“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, August 1, 2013

ယနေ့ လန်ဒန်၌ ပထမဆုံးအကြိမ်အဖြစ် ထုတ်ဖော်ပြသခဲ့သည့် BMW i3 လျှပ်စစ်ကား

Photo: First Look: BMW i3 Electric Car 

ယနေ့ လန်ဒန်၌ ပထမဆုံးအကြိမ်အဖြစ် ထုတ်ဖော်ပြသခဲ့သည့် BMW i3 လျှပ်စစ်ကား

လျှပ်စစ်သီးသန့်သုံး ဤကားသည် မိုင် ၁၀၀ ခရီးအကွာအဝေးအား မောင်းနှင်နိုင်မည်ဖြစ်ပြီး မြင်းကောင်ရေ ၁၇၀ ရှိသည့် အင်ဂျင် တပ်ဆင်ပေးထားသည်။ 

BMW အနေဖြင့် ယင်းတို့၏ ပထမဆုံးသော လျှပ်စစ်သီးသန့် မော်တော်ယာဉ်အား အဆင့်မြင့် ခေတ်ရှေ့ပြေး နည်းပညာများ ထည့်သွင်းပေးထားပြီး i3 ၏ iPhone app အား အသုံးပြုပြီး မော်တော်ယာဉ်၏ လုပ်ဆောင်ချက် အချို့အား ထိန်းချုပ်နိုင်အောင်လည်း ဖန်တီးပေးထားသည်။

ဈေးနှုန်းမှာမူ ပေါင် ၂၅၀၀၀ မှ ၂၈၀၀၀ ကြား ကျသင့်မည်ဖြစ်သည်။

အိပ်မက်၊ အတိတ်နိမိတ်နှင့် ဗေဒင်ပညာဆိုင်ရာ စာအုပ်များ (၁၁ အုပ်)

Photo: အိပ်မက်၊ အတိတ်နိမိတ်နှင့် ဗေဒင်ပညာဆိုင်ရာ စာအုပ်များ (၁၁ အုပ်)

(၁)မြန်မာ့ရိုးရာ မြန်မာ့ဓလေ့ အတိတ်နိမိတ်
http://www.mediafire.com/view/?32z0425mc613zys

(၂)လောကီပညာပဒေသာကျမ်း ( ဆုထူးပန်ဦးကျော်)
http://www.mediafire.com/?c63izo19jt4e32y

(၃) အိပ်မက်အမျိုးမျိုးနှင့်အသားလှုပ်နိမိတ် (ကောသလအိပ်မက် ၁၆ ချက်)
http://www.mediafire.com/?s89bp2ua20nk2ld

(၄)အိပ်မက်အမျိုးမျိုးနှင့်အသားလှုပ်နိမိတ်အမျိုးမျိုး
http://www.mediafire.com/?iqz3qzt5epibp3h

(၅)ကွယ်လွန်သူအား ရည်စူး၍ အလှူဒါနပြုလုပ်နည်း (ပြည်ကျော်လွင်)
http://www.mediafire.com/?9hxefu6d6oodo3f

(၆)လက်တွေ့သိပ္ပံနည်းကျလူကဲခတ်နည်း (ဦးစိန်မြင့်)
http://www.mediafire.com/?ds5joh51u7bcrug

(၇)နက္ခတ္တဒီပနီကျမ်း (ကိုဘတင်)
http://www.mediafire.com/?ardtmrrd5d93xl1

(၈)တားရော့ဟောနည်း (မင်းသင်္ခ)
http://www.mediafire.com/?6u79nnh5nf7b7ct

(၉)ယတြာများ (မင်းသင်္ခ)
http://www.mediafire.com/?yi9vvvvl60a7ela

(၁၀) ဖုန်းရွှေအဆောင်လဘ်ကောင်လေးများ (စန္ဒီ-Artist)
http://www.mediafire.com/?y3csgz10yf124ht

(၁၁)ကောဇာဂြိုလ်စီးဂြိုလ်မြင်အဟောကျမ်း
https://docs.google.com/file/d/0B5MWMa_nIbQObEdKOXB1SGRpQXM/edit
(၁)မြန်မာ့ရိုးရာ မြန်မာ့ဓလေ့ အတိတ်နိမိတ်
http://www.mediafire.com/view/?32z0425mc613zys

(၂)လောကီပညာပဒေသာကျမ်း ( ဆုထူးပန်ဦးကျော်)
http://www.mediafire.com/?c63izo19jt4e32y

(၃) အိပ်မက်အမျိုးမျိုးနှင့်အသားလှုပ်နိမိတ် (ကောသလအိပ်မက် ၁၆ ချက်)
http://www.mediafire.com/?s89bp2ua20nk2ld

(၄)အိပ်မက်အမျိုးမျိုးနှင့်အသားလှုပ်နိမိတ်အမျိုးမျိုး
http://www.mediafire.com/?iqz3qzt5epibp3h

(၅)ကွယ်လွန်သူအား ရည်စူး၍ အလှူဒါနပြုလုပ်နည်း (ပြည်ကျော်လွင်)
http://www.mediafire.com/?9hxefu6d6oodo3f

(၆)လက်တွေ့သိပ္ပံနည်းကျလူကဲခတ်နည်း (ဦးစိန်မြင့်)
http://www.mediafire.com/?ds5joh51u7bcrug

"... ရဟန်းသံဃာတော်များသည် ၀ဲဘက်ပုခုံးကို သင်္ကန်းတော်ဖြင့် ဘာ့ကြောင့် ဖုံးလွှမ်းရသနည်း ..."

Photo: "... ရဟန်းသံဃာတော်များသည် ၀ဲဘက်ပုခုံးကို သင်္ကန်းတော်ဖြင့် ဘာ့ကြောင့် ဖုံးလွှမ်းရသနည်း ..."
-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-

တို့ ဘုရား သာသနာမှာ လက်ဝဲတော်ရံ
လက်ယာတော်ရံဆိုတာ မရှိဘူးလား

"ရှိပါတယ်ဘုရား"

လက်ဝဲတော်ရံဆိုတာ

"တန်ခိုးအရာမှာ ဧတဒဂ်ရတဲ့ အရှင်မဟာမောဂ္ဂလာန်ပါဘုရား"

လက်ယာတော်ရံဆိုတာ

"ပညာအရာမှာ ဧတဒဂ်ရတဲ့ အရှင်သာရိပုတ္တရာပါဘုရား"

ဟုတ်ပြီဗျာ.. တန်ခိုးက လက်ဝဲ၊ ပညာက လက်ယာ...
တန်ခိုးဆိုတာ အာသဝေါတရားတို့ ရဲ့  ကုန်ရာခန်းရာ အရဟတ္တဓဇ၊
အရဟတ္တရဲ့ အလံတံခွန်သာဖြစ်တယ်။ 

ပညာဆိုတာကတော့ ၀ိပဿနာပညာ၊
မဂ်ပညာ၊ ဖိုလ်ပညာကနေ နိဗ္ဗာန်ကို ရဖို့ ရောက်ဖို့ မဟုတ်လား။
ပုထုဇဉ်တို့ ရဲ့ စိတ်သဘာဝဆိုတာ အဆန်းကြိုက်၊ တစ်ခုရိုး တစ်မျိုးပြောင်းပြီး
တစ်သံသရာလုံး ဆန်းတယ်ထင်တာတွေနောက်လိုက်ခဲ့ကြတယ်။ ရိုင်းရိုင်းပြောရရင်
လမ်းဘေးက မျောက်ပွဲ၊ မျက်လှည့်ပွဲကအစ ဆန်းတယ်ထင်တာ မှန်သမျှမှာ
လူတွေမေ့မျော သာယာနေတတ်ကြတယ်။

ဒီတော့ တန်ခိုးရဲ့  ဆန်းဆန်းပြားပြား
ဖမ်းစားမှုအပေါ် မေ့လျော့တွေဝေ သာယာနေကြရင် မဂ်ပညာ ဖိုလ်ပညာကွယ်မှာပဲ၊
မဂ်ပညာ ဖိုလ်ပညာကွယ်ရင် သာသနာကွယ်မှာပဲ။ သာသနာကွယ်ပြီ ဆိုတာနဲ့ 
သတ္တ၀ါတွေရဲ့ သံသရာဝဋ်ဆင်းရဲ ဒုက္ခအပေါင်းက လွတ်မြောက်ရာ တရားတွေလည်း
ကွယ်တာပဲ။

ယောဂီတို့  တရားထိုင်ရာမှာလည်း တင်ပျဉ်ခွေကြား လက်နှစ်ဖက် ယှက်တင်တဲ့အခါ
လက်ဝဲလက်ကို အောက်က လက်ယာလက်ကို အပေါ်က ထားရတာလည်း
ဒီသဘောပဲ။ လက်ဝဲဆိုတဲ့ တန်ခိုးသဘောကို လက်ယာဆိုတဲ့ ပညာက ဖုံးထားအုပ်ထား
ဆင့်ထားရတယ်။ တစ်နည်းအားဖြင့်တော့ လက်ဝဲက သမထ၊ လက်ယာက ၀ိပဿနာ။
သမထ တန်ခိုးကိုသာ ပြလိုက်လို့ ကတော့ အညှီ ယင်အုံသလို နေတော့မှာပေါ့။

ရုပ် နာမ် ဖြစ်ပျက်တွေ အနိစ္စ ဒုက္ခ အနတ္တတွေ ဘာမှဟောလို့  ပြောလို့ နားဝင်တော့မှာ မဟုတ်ဘူး။ တန်ခိုးပြမိရင် တန်ခိုးပဲ ကိုးကွယ်မှာ။ ၀ိပဿနာပညာ၊ ဖိုလ်ပညာ၊ မဂ်ပညာတွေဆိုတာ ကျင့်ကြံအားထုတ်ရမှန်းတောင် သိမှာမဟုတ်တော့ဘူး။

တန်ခိုးလောက်နဲ့ တင် မိန်းမောနေရင် သံသရာဝဋ်ဆင်းရဲက မလွတ်မြောက်နိုင်ဘူး။

ဒါ့ကြောင့်တန်ခိုးဆိုတာ ဖုံးထားအပ်သောအရာ၊ ပညာသာလျှင် အမြဲအစဉ်
ဖွင့်ထားအပ်သောအရာ၊ ဖော်ထားအပ်သော အရာ၊ ဒါကြောင့် တန်ခိုးကို ကိုယ်စားပြုတဲ့
လက်ဝဲဘက်ကို သင်္ကန်းနဲ့ ဖုံးထားရတယ်။ 

ပညာကိုကိုယ်စားပြုတဲ့ လက်ယာဘက်ကိုတော့
ဖွင့်ပြထားရတယ်၊ ဖော်ထားရတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီး
(ဆရာမောင်သွေးချွန်စုစည်းသော ဘာ့ကြောင့် ၁+၂ ပေါင်းချုပ်
စာအုပ်မှ ကောက်နုတ်ပူဇော်ပါသည်၊)

မြ၀တီ

မြန်မာ စကားပုံများ (မ)၊ (ယ)၊ (ရ)

Photo: မြန်မာ စကားပုံများ (မ)၊ (ယ)၊ (ရ)
Wednesday, July 31, 2013

မ
၁“မပြည့်တဲ့အိုး ဘောင်ဘင်ခတ်”
၂. “မိုးထိအောင် လှေကားထောင်”
၃. “မိန်းမတို့အိနြေ္ဒ..ရွှေပေးလို့မရ”
၎. “မေးပါများ..စကားရ”
၅. “မအိပ်မနေ..အသက်ရှည်”
၆. “မြွေမသေ..တုတ်မကျိုး”
၇. “မျက်နှာသာပေး...ရွှေရေးပန်းကန်တက်”
၈. “မသိလျှင်မေး...မစင်လျှင်ဆေး”
၉. “မ..ဘက်လိုက်တော့...မိုက်ဘက်ပါ”
၁၀. “မောင်တစ်ထမ်း....မယ်တစ်ရွက်”
၁၁. “မြင်းကမလှုပ်...ခုံကလှုပ်”
၁၂. “မစားရတဲ့အမဲ..သဲနဲ့ပက်”
၁၃. “မယားနေစ...ကြောင်သေမှ”
၁၄. “မီးများမီးနိုင်...ရေများရေနိုင်”
၁၅. “မချစ်သော်လည်း...အောင့်ကာနမ်း”
၁၆. “မြေနိမ့်ရာ...လှံစိုက်”
၁၇. “မိုးရွာတုန်း...ရေခံ”
၁၈. “မျက်နှာကြီးရာ..ဟင်းဖတ်ပါ”
၁၉. “မသိသူကျော်စား...သိသူဖော်စား”
၂၀. “မြွေမြွေချင်း..ခြေမြင်”
၂၁. “မူးကို.မြစ်ထင်”
၂၂. “မျက်ကန်း..တစ္ဆေမကြောက်”
၂၃. “မယားဆို..ပျိုမှ..သမားဆို..အိုမှ”
၂၄. “မမှားသောရှေ့နေ...မသေသောဆေးသမား..မရှိ”
၂၅. “မျက်ဖြူစိုက်လေ...ဆရာကြိုက်လေ..”
၂၆. “မလို...ကူးတို့ခတောင်း”
၂၇. “မင်းနားတစ်ထောင်..မင်းမြှောက်တစ်သိန်း”
၂၈. “မျောက်ပြ..ဆန်တောင်း”
၂၉. “မကတတ်သော်....ဖျာကိုအပြစ်တင်”
၃၀. “မြွေပါလည်းဆုံး...သားလည်းဆုံး”
၃၁. “မည်းမည်းမြင်ရာ...ငါ့ယောက္ခမထန်းတောမလုပ်ချင်နဲ့”
၃၂. “မီးစတစ်မှုတ်...ရေတစ်မှုတ်”
၃၃. “မီးဝေး...ချိတ်မာ”
၃၄. “မြွေမကြောက်....ကင်းမကြောက်”
၃၅. “မောင်မောင်ဆိုလေ....ထီးရိုးရှည်”
ယ
၁. “ယုန်တောင်ပြေး..ခွေးမြောက်လိုက်”
၂. “ယုန်ကမတိုး..ပိုက်ကတိုး”
၃. “ယင်ကောင်မြင်တိုင်း..လေယာဉ်မထင်နဲ့”
ရ
၁. “ရည်းစားလူလု..အူနုကျွဲခတ်”
၂. “ရလေလိုလေ..အိုတစ္ဆေ”
၃. “ရိုးရိုးကျင့် မြင့်မြင့်ကြံ”
၎. “ရတာမလို..လိုတာမရ”
၅. “ရည်းစားတစ်ထောင်..လင်ကောင်းတစ်ယောက်”
၆. “ရာသီမသိ...ပန်းနဲ့ညှိ”
၇. “ရရစားစား..၀ါးဝါးမြိုမြို”
၈. “ရှိတန်ဆာ...မရှိဝမ်းစာ”
၉. "ရှိလျှင်တန်ဆာ၊ မရှိလျှင်ဝမ်းစာ"
၁၀. “ရွှေအကြောင်း..ဖယောင်းသက်သေ”
၁၁. “ရှဥ့်လည်းလျှောက်သာ..ပျားလည်းစွဲသာ”
၁၂. “ရွာနားကမြက်...ရွာနွားမစား”
၁၃. “ရာဇ၀တ်အိုး...တုတ်နဲ့ထိုး”
၁၄. “ရှမ်းကြိုက်ရင်..နွားချော”
၁၅. “ရတနာရှိရာ..ရတနာလာ”
၁၆. “ရေသာများ၍.ငါးမတွေ့”
၁၇. “ရှေ့နေငှားမှ...ထောင်လုံးလုံးကျ”
၁၈. “ရှေးထုံးလည်းမပယ်နဲ့...ဈေးသုံးလည်းမကြွယ်နဲ့”
၁၉. “ရေကြည်ရာ..မြက်နုရာ”
၂၀. “ရှာဖွေလေ..တွေ့ရှိလေ”
၂၁. “ရန်သူပြန်မှ..ဒူးလေးပြင်”
၂၂. “ရှားပင်အိုလေ...အနှစ်ပြည့်လေ”
၂၃. “ရယ်သောသူ...အသက်ရှည်၏”
၂၄. “ရာဇ၀တ်ဘေး..ပြေးမလွတ်”
၂၅. “ရေများရေနိုင်..မီးများမီးနိုင်”
၂၆. “ရန်ကိုရန်ချင်း..မတုံ့နှင်းနှင့်”
၂၇. “ရှင်နည်းရာ..အဂ္ဂလူထွက်”
၂၈. “ရှောင်လေဝေးဝေး..မူးယစ်ဆေး”
၂၉. “ရေစီးတစ်ခါ....ရေသာတစ်လှည့်”
၃၀. “ရှင်ဘုရင်တစ်ခါထွက်...ပဲကြီးတစ်လှေချက်”
၃၁. “ရေမနောက်.....ကြာမရှောက်”
၃၂. “ရွှေပင်နားတော့....ရွှေကျေး”

၁“မပြည့်တဲ့အိုး ဘောင်ဘင်ခတ်”
၂. “မိုးထိအောင် လှေကားထောင်”
၃. “မိန်းမတို့အိနြေ္ဒ..ရွှေပေးလို့မရ”
၎. “မေးပါများ..စကားရ”
၅. “မအိပ်မနေ..အသက်ရှည်”
၆. “မြွေမသေ..တုတ်မကျိုး”
၇. “မျက်နှာသာပေး...ရွှေရေးပန်းကန်တက်”
၈. “မသိလျှင်မေး...မစင်လျှင်ဆေး”
၉. “မ..ဘက်လိုက်တော့...မိုက်ဘက်ပါ”
၁၀. “မောင်တစ်ထမ်း....မယ်တစ်ရွက်”
၁၁. “မြင်းကမလှုပ်...ခုံကလှုပ်”
၁၂. “မစားရတဲ့အမဲ..သဲနဲ့ပက်”
၁၃. “မယားနေစ...ကြောင်သေမှ”
၁၄. “မီးများမီးနိုင်...ရေများရေနိုင်”
၁၅. “မချစ်သော်လည်း...အောင့်ကာနမ်း”

ရေခဲတုံး၏အံ့အားသင့်ဖွယ်ရာအသုံးဝင်ပုံများ

Photo: ရေခဲတုံး၏အံ့အားသင့်ဖွယ်ရာအသုံးဝင်ပုံများ
Thursday, August 01,2013

ရေခဲတုံးရဲ့အသုံးဝင်ပုံတွေကိုဖော်ပြပေးလိုက်ပါတယ်။

မျက်နှာကိုလန်းဆန်းစေခြင်း
မိတ်ကပ်မလိမ်းခင်မျက်နှာအသားအရေအနှံ့သုတ်လိမ်းပေးပါ။ချက်ချင်းတောက်ပလာပါလိမ့်မယ်။ရေခဲတုံးကိုနူးညံ့
တဲ့အ၀တ်စဒါမှမဟုတ်တစ်သျှူးနဲ့အုပ်ပြီးမျက်နှာပေါ်အုပ်ပါ။ပြီးမှမိတ်ကပ်လိမ်းရင်မိတ်ကပ်သားစွဲစေပါတယ်။

နေလောင်ဒဏ်ရာပျောက်စေခြင်း
ရေခဲတုံးကိုနေလောင်ထားတဲ့အရေပြားပေါ်ပွတ်လိမ်းပေးရင်အလွန်အေးမြသက်သာစေတဲ့ခံစားချက်ရှိပါတယ်။

ဝက်ခြံသက်သာစေခြင်း
ဝက်ခြံအဖုအပိန့်တွေပ်ါရေခဲကပ်ပေးရင်အရေပြားကိုအေးမြစေတဲ့ခံစားချက်ရှိပါတယ်။ဒါ့အပြင်ချွေးပေါက်ကျဉ်းစေ
ပြီးအရေပြားအတွင်းဘက်တီးရီးယားပိုးတွေမ၀င်ရောက်နိုင်အောင်ကာကွယ်ပေးပါတယ်။သန့်ရှင်းတဲ့ပိတ်စထဲရေခဲတုံး
ထည့်ပြီးအမာရွတ်ပေါ်ကိုနေ့စဉ်၁၀မိနစ်ခန့်ပွတ်သပ်ပေးပါ။ချွေးပေါက်ကျဉ်းပြီးရောင်ရမ်းမှုလျော့ကျစေပါတယ်။

မျက်စိအနားရစေခြင်း
အလုပ်ကိုကြာကြာလုပ်ပြီးပင်ပန်းနေရင်၊ကွန်ပျူတာscreenကိုကြာကြာကြည့်ထားရင်ရေခဲတုံးထည့်ထားတဲ့ပိတ်စ
ကိုမျက်စိပေါ်အုပ်ပေးပါ။စိတ်ဖိစီးမှုကိုသက်သာလျော့ပါးစေရုံသာမကမျက်စိဖောင်းအစ်မှုကိုကင်းစင်စေပါတယ်။

အမွေးနုတ်လျှင်နာကျင်မှုမရှိခြင်း
မျက်ခုံးမွှေးနုတ်တဲ့အခါနာကျင်မှုမရှိစေဖို့မျက်ခုံးမွှေးပေါ်ကိုရေခဲတုံးကပ်ပေးပါ။အဲဒီနေရာထုံသွားပြီးအမွေးနုတ်တဲ့အခါ
နာကျင်မှုကင်းစေပါတယ်။

မီးလောင်ဖုသက်သာစေခြင်း
မီးလောင်ဖု၊အရည်ဖုတွေပေါ်ကိုရေခဲထုပ်ထားတဲ့ပိတ်စအုပ်ပေးရင်အရေပြားကိုနောက်ထပ်ထိခိုက်မှုမဖြစ်အောင်
ကူညီပေးပါတယ်။ရောင်ရမ်းမှုကိုလည်းလျော့ကျစေပါတယ်။

ကြွက်သားနာကျင်မှုလျော့ပါးစေခြင်း
ကြွက်သားရောင်ရမ်းမှုနဲ့နာကျင်မှုသက်သာစေဖို့ရေခဲတုံးကပ်ပေးနိုင်ပါတယ်။

အိမ်ရှင်မ
ရေခဲတုံးရဲ့အသုံးဝင်ပုံတွေကိုဖော်ပြပေးလိုက်ပါတယ်။

မျက်နှာကိုလန်းဆန်းစေခြင်း
မိတ်ကပ်မလိမ်းခင်မျက်နှာ အသားအရေအနှံ့သုတ်လိမ်းပေးပါ။ ချက်ချင်းတောက်ပလာပါလိမ့်မယ်။ရေခဲတုံးကိုနူးညံ့
တဲ့အ၀တ်စဒါမှမဟုတ်တစ်သျှူးနဲ့ အုပ်ပြီးမျက်နှာပေါ်အုပ်ပါ။ပြီးမှမိတ်ကပ် လိမ်းရင်မိတ်ကပ်သားစွဲစေပါတယ်။