“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, March 10, 2013

HIV ကုနိုင်မဲ့ လမ်းစ တွေ့

 
HIV ကုနိုင်မယ့် လမ်းစတွေ့ မတ် ၅ ရက်၊ ၂၀၁၃ HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံ နေရတဲ့ မွေးကင်းစ မိန်းကလေး ငယ် တဦးရဲ့ ကိုယ်ခန္ဒာမှာ ရောဂါပိုး အမြစ်ပြတ် သွားတဲ့ ပုံမျိုး ဖြစ်နေ တာနဲ့ ပတ်သက် တဲ့ အချက် အလက် အသေး စိတ်ကို အမေရိကန် ဆေးပညာရှင် တွေက ထုတ်ပြန် လိုက်ပါတယ်။ ... မွေးကင်းစ ကလေးငယ် တဦး အနေနဲ့ ဒါ ပထမဆုံး ဖြစ်ပြီး လူတဦး ကနေနဲ့ ကတော့ ဒါ ဒုတိယမြောက် တွေ့ရှိ ရတာ ဖြစ်ပါတယ်။ ဒါဟာ ဆေးပညာ ဆိုင်ရာ တိုးတက် အောင်မြင်မှု တရပ် အဖြစ် ပညာရှင် တွေက ကြေညာ ပြောဆိုနေ ကြပါပြီ။ အကြောင်း ကတော့ ဒီကုသမှုကို ခံယူခဲ့တဲ့ မိန်းကလေးငယ်ကို မစ္စစ်စပီ ပြည်နယ်မှာ HIV ရောဂါပိုး ရှိတဲ့ မိခင်က မွေးခဲ့ပါ တယ်။ မွေးမွေး ပြီးချင်း နာရီ ၃၀ အတွင်း မှာပဲ ကုသဆေး ၃ မျိုး လောက် ရောပြီး ကုသပေးခဲ့ ပါတယ်။ နောက်ဆက်တွဲ ကုသမှု အနေနဲ့ တနှစ်ခွဲ လောက် လုပ်ခဲ့ပြီး ကုသမှုကို ရပ်ဆိုင်းလိုက် ပါတယ်။ အခုတော့ အဲဒီ မိန်းကလေးငယ်ဟာ အသက် ၂ နှစ်ခွဲရှိ ပါပြီ။ ကုသမှု ရပ်ဆိုင်းထားတာ ၁ နှစ်လောက် ရှိပေမယ့် ရောဂါပိုး ရှိတဲ့ လဏ္ခာလုံးဝ မတွေ့ရတော့ပါ။ ဒါကြောင့် ဒီဖြစ်ရပ်ကို အခြေခံပြီး ရောဂါပိုး ရှိတဲ့မိခင်က မွေးဖွားတဲ့ ကလေးငယ် လေးတွေကို မွေးမွေးချင်း ကုသပေးရင်း စမ်းသပ် မှုတွေကို ဆက်လုပ်ကြမှာပါ။ ဒီသတင်းဟာ ဆေးလောက အတွက်တော့ အင်မတန်မှကို သတင်း ထူးကြီး တခု ဖြစ်ပေမယ့် ကုရာနတ္ထိ ဆေးမရှိဆိုတဲ့ AIDS ရောဂါ ဖြစ်စေတဲ့ ဒီ HIV ပိုးကို လုံးဝဥဿုံကြီး တားလိုက် နိုင်ပြီလို့ ပြောလို့ မရသေးပါ။ အကယ်၍ ဒီမိန်းကလေးငယ် သာ ဒီအတိုင်း ကျန်းကျန်း မာမာ ဆက်ပြီး ရှိတယ် ဆိုရင်တော့ ဒါဟာ HIV ပိုး ကုသ နိုင်တဲ့ ဖြစ်ရပ် အနေနဲ့ ဒုတိယမြောက် အကြိမ် ဖြစ်လာမှာပါ။ ပထမ အကြိမ် ကတော့ ၂၀၀၇ ခုနှစ်တုန်းက HIV ပိုး ကာကွယ် နိုင်တဲ့ အင်မတန်မှ ရှားပါးတဲ့ ဆဲလ် ပိုင်ရှင်ရဲ့ ဆဲလ် ကိုယူပြီး အစားထိုး ကုသရာ ကနေ အောင်မြင်မှု ရခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ကုသမှုနဲ့ မတူတဲ့ ဒီတကြိမ် ကုသမှု မှာတော့ လူမမယ် ရောဂါသည် တွေကို ကုသရာမှာ အသုံးပြုတဲ့ ဆေးတွေကို ရောပြီး ကုသပေးခဲ့တာ ဖြစ်ပါတယ်။ အခု ရလဒ်နဲ့ ပတ်သက်ပြီး တင်ပြ လာခဲ့တဲ့ Johns Hopkins တက္ကသိုလ် က ရောဂါပိုးမွှားဗေဒ ပညာရှင် ဒေါက်တာ Deborah Persaud က ရောဂါ ပိုးဟာ လူ့ ကိုယ်ခန္ဒာမှာ ခိုအောင်း မလာနိုင်ခင် အချိန်မှာ အစောဆုံး ကုသမှုကို လုပ်ဆောင် လိုက်တဲ့ အတွက် ဆေးက ရောဂါပိုးတွေကို အရင်ဆုံး နှိမ်နှင်း လိုက်တဲ့ သဘော ရှိတယ်လို့ ပြောပါတယ်။ အခု ကုသမှု ခံယူ ခဲ့တဲ့ ကလေးငယ် မိန်းကလေးမှာ ရောဂါပိုး ဆက်ပြီး ရှိမရှိကို ဓာတ်ခွဲခန်း ၆ ခု မှာ အဆင့်မြင့်တဲ့ နည်းပညာတွေ၊ မတူတဲ့ နည်း စနစ်တွေနဲ့ အမျိုးမျိုး စမ်းသပ်ခဲ့ ပေမယ့် ဘယ်ဓာတ် ခွဲခန်း ကမှ ရောဂါပိုးကို မတွေ့ရပါဘူး။ ဒါကြောင့် လတ်တလော ပြောနိုင်တာ ကတော့ ဒီကလေးဆီမှာ ရှိတဲ့ HIV ရောဂါပိုးကို တိုက်ဖျက် လိုက်နိုင်ပြီလို့ AIDS ရောဂါ သုတေသန ဖောင်ဒေးရှင်း က Dr. Rowena Johnston က ပြောပါတယ်။ အခု ကုထုံးဟာ မွေးကင်းစ ကလေးငယ်တွေ အတွက်သာ ဖြစ်ပြီး နည်းနည်းကြီး သွားတဲ့ ကလေး တွေနဲ့ လူကြီးတွေ အတွက်တော့ မဟုတ်ပါဘူး။ ဒါကြောင့် ရောဂါ မဖြစ်အောင် ကြိုတင် ကာကွယ်တဲ့ နည်းကသာ အထိ ရောက်ဆုံး ကုသမှု အဖြစ် ရှိနေ ပါသေးတယ်။

http://friendsdaygroup.ning.com/profiles/blog/show?id=2293535%3ABlogPost%3A1595806&xgs=1&xg_source=msg_share_post

ယောက်ျားကောင်းတို့  ပြုအပ်သော လက္ခဏာ ဆယ်ပါး

 
ထစ်ခနဲရှိ စိတ်ဆိုးစိတ်တို ပေါက်ကွဲဝုန်းဒိုင်းကြဲသူ လုပ်မပြပါနဲ့  ဘာမဆို ကမူးရှူးထိုး စိတ်နောက်ကိုယ်ပါ ဖြစ်တတ်တာ ကလေးဆန်တာပါ၊ ကိုယ်ကရင့်ကျက်သူ၊ တွေးဆတတ်သူ၊ ကလေးမဆန်သူဆိုတာ အမြဲပြသနိုင်ပါစေ၊ တည်ငြိမ်ရင့်ကျက်တဲ့ ပုံစံကလည်း မိန်းကလေးတွေအတွက် ညှို့ငင်အား တစ်ရပ်ပါပဲ။

၁။ အသာစီးမယူနဲ့ အခွင့် အရေးသမားမလုပ်နဲ့  ယောင်္ကျားလေးအများစုက အခွင့် အရေးရသလောက်ယူ၊ အမြတ်ထုတ်တာတွေ လုပ်တတ်ကြတယ်၊ ကိုယ်က ဒီလိုမဟုတ်ပဲ ကိုယ့် ဘ၀အတွက် တကယ်ရည်ရွယ်သူ၊ အရည်းအသွေးပြည့်ဝသူ အမျိုးသမီးတစ်ဦးပေါ်သာ မေတ္တာစိတ် တည့်မတ်စွာ ထားတတ်သူ ဖြစ်ကြောင်း သိသာထင်းရှားပါစေ။

၂။ နေရာတကာ ၀ုန်းဒိုင်းမကျဲနဲ့  ထစ်ခနဲရှိ စိတ်ဆိုးစိတ်တို ပေါက်ကွဲဝုန်းဒိုင်းကြဲသူ လုပ်မပြပါနဲ့  ဘာမဆို ကမူးရှူးထိုး စိတ်နောက်ကိုယ်ပါ ဖြစ်တတ်တာ ကလေးဆန်တာပါ၊ ကိုယ်ကရင့်ကျက်သူ၊ တွေးဆတတ်သူ၊ ကလေးမဆန်သူဆိုတာ အမြဲပြသနိုင်ပါစေ၊ တည်ငြိမ်ရင့်ကျက်တဲ့ ပုံစံကလည်း မိန်းကလေးတွေအတွက် ညှို့ငင်အား တစ်ရပ်ပါပဲ။

၃။ ကိုယ့်မူနဲ့ ကိုယ် နေတတ်ပါစေ ကိုယ့်ထက် တခြားသူအပေါ်မှာ ပိုအချိန်ပေးတဲ့ ကိုယ့်အဖော် အမျိုးသမီးကို ဖျတ်ဖျတ်လူး ပြန်ဆွဲဆောင် ချင်မနေပါနဲ့၊ သူမ ကိုယ့်နားမှာ မနေလည်း ကိယ့်ဘာသာ တစ်ယောက်တည်း အေးဆေးပေါ့... ဆိုတာမျိုး ပျော်ပျော်ရွှင်ရွှင် နေထိုင်ပြပါ၊ ကိုယ်ပိုင် စတိုင်ရှိသူဟာ ဆွဲဆောင်မူရှိသူပါပဲ။

၎။ ပြောစရာရှိတာ ပြောရဲဆိုရဲစမ်းပါ အရမ်းကြီး လူတွင်ကျယ် လုပ်တဲ့ပုံစံထိ မရောက်အောင်တော့ထိန်းပါ၊ ဒါပေမယ့် ထက်ထက်မြက်မြက် စွမ်းစွမ်းတမံတော့ လုပ်ရပါလိမ့်မယ်၊ ဘယ်နေရာမဆို ရေငုံနုတ်ပိတ် ငုံ့မခံတတ်သူ၊ မဟုတ်မခံ ပြောစရာရှိတာ ပြောရဲဆိုရဲ သူကို မိန်းကလေးတွေက ပိုကြိုက်တယ်။

၅။ သြဇာအာဏာရှိတာမျိုး ဖြစ်ပါစေ ကိုယ့်မှာရှိတဲ့  သြဇာကို အလွယ်တကူ အဆုံးအရှူံးခံ၊ အလျော့ ပေးတာမျိုး မလုပ်ပါနဲ့၊ ပတ်ဝန်းကျင်မှာ သြဇာမညောင်းတဲ့  ယောင်္ကျားလေးမျိုးကို မိန်းကလေးတွေက မနှစ်သက်တတ်ဘူး၊ လူတကာကိုလိုက်ပြီး လိုက်လျောနေသူ မဖြစ်စေဘဲ ကိုယ်က သြဇာအာဏာပေးသူမျိုးကို သူတို့ တွေက ကျေနပ်သဘောကျ တတ်ပါတယ်။

၆။ ကိုယ့်ကိုကိုယ် အားကိုးသူ၊ တာဝန်ယူ ထိန်းကြောင်းနိုင်သူ ဖြစ်ပါစေ ဘယ်သူ့ရဲ့ အစေစားခံမှ မဖြစ်ဘဲ ကိုယ့်တာဝန်ကို ကိုယ်ယူတတ်သူ၊ ကိုယ့်ကိုကိုယ် ထိန်းသိမ်း လျှောက်လှမ်း နိုင်သူဟာ မိန်းကလေးတွေကို အထူး ဆွဲဆောင်နိုင်သူပါပဲ၊ ကိုယ့်အရည်အချင်းနဲ့ ကိုယ် ရပ်တည်သူ ဖြစ်ပါစေ။

၇။ လိုက်မှီခိုမနေနဲ့  တချို့က မိန်းကလေးတွေကို သိပ်မှီခိုတယ်၊ ဘာမဆို နောက်လိုက်ပဲ လုပ်ချင်တယ်၊ အဲဒါသိပ်မှားတဲ့စရိုက်ပဲ၊ တတ်နိုင်သလောက် ယောင်္ကျားလေးဖြစ်တဲ့ ကိုယ်က ရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး ဦးဆောင်ပါ၊ တခါတလေမှာ ကိုယ်က ကိုယ့်အလိုကျ သိပ်လုပ်တယ်လို မိန်းကလေးက ထင်ရင်တောင် နောက်ပိုင်းကျတော့ သူတို့ နားလည်သွားပြီး ကျေနပ်နေကြပါလိမ့်မယ်။

၈။တချို့ ဟာတွေကိုရှက်နေရမှာမဟုတ်ဘူး ယောင်္ကျားတယောက်အနေနဲ့  ယောင်္ကျားပီသတဲ့ စိတ်ဆန္ဒမျိုး ပေါ်ပေါက်တတ်တာကို အတင်းဖုံးကွယ် နေစရာမဟုတ်ဘူး၊ ဖို/မ ကြားက ရင်ခုန် စိတ်လှုပ်ရှားမူ ရမ္မက်စိတ်ဟာ လူသားပီသမူပါ၊ ဓလေ့ထုံးစံနဲ့ ယဉ်ကျေးမူဘောင်တွေကို မချိုးဖောက်ဘဲ ပှံမှန် ယောင်္ကျားလေးတယောက်ရဲ့ စိတ်ဆန္ဒမျိုး ရှိတာကိုလည်း ရှက်စရာလို့ မခံယူပါနဲ့ ။

၉။ ရင့် ကျက်ပါ ၊ ကလေးမဆန်ပါနဲ့  ယောင်္ကျားလေး အများစုရဲ့ ပြဿနာက လူကထွားနေပြီး အသက်အရွယ်ကလည်း သိပ်မငယ်ဘူး၊ ဒါပေမယ့် ကိုယ်တိုင် သိပ်မရင့်ကျက်ချင်ဘူး၊ မိန်းကလေးတွေကို ဆွဲဆောင်နိုင်တဲ့ ယောင်္ကျားလေးတယောက် ဖြစ်ချင်ရင် ကလေးဆန်ဆန် အမူအရာတွေ ဖျောက်ပေတော့၊ ယောင်္ကျား ပီပီသသ ခန့်ခန့်ညားညား လူကိုမှ သူတို့ ကနှစ်သက်ပါတယ်။

၁၀။ အချိန်ပေးပြီး အတူနေပါ ယောင်္ကျားလေး တော်တော်များများမှာ ယောင်္ကျားပီသမူဆိုတာ ဘာလဲလို့  မသိတဲ့ကိစ္စကကို ပြောရမှာပါ၊ တကယ်တော့  ကိုယ်ဟာ ယောင်္ကျားတယောက် ဖြစ်နေတာနဲ့တင် မိန်းကလေးတွေရဲ့ အသိအမှတ် ပြုမူဆိုတာ ရှိပြီးသားပါ၊ ကိုယ်ကနည်းနည်းလေး သတိထားရမှာက မိန်းကလေးသဘာဝဟာ ယောင်္ကျားလေးတွေနဲ့  အတူ နေထိုင်ပြီး စကားပြောရတာကို ကြိုက်နှစ်သက်တယ် ဆိုတာပါပဲ၊ ဒီတော့  မိန်းကလေးနဲ့  စကားပြောဖို့အတွက် သူ့ အနားမှာ အချိန်ပေးဖို့ က ယောင်္ကျားလေးရဲ အဓိကကျတဲ့ တာဝန်ဆိုတာ သိထားဖို့ လိုပါတယ်။

http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1597825&xgs=1&xg_source=msg_share_post

တရုတ်ပြည် Changchun မှ ကြီးမားသော ဖရုံသီးကြီးများ

 
တရုတ်ပြည် ဂျီလင်း စီရင်စုရဲ့ အရှေ့မြောက်မှာ တည်ရှိတဲ့ မြို့တော် Changchun မှာကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးနဲ့သစ်သီးဝလံပြပွဲမှ သစ်သီးဝလံ ပေါင်းများစွာကို ခင်းကျင်းပြ သခဲ့ပါတယ် ။ အဲဒီအထဲကမှ ၅၀၀ ကီလိုဂရမ်လောက်လေးတဲ့ ဖယုံသီးကြီးတစ်လုံးကို ပုံမှာ မြင်ရတဲ့ အတိုင်းပြ သခဲ့ပါတယ် ။ စိုက်ပျိုးရေးနည်းပညာတွေတိုးတက်လာတာနဲ့အမျှ ဒီလို သစ်သီးဝလံကြီးထွားမှု နည်း ပညာတွေဟာ စားသုံးတွေကို အန္တရာယ်မဖြစ်စေဘူးဆိုရင်တော့ ကြိုဆို ၀မ်းမြောက်စရာပါပဲ ။

မူရင်း= တရုတ်ပြည် Changchun မှ ကြီးမားသော ဖရုံသီးကြီး









http://satekuupuyar.blogspot.com/2013/03/changchun.html

အမျိုးသားတစ်ဦး အရှင်လတ်လတ် မြေမျိုခံခဲ့ရ(ဖြစ်ရပ်မှန်)

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်၊ တမ်ပါမြို့ရဲ့အရှေ့ဘက်
၁၅ မိုင်ခန့်အကွာမှာရှိတဲ့ ဆင်ခြေဖုံး မြို့ကလေးဆမ်နာက အသက် ၃၇ နှစ်အရွယ်ရှိတဲ့ ဂျက်ဖ်ဘု့ရှ်ဆိုသူဟာ မမျှော်လင့်တဲ့ ကြမ္မာဆိုးနဲ့ ရုတ်တ ရက်ကြုံခဲ့ရပါတယ်။

ဂျက်ဖ်ဘုရှ်ဟာ မိသားစုဝင်ငါး ဦးနဲ့အတူ တစ်အိမ်တည်းအတူနေ သူဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ကြာသပ တေးနေ့ည ဒေသစံတော်ချိန် ၁၁ နာရီလောက် ဂျက်ဖ်ဘု့ရှ်တစ်ဦး တည်း သူ့အိပ်ခန်းအတွင်းရှိ နေချိန် မှာ အိမ်ကိုကားဝင်တိုက်လိုက်သလို ကျယ်လောင်တဲ့အသံကြီးနဲ့အတူ ဂျက်ဖ်ဘုရှ်ရဲ့ အော်ဟစ်သံကို ကြား လိုက်ရပါတယ်။

အစ်ကိုဖြစ်သူရဲ့ အော်ဟစ် အကူအညီတောင်းခံသံကြားလိုက်ရ တဲ့ ညီဖြစ်သူ ဂျယ်ရီဘု့ရှ်ဟာ အစ် ကိုဖြစ်သူရဲ့ အိပ်ခန်းအတွင်း ပြေး ဝင်လိုက်တဲ့အခါ မြင်တွေ့ရတဲ့မြင် ကွင်းကြောင့် ခဏတာကြက်သေ
သေသွားခဲ့မိတယ်။



အိပ်ခန်းနေရာမှာ ဧရာမကျင်း ကြီးဖြစ်နေပြီး သူ့အစ်ကိုရဲ့ အိပ်ရာ
ကလွဲလို့ ဘာမှမရှိတာ့ပါဘူး။ ဂျယ်ရီ လည်း ဘာမှစဉ်းစားမနေတော့ဘဲ တွင်းထဲခုန်ချပြီး မြေကြီးကိုတူးယက် ရှာပေမယ့် အစ်ကိုဖြစ်သူကို လုံးဝ ရှာမတွေ့ရတော့ပါဘူး။

အကျယ်၃ဝ ပေလောက်ရှိတဲ့ မြေကျွံတွင်းထဲကို ဝင်ရောက်ဖို့ အန္တရာယ် များလွန်းတာကြောင့် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့သားတွေဟာ ဂျက်ဖ်ဘု့ရှ်ပျောက်ဆုံးပြီး
သုံးရက်အကြာမှာ ဆက်လက်ရှာဖွေ ဖို့ လက်လျှော့လိုက်ရပါတယ်။

ဂျက်ဖ်ဘု့ရှ်ရဲ့ မိသားစုနဲ့ သူတို့ အိမ်ဘေးတစ်ဖက်တစ်ချက်
နေအိမ်တွေကနေသူတွေလည်း သူတို့အိမ်တွေမှာ ဆက်မနေရဲတော့လို့
ပြောင်းရွှေ့နေကြရတယ်လို့ဆိုပါတယ်။

ဆက်ပ်နာမြို့ဝန်းကျင်ဟာ ဘူမိ ဗေဒမြေအနေအထားကြောင့် မြေ ကျွံတွင်းတွေဖြစ်ပေါ်လေ့ရှိပေမယ့် အခုလို ဘာအရိပ်အယောင်မျှမပြဘဲ လူတစ်ယောက်ကို ရုတ်တရက် မြေကြီးထဲ ပျောက်ကွယ်သွားစေတဲ့ ဖြစ်ရပ်မျိုး ယခင်က မကြုံခဲ့ရဘူးလို့ဆိုပါ တယ်။
 

Online ပေါ်မှာ ဓါတ်ပုံလေးတွေကို ကိုယ်တိုင်စိတ်ကြိုက်ဖန်တီးရအောင်

ဒီပို့စ်လေးက  download လုပ်စရာမလိုဘဲ online ပေါ်မှာဘဲမိမိစိတ်ကြိုက်ပုံလေးကိုဖန်တီးဖို့အတွက်ပါ
ဒီပို့စ်လေးကိုသိထားတဲ့သူငယ်ချင်းများရှိသလို မသိသေးတဲ့ သူငယ်ချင်းများအတွက်ပါ
ကိုယ်ချစ်တဲ့သူငယ်ချင်း  ချစ်သူ ဒါမှမဟုတ် မိမိပုံလေးတွေကိုလည်း စိတ်ကြိုက်ဖန်တီးလိုက်ရအောင်နော်
http://www.photofunny.net/cat-love
ကို သွားလိုက်နော်...အရင်ဆုံး ကိုယ်ဖန်တီးချင်တဲ့ ဒီဇိုင်းကိုအရင်ရွေးပါ ပြီးရင်အောက်မှာ ပုံနဲ့ရှင်းပြထားပါတယ်
http://alinkabar.ning.com/profiles/blog/show?id=6320079%3ABlogPost%3A1233477&xgs=1&xg_source=msg_share_post

ယတြာအရ ခွေးကိုလက်ထပ်တဲ့လူ

P.Selvakumar ဆိုတဲ့ လူတစ်ယောက်ဟာ ကျိန်စာသင့်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်..၊ လွန်ခဲ့တဲ့ ၁၅နှစ်လောက်က သူဟာ ခွေးနှစ်ကောင်ကို ကျောက်ခဲနဲ့ ရက်ရက်စက်စက်ပေါက်သတ်ခဲ့ပါတယ်..၊ အဲ့ဒီဖြစ်ရပ်က သူ့အတွက် ကျိန်စာဖြစ်ခဲ့ပြီး သူဟာ နောက်ပိုင်း လက်တွေ လှုပ်ရှားလို့မရတော့ပဲ နားပါ မကြားရတော့တဲ့အထိ ဖြစ်သွားခဲ့ပါတယ်..။ သူဟာ နည်းလမ်းပေါင်းစုံနဲ့ ဒီကျိန်စာကို ကုသဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး..၊ ဒါပေမယ့် လွန်ခဲ့တဲ့ ၃ နှစ်လောက်မှာတော့ သူဟာ ဗေဒင်ဆရာ တစ်ယောက်ဆီကို သွားခဲ့ပါတယ်..။
ဗေဒင်ဆရာကတော့ သူ့ကို ယတြာတစ်ခုပေးခဲ့ပါတယ်..
၊ အဲ့ဒါကတော့ ခွေးတစ်ကောင်ကို လက်ထပ် ဖို့ပါ..၊ ခွေးတစ်ကောင်ကို လက်ထပ်လိုက်ခြင်းအားဖြင့် သူအရင်က ခွေးနှစ်ကောင်အပေါ်ပြုလုပ်ခဲ့တဲ့ အပြစ်တွေအတွက် ပေးဆပ်ရာရောက်ပါတယ်..၊ ဒီဖြစ်ရပ်မျိုးဟာ တစ်ကယ်ဆို အိန္ဒိယနိုင်ငံမှာ ထူးခြား တဲ့ဖြစ်ရပ်မျိုးတော့ မဟုတ်ပါဘူး…၊ အိန္ဒိယလူမျိုးတွေဟာ ဒီဖြစ်ရပ်မျိုးကို ယုံကြည်ကြပြီး တိရစ္ဆာန်တွေ နဲ့လက်ထပ်ရုံသာမက သက်မဲ့အရာဝတ္တုတွေနဲ့ လက်ထပ်ပွဲတွေကိုပါ ဆင်နွှဲလေ့ရှိကြပါတယ်..။

အိန္ဒိယရုပ်ရှင်မင်းသမီး Ashwarya Rai ဆိုရင်လည်း လူနဲ့စေ့စပ်ထားတဲ့ Bollywood မင်းသား အန္တရာယ်ကင်းစေဖို့ သစ်ပင်တစ်ပင်နဲ့ လက်ထပ်ခဲ့ပါတယ်..။ ဒီလိုလက်ထပ်ပွဲတွေဟာ အိန္ဒိယနိုင် ငံမှာ တရားဝင်ပြုလုပ်ကြတာတော့ မဟုတ်ပါဘူး..။

အခုဖြစ်ရပ်မှာလည်း သတို့သမီး Selvi လို့ခေါ်တဲ့ ဓါတ်ပုံထဲမှာပါတဲ့ ခွေးမလေးကို အ၀ါရောင် ဆာရီ လေးခြုံပေးပြီး ဘုရားကျောင်းကို ခေါ်လာကာ သစ္စာစကားဆိုပြီး လက်ထပ်ခဲ့ကြပါတယ်..။ ရွာသား တွေဟာ ဒီလက်ထပ်ပွဲကို ချီးမြှောက်ခဲ့ကြပြီး သိပ်မကြာခင်မှာပဲ Selvakumar ခံစားနေခဲ့ရတဲ့ ကျိန်စာ ဟာ လုံးဝပျောက်ဆုံးသွားခဲ့ကြောင်းကို သိရှိရပါတယ်ဗျာ…။ (ဒါမျိုးကိစ္စတွေ တစ်ကယ်ပဲ ရှိသလား..?)
အောင်ထွန်းဦး

ကွန်ပျူတာသုံးပြီးတိုင်း လက်ဆေးကြနော်..

ဒီနေ့ခေတ်မှာကွန်ပြူတာသုံးတဲ့သူငယ်ချင်းတွေသိထား သင့်တယ်ထင်လို့ပါ
ကွန်ပျူတာတစ်စုံ ရှိ Keyboard မှာ Office တခုရဲ့ အများသုံး Toilet ထက်
၅ ဆ ပိုညစ်ပတ်ပါသတဲ့ ။

မယုံမရှိကြပါနဲ့ ။ London National Laboratory တစ်ခုရဲ့ တိကျသေချာသော
သုသေသန လုပ်ဆောင်ချက်တစ်ခုကနေ ရရှိလာတဲ့ Reslut တစ်ခုပါ၊

Computer တခုရဲ့  Keyboard တခုတွင် Bacteria သန်းနှင့်ချီပြီး ပေါက်ဖွား
ရှင်သန်နိုင်ကြောင်း လေ့လာတွေ့ ရှိရသည်။

ထို Bacteria များသည် လူတို့ အား အစာအဆိပ်သင့်ခြင်း (ဗိုက်ထဲ
တွင်မအီမသာဖြစ် ပြီး ၀မ်းလျောခြင်း ) မှ အစ သေစေနိုင်လောက်သည့် ရောဂါ
များ အထိ ဖြစ်ပွား ပျံ့ နှံ့ စေနိုင်သည်။


ပြီးခဲ့ သည့် မကြာသေးမီ ကာလက ရန်ကုန်မြို့တွင် လူမသိသူမသိ
အဖြစ်အပျက်လေးတစ်ခုဖြစ်ပျက်ခဲ့ သည်။


တခြားတော့ မဟုတ်ပါ Computer Keyboard မှ Bacteria များက မွေးကင်းစကလေးငယ်
တစ်ဦးကို ဆုံးပါးသွားစေခဲ့ သည်။


အသက်ကြီးမှာ အိမ်ထောင်ကျသော ဇနီးမောင်နှံ နှစ်ဦး တို့ တွင် အသက် ၃၀
ကျော်မှ ရသောကလေးလေး ဖြစ်သည်။

အသက်ကြီးမှ ရသောကလေးမို့ မိဘများက တအားတန်ဖိုးထားသည့် (Precious Baby )
လေး ဖြစ်သည်။


အဖေဖြစ်သူက Computer Programmer - တနေကုန် Computer ရှေ့ တွင် အလုပ်ရှုပ်နေသူ

ရုံးကပြန်လာတိုင်း လုပ်လေ့လုပ်ထရှိသည့် အကျင့်လေးတစ်ခုက သားလေးကို
ချီပြီး နမ်း တတ်သည်။


ကလေးက မွေးကင်းစ (Baby ) လေး ။ ၁၀ ရက်သားခန့် သာရှိသေးသည့်
တအားနုနယ်သည့်ကလေးလေးပေါ့။

သိပ်မကြာ ကလေးက ဖျားပြီး ခန္ဒာကိုယ်တစ်ခုလုံးနီရဲ ရောင်ရမ်းလာကာ
ဆေးရုံတက်ရက်သည်။ ဆရာဝန်များက မွေးကင်းစကလေးပိုးဝင်ရောဂါ(
Neonatal
Sepsis) ဟုဆိုသည်။ ၂ ရက်မြောက် ဆေးရုံပေါ်တွင် ကလေးမှာ သေသွားရှာသည်။

မိဘတွေက လည်း ဘယ်နေမလဲ။ သူတို့ ကလေး ဘယ်လို သေရသလဲ ?
အကြောင်းအရင်းကိုရှာသည်။ မိခင်ဖြစ်သူမှာ ကလေးကို နို့ တိုက်သည် မှအပ
တခြားအချိန်တွင်အထိအတွေ့ နည်းသည်။
နို့ တိုက်ကျွေးသည့်အချိန်တွင်လည်း တကယ့် သန့်သန့် ရှင်းရှင်း
စနစ်တကျရှိလှသည်။ တခြားထိတွေ့ သူမှာ အဖေဖြစ်သူသာလျှင်ရှိတော့သည်။
တနေကုန်ရုံးမှာ အလုပ်လုပ် ပြန်ရောက်ရောက်ချင်း လက်တောင်မဆေးပဲ ကလေးကို
ချီ ပြီးနမ်း ရှုတ်တတ်သည့်အဖေ ။ သူ့ ကိုသူ သံသယ၀င်ပြီး
သူငယ်ချင်းဖြစ်သူ ဆရာဝန်၏ အကူ အညီဖြင့် ဓာတ်ခွဲ ခန်း တစ်ခု တွင် သူ
့လက်မှာ ရှိတဲ့ Bacteria တွေကို
Culture လုပ်ကြည့်တော့ တွေ့ လိုက်ရသည်မှာ သူ လက်တွင် ကပ်ငြိနေသည့်
Bacteria က အမျိုးပေါင်း များစွာပင်။ ထို Bacteria တွေ က နုနယ်သည့်
(immature baby) လေး ကို သေသွားစေခဲ့ ရလေသည်။

ထို ဥပမာလေးကို သင်ခန်းစာယူ ပြီး Computer သုံးပြီးတိုင်း လက်ကို ဆပ်ပြာ
ဖြင့် သေချာစွာဆေးကြောကြပါ။
ဒီနေ့ ခေတ်တွင် အင်တာနက်ဆိုင်တွေများပြားလာပြီး ထိုဆိုင်များရှိ
စက်များမှာ လူတန်းစားပေါင်းစုံ ကသုံးစွဲနေကြတော့ ညစ်ပတ်မှာက
အသေအချာပင်။ထို ကြောင့် မည်သူ မဆို Computer သုံးပြီးတိုင်းလက်ဆေးသည့်အကျင့်
ကိုဂရုတစိုက်လုပ်ဆောင်သင့်သည်။ တစ်ချို့ အင်တာနက်ဆိုင်တွေ ရဲ့ သန်
့စင်ခန်းတွေမှာ လက်ဆေးရန်စနစ်တကျလုပ်ထားပေးသည်
များရှိသည်။ဆိုင်တိုင်းမှာလည်း လုပ်ထားပေးသင့်သည်။

မြန်မာနိုင်ငံ မှာရှိနေသည့် Foreigner အများစုမှာ Hand Sanitizer ခေါ်
Spray ဘူးလေးများဆောင်ထားကြသည်။
သူတို့ အင်တာနက်ဆိုင်မှာ သုံးပြီးတိုင်း လက်ကို Hand Spray ဖြင့် သန်
့စင်ကြသည်ကိုတွေ့ ဖူးသည်။ထိုနည်းကတော့ ပို ပြီးကောင်းသည်။ ရေကိုင်စရာမလို ဆပ်ပြာကိုင်စရာမလို ပဲသန့် စင်နိုင်သည်။ထိုကဲ့သို့  ပစ္စည်းမျိုးကို မသုံးနိုင်ရင်တောင်မှ ဆပ်ပြာနှင့်
သေချာစွာဆေးကြောသင့်သည်။
သင်တို့၏လက်ကိုသန့်ရှင်းစင်ကြယ်စွာထားခြင်းဖြင့် သင်တို့ ဘ၀တွေပိုပြီး လှပသာယာနိုင်ကြပါစေ။
Myawady News

G-Mail မှ Free SMS ပို့ချင်သူများအတွက် ..

အခု Free SMS ပို့ချင်သူတွေ အတွက် G-Mail ကနေ Free SMS ပို့လို့ရမဲ့ နည်းလမ်းလေးကို ရေးပေး သွားပါမယ် .. လုပ်နည်းလေးက လည်း အရမ်း လွယ်ပါတယ် .. G-mail Setting ထဲက Lab ထဲမှာ တစ်ချက် သွားပြင် ပေးယုံပါပဲ .. ပြီးရင် ဖုန်းကို SMS ပို့ချင်တယ် ဆိုရင် မိမိ G-Mail လေးကို ဖွင့်ပြီး အလွယ် တကူ ပို့ယုံပါပဲ .. Oversea က ဖုန်းတော်တော် များများတော့ ရမယ် ထင်ပါတယ် .. မြန်မာပြည်တော့ ကျွန်တော် စမ်းကြည့်တာတော့ မရပါဘူး ... စမ်းတော့ ကြည့်လိုက် အုံးပေါ့ဗျာ .. ကျွန်တော် မေအာက်မှာ ဘယ်လို လုပ်ရမယ် ဆိုတာကို ပုံလေးတွေနဲ့ ပြပေးထားပါတယ် ။။

အရင်ဆုံး မိမိတို့ G-Mail အကောင့်ကို ၀င်လိုက်ပါ .. ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Setting ကို သွားလိုက်ပါ .. 
 
ပြီးရင်အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Labs ကိုသွားလိုက်ပါ ။။
ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း SMS ( text messaging ) in Chat နဲ့ SMS is Chat gadet ကို Enable ပေးလိုက်ပါ ..



ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Save Changes ပေးလိုက်ပါ .. 
ဒါဆိုရင်တော့ SMS ပို့လို့ ရသွားပါပြီ .. မိမိတို့ Gmail account name ရဲ့ အပေါ်မှာ ကြည့်လိုက်ပါ .. Chat and SMS ဆိုပြီး Gadet လေး ပေါ်လာပါလိမ့်မယ် .. အောက် ပုံမှာ ပြထားသိလို မိမိတို့ ပို့ချင်တဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့် ပေးလိုက်ပါ .. နိုင်ငံ ကုဒ်တွေ တော့မှန်ဖို့ လိုပါလိမ့်မယ် ..
အောက်က အဆင့်မှာ Contact name မှာ မိမိတို့ စိတ်ကြိုက် အမည် တစ်ခုကို ရိုက်ထည့် ပေးလိုက်ပါ .. ပြီးရင် Save လိုက်ပါ .. ဒါဆိုရင် G-mail မှာ Chat သုံသလို SMS ပို့လို့ ရသွားပါလိမ့်မယ် .

http://whitestrength.ning.com/forum/topic/show?id=6586231%3ATopic%3A31480&xgs=1&xg_source=msg_share_topic

လျှပ်စစ်မီး မလိုတဲ့ မြေအိုးရေခဲသေတ္တာ

လျှပ်စစ်မီးတွေ မရှိပဲ ရေခဲသေတ္တာအဖြစ် အသုံးပြုတဲ့ နည်းပညာကိုနိုက်ဂျီးရီးယားနိုင်ငံသား အင်ဂျင်နီယာ တဦးဖြစ်သူ မစ္စတာ မိုဟာမက်ဘာ အက်ဘာက တီထွင်ဆန်းသစ်ခဲ့ပါတယ်။

အင်္ဂလိပ်လို The pot-in-pot refrigerator သို့မဟုတ် အာရေဗစ် ဘာသာစကားအသံထွက်နဲ့ ပြောရရင် zeer လို့ ခေါ်တဲ့ မြေအိုး ၂ ခုကို သစ်သီးဝလံတွေ ကြာကြာခံအောင် ရေခဲသေတ္တာလို သုံးတဲ့ အသုံး အဆောင် တခုကို အိုးထိန်းသည် မိသား စုက ဆင်းသက်ခဲ့သူ မိုဟာမက် ဘက်အက်ဘာက က တီထွင်းဆန်းသစ်လိုက်လို့ ဆုတွေ တလှေကြီး ရခဲ့ပါတယ်။

၂၀၀၀ ခုနှစ်က $75,000 Rolex Award for Enterprise ခေါ်တဲ့ အမေရိကန် ဒေါ်လာ ၇၅၀၀၀ ပါဝင်တဲ့ ဆုလည်း ရခဲ့ တယ်။ ၂၀၀၁ ခုနှစ်မှာ ကမ္ဘာ့ Shell Award for Sustainable Development ဆုလည်း ရပြန်တယ်။

သမိုင်းကြောင်းကို ပြန်ကောက်ပြောရရင် သိပ္ပံပညာ မထွန်းကားခင် ကတည်းက မပုပ်မသိုးတဲ့ နည်းပညာနဲ့ ပတ်သက်လာ ရင် ရှေး အီ၈ျစ်နိုင်ငံက အစောဆုံးထွန်းကားခဲ့တာပါ။

မာမီရုပ်အလောင်းတွေက အတော်ထင်ရှားတဲ့ သက်သေလည်းဖြစ်ပါ တယ်။ ခရစ်မပေါ်မီ ဘီစီ ၂၅၀၀ လောက်က အီဂျစ်နိုင်ငံ Old Kingdom မှာတုန်းက အလားတူရေခရားတွေကို စားစရာတွေကို အအေးခံ အသုံးပြုတဲ့ Zeer လို့ ခေါ်တဲ့ ပစ္စည်းတွေ
သုံးခဲ့ဖူးပါတယ်။

သမိုင်းပညာရှင်တချို့လည်း ဘီစီ ၃၀၀၀ လောက်က မြေထည် အသုံးအဆောင်တွေ ဖော်ထုတ်တွေ့ ရှိခဲ့ဖူးပါတယ်။ အအေးခံ သုံးတဲ့ မြေထည်ပစ္စည်းတွေကို အိန္ဒိယ၊ ပါကစ္စတန် နိုင်ငံတွေမှာ
အသုံးပြုတဲ့ Ghara ( ဂါရာ)၊ Matki ( မတ်ကီ) တို့လို မြေထည်ပစ္စည်းတွေပါ။

ဒါတွေကို အခြေခံပြီး နိုက်ဂျီးရီယားနိုင်ငံသား မိုဟာမက် ဘာ အက်ဘာက တီထွင်ဆန်းသစ်လိုက် တဲ့ မြေအိုးရေခဲသေတ္တာ ဖြစ်ပါတယ်။

အသုံးပြုပုံကတော့…

စဥ့်ရည် မသုတ်ထားတဲ့ အရွယ်အနယ်ငယ်ကွာခြားတဲ့ အောက်ခြေက အပေါက်ပါတဲ့ မြေအိုး ၂ လုံးကို ပထမ ရှာဖွေရပါ မယ်။ ပြီးရင် မြေအိုး အောက်ခြေက အပေါက်ကို ရွှံ့နဲ့ပိတ်ထားရပါမယ်။

ပထမ အောက်ခံ အိုးအကြီးထဲကို ဒုတိယ အိုးသေးထည့်လိုက်ရင် အိုး ၂ လုံး နုတ်ခမ်းတညီတည်း ရှိသည်အထိ မြေအိုး အကြီးထဲမှာ သဲ အနည်းငယ်ထည့်ရပါမယ်။ ပြီးရင် အိုး ၂ ခုအကြားမှာ သဲ ကို ဖြည့်လိုက်ပါ။

အဲဒီသဲထဲ ကို ရေ လုံးဝ ထပ်ပြီး မစုပ်တော့တဲ့အထိ ထည့်လိုက်ပါ။ ပြီးတာနဲ့ အတွင်း အိုးသေးထဲကို သစ်သီးဝလံတွေ ထည့်လိုက်ပြီး အ၀ကို ရေစို အ၀တ်နဲ့ အုပ်ထားလိုက်ပါ။

ဒါဆို မြေအိုး ရေခဲသေတ္တာရဲ့အစွမ်းကို သိရပါတော့မယ်။ အဲဒီ မြေအိုးရေခဲသေတ္တာကို နေရိပ်ပြီး အအေးဓာတ်ရှိတဲ့နေရာ မှာထားရပါမယ်။ အဖုံးအုပ်ထားတဲ့ ရေစိုဝတ်ကိုလည်း ရေအမြဲစိုနေအောင် ထားရပါမယ်။ -

၂ နာရီကျော် ကြာပြီဆိုတာနဲ့ အတွင်းက အိုးသေးထဲမှာ ရှိတဲ့ အပူချိန်ဟာ အပြင်အခန်းအပူချိန်ထက် ဖာရင်ဟိုက် ၄၀ ကျော် လျော့ကျပြီး
အေးနေတာကို တွေ့ရပါမယ်။ ဒါက သဲအစိုကို အငွေ့ပျံပြီး အပူဓာတ်တွေ လျှော့ချတဲ့ နည်းလမ်းကို အသုံးပြုခြင်းလည်း ဖြစ်ပါတယ်။

တီထွင်ဆန်းသစ်လိုက်တဲ့ မိုဟာမက် ဘာ အက်ဘာကတော့ အသင့် လုပ်ထားတဲ့ မြေအိုး ရေခဲသေတ္တာ လေးတွေကို ရောင်းစားလာတာ
အခုထိပါပဲ။

၂၀၀၁ ခုနှစ်တုန်းက တစုံကို နိုက်ဂျီးရီးယားငွေကြေး ၁၅၀ နိုက်ရာ
( အမေရိကန် ၁ ဒေါ် လာ) လောက်ပဲ ကုန်ကျပြီး သူက တော့ ၁၈၀- ၂၀၀ နိုက်ရာလောက်နဲ့ ရောင်းချပါတယ်။ သူဟာ တနှစ်ကို မြေအိုးရေခဲ
သေတ္တာ ၃ သောင်းလောက် ရောင်းချ ပေးနေပါတယ်။

ဒီအကြောင်း အပြည့်အစုံကိုလည်း ၀ီကီပီဒီယားမှာ ရှိတဲ့ Pot-in-pot refrigerator ဆိုတဲ့ အကြောင်း မှာ လေ့လာသိရှိနိုင်ပါတယ်။

လျှပ်စစ်မီး မလုံလောက်သေးတဲ့ မြန်မာနိုင်ငံမှာ သစ်သီးဝလံ၊
စားစရာတွေကို ဒီနည်းနဲ့ မပုပ်မသိုးပဲ လတ်ဆတ်အောင် ဖန်တီးအသုံးပြုဖို့ ကောင်းမယ်ထင်ပါတယ်။

http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1580592&xgs=1&xg_source=msg_share_post

တွဲဖက်မစားသင့်သော အစားအစာများ(များလိုက်တာ..စားစရာတောင်မကျန်သလောက်ဘဲ)

Photo: တွဲဖက်၍ မစားသင့်သော အစာများ ..........

ဆရာဝန်တွေက သဘောတူထားတာတွေ ဟုတ်ချင်မှ ဟုတ်ပါမယ်။ မြန်မာတွေစားသုံးကြတဲ့ အစားအစာတွေကို လေ့လာမှုတွေ၊ သုတေသနတွေ အလွန်အားနည်းနေသေးလို့၊ သတိသမ္ပဇဉ် ဆင်ခြင်ပြီး စားသုံးသင့်ကြပါတယ်။

• ကကတစ် နှင့် ကြာဟင်း 
• ကုန်းကျေး နှင့် ပုစွန် 
• ကန့်ချုပ်နီ နှင့် သေရည်သေရက်အမျိုးမျိုး 
• ကျွဲခေါင်းသီး နှင့် အချဉ်အမျိုးမျိုး (သံပရာသီး) 
• ကျွဲခေါင်းသီး နှင့် လက်ဖက် 
• ကြေးခွက် နှင့် အချဉ်အမျိုးမျိုး 
• ကုန်းငှက်သား နှင့် ကြက်ဆူဆီ 
• ကန်စွန်းမြစ် နှင့် နှမ်းမှုန့် 
• ကြာစွယ် နှင့် ဝက်သား 
• ကြက်ဆူဆီ နှင့် ခါသား 
• ကြက်ဆူသီး နှင့် ငှက်သား 
• ကောက်ညှင်း နှင့် ရေငန်သီး 
• ကတိုး နှင့် သရက်သီး 
• ကြံတင်လဲ နှင့် နှမ်းမှုန့်ဆုပ် 
• ကင်းပုံရွက်/သီး နှင့် နှမ်းဆီ 
• ကင်းပိတ်ရွက် နှင့် နှမ်းဖတ်ချဉ် နှမ်းဆီ 
• ကြာပဒုမ္မာစေ့ နှင့် ငှက်တော်သား 
• ကျောက်ဖရုံ နှင့် အိုးမဲ 
• ကြောင်လျှာသီး နှင့် ငါးသေတ္တာ 
• ကြောင်လျှာသီး နှင့် ကြက်သား 
• ကျေးသား နှင့် ဘူးသီး 
• ကျွဲသား နှင့် ကြာစွယ်ကြာဥ 
• ကြက်သွန်ဖြူ နှင့် နို့ရည် 
• ကြံ့သား နှင့် ငါးခူ၊ ငါးဒန် 
• ကြက်သား နှင့် အင်ဖူး 
• ကြက်ဟင်းခါးသီး နှင့် မှို 
• ကြက်ဟင်းခါးသီး နှင့် ကြက်သား 
• ကိုင်းဥ နှင့် ပုဇွန်ချဉ် 
• ကြက်ဥ နှင့် ခံသီး 
• ကြက်ဥ နှင့် တမာရွက်၊ တမာဖူး 
• ချင်း နှင့် သင်္ဘောသီး၊ သင်္ဘောပွင့် 
• ချောကလက် နှင့် စောင်းလျား 
• ချောကလက် နှင့် ပဲမြစ် 
• ချိုချဉ် နှင့် ပဲငါးပိ 
• ချဉ်ဆီ နှင့် ထောပတ် 
• ခရမ်းပိမ့်သီး နှင့် နို့ရည် 
• ခရု နှင့် အမဲသား 
• ခိုသား နှင့် ချင်းစိမ်း 
• ခိုသား နှင့် ခြေလေးချောင်းသား 
• ခိုသား နှင့် မုန်ညင်းဆီ 
• ခံသီး နှင့် ငရုတ်ကောင်း 
• ခံသီး နှင့် နို့ရည် 
• ချီးသီး နှင့် နို့ရည် 
• ခံသီး နှင့် ပီလောပီနံဥ 
• ချိုချဉ်သကြားလုံး နှင့် စိမ်းစားဥ 
• ဂွေးရွက် နှင့် နို့ရည် 
• ဂွေးသီး နှင့် အာတာလွတ်ဥ 
• ဂွေးသီး နှင့် နို့အေးချောင်း 
• ဂွေးသီး နှင့် ပီလောပီနံဥ 
• ဂျယ်လီ နှင့် ကော်ဖီ 
• ငရုပ်ကောင်း နှင့် ခံသီး 
• ငွေ နှင့် ရှိန်းခို 
• ငါးချက်သောအိုး နှင့် ပိတ်ချင်းရွက် 
• ငါးဆီ နှင့် ပိတ်ချင်းရွက် 
• ငှက်ပျောသီး နှင့် မှို 
• ငါးရံ့သား နှင့် ပွေးသား 
• ငုံးသား နှင့် စောင်းလျား 
• ငုံးသား နင့် ခိုသား 
• ငှက်သား နှင့် ကြက်ဆူဆီ 
• ငါးပူတင်းဥများ 
• ငှက်ပျောသီး စားပြီရေအေးသောက်ခြင်း 
• စတော်ဘယ်ရီ နှင့် သီးသီး 
• စားတော်ပဲ နှင့် သီးသီး 
• စိန် နှင့် သံပရာသီး 
• စိမ်းစားဥ နှင့် ချောကလက် 
• စိမ်းစားဥ နှင့် ရေခဲချောင်း 
• စပါးကြီးမြွေသား နှင့် ကြောင်လျှာသီး 
• စောင်းလျားသီး နှင့် ခိုသား 
• စောင်းလျားသီး နှင့် ရှောက်သီး 
• ဆေးခြောက် နင့်နနွင်းရည် 
• ဆီ နှင့် ဆီခဲစပ်တူ 
• ဆင်သမနွယ်ရွက် နှင့် နို့ရည် 
• ဆောင်မေခါးရွက် နှင့် နို့ရည် 
• ဆိတ်ဖူး နှင့် ငှက်ပျောဖူး 
• ဆိတ်သား နှင့် ကျွဲသား 
• ဆတ်သား နှင့် ဆူးပန်းရွက် 
• ဆတ်သား နှင့် နို့ရည် 
• ဆိတ်နို့ နှင့် ဆူးပန်းရွက် 
• ဆပ်ပြာ နှင့် အုန်းရည် 
• ဆပ်ပြာ နှင့် အချဉ်မျိုး 
• ဆိတ်နို့ဆိတ်သား နှင့် ငါးကြီးဆီ 
• စောင်းလျားသီး နှင့် ပီလောပီနံဥ 
• ဥာဏ်ရွက် နှင့် သေရက် အမျိုးမျိုး 
• တလည်းသီး နှင့် နို့ရည် 
• တလည်းသီး နှင့် ပဲကြီး 
• တောပဲရိုင်း နှင့် နို့ 
• တောင်ပိန္နဲသီး နှင့် နို့ရည် 
• တေဇောဘမ်း နှင့် ခါချဉ်ကောင် ကိုက်သည် ကိုမလိမ်းရ၊ 
• ထနောင်းရွက် နှင့် မန်ကျည်းသီးမှည့် 
• ထုံး နှင့် မြင်းသား 
• ထန်းလျက် နှင့် နလင်ကျော် 
• ထန်းလျက် နှင့် သပြေသီး 
• ထန်းရည်ချို နှင့် ဝက်သား 
• ထန်းသီး နှင့် နို့မျိုး ချဉ် 
• ထန်းလျက် နှင့် သပြေသီး 
• ထောပတ် နှင့် ကြေးခွက် 
• ထောပတ် နှင့် ဆီခဲအမျိုးမျိုး 
• ထုံးရေတို့တွင် ဖြစ်သောငါး လိပ်အစရှိသည် နှင့် နို့ရည် 
• ထန်းရည်ကိုငှက် ပျောသီး စားပြီး သောက်ခြင်း 
• ထန်းသီးကိုငှက်ပျော သီးစားပြီး စားခြင်း 
• ဒန့်သလွန်ရွက် နှင့် နို့ရည် 
• ဒန့်သလွန်သီး နှင့် ကလောဥ 
• ဒိန်ချဉ် နှင့် ထန်းသီးမုန့် 
• ဒုတ္တာ နှင့် အချဉ်မျိုး 
• ဒူးရင်းသီး နှင့် ရှိန်းခို 
• ဒေါင်းသား နှင့် နို့ချဉ် 
• ဒေါင်းသား နှင့် ပီလောပီနံ 
• နလင်ကြော် နှင့် ထန်းလျက် 
• နလင်ကြော် နှင့် အချဉ် 
• နို့ခဲပျက် နှင့် ပဲဒလက် 
• နို့မျိုး နှင့် ဆား 
• နို့မျိုး ချဉ် နှင့် ပီလောပီနံဥ 
• နို့စိမ်း နှင့် အချဉ်မျိုး 
• နို့ရည် နင့် စောင်းလျားသီး 
• နို့ရည် နှင့် ကုလားပဲ 
• နို့အေးချောင်း နှင့် သခွားသီး 
• နို့အေးချောင်း နှင့် ဘူးသီး 
• နှမ်းမှုန့်ဆုပ် နှင့် တလည်းသီး 
• ပတဲကော နှင့် သံပရာသီး 
• ပဒုမ္မာကြာရွက်နု နှင့် ပျားရည် 
• ပရုတ်ဆီ နှင့် ကရင်နီကောင်ကိုက်သည့်နေရာကို မလိမ်းပါနှင့် 
• ပဲကြီး နှင့် မုန်လာ 
• ပဲဒလက်စေ့ နှင့် ဆူးပန်း 
• ပဲလင်းမြွေသီး နှင့် လင်းမြွေသား 
• ပဲဒလက်စေ့ နင့်ဆိတ်သား 
• ပဲစိမ်းစားဥ နှင့် ချိုချဉ်အမျိုးမျိုး 
• ပိန္နဲသီး နှင့် ပျားရည် 
• ပီလောပီနံ နှင့် ပျားရည် 
• ပီလောပီနံ နှင့် ပေအူ 
• ပေရည် နှင့် ငှက်သား 
• ပျားရည် နှင့် သင်္ကန်းဖွယ် ငှက်သား 
• ပျားရည် နှင့် မိုးရည် 
• ပျားရည် နှင့် ကင်းပိတ်ရွက် 
• ပျားရည် နှင့် ရှားစောင်း 
• ပျားရည် နှင့် ပိတ်ချင်းရွက် 
• ပုန်းရည် နှင့် ဗျိုင်းအောက်သား 
• ပြောင်းသား နှင့် နို့ရည် 
• ပိုင်ရီတွန် (Piriton) နှင့် အရက် 
• ဖရဲသီး နှင့် နို့မျိုး 
• ဖရဲသီး နှင့် ဘဲဥ 
• ဖားသား နှင့် မှို 
• ဖွတ်သား နှင့် ကြက်ဆူဆီ 
• ဖောင်စီးဂဏန်း နှင့် မှို 
• ဖန်ခါးသီး နှင့် ပုဒမ္မာကြာရွက် 
• ဖန်ခါးသီး နှင့် ပီလောပီနံဥ 
• ဗုံလုံသီး နှင့် ပီလောပီနံ 
• ဗျိုင်းသား နှင့် ဝက်ဆီ 
• ဗျိုင်းအောက်သား နှင့် ဝက်ဆီ 
• ဗျိုင်းနှမ်းနှင် သေရည် 
• ဘူးသီး နှင့် ကြက်တူရွေးသား 
• ဘာစပရိုဆေးပြား နှင့် သံပရာသီး 
• ဘာမီတွန် Burmeton ဆေးပြား နှင့် ထန်းလျက်ခဲ 
• ဘာမီတွန် Burmeton နှင့် Tiffy တစ်ဖီအစိမ်းရောင် ကတ် 
• ဘီလုံးငှက်သား နှင့် ကြက်ဆူဆီ 
• ဘာစပရို Buspro ဆေးပြားကို အစာခံမရှိဘဲမသောက်ရ၊ 
• မဲနယ်အိုး နှင့် သားငါး 
• မဲဇလီဖူးရွက် နှင့် လက်ဖက်သုပ် 
• မိချောင်းသား နှင့် နနွင်း 
• မန်ကျည်းသီး နှင့် နို့ရည် 
• မင်းကွတ်သီး နှင့် သကြား 
• မတ်ပဲ နှင့် တင်လဲ 
• မတ်ပဲ နှင့် မုန်လာ 
• မုန်ညှင်းဆီ နှင့် သင်္ကန်းဖွက်ငှက် 
• မုန်လာမြစ် နှုင့်ပျားရည် 
• မုန်လာ နှုင့် မတ်ပဲ 
• မှို နှင့် ရှားစောင်း 
• မြေပဲဆန် နှင့် ကြက်ဟင်းခါးသီး 
• မြေဇာဥ နှင့် သစ်ကြားသီး 
• မျောက်တည်သီး နှင့် နို့ရည် 
• မြွေသား နှင့် ငါးရံသား 
• မြန်မာလျက်ဆား နှင့် သွားတိုက်ဆေး 
• မြင်းခွာရွက် နှင့် သခွားသီး 
• မက်ထရိုနီဒါဇော (Meronidazole) နှင့် အရက် 
• ယုန်သား နှင့် မှို 
• ရာဘာချဉ် နှင့် ဆိတ်သား 
• ရှာလကာချဉ် နှင့် ပီလောပီနံ 
• ရိုးနီပီလောပီနံ နှင့် အချဉ်မျိုး 
• ရေခဲသုပ် နှင့် ချင်းသုပ် 
• ရေငန်သီး နှင့် လက်ဖက် 
• ရှားစောင်းချဉ် နှင့် အမဲသား 
• ရှားစောင်း နှင့် ကုလားဗရာကြော် 
• ရှောက်သီး နှင့် စောင်းလျားသီး 
• ရှောက်သီး နှင့် ပီလောပီနံ 
• ရှောက်သီး နှင့် ပဲစိမ်းစားဥ 
• ရှောက်သီး နှင့် ခိုသား 
• ရှောက်သီး နှင့် နို့ရည် 
• ဝက်သားချဉ် နှင့် မဲနယ်အိုး 
• ဝက်သား နှင့် ဒိန်ချဉ် 
• ဝက်သား နှင့် နွားနို့ 
• ဝမ်းဘဲဥ နှင့် ဖရဲသီး 
• ဝမ်းဘဲဥ နှင့် ပေသီးပေရည် 
• ဝါစေ့/ ဝါဆီ နှင့် သမင်သား 
• ဝါးမျှစ် နှင့် အင်ဥ 
• သမုန်းမြစ် နှင့် အချဉ်ချက်သောအိုး 
• သမုန်းရွက် နှင့် ငါးချက်သောအိုး 
• သကြားပြာ နှင့် ပျားရည် 
• သမင်သား နှင့် ဝါရွက် 
• သပြေသီး နှင့် ပီလောပီနံ 
• သံပရာသီး နှင့် ပီလောပီနံ 
• သံပရာသီး နှင့် နို့ရည် 
• သံပရာသီး နှင့် စိမ်းစားဥ 
• သားငါးအဆီ နှင့် ထောပတ် 
• သားငါးတို၏အဆီ နှင့် ချဉ်ဆီ 
• သားမျိုးဟင်း နှင့် နှမ်းမှုန့် 
• သေရက်မျိုး နှင့် သမုန်း ဧကရာဧ် 
• သေရည်သေရက် နှင့် နှမ်းမှုန့်ဆုပ် 
• သေရက်မျိုး နှင့် ပိတ်ချင်းရွက် 
• သေရည် နှင့် ဗျိုင်းအောက်သား 
• သေရည်သေရက် နှင့် နို့အမျိုးမျိုး 
• သစ်ကြားသီး နှင့် ဝက်မြေဇာဥ 
• သည်းခြေ နှင့် သားဟင်းမျိုး 
• ဟင်းငန်ရွက် နှင့် နှမ်းဖတ် 
• ဟစ်တမင်း (Histamine) နှင့် အရက် 
• အင်ဥ နှင့် ပြောင်းဆန် 
• အမဲသားချဉ် နှင့် မဲနယ်အိုး 
• အရက် နှင့် ဘိန်း 
• အရက် နှင့် Burmeton ဘာမီတွန် 
• အချဉ်မျိုး နှင့် နို့မျိုး 
• အိမ်ဆီးချို နှင့် နို့ရည် 
• အုန်းသီး နှင့် နိုရည် 
• အုန်းရည် နှင့် ပျားရည် 
• အုံတုံဆံ နှင့် ကလောဥ 
• ဥသျှစ်သီး နှင့် ပျားရည် 
• ဥဒေါင်းသား နှင့် ကြက်ဆူဆီ 
• ဥမျိုး နှင့် ကြက်ဆူဆီ 
• ဥသျှစ်သီး နှင့် ကင်းပိတ်ရွက် 
• သြဇာသီး နှင့် ပျားရည် 
• တွဲဖက်စားလျှင်သေစေနိင်သောအစားအစာများ 
• ကြက်ဆူသီး + ငှက်သား = သေ 
• ကျေးသား + ဘူးသီး = သေ 
• ကြောင်လျှာသီး + ငါးသေတ္တာ = သေ 
• ကြောင်လျှာသီး + ပဲဒလက် = သေ 
• ကြောင်လျှာသီး + စပါးကြီးမြွေ = သေ 
• ကျွဲကောသီးး + သံပရာသီး = သေ 
• ကျွဲခေါင်းသီး + သံပရာသီး = သေ 
• ကိုင်းဥ + ပုစွန်ချဉ် = သေ 
• ချောကလက် + စောင်းလျားသီး = သေ 
• ချောကလက် + ပဲမြစ် = သေ 
• ခိုသား + ချင်း = သေ 
• ခိုသား + ဖရုံသီး = သေ 
• ချင်း + သင်္ဘောသီး = သေ 
• ဂွေးသီး + အာတာလွတ် = သေ 
• ငှက်ပျောသီး + ထန်းသီး = သေ 
• တညင်းသီး + ရှိန်းခို = သေ 
• ထန်းလျက် + နလင်ကျော် = သေ 
• ထန်းလျက် + ၂၇ ပါးဆေး = သေ 
• နို့ဆီ + ကိုးပါးဆေး = သေ 
• နွားနို့ + အချဉ်အမျိုးအမျိုး = သေ 
• နွားနို့ + မှို = သေ 
• နို့အေးချောင်း + ဂွေးသီး = သေ 
• ပျားရည် + သြဇာသီး = သေ 
• ပျားရည် + အုန်းသီး = သေ 
• ပျားရည် + ဥသျှစ်သီး = သေ 
• ပီလောပီနံ + ပဲကြားလှော် = သေ 
• ပီလောပီနံ + မျှစ်ချဉ် = သေ 
• ပီလောပီနံ + ဒေါင်းသား = သေ 
• ပီလောပီနံ + အချဉ်အမျိုးမျိုး = သေ 
• မင်းကွတ်သီး + သကြား = သေ 
• မှို + တညင်းသီး = သေ 
• မိုင်လို + ပဲမြစ် = သေ 
• မှို + ဖားသား = သေ 
• မှို + လယ်ကဏန်း = သေ 
• မှို + ယုန်သား = သေ 
• ရေခဲမုန့် + ချင်းသုပ် = သေ 
• ရှောက်သီး + နွားနို့၊ နို့ရည် = သေ 
• လက်ဖက် + ကျွဲခေါင်းသီး = သေ 
• ဝက်သား + ထန်းရည်ချို = သေ 
• ဝက်သား + ဗျိုင်းသား = သေ 
• ဝက်သား + ကြာရိုးကြာစွယ် = သေ 
• သပြေသီး + ထန်းလျက် = သေ 
• သိုးသား + စောင်းလျားသီး = သေ 
• အမဲသား + ခရု = သေ 
• အုန်းနို့ခေါက်ဆွဲ + Pepsy ပက်ပစီ = သေ

 (မြန်မာ့အွန်လိုင်းစွယ်စုံကျမ်း)
ဆရာဝန်တွေက သဘောတူထားတာတွေ ဟုတ်ချင်မှ ဟုတ်ပါမယ်။ မြန်မာတွေစားသုံးကြတဲ့ အစားအစာတွေကို လေ့လာမှုတွေ၊ သုတေသနတွေ အလွန်အားနည်းနေသေးလို့၊ သတိသမ္ပဇဉ် ဆင်ခြင်ပြီး စားသုံးသင့်ကြပါတယ်။

• ကကတစ် နှင့် ကြာဟင်း
• ကုန်းကျေး နှင့် ပုစွန်
• ကန့်ချုပ်နီ နှင့် သေရည်သေရက်အမျိုးမျိုး
• ကျွဲခေါင်းသီး နှင့် အချဉ်အမျိုးမျိုး (သံပရာသီး)
• ကျွဲခေါင်းသီး နှင့် လက်ဖက်
• ကြေးခွက် နှင့် အချဉ်အမျိုးမျိုး
• ကုန်းငှက်သား နှင့် ကြက်ဆူဆီ
• ကန်စွန်းမြစ် နှင့် နှမ်းမှုန့်
• ကြာစွယ် နှင့် ဝက်သား
• ကြက်ဆူဆီ နှင့် ခါသား
• ကြက်ဆူသီး နှင့် ငှက်သား
• ကောက်ညှင်း နှင့် ရေငန်သီး
• ကတိုး နှင့် သရက်သီး
• ကြံတင်လဲ နှင့် နှမ်းမှုန့်ဆုပ်
• ကင်းပုံရွက်/သီး နှင့် နှမ်းဆီ
• ကင်းပိတ်ရွက် နှင့် နှမ်းဖတ်ချဉ် နှမ်းဆီ
• ကြာပဒုမ္မာစေ့ နှင့် ငှက်တော်သား
• ကျောက်ဖရုံ နှင့် အိုးမဲ
• ကြောင်လျှာသီး နှင့် ငါးသေတ္တာ
• ကြောင်လျှာသီး နှင့် ကြက်သား
• ကျေးသား နှင့် ဘူးသီး
• ကျွဲသား နှင့် ကြာစွယ်ကြာဥ
• ကြက်သွန်ဖြူ နှင့် နို့ရည်
• ကြံ့သား နှင့် ငါးခူ၊ ငါးဒန်
• ကြက်သား နှင့် အင်ဖူး
• ကြက်ဟင်းခါးသီး နှင့် မှို
• ကြက်ဟင်းခါးသီး နှင့် ကြက်သား
• ကိုင်းဥ နှင့် ပုဇွန်ချဉ်
• ကြက်ဥ နှင့် ခံသီး
• ကြက်ဥ နှင့် တမာရွက်၊ တမာဖူး
• ချင်း နှင့် သင်္ဘောသီး၊ သင်္ဘောပွင့်
• ချောကလက် နှင့် စောင်းလျား
• ချောကလက် နှင့် ပဲမြစ်
• ချိုချဉ် နှင့် ပဲငါးပိ
• ချဉ်ဆီ နှင့် ထောပတ်
• ခရမ်းပိမ့်သီး နှင့် နို့ရည်
• ခရု နှင့် အမဲသား
• ခိုသား နှင့် ချင်းစိမ်း
• ခိုသား နှင့် ခြေလေးချောင်းသား
• ခိုသား နှင့် မုန်ညင်းဆီ
• ခံသီး နှင့် ငရုတ်ကောင်း
• ခံသီး နှင့် နို့ရည်
• ချီးသီး နှင့် နို့ရည်
• ခံသီး နှင့် ပီလောပီနံဥ
• ချိုချဉ်သကြားလုံး နှင့် စိမ်းစားဥ
• ဂွေးရွက် နှင့် နို့ရည်
• ဂွေးသီး နှင့် အာတာလွတ်ဥ
• ဂွေးသီး နှင့် နို့အေးချောင်း
• ဂွေးသီး နှင့် ပီလောပီနံဥ
• ဂျယ်လီ နှင့် ကော်ဖီ
• ငရုပ်ကောင်း နှင့် ခံသီး
• ငွေ နှင့် ရှိန်းခို
• ငါးချက်သောအိုး နှင့် ပိတ်ချင်းရွက်
• ငါးဆီ နှင့် ပိတ်ချင်းရွက်
• ငှက်ပျောသီး နှင့် မှို
• ငါးရံ့သား နှင့် ပွေးသား
• ငုံးသား နှင့် စောင်းလျား
• ငုံးသား နင့် ခိုသား
• ငှက်သား နှင့် ကြက်ဆူဆီ
• ငါးပူတင်းဥများ
• ငှက်ပျောသီး စားပြီရေအေးသောက်ခြင်း
• စတော်ဘယ်ရီ နှင့် သီးသီး
• စားတော်ပဲ နှင့် သီးသီး
• စိန် နှင့် သံပရာသီး
• စိမ်းစားဥ နှင့် ချောကလက်
• စိမ်းစားဥ နှင့် ရေခဲချောင်း
• စပါးကြီးမြွေသား နှင့် ကြောင်လျှာသီး
• စောင်းလျားသီး နှင့် ခိုသား
• စောင်းလျားသီး နှင့် ရှောက်သီး
• ဆေးခြောက် နင့်နနွင်းရည်
• ဆီ နှင့် ဆီခဲစပ်တူ
• ဆင်သမနွယ်ရွက် နှင့် နို့ရည်
• ဆောင်မေခါးရွက် နှင့် နို့ရည်
• ဆိတ်ဖူး နှင့် ငှက်ပျောဖူး
• ဆိတ်သား နှင့် ကျွဲသား
• ဆတ်သား နှင့် ဆူးပန်းရွက်
• ဆတ်သား နှင့် နို့ရည်
• ဆိတ်နို့ နှင့် ဆူးပန်းရွက်
• ဆပ်ပြာ နှင့် အုန်းရည်
• ဆပ်ပြာ နှင့် အချဉ်မျိုး
• ဆိတ်နို့ဆိတ်သား နှင့် ငါးကြီးဆီ
• စောင်းလျားသီး နှင့် ပီလောပီနံဥ
• ဥာဏ်ရွက် နှင့် သေရက် အမျိုးမျိုး
• တလည်းသီး နှင့် နို့ရည်
• တလည်းသီး နှင့် ပဲကြီး
• တောပဲရိုင်း နှင့် နို့
• တောင်ပိန္နဲသီး နှင့် နို့ရည်
• တေဇောဘမ်း နှင့် ခါချဉ်ကောင် ကိုက်သည် ကိုမလိမ်းရ၊
• ထနောင်းရွက် နှင့် မန်ကျည်းသီးမှည့်
• ထုံး နှင့် မြင်းသား
• ထန်းလျက် နှင့် နလင်ကျော်
• ထန်းလျက် နှင့် သပြေသီး
• ထန်းရည်ချို နှင့် ဝက်သား
• ထန်းသီး နှင့် နို့မျိုး ချဉ်
• ထန်းလျက် နှင့် သပြေသီး
• ထောပတ် နှင့် ကြေးခွက်
• ထောပတ် နှင့် ဆီခဲအမျိုးမျိုး
• ထုံးရေတို့တွင် ဖြစ်သောငါး လိပ်အစရှိသည် နှင့် နို့ရည်
• ထန်းရည်ကိုငှက် ပျောသီး စားပြီး သောက်ခြင်း
• ထန်းသီးကိုငှက်ပျော သီးစားပြီး စားခြင်း
• ဒန့်သလွန်ရွက် နှင့် နို့ရည်
• ဒန့်သလွန်သီး နှင့် ကလောဥ
• ဒိန်ချဉ် နှင့် ထန်းသီးမုန့်
• ဒုတ္တာ နှင့် အချဉ်မျိုး
• ဒူးရင်းသီး နှင့် ရှိန်းခို
• ဒေါင်းသား နှင့် နို့ချဉ်
• ဒေါင်းသား နှင့် ပီလောပီနံ
• နလင်ကြော် နှင့် ထန်းလျက်
• နလင်ကြော် နှင့် အချဉ်
• နို့ခဲပျက် နှင့် ပဲဒလက်
• နို့မျိုး နှင့် ဆား
• နို့မျိုး ချဉ် နှင့် ပီလောပီနံဥ
• နို့စိမ်း နှင့် အချဉ်မျိုး
• နို့ရည် နင့် စောင်းလျားသီး
• နို့ရည် နှင့် ကုလားပဲ
• နို့အေးချောင်း နှင့် သခွားသီး
• နို့အေးချောင်း နှင့် ဘူးသီး
• နှမ်းမှုန့်ဆုပ် နှင့် တလည်းသီး
• ပတဲကော နှင့် သံပရာသီး
• ပဒုမ္မာကြာရွက်နု နှင့် ပျားရည်
• ပရုတ်ဆီ နှင့် ကရင်နီကောင်ကိုက်သည့်နေရာကို မလိမ်းပါနှင့်
• ပဲကြီး နှင့် မုန်လာ
• ပဲဒလက်စေ့ နှင့် ဆူးပန်း
• ပဲလင်းမြွေသီး နှင့် လင်းမြွေသား
• ပဲဒလက်စေ့ နင့်ဆိတ်သား
• ပဲစိမ်းစားဥ နှင့် ချိုချဉ်အမျိုးမျိုး
• ပိန္နဲသီး နှင့် ပျားရည်
• ပီလောပီနံ နှင့် ပျားရည်
• ပီလောပီနံ နှင့် ပေအူ
• ပေရည် နှင့် ငှက်သား
• ပျားရည် နှင့် သင်္ကန်းဖွယ် ငှက်သား
• ပျားရည် နှင့် မိုးရည်
• ပျားရည် နှင့် ကင်းပိတ်ရွက်
• ပျားရည် နှင့် ရှားစောင်း
• ပျားရည် နှင့် ပိတ်ချင်းရွက်
• ပုန်းရည် နှင့် ဗျိုင်းအောက်သား
• ပြောင်းသား နှင့် နို့ရည်
• ပိုင်ရီတွန် (Piriton) နှင့် အရက်
• ဖရဲသီး နှင့် နို့မျိုး
• ဖရဲသီး နှင့် ဘဲဥ
• ဖားသား နှင့် မှို
• ဖွတ်သား နှင့် ကြက်ဆူဆီ
• ဖောင်စီးဂဏန်း နှင့် မှို
• ဖန်ခါးသီး နှင့် ပုဒမ္မာကြာရွက်
• ဖန်ခါးသီး နှင့် ပီလောပီနံဥ
• ဗုံလုံသီး နှင့် ပီလောပီနံ
• ဗျိုင်းသား နှင့် ဝက်ဆီ
• ဗျိုင်းအောက်သား နှင့် ဝက်ဆီ
• ဗျိုင်းနှမ်းနှင် သေရည်
• ဘူးသီး နှင့် ကြက်တူရွေးသား
• ဘာစပရိုဆေးပြား နှင့် သံပရာသီး
• ဘာမီတွန် Burmeton ဆေးပြား နှင့် ထန်းလျက်ခဲ
• ဘာမီတွန် Burmeton နှင့် Tiffy တစ်ဖီအစိမ်းရောင် ကတ်
• ဘီလုံးငှက်သား နှင့် ကြက်ဆူဆီ
• ဘာစပရို Buspro ဆေးပြားကို အစာခံမရှိဘဲမသောက်ရ၊
• မဲနယ်အိုး နှင့် သားငါး
• မဲဇလီဖူးရွက် နှင့် လက်ဖက်သုပ်
• မိချောင်းသား နှင့် နနွင်း
• မန်ကျည်းသီး နှင့် နို့ရည်
• မင်းကွတ်သီး နှင့် သကြား
• မတ်ပဲ နှင့် တင်လဲ
• မတ်ပဲ နှင့် မုန်လာ
• မုန်ညှင်းဆီ နှင့် သင်္ကန်းဖွက်ငှက်
• မုန်လာမြစ် နှုင့်ပျားရည်
• မုန်လာ နှုင့် မတ်ပဲ
• မှို နှင့် ရှားစောင်း
• မြေပဲဆန် နှင့် ကြက်ဟင်းခါးသီး
• မြေဇာဥ နှင့် သစ်ကြားသီး
• မျောက်တည်သီး နှင့် နို့ရည်
• မြွေသား နှင့် ငါးရံသား
• မြန်မာလျက်ဆား နှင့် သွားတိုက်ဆေး
• မြင်းခွာရွက် နှင့် သခွားသီး
• မက်ထရိုနီဒါဇော (Meronidazole) နှင့် အရက်
• ယုန်သား နှင့် မှို
• ရာဘာချဉ် နှင့် ဆိတ်သား
• ရှာလကာချဉ် နှင့် ပီလောပီနံ
• ရိုးနီပီလောပီနံ နှင့် အချဉ်မျိုး
• ရေခဲသုပ် နှင့် ချင်းသုပ်
• ရေငန်သီး နှင့် လက်ဖက်
• ရှားစောင်းချဉ် နှင့် အမဲသား
• ရှားစောင်း နှင့် ကုလားဗရာကြော်
• ရှောက်သီး နှင့် စောင်းလျားသီး
• ရှောက်သီး နှင့် ပီလောပီနံ
• ရှောက်သီး နှင့် ပဲစိမ်းစားဥ
• ရှောက်သီး နှင့် ခိုသား
• ရှောက်သီး နှင့် နို့ရည်
• ဝက်သားချဉ် နှင့် မဲနယ်အိုး
• ဝက်သား နှင့် ဒိန်ချဉ်
• ဝက်သား နှင့် နွားနို့
• ဝမ်းဘဲဥ နှင့် ဖရဲသီး
• ဝမ်းဘဲဥ နှင့် ပေသီးပေရည်
• ဝါစေ့/ ဝါဆီ နှင့် သမင်သား
• ဝါးမျှစ် နှင့် အင်ဥ
• သမုန်းမြစ် နှင့် အချဉ်ချက်သောအိုး
• သမုန်းရွက် နှင့် ငါးချက်သောအိုး
• သကြားပြာ နှင့် ပျားရည်
• သမင်သား နှင့် ဝါရွက်
• သပြေသီး နှင့် ပီလောပီနံ
• သံပရာသီး နှင့် ပီလောပီနံ
• သံပရာသီး နှင့် နို့ရည်
• သံပရာသီး နှင့် စိမ်းစားဥ
• သားငါးအဆီ နှင့် ထောပတ်
• သားငါးတို၏အဆီ နှင့် ချဉ်ဆီ
• သားမျိုးဟင်း နှင့် နှမ်းမှုန့်
• သေရက်မျိုး နှင့် သမုန်း ဧကရာဧ်
• သေရည်သေရက် နှင့် နှမ်းမှုန့်ဆုပ်
• သေရက်မျိုး နှင့် ပိတ်ချင်းရွက်
• သေရည် နှင့် ဗျိုင်းအောက်သား
• သေရည်သေရက် နှင့် နို့အမျိုးမျိုး
• သစ်ကြားသီး နှင့် ဝက်မြေဇာဥ
• သည်းခြေ နှင့် သားဟင်းမျိုး
• ဟင်းငန်ရွက် နှင့် နှမ်းဖတ်
• ဟစ်တမင်း (Histamine) နှင့် အရက်
• အင်ဥ နှင့် ပြောင်းဆန်
• အမဲသားချဉ် နှင့် မဲနယ်အိုး
• အရက် နှင့် ဘိန်း
• အရက် နှင့် Burmeton ဘာမီတွန်
• အချဉ်မျိုး နှင့် နို့မျိုး
• အိမ်ဆီးချို နှင့် နို့ရည်
• အုန်းသီး နှင့် နိုရည်
• အုန်းရည် နှင့် ပျားရည်
• အုံတုံဆံ နှင့် ကလောဥ
• ဥသျှစ်သီး နှင့် ပျားရည်
• ဥဒေါင်းသား နှင့် ကြက်ဆူဆီ
• ဥမျိုး နှင့် ကြက်ဆူဆီ
• ဥသျှစ်သီး နှင့် ကင်းပိတ်ရွက်
• သြဇာသီး နှင့် ပျားရည်
• တွဲဖက်စားလျှင်သေစေနိင်သောအစားအစာများ
• ကြက်ဆူသီး + ငှက်သား = သေ
• ကျေးသား + ဘူးသီး = သေ
• ကြောင်လျှာသီး + ငါးသေတ္တာ = သေ
• ကြောင်လျှာသီး + ပဲဒလက် = သေ
• ကြောင်လျှာသီး + စပါးကြီးမြွေ = သေ
• ကျွဲကောသီးး + သံပရာသီး = သေ
• ကျွဲခေါင်းသီး + သံပရာသီး = သေ
• ကိုင်းဥ + ပုစွန်ချဉ် = သေ
• ချောကလက် + စောင်းလျားသီး = သေ
• ချောကလက် + ပဲမြစ် = သေ
• ခိုသား + ချင်း = သေ
• ခိုသား + ဖရုံသီး = သေ
• ချင်း + သင်္ဘောသီး = သေ
• ဂွေးသီး + အာတာလွတ် = သေ
• ငှက်ပျောသီး + ထန်းသီး = သေ
• တညင်းသီး + ရှိန်းခို = သေ
• ထန်းလျက် + နလင်ကျော် = သေ
• ထန်းလျက် + ၂၇ ပါးဆေး = သေ
• နို့ဆီ + ကိုးပါးဆေး = သေ
• နွားနို့ + အချဉ်အမျိုးအမျိုး = သေ
• နွားနို့ + မှို = သေ
• နို့အေးချောင်း + ဂွေးသီး = သေ
• ပျားရည် + သြဇာသီး = သေ
• ပျားရည် + အုန်းသီး = သေ
• ပျားရည် + ဥသျှစ်သီး = သေ
• ပီလောပီနံ + ပဲကြားလှော် = သေ
• ပီလောပီနံ + မျှစ်ချဉ် = သေ
• ပီလောပီနံ + ဒေါင်းသား = သေ
• ပီလောပီနံ + အချဉ်အမျိုးမျိုး = သေ
• မင်းကွတ်သီး + သကြား = သေ
• မှို + တညင်းသီး = သေ
• မိုင်လို + ပဲမြစ် = သေ
• မှို + ဖားသား = သေ
• မှို + လယ်ကဏန်း = သေ
• မှို + ယုန်သား = သေ
• ရေခဲမုန့် + ချင်းသုပ် = သေ
• ရှောက်သီး + နွားနို့၊ နို့ရည် = သေ
• လက်ဖက် + ကျွဲခေါင်းသီး = သေ
• ဝက်သား + ထန်းရည်ချို = သေ
• ဝက်သား + ဗျိုင်းသား = သေ
• ဝက်သား + ကြာရိုးကြာစွယ် = သေ
• သပြေသီး + ထန်းလျက် = သေ
• သိုးသား + စောင်းလျားသီး = သေ
• အမဲသား + ခရု = သေ
• အုန်းနို့ခေါက်ဆွဲ + Pepsy ပက်ပစီ = သေ

(မြန်မာ့အွန်လိုင်းစွယ်စုံကျမ်း)

ဆေးလိပ်ဖြတ်လျှင် ရနိုင်သော အကျိုးကျေးဇူးများ

၁။ ၈ နာရီကြာသော် ခန္ဓာကိုယ်တွင်းရှိ ကာဗွန်ဒိုင် အောက်ဆိုဒ် အပိုများ ကုန်စင်သွားခြင်း
၂။ ငါးရက်ကြာလျှင် ခန္ဓာကိုယ်တွင်းမှ နီကိုတင်းများ ကုန်စင်သွားခြင်း
၃။ တစ်ပတ်ကြာသော် ခံတွင်းနံ့ ကောင်းမွန်လာပြီး လျှာခံတွင်းတွေ့လာခြင်း
၎။၁၂ပတ် ကြာသော် အဆုတ်သည် မိမိကိုယ်တိုင် သန့်ရှင်းရေး လုပ်နိုင်သော စွမ်းရည် ပြန်လည်မြင့် တက်လာခြင်း
၅။ ၃လ ကြာသော် အဆုတ်သည် ယခင်အခြေ အနေထက် ၃၀ ရာခိုင်းနှုန်း ပြန်လည် ကောင်းမွန်လာခြင်း
၆။ တစ်နှစ်ကြာသော် နှလုံးရောဂါ ဖြစ်နိုင်ခြေကို တစ်ဝက်တိတိ လျော့ချ ပေးခြင်း
၇။ တစ်နှစ်ကြာသော် အိတ်ကပ်တွင် အနည်းဆုံးငွေ သုံးသိန်း (ခန့်မှန်းခြေ) ပိုလျှံနေမည်။

ရိုးရာလေး
http://www.myawady.com.mm/health/preventing/item/5203-2013-01-24-09-25-38#.UQCjrVLgyuo

တစ်ခါ အားသွင်း ရုံဖြင့် တစ်လကြာ အသုံးပြု နိုင်မည့် ဟန်းစက် Nokia ထုတ်လုပ်

ဘက်ထရီအား တစ်ခါ အားသွင်းရုံဖြင့် အချိန်တစ်လ ကြာအထိ အသုံးပြုနိုင်မည့် ဒေါ်လာ၂၀ ၀န်းကျင်ရှိ ဈေးနှုန်း သတ်မှတ်
ထားသည့် တန်းဖိုးနည်း ဟန်းဆက်တစ်မျိုးကို Nokia ကုမ္ပဏီမှ ထုတ်လုပ် မိတ်ဆက် လိုက်ကြောင်း သိရသည်။ အဆိုပါ ဟန်းဆက်အား Nokia 105 ဟု အမည်ပေးထားပြီး FM Radio စနစ်နှင့် လက်နှိပ်ဓာတ်မီး စနစ်တို့ကို တစ်ပါတည်း ထည့်သွင်းပေးထားသည်။ Standby ထားရှိပါ က ၃၅ ရက်ကြာ ထားရှိနိုင်မည်ဖြစ်ပြီး တရစပ် စကားပြောလျှင် ၁၃ နာရီ ကြာပြောနိုင်အောင် ဘက်ထရီ အနေဖြင့် ခရီးဝေးသွားသည့် ကာလ၌ ဘက်ထရီ အားသွင်းရန် ခက်ခဲသည့် အခြေ အနေ များတွင် အကောင်းမွန်ဆုံး အသုံးချနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး တန်ဖိုးအားဖြင့် နည်းပါးခြင်း ကမည်သူမဆို အလွယ်တကူ ဝယ်ယူနိုင်မည့် အချက်ဖြစ်ကြောင်း ပြောကြားထားသည်။ လာမည့် ရက်သတ္တပတ်အတွင်း ၎င်းဖုန်းများအား ဈေးကွက် အတွင်း ရောင်းချရန် စီစဉ်သွားမည်ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက် အထိ ထိုးဖောက်ရန် ရည်ရွယ်ထား နေကြောင်း သိရသည်။

From : Yoyarlay
http://myawady.com.mm/tech/localtechnews/item/8812-2013-03-10-10-28-26

ပေါင် ၁၃၂ဝ အလေးချိန်ရှိ ချွန်မြသော နှုတ်သီးရှည်ရှိသည့် အပြာရောင် ပင်လယ်ငါးကြီး

Photo: ပေါင် ၁၃၂ဝ အလေးချိန်ရှိ ချွန်မြသော နှုတ်သီးရှည်ရှိသည့် အပြာရောင် ပင်လယ်ငါးကြီး

လန်ဒန်    မတ်    ၈

ဗြိတိန်နိုင်ငံမှ စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးဖြစ်သူ ကီဗင်ဂက်ဒ်နာသည် ငါးမျှားချိတ်ကို အသုံးပြု၍ ပေါင် ၁၃၂ဝ ရှိ နှုတ်သီးရှည်ရှိသည့် အပြာရောင် မာလင်ငါးကြီး တစ်ကောင်အား ဖမ်းမိခဲ့ကြောင်း သိရသည်။

ဂက်ဒ်နာသည် လွန်ခဲ့သည့် ၂၅ နှစ် ကျော်က ယင်းကဲ့သို့ ငါးမျိုးကို ဖမ်းဆီးရန် စိတ်ကူးခဲ့ဖူးကြောင်း၊ ယခုအ ခါ အဆိုပါ ငါးကြီးကို အောင်မြင်မှု ဆုလာဘ်အဖြစ် အတ္တလန္တိတ် သမုဒ္ဒရာမှ မိုင် ၄ဝဝဝ ကွာဝေးသော ဗြိတိန်နိုင်ငံသို့ လေယာဉ်ဖြင့် သယ်ဆောင်ခဲ့သည်။

ခြောက်မီတာ အရှည်ရှိသော အဆိုပါငါး ဖမ်းဆီးရရှိမှုသည် ကမ္ဘာပေါ်တွင် စတုတ္ထအကြီးမားဆုံး ဖမ်းဆီးရရှိမှုဖြစ်ပြီး ယင်းငါးသည် ဂက်ဒ်နာ၏ ငါးဖမ်းဆီးရမိမှုတွင် အကြီးမားဆုံး ငါးတစ်ကောင် ဖြစ်သည်ဟု ယူဆရသည်။

ဂက်ဒ်နာသည် ၁ဝ ရက်ကြာ ငါးဖမ်းခရီးစဉ်အတွင်း ၎င်း ငါးအား ရရှိရန် အချိန် ၃ နာရီ ကြာမျှ ကြိုးစားဖမ်းဆီး ခဲ့ရသည်။ ပထမ ၁၅ စက္ကန့်တွင် ၎င်းငါးသည် ငါးမျှားချိတ်၌ ဖမ်းမိပြီး ၇ဝဝ မီတာရှည်သော ငါးမျှားကြိုးမှ လွတ်မြောက်ရန် ကြိုးစားခဲ့သည်။ 

ထို့နောက်တွင် ယင်းငါးအား လှေပေါ်သို့ ရောက်ရှိရန် ခန့်မှန်းခြေ ၅ မိုင်ခန့် အကွာမှ ခက်ခက်ခဲခဲ ဆွဲယူခဲ့ရကြောင်း ဂက်ဒ်နာက ဖြေကြားခဲ့သည်။

Posted by mya wady at Saturday, March 09, 2013

ဗြိတိန်နိုင်ငံမှ စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးဖြစ်သူ ကီဗင်ဂက်ဒ်နာသည် ငါးမျှားချိတ်ကို အသုံးပြု၍ ပေါင် ၁၃၂ဝ ရှိ နှုတ်သီးရှည်ရှိသည့် အပြာရောင် မာလင်ငါးကြီး တစ်ကောင်အား ဖမ်းမိခဲ့ကြောင်း သိရသည်။

ဂက်ဒ်နာသည် လွန်ခဲ့သည့် ၂၅ နှစ် ကျော်က ယင်းကဲ့သို့ ငါးမျိုးကို ဖမ်းဆီးရန် စိတ်ကူးခဲ့ဖူးကြောင်း၊ ယခုအ ခါ အဆိုပါ ငါးကြီးကို အောင်မြင်မှု ဆုလာဘ်အဖြစ် အတ္တလန္တိတ် သမုဒ္ဒရာမှ မိုင် ၄ဝဝဝ ကွာဝေးသော ဗြိတိန်နိုင်ငံသို့ လေယာဉ်ဖြင့် သယ်ဆောင်ခဲ့သည်။

ခြောက်မီတာ အရှည်ရှိသော အဆိုပါငါး ဖမ်းဆီးရရှိမှုသည် ကမ္ဘာပေါ်တွင် စတုတ္ထအကြီးမားဆုံး ဖမ်းဆီးရရှိမှုဖြစ်ပြီး ယင်းငါးသည် ဂက်ဒ်နာ၏ ငါးဖမ်းဆီးရမိမှုတွင် အကြီးမားဆုံး ငါးတစ်ကောင် ဖြစ်သည်ဟု ယူဆရသည်။

ဂက်ဒ်နာသည် ၁ဝ ရက်ကြာ ငါးဖမ်းခရီးစဉ်အတွင်း ၎င်း ငါးအား ရရှိရန် အချိန် ၃ နာရီ ကြာမျှ ကြိုးစားဖမ်းဆီး ခဲ့ရသည်။ ပထမ ၁၅ စက္ကန့်တွင် ၎င်းငါးသည် ငါးမျှားချိတ်၌ ဖမ်းမိပြီး ၇ဝဝ မီတာရှည်သော ငါးမျှားကြိုးမှ လွတ်မြောက်ရန် ကြိုးစားခဲ့သည်။

ထို့နောက်တွင် ယင်းငါးအား လှေပေါ်သို့ ရောက်ရှိရန် ခန့်မှန်းခြေ ၅ မိုင်ခန့် အကွာမှ ခက်ခက်ခဲခဲ ဆွဲယူခဲ့ရကြောင်း ဂက်ဒ်နာက ဖြေကြားခဲ့သည်။

Posted by mya wady at Saturday, March 09, 2013
http://www.facebook.com/pages/General-Knowledge/271775222863912