“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, March 12, 2013

ညောင်ဗောဓိ ဂုဏ်သတ္တိ နှင့် အကျိုးများပုံများ

မြန်မာဆေးကျမ်းများ အလိုအရ ဖန်ခါးသော အရသာ ရှိ၍ အေးသော ဂုဏ်သတ္တိရှိ၏ ။ ကြေ ခဲ၍ ခြောက်ကပ်၏ ။ ကိုယ်သားကိုယ်ရေ အရောင်အဆင်း ကို တောက်ပစေ၏ ။ သားအိမ်ကို သန့်ရှင်းစေ၏ ။ သည်းခြေ သလိပ်ကို နိုင်၏ ။ အပူ ၊ အနာပေါက် ၊ ပန်းနာ ၊ နူနာ ၊ ပလိပ် ၊ ဂရင်ဂျီနာ တို့ကို ပျောက်ကင်းစေ၏ ။ အသီးမှည့်သည် အေး၏ ။ နှလုံးကို အကျိုးပြု၏ ။
သွေးရောဂါ ၊ အဆိပ်အပူ သည်းခြေကြောင့်ဖြစ်သောရောဂါ၊ အန်ခြင်း ၊ မြစ်ခြောက်နာ ၊ နှုတ်မမြိန်ရောဂါများကို ပျောက်စေ၏ ။ အရွက်သည် သွေးကို စင်ကြယ် စေ၏ ။ အခေါက်သည် ချုပ်၏ ။ ၀ဖြိုးစေ၏ ။ အစေးသည် သွားနှင့် သွားဖုံးနာကျင် ကိုက်ခဲခြင်းကို ပျောက်စေ၏ ။

အခေါက်အသုံးပြု့ နည်း ......

၁။ အခေါက်ကို ရေနှင့် ထက်ဝက်ခန်းအောင် ကျို၍ လည်းကောင်း ၊ ပြုတ်၍ လည်းကောင်း သောက်သော် အရေပြားရောဂါအမျိုးမျိုးနှင့် ယားနာ ပျောက်၏ ။

၂။ အမြစ်ခေါက် ကို ရေနှင့် ထက်ဝက်ခန့် ကျိုသောက်သော် ရေယုန်ကြီးနာရောဂါ ပျောက်၏။

၃။ အနာဟောင်း ၊ အနာပျက်တို့၌ အခေါက်နုကို ပြာချ၍ ၎င်းပြာကို အ၀တ်နုဖြင့် စစ်ပြီး အနာများ ပေါ် လိမ်းပေးက လျင်မြန်စွာ ပျောက်စေ၏ ။

၎။ ညောင်ဗုဒ္ဓဟေ အတွင်းသားခေါက်ကို အခြောက်လှန်း အမှုန့်ပြုပြီး ဂရင်ဂျီနာ ပေါ်သို့ ပြွန်ချောင်း ဖြင့် မှုတ်ထည့်ပေးသော် ရက်အနည်းငယ်အတွင်း အသားနုတက်၍ အနာကျက်လာ၏ ။

၅။ အခေါက်ကို ပြုတ်၍ အရည်ကို ငုံပေးသော် သွား ရောဂါ ပျောက်၏ ။

၆။ ညောင်ခေါက်ကို ပြာချ၍ ကာလသားရောဂါ ကြောင့်ဖြစ်သော လိင်နိမိတ်နာပေါ်၌ ဖြူးပေးသော် အနာများခြောက်၍ ပျောက်သွားမည်။

၇။ ညောင်ခေါက်ကို မီးလောင်နာ၊ နို့နာ ၊ မေးခိုင်နာ ၊ တိရစ္ဆာန်များ၌ ပိုးကျသောအနာများ ကုသသော ဆေးဖော်စပ်သုံး၏ ။

အသီး အသုံးပြု့ နည်း
၁။ အသီးခြောကို ကြိတ်၍ ရေနှင့် ရောပြီး အနည်းငယ်ခန့် သောက်သော် ပန်းနာ ၊ ရင်ကျပ်ရောဂါ ပျောက်၏ ။

အရွက်အသုံးဝင်ပုံ ......

၁။ ယင်းအရွက်ကြိတ်ညှစ်ရည်နှင့် အစေးကို ခြေကွဲနာ ပေါ်၌ လိမ်းပေးသော် ပျောက်၏ ။

၂။ အရွက်ကို ပေါင်ရင်းသွေးစုနာ ၊ သွေးလျှံသွေးကျနာ ၊ လျှာပါးစပ်ကွဲရောဂါတို့၌ သုံး၏ ။

၃။ အရွက်ကို ထန်းလျက်နှင့် ပြုတ်သောက်က မောပန်းခြင်း ပျောက်၍ ကိုယ်ခန္ဓာအားအင် ပြည့်ဖြိုးစေသည်။

အမြစ်အသုံးဝင်ပုံ ....

၁။ ညောင်ဗုဒ္ဓဟေမြစ်ကို သွေး၍နူနာနှင့် အခြားအနာပေါက်တို့ကို လိမ်းပေးက ပျောက်၏ ။

၂။ အမြစ်ကို သိန္ဓောဆားထည့်ပြုတ်ပြီး ပြုတ်ရည် အနည်းငယ်ကို သောက်ပေးက ပန်းနာရောဂါ ပျောက်၏ ။ ချွဲကို လည်း ကျစေသည်။

၃။ အမြစ်မှုန့် နှင့် ချင်းမှုန့်ရောစားက လေနှင့် ပန်းနာ ၊ ချောင်းဆိုး ၊ ထိုးအောင့်ခြင်း ၊ အော့အန်ခြင်း နှင့် ဆင်ခြေထောက်ရောဂါများ ပျောက်၏ ။
credit >>>Mg Mandalay စာကြည့်ခန်း

“၈ နှစ်သားက ၆၁ နှစ် သမီးနှင့် မင်္ဂလာဆောင်"

Photo: “၈ နှစ်သားက ၆၁ နှစ် သမီးနှင့် ဂဟေဆက်” ရှာဝိန်း (တောင်အာဖရိက)၊ မတ် ၁၁ ကွယ်လွန်သူ ဖိုးအေ၏ ၀ိဥာဉ်ဆန္ဒအရ တောင်အာဖရိကမှ ၈ နှစ်သား ကလေးက ကလေး ၅ ယောက်မိခင် ၆၁ နှစ်သမီးနှင့် လက်ထပ်ခဲ့ကြောင်း သိရသည်။ ဆန်နီလီမက်ဆီလီနားဆိုသူ သူငယ်လေးက ဖွားအေးအရါယ် ဟယ်လင်ရှာဘန်ဂူးအမည်ရ အမျိုးသမီးကြီးနှင့် လက်ဆက်ခဲ့ခြင်း ဖြစ်သည်။ အဖိုးဝိဥာဉ်၏ဆန္ဒအရ ရှာပိန်းမြို့သားလေး ဆန်နီလက်ဆက်ခဲ့ခြင်းဖြစ်ရာ ယင်းသို့ လက်မထပ်လျှင် ဒဏ်ခတ်ခံရမည်ကို စိုးရွံ့သောကြောင့် ဖြစ်သည်ဟု ဆိုသည်။ မင်္ဂလာပွဲတွင် သတို့သားဖက်မှ ပေါင် စတာလင် ၅၀၀ နှင့် သတို့သမီးဘက်မှ ပေါင် ၁၀၀၀ လက်ဖွဲ့ခဲ့ကြရာ ၂ လကြာ် အချိန်ယူ စီစဉ်ခဲ့ရသည့် ပွဲကြီးလည်း ဖြစ်သည်။ ရွှေပွဲလာ ၁၀၀ ရှေ့မှောက် လက်ထပ်လက်စွပ်လဲလှယ်ခဲ့ကြပြီး လူအများက ယင်းသို့ဂဟေဆက်ခြင်းကို မလိုလားကြသော်လည်း ဆိုင်ရာမိသားစုများကမူ တရားဝင်သဘောလက်ဆက်ခြင်းမဟုတ်၊ ထုံးလမ်းစဉ်လာအတိုင်း လုပ်ခြင်းဟုဆိုသည့် " ဆန်နီအဖိုးက လူလူသူသူ မင်္ဂလာမဆောင်ဘူးပဲ အနိစ္စရောက်သွားခဲ့တယ်။ သူကခု သတို့သမီးကို ချစ်တယ်လေ ဒါကြောင့် သူ့မြေးကို လက်ထပ်ခိုင်းခဲ့တာ" ၄၆ နှစ်အရွယ် ဆန်နီလီ မိခင်ကဆိုသည်။ " မိဘဘိုးဘွားတွေ လုပ်စေချင်တာ လုပ်ပေးရရိုး အစဉ်အလာ ရှိပါတယ်၊ ဒါမှ လွန်လေပြီးသူတွေ စိတ်ချမ်းသာမှာပေါ့" ။ သတို့သမီး၊သတို့သားတို့အနေဖြင့် လက်ထပ်စာချုပ်တွင် လက်မှတ်ထိုးစရာ မလိုကဲ့သို့ အတူတူနေထိုင်ရန်လည်း မလိုဟုဆိုသည်။ " သတို့သမီးတွင် အသက် ၂၇ နှစ်၊ ၃၇ နှစ်အတွင်းရှိ သားသမီး ၅ ဦးရှိပြီး နှစ် ၃၀ ကြာ ပေါင်းသင်းခဲ့သည့် ခင်ပွန်းသည် ကလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်မိကြောင်း ဆိုသည်။" S.T Ref: Dailymail online Popular
ရှာဝိန်း (တောင်အာဖရိက)၊ မတ် ၁၁ ကွယ်လွန်သူ ဖိုးအေ၏ ၀ိဥာဉ်ဆန္ဒအရ တောင်အာဖရိကမှ ၈ နှစ်သား ကလေးက ကလေး ၅ ယောက်မိခင် ၆၁ နှစ်သမီးနှင့် လက်ထပ်ခဲ့ကြောင်း သိရသည်။ ဆန်နီလီမက်ဆီလီနားဆိုသူ သူငယ်လေးက ဖွားအေးအရွယ် ဟယ်လင်ရှာဘန်ဂူးအမည်ရ အမျိုးသမီးကြီးနှင့် လက်ဆက်ခဲ့ခြင်း ဖြစ်သည်။အဖိုးဝိဥာဉ်၏ဆန္ဒအရ ရှာပိန်းမြို့သားလေး ဆန်နီလက်ဆက်ခဲ့ခြင်းဖြစ်ရာ ယင်းသို့ လက်မထပ်လျှင် ဒဏ်ခတ်ခံရမည်ကို စိုးရွံ့သောကြောင့် ဖြစ်သည်ဟု ဆိုသည်။ မင်္ဂလာပွဲတွင် သတို့သားဖက်မှ ပေါင် စတာလင် ၅၀၀ နှင့် သတို့သမီးဘက်မှ ပေါင်၁၀၀၀ လက်ဖွဲ့ခဲ့ကြရာ ၂ လကြာ် အချိန်ယူ စီစဉ်ခဲ့ရသည့် ပွဲကြီးလည်း ဖြစ်သည်။

ရွှေပွဲလာ ၁၀၀ ရှေ့မှောက် လက်ထပ်လက်စွပ်လဲလှယ်ခဲ့ကြပြီး လူအများက ယင်းသို့ဂဟေဆက်ခြင်းကို မလိုလား
ကြသော်လည်း ဆိုင်ရာမိသားစုများကမူ တရားဝင်သဘောလက်ဆက်ခြင်းမဟုတ်၊ ထုံးလမ်းစဉ်လာအတိုင်း လုပ်ခြင်းဟုဆိုသည့် " ဆန်နီအဖိုးက လူလူသူသူ မင်္ဂလာမဆောင်ဘူးပဲ အနိစ္စရောက်သွားခဲ့တယ်။ သူကခု သတို့သမီးကိုချစ်တယ်လေ ဒါကြောင့် သူ့မြေးကို လက်ထပ်ခိုင်းခဲ့တာ" ၄၆ နှစ်အရွယ် ဆန်နီလီ မိခင်ကဆိုသည်။ " မိဘဘိုးဘွားတွေလုပ်စေချင်တာ လုပ်ပေးရရိုး အစဉ်အလာ ရှိပါတယ်၊ ဒါမှ လွန်လေပြီးသူတွေ စိတ်ချမ်းသာမှာပေါ့" ။

သတို့သမီး၊သတို့သားတို့အနေဖြင့် လက်ထပ်စာချုပ်တွင် လက်မှတ်ထိုးစရာ မလိုကဲ့သို့ အတူတူနေထိုင်ရန်လည်း မလိုဟူဆိုသည်။ " သတို့သမီးတွင် အသက် ၂၇ နှစ်၊ ၃၇ နှစ်အတွင်းရှိ သားသမီး ၅ ဦးရှိပြီး နှစ် ၃၀ ကြာ ပေါင်းသင်းခဲ့သည့် ခင်ပွန်းကလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်မိကြောင်း ဆိုသည်။"

S.T
Ref: Dailymail online
Popular
http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A2013325&xgs=1&xg_source=msg_share_post

အတိုအပြတ်ဝတ်ဆင်ခြင်းဟူသည်

အတိုအပြတ်ဝတ်ဆင်ခြင်းဟူသည်
----------------------------------

အမျိုးသမီး 

အမျိုးသမီးများအနေနဲ့ အဝတ်အစားကို မလုံမလဲဝတ်စားခြင်းကို ပုရိသ တို့အား စွဲဆောင်မှု ရှိတယ်လို့ ယနေ့ခေတ်မှာ သတ်မှတ်ပေမယ့် အနောက်တိုင်းမှာလည်း အယူအဆ တစ်ခု ရှိပါတယ်။ ဒါကတော့ ယင်းကဲ့သို့ ဝတ်ဆင်ခြင်းဟာ ယင်းအမျိုးသမီးအနေနဲ့ ကိုယ့်ကိုယ်ကို ကိုလည်း ရိုသေ လေးစားမှု၊ သူတစ်ပါးအပေါ်ကိုလည်း ရိုသေ လေးစားမှု မရှိဘူးလို့ အဓိပ္ပါယ် တစ်မျိုး ဖွင့်ကြပြန်ပါတယ်။ 

"It simply shows you have no respect for yourself or anyone else"

အမျိုးသား 

အမျိုးသားများအနေနဲ့ ဘောင်းဘီ ကို ခါးအောက်ချ ဝတ်ဆင်ခြင်းကိုလည်း အနောက်တိုင်းမှာ အားမပေးပါဘူး။ အနုပညာဖျော်ဖြေရေးသမားများ ဝတ်စား ဆင်ယင်ပေမယ့် အခြားမသက်ဆိုင်သော နယ်ပယ်ဒေသမှ လူငယ်များ အတုမယူစေဖို့ တားမြစ်ကြပါတယ်။ ဘောင်းဘီ ခါးအောက်ချ ဝတ်ဆင်တဲ့ ယဉ်ကျေးမှုဟာ အမေရိကန်ထောင်တွင်းမှာဆိုရင် အမျိုးသားခြင်း ဆက်ဆံလိုခြင်း သို့မဟုတ် အစောင့်ရဲနဲ့ အခြားလူများကို ရိုသေလေးစားမှုမပေးခြင်း ဆိုတဲ့ သဘောကို သက်ရောက် တယ်လို့ ဆိုပါတယ်။ 

if you sagging your pants, wearing them half way off your
behind. Cause in prison that means you are another man girlfriend & it shows you have no respect

ဖျော်ဖြေရေး ဗီဒီယို၊ ရုပ်ရှင်၊ သီချင်း၊ MTV နဲ့ အခြားသော နယ်ပယ် ဒေသ မှာက မျက်စိပသာဒ ဖြစ်ဖို့အတွက် ဝတ်စားဆင်ယင်မှု ပုံစံသစ်၊ ယဉ်ကျေးမှု အသစ် များအမျိုးမျိုးဖန်တီးပြီး ခေတ်အဆက်ဆက် တည်ရှိလာတဲ့ ယဉ်ကျေးမှုတွေလည်း ရောယှက်တတ်ပါတယ်။ သို့ပေမယ့် ဖျော်ဖြေရေး ကို ဖျော်ဖြေရေးအတွက်မှာသာ သူ့နေရာသူ အသုံးချစေပြီး Business life နဲ့ အခြားအရေးကြီးတော့ နယ်ပယ်ဒေသမှာ ဒါကို အသုံးမချမိစေဖို့ လမ်းညွှန် ထားခြင်း ဖြစ်ပါတယ်။ 

ဝတ်စားဆင်ယင်မှုနဲ့ ပက်သက်လို့ နိုင်ငံအသီးသီးမှာ သူ့နေရာနဲ့သူ တားမြစ် ချက်များ၊ ဥပဒေများ ထားရှိထားကြောင်း သိရပါတယ်။ 
---
Ref: trustfacts
ရိုးရာလေး
အမျိုးသမီး

အမျိုးသမီးများအနေနဲ့ အဝတ်အစားကို မလုံမလဲဝတ်စားခြင်းကို ပုရိသ တို့အား စွဲဆောင်မှု ရှိတယ်လို့ ယနေ့ခေတ်မှာ သတ်မှတ်ပေမယ့် အနောက်တိုင်းမှာလည်း အယူအဆ တစ်ခု ရှိပါတယ်။ ဒါကတော့ ယင်းကဲ့သို့ ဝတ်ဆင်ခြင်းဟာ ယင်းအမျိုးသမီးအနေနဲ့ ကိုယ့်ကိုယ်ကို ကိုလည်း ရိုသေ လေးစားမှု၊ သူတစ်ပါးအပေါ်ကိုလည်း ရိုသေ လေးစားမှု မရှိဘူးလို့ အဓိပ္ပါယ် တစ်မျိုး ဖွင့်ကြပြန်ပါတယ်။

"It simply shows you have no respect for yourself or anyone else"

အမျိုးသား

အမျိုးသားများအနေနဲ့ ဘောင်းဘီ ကို ခါးအောက်ချ ဝတ်ဆင်ခြင်းကိုလည်း အနောက်တိုင်းမှာ အားမပေးပါဘူး။ အနုပညာဖျော်ဖြေရေးသမားများ ဝတ်စား

ဒေါ်လာ ၇.၄သန်းတန် ၁၇၈၇ ခုနှစ်ထုတ် ရှားပါး ရွှေဒင်္ဂါးပြား

Photo: ဒေါ်လာ ၇.၄သန်းတန် ၁၇၈၇ ခုနှစ်ထုတ် ရှားပါး ရွှေဒင်္ဂါးပြား 

အလွန့်အလွန် ရှားပါးတဲ့ ၁၇၈၇ ခုနှစ် ဘရပ်ရှာ ဒေါက်ဗလွန် ရွှေဒင်္ဂါးပြားလေး တစ်ပြားကို၊ ဒေါ်လာ ၇.၄သန်းနဲ့ ရောင်းချလိုက်ရပါတယ်။   ရွှေဒင်္ဂါးပြား ရောင်းခဲ့ဘူးသမျှထဲမှာ ဈေးအမြင့်မားဆုံး တစ်ခုပါပဲ။ နယူးအော်လင် အခြေစိုက်  ရွှေဒင်္ဂါးပြားနဲ့ အဘိုးတန်သတ္ထုတွေ ရောင်းဝယ်တဲ့ ဗလင်ချာ့ဒ် အင် ကုမ္ဗဏီက ဒီအရောင်းဝယ်ဖြစ်အောင် ကမကထ လုပ်ပေးခဲ့တာပါ။

နံရံတံတိုင်းလမ်းကလေး Wall Street မှာရှိတဲ့ အရင်းအနှီးမြှုပ်နှံမှု ကုမ္ပဏီတခုက ဒီ ဘရပ်ရှာ ဒေါက်ဗလွန် ရွှေဒင်္ဂါးပြားလေးကို ဝယ်သွားခဲ့တာပါလို့ဆိုပါတယ်။ ဝယ်သူနဲ့ ရောင်းသူတွေရဲ့ အမည်နဲ့ တခြားအထောက်အထား အချက်အလက် တွေကိုတော့ လျှို့ ဝှက်ထားပါတယ်။

ဂျော့ဝါရှင်တန်ရဲ့ အိမ်နီးချင်း ရွှေပန်းထိန်ဆရာ အက်ဖ်ရိမ်း ဘရတ်ရှာက ဒီဒင်္ဂါးကို သွန်းလုပ်ခဲ့တာပါ။  ဒီ ရွှေဒင်္ဂါးပြားလေးဟာ ၂၆.၆၆ ဂရမ် (တအောင်စ ထက်နည်းနည်းလျှော့တဲ့ အလေးချိန်) သာ လေးပါတယ်။  ဒီဒင်္ဂါးကို သွန်းလုပ်ခဲ့တဲ့ အချိန်တုန်းက ၁၅ ဒေါ်လာပဲတန်ပါတယ်။ အခုခေတ်တန်ဘိုးနဲ့ဆိုရင် ဒေါ်လာ ၁၅ဝဝ ပေါ့။

http://www.facebook.com/pages/%E1%80%91%E1%80%B0%E1%80%B8%E1%80%91%E1%80%B0%E1%80%B8%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%86%E1%80%94%E1%80%B9%E1%80%B8/216889081773930

စိတ်ညစ်ရင်.... နည်း (၄) နည်းကိုလိုက်နာပါ

Photo: စိတ်ညစ်ရင်.... နည်း (၄) နည်းကိုလိုက်နာပါ

နည်းမသိရင် စိတ်က ညစ်သည်ထက် ညစ်မှာ သေချာပါတယ်။ဘာဖြစ်လို့လဲဆိုတော့ စိတ်မကြည်လင်ဘဲ စိတ်အမှောင်
ထဲမှာပဲ တ၀ဲဝဲလည်နေလို့ ဖြစ်တယ်။စိတ်ကို သတိနဲ့ ထိန်းနိုင်ရမယ်။ စိတ်ဆင်းရဲရင် သတိနဲ့ထိန်းနိုင်အောင် လေ့ကျင့်
ရမယ်။

--- စိတ်ညစ်တာ

---- ထိတ်လန့်တာ

---- စိုးရိမ်ကြောင့်ကြတာ

---- အားငယ်တာတွေ ပေါ်လာခဲ့ရင် ဆက်လက်ပြီး တွေးမနေဘဲ အတွေးကို ချက်ချင်း ရပ်ပစ်ရမယ်။မရပ်လို့ကတော့
စိတ်ညစ် တာကပဲ ပတ်ချာလည်နေမှာပဲ။

အဲဒီ မကောင်းတဲ့အာရုံအစား ပြောင်းလဲတွေးရမှာကတော့..........

---- တည်ငြိမ်တာ

---- သတ္တိရှိတာ

---- ဇွဲရှိတာ

---- ပျော်ရွှင်တာတွေ ဖြစ်တယ်။

စိတ်ဆင်းရဲတာကိုရပ်ပြီး ငါဟာ ယခုအချိန်ကစလို့ စိတ်တည်ငြိမ်စွာ လုပ်တော့မယ်လို့ ဆုံးဖြတ်ရမယ်။ပထမဆုံးနည်း
တစ်နည်းက ဘယ်လိုလဲဆိုတော့ စိတ်ဆင်းရဲနေပေမယ့်၊ အခက်အခဲကြုံနေပေမယ့် အပြင်ပန်းအားဖြင့် ပျော်ပျော်ရွှင်ရွှင်
နေရမယ်။ တတ်နိုင်သမျှ ဖြစ်နေတဲ့စိတ်ကို တည်တည်ငြိမ်ငြိမ် ထားရမယ်။ မိမိ ကြုံတွေ့နေရတဲ့အဖြစ်ကို ရယ်စရာ
သဘော၊ ဟာသသဘော ပြောင်းသွားအောင် စိတ်ကူးရမယ်။ ရယ်ပစ်ရမယ်။ ပြောပြပြီး ရယ်ပစ်၊ တွေးပြီး ရယ်ပစ်လိုက်။
အချို့ဟာ အဲဒီလိုနေတတ်လို့ စိတ်ဆင်းရဲနေပေမယ့် ဆင်းရဲမှန်းတောင် မသိသာပါဘူး။ ဒုက္ခကို ဟာသလုပ်တယ်။
ဟာသလုပ်နိုင်တဲ့အတွက် တော်ရုံတန်ရုံ အခက်အခဲဟာ လွန်မြောက်တာပဲ။ ကျန်းမာရေးလည်း မထိခိုက်ဘူး။
ပေါင်းသင်း ဆက်ဆံရေးမှာလည်း မချို့ယွင်းဘူး။ အချိန်ကာလက သူ့ဒုက္ခန့ အခက်အခဲကို ပြောင်းလဲ ကယ်တင်
သွားတော့တယ်။အချို့ဆို အဲဒီလိုနေနိုင်တတ်လို့ “ဟင်- သိတောင် မသိလိုက်ဘူး” လို့ ပြောကြရတာပဲ။

စိတ်ညစ်ပြီး လင်းတမှိုင် မှိုင်ကြသူမျိုးကို လူတွေက မုန်းကြတယ်။ မမြင်မတွေ့ချင်ကြတဲ့သဘော ရှိတယ်။
ကိုယ့်ဒုက္ခနဲ့ကိုယ် ပြန်အမုန်းခံကြရတာပဲ။ စိတ်ညစ်စရာရှိရင်တောင် ညစ်မပြနဲ့ ဆိုတာ အဲဒါကြောင့်ပြောတာ
ဖြစ်တယ်။ဒုတိယနည်းကတော့ ကိုယ်ကြုံနေရတဲ့ ဒုက္ခဆင်းရဲကို အပ်ကြောင်းထပ်နေအောင် မတွေးတာပါဘဲ။
ဓာတ်ပြားကြီးကို အဖန်တလဲလဲလည်ပြီး တွေးနေရင် အဖြေနဲ့ ထွက်ပေါက် မရဘဲ ရူးတောင် ရူးတတ်ပါတယ်။
အဲဒီလိုမို ဒုက္ခဆင်းရဲကို အဆက်မပြတ် တွေးမနေရပါဘူး။ ဘယ်သူက ငါ့ဘယ်လိုပြောတယ်၊ ဘယ်လိုပြုတယ်
အစရှိတာပဲ ထပ်ထပ်တွေးနေရင် အကုသိုလ်တက်တာနဲ့အမျှ စိတ်မှာ ၀န်ထုပ်ဝန်ပိုးပိသလို ဖြစ်နေတတ်တယ်။
အဲဒါကြောင့် အဆက်မပြတ် မတွေးလည်း မတွေးနဲ့၊ ပြီးတော့ စိတ်လည်း တိုမနေပါနဲ့။

အခက်အခဲကို ဆူဆူပူပူလုပ်နေရင်လည်း ပိုပြီး ခက်ခဲမယ်။

အချို့ကတော့ ကိုယ့်ကိုယ်ကိုယ် သနားပြီး စိတ်ငယ်သွားတယ်။ အဲဒါလည်း မှားတာပဲ။

မိမိကိုယ်မိမိ သနားပြီး စိတ်ငယ်သူတွေရဲ့အခက်အခဲဟာ လွတ်မြောက်ခဲလှတယ်။

တတိယနည်းကတော့ ရှုံးနိမ့်ခြင်းကနေ အောင်မြင်ခြင်းကို ပြောင်းလဲနိုင်အောင် ခေါင်းအေးအေးထားပြီး စီမံကိန်းဆွဲ
တာပါပဲ။စီမံကိန်းနဲ့ ရင်ဆိုင်တာဟာ ကောင်းတယ်။ ယောက်ယက်မခတ်ဘူး။

အောင်မြင်ဖို့အတွက် လိုအပ်တဲ့ လက်နက်ဆိုတာက တည်ငြိမ်ခြင်း၊ သတ္တိရှိခြင်း၊ စိတ်ပျော်ရွှင်ခြင်းတွေပဲ မဟုတ်လား။
အဲဒီ စိတ်ထားတွေဟာ လူတိုင်း လေးစားတဲ့စိတ်ထား ဖြစ်တယ်။

စတုတ္ထအချက်က.....

(က) စိတ်တည်ငြိမ်စွာ ထားပါ။

(ခ) ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဟု အောက်မေ့ပါ။

(ဂ) သတ္တိရှိပါ။ ဘာဖြစ်ဖြစ် မမှုဟု တွေးပါ။

(ဃ) ဇွဲရှိပါစေ။ ငါ မုချအောင်မြင်ရမည်ဟု ဆုံးဖြတ်ပါ။

(င) ပျော်ပျော်ရွှင်ရွှင်နေပါ။

(စ) စိတ်ကောင်းထားပါ။ သူတစ်ပါးအပေါ် ငြိုငြင်တဲ့စိတ် မဖြစ်ပါစေနဲ့။စိတ်ဆင်းရဲရင် လိုက်နာဖို့ အဲဒီနည်းလေးကို
     သတိထားရမယ်။

သိရင် စိတ်ညစ်သက်သာမယ်။ စိတ်၏ချမ်းသာခြင်းနဲ့ ဘ၀တက်လမ်းကို တွေ့မှာပါပဲ။

Credit to မိုးထက်အာကာ
နည်းမသိရင် စိတ်က ညစ်သည်ထက် ညစ်မှာ သေချာပါတယ်။ဘာဖြစ်လို့လဲဆိုတော့ စိတ်မကြည်လင်ဘဲ စိတ်အမှောင်
ထဲမှာပဲ တ၀ဲဝဲလည်နေလို့ ဖြစ်တယ်။စိတ်ကို သတိနဲ့ ထိန်းနိုင်ရမယ်။ စိတ်ဆင်းရဲရင် သတိနဲ့ထိန်းနိုင်အောင် လေ့ကျင်
ရမယ်။

--- စိတ်ညစ်တာ

---- ထိတ်လန့်တာ

---- စိုးရိမ်ကြောင့်ကြတာ

---- အားငယ်တာတွေ ပေါ်လာခဲ့ရင် ဆက်လက်ပြီး တွေးမနေဘဲ အတွေးကို ချက်ချင်း ရပ်ပစ်ရမယ်။မရပ်လို့ကတော့
စိတ်ညစ် တာကပဲ ပတ်ချာလည်နေမှာပဲ။

အဲဒီ မကောင်းတဲ့အာရုံအစား ပြောင်းလဲတွေးရမှာကတော့..........

---- တည်ငြိမ်တာ

---- သတ္တိရှိတာ

---- ဇွဲရှိတာ

---- ပျော်ရွှင်တာတွေ ဖြစ်တယ်။

စိတ်ဆင်းရဲတာကိုရပ်ပြီး ငါဟာ ယခုအချိန်ကစလို့ စိတ်တည်ငြိမ်စွာ လုပ်တော့မယ်လို့ ဆုံးဖြတ်ရမယ်။ပထမဆုံးနည်း
တစ်နည်းက ဘယ်လိုလဲဆိုတော့ စိတ်ဆင်းရဲနေပေမယ့်၊ အခက်အခဲကြုံနေပေမယ့် အပြင်ပန်းအားဖြင့် ပျော်ပျော်ရွှင်ရွှင်
နေရမယ်။ တတ်နိုင်သမျှ ဖြစ်နေတဲ့စိတ်ကို တည်တည်ငြိမ်ငြိမ် ထားရမယ်။ မိမိ ကြုံတွေ့နေရတဲ့အဖြစ်ကို ရယ်စရာ
သဘော၊ ဟာသသဘော ပြောင်းသွားအောင် စိတ်ကူးရမယ်။ ရယ်ပစ်ရမယ်။ ပြောပြပြီး ရယ်ပစ်၊ တွေးပြီး ရယ်ပစ်လိုက်။
အချို့ဟာ အဲဒီလိုနေတတ်လို့ စိတ်ဆင်းရဲနေပေမယ့် ဆင်းရဲမှန်းတောင် မသိသာပါဘူး။ ဒုက္ခကို ဟာသလုပ်တယ်။
ဟာသလုပ်နိုင်တဲ့အတွက် တော်ရုံတန်ရုံ အခက်အခဲဟာ လွန်မြောက်တာပဲ။ ကျန်းမာရေးလည်း မထိခိုက်ဘူး။
ပေါင်းသင်း ဆက်ဆံရေးမှာလည်း မချို့ယွင်းဘူး။ အချိန်ကာလက သူ့ဒုက္ခန့ အခက်အခဲကို ပြောင်းလဲ ကယ်တင်
သွားတော့တယ်။အချို့ဆို အဲဒီလိုနေနိုင်တတ်လို့ “ဟင်- သိတောင် မသိလိုက်ဘူး” လို့ ပြောကြရတာပဲ။

စိတ်ညစ်ပြီး လင်းတမှိုင် မှိုင်ကြသူမျိုးကို လူတွေက မုန်းကြတယ်။ မမြင်မတွေ့ချင်ကြတဲ့သဘော ရှိတယ်။
ကိုယ့်ဒုက္ခနဲ့ကိုယ် ပြန်အမုန်းခံကြရတာပဲ။ စိတ်ညစ်စရာရှိရင်တောင် ညစ်မပြနဲ့ ဆိုတာ အဲဒါကြောင့်ပြောတာ
ဖြစ်တယ်။ဒုတိယနည်းကတော့ ကိုယ်ကြုံနေရတဲ့ ဒုက္ခဆင်းရဲကို အပ်ကြောင်းထပ်နေအောင် မတွေးတာပါဘဲ။
ဓာတ်ပြားကြီးကို အဖန်တလဲလဲလည်ပြီး တွေးနေရင် အဖြေနဲ့ ထွက်ပေါက် မရဘဲ ရူးတောင် ရူးတတ်ပါတယ်။
အဲဒီလိုမို ဒုက္ခဆင်းရဲကို အဆက်မပြတ် တွေးမနေရပါဘူး။ ဘယ်သူက ငါ့ဘယ်လိုပြောတယ်၊ ဘယ်လိုပြုတယ်
အစရှိတာပဲ ထပ်ထပ်တွေးနေရင် အကုသိုလ်တက်တာနဲ့အမျှ စိတ်မှာ ၀န်ထုပ်ဝန်ပိုးပိသလို ဖြစ်နေတတ်တယ်။
အဲဒါကြောင့် အဆက်မပြတ် မတွေးလည်း မတွေးနဲ့၊ ပြီးတော့ စိတ်လည်း တိုမနေပါနဲ့။

အခက်အခဲကို ဆူဆူပူပူလုပ်နေရင်လည်း ပိုပြီး ခက်ခဲမယ်။

အချို့ကတော့ ကိုယ့်ကိုယ်ကိုယ် သနားပြီး စိတ်ငယ်သွားတယ်။ အဲဒါလည်း မှားတာပဲ။

မိမိကိုယ်မိမိ သနားပြီး စိတ်ငယ်သူတွေရဲ့အခက်အခဲဟာ လွတ်မြောက်ခဲလှတယ်။

တတိယနည်းကတော့ ရှုံးနိမ့်ခြင်းကနေ အောင်မြင်ခြင်းကို ပြောင်းလဲနိုင်အောင် ခေါင်းအေးအေးထားပြီး စီမံကိန်းဆွဲတာပါပဲ။စီမံကိန်းနဲ့ ရင်ဆိုင်တာဟာ ကောင်းတယ်။ ယောက်ယက်မခတ်ဘူး။

အောင်မြင်ဖို့အတွက် လိုအပ်တဲ့ လက်နက်ဆိုတာက တည်ငြိမ်ခြင်း၊ သတ္တိရှိခြင်း၊ စိတ်ပျော်ရွှင်ခြင်းတွေပဲ မဟုတ်လား။
အဲဒီ စိတ်ထားတွေဟာ လူတိုင်း လေးစားတဲ့စိတ်ထား ဖြစ်တယ်။

စတုတ္ထအချက်က.....

(က) စိတ်တည်ငြိမ်စွာ ထားပါ။

(ခ) ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဟု အောက်မေ့ပါ။

(ဂ) သတ္တိရှိပါ။ ဘာဖြစ်ဖြစ် မမှုဟု တွေးပါ။

(ဃ) ဇွဲရှိပါစေ။ ငါ မုချအောင်မြင်ရမည်ဟု ဆုံးဖြတ်ပါ။

(င) ပျော်ပျော်ရွှင်ရွှင်နေပါ။

(စ) စိတ်ကောင်းထားပါ။ သူတစ်ပါးအပေါ် ငြိုငြင်တဲ့စိတ် မဖြစ်ပါစေနဲ့။စိတ်ဆင်းရဲရင် လိုက်နာဖို့ အဲဒီနည်းလေးကို
သတိထားရမယ်။

သိရင် စိတ်ညစ်သက်သာမယ်။ စိတ်၏ချမ်းသာခြင်းနဲ့ ဘ၀တက်လမ်းကို တွေ့မှာပါပဲ။

Credit to မိုးထက်အာကာ

မြန်မာအလုပ်အကိုင်ဝက်ဘ်ဆိုဒ်များ

အင်တာနက်အသုံးတွင်ကျယ်လာတာနဲ့အမျှ အင်တာနက်ဟာ အလုပ်အကိုင်ရှာဖွေဖို့အတွက် နေရာကောင်းတစ်ခု ဖြစ်လာပါတယ်။ ဒါပေမဲ့ အလုပ်ရှာတဲ့အခါ ပထမဆုံးလုပ်ထားရမှာက ကိုယ့်ရဲ့ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေကို ဖော်ပြထားတဲ့ ကိုယ်ရေးမှတ်တမ်း (Resume or Curriculum Vitae) ဖြစ်ပါတယ်။

ထို့အပြင် အဲဒီကိုယ်ရေးမှတ်တမ်းကို အချို့အလုပ်ရှာဖွေရေးဝက်ဘ်ဆိုဒ်တွေက ကိုယ်ပိုင်အကောင့်လုပ်ပြီးတင်ခွင့်ပေးထားပါတယ်။ အဲဒီအခါမျိုးမှာ အလုပ်ရှင်က ကိုယ့်မှတ်တမ်းကို တွေ့ပြီး ဆက်သွယ်လာနိုင်ပါတယ်။ ဒါလည်း လုပ်သင့်တဲ့အရာတစ်ခုလို့ ထင်ပါတယ်။

ကိုယ်ရေးမှတ်တမ်းရေးတဲ့အခါ သတိထားသင့်သည်များ ရှိပါတယ်။ ပထမအချက်က မိမိလျှောက်မည့်အလုပ်နဲ့ ပက်သက်တဲ့ ပညာအရည်အချင်းနဲ့ အတွေ့အကြုံများကို ဦးစားပေးရေးပါ။ မိမိလျှောက်မည်က ကွန်ပျူတာပရိုဂရမ်မာဆိုရင် ကျောင်းအားရက်မှာ စားပွဲထိုးအချိန်ပိုင်းအလုပ်လုပ်တာမျိုး ထည့်မရေးပါနဲ့။ အတွေ့အကြုံတစ်ခုပေမဲ့ မသက်ဆိုင်တဲ့အတွက် ဖြစ်ပါတယ်။

ဒုတိယအချက်က ကီးဝါ့ဒ် (keyword) များများ ထည့်သုံးပေးပါ။ အလုပ်ရှင်ကအလုပ်လျှောက်လွှာထောင်ပေါင်းများစွာကို ဖတ်ရတဲ့အတွက် သင့်ကိုယ်ရေးမှတ်တမ်းကို အကုန်ဖတ်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အ
လုပ်နဲ့ ပက်သက်တဲ့ အဓိကစကားလုံးတွေကိုပဲ ရေးပါ။ ဒါကလည်း အလုပ်အကိုင်ခေါ်ယူတဲ့ ကြော်ငြာစာများကို သေချာများများလေ့လာကြည့်ရင် သဘောပေါက်နိုင်ပါတယ်။

အကောင်းဆုံး ကိုယ်ရေးမှတ်တမ်းပုံစံက Microsoft Word ပဲ ဖြစ်ပါတယ်။ ကျန်တဲ့ pdf တွေ txt's တွေ မလိုအပ်ပါဘူး။ ဘယ်အလုပ်ရှင်ရဲ့ ကွန်ပျူတာမှာမဆို သင့်စီဗွီကို အလွယ်တကူဖတ်လို့ရနိုင်တဲ့ မိုက်ခရိုဆော့ဖ်တ်ဝါ့ဒ်က အသေအချာ ရှိမှာဖြစ်လို့ပါ။ ထို့အပြင် မပို့ခင် စာလုံးပေါင်းကို သေချာစစ်ပါ။စာလုံးပေါင်းမှားတာ အလွန်ရှက်စရာကောင်းပြီး အင်ပရက်ရှင် (impression) အလွန်ဒေါင်းတတ်လို့ပါ။ သူများကိုလည်း ဖတ်ခိုင်း အပိုအလိုတွေကို ဝေဖန်ခိုင်းနိုင်ပါတယ်။

အောက်တွင် အင်တာနက်တွင် တွေ့နိုင်သော မြန်မာအလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုဒ်များကို ဖော်ပြထားပါတယ်။ အချို့က ဖေ့စ်ဘုတ်မှာလည်း စာမျက်နှာဖွင့်ထားပါတယ်။ အချို့ကတော့ မရှိသေးပါဘူး။

http://www.myjobs.com.mm/
http://www.myanmarjobsearch.com/
http://www.searchmyanmar.com/link/frame/cid/11591/domain/careerinmyanmar.com

http://www.work.com.mm/?gclid=CPL3iMOprLUCFWE5pgodqxUA3Q
http://www.facebook.com/Work.com.mm?ref=stream

http://www.myanmarbestjob.com/
http://www.facebook.com/pages/Myanmar-Best-Jobs/406447329385793

http://sg.gigajob.com/job-in/MM/Myanmar.html
http://www.myanmarjobsdb.com/

http://myanmar-myanmar.com/myanmar-jobs/index.php?option=com_jsjobs&c=jsjobs&view=resume&layout=jobsearch
http://www.facebook.com/myanmarsnet

http://www.jobsinmyanmar.com/cdc/frmJobDetail.aspx?id=39&home=1
http://www.facebook.com/Jobs.in.Myanmar

http://www.facebook.com/Perfect.linkservice
http://www.facebook.com/pages/Myanmar-Online-Job-Search/144762698918003

အောက်ပါနှစ်ခုကတော့ NGOs အလုပ်အကိုင်များ ရှာဖွေနိုင်တဲ့ နေရာများပါ။
http://www.unjobmonster.com/countries/Myanmar.html
http://unjobs.org/duty_stations/myanmar

Credit to yinmyakaykhaing
 http://www.facebook.com/pages/%E1%80%91%E1%80%B0%E1%80%B8%E1%80%91%E1%80%B0%E1%80%B8%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%86%E1%80%94%E1%80%B9%E1%80%B8/216889081773930

ဂုဏ်ယူစရာ ပြည်မြန်မာ က ကမ္ဘာ့ အံ့ဖွယ် နံပါတ်(၁)

Photo: ဂုဏ်ယူစရာ ပြည်မြန်မာ က ကမ္ဘာ့ အံ့ဖွယ် နံပါတ်(၁)***

ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ထဲက ДОМ КНИГИ ဆိုင်မှာ မြန်မာနိုင်ငံက ရွှေရောင်ဝင်းနေတဲ့ ကျိုက်ထီးရိုးစေတီတော်ကို ကမ္ဘာ့အံ့ဖွယ်ထဲမှာ နံပါတ် (၁) အဖြစ် မျက်နှာဖုံးမှာ ဖော်ပြထားပါတယ်..။ (2) ကတော့ တရုတ်ပြည် မဟာတံတိုင်းကြီးပါ...။ ဗုဒ္ဓဘာသာဝင် တွေအတွက် ဂုဏ်ယူစရာတစ်ခုပါပဲ..။
ဒီနေ့မနက်ခင်း တရားပွဲပြီးတာနဲ့ ဆရာတော်ကို မြို့ထဲက ပြတိုက်ကိုလိုက်ပို့ရင်း အပြန် လက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်ဝင်လိုက်တော့ "wonders of the world" ဆိုတဲ့ခေါင်းစဉ်နဲ့ ပြက္ခဒိန်တစ်ခုတွေ့လိုက်ရပါတယ်...။ ကမ္ဘာ့အံဖွယ် 12 ခုရဲ့ ပုံတွေထဲမှာ မြန်မာနိုင်ငံက ရွှေရောင်ဝင်းနေတဲ့ ကျိုက်ထီးရိုးစေတီတော်ကြီး ကို မျက်နှာဖုံးမှာ ဦးစားပေးဖော်ပြထားတာ ဖူးမြင်လိုက်ရတော့ ရင်ထဲမှာ အတိုင်းမသိ ပီတိဖြစ်မိပါတယ်..။
(Aung Myint Than)

www.facebook.com/MyawadyNews

"တစ်ရှက်က နှစ်ရှက်"

Photo: "တစ်ရှက်က နှစ်ရှက်"

ယနေ့ အချိန်မှာ နည်းပညာတွေတိုးတက်လာတာနဲ့အညီ လူငယ်တွေဟာ
ကောင်းကျိုးထက် ဆိုးကျိုးကိုသာ အလေးပေးအသုံးပြုနေကြပါပြီ။
အင်တာနက်ပေါ်မှာ ပလူပြန်နေအောင်တင်ထားကြတဲ့ ဓါတ်ပုံတွေ ဗွီဒီယိုဖိုင်တွေဟာဆိုရင် မောင်နှင့်နှမတွေ မိဘတွေနဲ့ အတူ တူမကြည့်ရဲအောင်ပါပဲ.....။

ဒါဟာကျွန်တော်တို့မြန်မာအမျိုးသမီးတွေဖက်ကလည်းအများကြီး လိုအပ်ပါတယ်....။မြန်မာအမျိုးသမီးတိုင်းကို ကျွန်တော်မဆိုလိုပါဘူး။တစ်ချို့အကျင့်ပျက်နေတဲ့မိန်းကလေးတွေကိုပြောချင်
တာပါ....။

ကျွန်တော်ဇာတ်ကားတစ်ကားကြည့်ဖူးတယ်ဗျ...ကိုလူမင်းရိုက်ထားတဲ့ဇာတ်ကားလေးပါတော်တော်လေးကောင်းပါတယ်ဗျာ....ဘာဖြစ်လို့လည်းဆိုတော့ သူရိုက်ထားတာလေးဟာအခုခေတ် ဖြစ်နေတဲ့ဖြစ်ရပ်တွေကို လူငယ်တွေ အထူးသဖြင့် မိန်းကလေးတွေ ဆင်ခြင်စဉ်းစားနိုင်ပြီး

မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်နေနိုင်ဖို့၊ မိမိလူမျိုး၊မိမိဘာသာကို ကာကွယ်ဖို့၊မိမိအသိုင်းအ၀ိုင်း မိမိဆွေမျိုးတွေရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ရိုက်ကူးထားတာလို့ကျွန်တော်မြင်ပါတယ်..။

ခုခေတ်မိန်းကလေးတွေ ဖြစ်ပျက်နေတာကို
ရိုက်ထားတာပါ မိန်းကလေးတွေ အွန်လိုင်းပေါ်က လူတွေနဲ့ ချက် ပြီးတော့
အပြင်မှာ တွေ့ဖို့ ခေါ်ပြီး စကားပြော အချိုရည်တွေ တိုက် မုန့်တွေစား ...

ဒါပေမဲ့ အဲဒီမှာ ဇာတ်လမ်းက စတာပဲ အဲဒီ အချိုရည်ထဲမှာ ဆေးတွေထည့်
မိန်းကလေးက ဘာမှ မသိတော့ တည်းခိုးခန်းတွေပါသွား ပြီး မိန်းကလေးတွေ
ဘ၀ပျက်ရတယ် ဘ၀ ပျက်တာက တစ်ခါရှုံးတယ် နောက်ထပ် Video File
ရိုက်ပြီး အင်တာနက်ပေါ်ကို တင်အဲဒီမှာ မိန်းကလေးမှာ တစ်ခါတည်းနဲ့ ဘ၀ ကိုပျက်ရော အဲဒါကို မိဘတွေကသိတော့ မိဘ တွေက ရှက်ပြီး ကိုယ့်ကိုကိုယ့်သတ်သေသွားတယ် .....

အဲဒါပြီးတော့ မိန်းကလေး ကပါ ရှက်ပြီး ကိုယ့်ကိုကိုယ်သတ်သေသွားတယ်...

မိတ်ဆွေတို့ကြည့်စေချင်လို့ပါ..အထူးသဖြင့် မိန်းကလေးတွေပေါ့နော် အဲဒီကားလေးကိုကြည့်ပြီး ကျနော် အစ်မ
ညီမ တွေ သတိပြုနေနိုင်စေရန် နဲ့ အဲဒီလိုအဖြစ်ဆိုးမျိုးတွေမဖြစ်ရလေအောင် စေတနာအပြည့်အ၀ဖြင့် ပြန်မျှဝေလိုက်ပါတယ် ကြည့်လိုသူများ အောက်ကလင့်မှာ သွားကြည့်နိုင်ပါတယ်။
We Love True 
http://www.burmeseclassic.com/type1.php?index=MTI0MTQ%3D&d=aW1nL21vdmllLzEyNDE0LmdpZg%3D%3D&s=9&p=1&tp=2
ယနေ့ အချိန်မှာ နည်းပညာတွေတိုးတက်လာတာနဲ့အညီ လူငယ်တွေဟာ
ကောင်းကျိုးထက် ဆိုးကျိုးကိုသာ အလေးပေးအသုံးပြုနေကြပါပြီ။
အင်တာနက်ပေါ်မှာ ပလူပြန်နေအောင်တင်ထားကြတဲ့ ဓါတ်ပုံတွေ ဗွီဒီယိုဖိုင်တွေဟာဆိုရင် မောင်နှင့်နှမတွေ မိဘတွေနဲ့ အတူ တူမကြည့်ရဲအောင်ပါပဲ.....။

ဒါဟာကျွန်တော်တို့မြန်မာ အမျိုးသမီးတွေဖက်ကလည်းအများကြီး လိုအပ်ပါတယ်....။မြန်မာအမျိုးသမီးတိုင်းကို ကျွန်တော်မဆိုလိုပါဘူး။တစ်ချို့အကျင့်ပျက်နေတဲ့မိန်းကလေးတွေကိုပြောချင်

ပျားအဆိပ်သည် HIV ပိုးကို တားဆီး ကာကွယ်နိုင်ကြောင်း သုတေသန ပညာရှင်များ လေ့လာ တွေ့ ရှိ

"melittin" အမည်ရှိ ပျားအဆိပ် တစ်မျိုးသညHIV ပိုးကို တိုက်ဖျက်နိုင်ပြီး ၎င်းပတ်ဝန်း ကျင်ရှိ အခြားဆဲလ်များကို ထိခိုက်စေခြင်း မရှိကြောင်း အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဆေးတက္ကသိုလ်မှ သုတေသန ပညာရှင်များက လေ့လာ တွေ့ရှိခဲ့သည်။
AIDS ရောဂါ ဖြစ်စေနိုင်သည့် HIV ပိုး ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်သည့် ga(ဂျဲလ်) တစ်မျိုးကို ထုတ်လုပ်ရာတွင် ပျားအဆိပ်သည် အရေးပါသောကြောင့် အဆိုပါ လေ့လာတွေ့ ရှိမှုကို ချီးကျူး ဂုဏ်ပြုခဲ့ကြသည်။
"melittin" အမည်ရှိ ပျားအဆိပ်ကို သေးငယ်သော အမှုန်အစိတ် အပိုင်းများဖြစ်အောင် သိပ္ပံ ပညာရှင်များက ဖန်တီးခဲ့ကြပြီး HIV ဆဲလ်များပေါ်သို့ ထည့်သွင်းလိုက်သည့် အခါတွင် HIV ဆဲလ်များ သေဆုံးခဲ့သည်ကို သိပ္ပံပညာ ရှင်များက လေ့လာ တွေ့ရှိခဲ့သည်။
အဆိုပါ လေ့လာမှုကို အမေရိကန် ပြည်ထောင်စု စိန့်လူးဝစ်မြို့ရှိ ဝါရှင်တန် ဆေးတက္ကသိုလ်မှ သုတေသန ပညာရှင်များ အဖွဲ့က လုပ်ဆောင်ခဲ့ပြီး HIV ပိုး ကူးစက် ပျံ့နှံ့ခြင်းကို ကာကွယ်ရန် အတွက် ပျားအဆိပ်ကို အမျိုးသမီး အင်္ဂါတွင် ထည့်သွင်းသည့် ဂျဲလ်ထဲတွင် ထည့်သွင်း အသုံးပြုနိုင်ကြောင်း သုတေသန ပညာရှင် ဒေါက်တာ ဂျို့စ်ဟွာ အယ်လ်ဟုဒ်က ပြောကြားခဲ့သည်။
HIVပိုးကနဦး ကူးစက်ခံရမှုကို ထိန်းချုပ်နိုင်ရန် ကာကွယ်ရေး အစီအစဉ် တစ်ရပ်အဖြစ် ပြည်သူများသည် ၎င်းဂျဲလ်ကို အသုံးပြုနိုင်မည်ဟု မျှော်မှန်းထားကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
အမှန်စင် စစ်အားဖြင့် HIV ပိုးတိုက်ဖျက်သည့် ဆေးဝါး အများစုသည် ဗိုင်းရပ်စ်ပိုးများ မျိုးပွားခြင်းကို ဟန့်တား နိုင်စွမ်းသာရှိပြီး ပျားအဆိပ်များသည် ဗိုင်းရပ်စ်ပိုး ဖွဲ့စည်း တည်ဆောက်ပုံကို အမှန်တကယ် တိုက်ဖျက် နိုင်စွမ်းရှိ၍ ကူးစက်မှုကို ကာကွယ် နိုင်စွမ်းရှိသည် ကို သုတေသန ပညာရှင်များက တွေ့ရှိခဲ့သည်။ ထို့ပြင် ပျားအဆိပ် အမှုန်လေး များသည် အကျိတ်ဆဲလ်များကို သေစေရန် အသုံးပြုနိုင်သည့် ထိရောက်သော နည်းလမ်း တစ်ခုဖြစ်လာ နိုင်ဖွယ်ရှိကြောင်း ဒေါက်တာ အယ်လ်ဟုဒ်က ပြောကြားခဲ့သည်။

http://myawady.com.mm/health/item/8855-2013-03-11-09-16-14