“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, June 15, 2012

သဘာဝအသံလေးတွေကို ပေးနေတဲ့ Website

ကျေးငှက် သာရကာ အသံ၊ လှိုင်းပုတ် သံ စတဲ့ သဘာဝ အသံ တွေဟာ
လူ့စိတ်ကို ငြိမ်းအေး စေပါတယ်။ မိုးရွာသွန်းသံကို နားထောင်ပြီး စာဖတ် ရတာကို နှစ်သက်သူတွေ အတွက် သဘာဝ အသံတွေ ပေးနေတဲ့ ဆိုက်တစ်ခု ရှိပါတယ်။ ဒီဆိုက်မှာ မိုးရွာတာ၊ မိုးခြိမ်း တာ၊ ကလေးတွေ ခိုးခိုးခစ်ခစ် ရယ်တာ၊ ကျေးငှက်တွန်ကျူးတာ စတဲ့ သဘာဝ အသံပေါင်း များစွာ ရှိတယ်။ အသံတစ်မျိုးတည်း အပြင် အသံနှစ်မျိုး၊ သုံးမျိုး ပေါင်းစပ်ထား တာတွေလည်း ရှိပါတယ်။ ကြိုက်တာကို ရွေးနားထောင်ပြီးရင် အွန်လိုင်းမှာ မျှဝေလို့ ရတယ်။ WAV ဖိုင်အနေနဲ့ ကွန်ပျူတာထဲမှာ သိမ်းထားလို့လည်း ရပါသေးတယ်။
http://www.naturesoundsfor.me                                                    ထက်မြတ်


မူရင်း..http://www.zwekapinmyae.com/profiles/blog/show?id=2879352%3ABlogPost%3A634976&xgs=1&xg_source=msg_share_post

အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ပြောဆို တတ်ချင်သူများ အတွက် Website

အင်္ဂလိပ် စကားကို Native Speaker တွေလို မဟုတ်တောင် ကျွမ်းကျင်စွာ ရေရေ လည်လည် ပြောဆို တတ်ချင်သူများ အတွက် နည်းစနစ် ကောင်းမွန်တဲ့ နေရာမှ လေ့လာ သင့်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းတွေ၊ ခရီးသွား အင်္ဂလိပ် စကားတွေ၊ လုပ်ငန်းသုံး အင်္ဂလိပ် စကားတွေ၊ အင်တာဗျူးမှာ ယုံကြည်မှု အပြည့်အဝနဲ့ပြောဆိုနိုင်ဖို့ အင်တာဗျူး စကားပြော လေ့ကျင့်ခန်းတွေ၊ စကားပြောမှာ အသုံးပြုလေ့ရှိတဲ့ အခြေခံသဒ္ဒါတွေ၊ ဘာသာပြန်ဖို့ ခက်ခဲလေ့ရှိတဲ့ phrase နဲ့ idiom တွေကို လေ့လာ နိုင်မှာပါ။ အင်္ဂလိပ်စကား နားထောင်မှု စွမ်းရည်ကို မြှင့်တင်ပေးမယ့်အပြင် ရယ်မော ပျော်ရွှင်ဖွယ် ကောင်းတဲ့ အမေးအဖြေကဏ္ဍ တွေကိုပါ လေ့ကျင့် သင်ကြား နိုင်မှာပါ။ ဒါ့အပြင် အင်္ဂလိပ်စကားပြောဆိုရာမှာ လိုက်နာ စရာ စည်းကမ်းလေး တွေကိုပါ တင်ပြထားလို့ လေ့လာသူတွေ အကြိုက် တွေ့စေမှာပါ။
http://www.talkenglish.com
                                                                                                    ထက်မြတ်
from:http://www.zwekapinmyae.com/profiles/blog/show?id=2879352%3ABlogPost%3A634286&xgs=1&xg_source=msg_share_post