“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, September 1, 2013

ဘယ်မှာကျန်ခဲ့တယ်ဆိုတာ(ဟာသ)

Photo: ဘယ်မှာကျန်ခဲ့တယ်ဆိုတာ......

လူတယောက်သည် သူ့ဖိနပ်ပျောက်သွား၍ အစားပြန်ရရန်အကြံထုတ်နေ၏။

နောက်ဆုံး အလွယ်ဆုံးနည်းဖြစ်သည့် တရားပွဲ တခုခုသို့ သွား၍ တစ်ယောက်ယောက်၏ ဖိနပ်အား ခိုးယူရန် ဆုံးဖြတ်လိုက်လေသည်။

တရားပွဲသို့ ရောက်သောအခါ တရာဟောဘုန်းတော်ကြီးမှာ ငါးပါးသီလအကြောင်းကို အသံနေအသံထားကောင်းမွန်စွာဖြင့်ဟောနေ၏။

ထိုလူလည်း လူအလစ်ဆောင့်ရင်း တရားနာမိလေ၏။သို့နှင့် တရားပွဲပီးသွားလေ သောအခါ.....

ထိုလူသည်.......ပြန်ကြွမည့် ဘုန်းဘုန်းထံ ကပ်သွားပီး......

" အရှင်ဘုရား။တပည့်တော်ဟာ ပြစ်မှူ တခုကို ကျူးလွန်မိတော့မလို့ပါ။ ဆရာတော်က တပည့်တော်ကို ကယ်တင်လိုက်ပါတယ်။

ဒီကိုလာတာ စိတ်ထဲမှာ သူတစ်ပါးဖိနပ် ခိုးဖို့ အကြံနဲ့ပါဘုရား။

ဒါပေမဲ့ ဆရာတော် ဟောကြားတဲ့ ငါးပါးသီလ တရားနာမိတော့ စိတ်ပြောင်းသွားပါတယ်..ဘုရား " ဟု.......တုန်တုန်ယင်ယင် ဖြင့် လျှောက်လေသည်။

ထိုအခါ ဘုန်းတော်ကြီးမှ........

" ဟုတ်လား တကာ....အေး သာဓု၊သာဓု၊သာဓု....၀မ်းသာစရာပဲ။

ဒါနဲ့နေပါဦး ငါကိုယ်တော် ဟောတဲ့ တရားရဲ့ ဘယ်နေရာမှာ စိတ်ပြောင်းသွားတာလဲ "

ထိုလူ ပြန်လျှောက်တင်လိုက်ပုံက.......

" ဆရာတော်ဘုရားဟောတဲ့ ငါးပါးသီလ ထဲက သူတစ်ပါးသားမယား မပြစ်မှားရ ဆိုတဲ့နေရာမှာပါ။

အဲဒီနေရာလဲရောက်ရော ကျနော့် ဖိနပ် ဘယ်မှာ မေ့ကျန်ခဲ့တယ်ဆိုတာ သွားသတိရတော့တာပဲ ဆရာတော်ဘုရားရယ်..".....တဲ့

တိန် ( ရည်းစားနဲ့ ချိန်းတွေ့တုန်း ယောက်ခမ လာလို့ ထွက်ပြေးလာပုံရ၏ )

ရီမောစေလိုသောဆန်ဒတခုနဲ့သာ........

Lon Ely..........

မြ၀တီ

“မနက်တိုင်းတွေးသင့်တဲ့အတွေးများ”

Photo: “မနက်တိုင်းတွေးသင့်တဲ့အတွေးများ”
Sunday, September 1, 2013

ဒီနေ့ အကောင်းဆုံးစိတ်ထားနဲ့ လုပ်သင့်တာတွေ လုပ်မယ်။
ငါ့အတွက် အကျိုးရှိတာ၊ အများအတွက်လည်း အကျိုးရှိတာကို လုပ်မယ်။
ငါဟာ စိတ်ကောင်းရှိတဲ့သူ ဖြစ်တယ်။ ဥာဏ်ရှိတဲ့သူဖြစ်တယ်။
သဘာဝကျကျ တွေးတတ်တဲ့သူဖြစ်တယ်။
မျှတတဲ့သဘောထားရှိတဲ့သူ ဖြစ်တယ်။ 
အများအကျိုး ဆောင်ရွက်ချင်တဲ့သူဖြစ်တယ်။
ငါဟာ ညီညွတ်မူကို မြတ်နိုးတယ်။
တစ်ယောက်နဲ့တစ်ယောက် ညီညီညွတ်ညွတ် ပြောဆိုဆက်ဆံတာကို နှစ်သက်တယ်။
ငါဟာ ကျန်းမာရေးကောင်းတဲ့သူ ဖြစ်တယ်။
ကျန်းမာရေးကောင်းအောင်လည်း အနေအထိုင် အစားအသောက်ကို ဆင်ခြင်တဲ့သူဖြစ်တယ်။
“ငါ့ဘဝမှာ အစစ အရာရာ အဆင်ပြေဖို့ ကျန်းမာရေးကောင်းမှ ဖြစ်မယ်”
ကောင်းတာတွေကိုပဲ များများလုပ်မယ်။
ကောင်းမူကုသိုလ်တွေ များများစုမယ်။

(ဆရာတော်ဦးဇောတိက)
နှလုံးသားအာဟာရ

လေဖြတ်နိုင်ခြေ ရှိ၊ မရှိကို မျက်စိမှတစ်ဆင့် သိရှိနိုင်

Photo: လေဖြတ်နိုင်ခြေ ရှိ၊ မရှိကို မျက်စိမှတစ်ဆင့် သိရှိနိုင်

သင့်မျက်စိဟာ သင့်ရဲ့ လေဖြတ်နိုင်ဖြေ ရှိ၊ မရှိကို ပြောပြနိုင်မယ့် ပြတင်းပေါက် ဖြစ်တယ်လို့ သိရပါတယ်။ မြင်လွှာကို ပုံဖော်ကြည့်တာ လေဖြတ်နိုင်ခြေ ရှိ၊မရှိ သိရှိနိုင်ပါတယ်။ မြင်လွှာဟာ ဦးနှောက် အတွင်း သွေးကြောတွေရဲ့ အခြေအနေတွေကို ဖော်ပြနိုင် တာကြောင့်ပါ။ မြင်လွှာကို ပုံဖော်ကြည့်တာ ( Retina Imaging) ဟာ ဈေးနှုန်း ချိုသာပြီး ခွဲစိတ်မှု မပြုလုပ်ရတဲ့ မြင်လွှာအတွင်း သွေးကြောတွေကို စစ်ဆေးနိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။
သုတေသီတွေက သွေးတိုးရောဂါ ရှိပြီး လေဖြတ်မခံ ရဖူးသူ ၂၉၀၇ ယောက်ကို ၁၃ နှစ်ကြာ လေ့လာခဲ့ပါတယ်။ မြင် လွှာအတွင်း သွေးကြောတွေ ပျက်စီးတာဟာ သွေးတိုးရောဂါ ကြောင့် ဖြစ်တတ်ပြီး Hypertensive Retinopaty လို့ ခေါ်ပါ တယ်။ လေ့လာမှု ပြုလုပ်စဉ်မှာ လူနာ ၁၄၆ ယောက်ဟာ သွေးခဲ မှုဖြစ်စဉ်ကြောင့် လေဖြတ်ဝေဒနာ ခံစားရပြီး ၁၅ ယောက်မှာမူ ဦးနှောက်တွင်း သွေးယိုစီးမှုကြောင့် လေဖြတ် ခံရတယ်လို့ သိရပါ တယ်။ Hypertensive Retinopaty အသင့်အတင့်ရှိသူတွေ မှာ လေဖြတ်နိုင်ခြေ ၃၅ ရာခိုင်နှုန်း ပိုမြင့်မားပြီး ဆိုးရွားစွာရှိ သူတွေမှာ ၁၃၇ ရာခိုင်နှုန်း ပိုမြင့်မား တယ်လို့ တွေ့ရှိခဲ့ ပါတယ်။
ဒီလိုလူမျိုးတွေမှာ သွေးဖိအားကို ဆေးဝါးနဲ့ ထိန်းချုပ်နိုင်ရင် တောင်မှ ဦးနှောက်တွင်းသွေးခဲမှုဖြစ်နိုင်ခြေဟာ Hypertensive Retinopaty အသင့်အတင့် ရှိသူတွေမှာ ၉၆ ရာခိုင်နှုန်း ပိုမြင့် မားပြီး ဆိုးရွားစွာ ရှိသူတွေမှာ ၁၉၈ ရာခိုင်နှုန်း ပိုမြင့်မားတယ်လို့ တွေ့ရှိ ထား ပါတယ်။  

BY GOOD HEALTH
သင့်မျက်စိဟာ သင့်ရဲ့ လေဖြတ်နိုင်ဖြေ ရှိ၊ မရှိကို ပြောပြနိုင်မယ့် ပြတင်းပေါက် ဖြစ်တယ်လို့ သိရပါတယ်။ မြင်လွှာကို ပုံဖော်ကြည့်တာ လေဖြတ်နိုင်ခြေ ရှိ၊မရှိ သိရှိနိုင်ပါတယ်။ မြင်လွှာဟာ ဦးနှောက် အတွင်း သွေးကြောတွေရဲ့ အခြေအနေတွေကို ဖော်ပြနိုင် တာကြောင့်ပါ။ မြင်လွှာကို ပုံဖော်ကြည့်တာ ( Retina Imaging) ဟာ ဈေးနှုန်း ချိုသာပြီး ခွဲစိတ်မှု မပြုလုပ်ရတဲ့ မြင်လွှာအတွင်း သွေးကြောတွေကို စစ်ဆေးနိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။
သုတေသီတွေက သွေးတိုးရောဂါ ရှိပြီး လေဖြတ်မခံ ရဖူးသူ ၂၉၀၇ ယောက်ကို ၁၃ နှစ်ကြာ လေ့လာခဲ့ပါတယ်။ မြင် လွှာအတွင်း သွေးကြောတွေ ပျက်စီးတာဟာ သွေးတိုးရောဂါ ကြောင့် ဖြစ်တတ်ပြီး Hypertensive Retinopaty လို့ ခေါ်ပါ တယ်။ လေ့လာမှု ပြုလုပ်စဉ်မှာ လူနာ ၁၄၆ ယောက်ဟာ သွေးခဲ မှုဖြစ်စဉ်ကြောင့် လေဖြတ်ဝေဒနာ

အမေရိကန်တို့ တီထွင်သော အသံထက် ငါးဆမြန်သည့် လေယာဉ်

Photo: အမေရိကန်တို့ တီထွင်သော အသံထက် ငါးဆမြန်သည့် လေယာဉ်

Boeing X-51 လို့ အမည်ပေးထားတဲ့ လေယာဉ် ဖြစ်ပြီး ၂၀၁၀ ခုနှစ် မေလ ကတည်းက စမ်းသပ်လာတာ ယခု နောက်ဆုံး စံချိန်တင်နိုင်မှု ကတော့ တစ်နာရီ မိုင် ၄၀၀၀ ပဲ ဖြစ်ပါတယ်။ 

ကုန်းပေါ်က တစ်နာရီမိုင် ၂၆၀ ပြေးတဲ့ ကားတောင် ကမ္ဘာ့အမြန်ဆုံး မြေပေါ် သွားကားလို့ သတ်မှတ်ထားတာ။ လေထဲမှာ တစ်နာရီ မိုင် ၄၀၀၀ နဲ့သွားရင် မြင်တောင် မြင်လိုက်ရမှာ မဟုတ်ပါဘူး။ မျက်စိ တစ်မိတ် အတွင်းကို Boeing X-51 အစီး ၅၀ အစဉ်လိုက်ဖြတ်ပြန် သွားရင်တောင် မြင် ရဖို့ ခဲနိုင်ပါတယ်။ 

စုစုပေါင်း ၄ စီးရှိပြီဖြစ်ပြီး နောက်ဆုံးအစီးမှာ အောင်မြင်သွားတာပါ။ အမြင့်ပေ ၅သောင်းကနေပြန်သန်းပြီး အသံထက် စံချိန်ချိုးနိုင်ခဲ့ ပါတယ်။ ပင်တဂွန်စစ်ဌာနချုပ်နဲ့ နာဆာတို့ ပူးပေါင်း ဖန်တီးထားတဲ့ လေယာဉ် ဖြစ်ပါတယ်။ လူမပါပါဘူး။ လူမဲ့လေယာဉ် ဖြစ်ပြီး စွယ်စုံ အသုံးပြုမှာ ဖြစ်ပါတယ်။ 

အရွယ်အစားလည်း ကြီးတဲ့အတွက် အာကသ စခန်းပို့တာမျိုး၊ တိုက်ခိုက်ရေး မှာ အသုံးပြုတာမျိုးတို့ ပြုလုပ်ပါ။ ပစ်လွတ်လိုက်တဲ့ ဒုံးကျည်ထက်တောင် သူက အများကြီးမြန်နေပါတယ်။ မြေပြင်ထိန်းချုပ်ရေး အဖွဲ့ က အရေးကြီး ပါတယ်။

Boeing X-51 တစ်စီး ရဲ့  ကာလတန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရှိကြောင်း သိရပါတယ်။
--
Ref:techblog
ရိုးရာလေး နည်းပညာ