“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, May 4, 2012

အများနဲ့နေတဲ့အခါအဆင်ပြေပြေနေတက်စေဖို့နည်းလမ်းကောင်းများ


                   
                                      ၁။ချိုပြုံးရွှင်ပြသောမျက်နှာထားရှိပါစေ။
                                      ၂။မာနနဲ့ဒေါသကိုထိန်းချုပ်ပါ။
                                      ၃။သူတစ်ပါးကိုချီးမွမ်းတက်ပါစေ။
                                      ၄။ပြုံးပြနှုတ်ဆက်ဖို့မမေ့ပါနဲ့။
                                      ၅။ဖော်ရွေကူညီတက်သူဖြစ်ပါစေ။
                                      ၆။အခွင့်ရေးယူတက်သူမဖြစ်ပါစေနဲ့။
                                      ၇။သည်းခံနိုင်အောင်ကြိုးစားပါ။
                                      ၈။စကားနည်းနည်းဘုရားမြဲပါစေ။
                                      ၉။စည်းကမ်းတကျနေထိုင်ပါ။
                                    ၁၀။လိုက်လျောညီထွေနေတက်ပါစေ။


မူရင်း .... http://alinkabar.ning.com/profiles/blog/show?id=6320079%3ABlogPost%3A791896&xgs=1&xg_source=msg_share_post

ရယ်စရာဟာသများ

“ ရှေ့နေများနှင့် အင်ဂျင်နီယာများ ”

ရှေ့နေ သုံးယောက်နဲ့ အင်ဂျင်နီယာ သုံးယောက်တို့ အစည်းအဝေးတစ်ခုအတွက် ရထားဖြင့် ခရီးထွက်ကြသည်။ ဘူတာသို့ရောက်သောအခါ ရှေ့နေ ၃ ယောက်က လက်မှတ် ၃စောင် ဝယ်နေသည့်အချိန်တွင် အင်ဂျင်နီယာများကလက်မှတ်

တစ်စောင်ပဲ ဝယ်ကြသည်။

“ လူ ၃ ယောက်ကို လက်မှတ်တစ်စောင်တည်းနဲ့ ခရီးဘယ်လိုလုပ်သွားမလဲ ” ဟု ရှေ့နေတစ်ယောက်ကမေးလိုက်သည်။

“ စောင့်ကြည့်လိုက်စမ်းပါဗျာ ”

ဟု အင်ဂျင်နီယာတစ်ယောက်က ပြန်ပြောသည်။
ရထားပေါ်တက်ကြသည့်အခါ ရှေ့နေသုံးယောက်က ကိုယ့်သက်ဆိုင်ရာခုံနံပါတ်မှာထိုင်နေကြသည့်အချိန်တွင်
အင်ဂျင်နီယာသုံးယောက်က အိမ်သာခန်းထဲသို့ သုံးယောက်စလုံးတိုးကျိတ်ဝင်ကြပြီး တံခါးပိတ်ထားလိုက်သည်။

လက်မှတ်များ လှည့်လည်သိမ်းဆည်သောအချိန်တွင် လက်မှတ်စစ်သောသူက အိမ်သာတံခါးကိုခေါက်၍ပြောလိုက်သည်။

“ ကျေးဇူးပြု၍ လက်မှတ်ပေးပါခင်ဗျာ ”

တံခါးနည်းနည်းလေးဟသွားပြီး လက်မှတ်ကိုင်ထားသော လက်တစ်ချောင်းထွက်လာသည်။
လက်မှတ်စစ်သူလည်း လက်မှတ်ကိုယူပြီးအဝေးသို့ထွက်သွားတော့သည်။
ထိုအဖြစ်အပျက်ကိုမြင်လိုက်သော ရှေ့နေတို့က အင်ဂျင်နီယာတို့၏ ပါးနပ်လိမ္မာမှုကို သဘောကျကြသည်။

အစည်းအဝေးပွဲမှ အိမ်အပြန်လမ်းမှာ ဒီနည်းကို သုံးဖို့သူတို့ဆုံးဖြတ်ခဲ့ကြသည်။
ဘူတာသို့ရောက်သောအခါ ရှေ့နေသုံးယောက်က လက်မှတ်တစ်စောင်ပဲဝယ်ကြသည်။ အင်ဂျင်နီယာ များက လက်မှတ်တစ်စောင်မှမဝယ်ကြပေ။ ဤသည်ကို ရှေ့နေတစ်ဦးက အံ့သြ၍

“ မင်းတို့လက်မှတ်တစ်စောင်မှမဝယ်ဘဲ ဘယ်လိုလုပ်ပြန်မလဲ ” ဟုမေးရာ

“ စောင်ကြည့်လိုက်စမ်းပါ ”

ဟုအင်ဂျင်နီယာတစ်ယောက်က ပြောပြန်သည်။

ရထားပေါ်ရောက်ကြသောအခါ
ရှေ့နေသုံးယောက်က အိမ်သာခန်းထဲသို့ သုံးယောက်စလုံးတိုးကျိတ်ဝင်ကြပြီး တံခါးပိတ်ထားလိုက်သည်။

အင်ဂျင်နီယာသုံးယောက်က တစ်ခြား အိမ်သာခန်းတစ်ခုထဲသို့ဝင်သွားကြသည်။
ရထားစထွက်ကာစမှာ အင်ဂျင်နီယာတွေထဲက တစ်ယောက်ကသူ့အခန်းထဲမှထွက်လာပြီး တစ်ခြားအိမ်သာတံခါးကို

သွားခေါက်၍ပြောလိုက်သည်။

“ ကျေးဇူးပြု၍ လက်မှတ်ပေးပါခင်ဗျာ! ”





“ လွယ်ပါတယ်သားရယ် Facebook မှာ ဖွပေးမယ် ”

ပန်းခြံထဲကခုံလေးမှာ သားအဖနှစ်ယောက်ထိုင်နေကြသည်။ ထိုအချိန် ရေခဲမုန့်ရောင်းသူ ဖြတ်သွားလေရာ အလွန်ပူဆာတတ်သောကလေးက

“ ဖေဖေ သားရေခဲမုန့်စားချင်တယ် ”

“မစားပါနဲ့သားရယ် ချောင်းဆိုးတတ်တယ်”

ထို့နောက် လေပူပေါင်းရောင်းသူဖြတ်သွားရာ

“ဖေဖေ သားပူပေါင်းလိုချင်တယ်”

“မလိုချင်ပါနဲ့ကွာ”

ဒီလိုနှင့် သူငယ်ချင်းနှစ်ယောက်က စကားပြောရင်းလမ်းလျှောက်လာသည်။

“ငါဖွလိုက်လို့ကတော့ မင်းမြောင်းထဲရောက်သွားမယ်”

ထိုစကားကိုကြားလိုက်သောကလေးက

“ဖေဖေ သားမြောင်းထဲရောက်ချင်တယ်”

“သြော် လွယ်ပါတယ်သားရယ် အဖေ Facebook မှာ
ဖွပေးမယ် ! ! !”



“ အားတွေလျော့ ကုန်မယ် ”

ကပ်စေးနဲသောလူကို အခြားလူတစ်ယောက်ကပြောလိုက်သည်

“ နာရီထဲက ဓါတ်ခဲတွေကို ဘာဖြစ်လို့ ဖြုတ်ဖြုတ်ပြီး အပြင်မှာသိမ်းထားတာလဲဗျ ”

“ ဓါတ်ခဲသက်တမ်းအကြာကြီးခံအောင်လို့ပါ။ အချိန်ကိုသိချင်ပြီဆိုရင် ဓါတ်ခဲကိုပြန်ထည့်တယ်လေ။ ! ! !”



“ နာကြားရပြီ ”

ပထမလူ။ ။ နားကြပ်အသစ်ဝယ်ပြီးကတည်းက နှစ်ခန်းကျော်က ပြောတာတောင်ကြားရတယ်ဗျ

ဒုတိယလူ။ ။ ဟုတ်လား။ တယ်ကောင်းတာပဲ။ ဘယ်လောက်ပေးရလဲဗျ။

ပထမလူ။ ။ ၃ နာရီထိုးပါပြီ ! ! !။


“ လင်ပျောက်ရှာနေသော မိန်းမ ”

မိန်းမ >> ကျွန်မယောင်္ကျားပြောက်သွားလို့
Inspector >> သူ့အရပ်က ဘယ်လောက်လဲ

မိန်းမ >> တစ်ခါမှ သတိမထားမိဘူး
Inspector >> ပိန်ပိန်သွယ်သွယ်လား ကျန်းကျန်းမာမာလား

မိန်းမ >> မပိန်ပါဘူး ကျန်းကျန်းမာမာပါပဲ
Inspector >> မျက်လုံးကဘာရောင်လဲ

မိန်းမ >> မမှတ်မိဘူး
Inspector >> ဆံပင်ရောင်ကရော

မိန်းမ >> ရာသီအလိုက်ပြောင်းနေတာပဲ
Inspector >> ဘာဝတ်ထားလဲ

မိန်းမ >> ထသွားထလာ ဝတ်ထားတာပဲ သေချာမမှတ်မိဘူး
Inspector >> သူနဲ့အတူဘယ်သူပါသေးလဲ

မိန်းမ >> အိမ်မွေးခွေးလေပါသွားတယ်၊ နာမည်က ဆွီတီ။ ရွှေရောင်ချိန်းကြိုးနဲ့ ချည်ထားတယ်။
အရပ်က လက်မ ၃၀၊ ခန္ဓာကိုယ်က ထွားကြိုင်းတယ်၊ အပြာရောင်မျက်လုံး၊ မီးခိုးရောင်အမွှေးနဲ့၊ ဘယ်ဘက်ခြေထောာက်ရဲ့ခြေမက ခြေသည်းလေးနည်းနည်းကျိုးနေတယ်။ ဘယ်တုန်းကမှ မဟောင်ဖူးဘူး။ အပြာရောင်ဘောလုံးပါတဲ့ ရွှေရောင်ပါတ်ကြိုးလေးပါတ်ထားတယ်။ သူက အသီးအရွက်မကြိုက်ဘူး၊ ငါတို့ကအတူသွား အတူစားခဲ့ကြတာလေ
စကားပြောပြီးနောက် မိန်းမ ကစ၍ ငိုပါတော့သည်

Inspector >> ကောင်းပြီ ခွေးကို အရင်ရှာကြစို့ !!!


“ နေမကောင်းနေသောကလေးနှင့် သူ၏အမေ ”

ကလေးကသူ့အမေထံသို့ ဗိုက်နာနေကြောင်း ငိုပြီးလာပြောသည်။
အမေက

“ ဗိုက်ထဲမှာ အစာမရှိလို့နာတာ လာဒီမှာ တစ်ခုခုလာစား ”

ဟုပြောလိုက်ရာ ကလေးက နားထောင်သည်။

နောက်တစ်နေ့တွင် အမေဖြစ်သူက ခေါင်းတွေနာနေသည်။ ကလေးက ဖြေသိမ့်သည့်အနေနှင့် ပြောလိုက်သည်။

“ အဲ့ဒါ ဦးဏှောက် မရှိလို့ဖြစ်တာ ”

တစ်ကြိမ်သောအခါ၌
ကလေး >> “ အမေ့ ခေါင်းကဆံပင်တွေဘာလို့ဖြူလာတာလည်းဟင် ”

အမေ >> “ အဲ့ဒါမင်းကြောင့်ပေါ့ကွဲ့ မင်းမလိမ္မာရင်ငါ့ဆံပင်တွေဖြူကုန်ရော ”

ကလေးကရိုးသားစွားပြန်ပြောလိုက်သည်


“ အဖွားဆံပင်တွေဘာ့ကြောင့် ဖြူနေတာလည်း ကျွန်တော်အခုသိပါပြီ ! ! !”


“ ၄၅ ဘတ်စ်ကား ”

အသက် ၅၀ ကျော်အမျိုးသမီးတစ်ဦးသည် ပထမဆုံးအကြိမ်ရန်ကုန်သို့ အလည်အပါတ်ခရီးသွားရန် ဖိတ်ကြားခြင်းခံရသည်။ လှည်းတန်းကို သွားခဲ့ရာ ကံဆိုးချင်တော့ လှည်းတန်းလမ်းဆုံကို သူရှာမတွေ့ခဲ့ပေ။ ဒီလိုနှင့် ယဉ်ထိန်းရဲကို အကူအညီတောင်းရတော့သည်။

အမျိုးသမီး >> ကျေးဇူးပြုပြီး လှည်းတန်းကို ဘယ်လိုသွားရလည်း လမ်းညွှန်ပေးပါရှင်

ယဉ်ထိန်းရဲ >> ၄၅ ကားကိုဒီကားဂိတ်မှာစောင့်ပါ။
အဲ့ကားနဲ့ဆို လှည်းတန်းကိုရောက်ပါတယ်။

အမျိုးသမီးက ကျေးဇူးတင်ကြောင်းပြောလိုက်သည်။ ယဉ်ထိန်းရဲလည်း ပြန်လည်ထွက်ခွာသွားတော့သည်။

၃ နာရီလောက်ကြာသောအခါ ယဉ်ထိန်းရဲက ထိုနေရာသို့ပြန်လည်ရောက်လာသည်။ အမျိုးသမီးကထိုကားဂိတ်မှာပင်စောင့်နေဆဲဖြစ်သည်။ ယဉ်ထိန်းရဲကအမျိုးသမီးဆီသို့သွား၍ပြောသည်။

“ လှည်းတန်းကို ရောက်ဖို့ ၄၅ ကားကိုစောင့်စီးရမယ်လို့ကျွန်တော်မှာထားခဲ့တယ်နော် အခု ၃ နာရီတောင်ကြာနေပြီဗျ ဘာ့ကြောင့်အခုထိစောင့်နေတာတုန်း ”

အမျိုးသမီးကပြောလိုက်သည်

“ မစိုးရိမ်ပါနဲ့ အရာရှိကြီးရယ် သိပ်မကြာတော့ပါဘူး အခုဖြတ်သွားတဲ့ကားက အစီး ၄၀ မြောက်ပါ ! ! ! ”


ပထမလူ။ ။ ငါ့သားက ငါ့ပြောစကားနားမထောင်ဘူးကွာ

ဒုတိယလူ။ ။ သူကမလိမ္မာလို့လား?

ပထမလူ။ ။ နားပင်းနေတာကွ။


…………
မူရင်း ။ http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1279016&xgs=1&xg_source=msg_share_post

ပထမအမျိုးသမီး။ ။ ဒုက္ခပါပဲဟယ်။ ငါ့ချစ်သူနဲ့ အခုလမ်းလျှောက်လာနေတာ ငါ့ယောင်္ကျားပဲ

ဒုတိယအမျိုးသမီး။ ။ အေးဟယ် ငါလည်း နင့်လိုပါပဲ

အောင်မျိုးခန့် (မော်ကျွန်း)

အလွန်ကောင်းမွန်တဲ့ ဘဝ နေထိုင်နည်း


အခန်းကို ဘာအရောင်သုတ်မလဲလို့ မဆုံးဖြတ်ရသေးခင် ရိုးရှင်းပြီး ရှေးကျတဲ့
အဖြူရောင်ကို အရင်စမ်းသုတ်ကြည့်ပါ။
တစ်ခါတလေ ရိုးရှင်းပြီး ရှေးကျတဲ့နည်းလမ်းတွေက ဘေးကင်းလုံခြုံတဲ့ နည်းလမ်းဖြစ်တယ်။



တစ်ပတ်မှာ တစ်နပ်လောက် ချွေတာပါ။
စားမယ်လို့ ရည်ရွယ်ထားတဲ့အစာကို ချို့တဲ့သူတွေအတွက်ပေးကမ်းစွန့်ကြဲပါ။
အစာကိုစွန့်နေချိန်အတွင်းမှာ တပြိုင်နက် မေတ္တာကိုလည်း သင်စွန့်နေပါတယ်။

ရီစရာလေးတွေပါ

ယာဉ်နံပါတ်နဲ့ ရင်နံပါတ်
------------------------------ -----------------
“ဟဲလို ဟဲလို ကျမကို ကူညီပါရှင်
ပလာဇာမှာဈေးဝယ်ပြီး တက္ကစီနဲ့ အိမ်ကို
ပြန်လာတာ ကားပေါ်မှာ အ၀တ်အစားတွေ
ပါသွားလို့ အင်္ကျီတွေက တထည်ကို သုံးသောင်း
လောက်တောင် တန်တယ်ရှင့်”
“ဟုတ်ကဲ့ ကူညီပြီးရှာပေးပါ့မယ်
ဒါ့ထက် ယာဉ်နံပါတ် မသိရဘူးလား ခင်ဗျာ”
“သိပါတယ်ရှင် ရင်၃၆ ၊ ခါး၂၂ ၊ တင် ၃၈
ရှိပါတယ်ရှင်”။
+++++++++++++++++++++++

အာဂယောက္မ
------------------
“ဟင်.....ခိုးရာလိုက်တယ်လည်းဆို
သေး
ဘာမှလည်းယူမလာပါလား ”
“ဒီည တစ်ညတည်းပဲ ကိုကိုရယ် ဘာယူရ
ဦးမှာလဲ ။မေမေက မှာလိုက်တယ် ခိုးပြေးတယ်ဆို
တာ စတိလောက်ဆိုတော်ရော့ပေါ့တဲ့ မနက်ကျရင်
နှစ်ယောက်စလုံး စောစော ပြန်လာကြတဲ့ ကိုကို့
ကို ခိုင်းစရာရှိတယ်တဲ့ ”။
++++++++++++++++++++++++++

ဘယ်သူ့လက်ချက်လဲ
----------------------
“တောက်....နာသကွာ ရုပ်ရှင်ရုံထဲမှာ
ဒီလောက် မီးပျက်မယ်မှန်း သိရင် အချစ်ရဲ့
မျက်နှာလေးကို တ၀ကြီး နမ်းပစ်တာပေါ့
အခုတော့ မီးကပြန်လာနေပြီ”
“ဟင်....ဒါဖြင့် မီးပျက်တုန်းက နမ်းတာ
ကိုကို မဟုတ်ဘူးပေါ့နော် ။”
+++++++++++++++++++++++++++++++

ကင်မရာ မ၀ယ်နိုင်သူမို့
------------------------
“ဟိုလူကြီးဟာ ကန်တော်ကြီးစောင်းမှာထိုင်ပြီး
ပုံဆွဲနေတာဘာလုပ်ဖို့လည်း ဖေဖေ”
“အဲဒါ ရှုမျှော်ခင်းပုံကို ပန်းချီဆွဲနေတာ သားရဲ့
ကင်မရာမ၀ယ်နိုင်တော့လည်း ခုလိုပဲ အပင်ပန်း
ခံရတာပေါ့သားရယ် ။”
++++++++++++++++++++++++++++++++++++++++

မူရင်း ။ http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1205129&xgs=1&xg_source=msg_share_post