မမြ တွင် တာတီး ဟုဆိုသော ၄ နှစ်အရွယ် သားတစ်ယောက် ရှိ၏။ ထိုကလေး သည် လွန်စွာမှ ဆော့၏။
တစ်ရက် အိမ်ရှေ့ရှိ မြေကွက်လပ်တွင် ဆော့နေရင်း .....သူ့ နား ထဲ သို့ ခဲလုံး တစ်လုံး ၀င်သွားကြောင်း ငိုပီးလာပြောလေ၏။
မိခင်ဖြစ်သူ မမြ လည်း ပြာပြာသလဲနှင့် ဆေးရုံ သို့ ပြေးရလေတော့သည်။
ဆရာဝန်မှ ကလေးငယ်၏ နား ထဲမှ ခဲလုံး ကို တနာရီခန့် ကြာအောင် ခက်ခက်ခဲခဲ ထုတ်ယူ ရလေသည်။
ပီးနောက် လူနာကုတင်ဘေး ရှိ ဘမ်းပေါ်သို့ထုတ်ယူလိုက်သောကျောက်ခဲလုံးကိုတင်လိုက်၏။......
ထို့နောက် ချွေးပြန်နေသော ဆရာဝန်မှ .......
"မင်း တော်တော်ဆိုးတဲ့ကလေး ပဲ။ငါတောင်ချွေးပြန်တယ်။ ဒီခဲလုံးကိုမင်းနားထဲ ၀င်အောင် ဘယ်လိုများ လုပ်လိုက်တာလဲ ကွာ"ဟုပင်ပန်းသံဖြင့်ဆို၏။
ထိုအခါ ကလေးငယ်မှ......
" ဒီလိုလုပ်လိုက်တာပါ ...."..ဟု ပြောရင်း ဘေးနားရှိ ဘမ်းပေါ်မှထုတ်ပီးသား ကျောက်ခဲလုံး ကို ယူကာ သူ့နားထဲ သို့ ပြန်လည်ထည့်ပြလိုက်လေသည်။
တိန်
ရီမောပျော်ရွှင်ပါစေ
Lon Ely......

http://www.facebook.com/jokeandothers

![Photo: [ ချစ်သောဇနီး ] ...............
လူတစ်ယောက်ဟာ ဟိုတယ်တစ်ခုမှာ
အခန်းယူပြီး သူ့အခန်းထဲကို ၀င်တော့ အခန်းထဲမှာ ကွန်ပြူတာတစ်လုံးတွေ့တာနဲ့ သူအတော်ဝမ်းသာသွားတယ်။
ဒီတော့ သူ့မိန်းမဆီကို လှမ်းပြီး သတင်းပို့မှပဲဆိုပြီး အီးမေးလ်တစ်စောင်ပို့လိုက်တယ်။
... ဒါပေမယ့် သူ အီးမေးလ်လိပ်စာ မှားရေးလိုက်တာကို သူကိုယ်တိုင်တောင်မသိလိုက်ဘူး။
အဲဒီအီးမေးကို ပို့လိုက်မိ ပြီလေ။
အဲဒီအချိန် ....
ရန်ကုန်မြို့ရဲ့ တစ်နေရာမှာ မုဆိုးမတစ်ယောက်ဟာ သူ့ယောက်ျားရဲ့အသုဘ ပို့ရာကနေ ပြန်ရောက်လာပြီး သူ့ကွန်ပြူတာမှာ အီးမေးလ်စစ်ဖို့ ပြင်ဆင်နေတယ်။ နိုင်ငံရပ်ခြားရောက်နေကြတဲ့ ဆွေမျိုးမိတ်ဆွေ သူငယ်ချင်းတွေရဲ့ အားပေးစကားလေးတွေ ကြားရမလားလို့ အီးမေးလ်ကို စစ်လိုက်တယ်။ ခဏအကြာမှာ အောင်မလေး လို့အော်တဲ့အသံကြားရလို့ သူ့သားက အပြေးလေးဝင်လာတော့
အမေလုပ်တဲ့လူက ကြမ်းပြင်မှာ ပက်လက်လန်ပြီး မေ့နေပြီ။
ဒါနဲ့ ကွန်ပြူတာကို ကြည့်လိုက်တော့ မော်နီတာ စကရင်မှာ ပေါ်နေတာက
သို့ ... ချစ်ဇနီး
အကြောင်းအရာ ။ ။ ကိုယ်ရောက်ပါပြီ
နေ့စွဲ ။ ။ ၂၁ ရက် အောက်တိုဘာလ ၂၀၀၇
မင်း ကိုယ့်ဆီက သတင်းကြားရရင် အတော်အံ့သြသွားမယ်ဆိုတာ ကိုယ်သိနေတယ်။ သူတို့ဆီမှာလည်း ကွန်ပြူတာရှိတယ်ကွ။ ကိုယ်ချစ်တဲ့သူတွေဆီကို အီးမေးလ်ပို့ဖို့ ခွင့်ပြုထားတယ်လေ။ အခုပဲရောက်တယ်။ နေစရာလည်း အဆင်ပြေပါတယ်။ မင်း မနက်ဖြန်လာရင် အဆင်ပြေအောင် ကိုယ်အားလုံးစီစဉ်ပြီးပါပြီ။ ကိုယ်ကိုယ်တိုင် မင်းကိုလာကြိုပါ့မယ်။ မနက်ဖြန် တွေ့ကြတာပေါ့။
မင်းကိုချစ်တဲ့
မောင်....
by lon ely....ပျော်ရွှင်ရီမောပါစေ....](http://sphotos-a.ak.fbcdn.net/hphotos-ak-ash3/c0.0.267.267/p403x403/581841_488906887837757_359465622_n.jpg)