“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, October 13, 2012

တစ်ခုခုရှာမယ်ဆိုရင်

တစ်ခုခုရှာမယ်ဆိုင်ရင် google ကိုပဲ သတိရမိကြပါတယ်။

ဒါပေမယ့်  အခြားရှာဖွေရေးအင်ဂျင်အသစ်တွေ ပေါ်နေတယ်ဆိုတာကို အချို့က မသိကြပါဘူး။

တစ်ချို့ရှာဖွေရေးအင်ဂျင်တွေဆိုရင် google လောက်နီးပါးကောင်းမွန်ပြီး၊ အချို့ဆိုရင် သာတယ်လို့တောင်

ဆိုနိုင်လောက်အောင်ကောင်းတာတွေ့ရပါတယ်။

အခု ရှာဖွေရေးအင်ဂျင်အသစ်တွေကို ဖော်ပြပေးလိုက်ပါတယ်……

1. www.goodsearch.com

2. www.k**o.com

3. www.WolframAlpha.com

4. www.clusty.com

5. www.dogpile.com

www.bing.com


7. www.altavista.com

8. www.ask.com

9. www.lycos.com

10. www.webcrawler.com

11.www.cuil.com

12. www.yahoo.com


13. www.ixquick.com


14. www.msn.com

15. www.alltheweb.com

16. www.excite.com

စသည်တို့ပဲဖြစ်ပါတယ်။

 http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1438917&xgs=1&xg_source=msg_share_post#ixzz29HM5fwR8

ထူးခြားဆန်းပြား အံ့သြဖွယ်ရာများ

ဒီအပင်ကို Fruit Salad tree လို့ခေါ်ပါတယ် တစ်ပင်တည်းကနေမတူညီတဲ့အသီး ၇ မျိုးကို သီးစေနိုင်ပါတယ် ။
ဒါပေမယ့် ဒီအပင်က သီးတဲ့အသီးတွေရဲ့ အရသာကတော့ တစ်ခုနဲ့တစ်ခု ရောထွေးစေမှုမရှိပါဘူး ။
ဥပမာ မက်မွန်သီးနဲ့ ပန်းသီးဆိုရင် သူ့အရသာနဲ့သူပါပဲ ။
ဒါပေမယ့် တူညီတဲ့အသစ် အုပ်စုတွေကိုတော့ တစ်ခိုင်တည်းသီးစေပါတယ် ။
ရှောက်သံပုရာအနွယ်ဝင်တွေဖြစ်တဲ့ လိမ္မောသီး ၊ ဒူးရင်း ၊ သံပုရာသီး ၊ ရှောက်သီး ၊ တို့အပြင် ဂရိုတ်ဖရုအသီးတွေကိုပါ
သီးစေနိုင်ပါတယ် ။ ၀တ်မှုံကူးဖို့အတွက်တော့ ပျားတွေလိုအပ်သလို သူ့ကို စိုက်ဖို့ ဆိုရင်လည်း ညီညွှတ်မျှတတဲ့
ရာသီဥတု ရှိဖို့လိုအပ်ပါတယ်
Myspace Layouts
အံ့သြဖွယ်ရာ အပြာရောင်လိပ်ပြာကလေးများ


ဒီလိပ်ပြာလေးတွေကို Blue Morpho Butterfly လို့ခေါ်ပြီး မျိုးစိတ်ကတော့ Morpho peleides ဖြစ်ပါတယ် ။
အပြာရောင် တောင်ပံတွေနဲ့အစွန်းနားတွေမှာ အနက်ရောင်ကွပ်ထားတဲ့ဒီလိပ်ပြာလေးတွေဟာ တောင်ပံဖြန့်လိုက်ရင် ၈ လက်မထိ ကျယ်ပြန့်ပါတယ် ။ အလင်းပြန်နိုင်စွမ်းရှိပြီး သူတို့ရဲ့သဘာဝကပေးထားတဲ့ ဒီအပြာနက်ရောင်
တောင်ပံတွေက ပတ်ဝန်းကျင်အခြေအနေကို လှည့်စားနိုင်စွမ်းရှိပြီး အသက်အန္တရာယ်ကလည်းကာကွယ်ပေးနိုင်ပါတယ် ။

Myspace Layouts

 ဖောက်ထွင်းမြင်ရသောလိပ်ပြာ

ဒါဟာ အမေရိက အလယ်ပိုင်းက တကယ့်ကိုဖောက်ထွင်းမြင်ရတဲ့ ချစ်စရာလိပ်ပြာလေးဖြစ်ပါတယ် ။
ဖန်သားကဲ့သလို့ ဖောက်ထွင်းမြင်ရတဲ့ အတောင်ပံတွေက သူတို့ကို သာမန် လိပ်ပြာတွေထက်ပိုပြီးထူးစေခဲ့တယ် ။
လိပ်ပြာတောင်ပံတွေမှာ အရောင်ခြယ် တချို့ချို့ယွင်းခဲ့တဲ့အတွက် အခုလို အရောင်မပါပဲ ဖောက်ထွင်းမြင်ရတဲ့
တောင်ပံတွေကို မြင်ရခြင်းဖြစ်ပါတယ် ။ ဘာပဲဖြစ်ဖြစ် ချစ်ဖို့ကောင်းတာတော့အမှန်ပဲဖြစ်ပါတယ် ။

Myspace Layouts
 ကဏန်းတွေကိုအရှင်အတိုင်းရောင်းချစေနိုင်တဲ့စက်

တရုတ်ပြည်ကနေ တီထွင်လိုက်တဲ့စက်ဟာ ဂဏန်းတွေကို ၀ယ်သူတွေလက်ထဲ ကို အရှင်အတိုင်း ရောက်စေမှာ ဖြစ်တယ်လို့
အာမခံထားပါတယ် ။ ဒီစက်ထဲမှာ အပူချိန်ကိုအ နိမ့်ဆုံး ချထားပြီး ဂဏန်းတွေ အသက်ရှင်စေနိုင်တဲ့အခြေအနေကို
ဖန်တီးပေးထားပါတယ် ။

ကုမ္မဏီက ပြောဆိုခွင့်ရှိတဲ့သူကတော့ ဂဏန်းအသေ တစ်ကောင်ပါသွားခဲ့ရင် ဂဏန်းအရှင် ၃ ကောင်နဲ့ပြန်လဲပေးမယ်ဆိုတဲ့
အာမခံချက်ပေးထားပါတယ်လို့ ဆိုပါတယ် ။

Myspace Layouts

 ရုရှားပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ထူးဆန်းသော အလင်းတန်းကြီး


ဒုံးပျံလား ပန်းကန်ပြားပျံလား ဂြိုလ်သားတွေလား စတဲ့ မေးခွန်းပေါင်းများစွာနဲ့ ဂယက်ရိုက်စေခဲ့တာကတော့
ရုရှားပြည်နယ်မှာဖြစ်ပေါ်ခဲ့တဲ့ ထူးဆန်းသော အလင်းတန်းကြီးဖြစ်ပါတယ် ။

ရုရှားပြည်နယ် Solikamsk မြို့အထက် ကောင်းကင်ယံ ညအချိန်မှာ ရုတ်တရက် ဒီအလင်းတန်းကြီးကျရောက်လာပြီး
လူတွေကို အုတ်အောင်သောင်းနင်းဖြစ်စေခဲ့တယ် ။

ပုံတွေအပြည့်အ၀ကြည့်ချင်ရင်တော့ - http://zuzutop.com/2011/05/spectacular-light-above-the-ural/ မှာ ကြည့်နိုင်ပါတယ် ။

Myspace Layouts

 သေးငယ်ပြီး ခုန်ပျံနိုင်သော ပင့်ကူ


ခုန်ပျံနိုင်တဲ့ ပင့်ကူတွေရဲ့ မျိုးစိတ်ကတော့ Salticidae ဖြစ်ပါတယ် ။
ကမ္ဘာပေါ်မှာ ပင့်ကူတွေဟာ မျိုးစိတ် အကျယ်ပြန့်ဆုံးနဲ့ မျိုးခွဲပေါင်း ၄၀၀၀ ကနေ ၅၀၀၀ အထိရှိပါတယ် ။
ဥပမာ (Ah , A melting pot) စသဖြင့်ပေါ့ ။

ကျွန်တော်ကတော့ ဒီလို သေးငယ်တဲ့အကောင်လေးတွေကို ချစ်မြတ်နိုးပါတယ် ။
သင်တို့ရဲ့ အိမ်မှာလည်း ပင့်ကူ ပေါင်းများစွာ ရှာဖွေတွေ့ရှိနိုင်ပါတယ် ။ သူတို့ဟာ ခြေတံမရှည်ကြပါဘူး ။
ဒါ့ကြောင့် လူတွေအတွက် အာရုံထဲမှာ ကြောက်မက်ဖွယ်မကောင်းပဲ သူတို့ရဲ့ ပြအိုးသဏ္ဍာန် ဦးခေါင်းကတော့
လွန်စွာ လှပပြီး ဒီပင့်ကူတွေရဲ့ မျက်လုံး တွေဟာ Alien တွေနဲ့ ဆင်တူလှပါတယ် ။
ပြီးတော့ ဥာဏ်ရည်လည်းကောင်းကြပြီး သူတို့ဟာ အင်းဆက် ပိုးကောင် ကလေးတွေကို စားသုံးကြပါတယ် ။
(တခါတရံ အမျှင်ထုတ်တဲ့ ပင်ကူတွေကလည်း စားကြပါတယ် ။ )

ဒီပုံတွေ အတွက်တော့ Thomas ကို ကျေးဇူးတင်ရမှာပါ ။

Salticids ဆိုတာ သေးငယ်ပြီး တချို့ဆိုရင် လက်မ၀က်လောက်သာသာရှိတဲ့ ပင့်ကူငယ်လေးတွေဖြစ်ပါတယ် ။
သူတို့ဟာ သူတို့ရဲ့ ခန္တာကိုယ်ကို တွန်းကန်ပြီး ၁၀ ကြိမ်ကနေ အကြိမ် ၄၀ လောက်တိုင်အောင် ခုန်ပျံနိုင်ပါတယ် ။
အန္တရာယ် တွေက လွတ်မြောက်ဖို့ သဘာဝပေးတဲ့ စွမ်းရည်တမျိုးပေါ့ ။ သူတို့ဟာ ဒီလို ခုန်ပျံတာကို ဖက်ရှင်ကျလှတဲ့
ဟိုက်ဒရောလစ် စနစ်ကဲ့သို့ အသုံးပြုကြပါတယ် ။ သူတို့ရဲ့ ခြေထောက်တွေကို အရည်တွေကို အရင်ဆုံး အလျှင် အမြန်
ညစ်ထုတ်လိုက်ပါတယ် ။ စပရင်လိုမျိုး သူတို့ရဲ့ လျှင်မြန်လှတဲ့ အမြန်နှုန်းကို ပြုလုပ်ဖို့အတွက်ပေါ့ ။
အောက်မှာရှိတဲ့ပုံလေးတွေကို ကြည့်ကြရအောင် ။ ပုံတွေကို သေချာကြည့်မယ်ဆိုရင် သူတို့ရဲ့ မျက်လုံး
အလယ် တည့်တည့်မှာ ကင်မရာရဲ့ အလင်းပြန်မှုကိုတောင် သင် မြင်နိုင်ပါတယ်

Myspace Layouts
 ပဲရစ်မှာ ရှိတဲ့တံတားတစ်စင်း

ဒါဟာ ပဲရစ်မှာ ရှိတဲ့တံတားတစ်စင်းဖြစ်ပါတယ် ။
သင့်နာမည် သင့် ကောင်မလေးနာမည် သင့်ကောင်လေးနာမည် သင့်သူငယ်ချင်းနာမည်တို့ကိုရေးပြီး
ဒီနေရာမှာ သော့ခတ်သွားပြီး သော့ကို မြစ်ထဲကို လွှင့်ပစ်ရပါတယ် ။

အကယ်၍ သင်နဲ့ သင့်ချစ်သူ ၊ သင့်သူငယ်ချင်း အကြောင်းတစ်ခုခုကြောင့်လမ်းခွဲခဲ့တာတောင်မှ ဒီသော့ကို
ဘယ်လိုမှ ဖြုတ်လို့မရတော့ပါဘူး ။ အမြဲ ထာဝရတည်တံ့နေတယ် သင့်ဘ၀ သင်အသက်ရှင်နေသမျှ ကာလတလျှောက်လုံးမှာပေါ့ ။

Myspace Layoutsသက်တန့်ချို
http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1796573&xgs=1&xg_source=msg_share_post

သိသင့်သိထိုက်သော တီထွင်သူများ

ကင်မရာ

တီထွင်သူ။………..။ ၀ီလျံတောလ်ဘော့စ်၊ လူးဝစ်စ် ဒက်ဂူရီ။
လူမျိုး။……………။ အင်္ဂလိပ်။
ခုနှစ်။…………….။ ၁၈၃၅၊ ၁၈၃၉။
ရည်ရွယ်ချက်။…….။ အမြဲစွဲထင်မယ့် ပုံရိပ်များဖန်တီးရေး။
တိုးတက်မှုရလဒ်။….။ ယနေ့ခေတ် ကင်မရာများ။

ကွန်ပျုတာ

တီထွင်သူ။………..။ ချားလ်စ် ဘက်ဘေ့ခ်ျ။
လူမျိုး။……………။ အင်္ဂလိပ်။
ခုနှစ်။…………….။ ၁၈၂၃။
ရည်ရွယ်ချက်။…….။ ရှည်လျားစွာ တွက်ချက်စစ်ဆင်နိုင်ရေး။
တိုးတက်မှုရလဒ်။….။ အသိပညာနှင့် အီလက်ထရောနစ် ကွန်ပျုတာများ။

ခဲတံ

တီထွင်သူ။………..။ ဖက်ဘာမိသားစု၊ အဲန်ဂျေကွန်တီ။
လူမျိုး။……………။ ဂျာမန်။
ခုနှစ်။…………….။ ၁၇၆၀၊ ၁၇၉၅။
ရည်ရွယ်ချက်။…….။ စာရေးရန်။
တိုးတက်မှူရလဒ်။….။ ဖန်၊ အ၀တ်၊ ပလတ်စတစ်မှာရေးတဲ့ ခဲတံများ။

အက်တမ်

တီထွင်သူ။………..။ ဂျွန်ဒေါ်လန်တန်။
လူမျိုး။……………။ အင်္ဂလိပ်။
ခုနှစ်။…………….။ ၁၈၀၃။
ရည်ရွယ်ချက်။…….။ ရုပ်ကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာလေ့လာရေး။
တိုးတက်မှုရလဒ်။….။ အက်တမ်သီအိုရီ၊ အက်တမ်စွမ်းအင်၊ အဏုမြုဓတ်ပေါင်းဖို။

ခြေတု လက်တုများ

တီထွင်သူ။………..။ အမ္ဘေရာ္စီ ပါရီ။
လူမ်ိဳး။……………။ ပြင်သစ်။
ခုနှစ်။…………….။ ၁၆ ရာစုအတွင်း။
ရည်ရွယ်ချက်။…….။ ခြေတု လက်တုများတပ်ဆင်ပေးရေး။
တိုးတက်မှုရလဒ်။….။ အခြားကိုယ်ခန္ဓာ အစိတ်ပိုင်းအတုများ။

မိုးပျံတိုက်

တီထွင်သူ။………….။ ၀ီလျံလေး ဘာရွန် ဂျင်နီ။
လူမျိုး။……………..။ အမေရိကန်။
ခုနှစ်။………………။ ၁၈၅၃။
ရည်ရွယ်ချက်။………။ မြေနေရာ ပိုမိုရရှိရေး။
တိုးတက်မှုရလဒ်။……။ ခောတ်မီ မိုးပျံတိုက်ကြီးများ။

ပနယ်စလင်


တီထွင်သူ။…………။ ဆာ အလဇန္ဒားဖလင်းမင်း။
လူမျိုး။…………….။ အင်္ဂလိပ်။
ခုနှစ်။……………..။ ၁၉၂၈။
ရည်ရွယ်ချက်။……..။ ရောဂါပေးတဲ့ ဗက်တီးရီးယား နှိမ်နင်းရေး။
တိုးတက်မှုရလဒ်။…..။ အခြားခုခံဆေးများ။

တယ်လီဖုန်း

တီထွင်သူ။………….။ အလက်ဇန္ဒား ဂရေဟမ်ဘဲလ်။
လူမျိုး။……………..။ ကနေဒါ။
ခုနှစ်။………………။ ၁၈၆၀။
ရည်ရွယ်ချက်။………။ စကားပြောဆက်သွယ်ရေး။
တိုးတက်မှုရလဒ်။……။ ယနေ့ခေတ် ဆက်သွယ်ရေး၊ မိုဘိုင်းဖုန်း

စက်ရုပ်

တီထွင်သူ။…………။ ပိုင်ရာဂျီ ဂျက်ကွက် ဒရော့စ်။
လူမျိုး။…………….။ ဆွီဒစ်ရှ်။
ခုနှစ်။……………..။ ၁၇၇၀။
ရည်ရွယ်ချက်။……..။ လူသားတို့ အလုပ်စေခိုင်းခြင်း။
တိုးတက်မှုရလဒ်။…..။ စက်ရုံသုံးစက်ရုပ်များ။

ရေဒါ
တီထွင်သူ။………….။ ရောဘတ် ၀ပ်ဆင်။
လူမျိုး။……………..။ အင်္ဂလိပ်။
ခုနှစ်။………………။ ၁၉၃၅။
ရည်ရွယ်ချက်။………။ ရန်သူ့လေယာဉ်ဝင်လာမှု သတိပေးစေခြင်း။
တိုးတက်မှုရလဒ်။……။ ရေကြောင်းသုံးကိရိယာ။

မီးရထား

တီထွင်သူ။……………။ ဂျော့စတီဗင်ဆင်။
လူမျိုး။……………….။ အင်္ဂလိပ်။
ခုနှစ်။………………..။ ၁၈၂၅။
ရည်ရွယ်ချက်။………..။ ခရီးသည်နဲ့ ကျောက်မီးသွေး သယ်ယူပို့ဆောင်ရေး။
တိုးတက်မှုရလဒ်။……..။ ဒီဇယ်ရထား၊ လျှပ်စစ်ရထား။

X _ ရောင်ခြည်


တီထွင်သူ။……………။ ၀ိုင်ဟဲမ် ရွန်ဂျင်။
လူမျိုး။……………….။ ဂျာမန်။
ခုနှစ်။………………..။ ၁၈၉၅။
ရည်ရွယ်ချက်။………..။ ဓါတ်မှန် ရိုက်ကူးရေး။
တိုးတက်မှုရလဒ်။……..။ နည်းပညာ၊ စက်မှု၊ ဆေးဝါးအတွက် အရေးပါတဲ့ ရောင်ခြည်။

မီးခြစ်ဆံ

တီထွင်သူ။……………။ ရောဘတ်ဘွိုင်လီ၊ ဂျွန်ဂေါ့တာ။
လူမျိုး။……………….။ အင်္ဂလိပ်။
ခုနှစ်။………………..။ ၁၆၈၁။
ရည်ရွယ်ချက်။………..။ မီးထုတ်လုပ်ရေး။
တိုးတက်မှုရလဒ်။……..။ မီးခြစ်အမျိုးမျိုး။

လျှပ်စစ်မီး

တီထွင်သူ။……………။ ဆာဟပ်ဖရီဒေဗီ၊ ဂျေ၊ ဒတ်ဘယ်လ်ယူစတား။
လူမျိုး။……………….။ အင်္ဂလိပ်၊ အမေရိကန်။
ခုနှစ်။………………..။ ၁၈၀၂၊ ၁၈၄၅။
ရည်ရွယ်ချက်။………..။ အိမ်မီး၊ လမ်းမီးထွန်းရန်။
တိုးတက်မှုရလဒ်။……..။ ယနေ့ရောင်စုံမီးများ။

သာမိုမီတာ

တီထွင်သူ။…………..။ ဂယ်လီလီယို။
လူမျိုး။………………။ အီတာလီယန်။
ခုနှစ်။……………….။ ၁၅၉၂။
ရည်ရွယ်ချက်။……….။ အပူတိုင်းဖို့။
တိုးတက်မှုရလဒ်။…….။ ခေတ်မီလျှပ်စစ်သုံး အပူတိုင်းကိရိယာ။

from - http://mhuthaw.blogspot.com

ထူးဆန်းသောခွဲစိတ်ကုသမှု

တစ်ချိန်ကအမေရိကားအလှမယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ဖူးသောဂျမီဟီတန်(၃၆)နှစ်
သည်ငါးမျှားနေစဉ်ကျောက်ဆောင်ပေါ်မှပြုတ်ကျခဲ့ ပြီးဦးခေါင်းခွံအားလေးပုံတစ်ပုံခန့် ဖယ်ရှားခဲ့ ပြီးသူဧ။်ဝမ်းဗိုက်တွင်ခွဲစိတ်ထည့်သွင်းကာ
(၄၂)ရက်ထားရှိပြီးပြန်လည်ထုတ်ယူကာသူမဧ။်ဦးခေါင်းတွင်ပြန်လည်တပ်ဆင်သောအံသြဖွယ်ရာကုထုံးတစ်ရပ်ဖြင့်ကုသခဲ့ ရာဦးနှောက်ယောင်ယမ်းမှု့ မှာပြန်လည်ကောင်း
မွန်ခဲ့ သည်။ယောင်ရမ်းမှု့ ပြန်လည်ကောင်းမွန်စေရန်နှင့်ပိုးမွှားများမ၀င်စေရန်နဂိုအတိုင်းအားအင်ပြည့်ဝလာစေရန်ဝမ်းဗိုက်တွင်ထည့်သွင်းပြီးမူလဦးခေါင်းခွံနေရာတွင်ပြန်လည်
ခွဲစိတ်ကုသခဲ့ သည်။

http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1462029&xgs=1&xg_source=msg_share_post

မေတ္တာကို ဈာန်အထိရောက်အောင် ပွားများပုံ

ဝါခေါင်လပြည့်နေ့ကို ဗုဒ္ဓဘာသာတို့အကြားတွင် ထင်ရှားသော နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ခဲ့ သည်မှာ နှစ်ပေါင်းများ စွာ ကြာခဲ့ပါပြီ၊ မြတ်စွာဘုရားရှင်လက်ထက်ကတည်းက ထင်ရှားခဲ့သောနေ့တစ်နေ့ကို မေတ္တာသုတ်တော် စတင်ဖြစ်ပေါ် လာရာနေ့၊ စာရေးတံမဲလောင်းလှူ ရာနေ့၊ တနည်းအားဖြင့် မေတ္တာအခါတော်နေ့အဖြစ် သတ်မှတ်ထားကြသည်၊

 မြတ်ဘုရားသက်တော်ထင်ရှားရှိစဉ်ကတည်းက ၀ါဆိုအပြီးတွင် တရားအားထုတ်လိုသော ရဟန်း (၅၀၀)သည် ဘုရားရှင်အထံမှကမ္မဋ္ဌာန်းတောင်းကာတောအုပ်တခုအတွင်းဝင်ကာတရားအားထုတ်ရာရဟန်းသံဃာတော်တို့၏သီလ သမာဓိ တန်ခိုးများကြောင့် တောစောင့်နတ်များရုက္ခစိုးနတ်များ မိမိတို့ ဗိမာန်အတွင်း မနေနိုင် မထိုင်နိုင်ဖြစ်ကြပုံ၊

သစ်ပင်ပေါ်မှာမနေ နိုင်ကြပဲ မြေပေါ်ဆင်းကာ ဆင်းဆင်းရဲရဲ နေကြရသောကြောင့် ဒီသံဃာတော်တွေ တရက်ပြန်နိုးနိုး နောက် တနေ့ ပြန်နိုး နိုးဖြင့် စောင့်စားရင်း တလခန့်ကြာမြင့်သောအခါ ရဟန်းတော်များ မနေနိုင် မထိုင်နိုင် တရားရှုမှတ်လို့ မရနိုင်အောင် အာရုံ အမျိုးမျိုး၊ အနံ့သက်အမျိုးမျိုးပေးကာ နှောက်ယှက်ကြလေသောကြောင့် သံဃာတော်များ ဆက်လက် တရားမမှတ်နိုင်ပဲ ဘုရားရှင်ဆီ ပြန်သွားကြရပုံ၊
ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလဲ ဒီရဟန်းငါးရာအတွက် တရားထူးရနိုင်ရာ နေရာသည် ဤတောအုပ်သာလျင် ပဋိရူပ ဒေသ၀ါသဖြစ်ကြောင်းသိတော်မူသောကြောင့်အနှောက်အယှက်အန္တရာယ်များကင်းဝေးစေရန်မေတ္တာကိုသာ စူးစူးစိုက်စိုက် ပို့ကြပါ၊ အန္တရာယ်ကင်းကာ တရားထူးရနိုင်ပါလိမ့်မည် ဟု မိန့်တော်မူပြီး “ ကရဏီယ မတ္ထကုသလေန ” အစချီသော အန္တရာယ်ကင်း မေတ္တာသုတ်တော်ကို ချီးမြင့်ဟောကြားတော်မူသည်။ ထိုနေ့သည်ကား သံဃာတော်အရှင်မြတ်များ ၀ါဆိုပြီး တလခန့်အကြာ ၀ါခေါင်လပြည့်နေ့ပင် ဖြစ်တော့သည်၊ ထို့နောက်တွင် အဆိုပါ ရဟန်းငါးရာသည် ယင်းတောအုပ်၌ ပင် မေတ္တာကို နာနာပွားကာ ၀ါကျွတ်သောအခါ အားလုံး ကိလေသာကင်းကွာ ရဟန္တာများ ဖြစ်တော်မူကြ လေသည်။
 
အထက်ပါအကြောင်းအရာများကိုဗုဒ္ဓဘာသာဝင်တော်တော်များများသိဖူး၊ဖတ်ဖူးကြားဖူးကြပါလိမ့်မည်၊ဒီတကြိမ် တွင် မေတ္တာအခါေ တ်ာနေ့ ကို ကြိုဆိုသောအားဖြင့် ကုသိုလ်ရအောင်မေတ္တာပွားနည်း၊ ဈာန်အဘိဥာဉ်ရအောင် မေတ္တာပွား များနည်းများကို လက်လှမ်းမှီရာ ဖော်ပြပါမည်။

အစဦးစွာ မေတ္တာမပို့သင့်သူ ( ၅ )ယောက်
 
၁။ သေပြီးသူ ( မေတ္တာပို့လျင် အာရုံပြု၍ မရနိုင်သောကြောင့် )
 
၂။ အသွင်မတူသူ ( ယောကျားဖြစ်လျင် မိန်းမကို၊ မိန်းမဖြစ်လျင် ယောကျာ်းကို ) မပွားရပါ၊
 
( ၀ိသဘာဂအာရုံဖြစ်၍ ကိလေသာတဏှာစိတ် ဖြစ်တတ်သောကြောင့် )

၃။ မိမိချစ်ခင်လွန်းသူ ( ချစ်လွန်းသူဖြစ်၍ သောကစိတ် ဖြစ်နိုင်သောကြောင့် )
 
၎။မချစ်မမုန်းအလယ်အလတ်ဖြစ်သူ ( အာရုံပြုရန် သမာဓိရရန် နှေးကွေးနေတတ်သော ကြောင့် )
 
၅။ မိမိရန်သူ ( မေတ္တာစိတ်မဖြစ်ပဲ ဒေါသအာဃာတစိတ်များသာ ဖြစ်လာနိုင်သောကြောင့် )

 မေတ္တာကမ္မဋ္ဌာန်းပွားများလိုသူသည် အထက်ပါငါးဦးတို့အား ရှေးဥိးစွာ မပို့သင့် မပွားသင့်ကြောင်း သတိထားသင့်ပါသည်။
 
လောကတွင် ဘယ်သူ့ကို ဘယ်လောက်ချစ်ပါတယ် ပြောပြော မိမိကိုယ်ထက်၊ အတ္တထက် တန်ဖိုးထား မချစ်နိုင်ကြ ကြောင်းကို “ အတ္တသမံ ပေမံ နတ္ထိ ” ဟု ဗုဒ္ဓမြတ်စွာက မိန့်တော်မူသည်။ သို့ကြောင့်ပင် မေတ္တာပွားလိုသူသည် မိမိကိုယ်ကို အဥိးဆုံး ပွားများသင့်ကြောင်း၊ မိမိကိုယ်တိုင်က ဆင်းရဲကင်းပြီး ချမ်းသာသုခများခံစားချင်သကဲ့သို့ အခြားသော သတ္တ၀ါ များသည်လည်း ဆင်းရဲကင်းပျောက် ချမ်းသာသုခ ခံစားချင်ပေလိမ့်မည်. ဟု ကိုယ်ချင်းစာစိတ်ဖြင့် မေတ္တာစတင်ဖြန့်ကျက် နိုင်ပုံကို နည်းလမ်းညွှန်ပြတော်မူသည်။

မေတ္တာစတင် ပွားများရန်
 
ငါသည် ဘေးရန်ကင်းပါစေ၊ စိတ်ဆင်းရဲကင်းပါစေ၊ ကိုယ်ဆင်းရဲကင်းပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် လောက အကျိုး သာသနာအကျိုးကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပါစေ…
 
ငါ၏ချစ်ခင်အပ်သော မိတ်ဆွေခင်ပွန်းတို့သည်…
 
ငါ၏ မချစ်လွန်း မမုန်းလွန်းသော ပုဂ္ဂိုလ်တို့သည် …
 
ငါ၏ ရန်သူဖြစ်သော ပုဂ္ဂိုလ်တို့သည်… ဘေးရန်ကင်းပါစေ၊ စိတ်ဆင်းရဲကင်းပါစေ၊ ကိုယ်ဆင်းရဲကင်းပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် လောက အကျိုး သာသနာအကျိုးကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပါစေ…
 
စသည်ဖြင့် မေတ္တာစိတ်အားကောင်းလျင် ကောင်းလာသလောက်၊ သမာဓိအားကောင်းလျင် ကောင်းသလောက် နယ်ပယ် များ၊ ပုဂ္ဂိုလ်သတ္တ၀ါများကို ချဲ့ကားကာ ပွားများသင့်ကြောင်း မိန့်တော်မူပါသည်။

အထူးသတိထားရန်ကား - မေတ္တာစိတ်၏ အနီးဆုံး ရန်သူသည် တဏှာပေမ ခေါ်သောလောဘစိတ်ဖြစ်၏။
မေတ္တာစိတ်၏ ဝေးသောရန်သူကား မကျေနပ်သော လက်စားချေချင်သော ဒေါသ အာဃာတစိတ်ဖြစ်ကြောင်း သတိထား ရန် လိုပေသည်။
 
 
 ကုသိုလ်ရရုံ မေတ္တာပွားများနည်း

မေတ္တာပွားများနည်းသည် ကုသိုလ်ရရုံပွားများနည်း၊ ဈာန်အပ္ပနာရအောင် ပွားများနည်းဟု (၂)မျိုးရှိသည်၊ ထို၂ မျိုးတွင် ကုသိုလ်ရရုံပွားများနည်းမှာ တစ်အိမ်လုံး၊ တစ်တိုက်လုံး၊ တရွာလုံး၊တစ်မြို့လုံး၊ စသည်ဖြင့် သတ္တ၀ါအားလုံးကို စုပေါင်းကာ အာရုံပြု၍ ဤသတ္တ၀ါတို့သည် ချမ်းသာပါစေ၊ ကိုယ်ရောစိတ်ရော အေးချမ်းကြပါစေ ဟု ချမ်းသာစေလိုသော စိတ်ဆန္ဒကို အဖန်ဖန် အထပ်ထပ်ဖြစ်စေရမည်၊ ပွားများရပါမည်။

ထိုသို့ ပွားများရာတွင် အရွယ်လွန်ခါနီး အသက်ကြီးခါမှ တဦးတည်းသောသားငယ်ကိုမွေးဖွားသော မိခင်သည် မိမိ၏သား ငယ်အား အလွန်ချစ်ခင်သကဲ့သို့၊ ဂရုတစိုက် အရိပ်တကြည့်ကြည့် ဖြင့် အမှန်တကယ် ချမ်းသာစေလိုသော ဆန္ဒဖြင့် စောင့်ရှောက်သကဲ့သို့  ချမ်းသာစေလိုသော စိတ်ဆန္ဒဖြစ်မှသာ မေတ္တာဖြစ်သည်။
 
စိတ်က မပါဘဲနှင့် နှုတ်က ချမ်းသာပါစေ ဟု ဆိုရုံ ပွားများရုံဖြင့် မေတ္တာမဟုတ်၊ စိတ်က မပါဘဲနှင့် နှုတ်က “ အဝေရာ ဟောန္တု၊  အဗျာပဇ္ဇာ ဟောန္တု ” စသည့် ပါဠိတွေ အနက်တွေ ရွတ်၍ နေငြားသော်လည်း ထိရောက်သော မေတ္တာပို့ဟု မဆိုသာ၊ ကုသိုလ်ရရုံမျှသာ ဖြစ်သောကြောင့် ကုသိုလ်ရရုံမေတ္တာဘာဝနာဟု ဆိုရသည်။

ဈာန်ရအောင် မေတ္တာပွားများနည်း

ဈာန်ရအောင် မေတ္တာပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် “ ငါသည်လည်း ဆင်းရဲဒုက္ခကိုမုန်း၏၊ ချမ်း သာသုခကို အလိုရှိ၏၊ ခပ်သိမ်းသော သတ္တ၀ါတို့သည်လည်း ဆင်းရဲဒုက္ခကို မုန်းကြ၏၊ ချမ်းသာသုခကို အလိုရှိကြ၏၊ ငါကဲ့သို့ပင် ခပ်သိမ်းသောသတ္တ၀ါ တို့သည်လည်း ချမ်းသာသုခကို ရကြခံစားကြပါစေ ” ဟု ခပ်သိမ်းသောသတ္တ၀ါတို့၌ ချမ်းသာစေလို သော စိတ်ဆန္ဒကို ညွတ်စေ၍ …
 
ဤယနေ့မှစ၍ ရှေးလွန်လေပြီးသော ၂နှစ် ၃ နှစ်လောက်က သော်လည်းကောင်း၊ ၅ နှစ်၊ ၁၀ နှစ်လောက်ကာလက သော် လည်းကောင်း၊ ထို့ထက်အလွန်သော်လည်းကောင်း ဤကာလအတွင်း၌ မိမိ သွားဖူး၊ ရောက်ဖူးသမျှ၊ နေဖူးသမျှအရပ်တို့၌ မိမိနှင့် တွေ့ဖူး မြင်ဖူး၊ ကြုံဖူး၊ စကားပြောဖူး၊ အတူနေဖူး၊ အတူထိုင်ဖူး၊ အချင်းချင်းကျေးဇူးပြုဖူးသမျှသော ပုဂ္ဂိုလ်ကြီးငယ် မှန်သမျှတို့ကို မှတ်မိနိုင်သမျှ အာရုံပြု၍ ဤသူသည် ငါနှင့် အသက်တူ ရွယ်တူဖြစ်တယ်၊ ချမ်းသာချင်ရှာပေလိမ့်မည်၊ ကျမ္မာ ချမ်းသာပါစေ၊ ရောဂါဝေဒနာ တစုံတရာ ဘေးအန္တရာယ်မှန်သမျှ မကျရောက်ပါစေလင့်၊ ကိုယ်ရော စိတ်ရော အေးချမ်းပါစေ ဟု ပုဂ္ဂိုလ်ကြီးငယ်မကျန် အရွယ်မျိုးစုံကို အာရုံပြု၍ မေတ္တာပို့သွားရာ၏။
 
 
 
မိမိနှင့် မတွေ့ဖူး မမြင်ဖူးသော်လည်း အဝေးကလှမ်း၍ မိမိအပေါ် ကျေးဇူးပြုခဲ့ဖူးသူဖြစ်လျင် တိရစ္ဆာန်ကလေးတောင် မကျန် ပါစေနှင့်၊ အကုန်ပါအောင်ပို့ပါ။
 
ဤသို့ အတိတ်ကာလမှ စ၍ ယနေ့အထိ တွေ့ဖူးမြင်ဖူးသူထိအောင် အနုလုံအားဖြင့် တယောက်ချင်း တယောက်ချင်းပို့၍ လာရာ၏၊ ကာယဂတာသတိပွားများရာတွင် ခန္ဓာကိုယ် ၃၂ ကောဋ္ဌာသတို့ကို အနုလုံ ပဋိလုံ အဖန်ဖန်အထပ်ထပ် ကြည့်ရှု့ ဘိသကဲ့သို့ မိမိတွေ့ဖူးမြင်ဖူးသူများကိုလဲ အတိတ်မှစကာယနေ့အထိ အစဉ်အတိုင်း အနုလုံ ပဋိလုံအားဖြင့် တယောက်ချင်း တယောက်ချင်း အပြန်ပြန် အလှန်လှန် မေတ္တာပို့၍ သွားသည်ရှိသော် ထိုသူများထဲတွင် တဏှာပေမ ချစ်ခင်စိတ်မဖက်ပဲ ကုသိုလ်မေတ္တာ စိတ်သက်သက်ဖြင့် ချစ်ခင်နိုင်သော အချစ်ခင်ဆုံး မေတ္တာစိတ် ကြပ်ကြပ် အသက်ဝင်ဆုံး ပုဂ္ဂိုလ်တစ် ယောက်ကို တွေ့ရလတံ့။
 
ထိုပုဂ္ဂိုလ်ကိုသာ စိတ်နှင့် ဥာဏ်နှင့်ကြည့်၍ ဤသူသည် ငါ့အား သနားချစ်ခင်ရှာတယ်၊ ဤမည်သော ဤမည်သော   ကျေးဇူးဥပကာရ ပြုဖူးရှာတယ်၊ ဤသူသည် ငါကဲ့သို့ပင် သက်ရှိသတ္တ၀ါဖြစ်တယ်၊ ဆင်းရဲကို မလိုချင်ပဲ ချမ်းသာသုခကိုသာ လိုချင်ရှာတယ်၊ ချမ်းသာပါစေ ကိုယ်ရောစိတ်ရော အေးချမ်းပါစေ၊ ဘယ်လို ဘေးရန်အန္တရာယ်မှ မကျရောက်ပါစေနှင့် ဟု ထိုပုဂ္ဂိုလ်အားခြေဖျားမှသည် ဦးခေါင်း တိုင်အောင်၊ ဦးခေါင်းမှသည် ခြေဖျားတိုင်အောင် အတွင်းရော အပြင်ရော တစ်ကိုယ် လုံး အနှံ့အပြား မေတ္တာစိတ်ကို ဖြန့်ဖြန့်နှံ့နှံ့ ပို့သရာ၏။ နှလုံးအတွင်းရှိ စိတ်ကလေးကိုလဲ မေတ္တာစိတ်ဖြင့် ၀င်၍ ဤသူ၏ စိတ်ကလေးသည် ပူလောင်ခြင်း ဆင်းရဲခြင်းမရှိ ချမ်းသာပါစေ ဟု ဖြန့်နှံ့ပို့သရာ၏။
 
ဤကဲ့သို့ အဖန်ဖန် မေတ္တာပို့သနေလျင် အချိန်ကြာလာသောအခါ ထိုပုဂ္ဂိုလ်ကို မျက်စိဖြင့် မြင်ရဘိသကဲ့သို့ ထင်မြင်လာ လိမ့်မည်၊ အနီး၌ ချဉ်းကပ်၍ နေဘိသကဲ့သို့ ထင်မြင်လာလိမ့်မည်၊ ချစ်ခင်ခြင်း မေတ္တာစိတ်လည်း အလွန်အားကြီး၍ လာ၏၊ မေတ္တာစိတ်တွေ တဖွားဖွားဖြစ်၍ ထိုပုဂ္ဂိုလ်၌သာ မိမိစိတ်သည် တွယ်၍ နေတော့၏၊ အဝေးသို့ မပြန့်လွင့်တော့ပြီ၊ ထိုအခါ ဥဂ္ဂဟနိမိတ် ရပြီဟူ၍ မှတ်ပါ။
 
ဥဂ္ဂဟနိမိတ်အဖြစ် ထင်မြင်လာသော ထိုပုဂ္ဂိုလ်ကို အဖန်ဖန်မေတ္တာစိတ် ဆက်လက်ဖြန့်ပို့သည်ရှိသော် ကြာလာသောအခါ မိမိစိတ်သည် ထိုပုဂ္ဂိုလ်၌ တွယ်ကပ်၍ အလွန်ငြိမ်သက် တည်ကြည်လာပြီးလျင် ဈာန်အင်္ဂါငါးပါးနှင့် ပြည့်စုံသော ပထမ ဈာန်ဇော အပ္ပနာဝီထိ ကျလာ၏၊ ပထမဈာန်ကို ရလာတော့၏။

ထိုသို့ ပထမဈာန်ကို ရပြီးသော ယောဂီသည် ပုဂ္ဂိုလ်ကိုပင်လျင် အာရုံဆက်လက်ပြုကာ မေတ္တာစိတ်ပို့သ၍ အထက် အထက်ဖြစ်သော ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန် ကျအောင် ဆက်လက် လေ့ကျင့်ပွားများအပ်၏။ ဖြစ်စေအပ်၏၊ ဤသို့လျင် တစ်ဦးတည်းသော ပုဂ္ဂိုလ်ကို အာရုံပြု မေတ္တာပို့သဖြန့်နှံ့ပြီး စတုတ္ထဈာန်တိုင်အောင် ၀သီဘော်နိုင်အောင်လည်း ကြိုးစားရမည်၊ ထို့နောင်မှ မိမိတွေ့ဖူး ကြုံဖူး မြင်ဖူး၍ မေတ္တာပို့ကာ ချန်ထားခဲ့သော ပုဂ္ဂိုလ်တို့ကိုလည်း တစ်ယောက်ချင်း တစ်ယောက်ချင်းစေ့အောင် ဤနည်းတူ မေတ္တာစိတ်ဖြန့်နှံ့ပို့သ အာရုံပြု၍ စတုတ္ထဈာန်ထိအောင် ဖြစ်စေအပ်၏။
ထို့နောက် မိမိမတွေ့ဖူး မမြင်ဖူးသော်လည်း ကြားဖူးသမျှသော အရပ်(၁၀)မျက်နှာရှိ အလုံးစုံသော သတ္တ၀ါတို့ကို တစ်ယောက်ချင်းသော်လည်းကောင်း၊စုပေါင်း၍တပေါင်းထည်းသော်လည်းကောင်း အာရုံပြု၍ မေတ္တာဖြန့်နှံ့ပို့သသင့်သည်။ ဤနည်းဖြင့် ဈာန်အဆင့်အထိ ပွားစေ ဖြစ်စေအပ်၏။

မေတ္တာစိတ်နှင့် ရန်သူ

ရန်သူမဟုတ်သောသူတို့၌ မေတ္တာဈာန်ဇောစိတ် ကျဖန် ဖြစ်ဖန်များ၍ ထက်သန်အားကောင်းလာသောအခါ မိမိအလွန်မုန်း သော ရန်သူ၌လည်း မေတ္တာဈာန်စိတ် ဖြစ်နိုင်တော့၏၊ အကယ်၍ ဤကဲ့သို့ ဈာန်ဇော မကျစေနိုင်ငြားအံ့၊ ထိုသို့ဖြစ်ခဲ့လျင် မိမိရန်သူကို ဆက်လက် မေတ္တာပို့ကာ နှလုံးမသွင်းအပ်တော့၊ အာရုံမပြုသင့်တော့ပေ၊ တောထဲ၌ရှိသော မြက်ခြောက်၊ ထင်းခြောက် တို့နှင့်အတူသာ ထားအပ်တော့သည်။ ရှိသည် ဟူ၍ပင် မမှတ်အပ်တော့၊ အနာရမ္မဏဥပေက္ခာ ( န- အာရမ္မဏ- ဥပေက္ခာ ) အာရုံမပြုတော့ခြင်း ဟူသော ဥပေက္ခာစိတ်ကို ထားအပ်တော့သည်၊ ထိုရန်သူမှကြွင်းသော အခြား သော သူတို့၌သာလျင် အာရုံပြုကာ မေတ္တာစိတ် ဈာန်စိတ်ကို ဖြစ်စေကာ ဆက်လက်ပို့သအပ်တော့၏။
 
 
Rf. ဒီပနီကျမ်းပြုအကျော် လယ်တီဆရာတော်ကြီး၏ ကမ္မဋ္ဌာန်းကျမ်းကြီး နှာ-၂၃၀-၎
 
သဒ္ဓမ္မရံသီရိပ်သာဆရာတော်ကြီး၏ ဟောတရားတော်များ
http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1464294&xgs=1&xg_source=msg_share_post

ရဟန်းတော်များ ခေါင်းရိတ်ကြရတဲ့ အကြောင်းရင်း

ရဟန်းတော်တွေ ကိုရင်လေးတွေ သီလရှင်လေးတွေ ဘာကြောင့်ခေါင်းရိတ် ကြရတာလဲဆိုတဲ့  အကြောင်းလေးကို သိစေချင်ပါတယ်။အဲဒီအကြောင်းကို အရှင်နာဂသိန်ထေရ်လောင်းလျာ သူငယ်လေးက မေးလို့ အရှင်ရောဟန ထေရ်က ဖြေကြားထားတဲ့ ဆံပင်မှာ ဗလိဗောဓ ကြောင့်ကြဖွယ်အပြစ် ၁၆ ပါးရှိတယ်လို့ဆိုပါတယ်။ အဲဒီ (၁၆) ပါး သောအပြစ်ကြောင့် ရဟန်းတော်များ၊ ကိုရင်များ၊ သီလရှင်များခေါင်းရိတ်ကြရတာ ဖြစ်ပါတယ်။  
အဲဒီအပြစ်တစ့်ဆယ်ခြောက်ပါးက ဘာတွေလဲလို့ဆိုတော့
(၁) ဆံပင်ကို တန်ဆာဆင်ရခြင်း။

(၂) ပြေပြစ်ချောမွေ့အောင် ပြုပြင်ရခြင်း(ယခုခေတ်အလို ဆံပင်ဖြောင့်ခြင်း ကောက်ခြင်း)။

(၃) ဆီလိမ်းရခြင်း။

(၄) ခေါင်းလျှော်ရခြင်း။

(၅) ပန်းပန်ရခြင်း။

(၆) ခေါင်းလိမ်းဆီမွှေးသုတ်လိမ်းရခြင်း။

(၇) ခေါင်းလျှော်ရန် ကင်ပွန်းသီး ဆီ စသည်တို့ဖြင့် (ထုံရ)နှဲရခြင်း။

(၈) သဖန်းခါးသီးရှာရခြင်း။

(၉) သျှစ်သျှားသီးရှာရခြင်း။

(၁၀) ဆံပင်နက်အောင် ဆေးဆိုးရခြင်း။

(၁၁) ဦးသျှောင်ထုံးရခြင်း။

(၁၂) ဘီးဖြင့် ဖြီးရခြင်း။

(၁၃) ပြုရ၊ပြင်ရခြင်း။

(၁၄) ထုံးပြီး ဦးသျှောင်ကို အခါအားလျှော်စွာပြန်ပြင်ရခြင်း။

(၁၅) သန်းရှာခြင်း၊

(၁၆) ဆံပင်ကျွတ်ခဲ့သော် ပြတ်ခဲ့သော် စိုးရိမ်ရခြင်း။

ပင်ပန်းရခြင်း၊ငိုကြွေးမြည်တမ်းရခြင်း၊ရင်ဘတ်စည်တီးရခြင်း ညည်းတွားရခြင်း လွန်စွာတွေဝေရခြင်းတို့ဖြစ်ပါတယ်။

ရဟန်းတော်များ ကိုရင်များ သီလရှင်များ ဆံပင်များရှိနေပါက ကြည်ညိုဖွယ်မဖြစ်သလို ထိုဆံပင်ကြောင့် အချိန်ပိုကာ အချိန်များစွာပေးရကာ ပရိယတ္တိအလုပ်များကိုကောင်းစွာမလုပ်နိုင်သလို ပဋိပတ်ဆိုတဲ့ ဝိပဿနာအလုပ်များကိုလည်း အားလျော့စေပါတယ်။ထိုကြောင့်

ဒီအပြစ်တွေကြောင့် သာသနာကိုဝင်ရင် ခေါင်းရိတ်ကြရတာဖြစ်တယ်ဆိုတဲ့အကြောင်းအားလုံးကိုသိစေအပ်ပါသည်။

ကိုးကား။ ။ မင်းဘူးအရှင်ကဉ္စန (ဘာသာရေးပြဿနာအဖြေ)စာအုပ်

အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)....


http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1460413&xgs=1&xg_source=msg_share_post

မြင်းခွာရွက်အစွမ်း


မြင်းခွာရွက်ဟာ စားစရာလဲဟုတ်၊ ဆေးလဲဟုတ်တယ်ဆိုတာ မြန်မာတွေသာမကာ တခြားလူမျိုးတွေကပါ မှတ်ယူကြတယ်။ Sanskrit သင်္သကရိုက်ဘာသာ နဲ့ Mandooka Parni ခေါ်တယ်။ Botanical ရုက္ခဗေဒလို Centella asiatica ခေါ်တယ်။ အင်္ဂလိပ်လို Asiatic pennywort ခေါ်ပြီး၊ စွယ်စုံကျမ်းမှာ Centella asiatica (Gotu Kola) လို့ ပါတယ်။ အများဆုံး Indian Pennywort လို့ ခေါ်တယ်။ နာမယ်တော့ India ပါ၊ လက်တွေ့မှာတော့ တရုပ်ပါ။ မူဆယ် ၁ဝ၅ မိုင် နယ်စပ်ကနေ ၂ဝဝ၈ အောက်တိုဘာလအတွင်း ဆေးမြင်းခွာ ဝ ဒသမ ၅၅ တန် တဖက်နိုင်ငံကို တင်ပို့နိုင်ခဲ့တယ်လို့ ပါခဲ့တယ်။


မြန်မာဆေး နားလည်သူတွေက သူ့အစွမ်းတွေကို ရေးကြ-ပြောကြတယ်။
1.    အရည်ညှစ်၍ သကြား၊ ပျားရည်တို့ နှင့် ရောစပ်ပြီး နေ့စဉ် သောက်ခဲ့သော် ခွန်အား တိုးတက်စေ၏။
2.    အခြောက်ပြုလုပ်၍ လက်ဖက်ရည်ခါး သဖွယ် သောက်သုံးခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေ၏။
3.    ငရုတ်ကောင်း၊ ပျားရည်တို့ နှင့်စပ်၍ သုံးဆောင်က အသက်ရှည်၏။ အနာရောဂါ ကင်း၏။
4.    အမှုန့်ကို အနည်းငယ် ပူအောင် ပြု၍ ရင်ဘတ်၌ လိမ်းကျံ ပေးသော် ကလေးများ ချောင်းဆိုး ရောဂါ၊ အဆုတ်နာ ရောဂါ ပျောက်၏။
5.    အရည်ညှစ်၍ ရေနံဆီဖြင့် ဆတူ ရောစပ်ပြီး နှိပ်နယ် လိမ်းကျံပေးခြင်းဖြင့် အဆစ်တို့၌ ဖြစ်သော လေအဖု အကျိတ်များ ပျောက်၏။
6.    အရည်ညှစ်၍ လက်ဖက် ဇွန်းငယ် တစ်ဇွန်းခန့် တိုက်ပါက ကလေးငယ်များ အအေးမိခြင်း၊ လေပြွန် ချောင်းပူခြင်း ပျောက်၏၊ ဝမ်းသက်၍ သလိပ်ကိုလည်း ပျောက်၏။
7.    အရွက်ကို ညှစ်ရည်၍ အရေပြား ရောဂါများအတွက် လိမ်းကျံခြင်း စားသောက်ခြင်းဖြင့် ပျောက်ကင်း စေနိုင်၏။
8.    အရွက်ကို ကြိတ်၍ ရုတ်တရက် ထိခိုက်ရှနာ ဒဏ်ဖြစ်ပြီး ရောင်ရမ်းခြင်းအား လိမ်းကျံပေးက ပျောက်ကင်း၏။
9.    ဖျော်ရည် ပြုလုပ်၍ သောက်က သွေးဝမ်းသွားခြင်း၊ ဆီးချုပ်ခြင်း၊ နာကျင်ကိုက် ခဲခြင်း၊ ဆီး၌သွေးပါခြင်းတို့ ပျောက်၏။
10.    အားတိုးဆေး၊ အဆိပ်ပြေဆေး၊ အနာပေါက်ကုဆေး အဖြစ်လည်း ဖော်စပ် သုံးနိုင်၏။ အရွက်စိမ်းကို ကြိတ်၍ အဝတ်ပါးပါးတွင် ထည့်ပြီး မျက်စိပေါ်တွင် အုံပေးခြင်း၊ သို့မဟုတ် အရည်ညှစ်၍ မျက်စိတွင် ခတ်ပေးခြင်းဖြင့် ပြင်းထန်စွာ မျက်စိနာခြင်း၊ မျက်စိကျိန်းခြင်းများကို ပျောက်ကင်းစေ၏။
အရှေ့တိုင်းဆေးနည်း၊ Ayurvedic အာယုဗေဒဆေးနည်းမှာ Vayasthapana သတ္တိ အသက်ရှည်ဆေးအဖြစ် သုံးတယ်။ သုတေသန တစိတ်ပိုင်း ပြောနိုင်တာက ရောဂါပိုးတွေကို နိုင်တယ်။ အနာကိုနိုင်တယ်။ သွေး-အာရုံကြော ကောင်းစေတယ်၊ ဆီးရွှင်စေတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ နေ့ခင်း စိတ်တက်ကြွစေတယ်လို့ ယုံတယ်။ ၁၉၆၆-၇၉ ထုတ် စာတအုပ်မှာ Youth Vitamin X လို့ ပြောသေးတယ်။ မဟုတ်ပါဘူးလို့ ငြင်းသူက ငြင်းတယ်။
ဆေးပညာခွဲ အစုံပါတဲ့ အိန္ဒိယက Med-India မှာ အာရုံကြောနဲ့ ဦးနှောက်ကို အားပေးတဲ့ Tonic အားဆေး၊ Aphrodisiac လိင်စိတ်ကို အားပေးတဲ့ဆေး၊ Anthelmintic သန်ချဆေး၊ laxative ဝမ်းနုတ်ဆေး၊ Expectorant အသက်ရှူလမ်းက ချွဲထုတ်ဆေး၊ Cooling ကိုယ် အေးစေတဲ့ဆေးအဖြစ်သုံးတယ်လို့ ရေးထားပါတယ်။ ဒါ့ကြောင့် Epilepsy ဝက်ရူးပြန်၊ Nervous debility အာရုံကြောမကောင်းတာ၊ Dyspepsia အစာမကျေတာ၊ Leprosy အနာကြီးရောဂါ၊ Elephantiasis ဆင်ခြေထောက်၊ Syphilis ဆစ်ဖလစ်၊ Ulcers အနာ၊ Abscess ပြည်တည်နာ၊ Carbuncle အနာပဆုပ်၊ Jaundice အသားဝါ၊ Dysentery ဝမ်းကိုက်၊ Eczema နှင်းကူနာ၊ ရောဂါတွေအတွက် ပေးပါသတဲ့။
သိပ္ပံနည်းကျ ဆရာတချို့က တနေ့ ၃ ရွက်သာ စားသုံးပါ နုပျိုစေပါမယ်။ အသက်ရော Sex ရော ကောင်းစေပါသတဲ့။

 Dr. တင့်ဆွေ (၃-၁ဝ-၂ဝ၁ဝ)
shared by >>>>http://www.facebook.com/
Scurce>>>http://natureenergycare.blogspot.com/2012/10/blog-post_2.html#more

Viking ခေတ် ကာလမှ ရှားပါး အာရပ်ငွေ ဒင်္ဂါးများ ဒိန်းမတ်တွင် ရှာဖွေ တွေ့ရှိ

Viking ခေတ်ကာလ ဖြစ်သည့် သက္ကရာဇ် ၈၅၄ ခန့်က မြှုပ်နှံခဲ့သည်ဟု ယူဆရသော ရှားပါးသည့် အာရပ် ငွေဒင်္ဂါးများအား ဘောလ်တစ် ပင်လယ်အတွင်းရှိ ဒိန်းမတ် နိုင်ငံပိုင် ဘွန်းဟွမ်လ် ကျွန်းတွင် ရှာဖွေ တွေ့ရှိခဲ့ သည်ဟု အဆိုပါကျွန်း၏ ပြတိုက် တာဝန်ခံက အောက်တိုဘာ ၁၁ ရက်က ပြောကြား ခဲ့ကြောင်း သိရသည်။ အဆိုပါ ငွေဒင်္ဂါးများသည် ရှစ်ရာစုက ငွေဒင်္ဂါးများ ဖြစ်ြ
ပီး ထိုခေတ် အခါက အရှေ့အလယ်ပိုင်း ဒေသ နိုင်ငံများတွင် အာရပ်နှင့် ပါရှားငွေဒင်္ဂါး များအား သွန်းလုပ်ကာ အသုံးပြုနေပြီ ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။ အလုပ် သင် ရှေးဟောင်း သုတေသန ပညာရှင် တစ်ဦးသည် ယခုနှစ် စက် တင်ဘာလအတွင်း အာရပ် ငွေဒင်္ဂါးများအား ဦးစွာရှာဖွေ တွေ့ရှိခဲ့ပြီးနောက် အဆိုပါပြတိုက်မှ တာဝန်ရှိသူ များက ဘွန်းဟွမ်လ် ကျွန်းပေါ်တွင် တူးဖော်ခဲ့ကြရာမှ အာရပ်နှင့် ပါရှားငွေဒင်္ဂါး ၁၅၂ ပြား ကို တွေ့ရှိ ခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက သတင်းဌာန များသို့ ပြောကြား ခဲ့သည်။
 
http://www.facebook.com/mwdmedia?ref=stream

ဟက်ကာများက တိုက်ခိုက် နိုင်မည့် Google ဝက်ဘ်ဆိုက်၏ လုံခြုံရေး ဆိုင်ရာ ချွတ်ယွင်းချက် အား ဖော်ထုတ် နိုင်သူ ဆယ်ကျော်သက် လူငယ်လေး ဒုတိယ အကြိမ် ဆုချီးမြှင့်ခံရ


ပင်ကီပိုင်း အမည်ဖြင့် အွန်လိုင်း သုံးစွဲသူ ဆယ်ကျော်သက် လူငယ်လေး တစ်ဦးသည် ကမ္ဘာတစ်ဝန်း တွင် လူသုံးများသော Google ဝက်ဘ်ဆိုက်၏ လုံခြုံရေးဆိုင်ရာ ချွတ်ယွင်း ချက်များကို ဖော်ထုတ် နိုင်သဖြင့် ဒုတိယ အကြိမ် ထပ်မံ၍ ဆုချီးမြှင့် ခံခဲ့ရကြောင်း သိရ သည်။

Google ကုမ္ပဏီက "Pwnium 2" အမည်ရှိ ပြိုင်ပွဲကို အောက်တိုဘာ ၉ ရက်က ကျင်းပခဲ့ခြင်း ဖြစ်ပြီး ၄င်းတို့ ဝက်ဘ်ဆိုက်၏ အားနည်းချက်ကို ဖော်ထုတ် နိုင်ခဲ့သည့် အဆိုပါ လူငယ်လေးအား အမေရိကန် ဒေါ်လာ ၆ဝဝဝဝ ကို ဆုငွေအဖြစ် ချီးမြှင့်ခဲ့သည်။

အဆိုပါ လူငယ်လေးသည် ယခုနှစ် ဖေဖော်ဝါရီလက ကျင်းပခဲ့သော ၄င်းကုမ္ပဏီ၏ အလားတူ ပြိုင်ပွဲ တွင်လည်း ဒေါ်လာ ၆ဝဝဝဝ ချီးမြှင့် ခံခဲ့ရကြောင်း Google ကုမ္ပဏီ၏ ပြောကြားချက်အရ သိရသည်။

"Pwnium 2" ပြိုင်ပွဲအား မလေးရှား နိုင်ငံ ကွာလာ လမ်ပူမြို့၌ ကျင်းပခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

http://www.myawady.com.mm/index.php/all-news/local-news/google