“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, May 5, 2013

လက်သရဲ ဝင်ပူးသည့် ရောဂါ

လက်သရဲ ဝင်ပူးသည့် ရောဂါ

လက်သရဲဝင်ပူးတဲ့ ရောဂါဆိုတာ အမှန်တော့ Alien hand syndrome အမည်ရ ရောဂါ ဖြစ်ပါတယ်။ ဂြိုလ်သားလက် ရောဂါဝေဒါနာ ဖြစ်ပါတယ်။

ဒီရောဂါကလည်း ကြောက်စရာ ရောဂါ တစ်ခု ဖြစ်ပါတယ်။ ဘယ်လက် သို့မဟုတ် ညာလက် သို့မဟုတ် ၂ ဘက်စလုံး ဖြစ်တတ်ပါတယ်။ ယင်း ဖြစ်တဲ့ လက်က ကိုယ့်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ပါဘူး။ သူလုပ်ချင်ရာ လုပ်ပါတယ်။ ဓားရှိနေရင် ဓားကိုကောက်ကိုင်ပြီး သူများကို ထိုးပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ထိုးတတ်ပါတယ်။ အိင်္ကျီဝတ်ပေမယ့် ဝတ်လို့မရအောင် လက်က တားပါတယ်။ မီးခလုပ်ကို ပိတ်ပေမယ့် ပြန်ဖွင့် ပါတယ်။ ဘယ်လက်က လုပ်တာကို ညာလက်က ပြန်ပြန်လိုက်လုပ်ပါတယ်။ လိုက်နှောက်ယှက်ပါတယ်။

သွားရင်းလာရင်း တွေ့ကရာ ပစ္စည်း အကုန်ကောက်ပါတယ်။ ခါးပိုက်နှိုက်မိ ပါတယ်။ မီးထဲ လက်ထဲမိပါတယ်။ လည်နေတဲ့ စက်ထဲ လက်က အတင်း ဝင်ပါတယ်။ တားလို့မရပါဘူး။ ဒါကို စိတ်ရောဂါလားလို့ တောင် ထင်မြင်ခဲ့ကြ ပါတယ်။ ဂီတာ အရင်က မတီးဖူးပေမယ့် တီးတတ်တာမျိုး၊ စန္တယား တီးတတ်တာမျိုးတို့ လည်း ရှားရှားပါးပါး ဖြစ်တတ်ပါတယ်။ လက်မှာ ကိုယ်ပိုင် စိတ် ရှိနေတဲ့ ရောဂါမျိုးလို့လည်း ခေါ်ပါတယ်။

လက်က သူ့ပါသူ အသက်ရှိနေသလို ဖြစ်ပြီး ကိုယ်က လုံးဝ ထိန်းချုပ်လို့ မရပါဘူး။ အချို့ ကျတော့ ရက်ပိုင်းအတွင်း ဖြစ်ပြီး ပျောက်ပေမယ့် အချို့ ကျ လပိုင်းကြာပါတယ်။ အချို့ ကျ တစ်သက်လုံး မပျောက်ပဲ ထင်ရင်ထင် သလို ရောဂါ ထဖောက်ပါတယ်။

စစ်တမ်းအရ ယင်းရောဂါဟာ ဦးနှောက်ခွဲစိတ်မှု၊ နှလုံးခွဲစိတ်မှု ခံယူပြီး သူတွေ မှာ အဖြစ်များပြီး အချို့ ကျတော့ အလိုလိုကို ထပေါ်လာ တာ ဖြစ်ပါတယ်။ ကိုယ်က မခိုးပေမယ့် လက်က အလိုလို လုပ်မိသွားတာကို အချို့ ကတောင် ရှေးဘဝ ဗီဇလို့ ထင်မြင်ကြပါတယ်။ သို့ပေမယ့် ယင်းလူဟာ Alien Hand Syndrom (ဂြိုလ်သားလက် ရောဂါ) ခံစားနေရသူ ဖြစ်ပါတယ်။ သူ့အတွက်လည်း ကြောက်ဖို့ ကောင်းသလို သူ့ပတ်ဝန်းကျင်အတွက် လည်း ကြောက်ဖို့ ကောင်းပါတယ်။

သေချာတာကတော့ ဘတ်စ်ကားစီးလို့ အဆင်ပြေမယ့် ရောဂါမဟုတ်ပါဘူး။ ယင်းရောဂါဝေဒနာ လူတိုင်းခံစားရနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုသာ မသိလိုက်တာ တစ်ခါတစ်လေကျ ဖြစ်ခဲ့တာမျိုးတို့ ဖြစ်တတ်ပါတယ်။

ကမ္ဘာ့အနှံ့ က နိုင်ငံအသီးသီးမှာ Alien hand syndrome ဂေရာဂါ ခံစားနေရသူပေါင်း များစွာရှိတယ်လို့ အမေရိကန် ဆေးပညာရှင်တို့ က ပြောဆိုထားကြောင်း သိရပါတယ်။
--
Ref: wiki
ရိုးရာလေး ဗဟုသုတ
-
http://www.yoyarlay.com/entertainment/123-discovery/35403-hand-diseases

အေးချမ်းမွန် Credit & Copy From >YoYarLay <Thank
https://www.facebook.com/excellencemedia
သတင်းများသည် သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်။

အရက်နဲ့တွဲဖက် မစားသင့်တဲ့စားစရာများ

အရက်နဲ့တွဲဖက် မစားသင့်တဲ့စားစရာများ

အရက် .. အရက် .. ခုချိန်မှာတော့ အရက်ကြိုက်တဲ့သူတွေကို အမျိုးသားတွေသာမကတော့ .. အမျိုးသမီးတွေရော တော်တော်လေး သုံးနေတဲ့ခေတ်မှာ .. ဒါလေး သိထားသင့်တယ်နော် ~

မုန်လာဥနီ

မုန်လာဥနီထဲမှာ ပါတဲ့ မုန်လာဥနီဓါတ်က အရက်ထဲမှာ ပါတဲ့ အရက်ပြန်နဲ့ ဓါတ်ပေါင်းရင် အဆိပ်ပါတဲ့ ဓါတ်ပစ္စည်းတွေ ထွက်တတ်တယ်။

ပဲတီစိမ်းအဖတ်

ပဲတီစိမ်း အဖတ် ချက်လုပ်တဲ့အခါ ကျောက်ချဉ် အသင့်အတင့်ထည့်ရပါတယ်။
ဒါကြောင့်ပဲတီစိမ်းအဖတ်နဲ့ အရက်ကို တွဲစားမိရင်၊ အရက်ပြန်က သွေးထဲမှာ နေတဲ့အချိန် ကြာရှည်လာစေပြီး အရက်ပိုမူးစေတယ်လို့ ဆိုတယ်။

ဝက်အူချောင်း

ဝတ်အူချောင်းထဲမှာ nitrosoamines ဓါတ်ပါလို့ အရက်နဲ့ တွဲပြီး စားသောက်ရင် အသည်းကို ထိခိုက်နိုင်
တဲ့အပြင် အစာအိမ်နဲ့အူကင်ဆာတွေကိုလည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

အသားကင်

အသားကင်တဲ့အခါ benzpyrene လို့ခေါ်တဲ့ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်းတစ်မျိုး ပေါ်ထွက်
တတ်တယ်။ အရက်ထဲမှာ အရက်ပြန်ဟာ အစာအိမ်နဲ့ အူရဲ့ သွေးကြောတွေ ကျယ်လာစေပြီး ကင်ဆာ
ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်းတွေ သွေးကြောထဲကို အလွယ်တကူ ဝင်လာစေနိုင်ပါတယ်။

ချစ်ဦးမောင်

ကမ္ဘာ့အကောင်းဆုံးအဆိုအမိန့်များ..

ကမ္ဘာ့အကောင်းဆုံးအဆိုအမိန့်များ..
===================·
၁။ လူတစ်ယောက်ဟာအလုပ်ပိုလုပ်လေလေ နောက်ထပ်ပိုလုပ်ချင်လာလေလေဖြစ်တယ်။
The more one works, the more willing one is to work.

၂။ အလုပ်ဟာလူသားများအတွက် စည်ပင်သာယာရေးအတွက်ရေသောက်မြစ်ဖြစ်တယ်။လူ့ဘဝရဲ့အခြေခံဖြစ်သောအလုပ်ကိုရှောင်လွဲလို့မဖြစ်နိုင်ပါ။
Work is the inevitable condition of human life, the true source of human welfere.

၃။ ဘုရားရှင်ဟာငှက်သတ္တဝါတိုင်းကိုအစာပေးတယ်။သို့သော်ငှက်သိုက်အတွင်းသို့် အစာကိုပစ်မသွင်းပေးပါ။
God gives every bird its food, but he does not throw it into the nest.

၎။ အလုပ်လုပ်ခြင်းသည်ရှက်ဖွယ်မဟုတ်။ပျင်းရိထိုင်းမှိုင်းခြင်းသာရှက်ဖွယ်ရာဖြစ်တော့တယ်။
Work is no disgrace, it is idleness which is a disgrace.

၅။ ဘာမှမလုပ်ပဲအားနေခြင်းစာအသိဥာဏ်ကိုသံချေးတက်စေတယ်။
Idleness makes the wit rust.

၆။ ပိုက်ဆံဟာနိဗာန်ပေါ်မှ ကျလာတာမဟုတ်။ကမ္ဘာမြေပေါ်တွင်အလုပ်လုပ်ပြီးမှရယူရတယ်။
Money does not come from heaven.It has to be earned here on earth.

၇။ကိုယ်ကြိုက်တာလုပ်ရလျှင် ပျော်ရွင်မှုကိုရနိုင်တယ်လို့ထင်ကြတယ်။ ကိုယ်လုပ်ရမယ့်အလုပ်ကိုကြိုက်လာမှတကယ့်ပျော်ရွင်မှုကိုရနိုင်တယ်။
Your happiness lies not in doing what you like but in liking what you have to do.

၈။လုပ်စရာတွေအများကြီးရှိသူ။လုပ်ချင်စိတ်လည်းရှိသူမှာအချိန်အများဆုံးရှိတယ်။
Those who have most to do, and are willing to work,will find the most time.

၉။ပျိုရွယ်ချိန်ဟာတစ်စုံတစ်ခုပြုလုပ်ရန်နှင့်တစ်စုံတစ်ဦးဖြစ်လာနိုင်စေရန်အခွင့်ကောင်းဖြစ်တယ်။
Youth is the opportunity to do something and to become somebody.

၁၀။အစားကိုလည်းမြန်မြန်စား၊အလုပ်ကိုလည်းမြန်မြန်လုပ်။
Quick at meat,quick at work.

၁၁။ပစ္စည်းဥစ္စာအသင့်အတင့်ရှိသူတွေကလောက်ကမှာအရေးကြီးဆုံးဟာချစ်ခြင်းမေတ္တာလို့မှတ်ယူကြတယ်။မရှိဆင်းရဲတဲ့လူတွေကတော့ ငွေလို့ပဲသိထားကြတယ်လေ။
Those who have some mean think that the most important thing in the world is love. The poor know that it is money.

၁၂။အောင်မြင်မှုဆိုတာစောင့်ဆိုင်းရမည့်အရာမဟုတ်။ ဆောင်၇ွက်ရမည့်အရာသာဖြစ်တယ်။
Success is not something to wait for; it is something to work for.

၁၃။အခြားလူများလုပ်ရန်ခက်ခဲ့သည့်အလုပ်ကိုလွယ်ကူစွာလုပ်နိုင်ခြင်းမှာ အထူးကျွမ်းကျင်မှုဖြစ်ပြီး မဖြစ်နိုင်သည့်အရာကိုလုပ်နိုင်ခြင်းမှာပါရမှီသာဖြစ်တယ်။
Doing easily what others find difficult is talent; doing what is impossible for talent is genius.

၁၄။ လူသားတို့ဧ။်လုပ်ရပ်များသည် အတွေးအခေါ်များရဲ့အကောင်းဆုံးစကားပြန်များပဲဖြစ်တယ်။
The actions of man are the best interpreters of their thoughts.

၁၅။ အလွန်အလုပ်များသောသူဟာ ဆယ်ခါတစ်ခါ သူ့ရဲ့အယူအဆကိုပြောင်းတတ်တယ်။
A man who is very busy seldom changes his opinions.

၁၆။ ငွေဆိုတာလူတို့ရဲ့ဘ၀ကိုသရုပ်သကန်ဖော်ထုတ်ပေးနေတဲ့အရာတစ်ခုပါ
။ ရလိုက် ၊ ဆုံးရှုံးလိုက် ၊လိုအပ်လိုက်၊ မြတ်နိုးလိုက် ၊
အသက်ပေးလိုက်နှင့်ပဲသံသရာလည်နေကြတာပါပဲ၊
Money is what life is all about getting it loosing it needing it loving it and dying for it.

၁၇။ ဥစ္စာရင်လိုဥစ္စာရင်ခဲ။
Command your man and do it yourself.

၁၈။ အရက်သမားရဲ့ပိုက်ဆံအိတ်ကအရက်ပုလင်းဖြစ်တယ်။
A drunkard's purse is bottle.

၁၉။ ပေးရခြင်းထက်ပေးကမ်းခြင်းကသာလွန်ကောင်းမွန်တယ်။
Better give have to give.

အ၇ိုးသားဆုံးအလုပ်သည်..အကြီးမာ
ဆုံးဂုဏ်တစ်မျိုးဖြစ်သည်။

credit-ရွှေအိမ်စည်စာကြည့်တိုက်
thanks myawaddy

ချစ်သူက ကိုယ့်ကို ပိုချစ်အောင် ဘယ်လိုလုပ်မလဲ?

၁. ။Give time .. အချိန်ပေးပါ

ကိုယ်ချစ်တဲ့သူကို ကိုယ့်ရဲ့ အချိန်တွေထဲက မျှပေးဖို့ပါပဲ ၊ အတူရှိနေနိုင်ရင်လဲ ရှိနေပေါ့ ၊ ရှိမနေနိုင်ရင်လည်း

ဘယ်အချိန်မှာ လိုအပ်မလဲ၊ သူလိုအပ်တဲ့ အချိန်မှာ ကိုယ်က အချိန်လေးပေးနိုင်ဖို့ ကြိုးစားသင့်ပါတယ် ။

ချစ်သူတွေရဲ့ ကြားမှာ အချိန်မပေး နိုင်ခြင်းဟာလဲ ပြဿနာတစ်ခုပါ ၊

ဒါကြောင့် အချစ်ကို ပေးဖို့ ဆိုရင် အချိန်ကိုလဲ ပေးသင့်တယ် ဆိုတဲ့ အချက်ကို

သိထားသင့်ပါတယ် ။

၂.။ Give caring … ဂရုစိုက်မှုပေးပါ

ကိုယ့်ချစ်သူကို ဂရုတစိုက် ရှိရမှာဖြစ်ပါတယ် ၊ ကိုယ်ချစ်တဲ့သူကဂရုတစိုက် ရှိနေစေချင်တာ သဘာဝပါပဲ ၊

ဒါပေမယ့် လက်တွေ့မှာတော့ အမှတ်တမဲ့ဖာသိဖာသာ ဖြစ်နေတတ်ပါတယ် ၊ အထူးသဖြင့်

သူရဲ့ ခံစားချက်တွေကို ဂရုစိုက်ပြီး နားလည်ပေးဖို့ပါပဲ ။

၃.။ Give help … အကူအညီပေးပါ

ကိုယ့်ချစ်သူကို ကိုယ်ပေးနိုင်တဲ့ အကူအညီလေးတွေ ပေးဖို့ပါ ၊အသေးအမွှားလေးတွေပဲ ဖြစ်ဖြစ်ပေါ့ ၊

စိတ်ခံစားမှု ပိုင်းဆိုင်ရာမှာတော့ထိရောက်ပါတယ် ၊ ကြင်နာမှု ကို ပြရာရောက်သလိုပဲ

သူ့အတွက် ကြည်နူးပီတိဖြစ်ရပါတယ်။

၎.။ Give understanding and be happy နားလည်မှု ပေးပြီး ပျော်ရွှင်ပါစေ

ကိုယ်ချစ်သူကို နားလည်မှု ပေးပြီး ချစ်ပါ ၊ ချစ်တဲ့ နေရာမှာ ကိုယ့်ချစ်သူဟာ လွပ်လပ်မှု ရှိစေဖို

့ ဘောင်တွေ ကန့်သတ်ချက်တွေကို ကျယ်ကျယ်လေးထားပေးပါ ၊

စည်းမျဉ်း ကန့်သတ်ချက်တွေက သိပ်ပြီးကျဉ်းကျပ်နေရင် အချစ်ခံရတဲ့ သူဟာ လွပ်လပ်မှု မရှိတဲ့ အတွက်

အပြည့်အ၀ပျော်ရွှင်နိုင်မှာ မဟုတ်သလို တခါတရံ မှာ စိတ်တောင် ညစ်သွားစေပါလိမ့်မယ် ။

၅..။Give respect လေးစားမှု ပေးပါ

ကိုယ့်ချစ်သူဟာ ဘယ်လိုအခြေအနေ အဆင့်အတန်း မှာ ဖြစ်စေ

ကိုယ်က ချစ်ပြီဆိုရင်တော့ လေးစားမှုလေး ပေးပါ ၊ ကိုယ်က အရမ်း လွှမ်းမိုးနေတာမျိုးမလုပ်ပဲ နဲ့

သူတည်ရှိနေမှုနဲ့ သူ့ရဲ့ အနေအထားလေးကို လည်း အသိအမှတ် ပြု ပေးပါ ၊

၆.။ Give attention ( Pay attention to details ) … အာရုံစူးစိုက်မှုပေးပါ

ကိုယ်ချစ်သူဟာ ဘာကို နှစ်သက်တယ် ဘာကို မနှစ်သက်ဘူး

စတဲ့ အသေးစိတ်အချက်အလက် လေးတွေက စပြီး သိထားပါ ၊

အာရုံစူးစိုက်ပြီး မှတ်သားပါ ၊သူကြိုက်တာကို လုပ်ပြီး မကြိုက်တာကို မလုပ်ပါနဲ့ ။

၇.။ Give gifts …. လက်ဆောင်လေးတွေ ပေးပါ

တခါတရံ မှာတော့ လက်ဆောင်လေးတွေ ပေးတာဟာလဲ အချစ်ကို ပြသရာ ရောက်ပါတယ် ၊

သတိရ ခြင်းရဲ့ အထိန်းအမှတ် အဖြစ်ပေါ့ ၊

လက်ဆောင်သေးသေးလေးတွေပဲ ဖြစ်ပါစေတန်ဘိုးထား တတ်ကြပါတယ် ။

အရာဝတ္ထု တိုင်းမှာ တန်ဘိုး နှစ်မျိုး ရှိကြပါတယ် ၊

အဲဒါတွေကတော့ materialvalue နဲ့ sentimental value တို့ပါပဲ

material value က ပစ္စည်းရဲ့ မူလတန်ဘိုး ဖြစ်ပြီးတော့ sentimental value ကတော့ အဲဒီပစ္စည်း

အပေါ်မှာ ခံစားတဲ့ သူ့ကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားချက်ရဲ့ တန်ဘိုးပါ ။

ချစ်သူက ထီးလေး တစ်လက်ကို လက်ဆောင်းပေးတယ် ဆိုပါစို့၊

နေပူထဲသွားလို့အဲဒီ ထီးလေးကို ဆောင်းတဲ့ အခါမှ ပိုပြီး အေးတယ်လို့ ခံစားရကောင်းရနိုင်ပါတယ် ၊

ချစ်သူရဲ့ အမှတ်တရ ဖြစ်မှု ၊ ချစ်သူရဲ့ အမှတ်သင်္ကေတ ၊ချစ်သူရဲ့ စေတနာ စတဲ့.. စတဲ့ ခံစားရခြင်းတွေ

ပူးပေါင်းပါဝင်နေတာမို့ အဲဒီထီးလေးကို … ရောင်းတဲ့ ဆိုင်ပေါ်ကအလားတူ ထီးတစ်လက် ထက်တော့ ပိုတန်ဘိုးထား ပါလိမ့်မယ် ၊ အဲဒီသဘောပါပဲ ။ဒါကြောင့်မို့ ကိုယ့်အတွက် မပင်ပန်းစေမယ့် လက်ဆောင်လေးတွေ ပေးသင့်ပါတယ်။

၈.။ Communication ဆက်သွယ်ပြောဆိုပါ

လူအချင်းချင်း ဆက်ဆံတဲ့ နေရာ မှာတောင် ပြောဆို ဆက်ဆံရေးဟာ အရေးကြီးပါတယ်၊

ကိုယ့်ချစ်သူကို ကျတော့ ကိုယ်က ချစ်တဲ့ အကြောင်း ၊ သူဟာ ကိုယ့်အတွက်လိုအပ်တယ် ဆိုတဲ့ အကြောင်း စတာတွေကို ပြောပေးရမှာ ဖြစ်ပါတယ် ၊

တချို့သူများဟာ ချစ်တယ်ဆိုတဲ့ စကားကို ထပ်ခါ ထပ်ခါ ကြားချင်သလို သေချာစေချင်တဲ့ အတွက်

မေးလဲ မေးလေ့ ရှိပါတယ် ၊

တစ်ယောက်နဲ့ တစ်ယောက်ကတော့ပုံစံချင်းမတူဘူးပေါ့ ၊ ကိုယ့်ချစ်သူရဲ့ ဆန္ဒကို လိုက်ပြီးကိုယ်ခံစားချက်ကို သိအောင် ပြောပေးရမှာ ဖြစ်ပါတယ် ၊

အပိုတွေကို ညာဖြီးအာရွှီးဖို့ ပြောတာ မဟုတ်ပါဘူး ၊ ချစ်တဲ့ အကြောင်းကို ပြောဖို့လဲလိုအပ်တယ် ဆိုတဲ့ အချက်ကလေးကို စားရင်းတို့ ပေးလိုက်တာပါပဲ။

၉။.faithful-သစ်စာရှိပါ

လောကမှာ ဘယ်ယောက်ျားလေး၊မိန်းကလေးမဆို ဆန့်ကျင်ဘက်ချောတဲ့ ကောင်လေး၊ကောငိမလေးတွေတွေ့ရင် စိတ်ထဲက ဘာရယ်မဟုတ်တောင် လိုက်ကြည့်မိတတ်ကြပါတယ်..၊

ဒါပေမယ့်ဒီလို အပြုအမူမျိုးကို ကိုယ်ချစ်တဲ့သူဘေးမှာ ရှိနေရင် မလုပ်သငိ့ပါဘူး။

ဒါဟာ ကိုယ့်ချစ်သူကို မလေးစားရာ ရောက်သလို သူ့ရဲ့ အထင်သေးမှုကိုလည်း ရရှိသွားတတ်ပါတယ်…

ဘယ်သူမဆို ကိုယ့်ချစ်သူက ကိုယ့်ကိုဘဲ ကြည့်စေချင်၊ချစ်စေချင်တာလေ

ဒီလိုဘာမဟုတ်တဲ့ အသေးအဖွဲတွေကလည်း ချစ်သူတွေကြားမှာ ဆူးနှောင့်လေး ဖြစ်တတ်တာမို့ ထည့်ရေးပေးလိုက်တာပါ..

ဒီလို အသေးအဖွဲ ကြည့်တာလေးတောင် ရှော့ရှိနိုင်ရင် ကိစ်စအကြီးကြီးတွေမှာ ပြသနာမဖြစ်ဖို့ သစ်စာရှိရမယ်ဆိုတာ ပြောဖို့ မလိုတော့ဘူး။

၁၀။.နားလည်မှုပေးပါ(မလိမ်မိပါစေနှင့်)

ဆိုလိုချငိတာက ကိုယ်ဟာလူ၁ယောက်ကို ချစ်မိရင် ချစ်တယ်လို့မပြောခင် သူ့အတိတ်ကို လေ့လာပါ..

မလေ့လာရငိ တောင် ကိုယ့်အချစ်ကို သူ့ကိုဖွင့်ဟမပြောခငိ ကိုယ့်ကိုကိုယ် သေချာရဲ့လား သုံးသပ်ပါ။

သေချာလို့ ဖွင့်ပြောပြီးပြီ၊ ချစ်သူတွေ ဖြစ်ပြီးပြီဆိုရင်တော့ အတိတ်က ကိစ်စနဲ့ဘဲဖြစ်ဖြစ်၊

လတ်တလော ကိစ်စနဲ့ဘဲ ဖြစ်ဖြစ် အထင်လွဲစရာ ပေါ်လာတဲ့အခါ ပွင့်ပွင့်လင်းလင်း မေးပါ။

နားလည်မှု ပေးပါ… ကြားစကားဆိုတာ တစိတ်ကို တအိတ် လုပ်တတ်ကြပါ တယ်။

ကြားလူတွေရဲ့ ပယောဂကြောင့် ဝေးသွားတဲ့ချစ်သူတွေ လောကကြီးမှာ အများကြီးပါ။

မိမိက အမေးခံရသူဖြစ် နေရင်လည်း ချစ်သူက မေးတဲ့အခါ ပွင့်ပွင့်လင်းလင်း အမှန်အတိုင်းပြောလိုက်ပါ။

မညာမိပါစေနှင့်။မိမိမှာ အမှားရှိခဲ့ရင် တောင် မည်သူမဆို ကိုယ့်ချစ်သူရဲ့အကြောင်းကို

သူများပြောမှသိတာထက် ကိုယ်ချစ်သူကိုယ်တိုင် ဖွင့်ဟအသိပေး ထားတာဘဲ လိုချင်ကြတာပါ။

အကောငိးဆုံးအကြံပေးချငိတာကတော့ ရငိးနှီးတဲ့အဆင့်မှာတင် ကိုယ့်အကြောင်း အားလုံး ပြောပြထားလိုက်ပါ။

ပြောထားပြီးပြီဆိုတော့ ကိုယ်လည်း လိပ်ပြာသန့်သလို သူကိုလည်း စဉ်းစားဖို့ပြောပြီးသားဖြစ်သွား တာပေါ့။

ချစ်သူတွေ ဖြစ်ပြီးမှ ကွဲကွာတာထက်စာရင် မိတ်ဆွေ အဖြစ်နဲ့ တသက်လုံး ရင်းနှီးသွားတာကလည်း မင်္ဂလာ ၁ပါးပါဘဲ…

၁၁။.Touching ထိတွေ့မှုတဲ့ ဒီအချက်က မြန်မာတော့ မဆန်ဘူး ၊ ဒါပေမယ့် ချန်ခဲ့ဖို့လဲ မကောင်းဘူး ၊

ဒါကြောင့် အောက်ဆုံးနားမှာ ထားပြီး ထည့်ပေးလိုက်ပါတယ်။

တခါတရံ အားငယ်နေတဲ့ အခါမျိုးမှာ တစုံတယောက်က လက်ကိုဖျစ်ညှစ်ဆုပ်ကိုင်ပြီ

အားပေးစကား ပြောလာတဲ့ အခါ အားရှိသွားသလိုမျိုးခံစားရဖူးပါသလား ၊

ပုခုံးဖက်ပြီး ပေါင်းလာကြတဲ့ သူငယ်ချင်းတွေ ပါလို့ပြောကြတာ ကြားဖူးပါသလား ၊

နွေးထွေးမှု ရင်းနှီးမှု စတဲ့စိတ်ခံစားချက်တွေကို ခန္ဓာကိုယ်ရဲ့ ထိတွှေု့တွေကနေ တစ်ဆင့်ရရှိနိုင်ပါတယ် ။

နှလုံးကနေ ထုတ်လွှတ်တဲ့ စွမ်းအင်တွေကို ထိတွေ့မှုတွေကနေတစ်ဆင့် ကူးပြောင်း

ရရှိနိုင်တဲ့ အကြောင်းတွေကို ဂျာနယ်ထဲမှာ ဖတ်ရှုဖူးပါတယ် ။

ဒါကြောင့်မို့ လက်ကလေးကို ဆုပ်ကိုင်တာ ၊ ပုခုံးကိုဖက်တာ ၊ လက်မောင်းကိုကိုင်တာ ၊

အကြင်နာပေးတာလေးတွေက အစပေါ့ ဒါလေးတွေကလဲ လိုအပ်ပါတယ် ။

အဓိက ကတော့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာ ကြင်နာမှု နွေးထွေးမှု စတဲ့ ခံစားရတာတွေကို ပြောချင်တာပါ ။

Credit ->ရေးမိရေးရာလေးများ

မြ၀တီ