“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, October 29, 2012

** စီးပွားတက် ၊ ရောဂါကင်း ၊ ချမ်းသာခြင်းနှင့်ပြည့်စုံစေရန် ဘုရားထုကိုးကွယ်ရန်** နှင့်** ခုနှစ်နေ့ သား၊သမီးများ ၀တ်ဆင်ရန် **

  • တနင်္ဂနွေသား
  • မအူသား ဘုရားထု၍ ရတနာစိုးဟူသော ဘွဲ့အမည်ဖြင့် ပူဇော်ကိုးကွယ်ပါ
        တနလာၤသား
       * ကံ့ ကော်သား ဘုရားထု၍ ထီးလှိုင်ရွှေဂူ ဘွဲ့အမည်ဖြင့် ပူဇော်ကိုးကွယ်ပါ။ ။
  • အဂါၤသား
  • ဂူဆံသား ၊ ပြည့်စင်သား၊ ဆီးသား ၊ ဘုရားထု၍ လောက သဗ`ဗညု ဘွဲ့အမည်ဖြင့် ပူဇော်ကိုးကွယ်ပါ။ ။
  • ဗုဒ္ဒဟူးသား
  • စောင်းလျှားသား ၊ ထင်းရူးသား ၊ ဘုရားထု၍ တဏှပင်္ကရာမေဓင်္ကရာ ဘွဲ့အမည်ဖြင့်
  • ပူဇော်ကိုးကွယ်ပါ။ ။
  • ကြာသပတေးသား
  • ပျဉ်းမသား ၊ ဘုရားထု၍ ပဒုမ္မာ ဘွဲ့အမည်ဖြင့် ပူဇော်ကိုးကွယ်ပါ။ ။
  • သောကြာသား
  •  ဖက်သန်းသား ၊ သျှိသျှားသား ၊ ဘုရားထု၍ အတ္တဒသီာ ဘွဲ့အမည်ဖြင့် ပူဇော်ကိုးကွယ်ပါ။ ။
  • စနေသား
  • ထနောင်းသား ၊ ဘုရားထု၍ လောကရတနာ ဘွဲ့အမည်ဖြင့် ပူဇော်ကိုးကွယ်ပါ။ ။


***** ခုနှစ်နေ့ သား၊သမီးများ ၀တ်ဆင်ရန် *****

  • တနင်္ဂနွေ ----------- ကျောက်နီ
  • တနလာၤသား----------ပုလဲ
  • အဂါၤသား-------------သႏၱာ
  •  ဗုဒ္ဒဟူးသား------------ မြရတနာ
  • ကြာသပတေး------------- ဥသာဖယား
  • သောကြာ--------------  စိန်
  • စနေ --------------- နီလာ
  • ရာဟု ------------ ဂေါမုတ်
  •  
  • http://www.mmitpalace.com/profiles/blog/show?id=6456788%3ABlogPost%3A328405&xgs=1&xg_source=msg_share_post

ဒေါသကင်းရေး (၁၀) ချက်ဆေး


ဒေါသကို ထိန်းချုပ်ဖို့ ဆိုတာ တကယ်တော့ မလွယ်ကူပါဘူး။ ဒါပေမယ့် ဒေါသ ထိန်းချုပ်ဖို့ အကျိုးရှိမဲ့ အကြံပြုချက်တွေတော့ ရှိပါတယ်။ တစ်ယောက် ယောက်က သင့်ကို ကားလမ်းကြောင်း ပိတ်လိုက်တဲ့အခါ သင့်ကိုယ်သင် ဒေါသထွက်တာ ခံစားဖူး ပါသလား။ သင့်သားသမီးက သင်ခိုင်းတဲ့ အတိုင်း လုပ်မပေးခဲ့ရင် တွေးတွေးပြီး ဒေါသ ပေါက်ကွဲ ဖူးပါသလား။
ဒေါသဆိုတာ ပုံမှန် ဖြစ်တတ်တဲ့ စိတ်လှုပ်ရှားမှု တစ်ခုပါပဲ။ ဒါပေမယ့် အကောင်းမြင်ပြီး တိုးတက်မှု ဖြစ်စေတဲ့ နည်းလမ်းကို ဘယ်လို သိနိုင်ပါ့မလဲ။ ထိန်းချုပ်မှု မရှိတဲ့ ဒေါသဟာ ဆိုးရွားတဲ့ စိတ်ခံစားမှုကို ဖြစ်စေနိုင်ပါတယ်။
ကိုယ်ရဲ့ မိသားစု၊ သူငယ်ချင်းတွေ၊ လုပ်ဖော် ကိုင်ဖက်တွေ၊ ဒါမှမဟုတ် တခြား သူစိမ်းတွေနဲ့ ဒေါသ ဖြစ်စရာ တစ်ခုခု ဖြစ်လာရင် ဒေါသ ကင်းဝေးရေး အတွက် လုပ်ရမယ့် ပင်ကိုယ် စွမ်းရည်ကို အသုံးချဖို့ အချိန် ရောက်ပြီဆိုတာ သိဖို့ လိုပါတယ်။ ဒေါသ ကင်းရေး ၁၀ ချက်ဆေးဟာ သင့်ရဲ့ ဒေါသတွေကို ထိန်းချုပ်ဖို့ ကူညီနိုင်မယ့် နည်းလမ်း အဖြစ် အသုံးပြုဖို့ မျှော်လင့်ပါတယ်။
(၁) ခတ္တခဏ အချိန်ယူ တတ်အောင် လုပ်ပါ။ သင့်ရဲ့ ဒေါသကို ထိန်းချုပ်ဖို့ တစ်ဖက်သားကို ခွန်းတုံ့ မပြန်ခင် ၁ ကနေ ၁၀ အထိ လက်ချိုးရေ တွက်လိုက်ပါ။
(၂) ကာလလေး တစ်ခု လုပ်တတ် အောင်လုပ်ပါ။ ခံပြင်းစရာတွေကို သက်သာခွင့် ရတဲ့အထိ ဒေါသကို တအောင့်လောက် ထိန်းလိုက်ပါ။
(၃) စိတ်တည်ငြိမ်အောင် လုပ်ပြီး သင့်ရဲ့ ဒေါသကို ရင်ဖွင့် ပြောပြတတ်အောင် လုပ်ပါ။ ထိပ်တိုက် ရင်ဆိုင်တဲ့ နည်းကို မသုံးဘဲ သင့်ရဲ့ ခံပြင်းမှု၊ မချင့်မရဲ ဖြစ်မှုကို ထုတ်ဖော် ပြောပြဖို့ အချိန်ရောက်ပြီဆိုတာ ဆုံးဖြတ်လိုက်ပါ။ စိတ်လှုပ်ရှားမှုဟာ အခြေ အနေကို ပိုလို့ ဆိုးရွား စေနိုင်ပါတယ်။
(၄) လေ့ကျင့်ခန်း တစ်ခုခု လုပ်လိုက်ပါ။ ကာလ လှုပ်ရှားမှု လုပ်တာဟာ သင့်ရဲ့ စိတ်လှုပ်ရှားမှု တွေအတွက် ထွက်ပေါက်တစ်ခု ဖြစ်လာမှာ သေချာ ပါတယ်။ အထူး သဖြင့် ဒေါသ ပေါက်ကွဲလုဆဲဆဲ အချိန်မှာ လုပ်ပေးနိုင်ရင် ပိုကောင်း ပါတယ်။ အပြင်ထွက်ပြီး ခပ်သွက်သွက် လမ်းလျှောက်၊ ဒါမှမဟုတ် ပြေးလိုက်၊ ဒါမှမဟုတ် ရေကူးလိုက်၊ ဒါမှ မဟုတ် အလေးမလိုက်ပါ။
(၅) တစ်ခုခုမပြောခင် အသေအချာ စဉ်းစားပါ။ မစဉ်းစားမိဘဲ ပြောမိမယ်ဆိုရင် ဝမ်းနည်း စိတ်ထိခိုက်လာပြီး ရန်များဖို့ ဖြစ်လာပါလိမ့်မယ်။ ဒီအချိန်မှာတော့ သင်ပြောချင်တာကို လက်ရေးနဲ့ ချရေးလိုက်ပါ။ ဒီလို လုပ်လိုက်တာနဲ့ ပြဿနာ တွေကို ပြီးအောင် လုပ်နိုင်ပြီး ဒေါသ ထွက်တဲ့အခါ လမ်းကြောင်း ပြောင်းတဲ့ လွယ်ကူတဲ့ နည်းလမ်းတစ်ခု ဖြစ်မှာပါ။
(၆) ပြဿနာ တွေကို ခွဲခြမ်း စိတ်ဖြာလိုက်ပါ။ သင့်စိတ်ကို ကယောက် ကယက် လုပ်တဲ့အပေါ် အာရုံစိုက်မဲ့အစား၊ အဓိက ပြဿနာကို ဖြေရှင်း ဆုံးဖြတ်ဖို့ ဒေါသ ထွက်အောင် လုပ်တဲ့သူနဲ့ အဆင်ပြေအောင် လုပ်ကြည့်လိုက်ပါ။
(၇) ပြဿနာကို ထုတ်ဖော်တဲ့ အခါမှာ ‘ကျွန်တော်၊ ကျွန်မ’ ဆိုပြီး သုံးနှုန်း ပြောဆိုပါ။ ဒီလို သုံးနှုန်း ပြောဆို လိုက်တာနဲ့ ဝေဖန်တာတို့၊ အပြစ်တင်တာ တို့ကို ရှောင်ကြဉ်နိုင်မှာပါ။ သူတစ်ပါးကို ဒေါသ ဖြစ်အောင်လုပ်တာ၊ ဒါမှ မဟုတ် မကျေမချမ်း အောင် လုပ်တာတွေကို ရှောင်ရှား နိုင်မှာပါ။
စိုးရိမ် ပူပန်မှု၊ အားပြိုင်မှုတွေ မရှိလာ နိုင်တော့ပါဘူး။ ဥပမာ- ‘ကျွန်တော့် အိမ် အလုပ်တွေကို ခင်ဗျား တကယ် ကူညီ သင့်တယ်ဗျာ ’ လို့ ပြောမယ့်အစား ‘ကျွန်တော် စိတ်မချမ်းသာဘူးဗျာ .. ဒီညနေကျတော့ အိမ် အလုပ်တွေကို ခင်ဗျား ကူညီပေးနိုင်မှာ မဟုတ်ပါဘူး’ လို့ ပြောလိုက်တာမျိုးပေါ့။
(၈) သဝန်တို၊ မနာလိုတာတွေ မလုပ်ဖို့ပါ။ တကယ်လို့ သူတစ်ပါးကို ခွင့်လွှတ်နိုင်ရင် နှစ်ဦးစလုံး အတွက် အဆင်ပြေမှာပါ။ သင်လိုချင်တဲ့ အတိုင်း လူတိုင်းကို အဆင်ပြေအောင် ဆက်ဆံဖို့ မျှော်လင့်ထားတာ သဘာဝ မကျပါဘူး။
(၉) စိတ်ဖိစီးမှုကို ရယ်စရာ ဟာသလုပ်ပြီး ချေဖျက် ပစ်လိုက်ပါ။ ရယ်စရာ လုပ်ပြစ်လိုက်ခြင်းဟာ စိတ်ပင်ပန်း ညစ်နွမ်းမှုကို ပျံ့နှံ့အောင် လုပ်လိုက်သလို ပါပဲ။ စောင်းချိတ်တဲ့ စကားထေ့လုံး ငေါ့လုံးတွေ မပြောမိဖို့ အရေး ကြီးပါတယ်။ ဒီလို ပြောလိုက်မိတဲ့ အတွက် ခံစားချက်တွေကို နာကျင်စေနိုင်ပါတယ်။ ပြီးတော့ အရာ ခပ်သိမ်းကို ပိုဆိုး ရွားစေနိုင်ပါတယ်။
(၁၀) အပန်းဖြေ အနားယူတဲ့ အလုပ်ကို လေ့ကျင့်ပါ။ အနားယူဖို့ စိတ်ဖိစီးမှု လျှော့ချခြင်းဟာ သင့်ဒေါသကို ထိန်းချုပ် ပေးနိုင်ပါလိမ့်မယ်။ အသက်ရှု လေ့ကျင့်ခန်းကို များများ လေ့ကျင့်ပါ။ အနားယူတဲ့ မြင်ကွင်းကို တွေးကြည့်ကြည့်ပါ။ ညင်သာတဲ့ စကားလုံးတွေကို ထပ်တလဲလဲ တွေးကြည့်ပါ။
ဥပမာ - သက်သက် သာသာနေပါ။ ဒေါသကို လျှော့ဖို့ တခြား ခိုင်မာတဲ့ နည်းလမ်း တွေကတော့ သီချင်း နားထောင်ပါ။ စာများများ ရေးပါ။ ယောဂ ကျင့်ပါ။ လူတိုင်း နီးပါးတော့ ဒေါသ ဖြစ်ဖူး ကြမှာပါ။ ဒေါသ ထွက်လာရင် ဘာလုပ်ရမလဲပေါ့။
ဒေါသကို ပေါက်ကွဲ ထွက်လိုက်ရင်ပဲ ကျွန်မလည်း စိတ်ချမ်းသာ သလိုလို၊ ဒေါသကို မြိုသိပ်လိုက်တာက ကောင်းသလိုလို၊ ပင်လယ် ကမ်းခြေသွားပြီး အော်ဟစ် ခိုင်းလိုက်ရင်ပဲ ဒေါသ ပြေသွား သလိုလို၊ တောင်ထိပ်ပေါ်တက်ပြီး အော်ရင်ပဲ ရင်ထဲမှာ ပေါ့သွားသလိုလို အဲလို သလိုလို တွေကြားထဲမှာ ဒီနည်းလမ်းလေးကို သုံးကြည့်ရင် ကောင်းမယ် ထင်တာနော်။ ဒီစာလေးကို ဖတ်ပြီး ဒေါသထွက်တဲ့သူတွေ အနည်းဆုံးတော့ ပြုံးမိသွားမယ်လို့ ထင်ပါတယ်။
Ref: Hello
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A498726&xgs=1&xg_source=msg_share_post

နှလုံးရောဂါကို နာနိုပါတီကယ်များ ထည့်သွင်းခြင်းဖြင့် ကုသနိုင်


ဟားဗတ်ဆေးကျောင်းနှင့် ဆေးပညာဌာနမှ သုတေသနပညာရှင်များသည် နှလုံးရောဂါကို ကုသရာတွင် သွေးလွှတ်ကြော နံရံများကို သွားရောက်ကုပ်တွယ်နိုင်သည့် ပစ်မှတ်အတိအကျသို့ ရောက်နိုင်သော နာနိုပါတီကယ်များကို တည်ဆောက်နိုင် ခဲ့ကြောင်း ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ကြေညာခဲ့သည်။ ယင်းက လက်ရှိအသုံးပြုနေသော နှလုံးရောဂါ ဆေးဝါးများကို အစားထိုးလာနိုင်တော့မည်ဖြစ်သည်ဟု ဆိုသည်။
Nanoburrs ဟု အမည်ပေးထားသော အဆိုပါ ပါတီကယ်များ၌ အလွန်သေးငယ်သော ပရိုတင်းအပိုင်းအစများက အပေါ်ယံလွှာအဖြစ် လွှမ်းခြုံထားရာ ၎င်းတို့ ပစ်မှတ်ထားရာ ပရိုတင်းဆီသို့ သွားရောက်တွယ်ကပ်နိုင်သည်ဟု ဆိုသည်။ ထို့ကြောင့် ယင်းနှင့် အတူပါသွာေးသာ ဆေးကို အလိုရှိရာနေရာအတိအကျ၌ ရက်ပေါင်းများစွာ ထုတ်ပေးနေနိုင်သည်ဟု ဆိုသည်။ ယင်းတို့သည် ပျက်စီးသွားသော သွေးကြောဆိုင်ရာ တစ်သျှူးများပေါ်သို့ အတိအကျရောက်နိုင်သော ကမ္ဘာ့ပထမဆုံး ပါတီကယ်များဖြစ်သည် ဟုဆိုသည်။
အဆိုပါ နာနိုပါတီကယ်များသည် သွေးလွှတ်ကြောနံရံများကို ဝန်းရံထားသောအလွှာများအနက် ပျက်စီးနေသော အလွှာများဆီသို့သာ အတိအကျသွားရောက် တွယ်ကပ်ခြင်းဖြစ်သည်။ ထို့ကြောင့် အဆိုပါ ပါတီကယ်များကို နှလုံးသွေးကြောဆိုင်ရာ အခြားသောရောင်ရမ်းနာရောဂါများအထိ ပစ်မှတ်အတိအကျသို့ ဆေးဝါးကို ပို့ဆောင်ရန် အသုံးပြုနိုင်သည်ဟု ဆိုသည်။
Ref: Good Health
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A498482&xgs=1&xg_source=msg_share_post

မျက်ကပ်မှန်ထိန်းသိမ်းနည်း ခြောက်နည်း


၁။ အိပ်ရာဝင်ရင် မျက်ကပ်မှန်ကိုချွတ်ထားပါ။
“မျက်ကပ်မှန်ကို အကြာကြီးတပ်ထားရင် ဒါမှမဟုတ် အိပ်တဲ့အချိန်တပ်ထားရင် မျက်လုံးရဲ့ မျက်ကြည်လွှာမှာ အောက်ဆီဂျင်နဲ့ ရေငွေ့ပမာဏကို လျော့ကျစေတဲ့အတွက် မျက်လုံးမှာ ကူးစက်ရောဂါများဝင်ရောက်လာခြင်း၊ မျက်လုံးရောင်လာခြင်းနဲ့ ပုံမမှန်တဲ့ သွေးကြောကြီးထွားလာမှုများ ဖြစ်စေနိုင်တယ်” လို့ Dr.Roque က ရှင်းလင်းပြောဆိုခဲ့ပါတယ်။
၂။ မျက်ကပ်မှန်ကို ပုံမှန်သန့်ရှင်းရေး ပြုလုပ်ပြီး ပိုးသန့်စင်ပေးပါ။
မျက်ကပ်မှန်ကို ချွတ်လိုက်ပြီး နောက်တစ်ကြိမ်ပြန်မသုံးခင်တိုင်းမှာ သေချာသန့်စင် ဆေးကြောပြီး ပိုးသတ်ပေးပါလို့ Philippines ရဲ့ Mahati မြို့ The Asian Eye Institute မှ မျက်စိအထူးကုပါရဂူ Dr. Maria Imelda Yap Veloso ကပြောခဲ့ပါတယ်။
၃။ မျက်ကပ်မှန်ထည့်သိမ်းထားတဲ့ဘူး (containers)တွေကို သန့်ရှင်းအောင်ထားပါ။
Container တွေကိုမျက်ကပ်မှန်ဖယ်ပြီးတိုင်း ဆေးကြောသန့်ရှင်းပါ။ ပြီးရင် အခြောက်ခံထားလိုက်ပါလို့ Yap Veloso ကပြောခဲ့ပါတယ်။ နောက်ပြီး စင်ကာပူက Clearvision Eye Clinic မှ Eye Surgeon & Director ဖြစ်တဲ့ Dr. Tony Ho က အကြံပေးထားတာတော့ “သင့်ရဲ့ Storage Container တွေကို ခြောက်လကြာတိုင်းမှာ လဲလှယ်ပေးပါ” လို့ဆိုပါတယ်။
၎။ အကောင်းဆုံးသန့်စင်တဲ့ အရည်တွေကိုသုံးပါ။
Dr. Ho က မျက်ကပ်မှန်တွေ အားလုံးအတွက် ပိုမွှားသန့်စင်တဲ့ Saline ကို အသုံးပြုပါလို့ အကြံပေးထားပါတယ်။ “ဒါမှမဟုတ် မျက်ကပ်မှန်တွေ ဆေးကြောသန့်စင်ဖို့၊ သိမ်းထားဖို့အတွက် တခြားပိုးသတ်နိုင်တဲ့ Multipurpose Solutionတွေကိုလည်း သုံးနိုင်ပါတယ်” လို့ ဆိုပါတယ်။
၅။ သင်ရဲ့မျက်ကပ်မှန်ကို စိုစွတ်နေစေဖို့ ဘယ်တော့မှတံထွေးဆွတ်မပေးပါနဲ့၊ သင်ရဲ့ပါးစပ်ကို မျက်ကပ်မှန်နဲ့ မထိတွေ့ပါစေနဲ့။
“တံထွေးမှာ ဘက်တီးရီးယားတွေ အများကြီးရှိပါတယ်။ ဒါကြောင့် မျက်ကပ်မှန်တွေကို သွားဆွတ်လိုက်ရင် ကူးစက်ရောဂါ တွေရလာစေနိုင်ပါတယ်” လို့ Dr. Yap Veloso ကပြောခဲ့ပါတယ်။
၆။ ရေကူးတော့မယ်ဆိုရင် မျက်ကပ်မှန်ကို ချွတ်ထားပါ။
Dr. Yap Veloso ရဲ့ ပြောကြားချက်မှာ “ရေကူးတဲ့အခါ ဖုန်မှုန့်၊ ဓာတုပစ္စည်း၊ ပိုးမွှားတွေနဲ့ အမှိုက်သရိုက်တွေဟာ မျက်လုံးထဲကို ဝင်ရောက်လာနိုင်ပြီး မျက်ကပ်မှန်တွေမှာ လာကပ်နိုင်ပါတယ်။ အဲဒီနောက် မျက်လုံးမှာ ဆိုးကျိုးတွေဖြစ်လာစေနိုင်ပါတယ်” လို့ ဆိုပါတယ်။

http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A498527&xgs=1&xg_source=msg_share_post

သရက်စေးလောင်မှုကို ကြိုတင်ကာကွယ်ခြင်လျှင်


၁။ သရက်သီးကို ရင့်မှခူးရန်
၂။ ညနေပိုင်းမှ ခူးရန်
၃။ သရက်သီးကို လက်၊ ကပ်ကြေး၊ ဝါးခြင်းချုတံစတဲ့ ပစ္စည်းတွေနဲ့ သေသေချာချာခူးရန် လိုအပ်ပါတယ်။
လက်လှမ်းမှီတဲ့ အသီးဆိုရင် အသီးညှာ ၁၀ စင်တီမီတာ အရှည်ပါအောင် ဖြတ်ခူးပြီး သရက်သီးညှာကို ဇောက်ထိုးထားပြီး အရိပ်ကိုသယ်ပါ။ အရိပ်ထဲရောက်တဲ့အခါ ဇောက်ထိုးအနေအထားကိုင်ပြီး အညှာကို စင်တီမီတာ တစ်ဝက်လောက်ကနေဖြတ်ပြီး ကောက်ရိုးထူထူခင်းထားတဲ့ အပေါ်အသီးကို ဇောက်ထိုးထားကာ နာရီဝက်လောက် အစေးကုန်အောင် ထုတ်ပါ။
အစေးကုန်ပြီဆိုရင် သရက်သီးတွေကို ရေအေးမှာ မြန်မြန်ဆေးကြောပြီး လေသလပ်ခံ၊ အခြောက်ခံ၊ ရေဆေးတာကိုတော့ အသီးခူးပြီး ၈ နာရီအတွင်း လုပ်ရမှာဖြစ်ပါတယ်။
အစေးစွန်းသွားတဲ့အသီးကို ရွေးချယ်ထုတ်ယူပြီး ၁ ရာခိုင်နှုန်း အက်စစ်တစ်အက်စစ် ဖျော်ရည်မှာ ဆေးကာ အသီးမှဲ့ပျောက်စွန်းတွေရှိပါက မပြန့်ပွားဖို့နဲ့ ပျောက်ကင်းဖို့အတွက် ၃၅ ဒီဂရီစင်တီဂရိတ်အပူချိန်ရှိတဲ့ ရေနွေးမှာ ၁၀ မိနစ်စိမ်၊ ၅၀ ဒီဂရီစင်တီဂရိတ်ရှိတဲ့ Bandagd ဒါမှမဟုတ် Banomyl (100 PPM) ဖျော်ရည်မှာ ၁၀ မိနစ်စိမ်ရန်၊ ပြီးရင် ၂၃ စင်တီဂရိတ် အပူချိန်ရှိတဲ့ ရေမှာ ၄ မိနစ်၊ ၆ မိနစ်ခန့်ထပ်စိမ်ပြီး ချက်ချင်းလေသလပ်ခံပါ။ ဒါဆိုရင် သရက်စေးလောင်မှုကင်းပြီး အရည်အသွေးကောင်း၊ အရောင်အသွေးစို၊ ရောင်းပန်းလှ၊ ဈေးကောင်းရတဲ့ သရက်သီးရရှိမှာ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A498483&xgs=1&xg_source=msg_share_post