“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, November 17, 2012

ကင်ဆာရောဂါ ကုပေးသော သတ္တဝါ .......

ကင်ဆာရောဂါ ကုပေးသော သတ္တဝါ  .......

 ကင်းမြီးကောက်သတ္တဝါ၏ အဆိပ်သည် လူကိုသေစေနိုင်သော်လည်း ၎င်းအဆိပ် သည် အသက်ကယ်နိုင်ကြောင်း တွေ့ရှိလာ ကြသည်။

သုတေသနပညာရှင်များသည် အစ္စရေး အဝါရောင် ကင်းမြီးကောက်ကို အသုံးပြုပြီး ဆိုးရွားပြင်းထန်သော ဦးနှောက်မြင်းဖု တစ်မျိုးဖြစ်နေသည့် (Glioma) ကုသရန် စမ်းသပ်နေပြီဖြစ်သည်။ ၎င်းမြင်းဖုသည် ခွဲစိတ်ကုသရုံနှင့် မရပါ။ တစ်ကမ္ဘာလုံးတွင် ၂၀၀၀ ပြည့်နှစ်၌ လူ ၁၇၆၀၀၀ ဦးတွင် ၎င်းရောဂါဖြစ်ပွားမှု တွေ့ရှိရပြီး သုံးယောက်တွင် တစ်ယောက်သာရှင်သည်။

၎င်း ကင်းမြီးကောက်အဆိပ်တွင်ပါသော ပရိုတင်းဓာတ်တစ်ခုသည် ကင်ဆာကလာပ်စည်း များကို သပ်သပ်တွဲပြီး အခြားပတ်ဝန်းကျင်ရှိ ကလာပ်စည်းကောင်းများကို ရှောင်ကွင်းသွား သည်။

၎င်း ပရိုတင်းကို ရေဒီယို သတ္တိကြွ အိုင်အိုဒင်းနှင့် တွဲဖက်ပြီး ကိုယ်ခန္ဓာတွင်းသို့ ထိုးသွင်းလိုက်ပါက ထိုအဆိပ်သည် မကောင်းသော ကင်ဆာကလာပ်စည်းများကို ပစ်မှတ် ထားပြီး ဖျက်စီးပစ်သည်။ 

ကနဦး စမ်းသပ်မှုအရ ၎င်းကုထုံးသည် အန္တရာယ်ကင်းပြီး လူနာများကို အသက်ရှည်စေနိုင်သည်ကို တွေ့ရှိရပြီး  ထပ်မံ၍ ကျယ်ပြန့်သော လေ့လာမှုများ ပြုလုပ်နေပြီဖြစ်သည်။Health
ကင်းမြီးကောက်သတ္တဝါ၏ အဆိပ်သည် လူကိုသေစေနိုင်သော်လည်း ၎င်းအဆိပ် သည် အသက်ကယ်နိုင်ကြောင်း တွေ့ရှိလာ ကြသည်။

သုတေသနပညာရှင်များသည် အစ္စရေး အဝါရောင် ကင်းမြီးကောက်ကို အသုံးပြုပြီး ဆိုးရွားပြင်းထန်သော ဦးနှောက်မြင်းဖု တစ်မျိုးဖြစ်နေသည့် (Glioma) ကုသရန် စမ်းသပ်နေပြီဖြစ်သည်။ ၎င်းမြင်းဖုသည် ခွဲစိတ်ကုသရုံနှင့် မရပါ။ တစ်ကမ္ဘာလုံးတွင် ၂၀၀၀ ပြည့်နှစ်၌ လူ ၁၇၆၀၀၀ ဦးတွင် ၎င်းရောဂါဖြစ်ပွားမှု
တွေ့ရှိရပြီး သုံးယောက်တွင် တစ်ယောက်သာရှင်သည်။

၎င်း ကင်းမြီးကောက်အဆိပ်တွင်ပါသော ပရိုတင်းဓာတ်တစ်ခုသည် ကင်ဆာကလာပ်စည်း များကို သပ်သပ်တွဲပြီး အခြားပတ်ဝန်းကျင်ရှိ ကလာပ်စည်းကောင်းများကို ရှောင်ကွင်းသွား သည်။

၎င်း ပရိုတင်းကို ရေဒီယို သတ္တိကြွ အိုင်အိုဒင်းနှင့် တွဲဖက်ပြီး ကိုယ်ခန္ဓာတွင်းသို့ ထိုးသွင်းလိုက်ပါက ထိုအဆိပ်သည် မကောင်းသော ကင်ဆာကလာပ်စည်းများကို ပစ်မှတ် ထားပြီး ဖျက်စီးပစ်သည်။

ကနဦး စမ်းသပ်မှုအရ ၎င်းကုထုံးသည် အန္တရာယ်ကင်းပြီး လူနာများကို အသက်ရှည်စေနိုင်သည်ကို တွေ့ရှိရပြီး ထပ်မံ၍ ကျယ်ပြန့်သော လေ့လာမှုများ ပြုလုပ်နေပြီဖြစ်သည်။
 
Health

လူနေနိုင်တဲ့ ဂြိုဟ် တွေ့ပြီ

လူနေနိုင်တဲ့ ဂြိုဟ် တွေ့ပြီ

နာဆာ သိပ္ပံပညာရှင်များက ကမ္ဘာအရွယ် ဂြိုဟ် ၅ခု တွေ့ရှိသောကြောင့် စင်္ကြာဝဠာထဲတွင် လူသားတွေချည်း နေထိုင်တာ မဖြစ်နိုင်တော့ကြောင်း ကြေညာလိုက်သည်။ နာဆာရဲ့ Kepler တယ်လီစကုတ် ကနေ စင်္ကြာဝဠာ နဂါးငွေ့တန်းကြီး ထဲမှ နေ-ကြယ်များက
ို ပတ်နေတဲ့ ကမ္ဘာနဲ့ ပုံစံအရွယ်အစား တူ ဂြိုဟ် ၅ခု တွေ့ရှိသည်ဟု ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ကြေညာခဲ့သည်။ ထိုဂြိုဟ် ၅ခု မှာ ၄င်းတို့ ပတ်နေတဲ့ နေများရဲ့ ခပ်လှမ်းလှမ်း အကွာအဝေးတွင် ရှိသောကြောင့်၊ ရေနှင့် အရည်များ ရှိမှာ ဖြစ်ပြီး၊ သက်ရှိ ရှင်သန်နိုင်မည့် ဇုံနယ်နမိတ် ဖြစ်ကြောင်း ပြောဆိုသည်။ ရေနှင့် အရည်များမှာ သက်ရှိ ဖွဲ့စည်းဖို့ အတွက် အဓိက လိုအပ်ချက်များ ဖြစ်သည်။

နာဆာ (NASA) အာကာသ လေ့လာရေးအဖွဲ့ အုပ်ချုပ်ရေးမှုး Charles Bolden က “ကျနော်တို့ မျိုးဆက်မှာကိုပဲ လျှို့ဝှက်ဆန်းကြယ် စိတ်ကူးယဉ် သိပ္ပံရုပ်ရှင် ဇာတ်ကားတွေကနေ၊ လက်တွေ့ သက်ရှိတွေရှိမယ့် ဂြိုဟ်တွေကို Kepler တယ်လီစကုတ် ကျေးဇူးကြောင့် ကနေ့ စတွေ့ကြရပြီ။စိတ်ကူးယဉ်ကြည့်တာကနေ တကယ်ဖြစ်လာတာ”ဟု သတင်း ဌာနများကို ပြောခဲ့သည်။

ထို ကမ္ဘာဂြိုဟ် ၅ ခုပတ်နေတဲ့ ကြယ်သဏ္ဍန် နေမင်းမှာ အလင်းနှစ် ၂၀၀၀ ကျော် သက်တမ်း ရှိပြီဖြစ်ကြောင်း Kepler တယ်လီစကုတ် သိပ္ပံပညာရှင်အဖွဲ့က တွက်ချက်ခဲ့သည်။ Kepler တယ်လီစကုတ်မှာ အားအကောင်းဆုံး မှန်ပြောင်းကြီး ဖြစ်ပြီး ယခု ဂြိုဟ်ပေါင်း ၁၂၀၀ ကျော်ကို စစ်ဆေး တွေ့ရှိခဲ့ပြီး ဖြစ်သည်။ Kepler တယ်လီစကုတ် တာဝန်ခံ William Borucki က “ကျနော်တို့ နဂါးငွေ့တန်း Galaxy ထဲမှာရှိတဲ့ ကြယ်သဖွယ် နေတွေကို ပတ်နေတဲ့ ဂြိုဟ်တွေဟာ မရေမတွက် နိုင်အောင်ပါပဲ” ဟု ပြောသည်။ Kepler တယ်လီစကုတ်က ဂြိုဟ်တစ်ခုချင်းကို တိုက်ရိုက် မြင်ရတာတော့ မဟုတ်။ ၄င်းတို့ ပတ်နေတဲ့ နေကြယ်ကြီးကိုသာ မြင်ရခြင်း ဖြစ်ပြီး၊ နေ-ကြယ်ရဲ့ ပတ်လမ်းကြောင်း များတွင် မှုန်မှုန်မွှားမွှား ရွေ့လျား နေမှုများကိုသာ မြင်ရခြင်း ဖြစ်သည်။

၎င်း ဂြိုဟ် ၅ခု ပတ်နေသော နေ-ကြယ်မှာ လူသားတို့ ချစ်မြတ်နိုးတဲ့ နေမင်းကြီးထက် ပိုအေးပြီး၊ အနည်းငယ် သေးသည်ဟု ဆိုသည်။ နာဆာ သုတေသနအဖွဲ့က နောက်ထပ် စူးစမ်းမှုများ ဆက်လုပ်နေသည်ဟု ဆိုသည်။ သူတို့ နောက်ထပ် တွေ့ရှိချက်တွေမှာ ထိုဂြိုဟ် ၅ခုပေါ်တွင် ဘယ်လို သက်ရှိတွေ နေထိုင်သလဲ၊ ဒုက္ခသည်တွေ ရှိသလား၊ ကြွေးမြီးတွေ ရှိသလား၊ မူဘာရခ် လို သတ္တ၀ါတွေ ရှိနိုင်သလား၊ အလုပ်လက်မဲ့တွေ ရှိသလား၊ ကိုယ့်ကိုယ်ကို မီးရှို့သူ ရှိလား၊ ဆန္ဒပြသူတွေ ရှိသလား၊ ဆန္ဒပြရင်း အချင်းချင်း ကျောက်ခဲများနဲ့ ပစ်ပေါက်ကြသလား ဆိုတာကတော့ စိတ်ဝင်စားဖွယ် ဖြစ်သည်။

Source: CNN


အေးချမ်းမွန်မှ Myanmar ICT တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myanmar ICT
နာဆာ သိပ္ပံပညာရှင်များက ကမ္ဘာအရွယ် ဂြိုဟ် ၅ခု တွေ့ရှိသောကြောင့် စင်္ကြာဝဠာထဲတွင် လူသားတွေချည်း နေထိုင်တာ မဖြစ်နိုင်တော့ကြောင်း ကြေညာလိုက်သည်။ နာဆာရဲ့ Kepler တယ်လီစကုတ် ကနေ စင်္ကြာဝဠာ နဂါးငွေ့တန်းကြီး ထဲမှ နေ-ကြယ်များကို ပတ်နေတဲ့ ကမ္ဘာနဲ့ ပုံစံအရွယ်အစား တူ ဂြိုဟ် ၅ခု တွေ့ရှိသည်ဟု ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ကြေညာခဲ့သည်။ ထိုဂြိုဟ် ၅ခု မှာ ၄င်းတို့ ပတ်နေတဲ့ နေများရဲ့ ခပ်လှမ်းလှမ်း အကွာအဝေးတွင် ရှိသောကြောင့်၊ ရေနှင့် အရည်များ ရှိမှာ ဖြစ်ပြီး၊ သက်ရှိ ရှင်သန်နိုင်မည့် ဇုံနယ်နမိတ် ဖြစ်ကြောင်း ပြောဆိုသည်။ ရေနှင့် အရည်များမှာ သက်ရှိ ဖွဲ့စည်းဖို့ အတွက် အဓိက လိုအပ်ချက်များ ဖြစ်သည်။

နာဆာ (NASA) အာကာသ လေ့လာရေးအဖွဲ့ အုပ်ချုပ်ရေးမှုး Charles Bolden က “ကျနော်တို့ မျိုးဆက်မှာကိုပဲ လျှို့ဝှက်ဆန်းကြယ် စိတ်ကူးယဉ် သိပ္ပံရုပ်ရှင် ဇာတ်ကားတွေကနေ၊ လက်တွေ့ သက်ရှိတွေရှိမယ့် ဂြိုဟ်တွေကို Kepler တယ်လီစကုတ် ကျေးဇူးကြောင့် ကနေ့ စတွေ့ကြရပြီ။စိတ်ကူးယဉ်ကြည့်တာကနေ တကယ်ဖြစ်လာတာ”ဟု သတင်း ဌာနများကို ပြောခဲ့သည်။

ထို ကမ္ဘာဂြိုဟ် ၅ ခုပတ်နေတဲ့ ကြယ်သဏ္ဍန် နေမင်းမှာ အလင်းနှစ် ၂၀၀၀ ကျော် သက်တမ်း ရှိပြီဖြစ်ကြောင်း Kepler တယ်လီစကုတ် သိပ္ပံပညာရှင်အဖွဲ့က တွက်ချက်ခဲ့သည်။ Kepler တယ်လီစကုတ်မှာ အားအကောင်းဆုံး မှန်ပြောင်းကြီး ဖြစ်ပြီး ယခု ဂြိုဟ်ပေါင်း ၁၂၀၀ ကျော်ကို စစ်ဆေး တွေ့ရှိခဲ့ပြီး ဖြစ်သည်။ Kepler တယ်လီစကုတ် တာဝန်ခံ William Borucki က “ကျနော်တို့ နဂါးငွေ့တန်း Galaxy ထဲမှာရှိတဲ့ ကြယ်သဖွယ် နေတွေကို ပတ်နေတဲ့ ဂြိုဟ်တွေဟာ မရေမတွက် နိုင်အောင်ပါပဲ” ဟု ပြောသည်။ Kepler တယ်လီစကုတ်က ဂြိုဟ်တစ်ခုချင်းကို တိုက်ရိုက် မြင်ရတာတော့ မဟုတ်။ ၄င်းတို့ ပတ်နေတဲ့ နေကြယ်ကြီးကိုသာ မြင်ရခြင်း ဖြစ်ပြီး၊ နေ-ကြယ်ရဲ့ ပတ်လမ်းကြောင်း များတွင် မှုန်မှုန်မွှားမွှား ရွေ့လျား နေမှုများကိုသာ မြင်ရခြင်း ဖြစ်သည်။

၎င်း ဂြိုဟ် ၅ခု ပတ်နေသော နေ-ကြယ်မှာ လူသားတို့ ချစ်မြတ်နိုးတဲ့ နေမင်းကြီးထက် ပိုအေးပြီး၊ အနည်းငယ် သေးသည်ဟု ဆိုသည်။ နာဆာ သုတေသနအဖွဲ့က နောက်ထပ် စူးစမ်းမှုများ ဆက်လုပ်နေသည်ဟု ဆိုသည်။ 
 
Myanmar ICT