“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, November 19, 2014

✿ အဆုံးမဲ့ အမုန်း ✿


✿ အထီးကျန်ဆန်လွန်းတဲ့ ဒီဘ၀ကို
""""" မုန်းတယ် """""
----------------------------
✿ စာနာ နားလည်မယ့်သူမရှိတဲ့ ဒီဘ၀ကို
""""" မုန်းတယ် """""
----------------------------
✿ လွန်ဆန်မရတဲ့ တာဝန်ဝတ္တရားတွေနဲ့ ဒီဘ၀ကို
""""" မုန်းတယ် """""
----------------------------
✿ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးနေရတဲ့ ဒီဘ၀ကိုလည်း
""""" မုန်းတယ် """""
----------------------------
✿ သစ္စာမရှိ မေတ္တာမဲ့တဲ့ သူတွေကိုမှ သံယောဇဉ်ဖြစ်တတ်တဲ့ ငါ့ကိုယ်ငါလည်း
""""" မုန်းတယ် """""
----------------------------
✿ """"" မုန်းတယ် """"" """"" မုန်းတယ် """""
အားလုံးကိုရော ငါဆိုတဲ့ ငါကိုရော အဆုံးစ မရှိအောင်ကို """"" မုန်းတယ် """""

လူမုန်း
(akmyint.kooo@gmail.com)

❤ အထီးကျန်မှုရဲ့ ပုဒ်စာ ❤


✿ ချစ်ခဲ့မိသမျှ သူတွေက
ငါ့ကို မုန်းသွားတတ်ကြမြဲ ~~~ ----------------------------
 ✿ ခင်မင်မိသမျှ သူတွေက
ငါ့ကို ပြစ်ပယ်သွားတတ်ကြမြဲ ~~~
----------------------------
✿ တွေးမရအောင် ချာချာလည်လို့
ငါ့မှာ ဘာအပြစ်တွေများ ရှိနေလေရော့လဲဟင် ???
----------------------------
✿ ငယ်ငယ်က ငေးမောမှုတွေနဲ့
အချိန်ဖြုန်းတတ်တဲ့ငါ

Thursday, June 26, 2014

အကောင်းဆုံ ယတြာများ





(ကောင်း လွန်းလို့ တင်ပေးလိုက်တာပါ ဖတ်ဖြစ်အောင် ဖတ်ပေးပါ။ ဖတ်ပြီးလျှင် လည်း တပါးသူများကိုပြန် Share ပေးပါ။ )

၁။ ဝင်ငွေမ ကောင်းတဲ့အခါချွေတာသုံးစွဲတာ အကောင်းဆုံးယတြာ။

၂။ လမ်းသွားတဲ့အခါကြီးမားတဲ့ဝီရိယ ထားခြင်းဟာ အန္တရာယ် ကင်းဖို့ အတွက်အကောင်းဆုံးယတြာ။

၃။ ရန်လိုနေတဲ့လူနဲ့ဖက်ပြိုင်ပြီးမငြင်းတာ အကောင်းဆုံးယတြာ။

၎။ ဒေါသထွက်စရာ ကြုံတဲ့အခါစိတ်ဖြေသာတဲ့နေရာကို
ရှောင် ထွက်သွား ခြင်းဟာအကောင်းဆုံးယတြာ။

၅။ မနာလိုဝန်တိုစိတ်ကိုမမွေးအောင်ကံ ကံရဲ့အကျိုးကိုလက်ခံ

မိန်းကလေးများ ရည်းစားမရှိခြင်း၏ ကောင်းကျိုး ၁၂ ချက် --


 ၁။ ပိုက်ဆံအချေးခံရသက်သာခြင်း
၂။ အိမ်၏ ထေ့ငေါ့ပြောဆို ဆုံးမခြင်းမှလွတ်ကင်းခြင်း။
၃။ ဆေးလိပ်၊ဘီယာ ကဲ့သို့ သော အနံ့ဆိုးများမှ သက်သာခြင်း။
၎။ ဈေးဝယ်ထွက်ရာတွင် စိတ်ချမ်းသာစွာ သွားနိုင်ခြင်း( မပြီးသေးဘူးလား၊ကြာလိုက်တာ… စသဖြင့် ညူစူမှုများမှ ကင်းဝေးသဖြင့်..)
၅။ ညီမ ၊မောင်များအား လာဘ်ထိုးရသက်သာသဖြင့် မုန့်ဖိုးလောက်ငှခြင်း။
၆။ ချိန်းထားသောအချိန်နောက်ကျသဖြင့် အပြောအဆိုခံရခြင်းမှ ကင်းဝေးခြင်း။
၇။ လက်ဖက်ရည်ဆိုင်၊ ဂိမ်းဆိုင် ၊ အင်တာနက်ဆိုင်၊

Tuesday, June 24, 2014

ကမ္ဘာ့တန်ဖိုးအကြီးဆုံး အမျိုးသမီးစီး ဖိနပ်များ

အမျိုးသမီးများ၏ ဖက်ရှင်အမျိုးမျိုး ပြောင်းလဲဆန်း သစ်လာမှုတွင် ဖိနပ်များ၏ အခန်းကဏ္ဍကလည်း အဓိက နေရာမှ ပါဝင်ခဲ့သည်။
ဖက်ရှင်ရေ စီးကြောင်း  ခေတ်အဆက် ဆက် ဖြတ်သန်းလာမှုတွင် အမျိုးသမီးစီး ဖိနပ်များကို ဒီဇိုင်းအမျိုးမျိုး၊ ပါဝင်ပစ္စည်း အမျိုးမျိုးဖြင့် ဖန်တီးချုပ်လုပ်လာခဲ့ကြသည်။
ကြွယ်ဝချမ်းသာသည့် အမျိုးသမီးများ၊ နာမည်ကျော် Celebrityများကမူ အဖိုးထိုက် ရတနာပစ္စည်းများ

Saturday, June 21, 2014

ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံး မိုဘိုင်းဖုန်းများ

ခေတ်သစ် လူနေမှု အဖွဲ့အစည်းတွင် မိုဘိုင်းဖုန်းများသည် လူတိုင်းအတွက် မရှိမဖြစ်လောက်အောင် လိုအပ်သော ပစ္စည်းများ ဖြစ်လာသည်။
ခလုတ်များနှိပ်၍ အသုံးပြုရသည့် ခေတ်ဦးမိုဘိုင်းဖုန်းများမှ ယနေ့ခေတ် Touchscreen စမတ်ဖုန်းများထိ နည်းပညာပိုင်း အဆင့်ဆင့် တိုးတက်လာသလို မိုဘိုင်းဖုန်းများ၏ အသုံးတွင်ကျယ်မှုသည်လည်း

Friday, June 20, 2014

❤ မချစ်ပါနဲ့လား ❤



✿ အချစ်ဆိုတဲ့ အရာက
အကြောင်းပြချက် မရှိဘဲ
ငါ့ရင်ထဲကို ၀င်ရောက်လာခဲ့တယ် ...

✔  ဒါပေမယ့်
အကြောင်းပြချက်တွေ များလွန်းတဲ့
ဘ၀ဆိုတဲ့ အရာကတော့
ချစ်တတ်တဲ့ ဒီရင် တစ်ခုလုံးကို နာကျင်စေခဲ့တယ် ...

★ လေနှင်ရာ လွင့်ရဦးမယ့် ဘ၀မို့

Wednesday, June 18, 2014

ရက်အနည်းငယ် အတွင်းမှာ မျက်နှာကို ဖြူဖွေးအောင် လုပ်နိုင်တဲ့ နည်းလမ်းကောင်း

  တကယ်လွယ်ပြီးတော့ တကယ်လည်း ကောင်းပါတယ်။ အသုံးပြုပြီးချိန်မှာ မျက်နှာတွင် သိသိသာသာ ဖြူဝင်းသွားစေမှာ ဖြစ်ပါတယ်။
ငွေကြေး အကုန်အကျ သက်သာပြီး အသုံးပြုရ တာလည်း လွယ်ကူပါတယ်။
အသုံးပြုပုံကတော့
(၁) သန့်စင်သော ခွက်တစ်ခုကို ယူလိုက်ပါ။
(၂) ထိုခွက်ထဲသို့ ပျားရည် လက်ဖက်စားဇွန်း ၂ ဇွန်းထည့်လိုက်ပါ။
(၃) သကြားလက်ဖက်စားဇွန်း တစ်ဇွန်းကိုလည်း ထည့်လိုက်ပါ။
(၃) သံပုရာရည် အနည်းငယ် ညစ်ထည့်ပြီး မွှေလိုက်ပါ။ သာကူကြို ပုံစံမျိုးဖြစ်သွား တာကို တွေ့ရပါလိမ့်မယ်။

Friday, June 13, 2014

ဝမ်းဗိုက်အဆီကျစေမည့် အထူးအစားအစာများ

ဝမ်းဗိုက်အဆီကိုချဖို့ ခက်ခဲနေပါသလား။ ကိုယ်လက်ဖောရောင်ခြင်းနဲ့ ဝမ်းဗိုက်အဆီများလျှော့ချရန် အထူးကောင်းသော အစားအစာများကို စားကြည့်လိုက်ပါ။
 
လက်ဖက်ရည်ကြမ်း (Green Tea)


လက်ဖက်ရည်ကြမ်းသောက်ခြင်းဖြင့် ကိုယ်လက်ဖောရောင်ခြင်းကိုလျော့ကျစေမည့်အပြင်

Thursday, June 5, 2014

ကမ္ဘာ့ရှေးအကျဆုံး ဘောင်းဘီ

ကမ္ဘာ့ရှေးအကျဆုံး ဘောင်းဘီရှည် ( Pants) ကို ရှေးဟောင်း သုတေသန ပညာရှင်တွေက တွေ့ရှိခဲ့ကြပါ တယ်။ အခု တွေ့ ရှိခဲ့တဲ့ ဘောင်းဘီရှည်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ ထောင် လောက်ကဖြစ်နိုင်ပြီး  အခု ထိလည်း ဖက်ရှင်ဖြစ်နေဆဲပါဘဲလို့ တိုင်းမ်သတင်း တပုဒ်မှာ ဖော်ပြပါတယ်။ 

 ကမ္ဘာ့ရှေးအကျဆုံး ဘောင်းဘီ၊ ဓာတ်ပုံ- တိုင်းမ်

ဂျင်းဘောင်းဘီတွေကိုတော့ ၁၈၇၃ ခုနှစ်က တီထွင်ခဲ့တာဖြစ်ပြီး အခုတွေ့တဲ့ဘောင်းဘီကတော့ ဂျင်း
ဘောင်းဘီတွေလို အတို၊ အရှည်မျိုးမဟုတ်ဘဲ သိပ်လည်း မတိုသလို၊ သိပ်လည်း မရှည်ပါဘူး။ပြောရ ရင် အခု ခေတ် ကွာတား ပုံစံနဲ့ နည်းနည်းဆင်ပါတယ်။  

အဲဒီဘောင်းဘီ ဒီဇိုင်းဟာ ဝတ်ရင် ခပ်ကြပ်ကြပ်ဖြစ်ပုံရပါတယ်။ 

အခု လက်ယက် ဘောင်းဘီဟာ တရုတ်နိုင်ငံ အနောက်ဘက် တာရင်ဘေဆင်အရပ်က သင်္ချိုင်းတခုမှာ
တွေ့ ခဲ့တာပါ။ အဲဒီသင်္ချိုင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၃ဝဝ ပတ်ဝန်းကျင်ထက် စောတဲ့ ကာလလောက်က ရှိခဲ့တာလို့

ကမ္ဘာ့ဈေးအကြီးဆုံး အစားအသောက် ၁၀ မျိုး

ငွေအများကြီးရှိပြီး မည်သည့်နေရာတွင် သုံးရမှန်းမသိ ဖြစ်နေပါသလား။ အောက်တွင်ဖော်ပြထားသော အစားအသောက်များက သင်၏ သိလိုစိတ်ကို နှိုးဆွပြီး စားချင်စိတ်ဖြစ်ပေါ်လာမည်လား ကြည့်လိုက်ပါ။

(၁၀) မက်တိတ် (သို့မဟုတ်) မက်ဆူကီမှို ဒေါ်လာ ၁,၀၀၀
    မက်တိတ် (သို့မဟုတ်) မက်ဆူကီမှိုများမှာ အလွန်ရှားပါးသောကြောင့် ယနေ့ခေတ် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးမှိုများဖြစ်သည်။ ယင်းမှိုများကို အာရှတိုက်၊ မြောက်အမေရိကတိုက်နှင့် ဥရောပတွင် တွေ့ရလေ့ရှိပြီး အထူးသဖြင့် ဂျပန်၊ တရုတ်၊ ကိုရီးယား၊ အမေရိကန်၊

Sunday, June 1, 2014

အိန္ဒိယတွင် စည်းစိမ်ဥစ္စာ ပြည့်စုံစွာ ထားပေးနိုင်စွမ်း မရှိသော ခင်ပွန်း ဖြစ်သူကို ဇနီးဖြစ်သူက မီးရှို့သတ်

အိန္ဒိယနိုင်ငံ Madhavganj ခရိုင်မှ ချာမီလီအမည်ရှိ အမျိုးသမီး တစ်ဦးသည် သူမကို

စည်းစိမ်ဥစ္စာ ပြည့်စုံစွာ မထားနိုင်သော သူမ၏ ခင်ပွန်းဖြစ်သူကို နေအိမ်၌ မီးရှို့သတ်ဖြတ် ခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင် များက ထုတ်ဖော် ပြောကြားခဲ့သည်။

အဆိုပါ သတ်ဖြတ်မှုသည် မေ ၂၂ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ချာမီလီသည်

အိုင်ဖုန်းကို ကြိုက်ကြသည့် အကြောင်း

Photo: အိုင်ဖုန်းကို ကြိုက်ကြသည့် အကြောင်း

အိုင်ဖုန်းဟာ ကမ္ဘာမှာ လူကြိုက်အများဆုံး စမတ်ဖုန်း အဖြစ် စံချိန်တင်ထား ဆဲ ဖြစ်ပါတယ်။ ထွက်ရှိခဲ့ပြီးတဲ့ iPhone 5S ဟာလည်း လူကြိုက်များပြီး နောက်ထွက်မယ့် iPhone 6 ကိုလည်း မျော်လင့်နေကြ ပါတယ်။ 

ဒါကြောင့်မို့ iPhone ကို ဘာကြောင့် ကြိုက်ကြသလဲဆိုတာကို အကြမ်းဖျဉ်း အဖြေ ထုတ်ကြည့်တဲ့အခါ အောက်ပါအတိုင်း ထွက်လာ ပါတယ်။

စတိုင် နဲ့ ဂုဏ် အရှိန် 

အခြေခံဆုံး အချက် အနေနဲ့ စတိုင် ကို အရင်ကြည့်ကြပါတယ်။ မြန်မာပြည် က အချို့ ငွေရှိ အသက်ကြီး ပုဂ္ဂိုလ် တွေတောင် i Device များကို ဝယ်သုံးပါတယ်။ သုံးတတ်လို့တော့ မဟုတ် ပါဘူး။ သူ့ရဲ့ စတိုင် နဲ့ ဂုဏ် အရှိန် ကြောင့်မို့ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းမှ သပ်ရပ် လှပပြီး ဂုဏ်အရှိန် ကြီးတာ ကတော့ စတိဗ်ဂျော့ ကြောင့ ဖြစ်ပါတယ်။ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်းနဲ့ စမတ်ဖုန်း လောကကို ပြောင်းလဲသူ ဆိုပြီးတော့ ကြွေးကြော် ထားခြင်းပါ။ အမှန်တော့ စမတ်ဖုန်း လောကကို လမ်းစဖောက်ပေးတာ Apple တစ်ခုထဲ  မဟုတ်ပဲ အခြား ကုမ္မဏီမျာလည်း ရှိနေပေမယ့် Apple ကိုပဲ ပိုမို လူသိ များခဲ့ ပါတယ်။

အကြမ်းခံခြင်း 

iPhone ရဲ့ အကြမ်းခံမှုက လူတိုင်း ပြောပါတယ်။ အကြောင်းက အလူမီနီယံ ကိုယ်ထည်ကြောင့်မို့လို့ ဖြစ်ပါတယ်။ သာမန် ကော်ဖုန်း တစ်လုံး ကျရင် ကွဲပေမယ့် အိုင်ဖုန်းက နောက်ကျောကော ရှေ့မျက်နှာပြင်ကော အတော်လေး အကြမ်းခံတာကို လေ့လာ မိပါတယ်။

မျက်နှာပြင် အရည်အသွေး ကောင်း

ဒါကလည်း အစဉ်ဆက် ထိန်းသိမ်းလာတဲ့ အရည်အချင်း ဖြစ်ပါတယ်။ iPhone ရဲ့ ဖန်သား resolution ppi က ဟန်းဆက် အသီးသီး အသစ် ထွက်တဲ့ ခေတ်အဆက်ဆက် မှာ အမြဲတန်း ထိပ်ဆုံး ကနေ ဦးဆောင် ပါတယ်။ Retina Display တို့ကိုလည်း အသုံးပြုခြင်းကြောင့် ဖြစ်ပါတယ်။ 

လုံခြုံရေး ကောင်း 

အိုင်ဖုန်းတို့ အိုင်ပတ် တို့က ပျောက်သွားရင် Tracking လိုက်ဖို့ အတွက် အတော်လေး လွယ် ပါတယ်။ ပျောက်သွားတဲ့ အလုံးကို တစ်ဖက်က ဖွင့်လို့ အင်တာနက် သုံးပြီ ဆိုတာနဲ့ ကိုယ့် ပျောက်နေတဲ့ အိုင်းဖုန်းဟာ ဘယ်နေရာ ရောက်နေသလဲ ဆိုတာကို မြင်ရမှာ ဖြစ်ပါတယ်။ အကယ်၍ အသုံးပြုသူက ဓာတ်ပုံတွေ ဘာတွေရိုက်ရင် Could Storage နဲ့ Sync လုပ်ထားတဲ့အခါ ကိုင်ဆောင်ထားသူရဲ့ ဓာတ်ပုံကိုတောင် အလွယ်တကူ ရနိုင် ပါတယ်။ 

မြန်ဆန်တဲ့ Processor 

အိုင်ဖုန်းရဲ့ Processor မြန်ဆန်ချက်က ဂိမ်းဆော့ရင် ပိုမို သိသာ ပါတယ်။ အထူးသဖြင့် Racing ဂိမ်းတွေမှာ ပိုမို သိသာ ပါတယ်။ Android စမတ်ဖုန်း တစ်လုံးမှာ ဆော့တဲ့ Racing နဲ့ iPhone မှာ ဆော့တဲ့ Racing က မြန်ဆန်မှ သိသိသာသာ ကွာပါတယ်။ Processor ရဲ့ လည်ပတ်မှု မြန်ဆန်ပြီး ကြည်လင်တဲ့ မျက်နှာပြင်နဲ့ ပေါင်းစပ် လိုက်တဲ့အခါ Gaming Device ကောင်း တစ်ခု ဖြစ်လာစေ ပါတယ်။

ကြာရှည်ခံသော အရည်အသွေး

မိတ်ဆွေ သူငယ်ချင်း တစ်ယောက် iPhone ပထမ မျိုးဆက်ကို ယနေ့တိုင် အသုံးပြုနေသေးတာကို အံ့သြဖွယ် တွေ့ရှိခဲ့ ပါတယ်။ နောက်ဆုံးပေါ် iPhone တို့လောက် မမြန်ပေမယ့် သူ့ဟာလေးနဲ့ သူ အလုပ်လုပ်နေတာကို တွေ့ ရတော့ iPhone ရဲ့ တာရှည်ခံ၊ အသုံးခံ မှုကို အံ့သြ ခဲ့ရ ပါတယ်။ 

အထက်ပါ အားသာချက်များပြင် အခြားသော အားသာချက်များလည်း ရှိပါ သေးတယ်။ ထိုနည်းတူစွာ သူ့မှာလည်း အားနည်းချက် များစွာ ရှိပါတယ်။ အဓိကအားဖြင့် ဈေးကြီးတာနဲ့ အသုံးပြုမယ့် App တွေကို ဝယ်သုံးရတာမျိုး၊ country region အရ  အသုံးပြုဖို့ အဆင်မပြေသေးတာမျိုး၊ font ကိစ္စ အဆင်မပြေတာမျိုး၊ Jail Break လုပ်သင့် မလုပ်သင့် ခေါင်းစား တာမျိုး အစရှိသဖြင့် အခက်လေးတွေ၊ အားနည်းချက်လေးတွေလည်း ရှိပါ သေးတယ်။ သို့သည့်တိုင် အိုင်ဖုန်းဟာ လူကြိုက် အများဆုံး၊ အလိုချင်ဆုံး စမတ်ဖုန်း တစ်လုံး အဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

.
အောင်ခမ်း (ရိုးရာလေး)

.
အိုင်ဖုန်းဟာ ကမ္ဘာမှာ လူကြိုက်အများဆုံး စမတ်ဖုန်း အဖြစ် စံချိန်တင်ထား ဆဲ ဖြစ်ပါတယ်။ ထွက်ရှိခဲ့ပြီးတဲ့ iPhone 5S ဟာလည်း လူကြိုက်များပြီး နောက်ထွက်မယ့် iPhone 6 ကိုလည်း မျော်လင့်နေကြ ပါတယ်။

ဒါကြောင့်မို့ iPhone ကို ဘာကြောင့် ကြိုက်ကြသလဲဆိုတာကို အကြမ်းဖျဉ်း အဖြေ ထုတ်ကြည့်တဲ့အခါ အောက်ပါအတိုင်း ထွက်လာ ပါတယ်။

စတိုင် နဲ့ ဂုဏ် အရှိန်

အခြေခံဆုံး အချက် အနေနဲ့ စတိုင် ကို အရင်ကြည့်ကြပါတယ်။ မြန်မာပြည် က အချို့ ငွေရှိ အသက်ကြီး ပုဂ္ဂိုလ်

စပိန်က ဆယ်လသား ကလေးငယ် အသက်ကို ကယ်ခဲ့တဲ့ ရော်နယ်ဒို

Photo: စပိန်က ဆယ်လသား ကလေးငယ် အသက်ကို ကယ်ခဲ့တဲ့ ရော်နယ်ဒို 

ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို ဟာ ၂၀၁၄ နှစ်ဆန်းပိုင်း လောက်က စပိန်နိုင်ငံ ရှိ ဆေးရုံ တစ်ရုံက ဆယ်လသား  ကလေးငယ် တစ်ဦးရဲ့ အသက်ကို ကယ်ဆယ် ခဲ့ ပါတယ်။ 

ရှားပါး ဦးနှောက် ဆက်စပ် ရောဂါ တစ်ခု ဖြစ်နေပြီး ဈေးအကြီး ဆုံး အော်ပရေးရှင်း တစ်ခု ဝင်ရမှာမို့ ကလေးငယ် ရဲ့ မိဘ ဖြစ်သူ တို့က ရော်နယ်ဒို ဝတ်ပြီးသား ဂျာစီ အဟောင်း တစ်ထည် နဲ့ ဖိနပ် အဟောင်း တစ်စုံလောက် ပေးဖို့ တောင်းဆို ပါတယ်။ ယင်း အင်္ကျီနဲ့ ဖိနပ်ကို ရောင်းချလို့ ရမှာ ကလေးငယ် အော်ပရေးရှင်း အတွက် ငွေရမှာ မို့ ဖြစ်ပါတယ်။ ကုသ စရိတ်က အမေရိကန်ဒေါ်လာ ၈၃၀၀၀ တန်ဖိုး ရှိပါတယ်။ 

ဒါနဲ့ ရော်နယ်ဒိုဟာ ဂျာစီ တစ်ထည်နဲ့ ဖိနပ် တစ်ရံ အဖြစ် အမေရိကန်ဒေါ်လာ ၈၃၀၀၀ တန်ဖိုးရှိတဲ့ ငွေလက်မှတ် ကို ပေးပါတယ်။ ပြီးတော့ ကလေးငယ် ရဲ့ ဆေးကုသမှု အတွက်ကိုလည်း ကူညီ ထောက်ပံ့ ခဲ့ပါ သေးတယ်။ သူ့ရဲ့ ကူညီ ထောက်ပံ့မှုကြောင့် ကလေးငယ်ဟာ အသက်ရှင်သန် ခဲ့ ပါတယ်။ 

ရော်နယ်ဒိုဟာ ယခုလို ကူညီမှု အသေးစားပေါင်း များစွာကို ကူညီခဲ့ပြီး ကမ္ဘာလုံး ဆိုင်ရာ၊ ဆင်းရဲနွမ်းပါးမှုနဲ့ အစာရေစာ ရှားပါးမှု တိုက်ဖျက်ရေး လုပ်ဆောင်ချက်တွေမှာလည်း ဦးဆောင် လုပ်ကိုင် ပေးလျက် ရှိကြောင်း သိရ ပါတယ်။
.
Ref:yahoo
အောင်ခမ်း (ရိုးရာလေး)

http://www.yoyarlay.com/international-news/europe/41020-ronaldo-donated-to-a-child-s-operation.html

.
ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို ဟာ ၂၀၁၄ နှစ်ဆန်းပိုင်း လောက်က စပိန်နိုင်ငံ ရှိ ဆေးရုံ တစ်ရုံက ဆယ်လသား ကလေးငယ် တစ်ဦးရဲ့ အသက်ကို ကယ်ဆယ် ခဲ့ ပါတယ်။

ရှားပါး ဦးနှောက် ဆက်စပ် ရောဂါ တစ်ခု ဖြစ်နေပြီး ဈေးအကြီး ဆုံး အော်ပရေးရှင်း တစ်ခု ဝင်ရမှာမို့ ကလေးငယ် ရဲ့ မိဘ ဖြစ်သူ တို့က ရော်နယ်ဒို ဝတ်ပြီးသား ဂျာစီ အဟောင်း တစ်ထည် နဲ့ ဖိနပ် အဟောင်း တစ်စုံလောက် ပေးဖို့ တောင်းဆို ပါတယ်။ ယင်း အင်္ကျီနဲ့ ဖိနပ်ကို ရောင်းချလို့ ရမှာ ကလေးငယ်

Friday, May 16, 2014

phone number မလိုဘဲ Gmail & fb account လွယ်လွယ်ဖွင့်ကြမယ်

Today Myanmar's photo.
fb ဖွင့်မယ်ဆိုရင် email တစ်ခုခုတော့ လိုပါလိမ့်မယ်။ အဲ့ကြောင့် ကျွန်တော်တို့ gmail အရင် ဖွင့်ကြည့်ရအောင်။

create your google account ဆိုတာမှာ
fast name & last name ကို ဖြည့်ပါ။

choose your usename ဆိုတဲ့နေရာမှာ မိမိလိုချင်တဲ့ user နာမည်တစ်ခုကို ရိုက်ထည့်လိုက်ပါ။
ဥပမာ koko123457 (@gmail.com က ပါပြီးသားမို့ ရေးရန်မလိုပါ)

create a password မှာ မိမိကြိုက်နှစ်သက်တဲ့ password နံပါတ် ၈ လုံးနဲ့ အထက်ရေးလိုက်ပါ။
ဥပမာ koko12347

Confirm your password ဆိုတဲ့နေရာမှာ အပေါ်မှာ ရေးထားတဲ့password အတိုင်း မမှားအောင်ရေးရပါမယ်။(အပေါ်မှာ koko12347 ဆိုပြီးရေးထားရင် ဒီနေရာမှာလည်း koko12347 ဆိုပြီးရေးထည့်ပါ)

Gender မှာ ကျား/မ ရွေးပါ
အောက်မှာ

Saturday, May 3, 2014

အမျိုးသားများ ၀တ်ရန် သီးသန့် ဘရာစီယာ ထုတ်လုပ်၊ ၀တ်ဆင်ရတာ အရသာ အလွန်ကောင်းကြောင်းဆို

ဂျပန် ကုမ္ပဏီ တစ်ခု ဟာ အမျိုး သား တွေဝတ်ဆင် ဖို့ ဘရာ စီယာ နဲ့ အ တွင်း ခံ ဘောင်း
ဘီ တွေ သီးသန့် ထုတ် လုပ် လိုက် တာမို့အငြင်းပွား ဖွယ် ရာဖြစ်ခဲ့ ကြောင်း သိရပါ တယ်။ အမျိုး သား

Monday, April 14, 2014

“သင်္ကြန်”....တဲ့လား


“ဧပရယ်(ဧပြီ)”..တဲ့လား...
“သင်္ကြန်”..တဲ့လား..
“ပိတောက်”..တဲ့လား....
မပြောပါနဲ့...မပြောကြပါနဲ့...

ဧပြီလမှာ မွေးခဲ့တဲ့ “ပိတောက်ဖူး”ဆိုတဲ့ ကျမရယ်...
သင်္ကြန်မှာ ခွဲခွာခဲ့ရတဲ့ သံယောဇဉ်အရှိဆုံး“သူနက်ရောင်”ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ ဒဏ္ဍာရီမဟုတ်ခဲ့တဲ့ ဒဏ္ဍာရီလေးတပုဒ်... ရှိခဲ့တယ်ဆိုတာ ...
“သင်္ကြန်”ကိုစောင့်ကြပ်တဲ့ သင်္ကြန်ဝိဥာဉ်တွေကလွဲလို့ ဘယ်သူတွေက ပိုသိနိုင်အုံးမှာလဲ...

“ဧပြီ”လမှာမွေးခဲ့တဲ့ သူမ..၊ ဝိုင်းစက်သော မျက်လုံး..၊ ဝါဝင်းသော အသားရောင်ပိုင်ရှင်၊ သွယ်လျှသောခန္ဓာ၊

Sunday, April 13, 2014

ပြူတင်းပေါက်မှာ ချစ်တင်းနှောနေစဉ် ပြုတ်ကျသေဆုံးသော စုံတွဲ

ချစ်တင်းနှောတာ အသံကျယ်လို့ ထောင်ခြောက်လကျ

အသက် ၄၆ နှစ်အရွယ် အီတလီ အမျိုးသား တစ်ယောက်ကို သူ့ရဲ့ အိမ်နီးချင်း ၁၂ ယောက်လောက်က တရားစွဲဆိုခဲ့တယ်လို့ သတင်းရရှိခဲ့ပါတယ်။ အကြောင်းရင်းကတော့ ၎င်းအမျိုးသား ချစ်တင်းနှောချိန်မှာ ညည်းငြူတဲ့ အသံက အလွန်ကျယ်လောင်လို့ပါ။ အိမ်နီးချင်း ၁၂ ယောက်လောက် ထိအောင် တရားစွဲရတယ်ဆိုတော့ ဘယ်လောက်ကျယ်မလဲဆို တာတောင် တွေးကြည့်ဖို့ ခက်မယ်ထင်ပါတယ်။

သူတို့ရဲ့ ညည်းငြူသံဟာ တိတ်ဆိတ်အေးချမ်းပြီး ကောင်းမွန်လှတဲ့ ကွန်ဒိုမီနီယမ်ရဲ့

Saturday, April 12, 2014

အချစ်ဦးမို့ပါ


နှလုံးသားလေးက အသစ် ရင်ခုန်သံဖြစ်တည်စမို့
ရင်ထဲက အချစ်ကို မချွေတာ
တစ်ဘ၀စာ ပုံအပ်မိခဲ့...........


အတွေ့အကြုံအသစ်မို့ မင်းပေးတဲ့ အချစ်ကို
အစစ်လို့ ထင်မိတာ ကိုယ်အပြစ်လားကွယ်...........

ငါဆိုတာလည်းလေ တစစီ ပြိုကွဲနိုင်မှန်းသိလျှက်
တိမ်လွှာတို့ရဲ့ သတ္တိနဲ့ မုန်တိုင်းကိုဝင်တိုးမိသလို
အကြောက်တရားတွေကင်း နှလုံးသားကို ချနင်းလို့
နောင်တ တရားတွေလည်း
စွန်းထင်း ခဲ့ဖူးတယ်...........

အချစ်ဆိုတဲ့ကစားပွဲ ၀ှက်ဖဲတစ်ချက် ထားတတ်မြဲတဲ့

Friday, April 11, 2014

သမ္ဗုဒ္ဓေ မကြောက်သော သရဲ


၁၃၅၀ ခုနှစ်ခန့်က ဖြစ်ပါသည်။ ယ္ခုရန်ကုန်တိုင်း ရွှေပြည်သာမြို့(၆) ၁၃ ရပ်ကွက်မှ ဒေါ်တင်တစ်ယောက် -----မြို့ ဆေးရုံကြီး၏ အရေးပေါ်ခန်း တွင်ရောက်လျက် ရှိသည်၊ ရောဂါက အမျိုးသမီးများတွင် အဖြစ်များသော သားအိမ်ထဲ အကျိတ်အလုံး တည်ခြင်း၊ ရောဂါတစ်ခုပင်။

စိုးရိမ်ရသည့်အတွက် အမြန်ခွဲစိတ်ရမည်ဟု ဆိုကာအရေးပေါ်အခန်းထဲ ထည့်ထားခြင်းပင်။ တစ်ခုခက်နေသည်မှာ ဒေါ်တင်မှာရှိနေသော သွေးတိုးရောဂါပင်။

Samsung Phone တွေမှာ Pattern Lock မေ့ရင် Pin Lock မေ့ရင် ပြန်လုပ်နည်း


Samsung ဖုန်းတွေမှာ Pin Lock ပဲဖြစ်ဖြစ် Pattern Lock ပဲဖြစ်ဖြစ် မေ့ခဲ့ရင် တခါ တလေ ကိုယ့်ဖုန်းကိုလာကိုင်တဲ့ တစ်ယောက်က ခဏခဏ မှားလုပ်မိရင် Lock ကျသွားတာ ဖြစ်တတ်ပါတယ် ။ ဖုန်းတစ်လုံးနဲ့ တစ်လုံး လုပ်နည်းမတူ “wipe data/factory reset " လုပ်ရင်တော့ မြန်တယ် 5မိနစ်အတွင်း ပြန်ရ
ပြန်ပွင့်ပါတယ် ။ တခြားနည်းတွေနဲ့ လည်း လုပ်ရပေမယ့် ဒီနည်းကတော့အလွယ်ဆုံး အမြန်ဆုံးပါ ။ Home key နဲ့ Power Key -Volume Down Key
ဖုန်းအမျိုးစားပေါ်မူတည်ကွဲပါတယ် ။ Recovery Mood ထဲရောက်လာရင်လုပ်နည်းအတူတူပဲ ။ သူများ ဖုန်းစောစောက Pattern Lock ကျနေလို့ ပြန်ပီး

Related Posts Plugin for WordPress, Blogger...