“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, September 17, 2012

ဖေဖေ နဲ့ မေမေ

လူသားအားလုံးတို့၏ အဖေ

* ဖေချစ်တို့ ဖေခင်တို့ ဆိုတာ ရှိတော့ ရှိတယ် ရှားတယ်ဆိုတာမျိုးလိုပါ ။
* အလုပ်မှာ တစ်နေကုန်နေရတော့ အဖေ့ကို နေ့စဉ် ရင်ခွင်ပိုက် နို့ချိုတိုက်ခဲ့တဲ့ အမေ့လောက်တော့ ချစ်အားမပိုတာ ဓမ္မတာ ဖြစ်နိုင်ပါတယ် ။
* အဖေဆိုတာလည်း သားသမီးကို ချစ်လျက်နဲ့ ကြောက်အောင် နေပြရတဲ့ ဖန်တီးရှင်မဟုတ်ပါလား ။
* ဒါပေမဲ့ အဖေသာ ရှင်ဘုရင်ကြီးဖြစ်ခဲ့ရင် သားသမီးတွေဟာ အိမ်ရှေ့စံမင်းသား ၊ မင်းသမီးလေးတွေ ဖြစ်လာနိုင်တာပေါ့ ။
* အဖေက ချမ်းသာကြွယ်ဝပြန်တော့လဲ သူဌေးသားသမီးတွေ ဖြစ်ပြန်တာပဲ မဟုတ်လား ။
* အဖေက ကုသိုလ်ရဖို့ ၊ ပညာရဖို့ ၊ ငွေရဖို့ မိသားစုတာဝန်ကျေဖို့ အလုပ်လုပ်နေတာပါ ။
* ဆူးမွေ့ယာလဲ မအိပ်ခဲ့ ၊ ပန်းမွေ့ယာလဲ မစံခဲ့ရပေမဲ့ မငြီးရှာ နှီးဖြာလေးပေါ်က မိသားစုသိုက်မြုံလေးကိုတော့ အဖေ့ဦးနှောက်နဲ့ ကြွက်သားတွေပေါ်မှာ သာယာဖူလုံမှုများနဲ့ လွမ်းခြုံနေနွေးထွေးစေပါတယ် ….။
* ဖောက်ပြန်မှုကင်းမဲ့စွာနဲ့ နှစ်ကိုယ်ပေါင်းတစ်စိတ် နှစ်ယောက်ပေါင်းတစ်ဘ၀ဇြစ်အောင် မေတ္တာတွေ အစဉ်အပိုင်ပေးပြီး အမေ့အတွက်နားလည်မှုအရှိဆုံးဟာ အဖေရယ်ပါ ..။
* အိမ်နီးချင်းဆိုတာ ကလေးချင်းကြောင့် မိန်းမချင်းကြောင့် ခြံမြေတွေကြောင့် စကားများတတ်တယ်ဆိုတဲ့ အဖေ့စကား မိသားစုတိုင်း အလွန်မှတ်သားလိုက်နာသင့်တဲ့ အချက်တွေပါ ..။
* သောက်တယ်ဆိုတာ " အိမ်ထောင်ရေး ၊ စီးပွားရေး ၊ ကျန်းမာရေး ၊ လူမှုရေးတွေကြောင့် မပျက်စီးစေရဘူး " ဆိုတာ အဖေ့နီတိ ( လမ်းညွန်) ပါ …။
* အဖေဟာ အလှချစ် ဓနအချစ်မပါ မေတ္တာချစ်သက်သက်နဲ့သာ အိမ်ထောင်ရေးကို တည်ထောင်ထားသူပါ …။
* ဒါကြောင့် အဖေ့မိသားစုဟာ ငွေမချမ်းပေမယ့် စိတ်ချမ်းသာတဲ့ လူတန်းစားမှာတော့ ထိပ်ဆုံးကပါ …။
*ကြွေးဟောင်းလဲဆပ် ကြွေးသစ်ထပ် နှစ်ရပ်တာဝန် ကျေပွန်ခဲ့တဲ့ အဖေ …။
* သားသမီးဆန်းသမျှ နွမ်းလှတဲ့ အ၀တ်လေးတွေနဲ့ တင့်တယ်နေတဲ့ အဖေ …။
* သားသမီးကို ပခုံးပေါ်တင် ဆံပင်ကိုကိုင်စေပြီး စတိုင်ကျကျ ပွဲပြခဲ့ဘူးတဲ့ အဖေ …။
* သားသမီးအတွက်ဆို အသာမစံ အနာသာခံ သက်သက်ဟာ အဖေလို မိဘတွေမှလွဲလို့ အခြားမရှိ..။
* ရေချိုးတော့ချမ်း အဖေ့ပုဆိုးကြမ်းလေးနဲ့ နွေးထွေးခဲ့ဘူးတယ် …။
* အဖေက ကောင်းစေချင်လို့ ဆုံးမသမျှ အသားနာစေခဲ့ပေမဲ့ ဘ၀မနာစေရပါဘူး …။
* ခုတော့ အဖေ့မှာ ခေတ်ဆန်ပညာတတ်သားသမီးတွေကြား ရှေးရိုးအဘိုးကြီးဖြစ်ခဲ့ရပြါ ပီ …။
* ရွေပုံ ငွေပုံဘေးမှာ မြေးကိုထိန်း ပေးတာယူ ကျွေးတာစား လှိုင်သောအပြုံးစကားများနဲ့ နှောလို့ အားနာနေတာလား အားငယ်နေတာလား ..အဖေရယ် …..။
* အဖေ…..ရေ ခေါ်လို့ ထူးမည့်သူမရှိတဲ့ တစ်နေ့မှာ အဖေ့ပုံရိပ်တွေက လှိုင်သောအပြုံးစကားများနဲ့ စောင့်ရှောက်ပေးနေဦးမှာပါ ….။
* ဒီလောကကြီးထဲမှာ အဖေနဲ့ တူတဲ့ အဖေမျိုးတွေတဖြုတ်ဖြုတ်ကြွေလွင့်သွားကြရင်ေ တာင် များများကြီး ရှိရှိလာနိုင်ပါစေလို့ ဆုတောင်းလျှက်…………….



လူသားအားလုံးတို့၏ အမေ

* အမေ့ အင်္ကျီက ချွေးနံ့လေးတွေက အကျော်ကြားဆုံးဆိုတဲ့ ရေမွှေးတွေထက် သင်းပျံ့ပါတယ် ..။
* သူများတွေ ဘယ်လောက်ချောချော အကျဉ်းတန်တဲ့ ကိုယ့်သားသမီးလေးကို ပိုချစ်တာ အမေပါ ..။
* အမေအော်သမျှ ငေါက်သမျှတွေဟာ ကောင်းစေ တော်စေ ကျော်စေချင်တဲ့ ဆန္ဒတွေနဲ့ပါ ..။
* သူများချစ်တယ်ဆိုတာ အမေမုန်းသလောက်ပဲ ရှိပါတယ် ..။
* ငယ်စဉ် ကလေးဘ၀ အမေ့ရင်ကို ခြေနဲ့ကန်ခဲ့စဉ်က အမေကတော့ ပြုံးပြုံးလေးနဲ့ ချစ်မြဲချစ်ခဲ့တာပါ ..။
* ကြီးလာတဲ့အခါ အမေက စေတနာနဲ့ မာန်မဲတာကို ကိုယ်က မဲ့ရွဲ့ပြီး
အပြုံးမစွက် အမုန်းဖက်လိုက်ရင် မိုက်မဲရာကျမှာပေါ့ …။
* အမေ့ကို စိတ်ချမ်းသာအောင် ပြုစုခြင်းဟာ ရှိခိုးတာနေတာထက် ပိုပြီးမြတ်ပါတယ် ..။
* အမေဟာ ရုပ်ဆိုးတဲ့ ဆင်းရဲတဲ့ မလိမ္မာတဲ့ ပညာမဲ့တဲ့ သားသမီးတွေရဲ့အပေါ်ကို မေတ္တာ တစ်သီတစ်တန်းကြီး တန်းစီနေတဲ့ မသိစိတ်လေးနဲ့ ပိုပြီး ချစ်တတ်ကြပါတယ် ..။
* ကိုယ့်သားသမီးတွေ လိမ္မာယဉ်ကျေးတာ ချမ်းသာကြွယ်ဝတာ ပညာတတ်ပြီး အပေါင်းအသင်း ၀င်ဆံ့တာမြင်ရပြန်တော့ မနာလို မရှုဆိတ်မရှိပဲ ပီတိတွေဖြစ်ပြီးနေတာ အမေရယ်ပါ ..။
* အမေက ချွေးနဲ့ရင်းပြီးပေးထားတဲ့ ပညာတွေတတ်ကာမှ ခေါင်းပေါင်းကြီးနဲ့
တောသူမကြီးပုံပေါက်နေတဲ့ အမေ့ကို လူကုံထံတွေကြားထဲ အမေနဲ့တူတူ တွဲသွားရတာ ရှက်နေတယ်ဆိုရင် အမေ့ရင်ကို တမြေ့မြေ့လောင်မြိုက်သွားအောင် စော်ကားလိုက်တာနဲ့ အတူတူပါပဲ..။
* အမေဟာ ရိုးရိုးအအကြီးပေမယ့် သားသမီးတွေအပေါ်ထားတဲ့ မေတ္တာ စေတနာ အချစ်တွေဟာ ခြယ်မှုန်းမပြတတ်အောင် ဆန်းကြယ်လှပါတယ် ..။
* ဒါကြောင့် အမေဟာ ဘယ်သူနဲ့မှ မတူအောင် ချစ်ဖို့အလွန်ကောင်းတာပါ …။
* အမေ့ကို မချစ်တတ်သူတွေဟာ ဘယ်သူ့ကိုမှ ချစ်တတ်မှာ မဟုတ်ပါဘူး ..။
* အမေ့လို ချစ်တတ်တဲ့သူ ရှာလို့တွေ့ပေမယ့် အတူတော့ မဖြစ်နိုင်ဘူး … အတုပဲဖြစ်မယ် ..။
* အမေ့ကို ငွေနဲ့ပေးဝယ်ထားရတာ မဟုတ်ပါဘူး …ဒါပေမယ့် ငွေနဲ့ပေးပြီးဝယ်လို့ရတဲ့ အရာတိုင်းဟာ တန်ဖိုးဖြတ်နိုင်ပေမယ့် အမေ့ကိုတော့ ဘာနဲ့မှ တန်ဖိုးဖြတ်လို့ မရပါဘူး ..။
* ငွေရှိရင် ဘာမဆို လုပ်နိုင်တယ်လို့ ယုံကြည်ထားသူတွေဟာ ငွေနဲ့ဆက်လို့မရတဲ့ အရာတွေကို မကြာခဏ ကြုံရတောင် သူတို့သိကြမှာ မဟုတ်ပါဘူး …။
* တစ်နေ့နေ့ ဒီအမေနဲ့ ဒီသားသမီးတွေ ပြန်မလာတော့တဲ့လမ်းကနေ လက်ပြနှုတ်ဆက် အပြီးအပိုင် လမ်းခွဲကြရတော့မှာပါ ..။
* အဲဒီအခါကျမှ အမေ မာန်မဲဆုံးမခဲ့တာ ဆည်းလည်းသံချိုချိုလေးတွေက နားထဲမှာ ပဲ့တင်ထပ်ပြီးဆိုမှ မျက်ရည်စတွေနဲ့ နောင်တအရှည်ကြီးတွေ မရကြပါစေနဲ့ ..။
* အမေအသက်ရှည်ရှည်နဲ့ ကုသိုလ်တရားတွေကို အားပါးတရ ရှာမှီးနိုင်ပါစေ …။
* အဖေကလည်း ဒီသားသမီးတွေကို အမေနဲ့အတူတူ မွေးမြူစောင့်ရှောက်ခဲ့ရတာမို့ အဖေ့ကို အမေနဲ့ ထပ်တူညီမျှ စိတ်ချမ်းသာစေရမှာပါ …။
* အဖေရော အမေပါ တို့သားသမီးတွေကြောင့် ချမ်းမြေ့သာယာစွာ လာခြင်းကောင်းပြန်ခြင်းမြတ်အောင် ပြုစုကြစို့….။

--
www.paysatthulover.co.cc

ဗုဒ္ဓါနုဿတိ ပွားများခြင်း...

၁။ အရဟံဂုဏ်တော်
- သတ္တ၀ါတို.၏ အားထားကိုးကွယ်ရာအစစ်ဖြစ်တော်မူသော ထိုဗုဒ္ဓ-မြတ်စွာဘုရားသည် ၀ါသနာနှင်.တကွ ကိလေသာအညစ်အကြေးတို.မှ ကင်းဝေးစင်ကြယ်တော်မူသောကြောင်. "အရဟံ" မည်တော်မူပါပေ၏။
- လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပတည်းဟူသော ကိလေသာဆယ်ပါး၊ အကျယ်ပွားလျှင် တစ်ထောင်.ငါးရာကိလေသာရန်သူတို.ကို ပယ်သတ်တော်မူပြီးသောကြောင်.လည်း " အရဟံ " မည်တော်မူပါပေ၏။
- အ၀ိဇ္ဇာတည်းဟူသော ပုံတောင်းနှင်. ဇရာ၊ မရဏတည်းဟူသည်.အကွပ်ရှိသော ပဋိစ္စသမုပ္ပါဒ်သံသရာစက်ရဟတ်၏ သခါင်္ရမှ ဇာတိကျအောင် ထောက်အကန်.တို.ကို ချိုးဖျက်တော်မူပြီးသောကြောင်.လည်း " အရဟံ " မည်တော်မူပါပေ၏။
- အမြတ်ဆုံးအလှုခံပုဂ္ဂိုလ်ဖြစ်၍ လူ နတ် ဗြဟ္မာ သတ္တ၀ါအပေါင်းတို.၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော ကြောင်.လည်း
" အရဟံ " မည်တော်မူပါပေ၏။
၂။ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်
- သစ္စာလေးပါး ခပ်သိမ်းသောတရားတို.ကို မဖောက်မပြန်မှန်ကန်လှစွာ ကိုယ်တော်တိုင်သာ သိတော်မူသောကြောင်. "သမ္မာသမ္ဗုဒ္ဓ" မည်တော်မူပါပေ၏။
- ထူးသောဥာဏ်ဖြင်. သိသင်.သိထိုက်သောသစ္စာလေးပါးဟူသည်. အဘိညေယျတရား၊ ပိုင်းခြား၍သိထိုက်သော ဒုက္ခသစ္စာဟူသည်. ပရိညေယျတရား၊ ပယ်သင်.ပယ်ထိုက်သော သမုဒယသစ္စာဟူသည်. ပဟာတဗ္ဗတရား၊ မျက်မှောက်သိသင်. သိထိုက်သော နိရောဓသစ္စာဟူသည်. သစ္ဆိကာတဗ္ဗတရား၊ ပွားစေသင်. ပွားစေထိုက်သော မဂ္ဂသစ္စာဟူသည်. ဘာဝေတဗ္ဗတရားအားဖြင်. သစ္စာလေးပါးခပ်သိမ်းသောတရားတို.ကို သူတစ်ပါးထံ နည်းမခံဘဲ ကိုယ်ပိုင်ဥာဏ်စွမ်းဖြင်. မှန်ကန်စွာသိတော်မူသောကြောင်.လည်း "သမ္မာသမ္ဗုဒ္ဓ" မည်တော်မူပါပေ၏။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်
- ၀ိဇ္ဇာဥာဏ်ထူးသုံးပါး၊ ရှစ်ပါး၊ စရဏအကျင်.တရား (၁၅) ပါးတို.နှင်. လုံးဝဥဿုံပြည်.စုံတော်မူသောကြောင်. "၀ိဇ္ဇာစရဏသမ္ပန္န"
မည်တော်မူပပါပေ၏။
- ပုဗ္ဗေနိဝါသဥာဏ်၊ ဒိဗ္ဗစက္ခုဥာဏ်၊ အာသ၀က္ခယဥာဏ်တည်းဟူသော ၀ိဇ္ဇာသုံးပါး၊ ဒိဗ္ဗစက္ခုဥာဏ်၊ ဒိဗ္ဗသောတဥာဏ်၊ က္ကုဒ္ဓိ၀ိဓဥာဏ်၊ စေတောပရိယဥာဏ်၊ ပုဗ္ဗေနိဝါသဥာဏ်၊ ၀ိပဿနာဥာဏ်၊ မနောမယိဒ္ဓိဥာဏ်၊ အာသ၀က္ခယဥာဏ်တည်းဟူသော ၀ိဇ္ဇာရှစ်ပါး၊ ပါတိမောက္ခသံဝရသီလ၊ က္ကုန္ဒြိယသံဝရသီလ၊ ဘောဇနမတ္တညုတာ၊ ဇာဂရိယာနုယောဂ၊ သဒ္ဓါ၊ သတိ၊ ဟိရီ၊ သြတ္တပ္ပ၊ ဗာဟုဿစ္စ၊ ၀ီရိယ၊ ပညာ ရူပါဝစရဈာန် ၄ ပါးတည်းဟူသော စရဏတရား(၁၅)ပါးတို.နှင်. လုံးဝဥဿုံပြည်.စုံတော်မူသောကြောင်. "၀ိဇ္ဇာစရဏသမ္ပန္န" မည်တော်မူပါပေ၏။
၎။ သုဂတဂုဏ်တော်
- ဘေးမဲ.ရပ်ခွင် နိဗ္ဗာန်ဝင်ဖို. မဂ္ဂင်ရှစ်သွယ် တင်.တယ်ဖြောင်.စင်း မငြိမတွယ်သွားခြင်းရှိတော်မူသောကြောင်. "သုဂတ" မည်တော်မူပါပေ၏။
- မကောင်းညစ်ညမ်း အလွန်ဆိုးသွမ်းသည်. ဘေးအနန္န ၀ဋ်ဆင်းရဲသခါင်္ရတို.မှ ကောင်းလှသည်.စခန်း ပြည်နိဗ္ဗာန်မြနန်းသို. ကြွလှမ်းဆိုက်ရောက်တော်မူသောကြောင်.လည်း " သုဂတ" မည်တော်မူပါပေ၏။
- ကျိုးရှိ၊ ဟုတ်မှန်၊ သူနာခံလို၊ မနာလိုအားဖြင်. နှစ်ပါးသော စကားကောင်းကိုသာ သင်.လျော်သောအခါ၌ ကောင်းစွာမိန်.ဆိုတော်မူသောကြောင်.လည်း "သုဂတ" မည်တော်မူပါပေ၏။
၅။ လောက၀ိဒူဂုဏ်တော်
- လောက၏အကြောင်းအရာ အလုံးစုံကို အကုန်အစင်သိမြင်တော်မူသောကြောင်. "လောက၀ိဒူ" မည်တော်မူပါပေ၏။
- သတ္တ၀ါအပေါင်းဟူသော သတ္တလောက၊ ရုပ် နာမ် ဓမ္မ သခါင်္ရတရားအပေါင်းဟူသော သခါင်္ရလောက၊ သတ္တ၀ါတို.၏တည်းနေရာဘုံဌာနဟူသော သြကာသလောကအားဖြင်. လောကသုံးပါးကို ပိုင်းခြားကုန်စင် သိမြင်တော်မူသောကြောင်.လည်း " လောက၀ိဒူ " မည်တော်မူပါပေ၏။
၆။ အနုတ္တရော ပုရိသဒမ္မသာရထိဂုဏ်တော်
- အမြင်.မြတ်ဆုံးဖြစ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ၀ိမုတ္တိဂုဏ်၊ ၀ိမုတ္တိဥာဏဒဿနဂုဏ်တို.နှင်. ပြည်.စုံတော်မူသည်ဖြစ်၍ လောကဓာတ်အားလုံး၌ အမြတ်ဆုံးဖြစ်တော်မူသောကြောင်. "အနုတ္တရ" မည်တော်မူပါပေ၏။
- ယဉ်ကျေးလိမ္မာ၊ ပညာအသိမရှိကြသေး၊ မပြည်.၀သေး၍ အဆုံးအမပေးထိုက်သော တိရစ္ဆာဖို၊ လူယောက်ျား၊ နတ်ယောက်ျားတို.ကို ယဉ်ကျေးလိမ္မာ ပညာပြည်.၀ အချိုးကျအောင် ဆုံးမသွန်သင်တော်မူတတ်သောကြောင်. "ပုရိသဒမ္မသာရထိ"
မည်တော်မူပါပေ၏။
- ဆုံးမထိုက်သော ပုဂ္ဂိုလ်တို.အား ညွှန်ကြားသွန်သင် ပဲ.ပြင်ဆုံးမမှု၌ အတုမရှိအမြတ်ဆုံးဖြစ်တော်မူသောကြောင်.လည်း
" အနုတ္တရော ပုရိသဒမ္မသာရထိ" မည်တော်မူပါပေ၏။
၇။ သတ္တာဒေ၀မနုဿာနံဂုဏ်တော်
- လူ နတ် ဗြဟ္မာ သတ္တ၀ါအပေါင်းတို.ကို အကျိုးမဲ.အမှုများမှ ပိတ်ဆို.မြစ်တားလျက် ကောင်းကျိုးချမ်းသာ ဖြစ်ဖွယ်ရာအကြောင်းတို.ဖြင်. ကောင်းကောင်းညွှန်ပြ၊ ကြီးကျယ်သော လုံ.လဖြင်. ဆုံးမတော်မူတတ်သည်. ဆရာမြတ်အစစ်ဖြစ်တော်မူသောကြောင်.လည်း "သတ္တာဒေ၀မနုဿာနံ" မည်တော်မူပါပေ၏။
၈။ ဗုဒ္ဓဂုဏ်တော်
- သိသင်.သိထိုက်သော ဥေယျဓံငါးပါးတရားအလုံးစုံကို အကုန်အစင်သိမြင်တော်မူသောကြောင်. "ဗုဒ္ဓ" မည်တော်မူပါပေ၏။
- သစ္စာလေးပါး ခပ်သိမ်းသောတရားတို.ကို ပိုင်းခြားကျန ကိုယ်တော်တိုင်သိရပြီးလျှင် ဝေနေယျများစွာ သတ္တ၀ါတို.အားလည်း ညွှန်ကြားဟောဖော် သိစေတော်မူတတ်သောကြောင်.လည်း " ဗုဒ္ဓ" မည်တော်မူ၏။
၉။ ဘဂ၀ါဂုဏ်တော်
- လွန်ကဲထူးမြတ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ၀ိမုတ္တိဂုဏ်၊ ၀ိမုတ္တိဥာဏ ဒဿနဂုဏ်တို.နှင်. .ပြည်.စုံတော်မူသည်ဖြစ်၍ လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို.က အမြင်.မြတ်ဆုံးပုဂ္ဂိုလ်ထူးကြီးအဖြစ်ဖြင်. အလေးအမြတ်ပြုအပ်ပြုထိုက်သောကြောင်. "ဘဂ၀ါ" မည်တော်မူပါပေ၏။
- လောကီလောကုတ္တရာချမ်းသာတို.ကို ဖြစ်စေနိုင်သော ဒါန၊ သီလစသည်.ပါရမီ အဆင်.ဆင်. အမြင်.မြတ်ဆုံးဘုန်းတော်၊ ကံတော်အနန္တတို.နှင်. လုံးဝဥဿုံ ပြည်.စုံတော်မူသောကြောင်.လည်း "ဘဂ၀ါ" မည်တော်မူပါပေ၏။
- လောဘ၊ ဒေါသ၊ မောဟ အစရှိသော တစ်သိန်းမကများလှစွာသော ကိလေသာတို.ကိုလည်းကောင်း၊ အကျဉ်းချုပ်အားဖြင်. ကိလေသမာရ်၊ ခန္ဓမာရ်၊ အဘိသခါင်္ရမာရ်၊ ဒေ၀ပုတ္တမာရ်၊ မစ္စုမာရ်ဟု မာရ်ငါးပါးတို.ကိုလည်းကောင်း၊ ဖျက်ဆီးဖယ်ရှင်းတော်မူပြီးသောကြောင်.လည်း "ဘဂ၀ါ" မည်တော်မူပါပေ၏။
- က္ကုဿရိယ၊ ဓမ္မ၊ ယသ၊ သီရိ၊ ကာမ၊ ပယတ္တဟူသော ဘဂခေါ်ဝေါ် ခြောက်ပါးသော ဘုန်းတော်တို.နှင်. ပြည်.စုံတော်မူသောကြောင်. လည်း "ဘဂ၀ါ" မည်တော်မူပါပေ၏။
- ကိုယ်တော်နှင်.စိတ်တော်ကို ၀သီဘော်မြောက်အောင် အခေါင်အထွက် ဆန္ဒညွတ်ရှိုင်း အလိုရှိတိုင်းနိုင်နင်း၍ အစိုးရတော်မူခြင်းဟူသော က္ကုဿရိယဘုန်းတော်၊ လောကီလောကုတ္တရာတို.၏ အညွန်.အဖူး အထူးအမြတ်ဆုံးဖြစ်သော ဈာန်အဘိဥာဏ်, မဂ်ဖိုလ်တရားတည်းဟူသော ဓမ္မဘုန်းတော်၊ ဟုတ်မှန်သည်.အတိုင်း ဘ၀ဂ်ခိုင်းအောင် ပျံ.လှိုင်းထင်ရှားကျော်ကြားတော်မူခြင်းတည်းဟူသော ယသဘုန်းတော်၊ ယောက်ျားမြတ်တို.၏ ၃၂ ပါးသော လက္ခဏာတော်ကြီး, ရှစ်ဆယ်သော လက္ခဏာတော်ငယ်, ရောင်ခြည်တော်ခြောက်သွယ်တို.ဖြင်. တင်.တယ်ဝင်းပ သပ္ပါယ်တော်မူလှသည်. ရူပကာယ၏ပြည်.စုံတော်မူခြင်း ကျက်သရေတော်တည်းဟူသော သိရီဘုန်းတော်၊ ကိုယ်တော်မြတ်၏အကျိုးစီးပွား, ဝေနေယျသတ္တ၀ါတို.၏ အကျိုးစီးပွားတည်းဟူသော အတ္တဟိတ, ပရဟိတ, နှစ်ပါးတို.၏လိုလားတော်မူသည်.အတိုင်း ပြီးစီးပြည်.စုံခြင်းဟူသော ကာမဘုန်းတော်၊ တစ်လောကလုံး၏ ဆရာဖြစ်ကြောင်း ကောင်းမြတ်သောလုံ.လ သမ္မပ္ပဓာန်ဝီရိယတည်းဟူသော ပယတ္တဘုန်းတော်၊ ဤသို.အားဖြင်. ဘဂခေါ်ဝေါ် ခြောက်ပါးသောဘုန်းတော်တို.နှင်. ပြည်.စုံတော်မူသောကြောင်.လည်း "ဘဂ၀ါ" မည်တော်မူပါပေ၏။
မြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါးကို အောက်မေ.ဆင်ခြင်ပြီးနောက် မိမိအနှစ်သက်ဆုံးဂုဏ်တော်တစ်ခုကို စူးစိုက်၍ အဖန်တလဲလဲအောက်မေ.ဆင်ခြင်လျက် ဗုဒ္ဓါနုဿတိဘာဝနာကို ပွားစေရာ၏။ ထိုသို.အောက်မေ.ဆင်ခြင်သောသူအား ထိုအခိုက်အခါ၌ ရာဂထကြွသောင်းကျန်းသောစိတ်မဖြစ်၊ ဒေါသထကြွသောင်းကျန်းသောစိတ်မဖြစ်၊ မောဟထကြွသောင်းကျန်းသောစိတ်မဖြစ်။ ထိုပုဂ္ဂိုလ်၏စိတ်သည်ဘုရားဂုဏ်တော်ကိုအာရုံပြု၍ ဖြောင်.မတ်စွာဖြစ်၏။
ဤသို. ရာဂစသည်ထကြွသောင်းကျန်းခြင်းမရှိသောကြောင်. နီဝရဏ ကိုခွာပြီးသော ကမ္မဋ္ဌာန်းသို.ရှေးရှုသည်အဖြစ်ဖြင်. ၀ိတက်,၀ိစာရတို.သည် ဘုရားဂုဏ်တော်သို.ညွတ်ကာမပြတ်ဖြစ်ကုန်၏။ ဘုရားဂုဏ်တော်ကို အဖန်တလဲလဲသုံးသပ်ဆင်ခြင်နေသော ယောဂီအား နှစ်သက်ဝမ်းမြောက်ခြင်းပီတိသည် ဖြစ်၏၊ နှစ်သက်ဝမ်းမြောက်သည်.စိတ်ရှိသူအား ပီတိလျှင်နီးသည်ူ.အကြောင်းရှိသော ငြိမ်းအေးမှု-ပဿဒ္ဓိဖြင်. ကိုယ်စိတ်၏ပူပန်ခြင်းတို.သည် ငြိမ်းကုန်၏။ ပူပန်မှုငြိမ်းသောပု၈္ဂိုလ်အား ကိုယ်စိတ်ချမ်းသာခြင်း - သုခဖြစ်၏။ သုခရှိသောသူအား ဘုရားဂုဏ်တော်လျှင်အာရုံရှိသည်ဖြစ်၍ စိတ်သည်ကောင်းစွာတည်ကြည်၏။
ဤသို.သောအစဉ်ဖြင်. တစ်ခုသောခဏ၌ ဈာန်အဂါင်္တို.သည် ဖြစ်ပေါ်ကုန်၏။
သို.သော်လည်း ဘုရားရှင်ဂုဏ်တော်တို.၏ နက်နဲခြင်းကြောင်.လည်းကောင်း၊ အထူးထူးအပြားအပြား များစွာသောဂုဏ်တော်တို.ကို အောက်မေ.ဆင်ခြင်ခြင်းဖြင်. စုတ်စုတ်နစ်နစ်ဆုံးဖြတ်ကာ လေးမြတ်ယုံကြည်ခြင်းကြောင်.လည်းကောင်း၊
အပ္ပနာဈာန်သို.မရောက်မူ၍ ဥပစာရမျှသာဖြစ်သောဈာန်သည်ဖြစ်၏။ ထိုဥပစာရဈာန်သည် ဘုရားဂုဏ်ကို အဖန်တလဲလဲအောက်မေ.သည်၏အစွမ်းအားဖြင်.ဖြစ်သောကြောင်. " ဗုဒ္ဓါနုဿတိ" ဟူ၍သာလျှင် ရေတွက်ခေါ်ဆိုခြင်းသို.ရောက်၏။
ဗုဒ္ဓါနုဿတိရှုပွားခြင်း၏အကျိုးများ
၁။ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို အားထုတ်သူသည် မြတ်စွာဘုရား၌ ရိုသေ, တုပ်ဝပ်ခြင်းရှိ၏။
၂။ ရတနာသုံးပါး၌ သက်ဝင်ယုံကြည်ခြင်း-သဒ္ဓါတရားတိုးပွား၏။
၃။ ဘုရားဂုဏ်တော်ကို အောက်မေ.အမှတ်ရမှု-သတိပြန်.ပြောစွာဖြစ်၏။
၎။ ပညာ၏ပြန်.ပြောခြင်းလည်း ဖြစ်ပေါ်၏။
၅။ ကုသိုလ်ကောင်းမှု၏ ကြီးကျယ်ပြန်.ပြောခြင်းသို.ရောက်၏။
၆။ နှစ်သက်ခြင်း,၀မ်းမြောက်ခြင်း(ပီတိပါမောဇ္ဇ) များစွာဖြစ်၏။
၇။ ကြောက်မက်ဖွယ်ဘေးကြီးဘေးငယ်တို.ကို နှိမ်နင်းနိုင်၏။
၈။ ဆင်းရဲဒုက္ခကို သည်းခံခြင်းငှာစွမ်းနိုင်၏။
၉။ မြတ်စွာဘုရားနှင်.အတူတကွနေရသည်ဟူသော အမှတ်သညာကိုရ၏။
၁၀။ ဗုဒ္ဓါနုဿတိ၏ကိန်းအောင်းရာဖြစ်သော ယောဂီ၏ခန္ဓာကိုယ်သည် စေတီအိမ်(ဘုရားကျောင်း)ကဲ.သို. ပူဇော်ခြင်းငှာထိုက်၏။
၁၁။ ယောဂီ၏စိတ်သည် ဘုရားအဖြစ်၌ညွတ်၏။
၁၂။ လွန်ကျူးအပ်သော ၀တ္ထုနှင်.တွေလျှင်လည်း မြတ်စွာဘုရားကို မျက်မှောက်၌မြင်နေရသကဲ.သို. ရှက်ခြင်း, ကြောက်ခြင်း
(ဟိရီ, သြတ္တပ္ပ) ဖြစ်၏။
၁၃။ မဂ်ဥာဏ်, ဖိုလ်ဥာဏ်ဖြစ်သော အထက်တရားထူးများကို ထိုးထွင်း၍မသိငြားသော်လည်း ကောင်းရာသုဂတိသို.သာလျှင် လားရာရှိပေ၏။
မှတ်ချက်။ ။ အနှိုင်းမဲ့ စာတိုပေစများမှ ကူးယူဖေါ်ပြပါသည်...။

http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1432456&xgs=1&xg_source=msg_share_post

မြတ်စွာဘုရားရှင် ၏ ဥာဏ်တော်(၁ဝ)ပါး

 
၁။ အကြောင်းဟုတ်၊မဟုတ်သိသော ဌာနပဋ္ဌာနကောသလ္လဥာဏ်တော်

၂။ ကောင်းကျိုး၊မကောင်းကျိုးသိသော ဝိပါကဥာဏ်တော်

၃။ သတ္တဝါတို့လားရာရောက်ရာကိုသိသော သဗ္ဗတ္ထဂါမိနီပဋိပဒါဥာဏ်တော်

၎။ အထူးထူးသောဓာတ်သဘောတို့ကိုသိသော အနေကဓာတုနာနာဓာတုဥာဏ်တော်

၅။ သတ္တဝါတို့၏အလိုဆန္ဒအားလုံးကိုသိသော နာနာဓိမုတ္တိကဥာဏ်တော်

၆။ သတ္တဝါတို့၏ဣနြေ္ဒအနုအရင့်ကိုသိသော ဣန္ဒြိယပရောပရိယတ္တဥာဏ်တော်

၇။ ဈာန်၊ဝိမောက္ခ၊သမာဓိ၊သမာပတ်တို့၏ညစ်ညူးခြင်းကိုသိသော ဈာနဝိမောက္ခသမာဓိသမာပတ္တိဥာဏ်တော်

၈။ ရှေးဖြစ်ဟောင်းခန္ဓာအစဉ်ကိုသိသော ပုဗ္ဗေနိဝါသာနုသာတိဥာဏ်တော်

၉။ သတ္တဝါတို့၏စုတေခြင်း၊ပဋိသန္ဓေနေခြင်းကိုသိသော စုတူပပါတ(သို့)ဒိဗ္ဗစက္ခုဥာဏ်တော်

၁ဝ။ အာသဝေါတရားတို့၏ကုန်ရာကုန်ကြောင်းဖြစ်သော အာသဝက္ခယဥာဏ်တော်



ဒီစာဖတ်ပြီး မြတ်စွာဘုရားရှင်ကို ပိုမိုကြည်ညိုနိုင်ကြပါစေဗျာ။

မေတ္တဖြင့်
လင်းရောင်
 
http://www.futuresky-peace.com/profiles/blog/show?id=6375524%3ABlogPost%3A2758254&xgs=1&xg_source=msg_share_post

ဆေးလိပ်သောက်တတ်သူများ နံနက်စောစော မသောက်သင့်

 
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေသည် ဆိုခြင်းမှာ လူတိုင်းသိရှိ နားလည်ကြပြီး လက်ခံထားကြသည်။ ဆေးလိပ်ကို မသောက်ရ မနေနိုင်၍ ဆေးလိပ် သောက်ပါက နံနက်စောစော ဆေး လိပ်သောက်ခြင်းမှာ ပို၍အန္တရာယ် ရှိသည်ဟု ဆိုပါသည်။ ဆေးလိပ်၊ စီးကရက်ကြိုက်တတ် သူများသည် အိပ်ရာမှ နိုးလျှင်ပင် မီးခြစ်နှင့် ဆေးလိပ်ကို ဦးစွာရှာတတ်လေ့ ရှိကြသည်။ နံနက်ပိုင်းသောက်သော ပထမဆေးလိပ်(စီ
းကရက်)တစ်လိပ်သည် အဆုတ်၊ ဦးခေါင်းနှင့် လည်ပင်းတို့၌ ကင်ဆာဖြစ်ရန် အန္တရာယ်အမြင့်မားဆုံး ဖြစ်သည်ဟု အမေရိကန် သုတေသနပညာရှင်များ ကပြောကြားလိုက်သည်။ The Pennsylvania State College of Medicine မှ JoshuaMusCat က စီးကရက် မှန်မှန်သောက်တတ် သူများထဲမှ အဆုတ်ကင်ဆာ ရောဂါလူနာ ၄၇၇၅ ဦးနှင့် အဆုတ် ကင်ဆာမရှိသော လူနာ၂၈၃၆ ဦးတို့ကို နှိုင်းယှဉ်လေ့လာ သုံးသပ်ကြည့်ခဲ့ ကြသည်။ အိပ်ရာမှထပြီး မိနစ် ၃၀နှင့် ၆၀ကြားတွင် ဆေးလိပ်၊ စီးကရက် သောက်သူများသည် မိနစ်၆၀ကြာပြီးမှ သောက်သူများထက် အဆုတ် ကင်ဆာဖြစ်မှု၌ ၁ ဒသမ ၃၁ဆပိုသည်။ အိပ်ရာမှ ထပြီး မိနစ်၃၀ အတွင်း ဆေးလိပ်သောက်သူဖြစ်ပါက အဆုတ်ကင်ဆာဖြစ်မှု၌ ၁ဒသမ၇၉ဆ အန္တရာယ်ပိုကြောင်း တွေ့ရသည်။ ယခုတွေ့ရှိချက်အရ အိပ်ရာထပြီး အနည်းဆုံး မိနစ် ၆၀ ကျော်ပြီးမှသာ ဆေးလိပ်၊ စီးကရက်သောက် ခြင်းသည် အန္တရာယ်နည်းသည်ဆိုသည့် အချက်ကို ဆေးလိပ်ကြိုက်သူများ ဗဟုသုတအဖြစ် သိထားကြ စေလိုပါသည်။

http://www.futuresky-peace.com/profiles/blog/show?id=6375524%3ABlogPost%3A2758414&xgs=1&xg_source=msg_share_post

"ချွေးအလွန်အကျွံ ထွက်ခြင်းကို ဘယ်လို ကုသမလဲ"

ချွေးအလွန် အကျွံ ထွက်ခြင်း Hyperhidrosis ဆိုတာ ကတော့ အေးနေတဲ့ အချိန်နဲ့ အနားယူနေ စဉ်မှာ ချွေးများ ထွက်နေခြင်း ဖြစ်ပါ တယ်။ချွေးအလွန် အကျွံ ထွက်ခြင်းဟာ ချွေးဂလင်းအိတ် အလုပ်လုပ်မှုများတဲ့ သူတွေမှာ ဖြစ်တတ်ပြီး အခြားသော ကျန်းမာရေးပြဿနာ တစ်ခုခုကြောင့် ဥပမာ- စိတ်လှုပ်ရှားခြင်း၊
နှလုံးရော ဂါ၊ သွေးဆုံးခြင်း သို့မဟုတ် ကင်ဆာ ရောဂါ ခံစားနေရသူတွေ မှာလည်း ဖြစ်တတ်ပါတယ်။
ထိုကဲ့သို့သော သူများအတွက် ဆရာဝန် များဟာ မကြာခဏ အလူမီနီယမ် ကလိုရိုက် ပါဝင်တဲ့ ချွေးနံ့ပျောက်ဆေးကို အသုံးပြုဖို့ ညွန်ကြားလေ့ရှိကြပါ တယ်။ Anticholinergic Drugs ကဲ့သို့သောဆေးဝါးများဟာ ချွေး ဂလင်းများအား လှုံ့ဆော်မှုကို ကာ ကွယ်ပေးနိုင်တာကြောင့် အဆိုပါ ဆေးဝါးများကိုလည်း ဆရာဝန်များက ညွှန်ကြားလေ့ရှိပါတယ်။

ဒါပေမယ့် ထို ဆေးဝါးများရဲ့ဘေးထွက်ဆိုးကျိုးက တော့ အာခေါင်ခြောက်ခြင်း၊မူးဝေ ခြင်း၊ ဆီးသွားရတာ ခက်ခဲခြင်းတို့ ဖြစ်စေနိုင်ပါတယ်။Iontophoresis ဆိုတဲ့နည်းလမ်းကတော့ လျှပ်စစ် ဓာတ်ကို အသုံးပြုပြီး ချွေးဂလင်းများ ကို ယာယီပိတ်ဆို့သွားစေကာ ချွေး ထွက်လွန်ခြင်းပြဿနာကို ဖြေရှင်းနိုင် ပါတယ်။
အရေးအကြောင်းပျောက် စေတဲ့ Botox ထိုးဆေးကို အသုံးပြု ပြီး ချိုင်းချွေးအလွန်အကျွံထွက်ခြင်း ပြဿနာကို ဖြေရှင်းနိုင်ပေမယ့် အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်း များတွင် ထိုးပါက ထိုအစိတ်အပိုင်း ရှိ ကြွက်သားများ အင်အားချည့်နဲ့ သွားပြီး ပြင်းထန်စွာ နာကျင်မှုကို ခံစားရစေနိုင်ပါတယ်။ ဒါ့ကြောင့် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ ချွေး အလွန်အကျွံထွက်ခြင်း
အခြေအနေ ကို စနစ်တကျ ကုသသင့်ပါတယ်။

http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1436168&xgs=1&xg_source=msg_share_post

သင့်တို့နဲ့ပတ်သက်တဲ့ ခလေးတွေ ဆဲလ်ဖုန်း(ဟန်းဖုန်း) မပြောပါစေနှင့်

ယနေ့ခေတ်ပြိုင်လူ့ယဉ်ကျေးမှုနှင့်လူ့အဖွဲ့အစည်းအတွင်း၌ သာမန်အပြုအမူ၊အလေ့အထတစ်ရပ်အဖြစ် စွဲမြဲအမြစ်တွယ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်လှပြီဖြစ်သည်။အဝေးပြောဆက်သွယ်ပြန်ကြားရေး နယ်ပယ်တွင် မိမိကိုယ်နှင့်မကွာ ထားရှိကာ တစ်ဦးနှင့်တစ်ဦး အလွယ်ကူ၊အထိရောက်ဆုံး ပြောဆိုဆက်သွယ်နိုင်စေသော ကိရိယာဖြစ်သဖြင့် လူတို့အကြား ဆဲလ်ဖုန်းပြန့်နှံ့ရောက်ရှိမှု အခြေအနေသည် အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် နှစ်အနည်းငယ်အတွင်း သန်းနှင့်ချီ၍ တိုးတက်ခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင် ၂၀၀၀ပြည့်နှစ်က ဆဲလ်ဖုန်းသုံးစွဲသူဦးရေ သန်းပေါင်း ၁၁၀ရှိရာမှ ၂၀၀၇ခုနှစ်သို့ရောက်ရှိသောအခါ သန်းပေါင်း၂၇၀ကျော်သည်အထိ ရောက်ရှိခဲ့သည်ဟု စီတီအိုင်အေကြိုးမဲ့ဆက်သွယ်ရေးအဖွဲ့က အတည်ပြုထားသည်။
သုတေသနပြုတွေ့ရှိချက်များ
ဆဲလ်ဖုန်းထဲမှထွက်ပေါ်လာသောလှိုင်းများသည် လူ၏နားမှတစ်ဆင့် ဦးနှောက်အာရုံကြော စနစ်ကို ရိုက်ခတ်ရာမှ ဘေးဥပါဒ်ဖြစ်စေနိုင်သည်ဟု တွေးတောမိကြရာမှ ၂၀၀၀ပြည့်လွန် နှစ်များမစတင်၍ှ သိပ္ပံနည်းကျ သုတေသနပြုခြင်းဖြင့် စူးစမ်းလေ့လာခဲ့ကြသည်။
၂၀၀၄ခုနှစ်တွင် ထူးခြားသောသုတေသနရလဒ်တစ်ခုပေါ်ထွက်ခဲ့သည်။ထူးခြားသည် ဆိုသော်လည်း မကောင်းသော ထူးခြားမှုဖြစ်သည်။မိုဘိုင်းလ်ဖုန်းကို စွဲစွဲမြဲမြဲသုံးစွဲသူများသည် ၁၀နှစ်ကျော်မျှကြာမြင့်သောအခါ အကြားအာရုံကြောစနစ်ကိုထိခိုက်ရာမှ နောက်ပိုင်းတွင် ဦးနှောက်အကြိတ်ပေါ်လာပြီး ကင်ဆာရောဂါခံစားကြရဖွယ်ရှိသည်ဟူသော တွေ့ရှိချက် ဖြစ်သည်။ဆွီဒင်သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က ကာရိုလင်စကာအင်စတီကျုတွင် သုတေသနပြုကြ ရာမှ ယင်းကဲ့သို့ လေ့လာတွေ့ရှိခဲ့ခြင်းဖြစ်သည်။
၂၀၀၇ခုနှစ်တွင်လည်း ဆီင်္ွဒင်နိုင်ငံ အော်ရေဘရိုတက္ကသိုလ်မှ ဒေါက်တာလင်နတ်ဟာဒဲလ် သည် ထုတ်ဝေခဲ့ပြီးသမျှ လေ့လာတွေ့ရှိချက်များကို ပြန်လည်ခြုံငုံသုံးသပ်ရာမှ-
-ဆဲလ်ဖုန်းသုံးစွဲသူများသည် ဦးနှောက်အကြိတ်ကြီးထွားလာကြောင်း၊
-အကြားအာရုံကြောများရောင်ရမ်းခြင်းနှင့် ဆဲလ်ဖုန်းအသုံပြုခြင်းအကြား ဆက်နွယ်မှုရှိကြောင်း၊
ဆဲလ်ဖုန်းနှင့်ကပ်၍ပြောသော ဦးခေါင်းတစ်ဖက်ခြမ်းတွင် ဦးနှောက်အကြိတ်များ ပေါ်ထွက်လာ ကြောင်း၊
တစ်နေ့လျှင်တစ်နာရီကြာအောင် ဆဲလ်ဖုန်းအသုံးပြုသူများသည် (၁၀)နှစ်နှင့်အထက် ကြာမြင့် သောအခါ ဦးနှောက်အကြိတ်ကြီးထွားလာကြောင်း တွေ့ရှိခဲ့သည်။
အလားတူပင် သြစတြေးလျနိုင်ငံမှ အာရုံကြောခွဲစိတ်ဆရာဝန် ဒေါက်တာဗီနီခူရာနကလည်း ဆဲလ်ဖုန်းအသုံးပြုခြင်း၏ အန္တရာယ်များကို ထောက်ပြခဲ့ပြန်သည်။
သင့်ကလေးအတွက်သတိပြုစရာ
ဒေါက်တာလင်နတ်ဟာဒဲလ်၏ “ကြိုးမဲ့နည်းပညာများ၏ လူထုကျန်းမာရေးထိခိုက်စေမှုများ´´ ဟု အမည်ရသည့် စာတမ်းထဲတွင် ဆဲလ်ဖုန်းအသုံးပြုခြင်းကြောင့် ထိခိုက်လာစေနိုင်သော ကျန်းမာရေးပြဿနာများသည် လူတို့၏အသက်အရွယ်အပိုင်းအခြားနှင့်လည်း သက်ဆိုင် လျက်ရှိကြောင်း သတိပေးထားသည်။အသက်(၂၀)မတိုင်မီ ဆဲလ်ဖုန်းအသုံးပြုပြောဆိုခဲ့ ကြသူများအနေဖြင့် အသက်(၂၀)ကျော်လွန်ပြီးမှ သုံးသူများထက် ဦးနှောက်အကြိတ် ကင်ဆာရောဂါကို ပိုမိုခံစားရဖွယ်ရှိနိုင်ကြောင်း အတိအလင်းထောက်ပြထားရာ မိမိတို့၏ ကလေးများ ယင်းရောဂါဘယဘေးမှကင်းဝေးစေရန် အလေးထားသင့်သည်ဟု ရေးသား တင်ပြလိုက်ပါသည်။
ခေတ်မှီဘို့ လိုအပ်သလို ကျန်းမာရေးအသိလဲလိုအပ်ပါတယ် အလိုလိုက်တယ်ဆိုတာ တစ်ခါတရံ ကောင်းပင်မဲ့
တစ်ခါတရံကျတော့ အလိုလိုက်ချင်းဟာ ကိုယ်လူကိုသတ်တာနဲ့တူနေတက်တယ်ဆိုတာလဲ သူငယ်ချင်းတို့
အားလုံးသတိထားဘို့ လိုအပ်ပါတယ်.....။
*********************************************************

http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogPost%3A7980058&xgs=1&xg_source=msg_share_post

မိန်းမချောလေးရဲ့ ရင်သပ်ရှုမောဖွယ်ပြကွက်ဆန်း...

သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ထိုင်းနိုင်ငံက မိန်းမချောလေး တွင်ဂျိုင်ပင်ဆန် ရဲ့ ရင်သတ်ရှုမောဖွယ် ပြကွက်ဆန်းလေးကို ကြည့်ကြရအောင်နော်...._"အား...!!!!" လို့ အော်မိမှာတော့  အသေအချာပါပဲ.... မြင်ကွင်းကတော့ မိန်းမလှလေးတစ်ယောက် တောရိုင်းတိရိစ္ဆာန် မိကျောင်းကြီး တစ်ကောင်နဲ့ အသက်ကိုရင်းပြီး အလောင်းအစား လုပ်နေတဲ့ အသည်းယားစရာ အခိုက်အတန့်  ပြကွက်တစ်ခုပဲဖြစ်ပါတယ်၊ အသက် (၂၇)နှစ်အရွယ်ရှိ လှပျိုဖြူလေးကတော့ အချိုသာဆုံးအပြုံးနဲ့  သာမန်လူတစ်ယောက် တွေးပင်မတွေးဝံ့ လောက်တဲံ့ လုပ်ရပ်အဖြစ် သေမင်းတမန် မိကျောင်းကြီးရဲ့ ပါးစပ်အတွင်းသို့ သူမရဲ့ ဦးခေါင်းကို ထည့်ပြနေတာပဲဖြစ်ပါတယ်၊ သစ်သားအပိုင်းအစလေး တစ်ခုကို အသုံးပြုကာ ထိုင်းမလေး တွင်ဂျိုင်ပင်ဆန် ဟာ မိကျောင်းကြီးရဲ့ ပါးစပ်ကို ဟခိုင်းပြီး သူမရဲ့ ဦးခေါင်းကို မိချောင်းကြီးရဲ့ ပါးစပ်အတွင်း စက္ကန့် ၃၀ ကြာမျှထားပြ ခဲ့ ပါတယ်။တစ်ကနေ သုံးဆယ်အထိ ရေတွက်ထားနော်...
မတွေးရဲစရာပါပဲ...အခုနေများ မိကျောင်းကြီးနှာချေလိုက်ယင်....
သူမနဲ့ ရေသတ္တ၀ါတို့ရဲ့ဘုရင် မိကျောင်းကြီးတို့ အကြား နားလည် ယုံကြည်စိတ်ချမှုကြောင့်  Snappy လို့  တိစ္ဆာန်ရုံ ၀န်ထမ်းများက ချစ်စနိုးခေါ်ကြတဲ့  မိကျောင်းကြီးရဲ့ ပါးစပ်ထဲကနေ မိန်းမလှလေးတွင်ဂျိုင် ဟာ အံ့သြစရာ ကောင်းလောက် အောင်ပင် ဘေးမသီ ရန်မခ၊ အထိအခိုက်မရှိ ပြန်ထွက်ပြနိုင်ခဲ့ ပါတယ်၊ အဆိုပါ မိကျောင်းနဲ့ လှပျိုဖြူလေးတို့ ဟာ မယုံကြည်နိုင်ဖွယ်ရာ ပြကွက်ကို တစ်ပတ်လျှင် နှစ်ကြိမ်မျှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အနီးရှိ ဆရီရာချာ တိရိစ္ဆာန်ရုံမှာ တင်ဆက်ပြသလျှက်ရှိနေပါတယ်။
မိန်းမချောလေးတွင်ဂျိုင်ကို တည်ငြိမ်အေးချမ်းလှတဲ့ မတုန်မလှုပ်ဟန်နဲ့  တုံ့ ပြန်နေတဲ့ Snappy မိကျောင်းကြီးဟာ အစာစားချိန်မှာတော့ ကြက်တွေကို အကောင်လိုက် ၀ါးမြိုစားတတ်တဲ့  အသားစားတိရိစ္ဆာန်ကြီး ဖြစ်နေပါတယ်၊ ထွင်ဂျိုင် ပြောပြတာကတော့... ""ဒီလို သရုပ်ဆောင်ရတိုင်း ကြောက်စိတ်မဖြစ်မိပါဘူး၊ ဘာဖြစ်လို့ လည်းဆိုတော့ ဒီလိုလုပ်နေခဲ့ တာ နှစ်ပေါင်းများစွာ ကြာခဲ့ တဲ့ အပြင် တစ်ခါမှလည်း ထိခိုက်ဒါဏ်ရာရမှု မရှိခဲ့ လို့ ပါပဲ၊ လူအများစုကတော့ ဒီလိုလုပ်တာဟာ ရူးလို့ ၊ စိတ်မမှန်တဲ့ သူတစ်ယောက်ရဲ့ အပြုအမူလို့ ထင်မယ်ဆိုတာ ကျွန်မသိပေမယ့်  ဒါဟာ ကျွန်မရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ဖြစ်သလို ဒီလိုစွန့် စားပြရတာကိုလည်း နှစ်သက် သဘောကျမိပါတယ် ကျွန်မ ဒီမှာ အလုပ်လုပ်နေခဲ့ တာ ခြောက်နှစ်ရှိခဲ့ ပြီး ကျွန်မရဲ့ ခင်ပွန်းဖြစ်သူ ၀မ်ချိုင်းလည်း ဒီမှာပဲ အလုပ်လုပ်နေပါတယ်၊ ကျွန်မ မိကျောင်းတွေနဲ့ အလုပ်လုပ်တဲ့ အခါ သူတို့ ကို စိတ်ချယုံကြည်ရပြီး လေးစားရပါတယ်... အချိန်တွေကြာလာတာနဲ့ အမျှ သူတို့ ဘယ်လို သွားလာလှုပ်ရှားတယ်ဆိုတာ သိရှိနားလည်လာပြီး သူတို့ ကလည်း ကျွန်မတို့ အကြောင်းကို သိရှိနားလည်သွားကြတာပါပဲ"" လို့ သူမကရှင်းပြခဲ့ ပါတယ်။
ထိုင်းနိုင်ငံမှာ နေထိုင်လျှက်ရှိတဲ့ အသက် (၅၀)အရွယ်ရှိ ဓါတ်ပုံဆရာ တိုနီဟန်းစ်ကုမ့် ဘ် ဟာ အဆိုပါ မိကျောင်းနဲ့ လှယမင်းတို့ရဲ့ အံ့ ဖွယ်ရာ ပြကွက်ကို မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့ တာဖြစ်ပါတယ်၊ "ကျွန်တော့် ဖြင့် တစ်ခါမှ ဒီလိုမျိုး မမြင်ဘူးခဲ့လို့ ပထမဦးဆုံးအကြိမ် စတွေ့ လိုက်ရတော့ အကြီးအကျယ်ကို အံ့ သြတုန်လှုပ်သွားခဲ့ ရပါတယ်၊ မိန်းကလေး တွင်ဂျိုင် နဲ့ ကြောက်စရာ မိကျောင်းကြီးတို့ အခုလို ဘာမှမဖြစ်ပဲ သရုပ်ဆောင်ပြနိုင်တာကိုက တစ်ကယ့် ကို မယုံကြည်နိုင်လောက်စရာ ကောင်းလှပါတယ်" လို့ သူကထပ်ပြောပြခဲ့ ပါတယ်။

http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1435275&xgs=1&xg_source=msg_share_post

ချောမောလှပသည့် အမျိုးသမီး ဟက်ကာ ၅ ယောက်

Kristina Vladimirovna Svechinskaya
 New York တက္ကသိုလ် ကျောင်းသူ ရုရှား နှိင်ငံသူလေးပါ။Zeus trojan horse ကို အသုံးပြုပြီးတော့ အင်္ဂလန်နဲ့ အမေရိကန် ထောင်ချီတဲ့ ဘဏ်အကောင့်များစွာကို ဖောက်ယူနိင်သည့် အပြင် ပတ်စပိုစ် အတုများဖြင့် အမေရိကန်နှိင်ငံ Bank of America နဲ့  Wachovia. တို့မှာ အကောင့် ငါးခုဖွင့်ထားကြောင်းနောက်ဆုံး သိရသည်။

Joanna Rutkowska ပိုလန်နှိင်ငံ သူဖြစ်ပြီး security specialist တစ်ယောက်ပါ။သူဟာ Blue Pill ကိုတည်ထွင်ခဲ့ပြီး  Windows Vista Beta 2 ကို နည်းလမ်းနှစ်လမ်းနဲ့  ဟက်ဖို့ ကမ္ဘာ ကို စိန်ခေါ်ခဲ့ပါတယ်။

Xiao Tian ၁၉ နှစ်သာ၇ှိသေးတဲ့ Xiao  ဟာ တရုတ် အမျိုးသမီး ဟက်ကာတွေထည်းမှာတော့ ဗိုလ်ချုပ်တစ်ယောက်ပါ။the Cn Girl Security Team  ခေါ်တဲ့ သှူုရဲ့ ဂရုမှာ အခုဆိုရင် အဖွဲ့ဝင်ပေါင်း ၂၂၀၀ ကျော်ပါပြီ။



Raven Alder
Raven မှာ security testing နဲ့  ISP engineering ဆိုတဲ့ ကြောထောက်နောက်ခံ ပညာရပ်နှစ်ခုလုံး၇ှိပါတယ်။ Raven ဟာ Senior Backbone Architect နဲ့ Senior Security Consultant   အဖြစ် လုပ်ကိုင်လျှက်ရှိပါ တယ်။သူမဟာ security Network အကြောင်းကို အထူးတလည်စိတ်ဝင်စား ပိုင်နှိင်သူဖြစ်သည်ဟုဆို၏....


Ying Cracker
Ying ဟာ တရုတ်နှိင်ငံရဲ့ အလှဆုံး အမျိုးသမီး ဟက်ကာတစ်ယောက်ပါ။ သူမဟာ webspace တွေအကြောင်း နဲ့ Tools တော်တော်များများကို တည်ထွင်ရေးသား နှိင်ခဲ့ပါတယ်..တဲ့..ဗျာ....
-
-
http://www.kzarboworld.com/profiles/blog/show?id=5098850%3ABlogPost%3A87029&xgs=1&xg_source=msg_share_post