာတွေ ရှိသေး၊ ဖြစ်နိုင်သေး တာကို သမီးပြောပြချင်တာပါ။ လောလောဆယ် စားပွဲ အံဇွဲထဲမှာ ကျောင်းက ပေးတဲ့ ရီပို့ကဒ် ( Report card ) ထားထား တယ်ဖေဖေ။ အမှတ်နဲ့ အဆင့်ကို မကြည့်ပဲ လက်မှတ်ထိုးပေးနော်။ သမီးကို ချစ်လို့ စိတ်ဆိုးပြေ ရင် ဖုန်းဆက်ခေါ်လိုက်နော.
 
Today Myanmar

Saturday, September 28, 2013

Sky netရုပ်သံတွေကို ဖုန်းထဲကနေ free ကြည့်မယ်(အားကစားလိုင်းတွေကောကြည့်လို.ရနေပီနော်)for android

sky net ကို ဖုန်းထဲကနေ ဖရီးကြည့်လို.ရနေပါပီ။
 
 လိုင်းကောင်းဖို.တော့လိုတာပေါ့နော် အားကစာလိုင်းတွေပါ ကြည့်လို.ရနေတော့ အတော်အဆင်ပြေတယ်ဗျာ :D 
 
ကျွန်တော်ကတော့ ခု ကြည့်နေပီ ကြည့်ချင်တဲ့ ဘော်ဘော်တွေ အောက်ကလင့်မှာဒေါင်းလိုက်နော်။
 
အဆင်ပြေပါစေ......
Enjoy!
Hnget Ngai

First Look: Samsung Galaxy Gear Smartwatch(စမတ်လက်ပတ်နာရီ)

Galaxy Gear ဆိုတာကတော့ အီလက်ထရောနစ် ကုမ္ပဏီကြီး Samsung မှ ထုတ်လုပ်ထားတဲ့ စမတ်လက်ပတ်နာရီပဲ ဖြစ်ပါတယ်။ Galaxy Gear ကို စမတ်ဖုန်း (သို့) တက်ဘလက်နဲ့ တွဲဖက်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ Galaxy Note 3 နှင့် Note 10.1 တို့နဲ့သာ ချိတ်ဆက်ပြီး သုံးစွဲလို့ရပါလိမ့်မယ်။ Samsung အနေနဲ့ မကြာမီ အချိန်မှာ Galaxy S4 ၊ Note 2 တို့နဲ့လည်း အသုံးပြုနိုင်ဖို့ ဆောင်ရွက်ပေးမယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် Galaxy Gear ရဲ့ ဈေးနှုန်းကတော့ ပေါ့သေးသေး မဟုတ်ပါဘူး။ သီးသန့် ဝယ်ယူမယ်ဆိုရင် ကျပ် ၂ သိန်းခွဲကျော် ကျသင့်မှာဖြစ်ပြီး Note 3 နဲ့ အတူဝယ်ယူမယ်ဆိုရင်တော့ ကျပ် ၇ သိန်းကျော် ကျသင့်ပါလိမ်မယ်။ အဓိကပြဿနာက Galaxy Gear ကို Samsung ရဲ့ အဆင့်မြင့် စမတ်ဖုန်းတွေ တက်ဘလက်တွေနဲ့သာ လက်ရှိအချိန်မှာ ချိတ်ဆက်သုံးစွဲလို့ ရနိုင်ခြင်းပဲ ဖြစ်ပါတယ်။

Galaxy Gear ကို Myanmar Consumer Guide မှ ပထမဆုံးအကြိမ် ကိုင်တွယ်စမ်းသပ် ကြည့်ခဲ့ရာမှာတော့ -

Specifications:

မျက်နှာပြင် - 1.63-inch (320 x 320 pixels)
ပရော်ဆက်ဆာ - 800MHz
သိုမှီးမှုပမာဏ - 4GB

Thursday, September 26, 2013

တလည်းသီးဖျော်ရည်တစ်ခွက်သောက်ခြင်းဖြင့် ချစ်စိတ်ကို မြှင့်တင်နိုင်

တလည်းသီးဖျော်ရည်တစ်ခွက်သောက်ခြင်းဖြင့် ချစ်စိတ်ကို မြှင့်တင်နိုင်
Thursday, September 26, 2013

အိမ်ထောင်မှုသုခ အပြည့်အ၀ မရရှိဘူးဆိုရင် တလည်းသီးဖျော်ရည် တစ်ခွက်ကို သောက်လိုက်ပါလို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်
တလည်းသီးဖျော်ရည်ဟာ အိမ်ထောင်ရှင်တွေအတွက် စိတ်ဆန္ဒကို လှုံဆော်ပေးနိုင်တဲ့ နံပါတ်တစ်ဖျော်ရည်ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ တလည်းသီးဖျော်ရည်ဟာ အိမ်ထောင်ရှင်စုံတွဲတွေကိုပိုပြီး ချစ်ချစ်ခင်ခင်နေနိုင်စေကြောင်း လေ့လာမှုအရ သိရပါတယ်။
အကြောင်းကတော့ တလည်းသီးဖျော်ရည်မှာ အင်တီအောက်ဆီးဒင့်ဂုဏ်သတ္တိ အပြည့်ပါဝင်တဲ့အပြင် တလည်းသီးရနံ့နဲ့ အရသာကြောင့် ဖြစ်ပါတယ်။ တလည်းသီးဖျော်ရည်နှာ ပါဝင်တဲ့ ဗီတာမင်စီက တစ်နေ့တာ လိုအပ်တဲ့ပမာဏရဲ့ ၁၆% နဲ့ ဗီတာမင် B3 ၊ ပိုတက်စီယမ်၊ သဘာဝဖီနောနဲ့ ဖေလးဗိုနွိုက်တို့လည်းပါဝင်နေပါတယ်။ တလည်းသီးမှာ အမျှင်ဓာတ်ပါဝင်မှုလည်း မြင့်မားတာကြောင့် တလည်းသီးဟာ နှလုံးရောဂါဖြစ်နိုင်ချေကို လျော့ကျစေပြီး သွားချေးဖတ်မဖြစ်အောင်လည်း ကာကွယ်ပေးတယ်လို့ သိရပါတယ်။

Good Health ( ZKO )

အိမ်ထောင်မှုသုခ အပြည့်အ၀ မရရှိဘူးဆိုရင် တလည်းသီးဖျော်ရည် တစ်ခွက်ကို သောက်လိုက်ပါလို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်..

တလည်းသီးဖျော်ရည်ဟာ အိမ်ထောင်ရှင်တွေအတွက် စိတ်ဆန္ဒကို လှုံဆော်ပေးနိုင်တဲ့ နံပါတ်တစ်ဖျော်ရည်ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ တလည်းသီးဖျော်ရည်ဟာ အိမ်ထောင်ရှင်စုံတွဲတွေကိုပိုပြီး ချစ်ချစ်ခင်ခင်နေနိုင်စေကြောင်း လေ့လာမှုအရ သိရပါတယ်။

အကြောင်းကတော့ တလည်းသီးဖျော်ရည်မှာ အင်တီအောက်ဆီးဒင့်ဂုဏ်သတ္တိ အပြည့်ပါဝင်တဲ့အပြင် တလည်းသီးရနံ့နဲ့ အရသာကြောင့် ဖြစ်ပါတယ်။ တလည်းသီးဖျော်ရည်နှာ ပါဝင်တဲ့ ဗီတာမင်စီက တစ်နေ့တာ လိုအပ်တဲ့ပမာဏရဲ့ ၁၆% နဲ့ ဗီတာမင် B3 ၊ ပိုတက်စီယမ်၊ သဘာဝဖီနောနဲ့ ဖေလးဗိုနွိုက်တို့လည်းပါဝင်နေပါတယ်။ တလည်းသီးမှာ အမျှင်ဓာတ်ပါဝင်မှုလည်း မြင့်မားတာကြောင့် တလည်းသီးဟာ နှလုံးရောဂါဖြစ်နိုင်ချေကို လျော့ကျစေပြီး သွားချေးဖတ်မဖြစ်အောင်လည်း ကာကွယ်ပေးတယ်လို့ သိရပါတယ်။

Good Health ( ZKO )
မြ၀တီ

နော်ဝေမှ Atlantic Ocean လမ်း (Atlantic Ocean Road)

နော်ဝေမှ Atlantic Ocean လမ်း (Atlantic Ocean Road)

ပုံမှာမြင်တွေ့ရတဲ့ တံတားကတော့ နော်ဝေနိုင်ငံရှိ ကျွန်းနှစ်ကျွန်းကို ဗဟိုကျွန်း (Main Land) နဲ့ ဆက်စပ်ထားပေးတဲ့ လမ်း (တံတား)ဖြစ်ပါတယ်။

၅.၂ မိုင်ရှည်လျားတဲ့ ယင်းတံတားကို ကျွန်းငယ်လေးတွေပေါ်အခြေပြုတည် ဆောက်ထားခြင်းဖြစ်ပါတယ်။ တံတားဟာ သာမန်နဲ့မတူပဲ ကွေ့ဝိုက်၊ နိမ့်မြင့်ရတဲ့ ရည်ရွယ်ချက်ကတော့ ပင်လယ်ရေလှိုင်း ရိုက်ခတ်မှဒဏ်ကို ခံနိုင်ရည်ရှိမဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

နော်ဝေရေပိုင်နက် (Atlantic ပင်လယ်) အတွင်းမှာ တည်ဆောက်ထားတဲ့ ယင်းတံတားဟာ ၁၉၂၁ က စတင်တည်တင်ဆောက်ခြင်း ဖြစ်ပြီး တစ်ဖြည်းဖြည်းနဲ့ ပုံစံပြောင်း ရှည်လျားလာခြင်း ဖြစ်ပါတယ်။ ဒီဇိုင်းဆန်းနဲ့ တည်ဆောက်ထားတဲ့ ယင်းတံတားကို Atlantic Ocean Road လို့ လူသိများပါတယ်။

Ref:wikiepdia

အောင်ခမ်း (ရိုးရာလေး)
ပုံမှာမြင်တွေ့ရတဲ့ တံတားကတော့ နော်ဝေနိုင်ငံရှိ ကျွန်းနှစ်ကျွန်းကို ဗဟိုကျွန်း (Main Land) နဲ့ ဆက်စပ်ထားပေးတဲ့ လမ်း (တံတား)ဖြစ်ပါတယ်။

၅.၂ မိုင်ရှည်လျားတဲ့ ယင်းတံတားကို ကျွန်းငယ်လေးတွေပေါ် အခြေပြုတည်   ဆောက်ထားခြင်းဖြစ်ပါတယ်။ တံတားဟာ သာမန်နဲ့မတူပဲ ကွေ့ဝိုက်၊ နိမ့်မြင့်ရတဲ့ ရည်ရွယ်ချက်ကတော့ ပင်လယ်ရေလှိုင်း ရိုက်ခတ်မှဒဏ်ကို ခံနိုင်ရည်ရှိမဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

နော်ဝေရေပိုင်နက် (Atlantic ပင်လယ်) အတွင်းမှာ တည်ဆောက်ထားတဲ့ ယင်းတံတားဟာ ၁၉၂၁ က စတင်တည်တင်ဆောက်ခြင်း ဖြစ်ပြီး တစ်ဖြည်းဖြည်းနဲ့ ပုံစံပြောင်း ရှည်လျားလာခြင်း ဖြစ်ပါတယ်။ ဒီဇိုင်းဆန်းနဲ့ တည်ဆောက်ထားတဲ့ ယင်းတံတားကို Atlantic Ocean Road လို့ လူသိများပါတယ်။

Ref:wikiepdia

အောင်ခမ်း (ရိုးရာလေး)
 
မှတ်သားဖွယ် ဗဟုသုတများ

မှတ်သားဖွယ် ဗဟုသုတများ
==============

ဘယ်တော့မှ ပြန်မရနိုင်သော အရာ (၃) မျိုး
၁။ ကုန်ဆုံး သွားသောအချိန်များ
၂။ ပြောပြီးသော စကားများ
၃။ အခွင့်အရေးကောင်းများ

အကောင်းဆုံးကို ဖန်တီးနို်င်သော အရာ (၃) မျိုး
၁။ အလုပ် ကြိုးစားခြင်း
၂။ စိတ်ရင်း မှန်ဖြင့် လုပ်ဆောင်ခြင်း ၊ ရိုးသားခြင်း
၃။ စိတ်ရော ကိုယ်ပါ နှစ်မြုပ်ထားခြင်း ။

တန်ဖိုး ကြီးဆုံး အရာ (၃) မျိုး
၁။ အချစ်
၂။ မိမိကိုယ် မိမိယုံကြည်မှု
၃။ မိတ်ဆွေ

တစ်ကြိမ်ဆုံး ရှုံးပြီးနောက် ပြန်လည် တည်ဆောက်ရန် ခက်ခဲသောအရာ(၃)မျိုး
၁။ ရိုသေလေးစားမှု
၂။ ယုံကြည် စိတ်ချမှု
၃။ ခင်မင် ရင်းနှီးမှု

ပျက်စီးစေသော အရာ (၃) မျိုး
၁။ အရက်သေ စာ ။
၂။ မာနကြီးခြင်း ၊ မိမိကိုယ်မိမိ အထင်ကြီးခြင်း နှင့် ၀င့်ကြွားခြင်း။
၃။ ဒေါသကြီး ခြင်း ။

ဘယ်တော့မှ မသေချာသော အရာ (၃) မျိုး
၁။ အိမ်မက်
၂။ စိတ်ကူး ၊ ရည်ရွယ်ချက်
၃။ ကံကြမ္မာ

မီးပြတိုက် ( mee-pya-tite )

ခေါင်းကိုက်ဝေဒနာပျောက်ရန် သဘာဝနည်းလမ်း

ခေါင်းကိုက်ဝေဒနာပျောက်ရန် သဘာဝနည်းလမ်း

ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ခေါင်းဘယ်လောက်ပဲ ကိုက်ကိုက်၊ ဘယ်လောက်ပဲ မူးမူး သဘာဝအတိုင်း ပျောက်စေတဲ့ နည်းလမ်း ရှိပါတယ်။

ယင်းကတော့ သံပုရာသီးကို အသုံးပြုခြင်း ဖြစ်ပါတယ်။ သံပုရာသီးကို နှစ်ခြမ်း ခြမ်းပြီး အတွင်းသားကို နဖူးမှာ သာသာလေး ပွတ်ပေးရုံပဲ ဖြစ်ပါတယ်။ ယင်းသို့ ပွတ်သပ်ခြင်းဖြင့် တကယ်ပဲ ခေါင်းကိုက် သက်သာ ပျောက်ကင်းစေပါတယ်။

သံပုရာသီးက အအေးဓာတ်နဲ့ အနံ့က ဦးနှောက်ကို လန်းဆန်းစေပြီး ခေါင်းကိုက်ဝေဒနာ ပျောက်ကင်းစေတယ်လို့ လေ့လာတွေ့ရှိထားကြောင်း သိရပါတယ်။
--
Ref: medic-facts
Aung Kham ( International news for myanmar )

အသားလှုပ် ဟောကိန်း

ထိပ်ဦးအသား၊ လှုပ်ဘိငြားမူ၊ မင်းများကြည်ညွတ်၊ ပူဇော်လတ်အံ့။

အမြတ်တင်ရာ၊ လယ်ယာဦးကင်း၊ လှုပ်ခြင်းတဖြာ၊ လက်ယာအက္ခိ၊ မျက်စိအပေါ်၊ လှုပ်သော်တကြောင်း၊ ခင်ပွန်းကောင်းနှင့်၊ ပေါင်းမိတတ်စွ၊ လာဘ်သော်ရလိမ့်။

အောက်ကလှုပ်မူ၊ ချစ်သူရန်လို၊ မျက်ပိုစမြဲ။
လက်ဝဲမျက်ခုံး၊ လှုပ်သည့်ထုံးကား၊ ကံဘုန်းထွန်းသစ်၊ ကြံတိုင်းဖြစ်လိမ့်။

မျက်ရစ်အောက်သား၊ လှုပ်ခဲ့ငြားမူ၊ မြေး-သား-မျိုးဆွေ၊ ပျက်စီးလေ၍။

မျက်ရည်ကျငြား၊ လက်ယာနားမူ၊ ရန်ပွားခိုက်ဆစ်၊ ဖြစ်အံ့တချက်၊ ရာထူးတက်လိမ့်။

လက်ဝဲနားမှာ၊ လာဘ်များစွာ၏။
နှာခေါင်းစင်စစ်၊ တုန်လှုပ်လစ်မူ၊ ချစ်သည်သူနှင့်၊ ကလူကျီစယ်၊ ပျော်ရဖွယ်တည့်။

ထက်ဝယ်နှုတ်ခမ်း၊ လှုပ်ဆမ်းဘိငြား၊ စကားရန်စ၊ တွေ့လေရအံ့။

အောက်ကလှုပ်လာ၊ ဝေးရပ်ရွာမှ၊ ရောက်လာစကား၊ သတင်းကြား၏။

Wednesday, September 25, 2013

မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူနည်း

“မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူနည်း”
Thursday, September 26, 2013

(၁) “ဒါနကုသိုလ်”
မနက်အိပ်ယာထမျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ရေဖလားနဲ့ '' မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား" လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွားပါပြီ။

(၂) “ဗုဒ္ဓနုသာတိကုသိုလ်”
မြတ်စွာဘုရားမျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက်(၃)ခုနဲ့ ပွါးလိုက်ပါ။
အရဟံ - ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား၊
အရဟံ - ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား၊
အရဟံ - ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား။
ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ။

(၃) “မေတ္တာကုသိုလ်”
ကြည်လင်နေတဲ့ရေကိုကြည့်ပြီး...
ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကောရုပ်ကော အေးမြကြပါစေ။
ဤရေအေးမြသလို သတ္တ၀ါအားလုံး စိတ်ကောရုပ်ကော အေးမြကြပါစေ…လို့ မေတ္တာပို့လိုက်ပါ။
ဒါဆို မေတ္တာကုသိုလ်ဖြစ်သွားပါပြီ။

ဒါ့ကြောင့်ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်မပြေပါဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။

(၄) “မရဏာနုဿတိကုသိုလ်”
ပြီးရင် ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး။ ၀င်လေမဆုံးခင် ထွက်လေမဆုံးခင် နံနက်၊နေ့ည အချိန်မရွေး သေသွားနိုင်သည်…လို့ မရဏာနုသာတိပွါးလိုက်ပါ။ ဒါဆိုမရဏာနုသာတိကုသိုလ်ဖြစ်သွားပါပြီး။

(၅) “အသုဘဘာဝနာကုသိုလ်”
မျက်စိအတွင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေတဲ့အညစ်အကြေးတွေကို အာရုံပြုပြီး ငါ့ရဲ့ မျက်နှာဟာ စက်ဆုပ်ရွံရှာဖွယ် ပါတကား….လို့ အသုဘ ဘာဝနာပွါးလိုက်ပါ။ ဒါဆို အသုဘဘာဝနာ ကုသိုလ်ဖြစ်သွားပါပြီး။

အသုဘဘာဝနာပွါးရတာ အိပ်ယာထဆိုတော့ အသုဘရဲ့လက္ခဏာတွေ ထင်ထင်ရှားရှားရှိနေတဲ့အတွက် ပွါးရတာပိုတောင် ထင်သာမြင်သာ ရှိပါသေးတယ်။ အပြင်သွားခါနီး ဖီးလိမ်းပြင်ဆင်ပြီးတဲ့အခါ လှလှပပ၀တ်ဆင်ထားတဲ့အခါ အသုဘပွါးရတာ အဆင်မပြေလှပါဘူး။ မိတ်ကပ်တွေ အ၀တ်တွေနဲ့ဖုံးထားတဲ့အတွက် အသုဘလက္ခဏာတွေက မပေါ်ပါဘူး။ အသုဘပွါးတာ မနက်စောစောက အဆင်ပြေဆုံးပါပဲ။

အားလုံးပြီးမှ မြတ်စွာဘုရား မျက်နှာတော်သစ်ပြီးပြီ ဖြစ်တဲ့အတွက်ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား…လို့စွန့်ပြီး မျက်နှာသစ်လိုက်ပါ။ ဒါဆို မျက်နှာသစ်ရင် ကုသိုလ်(၅)မျိုး ရသွားပါပြီ။

ကဲ.... စာဖတ်သူအပေါင်းတို့ရေ...
မျက်နှာသစ်ရင်း ကုသိုလ်ငါးမျိုးပွားပြီး ကုသိုလ်တွေစုဆောင်းထားလိုက်ပါနော်..။

(ဆရာတော်ရဝေနွယ်-အင်းမ၏ ရင်ထဲကအရဟံ စာအုပ်မှပြန်လည်မျှဝေခြင်းဖြင့် ဒါနကုသိုလ်ပြုပါသည်။)

မြတ်ဗုဒ္ဓအလင်း
Credit :အင်းလေးမီဒီယာ

(၁) “ဒါနကုသိုလ်”
မနက်အိပ်ယာထမျက်နှာသစ်တော့မယ်ဆိ
ုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ရေဖလားနဲ့ '' မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား" လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွားပါပြီ။

(၂) “ဗုဒ္ဓနုသာတိကုသိုလ်”
မြတ်စွာဘုရားမျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက်(၃)ခုနဲ့ ပွါးလိုက်ပါ။
အရဟံ - ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား၊
အရဟံ - ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား၊
အရဟံ - ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား။
ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ

(၃) “မေတ္တာကုသိုလ်”
ကြည်လင်နေတဲ့ရေကိုကြည့်ပြီး...
ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကောရုပ်ကော အေးမြကြပါစေ။
ဤရေအေးမြသလို သတ္တ၀ါအားလုံး စိတ်ကောရုပ်ကော အေးမြကြပါစေ…လို့ မေတ္တာပို့လိုက်ပါ။
ဒါဆို မေတ္တာကုသိုလ်ဖြစ်သွားပါပြီ။

ဒါ့ကြောင့်ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်မပြေပါဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။

(၄) “မရဏာနုဿတိကုသိုလ်”
ပြီးရင် ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး။ ၀င်လေမဆုံးခင် ထွက်လေမဆုံးခင် နံနက်၊နေ့ည အချိန်မရွေး သေသွားနိုင်သည်…လို့ မရဏာနုသာတိပွါးလိုက်ပါ။ ဒါဆိုမရဏာနုသာတိကုသိုလ်ဖြစ်သွား
ပါပြီး။

(၅) “အသုဘဘာဝနာကုသိုလ်”
မျက်စိအတွင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေတဲ့အညစ်အကြေးတွေက
ို အာရုံပြုပြီး ငါ့ရဲ့ မျက်နှာဟာ စက်ဆုပ်ရွံရှာဖွယ် ပါတကား….လို့ အသုဘ ဘာဝနာပွါးလိုက်ပါ။ ဒါဆို အသုဘဘာဝနာ ကုသိုလ်ဖြစ်သွားပါပြီး။

အသုဘဘာဝနာပွါးရတာ အိပ်ယာထဆိုတော့ အသုဘရဲ့လက္ခဏာတွေ ထင်ထင်ရှားရှားရှိနေတဲ့အတွက် ပွါးရတာပိုတောင် ထင်သာမြင်သာ ရှိပါသေးတယ်။ အပြင်သွားခါနီး ဖီးလိမ်းပြင်ဆင်ပြီးတဲ့အခါ လှလှပပ၀တ်ဆင်ထားတဲ့အခါ အသုဘပွါးရတာ အဆင်မပြေလှပါဘူး။ မိတ်ကပ်တွေ အ၀တ်တွေနဲ့ဖုံးထားတဲ့အတွက် အသုဘလက္ခဏာတွေက မပေါ်ပါဘူး။ အသုဘပွါးတာ မနက်စောစောက အဆင်ပြေဆုံးပါပဲ။

အားလုံးပြီးမှ မြတ်စွာဘုရား မျက်နှာတော်သစ်ပြီးပြီ ဖြစ်တဲ့အတွက်ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား…လို့စွန
့်ပြီး မျက်နှာသစ်လိုက်ပါ။ ဒါဆို မျက်နှာသစ်ရင် ကုသိုလ်(၅)မျိုး ရသွားပါပြီ။

ကဲ.... စာဖတ်သူအပေါင်းတို့ရေ...
မျက်နှာသစ်ရင်း ကုသိုလ်ငါးမျိုးပွားပြီး ကုသိုလ်တွေစုဆောင်းထားလိုက်ပါနေ
ာ်..။

(ဆရာတော်ရဝေနွယ်-အင်းမ၏ ရင်ထဲကအရဟံ စာအုပ်မှပြန်လည်မျှဝေခြင်းဖြင့်
ဒါနကုသိုလ်ပြုပါသည်။)

မြတ်ဗုဒ္ဓအလင်း
Credit :အင်းလေးမီဒီယာ

"လူကြိုက်များတဲ့ငရဲ"(ဟာသ)

"လူကြိုက်များတဲ့ငရဲ"

ဆဒမ်ဟူစိန်သေတော့ ငရဲကျရော...
ငရဲပြည်မှာက နိုင်ငံအလိုက်ငရဲခန်းတွေရှိတယ်
ကိုယ်ကြိုက်တဲ့ ငရဲခန်းကို ရွေးချယ်ခွင့် ရှိတယ်

ငရဲမင်းကြီးက ဆဒမ်ဟူစိန်ကို ငရဲပြည်အနှံ့လိုက်ပြပြီး ကြိုက်တဲ့ငရဲခန်းကို ရွေးချယ်ခိုင်းတယ်

ပထမဆုံးတွေ့တာက အမေရိကန်ငရဲ
ဒီငရဲမှာနှိပ်စက်နည်းက...
လျှပ်စစ်ကုလားထိုင်ပေါ်မှာ တစ်နာရီကြာအောင် ရှော့တိုက်ခံရမယ်
သံချွန်တွေပေါ် တစ်နာရီကြာအောင် အိပ်ရမယ်
ပြီးရင် ကျန်တဲ့တနေ့လုံး အမေရိကန်ငရဲသားတွေက ကြာပွတ်တွေနဲ့ လာရိုက်တယ်

နောက်တခုက ဂျာမဏီငရဲ
ဒီငရဲမှာနှိပ်စက်နည်းကလည်း...
လျှပ်စစ်ကုလားထိုင်ပေါ်မှာ တစ်နာရီကြာအောင် ရှော့တိုက်ခံရမယ်
သံချွန်တွေပေါ် တစ်နာရီကြာအောင် အိပ်ရမယ်
ပြီးရင် ကျန်တဲ့တနေ့လုံး ဂျာမန်ငရဲသားတွေက ကြာပွတ်တွေနဲ့ လာရိုက်တယ်

နောက်ငရဲတွေလိုက်ပြတော့လည်း နှိပ်စက်ပုံတွေက အတူတူချည်းဆိုတော့ ဘာရွေးရမှန်းမသိဘူး ဖြစ်နေတယ်

အဲ
တနေရာရောက်တော့ လူတွေအများကြီး တန်းစီနေတဲ့ ငရဲတခုကို တွေ့ပါလေရော
နှိပ်စက်နည်းတွေများ သက်သာလို့လားဆိုတော့ မသက်သာဘူး
ရှေ့ကငရဲတွေနဲ့ ပုံစံတူနှိပ်စက်နည်းတွေပဲ

ဒါနဲ့ ငရဲမင်းကြီးကို မေးကြည့်တာပေါ့... ...

"နှိပ်စက်တဲ့နည်းခြင်း အတူတူကို ဘာလို့ဒီငရဲကျမှ လူကြိုက်များရတာလဲ"

ဒီတော့ ငရဲမင်းကြီးက ရှင်းပြတယ်... ...

"ဒါမြန်မာပြည်ငရဲကွ၊ ဘာလို့လူကြိုက်များလဲဆိုရင် လျှပ်စစ်ကုလားထိုင်က မီးမလာတော့ ရှော့တိုက်လို့ မရဘူးကွာ၊ သံချွန်တွေကလည်း ဈေးကောင်းရလို့ ပိသာချိန်နဲ့ ရောင်းစားလိုက်ကြပြီကွာ"
"ဒါဆို ကြာပွတ်နဲ့ပဲ အရိုက်ခံရတာပေါ့နော်"
"မခံရဘူး"
"ဘာလို့လဲဗျ"
"ကြာပွတ်နဲ့ ရိုက်တဲ့ ငရဲသားတွေကလည်း ဝန်ထမ်းတွေဆိုတော့ ရုံးတက်လက်မှတ်ထိုးပြီးတာနဲ့ တနေကုန် လဘက်ရည်ဆိုင် သွားထိုင်နေကြရော"
"ကောင်းဗျာ"

သန်၎ကို-ဘာသာပြန်သည်

ယနေ့အကြိုက်ဆုံး ဟာသ

ယနေ့အကြိုက်ဆုံး ဟာသ
==============

အညာဘက်မှာ ရွာတွေရှိတယ် ရွာနာမည်ဆန်းဆန်းတွေပေါ့ကွယ်။

ရွာတရွာရဲ့နာမည်က "ဂွေးကြီး" ရွာတဲ့။ ရွာက ဘုန်းကြီးကျောင်းမှာ ဆရာတော်ရှိတယ်။ ဒီတော့ လူတွေက လေးလေးစားစား "ဂွေးကြီး ဆရာတော်" လို့ ခေါ်ကြသတဲ့။ လူကြားထဲ လော်နဲ့အော်ခံရတော့ ဆရာတော် စိတ်ညစ်သတဲ့။

ဒါနဲ့ နာမည်ပြောင်းအောင် အလှူခံပြီး ကိုးတောင်ပြည့်စေတီလေး ရွာထိပ်မှာ တည်သတဲ့။

တည်ပြီးမှ လူတွေက ဘုန်းဘုန်းကို လေးလေးစားစား "ကိုးတောင်ပြည့် ဂွေးကြီး ဆရာတော်" လို့ ခေါ်တော့တာပဲကွယ်။

အလှူမှာ လှူဖွယ်ပစ္စည်းတွေမဲနှိုက်ပြီး ကြေညာတယ်၊၊ဆရာတော်တွေများတော့ ကြေညာတဲ့သူက အလွယ်ပဲကြေညာတယ်၊၊

ဥပမာ.. တောရဆရာတော်ဆွမ်းချိုင့် ပေါက် ရင် ...တောရဆရာတော် ဆွမ်းချိုင့်ပါဘုရား....လို့ အော်တယ်၊၊၊

ခုနက ဆရာတော် နှာ ရှူဆေးဗူး ပေါက်တော့ ကြေညာလိုက်တာက.... "ကိုးတောင်ပြည့် ဂွေးကြီးဆရာတော် နှာဗူးပါဘုရား......."

(ဟာသအမြင်ဖြင့်သာ ဖတ်ကြရန်)

(originally posted by အနက် မဲ့ )

အခမဲ့ကြော်ငြာ

Tuesday, September 24, 2013

Facebook က သင့်ကို Block ရခြင်းအကြောင်းများ

Friend အသားကုန် Add ခြင်း
ကိုယ်တွေ့ပါ။ :D။ စာဖတ်သူ အချို့ လည်း မောင်အောင်ခမ်းလို ကြုံရမှာပါ။ Friend ဇွတ် Add ရင်လည်း Facebook က သူငယ်ချင်း Add ခွင့်ကို ရက်အတော်ကြာကြာ ပိတ်ပါတယ်။ နောက် မထင်ရင် မထင်ရင် သလို Message ပို့ခွင့်ပါ ရောရောင် ပိတ်ပါတယ်။

- Message ဇွတ်ပို့ခြင်း
အပေါ်က ပြောတဲ့အထဲကလိုပဲ ပိတ်တတ်သလို၊ Page တွေ၊ မသိတဲ့ သူတွေ ဆီကို စာဇွတ်ပို့ရင်လည်း Facebook က စာပို့ခွင့်ကိုပါ Block လုပ်ပါတယ်။

- Like ဇွတ်လုပ်ခြင်း
ဒါက ဒီနောက်ပိုင်းက Facebook က ချမှတ်တဲ့ ပေါ်လစီထင်တယ်။ သူငယ်ချင်း တွေထဲမှာ တကယ်ပဲ Like လုပ်လို့ မရအောင် အပိတ်ခံရတာကို လက်တွေ့ မြင်လိုက်ရပါတယ်။ သူတို့က အသားကုန် Like လုပ်ကြတယ်လေ။ ဒါကြောင့် Like ကိုလည်း ပိတ်ပါတယ်တဲ့။

Monday, September 23, 2013

ဇူလိုက်လ အတွက် အကောင်းဆုံး လူအကြိုက်အများဆုံး Ring Tone များ ပြန်လည်စုစည်းမူ

http://rqringtone.wordpress.com/
  • (1) Ring Tone Title
သစ္စာ
  • Ring Tone Artists
ဘန်နီဖြိုး & ဆိုတေး
  • For You !!
  • (2) Ring Tone Title
အရောင်မဆိုးနဲ့ 
  • Ring Tone Artists
နီနီခင်ဇော်
  • For You !!
  • (3) Ring Tone Title
Priyanka Chopra
  • Ring Tone Artists
 Exotic (ft Pitbull)
  • For You !!
  • (4) Ring Tone Title
Looking at me
  • Ring Tone Artists
step up 2 movie song
  • For You !!
  • (5) Ring Tone Title
VIP
  • Ring Tone Artists
ရဲရင်အောင်
  • For You !!
  • (6) Ring Tone Title
Like a G 6
  • Ring Tone Artists
Far East
  • For You !!
  • (7) Ring Tone Title
window Eorr Remix
  • Ring Tone Artists
SMS Tone
  • For You !!
  • (8) Ring Tone Title
Gangnam Gummy Style
  • Ring Tone Artists
RING TONE
  • For You !!
  • (9) Ring Tone Title
နင်သာရှိရင်
  • Ring Tone Artists
Ning One (9 one)
  • For You !!
  • (10) Ring Tone Title
ဥမ္မာလီဇာ
  • Ring Tone Artists
bunny phyo
  • For You !!
  • (11) Ring Tone Title
Oye Brazil Vs Hey Baby
  • Ring Tone Artists
 Pitbull ft. T-Pain
  • For You !!
  • (12) Ring Tone Title
ဖုန်းမကိုင်ဘူးကွာ
  • Ring Tone Artists
funny Ring tone
  • For You !!
  • (13) Ring Tone Title
Dance Again
  • Ring Tone Artists
jennifer Lopez & pitbull
  • For You !!
  • (15) Ring Tone Title
ThatPower
  • Ring Tone Artists
Feat Justin Bieber
  • For You !!
  • (16) Ring Tone Title
အလွမ်းသက်သေ
  • Ring Tone Artists
Wolf Clown family
  • For You !!

AUG လ အတွက် တစ်လတာ မန်ဘာအကြိုက်ဆုံး Ring TOne စုစည်းမူ ထွက်ပါပြီး !

Rq Ring TOne Main LOGO!!
မင်္ဂလာပါခင်ဗျာ..။
AUG လ အတွက် တစ်လတာ မန်ဘာအကြိုက်ဆုံး Ring TOne စုစည်းမူ ထွက်ပါပြီး !
အားလုံး တစ်နေရာရာမှ အသုံးဝင်နိုင်ပါစေဗျာ..။

http://mmflashsongs.ning.com/မှ ကူးယူဖော်ပြပါသည်...
  • (1) Ring Tone Title
နတ်သက်ကြွေ
  • Ring Tone Artists
ဘန်နီဖြိုး
  • For You !!
  • (2) Ring Tone Title
Sasung Mix 2013
  • Ring Tone Artists
best in 2013
  • For You !!
  • (3) Ring Tone Title
You Have text massage
  • Ring Tone Artists
SMS TONE
  • For You !!
  • (4) Ring Tone Title
Hey Baby !!
  • Ring Tone Artists
T pain & bitpull
  • For You !!
  • (5) Ring Tone Title
Ring TONE NEW
  • Ring Tone Artists
in 2013
  • For You !!
  • (6) Ring Tone Title
FANTASTICBABY
  • Ring Tone Artists
Big Bang (KOREA)
  • For You !!
  • (7) Ring Tone Title
Just Give Me A Reason
  • Ring Tone Artists
P!nk feat Nate Ruess
  • For You !!
  • (8) Ring Tone Title
ဝေးခဲ့ရင်
  • Ring Tone Artists
ဖော်ကာ
  • For You !!
  • (9) Ring Tone Title
ရင်ထဲကဂီတာ
  • Ring Tone Artists
လင်းလင်း ( သံမဏိလိပ်ပြာ)
  • For You !!
  • (10) Ring Tone Title
ချစ်သူသို့ 
  • Ring Tone Artists
Bachit(B-Lord) ft Joe Jar
  • For You !!
  • (11) Ring Tone Title
အသက်မဲ့စကား
  • Ring Tone Artists
G LET (ဂျီလတ်)
  • For You !!
  • (12) Ring Tone Title
လွမ်းလွန်းလို့ 
  • Ring Tone Artists
ရဲရင့်အောင်
  • For You !!
  • (13) Ring Tone Title
Sexy Me(sexy lady)
  • Ring Tone Artists
hip hop
  • For You !!
  • (14) Ring Tone Title
Sexy Me(sexy lady)
  • Ring Tone Artists
Solo
  • For You !!
  • (15) Ring Tone Title
COOL DJ Remix songs
  • Ring Tone Artists
for sms & Ring Tone
  • For You !!

Sunday, September 22, 2013

"စည်းကမ်းအတိုင်း"(ဟာသ)

Photo: "စည်းကမ်းအတိုင်း"

မိတ်ဆုံစားပွဲတခု တက်ရောက်ချီးမြှင့်ပေးဖို့ မစ္စတာဘင်းတစ်ယောက် ဖိတ်ကြားခြင်း ခံရတယ်
ဖိတ်ကြားတာကလည်း ထူးဆန်းတဲ့ စည်းကမ်းသတ်မှတ်ချက်ကြီးနဲ့
လာဖိတ်တဲ့လူက မစ္စတာဘင်းကို ပြောသွားတာ...

'တက်ရောက်လာသူအားလုံး အဖြူရောင် နက်ကတိုင်တခုပဲ စည်းရမယ်'... တဲ့

ဒါနဲ့ ဖိတ်ကြားထားတဲ့နေ့ရောက်တော့ မစ္စတာဘင်းလည်း အဖြူရောင် နက်ကတိုင်ကြီးစည်းပြီး သွားတာပေါ့
ခန်းမထဲလည်းဝင်ရော မစ္စတာဘင်းခမြာ အံ့သြလွန်းလို့ မှင်သက်မိသွားတယ်...
တခြားလူတွေလည်း အဖြူရောင်နက်ကတိုင်တွေနဲ့ချည်းပဲ

ဒါပေမယ့်...
သူတို့က ဘောင်းဘီတွေ အင်္ကျီတွေပါတယ်

Google ရဲ့ ဌာနချုပ်မှာ ဝန်ထမ်းတွေ ဘယ်လိုအလုပ်ကြသလဲ

Photo: Google ရဲ့ ဌာနချုပ်မှာ ဝန်ထမ်းတွေ ဘယ်လိုအလုပ်ကြသလဲ

Google အနေနဲ့ ၂၅ စက္ကန့်မှာ အလုပ်လျှောက်လွှာတစ်ခု လက်ခံရရှိနေတဲ့ ကုမ္ပဏီကြီးတစ်ခုပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကမ္ဘာတစ်ဝန်း ဝန်ထမ်းအင်အား ၃ သောင်းကျော် ရှိနေပါတယ်။ ကမ္ဘာတစ်ဝန်းရှိ Google ရဲ့ ရုံးများအနက်မှ ကယ်လီဖိုးနီးယားပြည်နယ် Mountain View မြို့၌ တည်ရှိသည့် ဌာနချုပ်ကတော့ အရွယ်အစားအားဖြင့် အကြီးဆုံးဖြစ်သလို ဝန်ထမ်းများ အသုံးပြုဖို့ ထားရှိပေးထားတဲ့ ပစ္စည်းတွေ၊ အပန်းဖြေ အနားယူဖို့ နေရာတွေနဲ့ စားသောက်ခန်းမတွေဟာလည်း အကောင်းဆုံးလို့ ဆိုနိုင်ပါတယ်။ 

ဒါဆိုရင် ဂိမ်းကစားခန်းတွေ၊ ရေကူးကန်တွေ၊ အနှိပ်ခန်းတွေ၊ အခမဲ့စားသောက်ဆိုင်တွေနဲ့ ပြည့်နှက်နေတဲ့ Google ရဲ့ ဌာနချုပ်မှာ ဝန်ထမ်းတွေ အလုပ်လုပ်ဖို့ အချိန်ကော ရှိကြမယ်လို့ ထင်ပါသလား။ 

Google ရဲ့ ရည်မှန်းချက်ကတော့ ဝန်ထမ်းများအနေနဲ့ အလုပ်လုပ်ချိန်နဲ့ အနားယူချိန် မျှတဖို့ပဲဖြစ်ပြီး ယင်းမှသာ ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်ဟာလည်း မြင့်တက်လာမှာ ဖြစ်ပါတယ်။ 

ယင်းအတွက်ကြောင့် Google အနေနဲ့ ယင်းတို့ရဲ့ ဝန်ထမ်းများအတွက် အခမဲ့ စားသောက်ဆိုင်တွေ၊ ဆံသဆိုင်တွေ၊ အဝတ်လျှော်ဆိုင်တွေ၊ ဆေးပေးခန်းတွေစတဲ့ ဝန်ဆောင်မှုများကိုပါ ထည့်သွင်း ဖန်တီးပေးထားခြင်း ဖြစ်ပါတယ်။ 

Google ရဲ့ အင်ဂျင်နီယာ တစ်ဦးဖြစ်သူ Corin Anderson ကတော့ “အားလုံးက အလုပ်ကို ကြိုးစားအားထုတ်ပြီး လုပ်ကြပါတယ်။ အနားယူချိန်မှာလည်း စိတ်လွတ်ကိုယ်လွတ် အနားယူကြပါတယ်။ အဓိကအချက်ကတော့ ဝန်ထမ်းတွေအားလုံးဟာ စိတ်ချမ်းသာပျော်ရွှင်ကြပါတယ်။” လို့ ဆိုသွားပါတယ်။
Google အနေနဲ့ ၂၅ စက္ကန့်မှာ အလုပ်လျှောက်လွှာတစ်ခု လက်ခံရရှိနေတဲ့ ကုမ္ပဏီကြီးတစ်ခုပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကမ္ဘာတစ်ဝန်း ဝန်ထမ်းအင်အား ၃ သောင်းကျော် ရှိနေပါတယ်။ ကမ္ဘာတစ်ဝန်းရှိ Google ရဲ့ ရုံးများအနက်မှ ကယ်လီဖိုးနီးယားပြည်နယ် Mountain View မြို့၌ တည်ရှိသည့် ဌာနချုပ်ကတော့ အရွယ်အစားအားဖြင့် အကြီးဆုံးဖြစ်သလို ဝန်ထမ်းများ အသုံးပြုဖို့ ထားရှိပေးထားတဲ့ ပစ္စည်းတွေ၊ အပန်းဖြေ အနားယူဖို့ နေရာတွေနဲ့ စားသောက်ခန်းမတွေဟာလည်း အကောင်းဆုံးလို့ ဆိုနိုင်ပါတယ်။

ဒါဆိုရင် ဂိမ်းကစားခန်းတွေ၊ ရေကူးကန်တွေ၊ အနှိပ်ခန်းတွေ၊ အခမဲ့စားသောက်ဆိုင်တွေနဲ့ ပြည့်နှက်နေတဲ့ Google ရဲ့ ဌာနချုပ်မှာ ဝန်ထမ်းတွေ အလုပ်လုပ်ဖို့ အချိန်ကော ရှိကြမယ်လို့ ထင်ပါသလား။

Google ရဲ့ ရည်မှန်းချက်ကတော့ ဝန်ထမ်းများအနေနဲ့ အလုပ်လုပ်ချိန်နဲ့ အနားယူချိန် မျှတဖို့ပဲဖြစ်ပြီး ယင်းမှသာ ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်ဟာလည်း မြင့်တက်လာမှာ ဖြစ်ပါတယ်။

ယင်းအတွက်ကြောင့် Google အနေနဲ့ ယင်းတို့ရဲ့ ဝန်ထမ်းများအတွက် အခမဲ့ စားသောက်ဆိုင်တွေ၊

သင် ဘယ်လိုလူ လုပ်မှာလဲ ဖြေပါ.....?

Photo: သင် ဘယ်လိုလူ လုပ်မှာလဲ ဖြေပါ.....?

ဟိုး……. ရှေးရှေးတုန်းက ရွာတစ်ရွာမှာ သားအဖနှစ်ယောက်ရှိတယ်။ တစ်နေ့ မှာ သမီး ဖြစ်သူက ဖခင်ကြီးကို တိုင်တယ်မိတယ်။ ဘာဘဲလုပ်လုပ် တစ်ခုမှအဆင်မပြေတဲ့ အကြောင်း အားပျက်မိတဲ့အကြောင်း ပြောတယ်။

သမီးက အဲလို တိုင်တည်ပြီးပြောလိုက်တော့ ဖခင်ကြီးက သမီးလက်ကိုဆွဲပြီး မီးဖိုချောင်ကို ခေါ်သွားလိုက်တယ်။ ပြီးတော့ ဘာမှမပြောဘဲ အိုးသုံးအိုးထဲကို ရေတွေဖြည့်ပြီး မီးပြင်းပြင်းနဲ့  ဖိုသုံးဖိုပေါ်မှာ တင်လိုက်တယ်။ မကြာပါဘူး မီးအား အရမ်းပြင်းတာကြောင့် အိုးထဲကရေတွေ ပွက်ပွက်ဆူလာပါတယ်။

ရေနွေးတွေလဲဆူရော ဖခင်ဖြစ်သူက ပထမအိုးထဲကို မုန်လာဥတွေထည့်၊ ဒုတိယအိုးထဲကို ကြက်ဥ တွေထည့်၊ တတိယအိုးထဲကို လက်ဖက်ခြောက်တွေ အသီးသီးထည့်လိုက်တယ်။ထည့်ပြီးတော့ အိုးတွေကို မီးဖိုပေါ်မှာဘဲ ဆက်ထားလိုက်တယ်။

နောက်၁၀မိနစ်လောက်ကြာတဲ့အခါမှာ ဖခင်ဖြစ်သူက မီးသုံးဖိုစလုံးကို သတ်လိုက်ပြီး ပထမအိုးထဲက မုန်လာဥတွေကိုဆယ်၊ ပန်းကန်တစ်ချပ်ထဲထည့် လိုက်တယ်။ နောက်တစ်အိုးက ကြက်ဥတွေကိုဆယ်ပြီး ပန်းကန်ထဲထည့်လိုက်ပြန်တယ်။ နောက်ဆုံး အိုးထဲကလက်ဖက်ခြောက်တွေခပ်ထားတဲ့ ရေနွေးတွေကို ခွပ်တစ်လုံးထဲ ထည့်လိုက်တယ်။

အဲဒိနောက် ဖခင်ဖြစ်သူက သမီးရေ ဒါတွေကဘာလဲလို့ မေးတဲ့အခါမှာ သမီးလုပ်သူက မုန်လာဥပြုတ်၊ ကြက်ဥပြုတ်
နဲ့ ရေနွေးကြမ်းတွေပါလို့ ပြန်ဖြေလိုက်တယ်။

သမီးက အဲဒိလိုပြန်ဖြေအပြီးမှာ ဖခင်ဖြစ်သူက မုန်လာဥတွေကို စမ်းခိုင်းတယ်။ သမီးက မုန်လာဥကို ဇွန်းနဲ့  ထိုးကြည့်တဲ့အခါမှာ ပျော့ပြဲနေတာတွေ့ ရတယ်။ နောက် ကြက်ဥကိုယူပြီးစမ်းခိုင်းပြန်တယ်။ ကြက်ဥကို ခွာလိုက်တဲ့ အခါမှာ အရမ်းကို ကျက်နေတဲ့ ကြက်ဥပြုတ်တစ်လုံးဖြစ်နေတာ တွေ့ ရပြန်တယ်။ နောက်ဆုံးမှာ ရေနွေးကြမ်းကို မြည်းကြည့်ခိုင်းတဲ့
အခါမှာအနံ့  အရသာနဲ့ ပြည့်စုံတဲ့ ရေနွေးကြမ်းတစ်ခွက်ဖြစ်နေတာ သတိထားမိပြန်တယ်။

အားလုံးစမ်းသပ်ပြီးတဲ့အခါမှာ ဖခင်ဖြစ်သူက သမီးကို ဒီလိုဆုံးမပါတယ်။

မုန်လာဥက ရေနွေးထဲမရောက်ခက်မှာ သန်သန်မာမာတောင့်တောင့်တင်းတင်းကြီးပေါ့။ ဒါပေမယ့် ရေနွေးနဲ့ လဲ ပြုတ်လိုက်ရော တစ်ခါထဲကို ဖျော့ဖတ်သွားတော့တာဘဲ။

ကြက်ဥကျပြန်တော့ ရေနွေးထဲမရောက်ခင်မှာ အထိမခံဘူး။ ကြမ်းကြမ်းလေးထိမိတာနဲ့  ခွက်ကနဲ ကွဲသွားရော။ အပေါ်ခွံ ပါးပါးလေးက အထဲက အရည်ကြည့်ပျော့ဖတ်ဖတ်လေးတွေကို ကာရံထားတဲ့ အနေအထားပေါ့။ ဒါပေမယ့် ရေနွေးထဲမှာလဲ ပြုတ်လိုက်ရော ပျော့အိအိ အတွင်းသားတွေက အားလုံးမာကုန်ပြန်ဘဲ။

လက်ဖက်ခြောက်ကတော့ တစ်ဘာသာပေါ့။ ရေနွေးပွက်ပွက်ထဲလဲရောက်ရော အဲဒိအဖြူရောင် ရေနွေးတွေကိုပါ လက်ဖက်ရည်အဖြစ်ပြောင်းလဲပြစ်လိုက်တယ်။ ပြီးတော့ အရသာရှိတဲ့ ရေနွေးကြမ်းတစ်ခွက်အနေနဲ့  ပြောင်းသွားတယ်။

ကဲ…………. ဒီတော့ အဖေ့သမီးကရော ဘာလဲ။ လူမုန်လာဥလား၊ လူကြက်ဥလား။ လူလက်ဖက်ခြောက်လား။

လောကဒဏ်ဆိုတာ လူတိုင်းဟာတစ်နည်းနည်းနဲ့ ရင်ဆိုင်နေရတာဘဲ။ အဲဒါလောကဒဏ်နဲ့  နဖူးတွေ့ ၊ ဒူးတွေ့  ရင်ဆိုင်လာရတဲ့အခါမှာ သမီးက ဘယ်လိုတုန့် ပြန်မလဲ။ သမီးကိုယ်တိုင် စဉ်းစားပါတဲ့။

ပုံပြင်လေးက ဒါပါဘဲ။ ဒါပေမယ့် အဲဒိပုံပြင်ထဲမှာ ဘာတွေရလိုက်သလဲ။

အပြင်ပန်းအမြင်မှာ မုန်လာဥလို မာချာချာ တောင့်တောင့်တင်းတင်းနဲ့  ၊ လောကဒဏ်ကို တကယ်ရင်ဆိုင်ရတဲ့ အခါမှာ ပျော့ခွေနွမ်းရိပြီး အားကုန်သွားမယ့် လူစားမျိုးလား။

အစတုန်းကတော့ ထိလွယ်ကွဲလွယ်တဲ့စိတ်ရှိနေတယ်။ စိတ်ကလဲပျော့နေတယ်။ ဒါပေမယ့် သေခြင်းတရားလို၊ ရှင်ကွဲကွဲတာလို၊ ချွတ်ခြုံကျတာလို တစ်ခုခုကို အပြင်းအထန် ခံစားပြီးတဲ့နောက်မှာတော့ နင်လားဟဲ့ လောကဒဏ်ဆိုတဲ့ စိတ်၊ ထီမထင်တဲ့စိတ်ဓါတ်နဲ့  မာကြောကြောတောင့်တင်းတင်း ဖြစ်သွားမယ့် လူစားမျိုးလား။ မပြုတ်ခင်ကြက်ဥနဲ့  ပြုတ်ပြီးသားကြက်ဥလို အပြင်ပန်းအမြင်မှာ သိပ်မကွာလှပေမယ့် အတွင်းမှာတော့ ခါးသီးမာကြောနေတဲ့
နှလုံးသားနဲ့ လူမျိုးလား။

လက်ဖက်ခြောက်ဆိုတာ ရေနွေးဆူလေလေ အရသာပိုကောင်းလေလေဘဲ။ လက်ဖက်ခြောက်လို လူဆိုတာကလဲ
ဒုကတွေနဲ့ အရှိန်တတ်လေလေ အရည်အချင်းတွေ ပိုရှိလာလေလေဖြစ်ပြီး ကိုယ့်ပတ်ဝန်းကျင်အတွက် ပိုကောင်းတဲ့ အခြေအနေကို ဖန်တီးပေးနိုင်တဲ့သူ ဖြစ်လာမယ်။

လောကဒဏ်ကို ဘယ်လို ရင်ဆိုင်ဘို့ ဆုံးဖြတ်ထားပါသလဲ။ လူမုန်လာဥလား၊ လူကြက်ဥလား၊ လူလက်ဖက်ခြောက်လား။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မူရင်း ဆရာအတ္တကျော်ရဲ့ နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ် စာအုပ်မှ ကူးယူဖော်ပြထားပါတယ်။

https://www.facebook.com/photo.php?fbid=487874001249925&set=a.477305768973415.102490.477299495640709&type=1&theater