“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, January 23, 2013

အစာအိမ်အောင့်ခြင်း နာခြင်း များအတွက် အစွမ်းထက် ဆန်ဆေးရည်

အစာအိမ်ရောဂါခံစားရသူများသည် အစားစာလောင်ခြင်း မဖြစ်စေရန်အတွက် စားစရာများကိုကိုယ့်နှင့်မကွ ဆောင်ထားကြသည်မှာများကြပါသည် …သင်သည် ယခုဆန်ဆေးရည်ကို နေ့ စဉ်ပုံမှန်သောက်သုံးပါက အစားအစာဆောင်ရခြင်းနှင့် အစာအိမ်အောက်ခြင်း နာခြင်းများ မရှိတော့ပါ ။

ကျောင်းတက်စဉ်က သူငယ်ချင်းများနှင့် မိတ်ဆွေများထဲ့မှ အစာအိမ်ဖြစ်သောသူများကို ပြောပြပြီး သောက်ခိုင်းခဲ့လို့  အစာအိမ်သမား တော်တော်များများပျောက်ကင်းသက်သာခဲ့ပြီး ကောင်ညှင်းပေါင်းတောင် မစားရဲသူများတောင် စားလို့ ရလာနိုင်သော ဆန်ဆေးရည်ဖြစ်ပါသည်…

အစာအိမ်သမားများအတွက် ဆန်ဆေးရည်ကို အောက်ပါအတိုင်းလုပ်ဆောင်သောက်သုံးလိုက်ပါ

မနက်အိပ်ယာထထခြင်း မနက်ဆန်ဆေးရည်ကို မက်ခွက်တခွက်လောက်ကို အမြဲသောက်ပေးပါ ..ရောဂါပေါ်မှုတည်ပြီး သောက်ပေးရပါမည် အချိန်ကိုတော့ လပိုင်းထိမနက်တိုင်းမနက်တိုင်းသောက်ပေးပါ

လုပ်ဆောင်နည်း .........

မနက်ထမင်းချက်ဖို့ ဆန်ဆေးသည့်အခါ ပထမ ဆန်ဆေးရေကို အလျှင်အမြန်ဆေးပါ ပထမရေသည် ဆန်တွင်ပါဝင်သော သဲအမှုန့် များ ကို ဆေးကြောခြင်းဖြစ်ပါသည်

ဒုတိယအကြိမ်တွင်

ဆေးသောဆန်ဆေးရေကို လက်ဖြင့် ကျကျနန ပွတ်သက်ဆေးကြောပြီး ရရှိလာသော ဆန်ဆေးရေကို မနက်အိပ်ယာထထခြင်း မက်ခွက်ကြီး တခွက်စာ သောက်သုံးပေးပါက အစာအိမ်ဖြစ်သော သူများသည် မိမိဖြစ်နေသော ရောဂါဝေဒနာ ပျောက်ကင်းသွားပါလိမ့်သည် ။
Mg Mandalay
source >>>http://www.facebook.com/mg.mandalay?fref=ts

တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှုမိသူများ ဦးနှောက်ဆိုင်ရာ ထိခိုက်မှု ဝေဒနာများ ဖြစ်ပေါ်စေနိုင် ……

Photo: တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှုမိသူများ ဦးနှောက်ဆိုင်ရာ ထိခိုက်မှု ဝေဒနာများ ဖြစ်ပေါ်စေနိုင် ……

ဆေးပညာရှင် သုတေသီများ၏ လေ့လာတွေ့ ရှိချက်အရ  ဆေးလိပ်သောက်သူများ မဟုတ်သော်လည်း တစ်ဆင့်ခံ အနေဖြင့်  ဆေးလိပ်ငွေ့ ရှုရှိုက်မိသူများသည်လည်း ဦးနှောက်ထိခိုက်မှုဖြစ်ပေါ်စေနိုင်သည့် ဟု လေ့လာတွေ့ ရှိရသည် ။

၂၀၀၁-၂၀၀၃ နှင့်၂၀၀၇-၂၀၀၈ ခုနှစ်တို့ တွင် ဆေးလိပ်ကြောင့် ဖြစ်သော ဝေဒနာရှင် ၆၀၀၀ ဦးအား လေ့လာခဲ့ကြခြင်းဖြစ်သည် ။

တရုတ်နိုင်ငံ အန်ဟွေးတက္ကသိုလ်နှင့် ဗြိတိန်နိုင်ငံရှိ ကိန်းတက္ကသိုလ်တို့ မှ သုတေသီများ၏ လေ့လာမှု အရ ဆေးရွက်ကြီး၏ မီးခိုးငွေ့ များသည် ဦးနှောက်ထိခိုက်စေသည့် ဝေဒနာဖြစ်နိုင်သည်ဟု သိရသည် ။

ထို့ ပြင် ဆေးလိပ်မီးခိုးငွေ့ ရှုမိသူများသည် နှလုံးနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာများ လည်း ဖြစ်ပေါ်စေသည်ဟု သိရသည် ။news
ဆေးပညာရှင် သုတေသီများ၏ လေ့လာတွေ့ ရှိချက်အရ ဆေးလိပ်သောက်သူများ မဟုတ်သော်လည်း တစ်ဆင့်ခံ အနေဖြင့် ဆေးလိပ်ငွေ့ ရှုရှိုက်မိသူများသည်လည်း ဦးနှောက်ထိခိုက်မှုဖြစ်ပေါ်စေနိုင်သည့် ဟု လေ့လာတွေ့ ရှိရသည် ။

၂၀၀၁-၂၀၀၃ နှင့်၂၀၀၇-၂၀၀၈ ခုနှစ်တို့ တွင် ဆေးလိပ်ကြောင့် ဖြစ်သော ဝေဒနာရှင် ၆၀၀၀ ဦးအား လေ့လာခဲ့ကြခြင်းဖြစ်သည် ။

တရုတ်နိုင်ငံ အန်ဟွေးတက္ကသိုလ်နှင့် ဗြိတိန်နိုင်ငံရှိ ကိန်းတက္ကသိုလ်တို့ မှ သုတေသီများ၏ လေ့လာမှု အရ ဆေးရွက်ကြီး၏ မီးခိုးငွေ့ များသည် ဦးနှောက်ထိခိုက်စေသည့် ဝေဒနာဖြစ်နိုင်သည်ဟု သိရသည် ။

ထို့ ပြင် ဆေးလိပ်မီးခိုးငွေ့ ရှုမိသူများသည် နှလုံးနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာများ လည်း ဖြစ်ပေါ်စေသည်ဟု သိရသည် ။
 
news 

ကွန်ပြူတာအသုံးပြုသူတိုင်း အသုံးဝင်သည့် စာအုပ်များ

Photo: ကွန်ပြူတာအသုံးပြုသူတိုင်း အသုံးဝင်သည့် စာအုပ်များ

http://www.mediafire.com/?ememzwhndzm = Gmail ရဲ့  လှို့ ဝှက်ချက်တွေသိချင်ရင်
http://www.mediafire.com/?noziemyl5yj = GTALK နှင့်ပက်သက်သမျှ
http://www.mediafire.com/?050ltj4kgkd = လွယ်ကူစွာဂျီမေးနှင့်ဂျီတော့အသုံးပြုနည်း
http://www.mediafire.com/?yyyzjylj2gy = ဂူးဂဲလျို့ဝှက်ချက်များ

http://www.mediafire.com/?tzdqjdmemdj = ၀က်ဒီဇိုင်းလက်တွေ့သင်ခန်းစာများ
http://www.mediafire.com/?xagz1meq9yn = မြန်မာဘလော့တစ်ခုပြုလုပ်ပုံအဆင့်ဆင့်
http://www.mediafire.com/?dgxzdjwdrmd = ၀က်ပိတ်တစ်ခုဖန်တီးခြင်း
http://www.mediafire.com/?w3cdqdzwmmx = HTML မိတ်ဆက်
http://www.mediafire.com/?zjcjv2dnrso = ဘလော့ဂါနှင့်ဆိုက်ဘာအတိုက်အခံသမားများ လက်စွဲ

http://www.mediafire.com/?twdjnizznnu = PHOTOSHOP NOTES(2) အကြောင်း
http://www.mediafire.com/?p07vsb70gmrk9q5 = ADOBE PHOTOSHOP CS (မြန်မာ)
http://www.mediafire.com/?52q0ew2umzg = TIPS AND TRICKS OF PS CS4 (အင်္ဂလိပ်)
http://www.mediafire.com/?wlzgykyjmjw = MAYA AND PHOTOSHOP (အင်္ဂလိပ်)
http://www.mediafire.com/?0yxwwztxf1k = ADOBE PHOTOSHOP 7.0
http://www.mediafire.com/?twdjnizznnu = ဖိုတိုရှော့မှတ်စုများ
http://www.mediafire.com/?jd0hmmzdqdj = ပုံရိပ်များရဲ့ဖွဲ့စည်းပုံသဘာဝ
http://www.mediafire.com/?ijjgjjvz3t3 = ဗီဒီယိုတည်းဖြတ်ခြင်းသင်ခန်းစာ

http://www.mediafire.com/?dluzztilwmb = PC MECHANIC
http://www.mediafire.com/?ytoevqnnqwy = ပီစီတစ်လုံးတပ်ဆင်ရန်ရွေးခြယ်ခြင်း
http://www.mediafire.com/?qatznyhmycx = ကွန်ပြူတာသိပံ္ပ္ပမိတ်ဆက်
http://www.mediafire.com/?dluzztilwmb = ဒီစာအုပ်ဖတ်ပြီးမှ ကွန်ပျူတာပြင်ပါ
http://www.mediafire.com/?qnji1uh2qnj = ကွန်ပျူတာအကြောင်းအသေးစိတ်သိစရာ
http://www.mediafire.com/?zxjnayfxynw = ကွန်ပျူတာတပ်ဆင်ပြုပြင်ထိန်းသိမ်းနည်း
http://www.mediafire.com/?ksqsyeashheupib = အကောင်းဆုံးကွန်ပျူတာပြုပြင်ခြင်း အခြေခံနည်းစနစ်
http://www.mediafire.com/?qndaxgdede0 =ကွန်ပျူတာအမေးအဖြေ
http://www.mediafire.com/?wswd9ayna1t = ကွန်ပျူတာပြုပြင်ထိန်းသိမ်းခြင်းနှင့်
http://www.mediafire.com/?z0jmgzdyggq = ကွန်ပျူတာအဆင့်တိုးမြှင့်ခြင်းနှင့်
http://www.mediafire.com/?dzsiyudsbh3 = သတင်းအချက်အလက်ဆက်သွယ်ရေးစနစ်
http://www.mediafire.com/?twnftxnvxtr = ကွန်ပျူတာသုံးစွဲသူတိုင်းအတွက်အင်္ဂလိပ်စာ
http://www.mediafire.com/?njiycdz4htw = တီထွင်မှုမှော်ဝိဇ္ဇာကြီးအယ်လ်ဗာအယ်ဒီဆင်
http://www.mediafire.com/?ymzb9ubyzmm = ၂၁ရာစုဂူးဂဲနှင့်ပြောင်းလဲသွားသောအင်တာနက်စီးပွားရေးစနစ်ကိုလေ့လာခြင်း
http://www.mediafire.com/?cigqtwgskzx = တီထွင်မှုများ
http://www.mediafire.com/?wymogtik4cu = သိပ္ပံနှင့်နည်းပညာ

မူရင်း=♥ ♥ ♥ ကွန်ပြူတာအသုံးပြုသူတိုင်း အသုံးဝင်သည့် စာအုပ်များ ♥ ♥ ♥
Credit by☻☻☻ စိတ်ကူးပျော်ရာ☻☻☻

အေးချမ်းမွန်မှ  အဖြူရောင်စာမျက်နှာ  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

အသက်ရှည်ချင်လျှင် အိမ်ထောင်ပြုပါ

Photo: အသက်ရှည်ချင်လျှင် အိမ်ထောင်ပြုပါ

သက်လတ်ပိုင်း ရောက်သည်အထိ တည်ငြိမ်သော သံယောဇဉ် နှောင်ဖွဲ့မှု ကင်းမဲ့ နေသူများသည် အရွယ် မတိုင်မီ သေဆုံးနိုင်သည့် အလား အလာများ ပိုမိုကြောင်း Duke တက္ကသိုလ် ဆေးပညာ ဌာန၏ လေ့လာမှုတွင် ဖော်ပြ ထားသည်။

Duke တက္ကသိုလ် သုတေသီများက သုတေသနပြုလုပ်ရန် အမျိုးသား၊ အမျိုးသမီး ၄၈၀၂ ဦးကို ခေါ်ယူခဲ့သည်။ ၎င်းတို့အားလုံးမှာ မြောက်ကာရိုလိုင်းနား တက္ကသိုလ်၏ နှလုံးလေ့လာ သင်ကြားမှု သင်တန်းကို တက်ဖူးသူများ ဖြစ်ကြ သည်။ ထိုသင်တန်းသည် ၁၉၄၀ ခုနှစ်များ တွင်မွေးဖွား ခဲ့သူများ၏ ကျန်းမာရေးကို ခြေရာခံစောင့်ကြည့် နေခဲ့သည့် သင်တန်း တစ်ခုလည်း ဖြစ်သည်။

လက်ထပ်ထိမ်းမြားမှု၏ သက်လတ်ပိုင်း အရွယ်အပေါ် အကျိုး သက်ရောက် ပုံကို လေ့လာ ခဲ့ကြသည်၊ သုတေသန ရလဒ်များကို လွှမ်းမိုးမှု ရှိလာမည့် ကိုယ်ရည် ကိုယ်သွေး ပြဿနာများ၊ လူမှု စီးပွားရေး အခြေအနေ တို့နှင့် ကျန်းမာရေးနှင့် မညီညွတ်သော အပြုအမူ စသည့် အချက်များကို ထိန်းချုပ် စစ်ဆေးမှုများ ပြုလုပ်ပြီးမှ သုတေသနတွင် ပါဝင်ရန် ရွေးချယ် ခဲ့ခြင်း ဖြစ်သည်။ သုတေသနတွင် တွေ့ရှိချက်အရ တစ်ကြိမ်တစ်ခါမျှ လက်မထပ်ဖူး သူများသည် လူရွယ်ဘဝမှ စ၍ ခိုင်မာသော ချစ်သံယောဇဉ် ထူထောင်လာ ခဲ့သော ဇနီးမောင်နှံ များထက် အရွယ်မတိုင်မီ သေဆုံးရန် နှစ်ဆ အလားအလာ များကြောင်း သိရသည်။

တစ်ကိုယ်တည်း နေသူများ၊ ဇနီးခင်ပွန်းဆုံးပါးသွား သူများသည် သက်ကြီး ရွယ်အို ဘဝအထိ အသက်မရှည်နိုင်သည့် အလားအလာ များပြားသည်။ ထိုသက်ရောက်မှုသည် ကျန်းမာရေးနှင့် ညီညွတ်စွာ ပြုမူနေထိုင်သူများ၊ လူမှုစီးပွားရေး အခြေအနေ ကောင်းမွန်သူ များ၌ ပါတွေ့ရ တတ်သည်။

လက်မထပ်ဘဲ အတူ နေထိုင်တဲ့ ပုံစံကို အာရုံစိုက် လေ့လာတာဟာ ကလေးတွေ တစ်ပြုံကြီး မွေးနေသူတွေ အတွက် အရေးပါတဲ့ လေ့လာမှု ဖြစ်လာနိုင်ပါတယ်။ ဒီလိုပုံစံ နေထိုင်သူ တွေဟာ စောစီးစွာ သေဆုံးမှုနှင့် ဆက်စပ်နေတဲ့ အတွက် စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ အထောက် အပံ့တွေ ပိုမို ပေးအပ် သင့်ပါတယ်။ သက်လတ်ပိုင်း အရွယ်မှာ လူမှုရေးအရ တွယ်တာ နှောင်ဖွဲ့မှုတွေကို လေ့လာခြင်း အားဖြင့် အရွယ်မတိုင်မီ သေဆုံးရတဲ့ အကြောင်းရင်း တစ်ခုကို တွေ့ရှိ လာရပါတယ်ဟု သုတေသန စာတမ်းပြုစု သူများက ထည့်သွင်း ဖော်ပြ ထားသည်။

သုတေသနကို အပြုအမူဆိုင်ရာ ဆေးပညာ ဂျာနယ် (journal Annals of Behavioral Medicine) တွင် ဖော်ပြထားသည်။

http://www.myawady.com.mm/health/preventing/item/4901-2013-01-21-10-19-39#.UP1c8x03t8F

တရုတ်ပြည် စီချောန် သက္ကသိုလ်က ကျောင်းသူလေး ကျောက်ကပ် အခိုးခံရသော ဖြစ်စဉ်လေးပါ

Photo: တရုတ်ပြည် စီချောန် သက္ကသိုလ်က ကျောင်းသူလေး ကျောက်ကပ် အခိုးခံရသော ဖြစ်စဉ်လေးပါ 

တရုတ်ပြည် စီချောန် သက္ကသိုလ်က ကျောင်းသူလေးဟာ တညတော့ ပါတီပွဲ တခုကို သွားခဲ့တယ်။ ပျော်သလို ရှိတာနဲ့ ၀ိုင်အရက်တွေ အလွန်အကျွံသောက်ဖြစ်တယ်။ အဲဒီမှာ ဖေါ်ရွယ်စရာ ကောင်းတဲ့ ကောင်လေး တစ်ယောက်နဲ့ စကားစမြည်ပြောပြီး ခင်သွားတယ်။ နောက်တော့ ဟိုတယ်လ် တခုမှာ တညတာ အတူတူ အချိန်ဖြုန်းဖို့ သဘောတူလိုက်ပါတယ်။

ခေတ်မီခန်းနားတဲ့ ဟိုတယ်လ်ရဲ့ ဇိမ်ခံအခန်းတခုငြားလိုက်ကြတယ်။ ထပ်သောက်ကြတယ်။ နောက်သိပ်မကြာတော့ အိပ်ပျော်သွားပါပြီ။

ပြန်နိုးလာတော့ သူ့ခန္ဓာကိုယ် တခုလုံး ရေချိုးဇလုံထဲမှာ ရေခဲတုံးလေးတွေကြား မြုပ်နေတယ်။

ရေချိုးဇလုံဘေးမှာ အနီရောင်စာရွက်တခု မှာ စာရေးထားတာ တွေ့လိုက်တယ်။

"ခင်များ သေခါနီးနေပြီ၊ ၁၂၀ ကို အမြန်ခေါ်လိုက်" လို့ရေးထားပြီး ဘေးနားမှာ သူ့ဖုန်းအဆင်သင့် ချထားပေးတယ်။

၁၂၀ ကိုခေါ်လိုက်တော့ ဒေါက်တာ တစ်ယောက် ကိုင်တယ်၊ သူ့အကြောင်းတွေ ရှင်းပြတော့ အဲဒီ ဒေါက်တာက "ခင်များနောက်ကျောဖက်မှာ စမ်းကြည့်လိုက်ပါ" လို့ပြောတယ်။ စမ်းကြည့်လိုက်တော့ ၉ လက်မလောက်ကျယ်တဲ့ ဓါးဒဏ်ရာ နှစ်ခု တွေ့လိုက်တယ်။

ဒေါက်တာက ချက်ချင်းပဲ အဲဒီ ရေခဲရှိတဲ့ ရေချိုးဇလုံမှာ ပြန်မှောက်နေလိုက်ပါ၊ လို့ ညွန်ကြားလိုက်တယ်။

ကယ်ဆယ်ရေး အဖွဲ့ရောက်လာပြီး စစ်ကြည့်လိုက်တော့ သူ့ရဲ့ ကျောက်ကပ် နှစ်ခုစလုံး အခိုးခံထားရတာပါ။

သူမလဲ ဆေးရုံမှာ ကျောက်ကပ်အလှူရှင်စောင့်နေရင်း မကြာခင် ဆုံးသွားပါတော့တယ်။

ဒီလို ကျောက်ကပ်ဟာ တရုတ်ပြည်ရဲ့ မှောင်ခိုဈေးမှာ အမေရိကန် ဒေါ်လာ ၃ သိန်းလောက် ပေါက်ဈေးရပါသတဲ့။

ဒါကြောင့် မှောင်ခိုသမားများဟာ ပုံစံမျိုးစုံ နဲ့ သားကောင်များကို လိုက်နေကြပါတယ်။ အထူးသဖြင့် အမူးလွန်တတ်တဲ့ မိန်းကလေးများကို ပစ်မှတ်ထားတတ်လေ့ ရှိတယ်၊ လို့ဆိုပါတယ်။

1 Sichuan University students to take part in celebration on Saturday night. She felt happy and drank a lot of wine, then a young guy sitting in front of her. In all flirt flirting with the boys, the girls finally agreed to with this handsome guy went to hotels near, and opened a luxury package. The room, the girls drank more wine, she slowly began to feel awake, and then fell asleep.

When the gi
rl woke up, found his body ** in tub and bathtub
Full of ice. Note next to the tub, above red letters with the words "120, or you will die! "Her phone next to the note. She dialed. And explain your current situation. Doctors recommended that she check her back, and she found two nine-inch long cut wound in the lower back!!! Doctor wanted her to lie down back to the bathtub full of ice, told her not to move, immediately have the first aid team to find her. It turns out that her kidneys were stolen! The two ports, is to remove her kidney left behind! On the black market, and 1 kidney $ 300,000 worth! Forensic judgments, victims to drink liquor, drug may not simply fans of Halo, there are powerful narcotic, and ice also plays to the analgesic effect, so victims won't feel pain. The girl died in hospital after waiting for a kidney donation to nothing.

Police advise everyone: this is 1 new crime is occurring, and to young women and men, tourists, targeting students. Criminal organizations is large, and highly trained personnel. Such criminal acts are taking place in many major cities, especially recently in Shandong, Guangzhou, Shenzhen, Foshan, Dongguan, Xiamen, Quanzhou and Beijing, Shanghai, Sichuan, Chongqing, and bars all over the country!! To any 1 person you care about, to the people you know!

မြ၀တ

“ကန်တော့ပါသည် အို... အမိ”

Photo: “ကန်တော့ပါသည် အို... အမိ”
*******************

ကျောင်းမနေရှာ၊ ဖြတ်သန်းပါ၍
စာမတတ်သည့်၊ င့ါအမိသည်
သတိနှင့်သာ နေခဲ့၏
ကန်တော့ပါသည် အို... အမိ။

လုပ်ကိုင်ပင်ပန်း၊ ဒုက္ခလမ်း၌
မကျန်းမာသည့်၊ ငါ့အမိသည်
သတ္တိနှင့်သာ နေခဲ့၏။
ကန်တော့ပါသည် အို... အမိ။

ငွေကြေးဥစ္စာ၊ မချမ်းသာလည်း
ဝမ်းသာရှာ၏။ င့ါအမိသည်
ချစ်သည့်သားနှင့် နေခဲ့၏။
ကန်တော့ပါသည် အို... အမိ။

ကွယ်လွန်ခဲ့ရာ၊ ကြာခဲ့ပါလည်း
ရင်မှာလွမ်းမိ၊ င့ါအမိကို
သတိရလျက်၊ အောင့်မေ့လျက်နှင့်
အိပ်မက်ထဲတွင်၊ အမြဲမြင်သည်
ပြုံးရွှင်ပါလျက်၊ တွေ့ပါလျက်ကြောင့်
မြမျက်ရည်ဖြင့် ပူဇော်၏။
ကန်တော့ပါသည် အို... အမိ။

ပျဉ်မနား မောင်နီသင်း
ကျောင်းမနေရှာ၊ ဖြတ်သန်းပါ၍
စာမတတ်သည့်၊ င့ါအမိသည်
သတိနှင့်သာ နေခဲ့၏
ကန်တော့ပါသည် အို... အမိ။

လုပ်ကိုင်ပင်ပန်း၊ ဒုက္ခလမ်း၌
မကျန်းမာသည့်၊ ငါ့အမိသည်
သတ္တိနှင့်သာ နေခဲ့၏။
ကန်တော့ပါသည် အို... အမိ။

ငွေကြေးဥစ္စာ၊ မချမ်းသာလည်း
ဝမ်းသာရှာ၏။ င့ါအမိသည်
ချစ်သည့်သားနှင့် နေခဲ့၏။
ကန်တော့ပါသည် အို... အမိ။

ကွယ်လွန်ခဲ့ရာ၊ ကြာခဲ့ပါလည်း
ရင်မှာလွမ်းမိ၊ င့ါအမိကို
သတိရလျက်၊ အောင့်မေ့လျက်နှင့်
အိပ်မက်ထဲတွင်၊ အမြဲမြင်သည်
ပြုံးရွှင်ပါလျက်၊ တွေ့ပါလျက်ကြောင့်
မြမျက်ရည်ဖြင့် ပူဇော်၏။
ကန်တော့ပါသည် အို... အမိ။

ပျဉ်မနား မောင်နီသင်း

မှိုကိုစားသုံးခြင်းက ဆီးချိုရောဂါ ရှိသူများအတွက် ကောင်းမွန်

ဆီးချိုရောဂါ ရှိသူတွေအတွက် မှိုဟင်းကို စားသုံးပေးတာက အလွန်ကောင်းမွန်တယ်လို့ ကျွမ်းကျင်သူတွေက ထုတ်ဖော်ထားပါတယ်။ မှိုမှာ အာဟာရတန်ဖိုး မြင့်မားစွာ ပါဝင်နေပေမယ့် သကြားဓာတ် လုံးဝမပါဝင်တာကြောင့် လို့ဆိုပါတယ်။ မှိုမှာပါဝင်တဲ့ အာဟာရ တန်ဖိုးတွေဟာ ဆီးချိုရောဂါ ရှိသူတွေအတွက် အလွန်အသုံးဝင်တယ်လို့ ပရာဒတ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ဖော်ထုတ်ထားပါတယ်။ မှိုမှာအဆီလည်း လုံးဝမပါဝင်တာကြောင့် အ၀လွန်သူတွေအတွက် အလွန်အကျိုးရှိပါတယ်။ ဒါ့အပြင် မှိုဟာ ကင်ဆာရောဂါ HIVနဲ့ တခြားနာတာရှည် ရောဂါတွေ ပျောက်ကင်းနိုင်တဲ့ ဂုဏ်သတ္တိလည်း ရှိတယ်လို့ သုတေသီတွေက ဆိုပါတယ်။

အေးချမ်းမွန်မှ  SMG  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

၄၅မိနစ်ထက်မကြာပဲ ရူးစေမည့်အခန်း

၄၅မိနစ်ထက်မကြာပဲ ရူးစေမည့်အခန်း

အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ်မှာ ရှိတဲ့ Orfield ဓာတ်ခွဲခန်းဌာန မှာ ရှိတဲ့ အခန်းတစ်ခန်း ဖြစ်ပါတယ်။ 

အသံစမ်းသပ်ရန် ပြုလုပ်ထားတဲ့ အခန်းဖြစ်ပြီး ကမ္ဘာ့အသံတိတ်ဆိတ်ဆုံး အခန်း အဖြစ် ၂၀၀၄ ခုနှစ်က စံချိန်ထားပါတယ်။ ဒါ့အပြင် ယင်း အခန်းမှာ လူ တစ်ယောက်ဟာ ၄၅ မိနစ်ထက် ပိုကြာကြာ မနေနိုင်ဘူးလို့လည်း ရှာဖွေ တွေ့ရှိထားပါတယ်။ နေနိုင်မယ်ဆိုရင်တောင် ၄၅ မိနစ်ကျော်ရင် ရူးသွားမှာ ဖြစ်ပါတယ်။ 

အခန်းရဲ့  တည်ဆောက်ပုံက ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ခြောက်ခြား စရာ ကောင်းတာကို မြင်တွေ့ ရပါတယ်။ အသံကာ၊ အသံ စစ်ထုတ်စနစ် များလည်း အဆင့်ဆင့်ခံထားတဲ့အတွက် အထဲမှာ ခြင်တောင်ပံ ခတ်သံ တောင် ကြားရတယ်လို့ ဆိုပါတယ်။ အထဲမှာ လူတစ်ဦးတည်းကိုသာ ခုန်တစ်လုံးမှာ ထိုင်ခိုင်းစေတဲ့ စမ်းသပ်မှု ပြုလုပ်ပါတယ်။ 

မိနစ်အနည်းငယ်အတွင်း သူ့ နှလုံးခုန်သံကိုပါ ကြားရလာ ပါတယ်။ နောက်ဆုံး ဘာသံမှ မကြားတဲ့အဆုံး နားထဲမှာ ကျယ်လောင် ဆူးရှတဲ့ အသံများ ကြားရလာမှာ ဖြစ်ပါတယ်။ ပြီးတော့ မြင်မြင် သမျှ ကလည်း အာရုံသာ မဆိုက်နိုင်ရင် ခေါင်းမူးစေမှာဖြစ်ပါတယ်။ ဒီတော့ အမြင်ရော၊ အကြားရော တိုက်ခိုက်မှုပေါင်း များစွာကြောင့် နောက်ဆုံး တစ်ယောက်တည်း အော်ဟစ်ငိုကြွေးရပါမယ်။ ငိုလေလေ၊ အသံထွက်လေလေ ပိုမို စိတ်ခြောက်ခြားဖယ်ရာ ကောင်းလာပြီး ရူးသွားတဲ့ အဆင့်ထိကို ရောက်ရှိမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် ယင်းအခန်းကို ကမ္ဘာ့အတိတ်ဆိတ်ဆုံးနဲ့ ကြောက်စရာ အကောင်းဆုံး အခန်းလို့လည်း ခေါ်ဆိုကြကြောင်း သိရပါတယ်။
--
Ref: rarefacts
ရိုးရာလေး