“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, July 22, 2013

""" လွင့်မျောခွင့် """

မပြုံးနိုင်တဲ့ ဒီလိုနေ့ရက်တွေထဲ
မုန်းလိုက်ချင်တယ် ဒီဘဝ
ရွက်ကြွေတစ်ခုသာ ဖြစ်လိုက်ပါတော့လား
လေ့နှင်ရာ လွင့်ပလိုက်ချင်တယ် ...

အတိတ်မှာ ရူးခဲ့လို့
အဆိပ်တွေလည်း ဆူးနေပီ
စဉ်းစားမိတာက
ငါဘာလို့ မရူးသေးတာလဲဆိုတာပါဘဲ ...

ရှေ့တိုးခွင့် မရှိဘူး နောက်ဆုတ်ခွင့် မရှိဘူး
အားပေးသူ မရှိဘူး နှစ်သိမ့်မယ်သူ့ မရှိဘူး
ရင်ထဲက အမှန်တရားတွေအတွက်
အားလုံးက မှားတယ်ပြောမှာ စိုးထိတ်ရင်း
ငါ့ညတွေ အိပ်ပျက်ပေါင်းများလှပါပီ ...

ငါမျက်ရည် မကျပေမယ့်
ငါ့နှလုံးသားကတော့ ငိုရလွန်းလို့ မောလှပြီ
သြ ... ဘ၀ရယ် ဘယ်အချိန်ထိ ခါးဦးမှာလဲ
ငါ ခံနိုင်ရည် မရှိတော့လို့ပါ ....

သိထားသင့်သော ကယ်လိုရီတန်ဖိုးများ



မိမိစားသုံးသည့် အစားအစာများတွင် အင်အားဓါတ်မည်မျှပါသည်ကို သိထားခြင်းအားဖြင့် အစားအစာကို ချင့်ချိန်စားသုံးနိုင်ရန်အတွက် အသုံးများသော အစားအစာများဧ။် ကယ်လိုရီတန်ဖိုးများကို ဖော်ပြပါသည်။

ထမင်း (၁ပန်ကန်) ၂၆၀ ကယ်လိုရီ

ကြက်ဥ (အစိမ်း) ၇၈ ကယ်လိုရီ

ကြက်ဥကြော် (၁လုံး) ၁၀၇ ကယ်လိုရီ

coke cola (သံဘူး)၁ဘူး ၁၁၇ ကယ်လိုရီ

သကြား (ဇွန်းသေး၁ဇွန်း) ၆၀ ကယ်လိုရီ

ပန်းသီး ( ၁လုံး) ၅၂ ကယ်လိုရီ

ငှက်ပျောသီး (၁လုံး) ၃၈ ကယ်လိုရီ

သရက်သီး (၁လုံး) ၁၀၂ ကယ်လိုရီ

သဘောင်္သီး (၁စိတ်) ၅၃ ကယ်လိုရီ

black forest cake (၁တုံး) ၂၇၄ကယ်လိုရီ

plain cake (၁တုံး) ၁၄၁ကယ်လိုရီ

ကြာဇံကြော် (၁ပန်းကန်) ၂၉၄ကယ်လိုရီ

ဒန်ပေါက်ထမင်း (၁ပန်းကန်) ၄၄၈ကယ်လိုရီ

ထမင်းကြော် (၁ပန်းကန်) ၆၃၇ကယ်လိုရီ

အသားညှပ်ဘာဂါ (၁ခု) ၅၇၀ကယ်လိုရီ

မိမိတို့စားသုံးတဲ့ အစားအစာတွေမှာ ကယ်လိုရီတွေ ဘယ်လောက်ပါတယ်ဆိုတာ

သိထားခြင်းအားဖြင့် အစားအစာတွေကို ဆင်ခြင်ပြီးစားသုံးနိုင်ပြီးအ၀လွန်ခြင်းကို

ထိန်းသိမ်နိုင်ပါတယ်။ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများ ရရှိနိုင်ပါတယ်။