“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, September 10, 2013

ကလေးယူမည့်ဖခင်များ ဆေးလိပ်ဖြတ်ရမည်

ကလေးယူမည့်ဖခင်များ ဆေးလိပ်ဖြတ်ရမည်

ကလေးယူရန် ကြိုးစားမည့် မိခင်လောင်းများသာမက ဖခင်လောင်းများသည်လည်း ဆေးလိပ်ဖြတ်ရန်လိုအပ်ကြောင်း ဆရာဝန်များက ရက်နေ့တွင် သတိပေးလိုက် သည်။ ဖခင်လောင်းများ ဆေးလိပ်သောက်သုံးခြင်းကြောင့် မွေးဖွားလာမည့်ကလေးတွင် ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေ များပြားသည်ဟုဆိုသည်။ ဆေးရွက်ကြီးတွင် ပါဝင်သော အဆိပ်များသည် သုက်ပိုးတွင် ပါဝင်သော ဒီအန်အေကို ထိခိုက် ပျက်စီးစေသောကြောင့် ကလေးသန္ဒေတည်ချိန် ၌ပျက်စီးနေသော ဖခင်ဘက်မှ ဒီအန်အေကြောင့် ကလေးတွင် ကင်ဆာရောဂွ ဖြစ်ပွားနိုင်ခြေ များပြားသည်ဟုဆိုသည်။ သြစတြေးလျ နိုင်ငံ ပါ့သ်မြို့မှ သုတေတနပညာရှင် များသည် သွေးကင်ဆာ ရောဂါရနေသော ကလေး ၃၈၈ဦး၏ မိဘများကို စစ်ဆေးမေးမြန်းကာ သုတေသနပြုလုပ်ခဲ့သည်။ ယင်းသို့ ပြုလုပ်ခဲ့ရာ ၌ ဖခင်ဖြစ်သူ ဆေးလိပ်သောက်ခြင်းကြောင့် ကလေးတွင် ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေ ၁၅ရာခိုင်နှိုင်း ပို၍ များပြားကြောင်း တွေ့ရှိခဲ့ရသည်။

By ပြည်မြန်မာ
ကလေးယူရန် ကြိုးစားမည့် မိခင်လောင်းများသာမက ဖခင်လောင်းများသည်လည်း ဆေးလိပ်ဖြတ်ရန်လိုအပ်ကြောင်း ဆရာဝန်များက ရက်နေ့တွင် သတိပေးလိုက် သည်။ 
ဖခင်လောင်းများ ဆေးလိပ်သောက်သုံးခြင်းကြောင့် မွေးဖွားလာမည့်ကလေးတွင် ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေ များပြားသည်ဟုဆိုသည်။ ဆေးရွက်ကြီးတွင် ပါဝင်သော အဆိပ်များသည် သုက်ပိုးတွင် ပါဝင်သော ဒီအန်အေကို ထိခိုက် ပျက်စီးစေသောကြောင့် ကလေးသန္ဒေတည်ချိန်

Shodan (သို့) အင်တာနက်ပေါ်မှ ကြောက်စရာ အကောင်းဆုံး Search Engine

Shodan (သို့) အင်တာနက်ပေါ်မှ ကြောက်စရာ အကောင်းဆုံး Search Engine

“လူတွေက Google ပေါ်မှာ ရှာလို့ မတွေ့ဘူးဆိုရင် ကိုယ့်ရဲ့ ကွန်ယက် လုံခြုံရေးက အရမ်းကောင်းနေပြီး ဘယ်သူမှ မတွေ့နိုင်ဘူးလို့ ထင်နေကြပါတယ်။ အဲဒါဟာ လွန်စွာမှ မှားယွင်းတဲ့ အတွေးပါပဲ။” ဟု Shodan (သို့) အင်တာနက်ပေါ်မှ ကြောက်စရာ အကောင်းဆုံး search engine အား တီထွင်ခဲ့သူ John Matherly က ဆိုခဲ့သည်။ 

Shodan က search engine ပါပဲ။ ဒါပေမယ့် သာမန် search engine မဟုတ်ပါဘူး။ Google တို့ Bing တို့လို ဝက်ဘ်ဆိုဒ်တွေကို ရှာပေးတဲ့ search engine မဟုတ်ပါဘူး။ Shodan ရှာပေးမယ့် အရာတွေကတော့ အင်တာနက်ရဲ့ ပင်မကျောရိုးတွေဖြစ်တဲ့ ဆာဗာတွေ၊ router တွေ၊ ကင်မရာတွေ၊ printer တွေနဲ့ အခြားအခြားသော အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ ပစ္စည်းတွေကိုပဲ ဖြစ်ပါတယ်။ ကြောက်စရာ အရမ်းကောင်းတယ် မဟုတ်ပါလား။ 

Shodan ဟာ ၂၄ နာရီပတ်လုံး အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ ကမ္ဘာတစ်ဝန်းရှိ ပစ္စည်းပေါင်း သန်း ၅၀၀ ခန့်ကို ရှာဖွေပေးတယ်လို့ ဆိုပါတယ်။ Shodan သုံးပြီး ရှာတွေ့နိုင်တဲ့ အရာတွေက ကျောချမ်းစရာတောင် ကောင်းပါတယ်။ အချက်ပြမီးပွိုင့် ထိန်းချုပ်စနစ်နဲ့ လုံခြုံရေး ကင်မရာတွေကစပြီး ရေအားလျှပ်စစ် စက်ရုံနဲ့ နျူကလီးယားဓာတ်ပေါင်းဖို့ ထိန်းချုပ်စနစ်များပါ ပါဝင်နေပါတယ်။ 

Default Password ပဲ သုံးထားတဲ့ လုံခြုံရေးစနစ်တွေဟာ မရေတွက်နိုင်အောင် များပြားလှတာကို တွေ့ရပါမယ်။ ပိုလို့ဆိုးတာက လုံခြုံရေးစနစ် လုံးဝ မပါရှိတဲ့ စနစ်တွေက ပိုလို့တောင် များနေပါတယ်။ မသမာသူတွေ လက်ထဲကိုသာ Shodan ရောက်ရှိသွားရင် ကမ္ဘာကြီးတော့ ဒုက္ခလှလှ တွေ့နိုင်ပါတယ်။ 

နောက်တစ်ချက်က Shodan သုံးပြီး တွေ့ရှိလာတဲ့ အရာတွေထဲက အများစုဟာ တကယ်တမ်းတော့ လုံခြုံရေးအရ အင်တာနက်နဲ့ ချိတ်ဆက်ထားဖို့တောင် မသင့်တော်ပါဘူး။ ဥပမာ - စက်ရုံတစ်ခုရဲ့ အပူပေးစနစ်ကို ကွန်ပြူတာနဲ့ ထိန်းချုပ်နိုင်ပါတယ်။ ဒါပေမယ့် နည်းပညာကုမ္ပဏီ အများစုက အပူပေးစနစ်နဲ့ ကွန်ပြူတာစနစ်ကို တိုက်ရိုက် ချိတ်ဆက်ရမယ့်အစား လွယ်ကူတဲ့ နည်းလမ်းဖြစ်တဲ့ အင်တာနက်ဆာဗာသုံးပြီး ချိတ်ဆက်လိုက်တဲ့အခါ ဤစက်ရုံရဲ့ အပူပေးစနစ်ကို ကမ္ဘာတစ်ဝန်းကနေပြီး အင်တာနက်ပေါ်မှာ ရှာတွေ့နိုင်ပြီး အလွယ်တကူ ထိန်းချုပ်သွားနိုင် ပါတော့တယ်။ 

ကောင်းတဲ့ သတင်းတစ်ခုကတော့ လောလောဆယ်မှာ Shodan ကို ကောင်းမွန်ပြီး အကျိုးရှိတဲ့ ကိစ္စတွေအတွက်ပဲ အသုံးပြုနေပါတယ်လို့ John Matherly ဆိုပါတယ်။ Matherly ဟာ Shodan ကို လွန်ခဲ့တဲ့ ၃ နှစ်က တည်ထွင်ခဲ့တာဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာ Shodan ကို အသုံးပြုနေသူများဟာ ကွန်ယက်လုံခြုံရေး စမ်းသပ်သူတွေ၊ ပညာရှင်တွေ၊ အာဏာပိုင် အဖွဲ့အစည်းတွေပဲလို့ သိရှိရပါတယ်။ သာမန်သူတစ်ဦး အနေနဲ့ Shodan ကို သုံးမယ်ဆိုရင် account မပါပဲနဲ့ ရှာဖွေမှု ၁၀ ခု ပြုလုပ်နိုင်ပြီး account ဖွင့်ပြီးပါက ရှာဖွေမှု ၅၀ အား ပြုလုပ်နိုင်မည်ဖြစ်သည်။ ဒီထက်ပိုပြီး နက်နဲစွာ အသုံးပြုမယ်ဆိုရင်တော့ အချက်အလက် အပြည့်အစုံ တင်ပြရမည်ဖြစ်သလို အခကြေးငွေလည်း ပေးဆောင်ရမည်ဟု သိရှိရသည်။
“လူတွေက Google ပေါ်မှာ ရှာလို့ မတွေ့ဘူးဆိုရင် ကိုယ့်ရဲ့ ကွန်ယက် လုံခြုံရေးက အရမ်းကောင်းနေပြီး ဘယ်သူမှ မတွေ့နိုင်ဘူးလို့ ထင်နေကြပါတယ်။ အဲဒါဟာ လွန်စွာမှ မှားယွင်းတဲ့ အတွေးပါပဲ။” ဟု Shodan (သို့) အင်တာနက်ပေါ်မှ ကြောက်စရာ အကောင်းဆုံး search engine အား တီထွင်ခဲ့သူ John Matherly က ဆိုခဲ့သည်။

Shodan က search engine ပါပဲ။ ဒါပေမယ့် သာမန် search engine မဟုတ်ပါဘူး။ Google တို့ Bing တို့လို ဝက်ဘ်ဆိုဒ်တွေကို ရှာပေးတဲ့ search engine မဟုတ်ပါဘူး။ Shodan ရှာပေးမယ့် အရာတွေကတော့ အင်တာနက်ရဲ့ ပင်မကျောရိုးတွေဖြစ်တဲ့ ဆာဗာတွေ၊ router တွေ၊ ကင်မရာတွေ၊ printer တွေနဲ့ အခြားအခြားသော အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ ပစ္စည်းတွေကိုပဲ ဖြစ်ပါတယ်။ ကြောက်စရာ အရမ်းကောင်းတယ် မဟုတ်ပါလား။

Shodan ဟာ ၂၄ နာရီပတ်လုံး အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ ကမ္ဘာတစ်ဝန်းရှိ ပစ္စည်းပေါင်း သန်း ၅၀၀ ခန့်ကို ရှာဖွေပေးတယ်လို့ ဆိုပါတယ်။ Shodan သုံးပြီး ရှာတွေ့နိုင်တဲ့

"အစက ကြိုသိခဲ့ရင်ကွယ်"(ဟာသ)

Photo: "အစက ကြိုသိခဲ့ရင်ကွယ်"

လူရွယ်လေးတစ်ယောက် ဆေးဆိုင်တစ်ဆိုင်ထဲ ဝင်လာတယ်
ဆိုင်ရှင်ဦးလေးကြီးက မေးတယ်... ...

"ဘာလိုချင်လို့လဲ ငါ့တူ"
"အဲ... ကွန်ဒုံ"

"ဘယ်နှခုလဲကွ"
"အင်း... အဲ ဘယ်နှခု ဝယ်ရပ့ါ"

"ကိုယ့်ဟာကိုတောင် ဘယ်နှစ်ခုလိုအပ်မှန်း မသိဘူးလား"
"အော် ဦးလေးကလည်း၊ ကောင်မလေးနဲ့က ဒီနေ့ညမှ အပြင်မှာ နှစ်ယောက်ထဲ တွေ့ရမှာဗျ"

"အော်... "
"ဒီတော့ လိုရမယ်ရ တစ်ဒါဇင်ပေး"

ဒါနဲ့...
ကောင်လေးလည်း ကွန်ဒုံဘူးကို ဘောင်းဘီအိတ်ထဲထည့်ပြီး ကောင်မလေးအိမ်ကို ချီတက်ခဲ့တယ်
ကောင်မလေးမိဘတွေက သူ့ကို တွေ့ဖူးချင်တယ်ဆိုလို့ လာတွေ့ရတာလေ
မိဘတွေနဲ့ ညစာစားရင်း စကားစမြည်ပြော၊ ပြီးတာနဲ့ ကောင်မလေးကို အပြင်ခေါ်ထုတ်ပြီး အခြေအနေကောင်းရင်တော့ ... အိုကေပေါ့ အကြံဆိုးကြီးနဲ့

ကောင်မလေးအိမ်ရောက်တော့ ညစာစားပွဲက အဆင်သင့်ဖြစ်နေပြီ
ဒါပေမယ့်...
ကောင်မလေးရဲ့ အဖေ အလုပ်ကပြန်မလာသေးလို့ ခဏစောင့်နေရသေးတယ်
တော်တော်လေးကြာတော့ သူ့အဖေပြန်ရောက်လာတယ်
ဒါနဲ့ ထမင်းဝိုင်းမှာ ထိုင်ကြရော...
ဘာသာရေးထုံးစံအရ ညစာမစားခင် ဆုတောင်းကြတယ်

ခက်တာက...
ခေါင်းကြီးငုံ့ပြီး ဆုတောင်းနေတဲ့ ကောင်လေးခေါင်းက တော်တော်နဲ့ပြန်မော့မလာဘူး
အကြာကြီး ဆုတောင်းနေပုံရတယ်
ဒါနဲ့ ကောင်မလေးက တိုးတိုးလေးကပ်ပြောတယ်... ...

"မောင် ဒီလောက်ထိ ဘာသာတရားကိုင်းရှိုင်းမှန်း အစ,က ကျမ မသိဘူး"

ဒီတော့ ကောင်လေးက ပြန်ပြောတယ်... ...

"လမ်းထိပ်က ဆေးဆိုင်ပိုင်ရှင်ဟာ ချစ်လေး ဖေဖေမှန်း၊ မောင်လည်း အစ,ကမသိဘူး"... တဲ့။

သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko

www.google.com.mm တွင် မြန်မာ Font နှင့် Keyboard အသုံးပြုနိုင်ရန် ဆောင်ရွက်နည်း

Photo: www.google.com.mm တွင် မြန်မာ Font နှင့် Keyboard အသုံးပြုနိုင်ရန် ဆောင်ရွက်နည်း

Mozilla Firefox တွင် ပြုလုပ်နည်း 

အဆင့် ၁ - Firefox ၏ Menu တွင် Tools အား နှိပ်ပါ။ 
အဆင့် ၂ - Tools မှတဆင့် Add-ons အား နှိပ်ပါ။ Add-ons Manager သို့ ရောက်သွားပါလိမ့်မယ်။ 
အဆင့် ၃ - ညာဖက် အပေါ်ထောင့်ရှိ Search ၌ “Tagu” ဟု ရိုက်သွင်းပြီး ရှာဖွေပါ။ 
အဆင့် ၄ - ရှာဖွေရရှိသည့် အဖြေများထဲမှ Tagu အား ရွေးချယ်ပြီး Install လုပ်ပါ။ 
အဆင့် ၅ - Install လုပ်ပြီးလျှင် စတင်သုံးစွဲရန် Refresh (သို့) Firefox အား Restart လုပ်ပေးရန် လိုအပ်ပါမည်။ 
အဆင့် ၆ - Keyboard သုံးရန် Search Box ညာဖက်ထောင်ရှိ Keyboard ပုံလေးအား နှိပ်ပါ။ 

မှတ်ချက် - Plugin အား အသုံးမပြုလိုတော့လျှင် အဆင့် ၁ -> အဆင့် ၂ -> Extensions အားနှိပ်ပြီးလျှင် Disable (သို့) Uninstall ပြုလုပ်နိုင်ပါသည်။ 

ယခုအခါတွင် Firefox တွင် Unicode Font အား မြင်ရမည်ဖြစ်သလို google.com.mm တွင်လည်း Keyboard အား သုံးစွဲနိုင်ပြီဖြစ်သည်။

Google Chrome တွင် ပြုလုပ်နည်း

အဆင့် ၁ - Chrome ၏ Menu တွင် Settings အား ရှာပြီး နှိပ်ပါ။ 
အဆင့် ၂ - ဘယ်ဖက်ခြမ်း List မှ Extensions အား နှိပ်ပါ။ 
အဆင့် ၃ - Extensions ထဲတွင် ဘယ်ဖက်အောက်ထောင့်တွင် “Get More Extensions” အား ရှာပြီး နှိပ်လိုက်ပါ။ 
အဆင့် ၄ - Chrome Web Store ထဲ ရောက်ပြီဆိုလျှင် ဘယ်ဖက် အပေါ်ထောင့်က Search ထဲ၌ “Tagu” ဟု ရိုက်သွင်းပြီး ရှာဖွေပါ။
အဆင့် ၅ - ရှာဖွေရရှိသည့် အဖြေများထဲမှ Tagu အား ရွေးချယ်ပြီး Install လုပ်ပါ။ 
အဆင့် ၆ - Install လုပ်ပြီးလျှင် စတင်သုံးစွဲရန် Refresh (သို့) Firefox အား Restart လုပ်ပေးရန် လိုအပ်ပါမည်။ 
အဆင့် ၇ - Keyboard သုံးရန် Search Box ညာဖက်ထောင်ရှိ Keyboard ပုံလေးအား နှိပ်ပါ။ 

မှတ်ချက် - Plugin အား အသုံးမပြုလိုတော့လျှင် အဆင့် ၁ -> အဆင့် ၂ ပြီးလျှင် Extensions ထဲ၌ Tagu Plugin အား Disable (သို့) Remove ပြုလုပ်နိုင်ပါသည်။ 

နိဂုံးချုပ်အနေနဲ့ Google Chrome နဲ့ Mozilla Firefox တို့သုံးပြီး google.com.mm ကို သုံးစွဲရာမှ Firefox က Unicode နဲ့ Myanmar3 ၂ မျိုးစလုံးကို မှန်ကန်စွာ ဖော်ပြနိုင်တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

သင့်ကိုယ်သင် ပြန်ကြည့်ပါ

Photo: “သင့်ကိုယ်သင် ပြန်ကြည့်ပါ”
=================

1. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကိုလျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

2. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေမထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်လုပ်လိုက်ပါ။

3. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။

4. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။

5. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။

6. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။

7. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။

8. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။

9. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။

10. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။

11. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက်မဖြစ်နိုင်ပါဘူး။

12. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလိုဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။

13. များများပြုံးပါ၊ များများရီပါ။

14. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။

စိတ္တဇ ဟာသများ

အခမဲ့ကြော်ငြာ

ယောက်ျားများကို ထိန်းသိမ်းနည်း

ယောက်ျားများကိုထိန်းနည်း ၄ နည်းရှိသည်။
၁. အစားကောင်းများဖြင့်ထိန်းနည်း (အစာအိမ်ကိုထိန်းနည်း)
၂. ပိုက်ဆံကိုထိန်းနည်း
၃. လူကိုထိန်းနည်း
၎. မိမိကိုယ်ကိုယ်ထိန်းနည်း
၁. အစားကောင်းများဖြင့်ထိန်းနည်း (အစာအိမ်ကိုထိန်းနည်း)
နံပါတ်တစ်နည်းကိုအသုံးပြုသော မိန်းကလေးသည် သဘောထား အဖြူစင်ဆုံးဖြစ်သည်။ ထိုမိန်းကလေးမျိုးကို အိမ်ထောင်ဖက် အဖြစ်ရွေးချယ်သောယာက်ျားသည် ကံကောင်းသောသူဖြစ်သည်။ သူမသည် သူချစ်သောက်ျားကို လွတ်လပ်ခွင့် ပေးထားသောကြောင့်ဖြစ်သည်။ သူမအတွက် တစ်ခုသောမျှော်လင့်ချက်မှာ မိမိ ပြင်ဆင်ချက်ပြုတ်ထားသော အရသာရှိရှိ ထမင်းကောင်းဟင်းလျှာများကို မိမိယောက်ျား အချိန်မှန်မှန်ပြန်လာစားရန်သာဖြစ်သည်။
၂. ပိုက်ဆံကိုထိန်းနည်း
နံပါတ်နှစ်နည်းကိုအသုံးပြုသော မိန်းကလေးသည် လည်လွန်းသောသူဖြစ်သည်။ ငွေသည် ယောက်ျား၏အသက်၊ ငွေသည် ယောက်ျား၏မာန၊ ယောက်ျားများကိုငွေဖြင့် ထိန်းချုပ်ခြင်းသည် အထိရောက်ဆုံးဟု ထင်မြင်ထားသောကြောင့်ဖြစ်သည်။ မိန်းကလေးအများစုသည် ဒီနည်းကို ကြိုက်ကြသည်။ သူမ၏မျက်စိထဲတွင် ငွေဖြင့်အရာရာကို မြန်မြန်ဆန်ဆန်ပြီးနိုင်သည်ဟု မြင်ထားသောကြောင့်ဖြစ်သည်။
၃. လူကိုထိန်းနည်း
နံပါတ်သုံးနည်းကိုအသုံးပြုသော မိန်းကလေးသည် ဆင်ခြင်စဉ်းစားဉာဏ် နည်းသောသူဖြစ်သည်။ ယောက်ျားတစ်ယောက်ကို လွတ်လပ်ခွင့်မပေးဘဲ ကြိုးချည်ပြီး ထိန်းချုပ်ထားချင်သော မိန်းကလေးသည် ဒီနည်းကိုအသုံးပြုလေသည်။ ဘယ်ယောက်ျားမျှ မိန်းကလေးတစ်ယောက်၏ ကြိုးဆွဲရာတွင် လိုက်မကချင်ကြ၊ နွားဖာကြိုးဆွဲပြီး စေလိုရာစေဆိုတာမျိုးကို မခံချင်ကြပေ။ ဒီနည်းကိုအသုံးပြုသော မိန်းကလေး၏ အိမ်ထောင်ရေးသည် နေဝင်ချိန်နီးကပ်နေပြီဖြစ်ကြောင့် သတိပြုသင့်သည်။
၎. မိမိကိုယ်ကိုယ်ထိန်းနည်း
နံပါတ်လေးနည်းကိုအသုံးပြုသော မိန်းကလေးသည် အသိဉာဏ်ပညာရှိသော သူဖြစ်သည်။ ထိုမိန်းကလေးမျိုးသည် လောကကြီးသည် မမြဲခြင်းတရား ပိုင်ဆိုင်ထားသည်ကို သေချာနားလည်ထားသောကြောင့်ဖြစ်သည်။ ယောက်ျားများကို အစားကောင်းဖြင့်ဖြစ်စေ ၊ ငွေကြေးဖြင့်ဖြစ်စေ၊ လူကိုဖြစ်စေ အရာရာကို ပိုင်ဆိုင်နိုင်ပြီး မိမိကိုယ်ကိုမထိန်းနိုင်ပါက လူဖြစ်ရသည်မှာ အဓိပ္ပာယ် ကင်းမဲ့လှသည်ဟု ယုံကြည်ထားသောကြောင့်ဖြစ်သည်။
မိန်းကလေးတစ်ယောက်ဖြစ်လျှင် မိမိကိုယ်ကိုထိန်းချုပ်နိုင်ရမည်။ တစ်ပါးသူအတွက် အသက်ရှင်နေခြင်းမဟုတ်ပဲ မိမိဘာသာ ရပ်တည်နိုင်သော၊ ပျော်ရွှင်မှုကိုရှာနိုင်သော မိန်းကလေးဖြစ်ရမည်။
အရာရာကိုဆင်ခြင်တုံတရားဖြင့် ခွင့်လွှတ်နေတတ်ရမည်။ ထိုမိန်းကလေးမျိုး၏ စိတ်သည် အမြဲတည်ငြိမ်နေသည်။ မိမိယောက်ျားသည် မည်မျှပင်ချမ်းသာပါစေ ထိုစည်းစိမ်တွင် သူယစ်မူးမနေပေ၊ မှီခိုမနေပေ။ မိမိလုပ်နိုင်သမျှ၊ ရှာနိုင်သမျှကို လုပ်ရင်းဘဝကို ရိုးရိုးရှင်းရှင်းဖြစ် ကုန်လွန်စေချင်သော မိန်းကလေးမျိုးဖြစ်သည်။
မိမိကိုယ်ကိုယ်အသိတရားဖြင့်ထိန်းချုပ်နိုင်သော မိန်းကလေးမျိုးသည် မိမိယောက်ျားက ကိုယ့်ကိုထားခဲ့၊ ချစ်သူက ထားခဲ့ပါစေ၊ ဖြစ်လာသမျှကို ပြုံးပြုံးလေးနှင့် ရင်ဆိုင်နိုင်သော မိန်းကလေးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏အသက်သည် ယောက်ျားအတွက်၊ ချစ်သူအတွက်မဟုတ်၊ မိမိကိုယ်ကိုယ်အတွက်သာဖြစ်သည်ဟု နားလည်ထားသောကြောင့်ဖြစ်သည်။
သင်သည် ဘယ်လိုမိန်းကလေးမျိုးလဲ
သင်သည် ဘယ်လိုမိန်းကလေးမျိုးကို လက်ထပ်ယူချင်ပါသလဲ။
*** နိုင်းနိုင်းစနေ ဟင်းကောင်းကောင်းလည်း မချက်တတ်ဘူး။ ပိုက်ဆံထိန်းဖို့ ပိုက်ဆံလည်းမရှိဘူး။ လူကိုလည်း မထိန်းရဲဘူး။ ကိုယ့်ကိုယ်ကိုလည်း မထိန်းတတ်ဘူး။ နိုင်းနိုင်းစနေ အပျင်းကြီးပြီး အစားကြီးတယ် 
ဟိုး စာရေးစ မြေစမ်းခရမ်းပျိုးကာလက ဘာသာပြန်ထားတဲ့စာလေးပါ .. အားလုံး အပျင်းပြေပါစေ.. 
နိုင်းနိုင်းစနေ

မျက်ကြည်လွှာ ပွန်းပဲ့ခြင်းမှ ကာကွယ်ခြင်း

Photo: မျက်ကြည်လွှာ ပွန်းပဲ့ခြင်းမှ ကာကွယ်ခြင်း ........

မျက်ကြည်လွှာဆိုသည်မှာ မျက်လုံး၏ ရှေ့ဘက်စက်ဝိုင်းပုံ ကြည်လင် တောက်ပသော တစ်သျှူးအပိုင်းဖြစ်ကာ မျက်စိသို့ ဝင်လာသော အလင်းရောင်ကို ဆုံမှတ်ကျစေရန် အထောက်အကူ ပြုရပါသည်။ အဆိုပါ တစ်သျှူးသည် ပြတ်ရှခြင်း သို့မဟုတ် ကုတ်ခြစ် ခြင်းခံရသော အခါ မျက်ကြည်လွှာ ပွန်းပဲ့ခြင်း ဖြစ်ပေါ်မည်။ မျက်ကြည်လွှာ ပွန်းပဲ့ ခြင်းမှ ကာကွယ်နိုင်ရန် အောက်ပါ အကြံပြုချက်များကို အမေရိကန်မိသားစု သမားတော်များ အကယ်ဒမီက ထုတ်ပြန်ထားသည်မှာ -

သင်သည် သစ်သား၊ လွှစာမှုန့်၊ သတ္တု အစရှိသည်တို့ကို ထုတ်လွှတ်တတ်သော စက်ကိရိယာများဖြင့် အလုပ်လုပ်သည့် အခါတိုင်းတွင် မျက်စိကို လုံခြုံစိတ်ချရသည့် အကာအကွယ်များကို အမြဲတမ်း တပ်ဆင်ထားပါ။

သင့်မျက်စိကို ကုတ်ခြစ်မိခြင်းမှ ရှောင်ရှားနိုင်ရန် သင်၏ လက်သည်းရှည်များကို မှန်မှန်ညှပ်ထားပါ။ ကလေး သူငယ်များနှင့် ငယ်ရွယ်သူများ၏ လက်သည်း ရှည်များကိုလည်း မှန်မှန်ညှပ်ပေးပါ။

သစ်ပင်နှင့် ချုံပုတ်များ၏ အကိုင်းအခတ် အလက်များကိုလည်း မျက်စိနှင့် တစ်တန်းတည်း အမြင့်တွင် ရှိနေပါလျှင် ခုတ်ဖြတ်ထားပါ ။

သင်၏မျက်စိတွင် မျက်ကပ်မှန် တပ်ဆင်သည်ဆိုပါက ထိုမျက်ကပ်မှန်များကို နေ့စဉ် သေချာကျနစွာ သန့်ရှင်းမှုပြုခြင်း သေချာပါစေ။ မျက်ကပ်မှန် တပ်ပြီး မအိပ်ပါနှင့်။
Mg Mandalay 
မျက်ကြည်လွှာဆိုသည်မှာ မျက်လုံး၏ ရှေ့ဘက်စက်ဝိုင်းပုံ ကြည်လင် တောက်ပသော တစ်သျှူးအပိုင်းဖြစ်ကာ မျက်စိသို့ ဝင်လာသော အလင်းရောင်ကို ဆုံမှတ်ကျစေရန် အထောက်အကူ ပြုရပါသည်။ အဆိုပါ တစ်သျှူးသည် ပြတ်ရှခြင်း သို့မဟုတ် ကုတ်ခြစ် ခြင်းခံရသော အခါ မျက်ကြည်လွှာ ပွန်းပဲ့ခြင်း ဖြစ်ပေါ်မည်။ မျက်ကြည်လွှာ ပွန်းပဲ့ ခြင်းမှ ကာကွယ်နိုင်ရန် အောက်ပါ အကြံပြုချက်များကို အမေရိကန်မိသားစု သမားတော်များ အကယ်ဒမီက ထုတ်ပြန်ထားသည်မှာ -

သင်သည် သစ်သား၊ လွှစာမှုန့်၊ သတ္တု အစရှိသည်တို့ကို ထုတ်လွှတ်တတ်သော စက်ကိရိယာများဖြင့် အလုပ်လုပ်သည့် အခါတိုင်းတွင် မျက်စိကို လုံခြုံစိတ်ချရသည့် အကာအကွယ်များကို အမြဲတမ်း တပ်ဆင်ထားပါ။

သင့်မျက်စိကို ကုတ်ခြစ်မိခြင်းမှ ရှောင်ရှားနိုင်ရန် သင်၏ လက်သည်းရှည်များကို မှန်မှန်ညှပ်ထားပါ။ ကလေး

သင် သိရဲ့လား??

Photo: သင် သိရဲ့လား??

10-09-2013

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ နာကျင်မှုကို
အမြင့်ဆုံး 45 units ထိပဲ ဖြစ်ပေါ်ခံစားရတတ်ပါတယ်..
ဒါပေမယ့် မိခင်တစ်ယောက် ကလေးမွေးဖွားရင်
နာကျင်မှုကို 57 units ထိ ဖြစ်ပေါ် ခံစားကြရတာပါ...
ဒါဟာ အရိုးပေါင်း ၂၀ ပြိုင်တူ အချိုးခံရတဲ့
နာကျင်မှုနဲ့ ညီမျှပါတယ်တဲ့...

ဒါကြောင့်....
ကမ္ဘာပေါ်မှာ နှစ်လိုဖွယ် အကောင်းဆုံး
သင့်ကို အချစ်ဆုံး၊ သင့်ရဲ့ အနွံတာကို အခံနိုင်ဆုံး
သင့်ကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အစစ
ဖြည့်ဆည်းပေးနိုင်ဆုံး၊ အလှပဆုံးသော
သင့်ရဲ့ မိခင်ကို သင်ချစ်မြတ်နိုးပါ...

ကြယ်မင်းတာယာ

Bell Bagan
လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ နာကျင်မှုကို  အမြင့်ဆုံး 45 units ထိပဲ ဖြစ်ပေါ်ခံစားရတတ်ပါတယ်..
ဒါပေမယ့် မိခင်တစ်ယောက် ကလေးမွေးဖွားရင် နာကျင်မှုကို 57 units ထိ ဖြစ်ပေါ် ခံစားကြရတာပါ...
ဒါဟာ အရိုးပေါင်း ၂၀ ပြိုင်တူ အချိုးခံရတဲ့ နာကျင်မှုနဲ့ ညီမျှပါတယ်တဲ့...

ဒါကြောင့်....
ကမ္ဘာပေါ်မှာ နှစ်လိုဖွယ် အကောင်းဆုံး သင့်ကို အချစ်ဆုံး၊ သင့်ရဲ့ အနွံတာကို အခံနိုင်ဆုံး
သင့်ကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အစစ ဖြည့်ဆည်းပေးနိုင်ဆုံး၊ အလှပဆုံးသော
သင့်ရဲ့ မိခင်ကို သင်ချစ်မြတ်နိုးပါ...

ကြယ်မင်းတာယာ

Bell Bagan

ဘုရားရှိခိုးရသော အကျိုး (၁၇) ပါး

Photo: "ဘုရားရှိခိုးရသော အကျိုး (၁၇) ပါး"
Tuesday, September 10, 2013

၁။ သူတစ်ပါးတို့  ရှိခိုးခံထိုက်ခြင်း။
၂။ စိတ်၏ ရဲရင့် တည်ကြည်ခြင်း။
၃။ သေသည်၏ အခြားမဲ့၌ သုဂတိဘ၀ကို ရခြင်း။
၎။ နောင်ဘုရားနှင့် တွေ့ သည့်အခါ သစ္စာလေးပါးကို သိလွယ်ခြင်း။
၅။ အမျိုးမြတ်ခြင်း။
၆။ သူတစ်ပါးတို့ ၏ အရိုအသေအပြုကို ခံရခြင်း။
၇။ ချီးမွမ်းထိုက်သော ကိုယ်အဂါင်္နှင့် ပြည့်စုံခြင်း။
၈။ အဆင်းလှခြင်း။
၉။ ကိုယ်အနံ့ မွှေးခြင်း။
၁၀။ ခံတွင်းအနံ့ မွှေးခြင်း။
၁၁။ ကြီးကျယ်သော ဥာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၂။ နက်နဲသော ဥာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၃။ ထက်သော ဥာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၄။ လျင်မြန်သော ဥာဏ်နှင့် ပြည့်စုံရခြင်း။
၁၅။ ရွှင်သော ဥာဏ်နှင့် ပြည့်စုံရခြင်း။
၁၆။ ဆန်းကြယ်သော ဥာဏ်ပညာနှင့် ပြည့်စုံရခြင်း။
၁၇။ စကားကောင်းကို ဆိုနိုင်ခြင်း။

Special credit - အနှိုင်းမဲ့စာတိုပေစများ
နှလုံးသားအာဟာရ