“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, June 12, 2013

ထမင်းစားပြီးပြီးချင်း လုပ်ဆောင်ရန် မသင့်သော အရာများ

Photo: ထမင်းစားပြီးပြီးချင်း လုပ်ဆောင်ရန် မသင့်သော အရာများ

ထမင်းစားပြီးတဲ့အခါ သတိမထားမိဘဲ လုပ်မိနေတာတွေက ကျန်းမာရေးအတွက် အနှောင့်အယှက် ဖြစ်စေတာ၊ အစာချေဖျက်မှုကို အဟန့်အတား ဖြစ်စေတာတွေကို သင်သိပါရဲ့လား။

(၁) လက်ဖက်ရည် မသောက်ပါနှင့်

လက်ဖက်ရည်မှာ ပါဝင်တဲ့ ပိုလီဖီနောဒြပ်ပေါင်းက အစားအစာတွေကနေ သံဓာတ် စုပ်ယူမှုကို ဟန့်တားတာကြောင့် ခန္ဓာကိုယ်မှာ သံဓာတ်ချို့တဲ့မှုကို ဖြစ်စေနိုင်ပါတယ်။ လက်ဖက်ရည်ထဲမှာ ပါဝင်တဲ့ အက်စစ်တစ်မျိုးက အစားအစာတွေထဲက ပရိုတင်းတွေ ချေဖျက်မှုကို အဟန့်အတား ဖြစ်စေပါတယ်။ ဒါကြောင့် ထမင်းစားပြီးပြီးချင်းမှာ လက်ဖက်ရည် မသောက်သင့်ပါဘူး။

(၂) ရေမချိုးပါနှင့်

ထမင်းစားပြီးတဲ့အခါ စားထားတဲ့ အစာတွေကို ချေဖျက်ဖို့အတွက် အစာအိမ်ဆီကို သွေးတွေ ရောက်ရှိဖို့ လိုပါတယ်။ ရေချိုးတဲ့ အခါမှာတော့ သွေးစီးဆင်းမှုက လက်နဲ့ ခြေထောက်တွေဆီကို ရောက်ရှိပြီး အစာအိမ်ဆီကို မရောက်ရှိပါဘူး။ ဒါဟာ အစာတွေကို ချေဖျက်ရာမှာ နှောင့်နှေးစေပြီး သင့်ကျန်းမာရေးအပေါ် သက်ရောက်မှု ရှိပါတယ်။ ပညာရှင်တွေက ထမင်းစားပြီး အနည်းဆုံး နာရီဝက်လောက် ခြားပြီးမှ ရေချိုးပါလို့ အကြံပြုထားပါတယ်။

(၃) အိပ်စက်မှု မပြုပါနှင့်

ထမင်းစားပြီးပြီးချင်း ချက်ချင်း လဲလျောင်းတာမျိုးကို ရှောင်ပါ။ အစာအိမ်ထဲက အစာချေဖျက်မယ့် အရည်တွေ နောက်ပြန်စီးပြီး လည်ချောင်းထဲ ရောက်ကာ ရောင်ရမ်းမှုတွေ ဖြစ်စေနိုင်ပါတယ်။ ထမင်းအများကြီး စားပြီးပြီးချင်း အိပ်စက်ပါက ရင်ပူတာ၊ ခံတွင်းမှာ ပူလောင်မှု ခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

(၄) လမ်းလျှောက်ခြင်း မပြုပါနှင့်

အများစုက ထမင်းစားပြီးတဲ့အခါ လမ်းလျှောက်ထွက်တာက အစာချေဖျက်မှုကို အထောက်အကူ ပြုတယ်လို့ ထင်မြင်ယူဆတတ်ကြပါတယ်။ လမ်းလျှောက်တာက စွမ်းအင်တွေ လောင်ကျွမ်းမှုကိုသာ အားပေးပါတယ်။ ထမင်းစားပြီးပြီးချင်း လမ်းလျှောက်ထွက်တာက စားချဥ့်ပြန်တာကို ဖြစ်စေပြီး အစာတွေကနေ အာဟာရဓာတ်တွေ စုပ်ယူမှုကို ဟန့်တားတာကြောင့် ထမင်းစားပြီးပြီးချင်း လမ်းလျှောက် ထွက်တာမျိုး မလုပ်သင့်ပါ။

(၅) သစ်သီး မစားပါနှင့်
သစ်သီးက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာဆိုတာ လူတိုင်း သိရှိပြီးသားပါ။ ထမင်းစားပြီးပြီးချင်းမှာ သစ်သီးစားပြီး အချိုတည်းမယ် ဆိုရင်တော့ အစာအိမ်ထဲက အစာတွေ အူထဲကို ရောက်ရှိမှု နှေးကွေးစေပါတယ်။

ဒါကြောင့် သရေစာအနေနဲ့ သစ်သီးတွေကို စားပါ။ ထမင်းစားပြီးပြီးချင်းမှာတော့ သစ်သီး မစားပါနဲ့။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

ထမင်းစားပြီးတဲ့အခါ သတိမထားမိဘဲ လုပ်မိနေတာတွေက ကျန်းမာရေးအတွက် အနှောင့်အယှက် ဖြစ်စေတာ၊ အစာချေဖျက်မှုကို အဟန့်အတား ဖြစ်စေတာတွေကို သင်သိပါရဲ့လား။

(၁) လက်ဖက်ရည် မသောက်ပါနှင့်

... လက်ဖက်ရည်မှာ ပါဝင်တဲ့ ပိုလီဖီနောဒြပ်ပေါင်းက အစားအစာတွေကနေ သံဓာတ် စုပ်ယူမှုကို ဟန့်တားတာကြောင့် ခန္ဓာကိုယ်မှာ သံဓာတ်ချို့တဲ့မှုကို ဖြစ်စေနိုင်ပါတယ်။ လက်ဖက်ရည်ထဲမှာ ပါဝင်တဲ့ အက်စစ်တစ်မျိုးက အစားအစာတွေထဲက ပရိုတင်းတွေ ချေဖျက်မှုကို အဟန့်အတား ဖြစ်စေပါတယ်။ ဒါကြောင့် ထမင်းစားပြီးပြီးချင်းမှာ လက်ဖက်ရည် မသောက်သင့်ပါဘူး။

(၂) ရေမချိုးပါနှင့်

ထမင်းစားပြီးတဲ့အခါ စားထားတဲ့ အစာတွေကို ချေဖျက်ဖို့အတွက် အစာအိမ်ဆီကို သွေးတွေ ရောက်ရှိဖို့ လိုပါတယ်။ ရေချိုးတဲ့ အခါမှာတော့ သွေးစီးဆင်းမှုက လက်နဲ့ ခြေထောက်တွေဆီကို ရောက်ရှိပြီး အစာအိမ်ဆီကို မရောက်ရှိပါဘူး။ ဒါဟာ အစာတွေကို ချေဖျက်ရာမှာ နှောင့်နှေးစေပြီး သင့်ကျန်းမာရေးအပေါ် သက်ရောက်မှု ရှိပါတယ်။ ပညာရှင်တွေက ထမင်းစားပြီး အနည်းဆုံး နာရီဝက်လောက် ခြားပြီးမှ ရေချိုးပါလို့ အကြံပြုထားပါတယ်။

(၃) အိပ်စက်မှု မပြုပါနှင့်

ထမင်းစားပြီးပြီးချင်း ချက်ချင်း လဲလျောင်းတာမျိုးကို ရှောင်ပါ။ အစာအိမ်ထဲက အစာချေဖျက်မယ့် အရည်တွေ နောက်ပြန်စီးပြီး လည်ချောင်းထဲ ရောက်ကာ ရောင်ရမ်းမှုတွေ ဖြစ်စေနိုင်ပါတယ်။ ထမင်းအများကြီး စားပြီးပြီးချင်း အိပ်စက်ပါက ရင်ပူတာ၊ ခံတွင်းမှာ ပူလောင်မှု ခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

(၄) လမ်းလျှောက်ခြင်း မပြုပါနှင့်

အများစုက ထမင်းစားပြီးတဲ့အခါ လမ်းလျှောက်ထွက်တာက အစာချေဖျက်မှုကို အထောက်အကူ ပြုတယ်လို့ ထင်မြင်ယူဆတတ်ကြပါတယ်။ လမ်းလျှောက်တာက စွမ်းအင်တွေ လောင်ကျွမ်းမှုကိုသာ အားပေးပါတယ်။ ထမင်းစားပြီးပြီးချင်း လမ်းလျှောက်ထွက်တာက စားချဥ့်ပြန်တာကို ဖြစ်စေပြီး အစာတွေကနေ အာဟာရဓာတ်တွေ စုပ်ယူမှုကို ဟန့်တားတာကြောင့် ထမင်းစားပြီးပြီးချင်း လမ်းလျှောက် ထွက်တာမျိုး မလုပ်သင့်ပါ။

(၅) သစ်သီး မစားပါနှင့်
 
သစ်သီးက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာဆိုတာ လူတိုင်း သိရှိပြီးသားပါ။ ထမင်းစားပြီးပြီးချင်းမှာ သစ်သီးစားပြီး အချိုတည်းမယ် ဆိုရင်တော့ အစာအိမ်ထဲက အစာတွေ အူထဲကို ရောက်ရှိမှု နှေးကွေးစေပါတယ်။

ဒါကြောင့် သရေစာအနေနဲ့ သစ်သီးတွေကို စားပါ။ ထမင်းစားပြီးပြီးချင်းမှာတော့ သစ်သီး မစားပါနဲ့။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
See More

ခြေစွယ်ငုတ်ခြင်း မဖြစ်ရလေအောင်


ခြေမများတွင်အဖြစ်များသည်။ခြေစွယ်များနီရဲ၊ရောင်ရမ်း၊နာကျင်လာတတ်သည်။ခြေသည်းညှပ်စဉ်ကျန်ခဲ့သောခြေသည်းစွယ်ကအသားထဲတိုးဝင်ရာကခြေစွယ်ဝန်းကျင်တွင်၊ရောင်လာတတ်သည်။တစ်ခါတစ်ရံပြည်တည်လိုက်လာသည်။ခြေသည်းညှပ်ရာတွင်ခြေစွယ်ကျန်ခြင်းနှင့်၊ရှုးဖိနပ်ကျပ်ကျပ်စီးသည့်အခါ၊ခြေချောင်းဖျားများစုညှစ်ခံထားရခြင်းတို.မှာခြေစွယ်ငုပ်စေသောအရင်းခံအကြောင်းများဖြစ်ကြပ...ါသည်။

ဆရာဝန်နှင့်အရင်ပြရန်

-ခြေစွယ်ပိုးဝင်၊ရောင်ရမ်းနေလျှင်ထိုသို.ဝေဒနာရနေသူတွင်ဆီးချို၊သွေးကြောကျဉ်းရောဂါစသည်တို.ရှိလျှင်။

မိမိဘာသာဆောင်ရွက်နိုင်သောကိစ္စရပ်များ

ခြေစွယ်ငုပ်မှန်းစောစီးစွာခန်.မှန်းသတိထားမိပါကအောက်ပါတို.ကိုဆောင်ရွက်ခြင်းဖြင့်ခြေစွယ်ငုပ်ဝေဒနာပိုဆိုးမလာအောင်ဟန်.တားပေးထားနိုင်သည်

၁။ခြေစွယ်ငုပ်နေသောခြေထောက်ကိုရေနွေးထဲဆားရည်နွေးနှစ်ဇွန်း၊သုံးဇွန်းထည့်မွှေထားသောဆားရည်နွေးဖြင့်တစ်ခါစိမ်ဆယ်မိနစ်ခန်.ကြာတစ်နေ.နှစ်ကြိမ်ပုံမှန်စိမ်ပေးပါ။နာနေ၊ရောင်စပြုနေသောပလာစတာကပ်ထားပါ။

၂။ခြေညှပ်ဖိနပ်၊ကွင်းထိုးဖိနပ်စီးပါ။

၃။ခြေစွယ်ငုပ်နာလုံးဝပျောက်မှခြေသည်းညှပ်ပါ။

၎။ခြေသည်းဆိုးခြင်း၊ခြေသည်းဆိုးဆေးချွတ်ခြင်းတို.ကိုခြေစွပ်ငုပ်နေစဉ်မပြုလုပ်ရ။


ကာကွယ်ခြင်း
=========

အကောင်းဆုံးကာကွယ်နည်းမှာခြေထောက်ကိုဂရုစိုက်နည်းသာဖြစ်ပါသည်။

-နေ.စဉ်ခြေဆေးပါ။ခြေဆေးပြီးနောက်ရေစင်အောင်သုတ်၊ရေခြောက်အောင်ထားပါ။

-ရှေ.ဘက်တွင်ခြေချောင်းလေးများကိုစုညှစ်ထားတတ်သည့်ဖိနပ်၊ဦးချွတ်၊ဒေါက်မြင့်၊ဖိနပ်စသည်တို.မစီးသင့်။

-ချည်ထည်ခြေစွပ်၊စကော့ကင်များကိုသာဝတ်ပါ။နေ.စဉ်လဲပါ။ခြေဦးပိုင်းဖွင့်ထားသောခြေစွပ်၊စကော့ကင်များဝယ်၍ရသည်။ယင်းအမျိုးအစားကိုအသုံးပြုပါ။

-ခြေသည်းညှပ်လျှင်အသေအချာညှပ်ပါ။


ခြေသည်းညှပ်နည်း


(၁)ခြေသည်းမညှပ်မီခြေသည်းနူး၊ပျော့သွားစေရန်ရေနွေးဇလုံထဲတွင်ဆယ်မိနစ်ခန်.စိမ်ထားပါ။

(၂)တုံးသောခြေသည်းညှပ်၊ဓား၊ကပ်ကြေးတို.မသုံးသင့်။တစ်ခါညှပ်လျှင်တစ်ချက်တည်းပြတ်မည့်ခြေသည်းပြတ်

မည့်ခြေသည်းညှပ်ကိုသုံးပါ။ခြေသည်းကိုကွေးဝိုက်ညှပ်သွားပါ။ထောင့်ဘက်များကိုဂရုစိုက်ညှပ်ပါ။ထောင့်ဘက်ဖျားများကိုတစဉ်းတိုက်ပါ။

(၃)ခြေစွယ်ကုပ်နေလျှင်၊ခြေသည်းညှပ်၊ဓား၊ကပ်ကြေးစသည်တို.ကိုဇွတ်ထိုးမထည့်ရ။ရေနွေးစိမ်ပြီးခြေသည်းနူးညံ့

နေချိန်မှာထိုခြေစွယ်ကိုညှပ်ပါ။မာခေါက်ကွေးကုပ်နေသောခြေစွယ်အောက်သို.မည်သည့်အရာမှထိုးမသွင်းရ။

credit to Wellness Health & Beauty Magazine

မိန်းကလေးတစ်ယောက်ရဲ့အသက်ကိုခန့်မှန်းနည်း


Photo: မိန်းကလေးတစ်ယောက်ရဲ့အသက်ကိုခန့်မှန်းနည်း

အမျိုးသမီး တစ်ယောက်ဟာ သူမရဲ့ နှစ်ငါးဆယ်ပြည့် မွေးနေ့မှာ အလှပြင်ဆိုင် သွားပြီး မျက်နှာပေါ်က အရေးအကြောင်း တွေကို ပြုပြင်လိုက်တယ်။
ဒေါ်လာ ငါးထောင်လောက် သုံးပစ်လိုက်ရပေမဲ့ အင်မတန် အကျိုးထူးတဲ့ ရလာဒ် ကြောင့် သူမ ပျော်ရွှင် နေတယ်။ အိမ်အပြန် လမ်းမှာ သတင်းစာ ဝင်ဝယ်လိုက်သေးတယ်။ သတင်းစာ ဝယ်ပြီး ပြန်မထွက်ခင် သူမက စာရေးကို မေးလိုက်တယ်။
“ဒို့ တစ်ခု မေးရင် မောင်လေး စိတ် မဆိုးဘူးထင်တယ်၊ ဒို့ အသက် ဘယ်လောက်ရှိပြီလဲ ခန့်မှန်းနိုင်လား”
“၃၂နှစ်လောက်ပေါ့” စာရေးက ပြန်ဖြေလိုက်တယ်။
“အိုး၊ မဟုတ်သေးဘူး။ ဒို့က ဒီနေ့ပဲ ၅၀ ပြည့်တာ”
...
အမျိုးသမီးက ပျော်ရွှင်စွာပြောလိုက်တယ်။
နောက်တော့ သူမက မက်ဂ်ဒေါ်နယ်ဆိုင်ထဲ ဝင်သွားပြီး ကောင်တာက ကောင်မလေးကို အဲ့ဒီ မေးခွန်း ပြန် မေးလိုက်ပြန်တယ်။
ကောင်မလေးကဖြေတယ် “၂၉နှစ်လောက်ပေါ့”
“မဟုတ်ဘူး။ ၅၀ ရှိပြီ” အမျိုးသမီးက ပြောလိုက်တယ်။
ခုတော့ အမျိုးသမီးက သူမကိုယ် သူမ တော်တော်လေး ကျေနပ် နေပြီ။ သူမ လမ်းဆက် လျှောက်လာရင်း ဆေးဆိုင်တစ်ဆိုင် တွေ့တော့ ဝင်ပြီး ပူရှိန်းသကြားလုံး တစ်ချို့ ဝင်ဝယ်လိုက် ပြန်တယ်။ ကောင်တာကို ရောက်တော့ ထုံးစံအတိုင်း သူမမေးချင် လွန်းလှတဲ့ မေးခွန်းကို မေးလိုက် ပြန်တယ်။

“အိုး၊ ၃၀လို့ ထင်တယ်” ကောင်တာစာရေးက ဖြေလိုက်တယ်။
“ဒို့အသက်က ၅၀ကွ၊ ဘာပဲဖြစ်ဖြစ် မင်းကို ကျေးဇူးတင်ပါတယ်”
အမျိုးသမီးကပျော်ရွှင်စွာနဲ့ တုံ့ပြန်လိုက် ပြန်တယ်။သူမ အိမ်ပြန်ဖို့ ဘတ်စ်ကား စောင့်နေတုန်း သူမဘေးမှာ ကားစောင့်နေတဲ့အဖိုးအို တစ်ဦးကို တွေ့တော့ အဲ့ဒီ မေးခွန်းကိုပဲ ထပ်ပြီး မေးလိုက်ပြန်တယ်။
အဖိုးအိုက ပြောတယ်။

“ဒီမှာ အမျိုးသမီး။ ငါ့အသက်က ၇၈နှစ် ရှိနေပြီ။အမြင်အာရုံတွေလဲ မွဲနေပြီ။ ဒါပေမဲ့ ငါ ငယ်ငယ်တုန်းကတော့ မိန်းမတွေရဲ့အသက်ကို တိတိကျကျ ပြောနိုင်တဲ့ နည်းလမ်း ရှိခဲ့ဖူးတယ်။ ငါ့စကားက သိပ်ပြီး စည်းကျော် နေမလားပဲ။ မမြင်ရမေမဲ့ မင်းရဲ့ ဘော်လီ အင်္ကျီအောက်ကို ငါ လက်နှိုက် စမ်းသပ်လို့ ရမယ်ဆိုရင်တော့ မင်းရဲ့ အသက်ကို တိတိကျကျ၊ သေချာပေါက်ကို ပြောနိုင်မှာပါ”

အမျိုးသမီးက ခဏတိတ်သွားပေမဲ့ ဒီအဖိုးကြီးရဲ့ အဖြေကို ကြားချင်တဲ့ စိတ်ကအနိုင်ယူ သွားခဲ့တယ်။သူမ သိချင်စိတ်ကို ထိန်းမရတဲ့ အဆုံး အဖိုးကြီးကို စူအောင့်အောင့်နဲ့ ပြောလိုက်တယ်။
“ဘာပဲ ဖြစ်ဖြစ်၊ ကောင်းပြီလေ။ စမ်းကြည့်ပေါ့”
အဖိုးအိုက အမျိုးသမီးရဲ့ရင်သားနှစ်ဖက်ကို စမ်းသပ်လိုက်၊ ဆုပ်နယ်လိုက်၊ပွတ်သပ်လိုက်နဲ့ လုပ်နေတယ်။ အချိန် နည်းနည်းကြာတော့ အမျိုးသမီးက
စိတ်မရှည်တော့ဘူး။

“ဒီမှာအဖိုးကြီး၊ ကျွန်မအသက် ဘယ်လောက် ရှိပြီလဲ”
ဒီတော့မှ အဖိုးအိုက အမျိုးသမီးရဲ့ ရင်သားနှစ်ခုကို စမ်းသပ် နေရာကနေ နောက်ဆုံး အကြိမ် ဖွဖွ ဆုပ်နယ် လိုက်ပြီး လက်ကိုဖယ်ရင်း ပြောလိုက်တယ်။
“ကောင်းပြီ အမျိုးသမီး၊ မင်းရဲ့ အသက်က ၅၀ မဟုတ်လား”
အမျိုးသမီးက အံ့ဩလွန်းလို့ မျက်လုံးပြူးသွားတယ်။ ကြားရတာ မယုံနိုင်ဘူး ဖြစ်နေတာပေါ့။

“တကယ်ကို မယုံနိုင်စရာပဲ၊ ရှင် ဘယ်လိုလုပ် အတိအကျကို ပြောနိုင်တာလဲ”
“ပြောပြရင် မင်းငါ့ကို စိတ်မဆိုးရဘူး၊ ဘာမှလဲမလုပ်ရဘူး” အဖိုးအိုက ကတိတောင်းတယ်။

“ကောင်းပါပြီ၊ ကတိပေးပါတယ်” အမျိုးသမီးက ကတိပေးလိုက်တယ်။
“မက်ဂ်ဒေါ်နယ် ဆိုင်မှာတုန်းက ငါ မင်းအနောက်မှာ တန်းစီနေတာလေ”


အမျိုးသမီး တစ်ယောက်ဟာ သူမရဲ့ နှစ်ငါးဆယ်ပြည့် မွေးနေ့မှာ အလှပြင်ဆိုင် သွားပြီး မျက်နှာပေါ်က အရေးအကြောင်း တွေကို ပြုပြင်လိုက်တယ်။
ဒေါ်လာ ငါးထောင်လောက် သုံးပစ်လိုက်ရပေမဲ့ အင်မတန် အကျိုးထူးတဲ့ ရလာဒ် ကြောင...့် သူမ ပျော်ရွှင် နေတယ်။ အိမ်အပြန် လမ်းမှာ သတင်းစာ ဝင်ဝယ်လိုက်သေးတယ်။ သတင်းစာ ဝယ်ပြီး ပြန်မထွက်ခင် သူမက စာရေးကို မေးလိုက်တယ်။
“ဒို့ တစ်ခု မေးရင် မောင်လေး စိတ် မဆိုးဘူးထင်တယ်၊ ဒို့ အသက် ဘယ်လောက်ရှိပြီလဲ ခန့်မှန်းနိုင်လား”
“၃၂နှစ်လောက်ပေါ့” စာရေးက ပြန်ဖြေလိုက်တယ်။
“အိုး၊ မဟုတ်သေးဘူး။ ဒို့က ဒီနေ့ပဲ ၅၀ ပြည့်တာ”
...
အမျိုးသမီးက ပျော်ရွှင်စွာပြောလိုက်တယ်။
နောက်တော့ သူမက မက်ဂ်ဒေါ်နယ်ဆိုင်ထဲ ဝင်သွားပြီး ကောင်တာက ကောင်မလေးကို အဲ့ဒီ မေးခွန်း ပြန် မေးလိုက်ပြန်တယ်။
ကောင်မလေးကဖြေတယ် “၂၉နှစ်လောက်ပေါ့”

ကမ္ဘာ့ ယဉ်ကျေးမှုမြို့တော် လန်ဒန်


လန်ဒန် (အင်္ဂလန်)
လန်ဒန်မြို့သည် အင်္ဂလန်နှင့် ယူနိုက်တက်ကင်းဒမ်း တို့၏ မြို့တော်ဖြစ်သည်။

ယူကေတွင် အကြီးမားဆုံး မြို့တော်နှင့် မြို့ပြ နယ်မြေဖြစ်ပြီး ဥရောပ သမဂ္ဂ နယ်မြေတွင်လည်း အကြီးဆုံး ဖြစ်သည်။ သိမ်းမြစ်ကမ်း ပေါ်တွင် တည်ရှိပြီး သမိုင်းကြောင်း အရ ရောမလူမျိုးများ ထူထောင်ခဲ့သည်ဟု သိရှိရသည်။

ကမ္ဘာပေါ်တွင် ထိပ်တန်း ဘဏ္ဍာရေး အချက်အချာ နေရာတစ်ခုဖြစ်ပြီး ပဉ္စမ သို့မဟုတ် ဆဋ္ဌမမြောက် ဂျီဒီပီ အများဆုံး မြို့ပြနယ်မြေ တစ်ခုလည်း ဖြစ်သည်။

ထို့ပြင် ကမ္ဘာ့ ယဉ်ကျေးမှု မြို့တော် တစ်ခု အဖြစ်လည်း သတ်မှတ် ခံရသည်။ ကမ္ဘာပေါ်တွင် နိုင်ငံတကာမှ ခရီးသွားများ လာရောက်မှု အများဆုံး မြို့တော်လည်း ဖြစ်ပြီး ကမ္ဘာ့ အကြီးဆုံး လေကြောင်းပို့ဆောင်ရေး

အင်းဆက်များစားခြင်း၏ ဆိုးကျိုးများ

Photo: အင်းဆက်များစားခြင်း၏ ဆိုးကျိုးများ

တရုတ် သိပ္ပံပညာရှင် တစ်ဦးက အင်းဆက် များကို လူထု စားသုံးမှု အတွက် မသင့်တော် သေးကြောင်း ပြောပါတယ်။ ဒါကြောင့် ကုလသမဂ္ဂ အစားအစာနှင့် စိုက်ပျိုးရေး အသင်း မှ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ် ရေးနှင့် အစားအစာ ကပ်ဆိုက်မှုကို ဖြေရှင်းရန် ကူညီပေးနိုင် လိမ့်မယ်လို့ ဆိုတယ်။ တစ်ကမ္ဘာလုံး ဆိုင်ရာ အဖြေရှာ ရေးအတွက် စားသောက်နိုင် တဲ့ စာရင်းပါ အင်းဆက် များအား သုတေသနပြုတဲ့ အစီရင် ခံစာမှ ဖော် ပြချက်အရ အစားအစာနှင့် စားသုံး ကုန်ကြမ်း လုံခြုံ စိတ်ချမှု ရှေ့အလား အလာများကို ထိုအသင်းမှ ထုတ်ပြန် ခဲ့ပါတယ်။
ပင့်ကူများနှင့် ကင်းမြီးကောက် များအပါ အဝင် လူတို့စားတတ်တဲ့ အခြားအင်းဆက် များကိုလည်း အများ သိရှိရန် ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ အင်းဆက် များဟာ အသားဓာတ်မြင့် မားခြင်း၊ ဗီတာမင် များနှင့် ဖိုင်ဘာ အမျှင်ဓာတ် ကြွယ်ဝခြင်း၊ သတ္တုဓာတ် ပါဝင်မှုမြင့်မား ခြင်းကြောင့် အစား အစာအသစ် တစ်ခု အနေဖြင့် နောင် အခါဖော်ပြ လာနိုင်လိမ့်မယ်လို့ ဆိုတယ်။ အင်းဆက်နှင့် စီးပွားရေး တွက်ခြေ ကိုက်မှုတွင် ကျွမ်းကျင်သူ တရုတ် စိုက်ပျိုးရေး တက္ကသိုလ်မှ ပိုးမွှားဗေဒ ပညာရှင် Gao Xiwu က အင်းဆက် မဖြစ် သေးကြောင်း ရှင်းပြ ခဲ့ခြင်းဖြစ် တယ်။ ထို့ပြင် တိကျ၍ ပြည့်စုံသော အစားအစာလုံခြုံစိတ်ချရေး စံချိန် စံညွှန်းတစ်ခုလည်း လိုကြောင်း၊ သို့မှ သာ အစားအစာအဖြစ် အင်းဆက် များကို စားသုံးလာကြစေရန် အတွက် နည်းပေး လမ်းကြောင်း ခင်းပေးနိုင်ဖို့ လိုကြောင်း ဆက်လက် ပြောပြသွားပါ တယ်။
အချို့သော အင်းဆက်များက အဆိပ်အတောက် များရှိပြီး ပိုးသတ် ဆေးအကြွင်းအကျန် များနှင့် ဗက်တီးရီး ယားပိုးများလည်း သယ်လာနိုင်ပါ တယ်။ အင်းဆက်များအား စားသုံးရန် ပြုပြင်ပေးရမယ့် နည်းလမ်းဟာ ရောဂါ ဖြစ်နိုင်တဲ့ အလားအလာ များကို ကာကွယ်ရန် မပြည့်စုံ မလုံလောက် သေးဘူးလို့ ဆိုတယ်။ ပေကျင်းမြို့ရှိ Wan-fujing လမ်းတွင် ကင်းမြီးကောက် ကောင်များ၊ ပိုးချည် ထုတ်ပေးတဲ့ ပိုးကောင်လေး များကို ကြော်၍ သော်လည်းကောင်း၊ ကင်၍ သော်လည်းကောင်း ရောင်းချ လေ့ရှိ ပါသတဲ့။ ကင်းမြီးကောက်ကြော် ၃ကောင် တစ်ကင်လျှင် ၂၅ ယွမ်(၄ ဒေါ်လာ) နှင့် ရောင်းချပါသတဲ့။ 
မေ
BY HEALTH DIGEST
တရုတ် သိပ္ပံပညာရှင် တစ်ဦးက အင်းဆက် များကို လူထု စားသုံးမှု အတွက် မသင့်တော် သေးကြောင်း ပြောပါတယ်။ ဒါကြောင့် ကုလသမဂ္ဂ အစားအစာနှင့် စိုက်ပျိုးရေး အသင်း မှ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ် ရေးနှင့် အစားအစာ ကပ်ဆိုက်...မှုကို ဖြေရှင်းရန် ကူညီပေးနိုင် လိမ့်မယ်လို့ ဆိုတယ်။ တစ်ကမ္ဘာလုံး ဆိုင်ရာ အဖြေရှာ ရေးအတွက် စားသောက်နိုင် တဲ့ စာရင်းပါ အင်းဆက် များအား သုတေသနပြုတဲ့ အစီရင် ခံစာမှ ဖော် ပြချက်အရ အစားအစာနှင့် စားသုံး ကုန်ကြမ်း လုံခြုံ စိတ်ချမှု ရှေ့အလား အလာများကို ထိုအသင်းမှ ထုတ်ပြန် ခဲ့ပါတယ်။

ပင့်ကူများနှင့် ကင်းမြီးကောက် များအပါ အဝင် လူတို့စားတတ်တဲ့ အခြားအင်းဆက် များကိုလည်း အများ သိရှိရန် ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ အင်းဆက် များဟာ အသားဓာတ်မြင့် မားခြင်း၊ ဗီတာမင် များနှင့် ဖိုင်ဘာ အမျှင်ဓာတ် ကြွယ်ဝခြင်း၊ သတ္တုဓာတ် ပါဝင်မှုမြင့်မား ခြင်းကြောင့် အစား အစာအသစ် တစ်ခု အနေဖြင့် နောင် အခါဖော်ပြ လာနိုင်လိမ့်မယ်လို့ ဆိုတယ်။ အင်းဆက်နှင့် စီးပွားရေး တွက်ခြေ ကိုက်မှုတွင် ကျွမ်းကျင်သူ တရုတ် စိုက်ပျိုးရေး တက္ကသိုလ်မှ ပိုးမွှားဗေဒ ပညာရှင် Gao Xiwu က အင်းဆက် မဖြစ် သေးကြောင်း ရှင်းပြ ခဲ့ခြင်းဖြစ် တယ်။ ထို့ပြင် တိကျ၍ ပြည့်စုံသော အစားအစာလုံခြုံစိတ်ချရေး စံချိန် စံညွှန်းတစ်ခုလည်း လိုကြောင်း၊ သို့မှ သာ အစားအစာအဖြစ် အင်းဆက် များကို စားသုံးလာကြစေရန် အတွက် နည်းပေး လမ်းကြောင်း ခင်းပေးနိုင်ဖို့ လိုကြောင်း ဆက်လက် ပြောပြသွားပါ တယ်။

အချို့သော အင်းဆက်များက အဆိပ်အတောက် များရှိပြီး ပိုးသတ် ဆေးအကြွင်းအကျန် များနှင့် ဗက်တီးရီး ယားပိုးများလည်း သယ်လာနိုင်ပါ တယ်။ အင်းဆက်များအား စားသုံးရန် ပြုပြင်ပေးရမယ့် နည်းလမ်းဟာ ရောဂါ ဖြစ်နိုင်တဲ့ အလားအလာ များကို ကာကွယ်ရန် မပြည့်စုံ မလုံလောက် သေးဘူးလို့ ဆိုတယ်။ ပေကျင်းမြို့ရှိ Wan-fujing လမ်းတွင် ကင်းမြီးကောက် ကောင်များ၊ ပိုးချည် ထုတ်ပေးတဲ့ ပိုးကောင်လေး များကို ကြော်၍ သော်လည်းကောင်း၊ ကင်၍ သော်လည်းကောင်း ရောင်းချ လေ့ရှိ ပါသတဲ့။ ကင်းမြီးကောက်ကြော် ၃ကောင် တစ်ကင်လျှင် ၂၅ ယွမ်(၄ ဒေါ်လာ) နှင့် ရောင်းချပါသတဲ့။
မေ
BY HEALTH DIGEST
See More
 

ဘာကြောင့် အမျိုးသမီးတွေမှာ လည်စလုတ် မရှိရတာလဲ


Photo: ဘာကြောင့် အမျိုးသမီးတွေမှာ လည်စလုတ် မရှိရတာလဲ
Wednesday, June 12, 2013

လည်စလုတ်ဆိုတာ လူ့ခန္ဓာကိုယ်ရှိ လည်ချောင်း အလယ်နေရာမှာ ဖောင်းနေတဲ့ အရာဖြစ်ပြီး အရိုးနုတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီနေရာကို သိုင်းရွိုက်အရိုးနုလို့ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သိုင်းရွိုက်ဂလင်းရဲ့ ထိပ်တည့်တည့်မှာ ရှိနေတာကြောင့်ပါ။ လည်စလုတ်ကို ဆေးပညာ အခေါ်အရ Prominentia Laryngea လို့ ခေါ်နိုင်ပေမယ့် အရပ်အခေါ်အရတော့ Adam's Apple (အာဒမ်ရဲ့ ပန်းသီး)ပဲ ဖြစ်ပါတယ်။ ခရစ်ယာန်တို့ရဲ့ အယူအရ ကမ္ဘာ့လူသားအစ အာဒမ်နဲ့ ဧဝတို့ နှစ်ယောက်မှာ ယောက်ျားဖြစ်သူ အာဒမ်ဟာ မစားကောင်းတဲ့ အသီးဖြစ်တဲ့ ပန်းသီးကို စားခဲ့မိပြီး ကျိန်စာသင့်ခဲ့တဲ့ အဖြစ်အပျက်ကို ရည်ညွှန်းကာ အမျိုးသားတွေရဲ့ လည်ပင်းမှာ ဖုထွက်နေတဲ့ လည်စလုတ်ကို Adam's Apple လို့ ခေါ်ခဲ့ကြတာ ဖြစ်ပါတယ်။

တကယ်တော့ လည်စလုတ်ဟာ အမျိုးသားတွေမှာပဲ ရှိတာမဟုတ်ပါဘူး။ အမျိုးသမီးတွေမှာလည်း ရှိပါတယ်။ အမျိုးသမီးတွေမှာ မသိသာလို့ဘဲ ဖြစ်ပါတယ်။ လည်စလုတ် အရွယ်အစားဟာ လူပျိုဖော်၊ အပျိုဖော် မဝင်ခင် အချိန်အထိ ယောက်ျားလေးနဲ့ မိန်းကလေးတွေမှာ အတူတူပဲ ဖြစ်ပါတယ်။ လူပျိုဖော်ဝင်ချိန် ရောက်တဲ့အခါ တက်စတိုစတီရုန်း ဟော်မုန်းတွေ များလာတာကြောင့် ယောက်ျားလေးတွေမှာ သိသာထင်ရှားစွာ ကြီးထွားလာတာပဲ ဖြစ်ပါတယ်။

တချို့အမျိုးသမီးတွေမှာ လည်စလုတ်ကြီးတွေ ကြီးနေတာကို တွေ့ရမှာပါ။ ဒါပေမဲ့ နောက်ဆုံးပေါ် ဆေးပညာနည်းတွေ၊ ခေတ်ပေါ် ပလတ်စတစ် ဆာဂျရီနည်းတွေနဲ့ ပြုပြင်လို့ ရနေပြီမို့ ပူစရာ မလိုတော့ပါဘူး။ လည်စလုတ်အရွယ် သေးငယ်အောင် လေပြွန်ရိတ်နည်း (Trachea Shave) လို့ ခေါ်တဲ့ ခွဲစိတ်ပြုပြင်နည်းတွေ ရှိပါတယ်။ နာမည်က မုတ်ဆိတ်ရိတ်သလို လွယ်ကူပုံ ပေါက်နေပေမယ့် မုတ်ဆိတ်ရိတ်သလို လမ်းဘေး ဆံသဆိုင်မှာ လုပ်လို့တော့ မရပါဘူး။ ခွဲစိတ်ခန်းထဲမှာ သေချာလုပ်ရမှာပါ။ လည်ချောင်းမှာ အနည်းငယ် ခွဲပြီးတော့မှ ထင်ရှားနေတဲ့ အရိုးနုကို ဖြတ်ပစ်ရတာပဲ ဖြစ်ပါတယ်။ ဒီခွဲစိတ်နည်းဟာ အမျိုးသားကနေ အမျိုးသမီးဘဝ ပြောင်းချင်သူတွေ အကြား အလုပ်အများဆုံး ခွဲစိတ် ပြုပြင်နည်း တစ်ခုပဲ ဖြစ်ပါတယ်။

(ဗဟုသုတအနေဖြင့် ဝေမျှပေးလိုက်ပါသည်။)

By Good Health
လည်စလုတ်ဆိုတာ လူ့ခန္ဓာကိုယ်ရှိ လည်ချောင်း အလယ်နေရာမှာ ဖောင်းနေတဲ့ အရာဖြစ်ပြီး အရိုးနုတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီနေရာကို သိုင်းရွိုက်အရိုးနုလို့ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုေ...တာ့ သိုင်းရွိုက်ဂလင်းရဲ့ ထိပ်တည့်တည့်မှာ ရှိနေတာကြောင့်ပါ။ လည်စလုတ်ကို ဆေးပညာ အခေါ်အရ Prominentia Laryngea လို့ ခေါ်နိုင်ပေမယ့် အရပ်အခေါ်အရတော့ Adam's Apple (အာဒမ်ရဲ့ ပန်းသီး)ပဲ ဖြစ်ပါတယ်။ ခရစ်ယာန်တို့ရဲ့ အယူအရ ကမ္ဘာ့လူသားအစ အာဒမ်နဲ့ ဧဝတို့ နှစ်ယောက်မှာ ယောက်ျားဖြစ်သူ အာဒမ်ဟာ မစားကောင်းတဲ့ အသီးဖြစ်တဲ့ ပန်းသီးကို စားခဲ့မိပြီး ကျိန်စာသင့်ခဲ့တဲ့ အဖြစ်အပျက်ကို ရည်ညွှန်းကာ အမျိုးသားတွေရဲ့ လည်ပင်းမှာ ဖုထွက်နေတဲ့ လည်စလုတ်ကို Adam's Apple လို့ ခေါ်ခဲ့ကြတာ ဖြစ်ပါတယ်။

တကယ်တော့ လည်စလုတ်ဟာ အမျိုးသားတွေမှာပဲ ရှိတာမဟုတ်ပါဘူး။ အမျိုးသမီးတွေမှာလည်း ရှိပါတယ်။ အမျိုးသမီးတွေမှာ မသိသာလို့ဘဲ ဖြစ်ပါတယ်။ လည်စလုတ် အရွယ်အစားဟာ လူပျိုဖော်၊ အပျိုဖော် မဝင်ခင် အချိန်အထိ ယောက်ျားလေးနဲ့ မိန်းကလေးတွေမှာ အတူတူပဲ ဖြစ်ပါတယ်။ လူပျိုဖော်ဝင်ချိန် ရောက်တဲ့အခါ

သင်ကျန်းမာနေသလား

Photo: သင်ကျန်းမာနေသလား
----------------------------------------------------------------

လူတစ်ယောက်ရဲ့ အညစ်အကြေးကနေ ကျန်းမာရေးအခြေအနေကို တိုင်းတာတဲ့ နည်းလမ်းတစ်ရပ်ရှိပါတယ်....

ဒီနည်းလမ်းကို Bristol Stool Scale လို့ခေါ်ပြီး လူတွေရဲ့ ကျင်ကြီးအမျိုးမျိုးကို ဆေးပညာအရ ခွဲခြားထားတာဖြစ်ပါတယ်... ကျန်းမာရေးအခြေအနေကို ခွဲခြားသိမြင်နိုင်ဖို့အတွက် မစင်တွေရဲ့ သီးခြားစီရှိနေတဲ့ပုံသဏ္ဌာန်၊ အရောင်အဆင်းနဲ့ မျက်နှာပြင်အနေအထားတို့ပေါ်မူတည်ပြီး အမျိုးအစား ၇ မျိုးခွဲထားပါတယ်....

ဒီခွဲခြားမှုကို Bristol တက္ကသိုလ်က စတင်သတ်မှတ်ခဲ့တာဖြစ်တဲ့အတွက် Bristol Stool Scale လို့နာမည်ပေးထားခြင်းဖြစ်ပြီး ၁၉၉၇ ခုနှစ်မှာ ဒီအကြောင်းအရာကို စတင်ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်... ဒီစာတမ်းပြုစုသူတွေရဲ့ အဆိုအရ သင့်မစင်ကို ဒီစကေးနဲ့တိုင်းတာကြည့်လိုက်မယ်ဆိုရင် သင့်အူမကြီးက ဘယ်လောက် ကျန်းမာရေးနဲ့ကိုက်ညီသလဲဆိုတာကို သိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်...

သင့်မစင်ရဲ့အခြေအနေပေါ်မူတည်ပြီး သင့်အစာအာဟာရတွေကို ပြောင်းလဲပေးဖို့လိုအပ်ပါလိမ့်မယ်... မစင်အမျိုးအစား ၁ ကနေ ၃ အထိဟာ ဝမ်းချုပ်နေတဲ့ အခြေအနေကိုညွှန်ပြပါတယ်... ၆ နဲ့ ၇ ကတော့ ဝမ်းလျှောတဲ့အခြေအနေဖြစ်ပါတယ်... 

သင်သွားတဲ့ ဝမ်းအခြေအနေကိုကြည့်ပြီး သင်ကျန်းမာနေသလားဆိုတာကို တိုင်းတာစစ်ဆေးကြည့်လိုက်ကြပါစို့....
----------------------------------------------------------------
Ref: Facts and GK+

နှိုင်းရင့်နွေ
လူတစ်ယောက်ရဲ့ အညစ်အကြေးကနေ ကျန်းမာရေးအခြေအနေကို တိုင်းတာတဲ့ နည်းလမ်းတစ်ရပ်ရှိပါတယ်....

ဒီနည်းလမ်းကို Bristol Stool Scale လို့ခေါ်ပြီး လူတွေရဲ့ ကျင်ကြီးအမျိုး...မျိုးကို ဆေးပညာအရ ခွဲခြားထားတာဖြစ်ပါတယ်... ကျန်းမာရေးအခြေအနေကို ခွဲခြားသိမြင်နိုင်ဖို့အတွက် မစင်တွေရဲ့ သီးခြားစီရှိနေတဲ့ပုံသဏ္ဌာန်၊ အရောင်အဆင်းနဲ့ မျက်နှာပြင်အနေအထားတို့ပေါ်မူတည်ပြီး အမျိုးအစား ၇ မျိုးခွဲထားပါတယ်....

ဒီခွဲခြားမှုကို Bristol တက္ကသိုလ်က စတင်သတ်မှတ်ခဲ့တာဖြစ်တဲ့အတွက် Bristol Stool Scale လို့နာမည်ပေးထားခြင်းဖြစ်ပြီး ၁၉၉၇ ခုနှစ်မှာ ဒီအကြောင်းအရာကို စတင်ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်... ဒီစာတမ်းပြုစုသူတွေရဲ့ အဆိုအရ သင့်မစင်ကို ဒီစကေးနဲ့တိုင်းတာကြည့်လိုက်မယ်ဆိုရင် သင့်အူမကြီးက ဘယ်လောက် ကျန်းမာရေးနဲ့ကိုက်ညီသလဲဆိုတာကို သိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်...

သင့်မစင်ရဲ့အခြေအနေပေါ်မူတည်ပြီး သင့်အစာအာဟာရတွေကို ပြောင်းလဲပေးဖို့လိုအပ်ပါလိမ့်မယ်... မစင်အမျိုးအစား ၁ ကနေ ၃ အထိဟာ ဝမ်းချုပ်နေတဲ့ အခြေအနေကိုညွှန်ပြပါတယ်... ၆ နဲ့ ၇ ကတော့ ဝမ်းလျှောတဲ့အခြေအနေဖြစ်ပါတယ်...

သင်သွားတဲ့ ဝမ်းအခြေအနေကိုကြည့်ပြီး သင်ကျန်းမာနေသလားဆိုတာကို တိုင်းတာစစ်ဆေးကြည့်လိုက်ကြပါစို့....
----------------------------------------------------------------
Ref: Facts and GK+

နှိုင်းရင့်နွေ
See More
 

ညစ်ပတ်နေသော ရေကူးကန်များတွင် ရေကူးခြင်း၏ ဆိုးကျိုးများ

Photo: ညစ်ပတ်နေသော ရေကူးကန်များတွင် ရေကူးခြင်း၏ ဆိုးကျိုးများ

ရေကူးကန်ထဲ ဝင်စိမ်လိုက်ရရင် ကောင်းမယ်လို့ တွေးမိသူများ သိသင်တဲ့ အချက်ကို ပြောပြ လိုပါတယ်။ စစ်တမ်းကောက် ချက်အသစ် တစ်ခုအရ ရေထဲသို့ခြေ မချခင် နောက်တစ်ကြိမ် လောက်ပြန် စဉ်းစားစေချင်ပါတယ်။ သုတေသီများဟာ ရေကူးကန်များရဲ့ဇကာများကို ယူပြီး စစ်ဆေး စမ်းသပ်ကြည့် တဲ့အခါ ထိုရေကူးကန်များရဲ့ ထက်ဝက် ကျော်မှာ လူသား တွေရဲ့မစင်မှာ တွေ့ရတတ်တဲ့ ဗက်တီရီးယား အီးကိုလိုင်ကို စစ်ဆေးတွေ့ရှိ ခဲ့ကြပါတယ်။ ဒါဟာ ရေကူး သူများဟာ ရေကူးနေစဉ် အညစ်အကြေး စွန့်မိခြင်းကြောင့် လည်းကောင်း၊ ရေကူးကန်ထဲသို့ မဝင်ခင် ရေမချိုး မိခြင်းကြောင့် ခန္ဓာကိုယ်မှ အညစ်အကြေးများ ရေကူး ကန်ထဲသို့ ဝင်သွားခြင်းကြောင့် လည်းကောင်း ဖြစ်နိုင်တယ်လို့ အမေရိကန် ပြည်ထောင်စု ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး ဌာနမှ ထုတ်ပြန်ချက် အရ သိရှိရပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ အများ ပြည်သူသုံး ရေကူးကန် များတွင် အညစ်အကြေးများ ရှိခြင်းဟာ အဖြစ်များတဲ့ ပြဿနာ တစ်ခုဖြစ်ပါတယ်။ ဒီလေ့လာမှုဟာ အခြားသော ကိုယ်ပိုင် ရေကူးကန်များ၊ ရေလွှာလျှောစီးပန်း ခြံများနှင့် အခြားသော အပန်းဖြေနေရာများရှိ ရေကန်များကို စစ်ဆေးခြင်း မပါဝင် သေးပါဘူး။  
 
ဇင်မာမြင့်
BY HEALTH DIGEST
ရေကူးကန်ထဲ ဝင်စိမ်လိုက်ရရင် ကောင်းမယ်လို့ တွေးမိသူများ သိသင်တဲ့ အချက်ကို ပြောပြ လိုပါတယ်။ စစ်တမ်းကောက် ချက်အသစ် တစ်ခုအရ ရေထဲသို့ခြေ မချခင် နောက်တစ်ကြိမ် လောက်ပြန် စဉ်းစားစေချင်ပါတယ်။ သ...ုတေသီများဟာ ရေကူးကန်များရဲ့ဇကာများကို ယူပြီး စစ်ဆေး စမ်းသပ်ကြည့် တဲ့အခါ ထိုရေကူးကန်များရဲ့ ထက်ဝက် ကျော်မှာ လူသား တွေရဲ့မစင်မှာ တွေ့ရတတ်တဲ့ ဗက်တီရီးယား အီးကိုလိုင်ကို စစ်ဆေးတွေ့ရှိ ခဲ့ကြပါတယ်။ ဒါဟာ ရေကူး သူများဟာ ရေကူးနေစဉ် အညစ်အကြေး စွန့်မိခြင်းကြောင့် လည်းကောင်း၊ ရေကူးကန်ထဲသို့ မဝင်ခင် ရေမချိုး မိခြင်းကြောင့် ခန္ဓာကိုယ်မှ အညစ်အကြေးများ ရေကူး ကန်ထဲသို့ ဝင်သွားခြင်းကြောင့် လည်းကောင်း ဖြစ်နိုင်တယ်လို့ အမေရိကန် ပြည်ထောင်စု ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး ဌာနမှ ထုတ်ပြန်ချက် အရ သိရှိရပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ အများ ပြည်သူသုံး ရေကူးကန် များတွင် အညစ်အကြေးများ ရှိခြင်းဟာ အဖြစ်များတဲ့ ပြဿနာ တစ်ခုဖြစ်ပါတယ်။ ဒီလေ့လာမှုဟာ အခြားသော ကိုယ်ပိုင် ရေကူးကန်များ၊ ရေလွှာလျှောစီးပန်း ခြံများနှင့် အခြားသော အပန်းဖြေနေရာများရှိ ရေကန်များကို စစ်ဆေးခြင်း မပါဝင် သေးပါဘူး။

ဇင်မာမြင့်
BY HEALTH DIGEST
See More