“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”
Tuesday, February 18, 2014
ချစ်သူနဲ့ ခန္ဓာကိုယ်ချင်း လဲကြည့်မလား။ အမြင်စစ်ကိရိယာသစ်ဟာ စုံတွဲတွေကို မျက်လုံးတွေကတဆင့် ကြည့်မြင် ခံစားခွင့် ပေးပါတယ်။
သင့်ချစ်သူရဲ့ မျက်လုံးကတဆင့် ကမ္ဘာကြီးကို ကြည့်မြင်ချင်ဖူးလား။
Oculus Rift ခေါင်းတပ်ကိရိယာတွေကို သုံးပြီး ခန္ဓာလွှဲပြောင်းမှုကို စမ်းသပ်ရာမှာ တပ်ဆင်ထားသူတွေဟာ တစ်ယောက်မျက်လုံးကတဆင့် တစ်ယောက် ကမ္ဘာကြီးကို ရှုမြင်ခံစားခွင့်ရကြပါတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေကို တစ်သားတည်းကျထားစေပြီး ခေါင်းမှာတပ်ထားတဲ့ display တွေကတဆင့် ကြည့်မြင်ပုံ၊
မျက်မမြင်ကောင်လေး
မျက်မမြင်ကောင်လေး
တစ်ခါက မျက်မမြင်ကောင်လေးတစ်ယောက်ဟာ လမ်းဘေးမှာ တောင်းရမ်းနေသတဲ့။ သူ့ရှေ့မှာလဲ ဆိုင်းဘုတ်တစ်ခုကို ချထားတယ် " ကျွန်တော်ဟာ မျက်မမြင်တစ်ယောက်ပါ ပေးကမ်းစွန့်ကြဲကြပါ"
သူတောင်းခံနေပေမယ့်လဲ သူ့ရဲ့ အရှေ့ကခွက်ကလေးထဲမှာ ပိုက်ဆံအနည်းငယ်သာရပါတယ်။ သိပ်မကြာဘူး လူတစ်ယောက်လမ်းလျှောက်လာတယ်။ ကောင်လေးကို ကြည့်ပြီးတော့ ကောင်လေးရဲ့ခွက်ထဲကို ပိုက်ဆံထည့်လိုက်တယ်။ ပြီးတော့ ဆိုင်းဘုတ်ကို တစ်ချက်ကြည့်လိုက်တယ်။ ဆိုင်းဘုတ်ကို ပြောင်းပြန်လှန်ပြီးတော့ စာတစ်ချို့ကို ရေးလိုက်တယ်။ပြီးတော့မှ ဆိုင်းဘုတ်ကို သူရေးထားတဲ့ဘက်နဲ့ ပြန်ထောင်ထားခဲ့ပြီး ထွက်သွားတယ်။
မကြာပါဘူး။ လမ်းသွားလမ်းလာတွေ ၀ိုင်းထည့်ကြတာ ကောင်လေးရဲ့ ပိုက်ဆံခွက်လေး ပြည့်သွားတယ်။ ကောင်လေးက ပိုက်ဆံတွေယူပြီး ခွက်ပြန်ချတယ်။ လူတွေက ဆိုင်းဘုတ်ကိုကြည့်လိုက် ကောင်လေးကိုကြည့်လိုက် ပြီးတော့ ပိုက်ဆံအိတ်ကို နှိုက်ပြီးတော့ ပိုက်ဆံတွေ လှူကြပါတယ်။ပိုက်ဆံခွက်ကလေးလဲ ပြည့်သွားတာပေါ့။
ညနေရောက်တော့ မနက်ကလူပြန်ရောက်လာတယ်။ ကောင်လေးကလဲ ထိုလူရဲ့ အနံ့ကို မှတ်မိတယ်။ ဒါနဲ့မေးတယ် ခင်ဗျားကျွန်တော့်ဆိုင်းဘုတ်မှာ ဘာတွေရေးခဲ့လို့ ကျွန်တော်ပိုရတာလဲလို့ပေါ့။ ထိုလူကတော့ " ဒီနေ့သည် သာယာသောနေ့တစ်နေ့ဖြစ်မည် ငှက်ကလေးတွေပျံနေကြသည် ပန်းပွင့်လေးတွေလဲပွင့်နေကြပြီး နေမင်းကလဲ အလင်းရောင် ဖြန့်ကျက်နေသည် ဒါပေမယ့် ထိုအရာများကို ကျွန်ုပ်မမြင်ရပါ။ ကျွန်ုပ်မှာ လူကြိးမင်းတို့ ပေးမှကမ်းမှ စားရမည့် မျက်မမြင်တစ်ယောက်ဖြစ်ပါသည်" လို့ရေးထားတာလို့ ပြန်ဖြေလိုက်သတဲ့
ပြောချင်တာကတော့ ဆိုလိုရင်းကတော့ တူညီပေမယ့် ပြောပုံဆိုပုံခြင်းကွာတာကို ပြချင်တာပါ။စကားအပြောအဆို သတိမူနိုင်ကြပါစေ 
မောင်စိုင်း
www.kanaung.net
တစ်ခါက မျက်မမြင်ကောင်လေးတစ်ယောက်ဟာ လမ်းဘေးမှာ တောင်းရမ်းနေသတဲ့။ သူ့ရှေ့မှာလဲ ဆိုင်းဘုတ်တစ်ခုကို ချထားတယ် " ကျွန်တော်ဟာ မျက်မမြင်တစ်ယောက်ပါ ပေးကမ်းစွန့်ကြဲကြပါ"
သူတောင်းခံနေပေမယ့်လဲ သူ့ရဲ့ အရှေ့ကခွက်ကလေးထဲမှာ ပိုက်ဆံအနည်းငယ်သာရပါတယ်။ သိပ်မကြာဘူး လူတစ်ယောက် လမ်းလျှောက် လာတယ်။ ကောင်လေးကို ကြည့်ပြီးတော့ ကောင်လေးရဲ့ခွက်ထဲကို ပိုက်ဆံထည့်လိုက်တယ်။ ပြီးတော့ ဆိုင်းဘုတ်ကို တစ်ချက်ကြည့်လိုက်တယ်။ ဆိုင်းဘုတ်ကို ပြောင်းပြန်လှန်ပြီးတော့ စာတစ်ချို့ကို ရေးလိုက်တယ်။ပြီးတော့မှ ဆိုင်းဘုတ်ကို သူရေးထားတဲ့ဘက်နဲ့ ပြန်ထောင်ထားခဲ့ပြီး ထွက်သွားတယ်။
မကြာပါဘူး။ လမ်းသွားလမ်းလာတွေ ၀ိုင်းထည့်ကြတာ ကောင်လေးရဲ့ ပိုက်ဆံခွက်လေး ပြည့်သွားတယ်။ ကောင်လေးက ပိုက်ဆံတွေယူပြီး ခွက်ပြန်ချတယ်။ လူတွေက ဆိုင်းဘုတ်ကိုကြည့်လိုက် ကောင်လေးကိုကြည့်လိုက် ပြီးတော့ ပိုက်ဆံအိတ်ကို နှိုက်ပြီးတော့ ပိုက်ဆံတွေ လှူကြပါတယ်။ပိုက်ဆံခွက်ကလေးလဲ ပြည့်သွားတာပေါ့။
ညနေရောက်တော့ မနက်ကလူပြန်ရောက်လာတယ်။ ကောင်လေးကလဲ ထိုလူရဲ့ အနံ့ကို မှတ်မိတယ်။
ဂျင်ဆင်း၏ ကျန်းမာရေး အကျိုးပြု အာနိသင်များ
ဂျင်ဆင်း၏ ကျန်းမာရေး အကျိုးပြု အာနိသင်များ
ဂျင်ဆင်း (Ginseng)မြစ်၏ လူ့ကျန်းမာရေးကို အကျိုးပြု စေမှုမှာ အံ့မခန်းပင် ဖြစ်သည်။ တရုတ် နိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ခန့်မှ ယနေ့ အချိန်ထိ ဆေးဝါး
အဖြစ် သုံးစွဲ နေသော အပင် တစ်မျိုးလည်း ဖြစ်သည်။ ယင်းကို လိုက်လျောညီထွေ ဖြစ်စေသော ပစ္စည်း “Adaptogen” ဟုလည်း ခေါ်ဆိုကြသည်။ ကိုယ်ခန္ဓာကို စိတ်ဖိစီးမှုနှင့် အခြား ရောဂါများမှ ကာကွယ်ရန် လိုက်လျော ညီထွေ ဖြစ်စေသောကြောင့် ခေါ်ဆိုခြင်း ဖြစ်သည်။
ဂျင်ဆင်းမြစ်ကို ရေနွေးထဲသို့ လက်ဖက်ခြောက် ကဲ့သို့ခတ်ခြင်းသို့ မဟုတ်ပြုတ်ပြီး သုံးဆောင်လေ့ ရှိသည်။ ယနေ့ခေတ်တွင် ဆေးပြား၊ ဆေးတောင့်၊ အရည် ပုံစံများနှင့်လည်း ရရှိနိုင် နေပြီ ဖြစ်သည်။
၁။ဂျင်ဆင်းသည် စိတ်ဖိစီးမှုကို သက်သာ စေပါသည်။ စိတ်ဖိစီးမှု ပမာဏကို လျော့ပါး သွားအောင်လှုံ့ဆော် ပစ္စည်း (stimulant) အဖြစ် ဆောင်ရွက် ပေးပြီး ဇီဝကမ္မဆိုင်ရာ ဖြစ်ပျက်မှု များနှင့် စွမ်းအင် ကိုလည်း မြှင့်တင် ပေးနိုင်သည်။
၂။အရွယ်မတိုင်မီ အိုမင်း ရင့်ရော်ခြင်း ကိုလည်း ကာကွယ် ပေးနိုင်သည်။ ယင်းတွင် ပါဝင်သော ဓာတ်တိုး ဆန့်ကျင်ပစ္စည်း (anti-oxidants)များက အိုမင်း ရင့်ရော်ခြင်းကို ကာကွယ် စေနိုင်ရုံ သာမက အခြား နုပျိုစေသော ပစ္စည်း တစ်မျိုးဖြစ်သည့် maltol ကိုထွက်ရှိ စေသည်။
၃။တက်ကြွ ရွှင်လန်း စေသည်။ ဂျင်ဆင်း လက်ဖက်ရည်ကို သောက်သုံးခြင်းက ဦးနှောက်ဆဲလ် များကို လှုံ့ဆော် ပေးနိုင်ပြီး အာရုံ စူးစိုက်မှု၊ အတွေး အခေါ်များနှင့် မှတ်ဥာဏ်ကို ပိုမို တိုးတက် စေသည်ဟု သိရသည်။
၎။အမျိုးသား စွမ်းရည်ကို မြင့်တက် စေသည်။ အမျိုးသားများတွင် ပန်းသေ၊ ပန်းညှိုး ဖြစ်ခြင်းကို ကာကွယ် နိုင်ပြီး အိမ်ထောင်ရေး သုခကို ပိုမို ခံစားရ စေနိုင်သော အာနိသင်ရှိပြီး လိုအပ်သော ကျားဟော်မုန်း များကို သင့်တော်သော ပမာဏအတိုင်းရှိစေသည်။
၅။ကိုယ်အလေးချိန်ကို ထိန်းချုပ် ပေးနိုင်သည်။ ဂျင်ဆင်းသည် သဘာဝမှ ရရှိသော အစာစားချင် စိတ်ကို ထိန်းချုပ်ပေးသည့် အပင်ထွက် ပစ္စည်းဖြစ်ပြီး အ၀လွန်ခြင်းကို ကာကွယ် ပေးနိုင်သည်။
၆။သွေးအချို ဓာတ်ကို ထိန်းပေး နိုင်သည်။ လေ့လာမှုများအရ ဂျင်ဆင်းသည် ဆီးချို၊ သွေးချို ရောဂါရှင် များ၏ သွေးအချို ဓာတ်ပမာဏကို ထိန်းချုပ်ရာတွင် အထောက်အကူ ပြုပြီး သွေးတွင်း သကြားဓာတ် လျော့ပါး စေသော အာနိသင်လည်း ရှိနေသည်။
၇။ဓမ္မတာ ပြဿနာများကို ဖြေရှင်း ပေးနိုင်သည်။ အမေရိကန် နိုင်ငံတွင် ပြုလုပ်သော သုတေသန အရ အမျိုးသမီး များတွင် ဂျင်ဆင်းက ဓမ္မတာ လာခါနီး နာကျင်မှုကို လျော့ပါး စေနိုင်သည်ဟု သိရသည်။
သတိပေးချက်။ ။ အခြားသော ဆေးဝါးနှင့် တိုင်းရင်းဆေး အာနိသင် များကဲ့သို့ပင် ဂျင်ဆင်းသည်လည်း ဆရာဝန်၏ ညွှန်ကြားချက် အတိုင်း အသုံးပြု သင့်သော အပင်ထွက် ပစ္စည်း ဖြစ်သည်။ ကိုယ်ဝန်ဆောင် များနှင့် နို့တိုက် မိခင်များတွင် အခြား ဆေးဝါးများနှင့် တွဲဖက် မသောက်သုံး သင့်ကြောင်းကို ကျန်းမာရေး ပညာရှင်များက တိုက်တွန်းထားသည်။
သက်ကို
Ref: medindia
ဂျင်ဆင်း (Ginseng)မြစ်၏ လူ့ကျန်းမာရေးကို အကျိုးပြု စေမှုမှာ အံ့မခန်းပင် ဖြစ်သည်။ တရုတ် နိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ခန့်မှ ယနေ့ အချိန်ထိ ဆေးဝါး
အဖြစ် သုံးစွဲ နေသော အပင် တစ်မျိုးလည်း ဖြစ်သည်။ ယင်းကို လိုက်လျောညီထွေ ဖြစ်စေသော ပစ္စည်း “Adaptogen” ဟုလည်း ခေါ်ဆိုကြသည်။ ကိုယ်ခန္ဓာကို စိတ်ဖိစီးမှုနှင့် အခြား ရောဂါများမှ ကာကွယ်ရန် လိုက်လျော ညီထွေ ဖြစ်စေသောကြောင့် ခေါ်ဆိုခြင်း ဖြစ်သည်။
ဂျင်ဆင်းမြစ်ကို ရေနွေးထဲသို့ လက်ဖက်ခြောက် ကဲ့သို့ခတ်ခြင်းသို့ မဟုတ်ပြုတ်ပြီး သုံးဆောင်လေ့ ရှိသည်။ ယနေ့ခေတ်တွင် ဆေးပြား၊ ဆေးတောင့်၊ အရည် ပုံစံများနှင့်လည်း ရရှိနိုင် နေပြီ ဖြစ်သည်။
၁။ဂျင်ဆင်းသည် စိတ်ဖိစီးမှုကို သက်သာ စေပါသည်။ စိတ်ဖိစီးမှု ပမာဏကို လျော့ပါး သွားအောင်လှုံ့ဆော် ပစ္စည်း (stimulant) အဖြစ် ဆောင်ရွက် ပေးပြီး ဇီဝကမ္မဆိုင်ရာ ဖြစ်ပျက်မှု များနှင့် စွမ်းအင်
အဆစ်နာ ဝေဒနာအတွက် အိမ်တွင်းကုသနည်း
အဆစ်နာ ဝေဒနာအတွက် အိမ်တွင်းကုသနည်း
Wednesday, February 19, 2014
အဆစ်နာ ဝေဒနာအတွက် ဆေးမြီးတို
နေ့စဉ် အိမ်တွင်း မီးဖိုချောင်တွင် သုံးစွဲသော ငရုတ်သီး အနီတောင့်၏ အဓိက ပါဝင်သော Capsic ဓာတ်အကြောင်းကို
ဆေးပညာ စာစောင်ပေါင်း များစွာ၌ သိပ္ပံပညာ စူးစမ်း လေ့လာမှု (၁၃၀၀)ထက် မနည်း ဖော်ပြ ပါရှိခဲ့ပါသည်။ သာမန် အရပ်သူများ အနေဖြင့် ငရုတ်သီး အနီတောင့်သည် အရိုးအဆစ် ဝေဒနာကို ပျောက်ကင်း စေသည် ဟူသော အဆိုကို သိပ္ပံသုတေသီ များက စာစောင်များတွင် ဆွေးနွေး ထောက်ခံ ထားပါသည်။
ဆေးပညာအရ ၄င်း Capsic** မှာ Tran s-8-Methyl-N-Vanilyl-6-None-Namide ဟူသော ဒြပ်တခု ဖြစ်ပါသည်။ ယင်းအရာဖြင့် အရေပြားကို ပွတ်ပေးလျှင် အဆစ်ထဲထိ ၀င်ရောက် သွားပြီး အရိုးထုများ ပျက်စီးခြင်းကို ကာကွယ်နိုင်သည်ဟု ဆိုပါသည်။ ဤသို့ဖြင့် မခံမရပ် နိုင်အောင် နာကျင်သည့် ဝေဒနာများ ပျောက်ကင်းပြီး အဆစ်များ အထိုက်အလျောက် လှုပ်ရှားလာနိုင်သည်ဟု ဆိုပါသည်။
မီယာမီရှိ ဆေးကျောင်း ဆိုင်ရာ တက္ကသိုလ်များမှ ဆရာဝန်တစု၏ လေ့လာ တင်ပြချက်မှာ ၄င်း Capsic** သုံးစွဲသူ အဆစ် ဝေဒနာရှင် များသည် သုံးလအတွင်း အဆစ် ဝေဒနာများ ၈၀-ရာခိုင် နှုန်းခန့် သက်သာ ပျောက်ကင်း သည်ဟု ဆိုသည်။ ၄င်းဆေး မသုံးသူများမှာ ၅၀-၅၅ ရာခိုင် နှုန်းသာ သက်သာ သည်ဟု ဆိုသည်။ သို့သော်လည်း ငရုတ်သီး အနီမှ ထုတ်ထားသော လိမ်းဆေးကို ဘယ်ဆေးဆိုင် တွင်မှ ရှာ၍ရနိုင်မည် မဟုတ်ပါ။
မိမိတို့ဘာသာ အောက်ဖော်ပြပါ အတိုင်း ဆေးမြီးတိုလုပ်၍ သုံးစွဲကြည့်ပါ။
ပါဝင်ရမည့် ပစ္စည်းများမှာ-
၁။ ငရုတ်သီး အနီတောင့်ကို အစေ့များ မဖယ်ဘဲ စားပွဲဇွန်း ၁၅-ဇွန်းခန့် လှီးထားပါ။
၂။ အုန်းဆီ တကွာတ။
၃။ ပျားဖယောင်းဖျော်ရည် စားပွဲဇွန်း ၂-ဇွန်း။
၎။ ဆီမွှေး အစက် ၄၀။
ပြုလုပ်နည်းမှာ-
၁။ အုန်းဆီနှင့် ငရုတ်သီးအနီ လှီးပြီးသားကို ရော၍ ဒယ်အိုးတွင် ထည့်ပြီး မီးဖြင့် တဖြည်းဖြည်း ဆူပွက်လာသည်အထိ အပူပေးပါ။
၂။ မီးအရှိန်ကိုလျှော့ပြီး သုံးနာရီခန့် ထားပါ။
၃။ သုံးနာရီခွဲခန့် အအေးခံပါ။
၎။ ယင်းသို့ မီးအပူပေးလိုက် အအေးခံလိုက် နှစ်ကြိမ်၊ သုံးကြိမ် ပြုလုပ်ပါ။
၅။ ဆီနှင့် ငရုတ်သီး အရောအနှောကို ဖျော်စက်တွင် ထည့်၍ ပျော့ပျောင်းပြီး စေးပျစ်သည်အထိ ဖျော်ပါ။
၆။ ပိတ်ပါးစ ရေစစ်ပါရှိသော ဆန်ခါပေါ်တင်၍ စစ်ပါ။
၇။ ပြီးလျှင် စတီးအိုးထဲသို့ ထည့်ပါ။
၈။ အရေပျော်နေသော ပျားဖယောင်းကိုထည့်ပါ။ ပြီးလျှင် ဆီမွှေးထည့်ပါ။
၉။ Cream ဖြစ်လာသည့်အထိ မွှေပါ။
၁၀။ ပုလင်းသေးသေးလေးထဲ လောင်းထည့်ပါ။
၁၁။ အဖုံးသေချာစွာ ဖုံးပါ။
၁၂။ ပြီးလျှင် အေးပြီးခြောက်သွေ့သေနေရာတွင် သိမ်းထားပါ။
ဆေးညွှန်းမှာ-
နာကျင် ကိုက်ခဲသည့် နေရာကို အထက်ပါ ဆေးဖြင့် ပွတ်သပ်ပြီး ဖြည်းဖြည်း လိမ်းပေးပါက အဆစ်နာ ဝေဒနာများ ပျောက်ကင်း နိုင်ပါသည်။
Ref: Working woman Asia,2001.
ဒေါက်တာ ဒေါ်မြင့်မြင့်ကြည်(လိုက်ဖ်စတိုင်လ် တူဒေး ၂၀၀၁-စက်တင်ဘာ)
The Melting Pot 4 U အဆစ်နာ ဝေဒနာအတွက် ဆေးမြီးတို
နေ့စဉ် အိမ်တွင်း မီးဖိုချောင်တွင် သုံးစွဲသော ငရုတ်သီး အနီတောင့်၏ အဓိက ပါဝင်သော Capsic ဓာတ်အကြောင်းကို
ဆေးပညာ စာစောင်ပေါင်း များစွာ၌ သိပ္ပံပညာ စူးစမ်း လေ့လာမှု (၁၃၀၀)ထက် မနည်း ဖော်ပြ ပါရှိခဲ့ပါသည်။ သာမန် အရပ်သူများ အနေဖြင့် ငရုတ်သီး အနီတောင့်သည် အရိုးအဆစ် ဝေဒနာကို ပျောက်ကင်း စေသည် ဟူသော အဆိုကို သိပ္ပံသုတေသီ များက စာစောင်များတွင် ဆွေးနွေး ထောက်ခံ ထားပါသည်။
ဆေးပညာအရ ၄င်း Capsic** မှာ Tran s-8-Methyl-N-Vanilyl-6-None-Namide ဟူသော ဒြပ်တခု ဖြစ်ပါသည်။ ယင်းအရာဖြင့် အရေပြားကို ပွတ်ပေးလျှင် အဆစ်ထဲထိ ၀င်ရောက် သွားပြီး အရိုးထုများ ပျက်စီးခြင်းကို ကာကွယ်နိုင်သည်ဟု ဆိုပါသည်။ ဤသို့ဖြင့် မခံမရပ် နိုင်အောင် နာကျင်သည့် ဝေဒနာများ ပျောက်ကင်းပြီး အဆစ်များ အထိုက်အလျောက် လှုပ်ရှားလာနိုင်သည်ဟု
အားဆေးလေးတွေပေးရအောင်...
အားဆေးလေးတွေပေးရအောင်...
ကျနော်တို့ ဒီအွန်လိုင်းစာမျက်နှာထဲမှာ...ထူးဆန်းစွာမိုင်ထောင်ချီဝေးတာလည်းပါမယ်....။
တခါတရံ အိမ်နီးနားချင်းတောင်အမည်မသိတာပါမယ်....
အံ့သြစရာပါ....ကျနော်တို့ တွေအေးစက်တဲ့ ကွန်ပျူတာကတဆင့် သူ့ အတွေးကိုယ့်အရေး...ကိုယ်က ရေး.....သူကတွေးပေးတာတွေဖတ်ရတယ်.....။
ဒါကြောင့်ကျနော်တို့ ဘ၀မှာ...သူငယ်ချင်းဆိုတာကိုတန်ဖိုးထားတတ်လာတယ်....။
..၀မ်းသာဝမ်းနည်းသိလိုသမျှဝေမျှကြတယ်...
သူငယ်ချင်း(မိတ်ဆွေ) ဖေ့ ဘုတ်အွန်လိုင်းပေါ်ကနေ.... သတိထားစရာမက်ဆော့လေးတွေ အပြန်လှန်ပေးရအောင်...
၁။ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင်နေထိုင်နိုင်ဖို့ကြိုးစားပါ။
၂။ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ
မလွယ်လှဘူး။
၃။သဘောထားကွဲလွဲမှုများတွင် တရားသဖြင့် ငြင်းခုံပါ။ ဆဲရေးတိုင်းထွာခြင်း
မပြုပါနှင့်။
၎။အနည်းငယ်သဘောထားကွဲလွဲမှုကြောင့် ကြီးမားသောခင်မင်ရင်းနှီးမှုကို
မထိခိုက်ပါစေနှင့်။
၅။တစ်စုံတစ်ယောက်၏ မျှော်လင့်ချက်အိပ်မက်များကို ဘယ်သောအခါမှ
ပြက်ရယ်မပြုပါနှင့်။ မျှော်လင့်ချက်အိပ်မက်များ မရှိသူသည်အများကြီးမအောင်မြင်နိုင်။
၆။လူတွေကို သူတို့ မျှော်လင့်ထားတာထက်ပိုပြီး ရွှင်လန်းတက်ကြွစွာ
ပျော်ရွှင်မှုပေးကမ်းလိုက်ပါ။
၇။ အမှားလုပ်မိကြောင်းသိသိချင်း ပြင်ဆင်ဖို့ ကြိုးစားပါ။
၈။ တယ်လီဖုန်းကောက်ကိုင်ချိန်မှာ ပြုံးနေပါ။ ဖုန်းခေါ်သူက သင့်အပြုံးကို
သင့်အသံထဲမှာ ကြားရပါလိမ့်မယ်။
၉။ နက်နက်ရှိုင်းရှိုင်းနှင့် ပြင်းပြင်းပြပြ ချစ်မြတ်နိုးပါ။ သင်
စိတ်ထိခိုက်နာကျင် ( အသည်းကွဲ) နိုင်သော်လည်း အချစ်သည် ဘ၀မှာပိုပြီး
ပြည့်စုံစွာနေနိုင်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။
၁၀။ သဘောထားကွဲလွဲမှုများတွင် တရားသဖြင့် ငြင်းခုံပါ။ ဆဲရေးတိုင်းထွာခြင်း
မပြုပါနှင့်။
၁၁။ လူတွေကို သူတို့ ၏ ဆွေမျိုးအသိုင်းအ၀ိုင်းကို ကြည့်ပြီး အကဲမဖြတ်ပါနှင့်။
၁၂။ ဖြည်းဖြည်းပြောပါ။ သို့ သော် လျှင်မြန်စွာ စဉ်းစားပါ။
၁၃။ သင်မဖြေချင်သည့်မေးခွန်းကို တစ်ယောက်ယောက်က မေးလာသည့်အခါ
ပြုံးပြီးမေးလိုက်ပါ။ “ခင်ဗျား ဘာဖြစ်လို့ သိချင်တာလဲ” လို့ ။
၁၄။ ထူးကဲသော ချစ်ခြင်းနှင့် ကြီးမားသော အောင်မြင်မှုများမှာ
နက်ရှိုင်းသောစွန့် စားမှု ပါဝင်နေသည်ကို သတိရပါ။
၁၅။ သင်ဆုံးရှုံးရချိန်တွင် သင်ခန်းစာယူပါ။
၁၆။ တစ်ချို့ အချိန်တွေမှာ တစ်ကိုယ်တည်းနေပါ။
ကျနော်က ဒီလောက်ဘဲသတိယတယ်..သူငယ်ချင်းတို့ လည်း..ထပ်ဖြည့်ပြီး မိတ်ဆွေကိုငွေလိုစုဆောင်းတန်ဖိုးထားရအောင်...
ချစ်ခင်လေးစားသော
ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည် ကျနော်တို့ ဒီအွန်လိုင်းစာ မျက်နှာထဲမှာ...ထူးဆန်းစွာမိုင်ထောင် ချီဝေးတာလည်းပါမယ်....။
တခါတရံ အိမ်နီးနားချင်းတောင် အမည်မသိတာ ပါမယ်....
ဒါကြောင့်ကျနော်တို့ ဘ၀မှာ...သူငယ်ချင်းဆိုတာကိုတန်ဖိုးထားတတ်လာတယ်....။
..၀မ်းသာဝမ်းနည်းသိလိုသမျှဝေမျှကြတယ်...
သူငယ်ချင်း(မိတ်ဆွေ) ဖေ့ ဘုတ်အွန်လိုင်းပေါ်ကနေ.... သတိထားစရာမက်ဆော့လေးတွေ အပြန်လှန်ပေးရအောင်...
၁။ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင်နေထိုင်နိုင်ဖို့ကြိုးစားပါ။
၂။ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ
မလွယ်လှဘူး။
၃။သဘောထားကွဲလွဲမှုများတွင် တရားသဖြင့် ငြင်းခုံပါ။ ဆဲရေးတိုင်းထွာခြင်း
မပြုပါနှင့်။
၎။အနည်းငယ်သဘောထားကွဲလွဲမှုကြောင့် ကြီးမားသောခင်မင်ရင်းနှီးမှုကို
မထိခိုက်ပါစေနှင့်။
၅။တစ်စုံတစ်ယောက်၏ မျှော်လင့်ချက်အိပ်မက်များကို ဘယ်သောအခါမှ
ပြက်ရယ်မပြုပါနှင့်။ မျှော်လင့်ချက်အိပ်မက်များ မရှိသူသည်အများကြီးမအောင်မြင်နိုင်။
၆။လူတွေကို သူတို့ မျှော်လင့်ထားတာထက်ပိုပြီး ရွှင်လန်းတက်ကြွစွာ
ပျော်ရွှင်မှုပေးကမ်းလိုက်ပါ။
၇။ အမှားလုပ်မိကြောင်းသိသိချင်း ပြင်ဆင်ဖို့ ကြိုးစားပါ။
၈။ တယ်လီဖုန်းကောက်ကိုင်ချိန်မှာ ပြုံးနေပါ။ ဖုန်းခေါ်သူက သင့်အပြုံးကို
သင့်အသံထဲမှာ ကြားရပါလိမ့်မယ်။
၉။ နက်နက်ရှိုင်းရှိုင်းနှင့် ပြင်းပြင်းပြပြ ချစ်မြတ်နိုးပါ။ သင်
စိတ်ထိခိုက်နာကျင် ( အသည်းကွဲ) နိုင်သော်လည်း အချစ်သည် ဘ၀မှာပိုပြီး
ပြည့်စုံစွာနေနိုင်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။
၁၀။ သဘောထားကွဲလွဲမှုများတွင် တရားသဖြင့် ငြင်းခုံပါ။ ဆဲရေးတိုင်းထွာခြင်း
မပြုပါနှင့်။
၁၁။ လူတွေကို သူတို့ ၏ ဆွေမျိုးအသိုင်းအ၀ိုင်းကို ကြည့်ပြီး အကဲမဖြတ်ပါနှင့်။
၁၂။ ဖြည်းဖြည်းပြောပါ။ သို့ သော် လျှင်မြန်စွာ စဉ်းစားပါ။
၁၃။ သင်မဖြေချင်သည့်မေးခွန်းကို တစ်ယောက်ယောက်က မေးလာသည့်အခါ
ပြုံးပြီးမေးလိုက်ပါ။ “ခင်ဗျား ဘာဖြစ်လို့ သိချင်တာလဲ” လို့ ။
၁၄။ ထူးကဲသော ချစ်ခြင်းနှင့် ကြီးမားသော အောင်မြင်မှုများမှာ
နက်ရှိုင်းသောစွန့် စားမှု ပါဝင်နေသည်ကို သတိရပါ။
၁၅။ သင်ဆုံးရှုံးရချိန်တွင် သင်ခန်းစာယူပါ။
၁၆။ တစ်ချို့ အချိန်တွေမှာ တစ်ကိုယ်တည်းနေပါ။
ကျနော်က ဒီလောက်ဘဲသတိယတယ်..သူငယ်ချင်းတို့ လည်း..ထပ်ဖြည့်ပြီး မိတ်ဆွေကိုငွေလိုစုဆောင်းတန်ဖိုးထားရအောင်...
ချစ်ခင်လေးစားသော
ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်
ဘယ်လိုအခြေအနေ မျိုးမှာ ရေမချိုးသင့်ပါသလဲ?
ဘယ်လိုအခြေအနေ မျိုးမှာ ရေမချိုးသင့်ပါသလဲ?
(ဦးနှောက်သွေးကြောပြတ်ခြင်း။ဦးနှောက်သွေးထွက်ခြင်း။လေဖြတ်ခြင်းတို့ဖြစ်တတ်တာမို့ သွေးတိုးနဲ့နှလုံး ရောဂါ ရှိသူများပိုပြီး ဂရုစိုက်ပါ )
❉ သွေးပေါင် အရမ်းကျ နေချိန် မှာ ရေမချိုးသင့်ပါ ...
ရေချိုးတဲ့အခါ ရေအပုချိန်မြင့်ရင် သွေးကြောကျယ်ပြန့်သွားတာပြီး
ဦးနှောက်ထဲမှာသွေးပန့်ပိုးတာက မလုံလောက်ဘုးဖြစ်နေတတ်တာမို့
အလွယ်တကု မှုးလဲတတ်ပါတယ် ။
ရေအေးနဲ့ချိုးရင် သွေးကြောတွေက ကျုံ့သွား ပြီး အချမ်းတက်နိင်တယ် ။
❉ ရေအေးဖြင့်အမြဲ မျက်နှာသစ်သူတချို့ ...
ကျန်းမာရေးချို့တဲ့တဲ့အမျိုးသမီးများ ရေအေးနဲ့မချိုးသင့်ပါ။နဂိုကခုခံအားမကောင်းတာမို့ အေးတဲ့နိုးဆွမှုကြောင့်အအေးမိ ၊အဖျားတက်ခြင်းကိုဖြစ်စေတယ် ။ ဒါပေမယ့် ကြာရှည် ရေအေးဖြင့်မျက်နှာသစ်သူကသွေးလည်ပတ်မှုကို အထောက်အကုပြုပါတယ် ။အအေးမိ နှာစေးတာကိုကာကွယ်နိင်ပြီး အသားရည်ကိုစိုပြေစေတယ် ။
❉ အရက်သောက်ပြီး နောက် ရေမချိုးသင့်...
အရက်ပျံက အသည်း အလုပ်လှုပ်ရှားမှုကို ပာန့်တားနိင်တယ် ။ ဂလုးကို့စ် ထုတ်လုပ်ခြင်းကိုတားဆီးတယ်။ရေချိုးတဲ့အခါခန္ဓာကိုယ်ထဲမှသကြားဓာတ်ကိုအသုံးပြုရတာပိုများလာပါတယ်။ အရက်သောက်ပြီးနောက်ရေချိုးရင်သွေးချိုက အချိန်မှီမဖြည့်စည်းပေးနိင်တာမို့အလွယ်တကု ခေါင်းမုးခြင်း ။ မျက်စိပြာခြင်း ၊ တစ်ကိုယ်လုံးအားမရှိ အားပျော့သွားတတ်ခြင်း ။ ပိုဆိုးပါက သွေးချိုကျဆင်းခြင်းကြောင့် မူးမေ့ မြော သွားတတ်ပါတယ် ။
❉အစားဝအောင်စားပြိး နောက် ရေမချိုးသင့်...
အစားဝအောင်စားပြိး နောက် ရေချိုးရင်တစ်ကိုယ်လုံးရဲ့အပေါ်ယံအရေပြား သွေးကြောက ရေနွေးရဲ့နိုးဆွမှုကြောင့် ကျယ်ပြန့်သွားပါတယ် ။ များသောသွေးလည်ပတ်မှုကအပြင်ဖက်သို့ရောက်ရှိလာတာနဲ့အမျှဝမ်းဗိုက်ထဲမှသွေးပန့်ပိုးမှုကနည်းလာတာမို့ အစာကြေလမ်းကြောင်းစုတ်ယုမှုကို ထိခိုက်စေတာကြောင့်သွေးချိုကကျဆင်းလာပါတယ် ။ ပိုဆိုးပါက မှုးမေ့လဲကျ တတ်ပါတယ် ။
❉ အလုပ်လုပ်ပြီးချင်း ရေမချိုးသင့်...
ကာယအလုပ်လုပ်ဖြစ်စေ ဥာဏ်စွမ်းရည်ဖြင့်အလုပ်လုပ်သည်ဖြစ်စေ
အလုပ်လုပ်ပြီးနောက် ခဏ အနားယုပြီးမှ ရေချိုးသင့်တယ် ။
သို့မပာုတ်လျှင် နှလုံးရောဂါ ၊ ဦးနှောက်ထဲမျာသွေးပန့်ပိုးမှုမပြည့်စုံခြင်း ဖြစ်တာမို့မုးမေ့လဲကျသွားတတ်ပါတယ် ။
❉ အဖျားရှိတဲ့အခါရေမချိုးသင့်...
အဖျား (၃၈ဒီဂရီ = ၁၀၀.၄ ဖာရင်ပိာုက် ) မြင့်တက်လာတဲ့အခါ ခန္ဓာကိုယ်ရဲ့ကယ်လိုရီကုန်ဆုံးသွားက ၂၀% များလာပါတယ် ။ အဲဒီအချိန်မှာခန္ဓာကိုယ်ကအားလျှော့တာတဲ့အချိန်ဖြစ်တာမို့ရေချိုးလိုက်ရင် ရုတ်တရက် (အက်စီးတန့်)မတော်တဆများဖြစ်ပွားနိင်ပါတယ် ။
လုတိုင်း လုတိုင်း ရေချိုးတာက နေ့စဉ် အလုပ်တစ်ခု ဖြစ်နေတယ် ။
ရေချိုးခြင်းကိုချိုးကိုချိုးရမယ်လို့တသတ်မှတ်တည်း မသတ်မှတ်ပါနဲ့ ။
ရှောင်ရန်နှင့်သတိထားစရာတွေလည်းရှိပါတယ် ။ သတိမမှုမိရင်
ရေချိုးလိုက်တာနဲ့တစ်ကိုယ်လုံးရောဂါဝေဒနာများရတတ်ပါတယ်။
အထုးသဖြင့်အလွန်ပုတဲ့မြန်မာပြည်၊ထိုင်း။မလေးမှာရှိတဲ့သူငယ်ချင်းများပိုပြီးသတိထားသင့်ပါတယ် ။
(ဦးနှောက်သွေးကြောပြတ်ခြင်း။ဦးနှောက်သွေးထွက်ခြင်း ။လေဖြတ်ခြင်း တို့ဖြစ်တတ်တာမို့ သွေးတိုးနဲ့နှလုံး ရောဂါ ရှိသူများပိုပြီး ဂရုစိုက်ပါ)
http://myawadynews.blogspot.com/2014/02/blog-post_2178.html (ဦးနှောက်သွေးကြောပြတ်ခြင်း။ ဦးနှောက်သွေးထွက်ခြင်း။လေဖြတ်ခြင်း တို့ဖြစ်တတ်တာမို့ သွေးတိုးနဲ့နှလုံး ရောဂါ ရှိသူများပိုပြီး ဂရုစိုက်ပါ )
သွေးပေါင် အရမ်းကျ နေချိန် မှာ ရေမချိုးသင့်ပါ ...
ရေချိုးတဲ့အခါ ရေ အပုချိန်မြင့်ရင် သွေးကြောကျယ်ပြန့်သွားတာပြီး
ဦးနှောက်ထဲမှာသွေးပန့်ပိုးတာက မလုံလောက်ဘုးဖြစ်နေတတ်တာမို့
အလွယ်တကု မှုးလဲတတ်ပါတယ် ။
ရေအေးနဲ့ချိုးရင် သွေးကြောတွေက ကျုံ့သွား ပြီး အချမ်းတက်နိင်တယ် ။
ရေအေးဖြင့်အမြဲ မျက်နှာသစ်သူတချို့ ...
ကျန်းမာရေးချို့တဲ့တဲ့အမျိုးသမီးများ ရေအေးနဲ့မချိုးသင့်ပါ။နဂိုကခုခံအားမကောင်းတာမို့ အေးတဲ့နိုးဆွမှုကြောင့်အအေးမိ ၊အဖျားတက်ခြင်းကိုဖြစ်စေတယ် ။ ဒါပေမယ့် ကြာရှည် ရေအေးဖြင့်မျက်နှာသစ်သူကသွေးလည်ပတ်မှုကို အထောက်အကုပြုပါတယ် ။အအေးမိ နှာစေးတာကိုကာကွယ်နိင်ပြီး အသားရည်ကိုစိုပြေစေတယ် ။
အရက်သောက်ပြီး နောက် ရေမချိုးသင့်...
အရက်ပျံက အသည်း အလုပ်လှုပ်ရှားမှုကို ပာန့်တားနိင်တယ် ။ ဂလုးကို့စ် ထုတ်လုပ်ခြင်းကိုတားဆီးတယ်။ရေချိုးတဲ့အခါခန္ဓာကိုယ်ထဲမှသကြားဓာတ်ကိုအသုံးပြုရတာပိုများလာပါတယ်။ အရက်သောက်ပြီးနောက်ရေချိုးရင်သွေးချိုက အချိန်မှီမဖြည့်စည်းပေးနိင်တာမို့အလွယ်တကု ခေါင်းမုးခြင်း
အရေးကြီးသော ကျန်မာရေး လျှို့ဝှက်ချက်များ
အရေးကြီးသော ကျန်မာရေး လျှို့ဝှက်ချက်များ
(၁) ဖုန်းပြောရင် ဘယ်ဘက်နားက ပြောပါ။
(၂) အရမ်းအေးတဲ့ ရေတွေကို မသောက်ပါနှင့်။
(၃) လူကို ဝစေမည့် အရေများ သောက်ခြင်းကို ရှောင်ကြင်ပါ။
(၄) ညနေ ၅ နာရီကျော်လျှင် အစားအသောက်များကို လျော့စားပါ။
(၅) မနက်ခင်းမှာ ရေကို များများသောက်ပြီး ညနေမှာ လျော့သောက်ပါ။
(၆) ည ၁၀ နာရီနှင့် မနက် ၄ နာရီဟာ အိပ်စက်ရန်အတွက် အကောင်းဆုံး အချိန် ဖြစ်ပါတယ်။
(၇) မှန်ကန်သော ဆေးဝါးများကို မှီဝဲပါ။
(၈) ကင်ဆာရောဂါ မဖြစ်အောင် နေထိုင်စားသောက်ပါ။
(၉) နေ့စဉ် နေ့တိုင်း လေ့ကျင့်ခန်း လုပ်ဖြစ်ပါစေ။
(၁၀) စိတ်ချမ်းသာအောင် နေထိုင်ပါ။ 
(၁၁) အသီးအရွက် များများ စားဖြစ်ပါစေ။
ပြန်လည်မျှဝေမယ် ဆိုပါက နာမည်နှင့် စာမျက်နှာ လေးကိုပါ ထည့်ပေးပါလို့ တောင်းဆိုပါရစေ။
မြ၀တီ
ကမ္ဘာ့အမြန်ဆုံး လော်ရီကားကြီး
ကမ္ဘာ့အမြန်ဆုံး လော်ရီကားကြီး Shockwave
Wednesday, February 19, 2014
မြင်းကောင်ရေ (၃၆၀၀၀)အား အင်ဂျင်စွမ်းအင်ကို ပိုင်ဆိုင်ထားသည့် Shockwaveသည် ကမ္ဘာ့အမြန်ဆုံး လော်ရီကားအဖြစ် မှတ်တမ်းဝင်နေသည်
အဝေးပြေး လမ်းမများပေါ်တွင် လော်ရီကားကြီးများကို သေးငယ်သည့် မော်တော်ကားလေးများက ကျော်တက်သွားသည်မှာ မဆန်းလှချေ။ သို့သော်လည်း Shockwave အမည်ရှိ လော်ရီကားကြီးမှာမူ ယင်းကဲ့သို့ စိန်ခေါ်မှုမျိုးကို လက်ခံရန် အသင့်ရှိနေမည် ဖြစ်သည်။ မြင်းကောင်ရေ (၃၆၀၀၀)အား အင်ဂျင်စွမ်းအင်ကို ပိုင်ဆိုင်ထားသည့် Shockwaveသည် ကမ္ဘာ့အမြန်ဆုံး လော်ရီကားအဖြစ် မှတ်တမ်းဝင်နေသည်။ Shockwaveသည် တစ်နာရီလျှင် မိုင်(၄၀၀)နှုန်းထိ မြန်နှုန်းမြှင့်တင်၍ မောင်းနှင်နိုင်စွမ်း ရှိနေကြောင်း သိရသည်။ ယင်းမော်တော်ကားကြီးသည် လောင်စာ (၁၉၀)ဂါလံထိ သယ်ဆောင်နိုင်ပြီး စွမ်းဆောင်ရည်အလိုက် ဆီစားနှုန်းလည်း မြင့်တက်သွားမည် ဖြစ်သည်။
Shockwaveကို လက်စ်ရှော့ကလေဆိုသူက စတင်တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း(၃၀)အတွင်း အဆင့်ဆင့် မွမ်းမံမြှင့်တင်မှုများ ပြုလုပ်လာခဲ့သည်။ ဂျက်အင်ဂျင်(၃)လုံး တပ်ဆင်ထားသော လော်ရီကားကြီးသည် ယခုအခါ အသက်(၆၄)နှစ်ရှိ နီးလ်ဒါနဲလ်၏ လက်ဝယ်တွင် ရှိနေပြီ ဖြစ်သည်။ နီးလ်က "ဒီကားကြီးကို တက်မောင်းရတာဟာ အင်မတန် ဆန်းကျယ်တဲ့ အတွေ့အကြုံထူး တစ်ခုပါပဲ။ ကားကို အမြန်ဆုံး မောင်းနှင်နေချိန်မှာ ကိုယ့်ပတ်ဝန်းကျင်က မြင်ကွင်းတွေကို မယုံသလိုတောင် ဖြစ်နေလိမ့်မယ်"ဟု ပြောကြားခဲ့သည်။
Shockwaveသည် ဂျပန်နိုင်ငံလုပ် ကျည်ဆန်ရထား တစ်စင်းထက်ပင် မြန်နှုန်းမြင့်မားစွာ မောင်းနှင်နိုင်စွမ်း ရှိသည်။ လော်ရီကားပေါ်တွင် J34-84 ဂျက်အင်ဂျင် (၃)လုံး တပ်ဆင်ထားသည်။ ယင်းအင်ဂျင်များကို အမေရိကန် ရေတပ်တိုက်လေယာဉ် T-2 Buckeyeများထံမှ ဖြုတ်ယူထားခြင်း ဖြစ်သည်။ အင်ဂျင်တစ်လုံးချင်းစီ၏ မောင်းနှင်အားသည် မြင်းကောင်ရေ (၁၂၀၀၀)စီ ဖြစ်ကြသည်။ Shockwaveကို နီးလ်နှင့် သားဖြစ်သူတို့က ဝယ်ယူပြီးနောက် အဆင့်မြှင့် မွမ်းမံမှုများ ပြုလုပ်ကာ အမေရိကန်နှင့် ကနေဒါတလွှားတို့တွင် စမ်းသပ်မောင်းနှင်မှု၍ စံချိန်ယူခဲ့ခြင်းဟု သိရှိရသည်။
Planet Myanmar Networkမြင်းကောင်ရေ (၃၆၀၀၀)အား အင်ဂျင်စွမ်းအင်ကို ပိုင်ဆိုင်ထားသည့် Shockwaveသည် ကမ္ဘာ့အမြန်ဆုံး လော်ရီကားအဖြစ် မှတ်တမ်းဝင်နေသည်
အဝေးပြေး လမ်းမများပေါ်တွင် လော်ရီကားကြီး များကို သေးငယ် သည့် မော်တော်ကားလေး များက ကျော်တက်သွားသည်မှာ မဆန်းလှချေ။ သို့သော်လည်း Shockwave အမည်ရှိ လော်ရီကားကြီးမှာမူ ယင်းကဲ့သို့ စိန်ခေါ်မှုမျိုးကို လက်ခံရန် အသင့်ရှိနေမည် ဖြစ်သည်။ မြင်းကောင်ရေ (၃၆၀၀၀)အား အင်ဂျင်စွမ်းအင်ကို ပိုင်ဆိုင်ထားသည့် Shockwaveသည် ကမ္ဘာ့အမြန်ဆုံး လော်ရီကားအဖြစ် မှတ်တမ်းဝင်နေသည်။ Shockwaveသည် တစ်နာရီလျှင် မိုင်(၄၀၀)နှုန်းထိ မြန်နှုန်းမြှင့်တင်၍ မောင်းနှင်နိုင်စွမ်း ရှိနေကြောင်း သိရသည်။ ယင်းမော်တော်ကားကြီးသည် လောင်စာ (၁၉၀)ဂါလံထိ သယ်ဆောင်နိုင်ပြီး စွမ်းဆောင်ရည်အလိုက်
သစ်ရွက်၏အရောင်ကို ရွေးချယ်၍ မိမိ၏ပင်ကိုယ်စရိုက်အား တိုက်ဆိုင်စစ်ဆေးကြည့်ခြင်း
သစ်ရွက်၏အရောင်ကို ရွေးချယ်၍  မိမိ၏ပင်ကိုယ်စရိုက်အား တိုက်ဆိုင်စစ်ဆေးကြည့်ခြင်း
အရောင်များဟာ သင့်ရဲ့ပင်ကိုယ်စရိုက်ကို အတော်များများ ပြောပြနိုင်ပါတယ်။ အရောင်များဖြင့် စမ်းသပ်ခြင်းဟာ ဟိုးအရင်ကတည်းက တည်ရှိခဲ့တာဖြစ်ပြီး၊ အရောင်များဟာ လူတစ်ယောက်ရဲ့ပင်ကိုယ်စရိုက်သဘာဝကို တိကျစွာ ပြောပြနိုင်စွမ်း ရှိနေပါတယ်။ ဒါကြောင့် ပေးထားတဲ့ အရောင်စုံ သစ်ရွက်ပုံလေးတွေ ထဲက အရောင်တစ်ရောင်ကို အမြန်ရွေးချယ်ပြီး၊ သင့်ရဲ့လက်ရှိ ပင်ကိုယ်စရိုက်နဲ့ သင် ရွေးချယ်ထားတဲ့အရောင်က ပြောတဲ့ ပင်ကိုယ်စရိုက်တို့ တူညီမှုရှိ မရှိကို စစ်ဆေးကြည့်လိုက်ပါ။ စစ်ဆေးကြည့်ပြီးတဲ့ အခါ သင့်ရဲ့ထင်မြင်ချက်နဲ့ သင့်ရဲ့ရွေးချယ်မှုကိုလည်း comment ပေးခဲ့ပါဦးနော်။
လိမ္မော်ရောင် (Orange)
လိမ္မော်ရောင်ကို ရွေးချယ်တဲ့ သင်ဟာ ဖော်ရွေတယ်၊ အကောင်းမြင်တတ်တယ်၊ ဘွင်းဘွင်းပျော်ပျော်နေတတ်တယ်၊ မကြာခဏဆိုသလိုလည်း ဟိတ်ဟန်များတတ်တယ်။ သို့သော် သင်ဟာ သဘောမနောကောင်းတဲ့ နှစ်လိုဖွယ် လူတစ်ဦးဖြစ်တယ်။ ဘယ်ကိစ္စကိုမဆို သင်ဟာ စိတ်လိုက်မာန်ပါ လုပ်တတ်တယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲတတ်တယ်။ လိမ္မော်ရောင်ကို ရွေးချယ်သူဟာ အပူအပင်ကင်းကင်းနဲ့ ပေါ့ပေါ့ပါးပါးနေတတ်တယ်။ နောက်ပြီး သင်ဟာ လူမှုရေးစိတ်အပြည့်ရှိတယ်။ အပေါင်းအသင်းမင်တယ်။ ပွဲလမ်းသဘင်တွေ၊ ပါတီတွေကို နှစ်ခြိုက်လေ့ရှိတယ်။ အပေါင်းအသင်းတွေထဲမှာ သင်ဟာ စကားများသူတစ်ယောက်ဖြစ်တယ်။ ရည်းစားဦးဟာ သင့်အတွက် ကံကောင်းလေ့မရှိဘူး။
အနီရောင် (Red)
သင်ဟာ ရဲရင့်တယ်၊ ယုံကြည်မှုပြင်းထန်တယ်၊ အကောင်းမြင်တတ်တယ်။ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာအားကောင်းတယ်။ အချစ်ကို ကိုးကွယ်တတ်တယ်။ အချစ်နဲ့ ပတ်သက်ရင် ပြတ်သားတယ်။ မမျှော်လင့်ဘဲ သင်ဟာ အသည်းခွဲသမား အဖြစ် ထင်ခံရလေ့ရှိတယ်။ ခက်ခဲတဲ့အခြေအနေကနေ ရုန်းထွက်တတ်တယ်။ ကျော်ကြားမှုနဲ့ လူတွေရဲ့အာရုံစိုက်မှုကို လိုလားတယ်။ လူတွေအပေါ် သြဇာညောင်းတယ်။ တစ်ခါတစ်လေ စိတ်ကြီးဝင်တတ်တယ်။ သင်ဟာ လူအများကြားရောက်ရင် ထင်းကနဲ ပေါ်နေတတ်တယ်။ အနီရောင်ကို ရွေးချယ်သူဟာ လူအများ တက်ကြွလာအောင် လှုံ့ဆော်ပေးနိုင်တယ်။ သင့်မှာ လူတွေကို အားမာန်သစ်တွေပေါ်လာအောင် ပြုလုပ်ပေးနိုင်စွမ်းရှိတယ်။ သပ်သပ်ရပ်ရပ် ဝတ်စားတတ်တယ်။ မာနလည်း အလွန်ကြီးလေ့ရှိတယ်။
အစိမ်းရောင် (Green)
သင်ဟာ လက်တွေ့ဆန်သူဖြစ်တယ်။ ကျိုးကြောင်းဆင်ခြင်တတ်တယ်။ သဘာဝကို မြတ်နိုးတယ်။ အချစ်ကြီးသလို အချစ်အပေါ်လည်း သစ္စာကြီးတယ်။ သင်ဟာ ဘဝခရီးကို တည်တည်ငြိမ်ငြိမ်နဲ့ ဟန်ချက်ညီအောင် လျှောက်လှမ်းနိုင်တယ်။ သို့သော် သင်ဟာ စိုးရိမ်စိတ်သိပ်များတယ်။ ချီတုံချတုံဖြစ်တတ်တယ်။ အစိမ်းရောင်ကို ရွေးချယ်သူတွေဟာ ရက်ရောလေ့ရှိတယ်။ ကိုယ်ချင်းစာတရားကြီးမားတယ်။ သင်ဟာ သူတစ်ပါး အခက်အခဲတွေ့တိုင်း ကူညီပေးလေ့ရှိတယ်။ အစိမ်းရောင်ဟာ ပရဟိတစိတ် ထက်သန်တယ်။သူတစ်ပါးကို  ပြုစုပျိုးထောင်ပေးရာမှာ ကျွမ်းကျင်တယ်။ တစ်ခါတစ်လေ သူတစ်ပါးကို အချိန်ပေးရင်း ကိုယ့်အတွက်ကို မေ့နေတတ်တယ်။အစိမ်းရောင်ကို ရွေးချယ်သူတွေဟာ ကိုယ်ကိုယ်တိုင်ထက်စာရင် တစ်ပါးသူ အတွက်သာ ဦးစားပေးကာ ငဲ့ကွက်လေ့ရှိတယ်။
အနက်ရောင် (Black)
အနက်ရောင်ကို ရွေးချယ်တဲ့ သင်ဟာ သိက္ခာတရားကို တန်ဖိုးထားတယ်။ မိမိပတ်ဝန်းကျင်မှာ အင်အားကြီးဖို့ အမြဲကြိုးစားလေ့ရှိတယ်။ သင်ဟာ အမှီအခိုကင်းအောင် နေလေ့ရှိတယ်။ စိတ်ပိုင်းဖြတ်မှု အားကောင်းတယ်။ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း အပြည့်ရှိတယ်။ သို့သော် ရက်စက်တတ်တယ်။ တစ်ခါတစ်လေ သနားညှာတာမှုကို ခေါင်းထဲထည့်လေ့မရှိဘူး။ အချစ်နဲ့ ပတ်သက်ရင် ရှေးရိုးစွဲဆန်တယ်၊ ခေါင်းမာတတ်တယ်။ ကိုယ့်ချစ်သူကို ထိန်းချုပ်ဖို့ ကြိုးစားလေ့ရှိတယ်။ သင်ဟာ အရာရာအပေါ်မှာ လေးနက်လွန်းအားကြီးနေတယ်။ အဲဒီစိတ်တွေကို လျှော့သင့်တယ်။ သင်ဟာ သင့်သူငယ်ချင်း၊ မိတ်ဆွေတွေ အပေါ်မှာတောင် တစ်ခါတစ်လေ အာဏာရှင်ဆန်ဆန် ပြုမူတတ်တယ်။ အနက်ရောင်ကို ရွေးချယ်သူတွေဟာ စမတ်ကျကျ ဝတ်စားတတ်တယ်။
အညိုရောင် (Brown)
သင်ဟာ ရိုးသားတယ်။ ဘဝကို အေးအေးလူလူသာ ဖြတ်သန်းချင်တယ်။ သဘောမနော အင်မတန်ကောင်းတယ်။ ကိုယ်ကျင့်သိက္ခာမြဲမြံတယ်။ သို့သော် သင်ဟာ လူတွေကြားမှာ ထင်ရှားလေ့ မရှိဘူး။ လူတွေဟာ သင့်ကို တစ်ခါတစ်လေ မေ့လျော့နေတတ်တယ်။ ဒါကလည်း သင့်ရဲ့တစ်ယောက်တည်း နေတတ်တဲ့ အကျင့်ကြောင့်ပါ။ အညိုရောင်ကို ရွေးချယ်သူတွေဟာ ယုံကြည်စိတ်ချလို့ ရသူတွေဖြစ်တယ်။ ကိုယ်ထမ်းဆောင်ရမယ့် အလုပ်တာဝန်ကို အလွန်ကျေပွန်တယ်။ အလုပ်နဲ့ တာဝန်သာ ဘဝမှာ ပထမဖြစ်နေတတ်တယ်။ တစ်ခါတစ်လေ အတွေးနယ်လွန်လေ့ရှိတယ်။ အညိုရောင်သမားတွေဟာ ချစ်ခဲတယ်၊ သို့သော် အချစ်မြဲတယ်။ အချစ်ဦးက ဖူးစာရှင်ဖြစ်တတ်တယ်။
အဖြူရောင် (White)
အဖြူရောင်ဟာ လူအများစု နှစ်သက်တတ်တဲ့ အရောင်ဖြစ်တယ်။ အဖြူရောင်ကို ရွေးချယ်တဲ့ သင်ဟာ အလွန်အသန့်ကြိုက်တယ်။ ရိုးသားစွာ ပြောဆိုတတ်ပြီး၊ ကလေးဆန်တယ်။ ကိုယ့်ချစ်သူအပေါ်မှာ စိတ်ဆိုး၊ စိတ်ကောက်လေ့ရှိတယ်။ သဝန်တိုတတ်တယ်။ ဇီဇာလည်းကြောင်တယ်။ ချစ်သူနဲ့ အပေါင်းအသင်းတွေရဲ့အရူးလုပ်ခြင်းကို မကြာခဏ ခံရတတ်တယ်။ ကိုယ့်အပေါ် မကောင်းသူတွေကိုလည်း နားလည် ခွင့်လွှတ်လွယ်တယ်။ မုန်းတီးမှုတွေကို ရင်ထဲမှာ ကြာကြာမထားတတ်ဘူး။ သင်ဟာ သင့်အိမ်၊ ကားနဲ့ သင့်ပစ္စည်းတွေကို သန့်ရှင်းပြီး၊ ဆွဲဆောင်မှုရှိအောင် ပြင်ဆင်လေ့ရှိတယ်။ အဖြူရောင်သမားတွေဟာ အရာရာကို ပိပိရိရိနဲ့ သိုသိုသိပ်သိပ် လုပ်ဆောင်တတ်တယ်။ လူတိုင်းနဲ့ လိုက်လျောညီထွေ နေလေ့ရှိတယ်။ 
အဝါရောင် (Yellow)
သင်ဟာ ပျော်ပျော်နေတတ်တယ်။ အပေါင်းအသင်းတွေနဲ့ ဟေးလားဝါးလား လုပ်တတ်တယ်။ ခရီးသွားခြင်း၊ ဈေးဝယ်ခြင်း၊ ပွဲလမ်းသဘင် တက်ရောက်ခြင်းတွေကို ဝါသနာထုံတယ်။ အဝါရောင်ကို ရွေးချယ်သူတွေဟာ လူပျိုကြီး၊ အပျိုကြီးတွေ ဖြစ်လေ့ရှိတယ်။ အချစ်ရေးထက် မိသားစုရေး၊ ပညာရေးနဲ့ အလုပ်ကို ပိုအာရုံထားတတ်တယ်။ နောက်ပြီး သင်ဟာ ဖိုသီဖတ်သီ နေတတ်တယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှုကို အလေးမထားဘဲ ညစ်ညစ်ပတ်ပတ်နေတတ်တယ်။ သင့်မှာ စိတ်ကူးအသစ်အဆန်းတွေ ရှိတယ်။ အတွေးအခေါ် သစ်လွင်တယ်။ အတွေးနယ်ချဲ့လေ့ရှိတယ်။ သင်ဟာ ကိုယ့်ကိုယ်ကိုလည်း ဝေဖန်သုံးသပ်နိုင်စွမ်း မြင့်မားတယ်။ အရာရာကို နည်းစနစ်ကျကျ တွေးခေါ်တတ်တယ်။ ပရဟိတ လုပ်ငန်းတွေကို စိတ်ပါဝင်စားစွာ လုပ်ကိုင်လေ့ရှိတယ်။
အပြာရောင် (Blue)
အပြာရောင်ဟာ ယောက်ျားလေး အများစု ရွေးလေ့ရှိတဲ့ အရောင်ဖြစ်တယ်။ အပြာရောင်ကို ရွေးချယ်တဲ့ သင်ဟာ အစွဲအလန်းကြီးတယ်။ တည်ငြိမ် ရင့်ကျက်တဲ့ ဟန်နဲ့ ပြောဆိုတတ်တယ်။ တိုးတက်ရာ တိုးတက်ကြောင်းကို အမြဲ ရှာဖွေလေ့ရှိတယ်။ လောကဓံကို ကြံ့ကြံ့ခံနိုင်တယ်။ သူငယ်ချင်း၊ မိတ်ဆွေတွေကို အမြဲ ကူညီလေ့ရှိတယ်။ အပေါင်းအသင်းတွေအတွက် ပိုက်ဆံနဲ့ အချိန်ကို နှမြောလေ့ မရှိဘူး။ သို့သော် သင်ဟာ တစ်ခါတစ်လေ သီးသီးသန့်သန့်သာ နေလိုလေ့ရှိတယ်။ မမျှော်လင့်ဘဲ အချစ်ရေး ရှုပ်ထွေးနေတတ်တယ်။ သင်ဟာ လူအများရဲ့ယုံကြည် ကိုးစားမှုကိုလည်း ရထိုက်သူဖြစ်တယ်။ ဘယ်တော့မှ သင်ဟာ စိတ်လိုက်မာန်ပါ ပြောဆိုလေ့ မရှိဘူး။ တစ်ခုခုကို မပြောခင် မလုပ်ခင် အရင် စဉ်းစားလေ့ရှိတယ်။ သင်ဟာ ရိုးသားမှုကို အခြေခံပြီး၊ ကိုယ့်တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်တတ်တယ်။
Sarlar8 << Pho Shann >>
အရောင်များဟာ သင့်ရဲ့ပင်ကိုယ်စရိုက်ကို အတော်များများ ပြောပြနိုင်ပါတယ်။ အရောင်များဖြင့် စမ်းသပ်ခြင်းဟာ ဟိုးအရင်ကတည်းက တည်ရှိခဲ့တာဖြစ်ပြီး၊ အရောင်များဟာ လူတစ်ယောက်ရဲ့ပင်ကိုယ်စရိုက်သဘာဝကို တိကျစွာ ပြောပြနိုင်စွမ်း ရှိနေပါတယ်။ ဒါကြောင့် ပေးထားတဲ့ အရောင်စုံ သစ်ရွက်ပုံလေးတွေ ထဲက အရောင်တစ်ရောင်ကို အမြန်ရွေးချယ်ပြီး၊ သင့်ရဲ့လက်ရှိ ပင်ကိုယ်စရိုက်နဲ့ သင် ရွေးချယ်ထားတဲ့အရောင်က ပြောတဲ့ ပင်ကိုယ်စရိုက်တို့ တူညီမှုရှိ မရှိကို စစ်ဆေးကြည့်လိုက်ပါ။ စစ်ဆေးကြည့်ပြီးတဲ့ အခါ သင့်ရဲ့ထင်မြင်ချက်နဲ့ သင့်ရဲ့ရွေးချယ်မှုကိုလည်း comment ပေးခဲ့ပါဦးနော်။
လိမ္မော်ရောင် (Orange)
လိမ္မော်ရောင်ကို ရွေးချယ်တဲ့ သင်ဟာ ဖော်ရွေတယ်၊ အကောင်းမြင်တတ်တယ်၊ ဘွင်းဘွင်းပျော်ပျော်နေတတ်တယ်၊ မကြာခဏဆိုသလိုလည်း ဟိတ်ဟန်များတတ်တယ်။ သို့သော် သင်ဟာ သဘောမနောကောင်းတဲ့ နှစ်လိုဖွယ် လူတစ်ဦးဖြစ်တယ်။ ဘယ်ကိစ္စကိုမဆို သင်ဟာ စိတ်လိုက်မာန်ပါ လုပ်တတ်တယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲတတ်တယ်။ လိမ္မော်ရောင်ကို ရွေးချယ်သူဟာ
ဆီကြော်မုန့်များ စားသုံးပါက ဆီးကျိတ်ကင်ဆာ ပိုမို ဖြစ်ပွား နိုင်သည်ကို လေ့လာ တွေ့ရှိ
ဆီကြော်မုန့်များ စားသုံးပါက ဆီးကျိတ်ကင်ဆာ ပိုမို ဖြစ်ပွား နိုင်သည်ကို လေ့လာ တွေ့ရှိ
အာလူးချောင်း ကြော်များ၊ ကြက်ကြော်များနှင့် ဒိုးနတ်မုန့်များ အစရှိသည့် ဆီကြော်မုန့် များကို ပုံမှန် စားသုံး ပါက ဆီးကျိတ် ကင်ဆာ ပိုမို ဖြစ်ပွား နိုင်ကြောင်း လေ့လာ တွေ့ရှိချက် အသစ် တစ်ခုတွင် ဖော်ပြ ထားသည်။
အဆိုပါ လေ့လာ တွေ့ရှိချက် အသစ်ကို ဆီးကျိတ် ကင်ဆာ ဝေဒနာ ခံစားနေရသော အမျိုးသား ၁၅၄၉ ဦးနှင့် ကျန်းမာသည့်လူ ၁၄၉၄ ဦးကို လေ့လာ ဆန်းစစ်မှု ပြုခဲ့ရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဝါရှင်တန် ပြည်နယ် ဆီယက်တဲလ် မြို့ရှိ Fred Hutchinson ကင်ဆာ သုတေသန ဌာနက ထုတ်ဖော် ပြောကြား ခဲ့သည်။
သုတေသန ပြုရာတွင် ပါဝင်ခဲ့သူ များမှာ အသက် ၃၅ နှစ်မှ ၇၄ နှစ်အတွင်း ဒေသခံများ ဖြစ်ပြီး ကော့ကေး ဆပ်စ် နွယ်ဖွားများနှင့် အာဖရိက- အမေရိကန် နွယ်ဖွား ဆီယက်တဲလ် မြို့သူ မြို့သားများ ဖြစ်ကြောင်း သိရ သည်။ ၎င်းတို့၏ ပုံမှန် စားသောက်ပုံစံတွင် ဆီကြော် အစာများ မည်မျှ ပါဝင်သည်ကို သုတေသီ များက လေ့လာ ခဲ့ကြသည်။
ထိုကဲ့သို့ လေ့လာရာတွင် သီတင်းပတ် တစ်ပတ်အတွင်း အာလူးချောင်းကြော်များ၊ ကြက်ကြော်များ၊ ငါးကြော်များနှင့် ဒိုးနတ်မုန့် များကို စားသုံးသူ များသည် ဆီးကျိတ်ကင်ဆာ ဝေဒနာ ဖြစ်ပွားမှုနှုန်း ၃ဝ ရာခိုင်နှုန်းမှ ၃၇ ရာခိုင်နှုန်း ပိုများသည်ကို တွေ့ရသည်။ ပုံမှန် ဆီကြော်မုန့် များကို စားသုံးသူ များသည် ဆီးကျိတ်ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်မှု အန္တရာယ် ပိုမို ကြီးမားကြောင်း တွေ့ရသည်။
သုတေသီ များက ဆီကြော်မုန့်များ စားခြင်းနှင့် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှု အကြား ဆက်စပ်မှုကို ချင့်တွက် ရာတွင် အသက်၊ မိသားစု အတွင်း ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှု မျိုးရိုး ရှိ၊ မရှိ၊ အရပ်နှင့် ကိုယ်ခန္ဓာ အလေးချိန် ကိုက်ညီမှု ရှိ၊ မရှိ၊ လူမျိုး၊ PSA စမ်းသပ်မှု များကိုလည်း ထည့်သွင်း စဉ်းစား ခဲ့ကြသည်။
ဆီကြော် အစာများတွင် ကင်ဆာ ဖြစ်စေနိုင်သော ဒြပ်ပေါင်း ပါဝင်ကြောင်း သုတေသီ များက ထုတ်ဖော် ပြောကြား ထားသည်။ အစား အစာများကို ဆီဖြင့် ကြော်လှော်ရာတွင် အပူရှိန်ကြောင့် ဆီများဆက် ပြောင်းလဲ သွားပြီး ကြွပ်အောင် ကြော်ထားသည့် အစားအစာ များတွင် ကင်ဆာ ဖြစ်စေနိုင်သည့် ကာစီနိုဂျင် ဒြပ်ပေါင်းအဖြစ် ဖြစ်လာသည်ကို တွေ့ရသည်။ ကာစီနိုဂျင် များကို အာလူးချောင်း ကြော်များ ကဲ့သို့ ကာဗိုဟိုက်ဒြိတ် ပါသော အစားအစာ များတွင် တွေ့ရသော acrylamide အပူချိန် မြင့်၍ ချက်သော အစား အစာ များတွင် တွေ့ရသည့် ဓာတုပစ္စည်းများ ဖြစ်သည့် ဒြပ်ပေါင်းများ၊ ရေမွှေးများ ပါဝင်သည့် အော်ဂဲနစ် ပစ္စည်းမှာ ပေါင်းသတ် ဆေးများတွင် တွေ့ရသည့် ဓာတုဗေဒ တစ်မျိုး ဖြစ်သည့် acrylamide ဒြပ်များ ပါဝင်သည်။
ယင်း အဆိပ် ဖြစ်စေသော ဒြပ်ပေါင်းများသည် ဆီများ ထပ်ခါထပ်ခါ ပြန်သုံးခြင်းနှင့် အကြော်ခံဆီ တို့ကို ထပ်ခါထပ်ခါ ပြန်သုံးပါက ပို၍ အဆိပ်အတောက် ဖြစ်စေကြောင်း သုတေသီ များက ပြောကြား ခဲ့သည်။
မျိုးသူထက် အာလူးချောင်း ကြော်များ၊ ကြက်ကြော်များနှင့် ဒိုးနတ်မုန့်များ အစရှိသည့် ဆီကြော်မုန့် များကို ပုံမှန် စားသုံး ပါက ဆီးကျိတ် ကင်ဆာ ပိုမို ဖြစ် ပွား နိုင်ကြောင်း  လေ့လာ တွေ့ရှိချက် အသစ် တစ်ခုတွင် ဖော်ပြ ထားသည်။
အဆိုပါ လေ့လာ တွေ့ရှိချက် အသစ်ကို ဆီးကျိတ် ကင်ဆာ ဝေဒနာ ခံစားနေရသော အမျိုးသား ၁၅၄၉ ဦးနှင့် ကျန်းမာသည့်လူ ၁၄၉၄ ဦးကို လေ့လာ ဆန်းစစ်မှု ပြုခဲ့ရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဝါရှင်တန် ပြည်နယ် ဆီယက်တဲလ် မြို့ရှိ Fred Hutchinson ကင်ဆာ သုတေသန ဌာနက ထုတ်ဖော် ပြောကြား ခဲ့သည်။
သုတေသန ပြုရာတွင် ပါဝင်ခဲ့သူ များမှာ အသက် ၃၅ နှစ်မှ ၇၄ နှစ်အတွင်း ဒေသခံများ ဖြစ်ပြီး ကော့ကေး ဆပ်စ် နွယ်ဖွားများနှင့် အာဖရိက- အမေရိကန် နွယ်ဖွား ဆီယက်တဲလ် မြို့သူ မြို့သားများ ဖြစ်ကြောင်း သိရ
မိခင်နဲ့တူတဲ့ အမျိုးသမီးရှိတယ်လို့တော့မျက်စိမှိတ်ပြီး ငြင်းမနေပါနဲ့
မိခင်နဲ့တူဖို့
-အရာအားလုံး ခွင့်လွှတ်နိုင်ပါစေဦး
- သင့်အမှားတွေကို ပြုပြင်ပေးနိုင်ပါစေဦး
- သင် အရက်မူးလာတဲ့အခါ သင်အန်ချလိုက်တဲ့အ ရာတွေကို ဆေးကြောပေးနိုင်ပါစေဦး
- သင် အလုပ်အဆင်မပြေလို့ မာရေကြောရေပြောမိတဲ့အခါ အပြုံးမပျက် ခွင့်လွှတ်နိုင်ပါစေဦး
- သင်မနက်စာ စားဖို့အတွက်အဆင်သင့်အမြဲပြင်ဆင်ထားပါစေဦး
- သင်အိပ်မပျော်တဲ့ညတွေ ကို သီချင်းကလေးညည်းရင်းချော့သိပ်နိုင်ပါစေဦး
- သင်လိုတဲ့အခါသုံးဖို့ အိပ်ကပ်ထဲကအလွယ်တကူ ယူလို့ရပါစေဦး
- သင်သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ဖို့ အလွယ်တကူခွင့်ပြုပါစေဦး
- သင်ဘောလုံးပွဲကြည့်နေတဲ့အခါ ခြင်မကိုက်စေဖို့ ခြင်ဆေးလာထွန်းပေးစေပါဦး
- သင်နေမကောင်းတဲ့အခါ စွပ်ပြုတ်ပူပူနွေးနွေးတစ်ခွက်လုပ်ပေးပါစေဦး
- သင့်ကို အသက်ဘယ်လောက်ကြီးကြီး ရင်သွေးငယ်လေးလို ချစ်မ၀ ရှုမ၀နိုင်တဲ့အသည်းနှလုံးရှိပါစေဦး
အဲဒါတွေ အကုန်လုံးရှိရင်တောင်
မိခင် နဲ့တူတယ်လို့ ပြောဖို့ စောပါသေးတယ် ။
သက်တန့်ချို
ဒန့်သလွန်ရွက်ဟာ သွေးတိုးရောဂါအတွက် ကောင်းမွန် ပါတယ်
ဒန့်သလွန်ရွက်ဟာ သွေးတိုးရောဂါအတွက် ကောင်းမွန် ပါတယ်
Tuesday, February 18, 2014
ဒန့်သလွန်သီးကို လူတိုင်း စားသုံးကြပေမယ့် ဒန့်သလွန်ရွက် ကတော့ စားသုံးသူနည်းပါတယ်။ ဒါပေမယ့်လည်း ဒန့်သလွန်ရွက်မှာ ဆေးဘက်ဝင် အာနိသင်တွေ များစွာပါရှိလို့ မိဘပြည်သူတွေ အတွက် မျှဝေပေးလိုက် ရပါတယ်။
ဒန့်သလွန်ရွက်ဟာ ဟင်းချိုအဖြစ် ချက်ပြီး သောက်နိုင်ပါတယ်။ ဒါ့အပြင် သွေးတိုးရှိသူများဒန့်သလွန်ရွက်ကို အရည်ညစ်ပြီး သောက်ပါက သွေးတိုးရောဂါကို ယူပစ်သလို ပျောက်ကင်းနိုင်ပါတယ်။ ၎င်းဆေးနည်းဟာ ယခုမှ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ ရှေးယခင် ကတည်းက
ရှိပြီးသားဖြစ်တဲ့ သဘာဝ ဆေးကောင်း တစ်လက်ဖြစ်ပါတယ်။
ဒါကြောင့် သွေးတိုးရောဂါ ရှိသူများ ဒန့်သလွန်ရွက်ကို မှီဝဲပါလို့ တိုက်တွန်းလိုက် ပါရစေ။
ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ ဒန့်သလွန်သီးကို လူတိုင်း စားသုံးကြပေမယ့် ဒန့်သလွန်ရွက် ကတော့ စားသုံးသူနည်းပါတယ်။ ဒါပေမယ့်လည်း ဒန့်သလွန်ရွက်မှာ ဆေးဘက်ဝင် အာနိသင်တွေ များစွာပါရှိလို့ မိဘပြည်သူတွေ အတွက် မျှဝေပေးလိုက် ရပါတယ်။
ဒန့်သလွန်ရွက်ဟာ ဟင်းချိုအဖြစ် ချက်ပြီး သောက်နိုင်ပါတယ်။ ဒါ့အပြင် သွေးတိုးရှိသူများဒန့်သလွန်ရွက်ကို အရည်ညစ်ပြီး သောက်ပါက သွေးတိုးရောဂါကို ယူပစ်သလို ပျောက်ကင်းနိုင်ပါတယ်။ ၎င်းဆေးနည်းဟာ ယခုမှ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ ရှေးယခင် ကတည်းက
ရှိပြီးသားဖြစ်တဲ့ သဘာဝ ဆေးကောင်း တစ်လက်ဖြစ်ပါတယ်။
ဒါကြောင့် သွေးတိုးရောဂါ ရှိသူများ ဒန့်သလွန်ရွက်ကို မှီဝဲပါလို့ တိုက်တွန်းလိုက် ပါရစေ။
ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ
ခပ်စပ်စပ် ဟင်းတွေစားရင် နှလုံးရောဂါ ကာကွယ် နိုင်တယ်လို့ ဖော်ထုတ်
ခပ်စပ်စပ် ဟင်းတွေစားရင် နှလုံးရောဂါ ကာကွယ် နိုင်တယ်လို့ ဖော်ထုတ်
ခပ်စပ်စပ် ဟင်းတွေ စားရင် နှလုံးရောဂါ ကာကွယ် နိုင်တယ်လို့ ဖော်ထုတ် မကြာ သေးခင် ရက်ပိုင်း အတွင်းက ဟောင်ကောင် တက္ကသိုလ် ကနေ ဖော်ထုတ် လိုက်တဲ့
စစ်တမ်း တစ်ခုအရ ငရုတ်သီး စပ်စပ် ဟင်းလျာတွေ စားသုံးလေ့ ရှိသူတွေဟာ နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်စွမ်း မြင့်မား ကြကြောင်း သိရှိ လာရပါပြီ။
ငရုတ်သီးမှာ အဓိက အားဖြင့် ပါဝင်တဲ့ အပူဓာတ် တစ်မျိုးဟာ သွေးတိုးခြင်း အပြင် သွေးတွင်း ကိုလက်စရော များပြားခြင်းကိုပါ ချေဖျက်နိုင်တဲ့ အတွက် နှလုံးရောဂါ ဖြစ်ပွားမှုကိုပါ ထိထိ ရောက်ရောက် ကာကွယ် နိုင်ဖွယ် ရှိကြောင်း အဆိုပါ တက္ကသိုလ်က လေ့လာမှုကို ဦးဆောင် ခဲ့သူ ဒေါက်တာ ဇန်ယူချွမ်က ဆိုခဲ့ပါတယ်။
"ငရုတ်သီး ထဲမှာ အဓိက အားဖြင့် ပါဝင်တဲ့ capsaicinoids ဆိုတဲ့ဓာတ် ပေါင်းတစ်မျိုးဟာ ပူစပ်ခြင်းကို ဖြစ်ပေါ် စေကာ သွေးအတွင်း အဆီဓာတ်များ ပြားမှုကိုလဲ ထိန်းသိမ်း နိုင်စွမ်း ရှိပါတယ်။
ကျွန်တော်တို့ လေ့လာ ခဲ့ကြရာမှာ ဟမ်းစတား လေးတွေကို အုပ်စု(၂) စုခွဲ ခဲ့ပြီး capsaicinoids ဓာတ်ပါဝင်တဲ့ အစားအသောက်၊ မပါဝင် အစားအသောက် ဆိုပြီး ခွဲခြား ကျွေးခဲ့ ပါတယ်။
တွေ့ရှိခဲ့ရတဲ့ ရလဒ်ကတော့ အထက်မှာ ဖော်ပြ ခဲ့သလို သွေးအတွင်း အဆီဓာတ် ပါဝင်မှု နှုန်းတွေက သိသိသာသာကို ကွာခြား နေပါတယ်"လို့ ဒေါက်တာ ဇန်ယူချွမ်က ဆိုခဲ့ပါတယ်။
အောင်မျိုးသန့် ခပ်စပ်စပ် ဟင်းတွေ စားရင် နှလုံးရောဂါ ကာကွယ် နိုင်တယ်လို့ ဖော်ထုတ် မကြာ သေးခင် ရက်ပိုင်း အတွင်းက ဟောင်ကောင် တက္ကသိုလ် ကနေ ဖော်ထုတ် လိုက်တဲ့
စစ်တမ်း တစ်ခုအရ ငရုတ်သီး စပ်စပ် ဟင်းလျာတွေ စားသုံးလေ့ ရှိသူတွေဟာ နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်စွမ်း မြင့်မား ကြကြောင်း သိရှိ လာရပါပြီ။
ငရုတ်သီးမှာ အဓိက အားဖြင့် ပါဝင်တဲ့ အပူဓာတ် တစ်မျိုးဟာ သွေးတိုးခြင်း အပြင် သွေးတွင်း ကိုလက်စရော များပြားခြင်းကိုပါ ချေဖျက်နိုင်တဲ့ အတွက် နှလုံးရောဂါ ဖြစ်ပွားမှုကိုပါ ထိထိ ရောက်ရောက် ကာကွယ် နိုင်ဖွယ် ရှိကြောင်း အဆိုပါ တက္ကသိုလ်က လေ့လာမှုကို ဦးဆောင် ခဲ့သူ ဒေါက်တာ ဇန်ယူချွမ်က ဆိုခဲ့ပါတယ်။
"ငရုတ်သီး ထဲမှာ အဓိက အားဖြင့် ပါဝင်တဲ့ capsaicinoids ဆိုတဲ့ဓာတ် ပေါင်းတစ်မျိုးဟာ
ဆေးဖက်ဝင် မရမ်းသီး
ဆေးဖက်ဝင် မရမ်းသီး
မရမ်းသီးသည် သွေးဝမ်း သွားခြင်း၊ ၀မ်းကိုက်ခြင်း၊ သွေးကြောင့်ဖြစ်သော ရောဂါ၊ အဖျားဟောင်းနှင့် ကိုယ်တွင်းပူလောင်ခြင်း၊ အသားကြား အရိုးကြား တို့၌ နာကျင် ကိုက်ခဲခြင်းတို့ကို သက်သာ ပျောက်ကင်းစေသည်။
မရမ်းသီးကို သုပ်စားခြင်း၊ ချက်စားခြင်း၊ စသည်ဖြင့် ပြုလုပ် စားသုံးပါက ခံတွင်းပျက်ခြင်းနှင့် ခံတွင်း အရသာ မပေါ်ခြင်းတို့ကို သက်သာ ပျောက်ကင်း စေနိုင်သည်။
ဝမ်းကိုက်ခြင်း၊ မီးယပ်ဝမ် သွားခြင်းများ အတွက် မရမ်းသီး ဆားရည်စိမ် အရည် သောက်ပေးခြင်း၊ ဆားရည်စိမ် မရမ်းသီးကို သုပ်စားပေးခြင်းဖြင့် ၀မ်းကိုက် ပိုးများကို သေစေနိုင်သည်။
အသည်း အဆီဖုံးသော ရောဂါများကို ပျောက်ကင်း စေရန်နှင့် အဆီများသော သားငါးများတွင် မရမ်းသီး ထည့်၍ ချက်ပြုတ်ခြင်းဖြင့် ပိုလျှံနေသော အဆီ များကို ချေဖျက်နိုင်သည်။ အထူးသဖြင့် မရမ်းစေ့များကို ၀မ်းပိတ်ဆေး များတွင် အသုံးပြုနိုင်သည်။
Myawady News မရမ်းသီးသည် သွေးဝမ်း သွားခြင်း၊ ၀မ်းကိုက်ခြင်း၊ သွေးကြောင့်ဖြ စ်သော  ရောဂါ၊ အဖျားဟောင်းနှင့် ကိုယ်တွင်းပူလောင်ခြင်း၊ အသားကြား အရိုးကြား တို့၌ နာကျင် ကိုက်ခဲခြင်းတို့ကို သက်သာ ပျောက်ကင်းစေသည်။
မရမ်းသီးကို သုပ်စားခြင်း၊ ချက်စားခြင်း၊ စသည်ဖြင့် ပြုလုပ် စားသုံးပါက ခံတွင်းပျက်ခြင်းနှင့် ခံတွင်း အရသာ မပေါ်ခြင်းတို့ကို သက်သာ ပျောက်ကင်း စေနိုင်သည်။
ဝမ်းကိုက်ခြင်း၊ မီးယပ်ဝမ် သွားခြင်းများ အတွက် မရမ်းသီး ဆားရည်စိမ် အရည် သောက်ပေးခြင်း၊ ဆားရည်စိမ် မရမ်းသီးကို သုပ်စားပေးခြင်းဖြင့် ၀မ်းကိုက် ပိုးများကို သေစေနိုင်သည်။
အသည်း အဆီဖုံးသော ရောဂါများကို ပျောက်ကင်း စေရန်နှင့် အဆီများသော သားငါးများတွင် မရမ်းသီး ထည့်၍ ချက်ပြုတ်ခြင်းဖြင့် ပိုလျှံနေသော အဆီ များကို ချေဖျက်နိုင်သည်။ အထူးသဖြင့် မရမ်းစေ့များကို ၀မ်းပိတ်ဆေး များတွင် အသုံးပြုနိုင်သည်။
Myawady News
သိပြီးသား
သိပြီးသား
Tuesday, February 18, 2014
အမျိုးသမီးတစ်ယောက် အိမ်မွေးတိရစ္ဆာန် အရောင်းဆိုင်တစ်ဆိုင်ရှေ့မှ ဖြတ်လျှောက်စဉ် ဆိုင်ရှေ့ရှိ ကြက်တူရွေးတစ်ကောင်က
"ဟ… တော်တော်ရုပ်ဆိုးတဲ့ မိန်းမပါလား" ဟု လှမ်းအော်သည်။
အမျိုးသမီးက စိတ်တိုသွားပြီး ဆိုင်ရှေ့မှ ခပ်သွက်သွက် လျှောက်သွားသည်။
 အိမ်အပြန်တွင် ထိုဆိုင်ရှေ့မှ ဖြတ်လျှောက်ရပြန်ရာ ကြက်တူရွေးက ထပ်မံ၍
"အလိုဗျာ… တော်တော်အရုပ်ဆိုးတဲ့ မိန်းမပဲ" ဟု အော်ပြန်သည်။
နောက်တစ်နေ့တွင်လည်း ဆိုင်ရှေ့မှအဖြတ် ကြက်တူရွေးက ထပ်အော်ရာ အမျိုးသမီးက စတိုးဆိုင်ပိုင်ရှင်အား ၎င်း၏ကြက်တူရွေး ရိုင်းစိုင်းပုံကို ပြောပြ၍ နောင်တစ်ကြိမ် ထပ်မံပြောဆိုပါက ဆိုင်ရှင်ကို တရားစွဲ၍ ကြက်တူရွေးကိုလည်း သတ်ပစ်မည်ဟုပြောရာ ဆိုင်ရှင်က နောက်မဖြစ်စေရပါဟု တောင်းပန်သည်။
နောက်တစ်နေ့ နံနက်တွင် ထိုဆိုင်ရှေ့မှ ဖြတ်သောအခါ -
ကြက်တူရွေး - ဟေး…. ဟိုအစ်မကြီး။
အမျိုးသမီး - ဘာလဲ။
ကြက်တူရွေး - ဟဲ… ဟဲ… ကျုပ် ဘာပြောမယ်ဆိုတာ ခင်ဗျား သိပြီးသားပါ။
ဟာသလေးများအမျိုးသမီးတစ်ယောက် အိမ်မွေးတိရစ္ဆာန် အရောင်းဆိုင်တစ်ဆိုင်ရှေ့မှ ဖြတ်လျှောက်စဉ် ဆိုင်ရှေ့ရှိ ကြက်တူရွေးတစ်ကောင်က
"ဟ… တော်တော်ရုပ်ဆိုးတဲ့ မိန်းမပါလား" ဟု လှမ်းအော်သည်။
အမျိုးသမီးက စိတ်တိုသွားပြီး ဆိုင်ရှေ့မှ ခပ်သွက်သွက် လျှောက်သွားသည်။
အိမ်အပြန်တွင် ထိုဆိုင်ရှေ့မှ ဖြတ်လျှောက်ရပြန်ရာ ကြက်တူရွေးက ထပ်မံ၍
"အလိုဗျာ… တော်တော်အရုပ်ဆိုးတဲ့ မိန်းမပဲ" ဟု အော်ပြန်သည်။
နောက်တစ်နေ့တွင်လည်း ဆိုင်ရှေ့မှအဖြတ် ကြက်တူရွေးက ထပ်အော်ရာ အမျိုးသမီးက စတိုးဆိုင်ပိုင်ရှင်အား ၎င်း၏ကြက်တူရွေး ရိုင်းစိုင်းပုံကို ပြောပြ၍ နောင်တစ်ကြိမ် ထပ်မံပြောဆိုပါက ဆိုင်ရှင်ကို တရားစွဲ၍ ကြက်တူရွေးကိုလည်း သတ်ပစ်မည်ဟုပြောရာ ဆိုင်ရှင်က နောက်မဖြစ်စေရပါဟု တောင်းပန်သည်။
နောက်တစ်နေ့ နံနက်တွင် ထိုဆိုင်ရှေ့မှ ဖြတ်သောအခါ -
ကြက်တူရွေး - ဟေး…. ဟိုအစ်မကြီး။
အမျိုးသမီး - ဘာလဲ။
ကြက်တူရွေး - ဟဲ… ဟဲ… ကျုပ် ဘာပြောမယ်ဆိုတာ ခင်ဗျား သိပြီးသားပါ။
Myanmar Online News
ဟာသလေးများ
သရဏဂုံသုံးပါးကို အမြဲမပျက်ရွတ်ဆိုပွားများသော ပုဂ္ဂိုလ်ရရှိမည့် အကျိုးကျေးဇူးများ
သရဏဂုံသုံးပါးကို အမြဲမပျက်ရွတ်ဆိုပွားများသော ပုဂ္ဂိုလ်ရရှိမည့် အကျိုးကျေးဇူးများ
၁။ ဒိသာသု ပူဇိတော ဟောမိ = သွားလေရာ အရပ်တိုင်း၌ လေးစားမြတ်နိုးခြင်းခံရမည်။
၂။ တိက္ခပညော ဘဝါမဟံ= ဉာဏ်အလွန်ထက်မြက်မည်။
၃။ သဗ္ဗေ ဒေဝါနုဝတ္တန္တိ= နတ်တို့၏ စောင့်ရှောက်ခြင်းခံရမည်။
၎။ အမိတဘောဂံ လဘာမဟံ= စီးပွားရေး အဆင်ပြေမည်။
၅။ သုဝဏ္ဏဝဏ္ဏော သဗ္ဗတ္ထ= ဖြစ်လေရာဘဝတိုင်း၌ ရုပ်အဆင်းအလွန်လှပမည်။
၆။ ပဋိကန္တော ဘဝါမဟံ= ဖြစ်လေရာ ဘဝတိုင်း၌ လူချစ်လူခင် အလွန်ပေါမည်။
၇။ မိတ္တာနံ အစလော ဟောမိ= ဖြစ်လေရာ ဘဝတိုင်း၌ မိတ်ကောင်းဆွေကောင်း ခိုင်မြဲမည်။
၈။ ယသော အဗ္ဘုဂ္ဂတော မမံ= ဖြစ်လေရာ ဘဝတိုင်း၌ လူအများ၏ လေးစားခြင်းခံရမည်။ကောင်းသောစကားများကိုသာ ပြောကြမည်။ ကောင်းသတင်းများသာ ကျောဇောမည်။ ၁။ ဒိသာသု ပူဇိတော ဟောမိ = သွားလေရာ အရပ်တိုင်း၌ လေး စားမြတ်နိုးခြင်းခံရမည်။
၂။ တိက္ခပညော ဘဝါမဟံ= ဉာဏ်အလွန်ထက်မြက်မည်။
၃။ သဗ္ဗေ ဒေဝါနုဝတ္တန္တိ= နတ်တို့၏ စောင့်ရှောက်ခြင်းခံရမည်။
၎။ အမိတဘောဂံ လဘာမဟံ= စီးပွားရေး အဆင်ပြေမည်။
၅။ သုဝဏ္ဏဝဏ္ဏော သဗ္ဗတ္ထ= ဖြစ်လေရာဘဝတိုင်း၌ ရုပ်အဆင်းအလွန်လှပမည်။
၆။ ပဋိကန္တော ဘဝါမဟံ= ဖြစ်လေရာ ဘဝတိုင်း၌ လူချစ်လူခင် အလွန်ပေါမည်။
၇။ မိတ္တာနံ အစလော ဟောမိ= ဖြစ်လေရာ ဘဝတိုင်း၌ မိတ်ကောင်းဆွေကောင်း ခိုင်မြဲမည်။
၈။ ယသော အဗ္ဘုဂ္ဂတော မမံ= ဖြစ်လေရာ ဘဝတိုင်း၌ လူအများ၏ လေးစားခြင်းခံရမည်။ကောင်းသောစကားများကိုသာ ပြောကြမည်။
 ကောင်းသတင်းများသာ ကျောဇောမည်။