“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”
Friday, January 25, 2013
သွေးစုတ်ဖုတ်ကောင် စားသောက်ဆိုင်
သွေးစုတ်ဖုတ်ကောင် စားသောက်ဆိုင်
ဂျပန်နိုင်ငံ တိုကျိုမြို့ရဲ့ နာမည်ကျော် ဂင်ဇာ လမ်းမကြီးပေါ်မှာရှိတဲ့ သွေးစုတ်ဖုတ်ကောင် စားသောက်ဆိုင်ပါ။ သွေးစုတ်ဖုတ်ကောင် ဇာတ်ကားတွေမှာ တွေ့ရလေ့ရှိတဲ့ အသုံးအဆောင်များ၊ အခေါင်းများ၊ ဦးခေါင်းခွံများ၊ လက်ဝါးကပ်တိုင်များ၊ အနီရောင်ဖယောင်းတိုင်များ စသည်တို့က ရုပ်ရှင်ထဲက ထိတ်လန့်ခြောက်ခြားဖွယ် သွေးစုတ်ဖုတ်ကောင်များကို ချက်ခြင်းဘဲ သတိရစေမှာ ဖြစ်ပါတယ်။ ခန်းဆီလိုက်ကာ၊ ထိုင်ခုံ၊ စားပွဲများကိုလည်း အနီရဲရဲဖြင့် တန်ဆာဆင်ထားပါတယ်။သွေးစုတ်ဖုတ်ကောင် စားသောက်ဆိုင်ထဲမှာ အထူးသောက်စရာကတော့ Vampire Blood လို့ အမည်ပေးထားတဲ့ အနီရောင် အရည်ဖြစ်ပါတယ်။ ၄င်းအရည်ဟာ အနီရောင်စပျစ်ဝိုင်နဲ့ သစ်သီးဖျော်ရည်တို့ကို ရောစပ်ထားတာ ဖြစ်ပါတယ်။ စားသောက်ဆိုင်ရဲ့ ဈေးနှုန်းကတော့ လူနှစ်ယောက် ညစာ တစ်ခါစားရင် ဒေါ်လာတစ်ရာ ကျသင့်ပါတယ်တဲ့။ စားနိုင်သူတွေစားသွား 
စားကြပေါ့ဗျာ......... :)
http://on.fb.me/UWRK0Q
Credit ►
လမင်းမောင်
www.facebook.com/pages/Myawady-News/351018658329305?ref=stream
လက်ဖက်စိမ်းရေဖြင့်ရေချိုးပါကခုခံအားစနစ်ကိုကောင်းမွန်စေနိုင်
အစိမ်းရောင် လက်ဖက်ရည်ဖြင့် ရေချိုးနည်းကလည်း ဂျပန်မှာ ချိုးကြတဲ့ နည်းတစ်ခုဖြစ်ပါသလို ကိုးရီယားနိုင်ငံရဲ့ ရေပူစမ်းတွေမှာလည်း ရှိပါတယ်. လက်ဖက်စိမ်းရဲ့ ထူးခြားတဲ့ အာနိသင်ကြောင့် အရေပြားတွေကို နုပျိုလန်း ဆန်းစေနိုင်ပြီး ဖြူစင်ဝင်းပတဲ့အသားအရေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ အရေပြားခြောက်သွေ့သူများအား အသားအရေ ပြန်လည်စိုပြေ လှပစေနိုင် ပါတယ်လို့ ပြောကြပါတယ်။ ဒဏ်ရာအနာတရများ ရှိနေပါကလည်း လျှင်မြန်စွာ သက်သာပျောက်ကင်းအောင် လက်ဖက်စိမ်းက စွမ်းဆောင်ပေးနိုင်ပါတယ်။ 
ကိုယ်ခန္ဓာရဲ့ ခုခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်တဲ့။
လက်ချောင်းလေးများနဲ့ လက်စွတ်များအကြောင်း
ညာဖက်လက်သန်း ---------- ချစ်သူ ရည်းစားမထားချင်ပါ
ညာဖက်လက်သူကြွယ် ------ ချစ်ကြိုက်နေတယ်။
ညာဖက်လက်ခလယ် ------- ပိုင်ရှင်ရှိတယ်
ညာဖက်လက်ညှိုး ---------- တစ်ကိုယ်ရေတစ်ကာယ
ဘယ်ဖက်လက်သန်း ------------ အိမ်ထောင်မပြုပါ
ဘယ်ဖက်လက်သူကြွယ် -------- လက်ထပ်ပြီး
ဘယ်ဖက်လက်ခလယ် --------- စေ့စပ်ထားတယ်
ဘယ်ဖက်လက်ညှိုး ------------ အိပ်ထောင်မပြုရသေးပါ
လက်စွပ်ဝတ်ဆင်တာကို ပြောစမတ်ရှိကြတယ်။ အနောက်နိုင်ငံတွေရဲ့ ဓလေ့ထုံးစံအရ ဘယ်ဖက်လက်က သင့်အတွက် ဘုရားသခင်ပေးတဲ့ ကံကောင်းခြင်းတဲ့။ ဒါကြောင့် လက်ထပ်လက်စွပ်ကို များသောအားဖြင့် ဘယ်ဖက်လက်မှာပဲ ဝတ်ဆင်ကြတယ်။
နိုင်ငံတကာမှာ ပိုခေတ်စားတဲ့ လက်စွပ်ဝတ်ဆင်နည်းက .....
လက်ညှိုး ---------- မင်္ဂလာဆောင်ချင်တယ်။ (မင်္ဂလာမဆောင်ရသေးပါ)
လက်ခလယ် ------- ချစ်ကြိုက်နေတယ်။
လက်သူကြွယ် ------ စေ့စပ်ထားတယ် ဒါမှမဟုတ် လက်ထပ်ပြီး
လက်သန်း ---------- တစ်ကိုယ်ရေတစ်ကာယ
အမျိုးသားအတွက် ပြောရရင်---
ငွေရောင်လက်စွပ်ဝတ်ဆင်သူက နူးညံ့သိမ်မွေ့တယ်၊ လူတိုင်းနဲ့ အလိုက်အထိုက်နေတတ်တယ်၊ ဝင်ဆံ့တယ်။
ရွှေရောင်လက်စွပ်ဝတ်ဆင်သူက အကျိုးအမြတ်ကို ပိုအလေးထားတယ်။ များသောအားဖြင့် ထက်မြက်တဲ့ စီးပွားရေးဦးနှောက်ရှိတယ်။
ကျောက်စိမ်းလက်စွပ်ဝတ်ဆင်သူက အရည်အချင်းကို ပိုအသားပေးတယ်။ အလုပ်လုပ်ရာမှာ စည်းစနစ်ကြီးတယ်။
အမျိုးသမီးအတွက် ပြောရရင် ---
ပန်းရောင်လက်စွပ် ဒါမှမဟုတ် သန္တာကျောက်လက်စွပ်ကို ဝတ်ဆင်သူက ခံစားမှုပြင်းထန်ပြီး ရိုမန်တစ်ဆန်သူဖြစ်တယ်။
ပတ္တမြားလက်စွပ် ဒါမှမဟုတ် အနီရောင်ဖရဲအူကျောက် (Tourmaline)လက်စွပ်ကို ဝတ်ဆင်သူက စိတ်အားထက်သန်မှုများတယ်။
နီလာလက်စွပ် ဒါမှမဟုတ် စိမ်းပြာရောင်ကျောက်လက်စွပ်ကို ဝတ်ဆင်သူက အေးတိအေးစက် ဘာသိဘာသာနေတတ်တယ်။
မြလက်စွပ် ဒါမှမဟုတ် အစိမ်းရောင်(Turquoise)ကျောက်လက်စွပ်ကို ဝတ်ဆင်သူက ခံစားချက် နုရွသိမ်မွေ့လွန်းပါတယ်
Ref: http://firstaprilpoems.blogspot.com/
Yatanarpon Call Center
ဝိုင်အနီဖြင့်ရေချိုးနေကြသူတွေ
ကမ္ဘာတစ်လွှားက ဆန်းဆန်းပြားပြား ရေချိုးနည်းများ
ဝိုင်အနီဖြင့်ရေချိုးနေကြသူတွေပေါ့
ဝိုင်နီနဲ့ ချိုးတဲ့နည်းက ဂျပန်နိုင်ငံမှာ ခေတ်စားနေတဲ့ ချိုးနည်းတစ်ခုဖြစ်ပါတယ်။ ဂျပန်နိုင်ငံ Hakone Kowakien က ရေပူစခန်းမှာ ချိုးနိုင်ပါတယ်။ ရေနွေးကန်ထဲမှာ ဝိုင်ဖြင့်ရောစပ်ထားတဲ့ ရေနွေးနွေးကို စိမ်နေရတာဟာ တကယ့်ကို ထူးခြားတဲ့ ခံစားမှုမျိုးကို ပေးနိုင်တယ်လို့ဆိုပါတယ်။ ဝိုင်ကန်ထဲမှာ စိမ်နေရင်း နှစ်သက်သူများက ဝိုင်ကိုသောက်သုံးနိုင်ပါတယ်။ ဝိုင်အနီဟာ အရေပြားကို နုပျိုလှပစေပြီး ဆဲလ်အသစ်များဖြစ်ပေါ်ခြင်းကို အားပေးတယ်လို့ ဆိုပါတယ်။ ဝိုင်နှစ်သက်ကြတဲ့ ကိုကိုမမ၊ မောင်ညီမများ ဝိုင်ဖြင့်ရေချိုးသွားခဲ့ရင် ကန်ထဲက ဝိုင်တွေကို ကုန်အောင်သောက်ခဲ့ကြပါလို့ မှာလိုက်ပါရစေး)
အချို့သော မိန်းမပျိုတို့ကတော့ ရေနွေးနွေးကို စပျစ်ဝိုင်အညိုရောင်ဖြင့်ရောစပ်လို့ ချိုးကြပါတယ်။ ဝိုင်နဲ့ ချိုးပြီးလို့ အပြင်ထွက်တဲ့အခါ ဘယ်လိုရေမွှေးမျိုးကိုမှ သုံးဖို့မလိုအောင် ခန္ဓာကိုယ်ပေါ်မှာ ဝိုင်ရဲ့ ရနံ့က စွဲကျန်နေရစ်ခဲ့တာက သိပ်ကို နှစ်သက်ဖို့ကောင်းတယ်လို့ ပြောကြပြန်ပါတယ်။ ဝိုင်နဲ့စိမ်ပြီးတော့ ရေအေးနဲ့ ပြန်မချိုးဘူးလား မသိနော်း)
ဗဟုသုတအဖြစ်ဖေါ်ပြပေးလိုက်ပါတယ်ခင်ဗျာ
စိတ်ကျရောဂါ (Depression ) သိထားသင့်သည်………
စိတ်ကျရောဂါ ( Depression ) သည် ဘယ်လို လူမျိုးတွေမှာဖြစ်နိုင်ပါသလဲလို့ မေးလာနိုင်စရာရှိပါတယ် ၊ သုတေသန ပညာရှင်တွေ ၊ လူတန်းစားအလွှာပေါင်းစုံ ၊ အောင်မြင်ခြင်းရရှိသူတွေ ရှုံးနိမ်းခြင်းကျဆုံးခြင်းဖြစ်သည့်လူတွေ နောက်ဆုံးကုန်ကုန်ပြောရရင် လူသားများဖြစ်သော လူသားတိုင်းဖြစ်နိုင်သည့် ရောဂါတမျိုးဘဲဖြစ်ပါတယ် ။
ဒီလို စိတ်ကျရောဂါ ဖြစ်ပွားနေသော သူများတွင်လည်း တခြားရောဂါများလည်း ရှိနေနိုင်ပါသည် ။ စိတ်ကျရောဂါ ဖြစ်ပွားနေပြီးလို့ သတ်မှတ်ထားသည့်ကိုတော့ စိတ်ပျက်ဖွယ် လည်း မဟုတ်ပါဘူး စိတ်ကျရောဂါသည် ကုသခြင်းဖြင့် ပြန်လည်ကောင်းမွန်နိုင်သော ရောဂါတစ်မျိုးလည်း ဖြစ်ပါသည် ။ ကမ္ဘာ့ စိတ်ကျန်းမာရေး အဖွဲ့ ၏ လေ့လာထာသော အစီရင်ခံစာ အရ ထုတ်ဖော်တင်ပြထားသည်မှာ  လူ ၂၀ တွင် တစ်ယောက်သည် စိတ်ကျရောဂါ ဖြစ်ပွားစေသည်ဟု ထုတ်ပြန်ခဲ့ပါသည် ။
စိတ်ကျရောဂါ ကြောင့် လူတစ်ယောက်၏ လုပ်ငန်းဆောင်တာများ ကို ထိခိုက်စေပါသည် နောက်ဆက်တွဲ အဖြစ် အဆိုးဆုံးမှာ ခံစားလာမိသော စိတ်ကျရောဂါကြောင့် မိမိကိုယ်ကို သေကြောင်းကြံစည်မှု ( Suicide ) ကို ဖြစ်ပွားလာစေနိုင်ပါသည် ။ 
အသက်ပိုင်းခြားအလိုက်ကတော့ ယနေ့ လူငယ်များ နှင့် လူလတ်ပိုင်း တွေ ပိုများပြားလာကြောင့်တွေ့ ရှိနေရပေသည် ။အသက်ကြီးရင့်သည့် အပိုင်းတွင် ရာခိုင်နှုန်း နည်းပါးကြောင်းလည်း လေ့လာတွေ့ ရှိပါသည် ။
အာရှဒေသများဖြစ်သော စင်္ကာပူနိုင်ငံ ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့ တွင် လွန်ခဲ့သော နှစ်များကပင် သေကြောင့်ကြံစည်မှု့ သည် ခေတ်စားသလို့ဖြစ်ခဲ့ဘူးပါသည် ။
ကမ္ဘာ့ကြီးအပေါ်တွင် လူသားအားလုံးအနေနဲ့  ပြောပြရရင် မိမိကိုယ်ကို သေကြောင်းကြံစည်မှု ကြောင့် နှစ်စဉ်လူဦးရေ တစ်ဘီလီယံ သည် ဝမ်းနည်းကြေကွဲစွာ အဖြစ်များနဲ့  သေဆုံးနေကြရပါသည် ။ တနည်းအားဖြင့် မိမိကိုယ်ကို သေကြောင်းကြံစည်မှုကြောင့် နေ့ စဉ် လူသုံးထောင် လောက်သေဆုံးနေကြရပါသည် ။ ထိုကဲ့သို့  လုပ်ဆောင်သူသည့် အကြိမ် ၂၀ အထက် သေကြောင်းကြံစည်ကြကြောင်း စာတမ်းများ သိတင်းများ ထုတ်ပြန်ချက်များ အရ သိရှိရပါသည် ။ 
အမျိုးသမီးများသည် စိတ်ကျရောဂါ ဖြစ်ပွားမှု့  အများဆုံးဖြစ်ပွားခဲ့ပြိး  ဆင်းရဲခြင်း ၊ လှပမှု့ ကိုရှေ့တန်းတင်မိခြင်း ၊ ပညာရေး အဆင့်အတန်း နိမ့်ကျခြင်း ၊ မျိုးရိုးရှိခြင်း ၊ လိင်အကြမ်းဖက်မှု့ ပြုမှုခံစားရခြင်း ၊ အချစ်ရေး ကိစ္စများ ၊ အိမ်ထောင်ကွဲခြင်း ၊ နာတာရှည်ရောဂါများ ခံစားရခြင်းတို့ သည် စိတ်ကျရောဂါ ဖြစ်ပွားမှုများသော အခြေအနေအရပ်ရပ်များ ဖြစ်ပါသည် ။
စိတ်ကျရောဂါဖြစ်ပွားသူတွက်  ကူညီနိုင်သော နည်းလမ်းများမှာ  - 
စကားပြောပြောပေးခြင်း ၊ ပြောဖြစ်သည့် အကြောင်းများကို ဂရုတစိုက် နားစိုက်ထောင်ပေးခြင်း ၊ ဘာသာရေး အသိများကို တဖြေးဖြေးခြင်း သိရှိနားလည်အောင် လေးလေးနက်နက် အသိပေး ပြောပြပေးခြင်း ၊  စိတ်ရောဂါအတွက် ဆေးဝါးကုသမှု ပြုလုပ်ပေးခြင်း ၊ ကုသခြင်းအတွက် လိုအပ်သော အကူအညီများ ထောက်ပံ့ပေးစေခြင်း ၊ မိမိကိုယ်ကို သေကြောင်း ကြံစည်မှု၏ ရှေ့ပြေး လက္ခဏာများကို သိရှိအောင် လေ့လာခြင်း ၊ နေ့ စဉ်နေတိုင်း သူ၏ လုပ်ဆောင်ချက်များကို ဝင်ရောက်အကုအညီပေးပေးခြင်းနှင့် ပုံမှန်လုပ်ငန်းဆောင်ရွက်ချက်များကို လုပ်ဆောင်နိုင်အောင် လုပ်ပေးနိုင်အောင် များစွာကူညီပေးခြင်း တို့ ဖြစ်ပါသည် ။
ယနေ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးတွင်  ….စိတ်ကျရောဂါသည် ပြည့်သူကျန်းမာရေး ပြဿနာ တရပ် …..အနေဖြင့် ရောက်ရှိလာနေခြင်းကြောင့် လူတိုင်း လူတိုင်းအနေဖြင့် စိတ်ကျရောဂါ အကြောင်း သိရှိအောင် လေ့လာခြင်း ဖြင့် ထို စိတ်ကျရောဂါရှိကို … “ စိတ်ကျရောဂါ  ကမ္ဘာလုံးဆိုင်ရာ အရေးကြီးဆုံး အချိန် ”  ( Depression : A Global Crisis )  ဆောင်ပုဒ်လေး အတိုင်း  …လူသားများ အားလုံး  ပူးပေါင်းပါဝင်ပြီး  အသက်ရာကျော်ရှည်ပါစေ ရန်  ……..
Mg Mandalay