“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, March 20, 2013

တန်းဖိုးမဖြတ်နိုင်အောင် အမွေ

Photo: တန်းဖိုးမဖြတ်နိုင်အောင် အမွေ
=====================

ကျေးဇူးရှင်ဖခင်က ဘယ်လိုမှ တန်းဖိုးမဖြတ်နိုင်အောင် လူသားတို့ အတွက် ပေးခဲ့သော စိတ်ပိုင်းဆိုင်ရာ အမွေ တရပ်ပါ ။

ကျောင်းသားအရွယ်ခပ်ငယ်ငယ်မှာမိဘများက စီးပွားရေးအတွက် ဆိုင်တစ်ဆိုင်ဖွင့်ပြီးရောင်းချခဲ့ပါတယ် ဆိုင်မှာ မုန့် တွေလည်းရောင်းပါတယ် အခုခေတ်လို စားသောက်ကုန်ပစ္စည်းများကို သတ်မှတ်ရက်ဆိုတာ မတွင်ကျယ်သလို့  ရှိလည်း မရှိပါဘူး ရောင်းခဲ့ကြပါတယ် ဒါပေမဲ့ ဆိုင်မှာရှိသည့် စားသောက်ကုန်တွေကို ဖခင်က ရက်ခြားသွားကြည့်ပြီး ရက်လွန်သည်ဆိုတာနဲ့ အကုန်လုံးကို ခြံမှာသယ်ယူပြီး ဖျက်ဆီးပစ်ပါတယ် ။

သိပ်အန္တရာယ် ဖြစ်လာနိုင်သည့် အစားသောက်ကိုတောင် ဖခင်ဖြစ်သူက ဘာမှမသိနားမလည်သည့် ခွေး ကြောင် ဌက်တွေတောင် မကျွေးဘဲ စွန့် ပစ်ပါတယ် ။ဒါကို ကြည့်ပြီးတော့ တအားကို နှမျှောမိခဲ့ပါတယ် မိခင်ဖြစ်သူကလည်း ပြုံးပြုံးလေးဘဲ လက်ခံပြီး နေနေလို့  မေးခွန်းမေးပါတယ် ။

ဒါတွေကို လျှော့ရောင်းလိုက်ပေါ့ တအားနှမျှောစရာကြီး ပြီးတော့လည်း ခြံကခွေးတွေတောင် မကျွေးဘူး ဘာလို့ လည်းလို့ မေးမိပါတယ် ။

ငါ့သား ဒါတွေက သူသတ်မှတ်သည့် အချိန်တွင်မှာ မကုန်ဘူးဆိုရင် မှိုတက်မယ် လူတွေကို အခုတော့ ဘာမှ မဖြစ်ပေမဲ့ တဖြေးဖြေးနဲ့  ကျန်းမာရေးကို ဆိုးဝါးလာစေမယ် ဒီလိုမျိုးတွေ ရောင်းလည်း ဝယ်မှာဘဲ စားကြမယ်ဆိုတာ သိတာပေါ့ ဒါပေမဲ့ ဘယ်တော့မှ မလုပ်ရဘူး ၊ ဒီလိုစိတ်နဲ့ လုပ်ပေမဲ့ တခြားတဖက်ကြည့်မယ်ဆိုရင် သားပြောသလို နှမျှောနေမယ် လို့ ထင်နေပေမဲ့ ကြီးမြတ်သော ကောင်းမှု့ ကုသိုလ်နဲ့  လူသားအသိ သိသည့် စိတ်ပါ အဲဒါကို သားတို့ တစ်တွေ မှတ်သားပါ ထားရှိပါ ကျင့်ကြံပါ လေ့ကျင့်ပါ အခုဖတ်နေသည့် စာအုပ်မှာပါတယ်လေ ငတေမာရင် ပြီးရော ဘယ်သူသေသေလေ စိတ်ထားနဲ့ နေထိုင်သည့် လူတစ်ဦးအကြောင်းပါတယ်လို့ လည်း ပြောဆိုခဲ့ပါတယ် ။ငတေမာသည့်စိတ်ထား လုံးဝကို မရှိရဘူး မထားရဘူးနော် လို့  အခုထိ တန်းဖိုးမဖြတ်နိုင်သည့် လုပ်ဆောင်ပြခဲ့သော အမွေ တစ်ခုလို့ ခံယူ ရယူခဲ့ပါတယ် ။

ဒုတိယအကြောင်းရာလေးက ( ၈၈၈၈ ) အရေးခင်း မတိုင်ခင်က သတင်းစာယူလာပြီး ဘာထူးလည်း သေချာဖတ် တွေ့ ရင် ပြန်ပြောလို့ ပြောပြီး သတင်းစာတစ်ခုကိုမိသားစုတစ်တွေ ဖတ်ခိုင်းပါတယ် အပြန်ပြန်အလှန်လှန်ဖတ်တော့မှ တွေ့ ပါတယ် အဲဒါဘာလည်းဆိုတော့ …. မန္တလေးမြို့ မှ ဆရာဝန်တစ်ဦးပါဝင်ပြီး ဆေးအတုထုတ်လုပ်ရောင်းချသည့် အဖွဲ့ အစည်းတစ်ခုဖမ်းမိသည့် အကြောင်းရာဘဲဖြစ်ပါတယ် ဒါနဲ့ ဟုတ်လား ဆိုပြီး ဖခင်ကို ပြပြီး မေးမိပါတယ် ။ မှန်ပါတယ် ဘာမီတွန် တို့  ပါရာစီတမော တို့ ကို ဆေးပြားရိုက်စက်တွေနဲ့ အတူ အလုံးေ၇အတုမြောက်မြားစွာ မိလိုက်ပါတယ် ။ ဒါပေါ့သားရယ် အသားထဲက လောက်ထွက်တယ်ဆိုတာ ဒါပေါ့ ပြီးတော့လည်း ငတေ လို့ လူသားမဆန်သည့် လူသားဆောင်ဆရာဝန်တစ်ဦးပါတော့ ပိုဆိုးတယ်လေ သူတက်သည့် အတက်ပညာက လူသားတွေ သက်တမ်းတစ်ခုအနေနဲ့ ရှင်သန်အောင် ပြု့ စုစောင့်ရှောက်ကာကွယ်ကုသပေးရမည့်သူကိုယ်တိုင်ကိုက ဆေးဝါးအတု ထုတ်လုပ်ရောင်းချ သုံးစွဲတယ်ဆိုတော့ ……..ပြောခဲ့ပါတယ် ။

ဒါကြောင့်ဆိုင်က သက်တမ်းလွန်လို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်တွေ ဖျက်ဆီးခြင်းနှင့် ရောဂါများကို ကာကွယ်သော ဆေးဝါးအတု ထုတ်လုပ်ရောင်းချခြင်း ဆန့် ကျင်ဖက် ဖြစ်စဉ်နှစ်ခုအကြောင်းကို အသေးစိတ်ရှင်းပြခဲ့ပါသည် ။

ယခုအချိန်ထိ ဖခင်စကား …. စိတ်မှာကြားရောင်….ပေးအပ်လေးနက်…. တန်းဖိုးမဖြတ် …. စိတ်ထားအမွေ တို့ အဖေ ပေးအပ်ခဲ့ပါလေ ။

အခုရေးသည့် စာစကားလုံး ….လူသားတစ်စု အကျိုး ပြု့ … ကောင်းမူ့  စိတ်ထား ကိန်းနိုင်ပါစေ ။

Mg Mandalay(Mg Mandalay စာကြည့်ခန်း)

ကျေးဇူးရှင်ဖခင်က ဘယ်လိုမှ တန်းဖိုးမဖြတ်နိုင်အောင် လူသားတို့ အတွက် ပေးခဲ့သော စိတ်ပိုင်းဆိုင်ရာ အမွေ တရပ်ပါ ။

ကျောင်းသားအရွယ်ခပ်ငယ်ငယ်မှာမိဘများက စီးပွားရေးအတွက် ဆိုင်တစ်ဆိုင်ဖွင့်ပြီးရောင်းချခဲ့ပါတယ် ဆိုင်မှာ မုန့် တွေလည်းရောင်းပါတယ် အခုခေတ်လို စားသောက်ကုန်ပစ္စည်းများကို သတ်မှတ်ရက်ဆိုတာ မတွင်ကျယ်သလို့  ရှိလည်း

ကမ္ဘာ့အမြန်ဆုံး ဖြစ်လာလေမလား Agera R

Photo: ကမ္ဘာ့အမြန်ဆုံး ဖြစ်လာလေမလား Agera R 

ဆွီဒင်နိုင်ငံအခြေဆိုက် Koenigsegg ကုမ္မဏီကလည်း ကမ္ဘာ့ဈေးအကြီးဆုံး နဲ့ အမြန်ဆုံး ပြိုင်ကားတွေကိုပဲ ဦးစားပေးထုတ်လုပ်ပါတယ်။ ယခု အသစ် ထုတ်တဲ့ကားကို ဂျနီဗာ မော်တော်ယာဉ် ပြပွဲမှာ ပြသထားပါတယ်။ 

ကမ္ဘာ့အမြန်ဆုံးဖြစ်လာမယ်လို့ဆိုထားပါတယ်။ Agera R လို့အမည်ရပြီး မြင်းကောင်ရေအား ထုတ်လုပ်မှု ၁၁၄၀ ရှိပြီး တစ်နာရီ ၂၇၃ မိုင်အထိ top speed တင်နိုင်မယ်လို့ သီအိုရီဆန်ဆန် တွက်ချက်ပြသ ထားပါတယ်။ အင်ဂျင်အရွယ် ၅၀၀၀ စီစီ၊ ဆလင်ဒါ ၈လုံးပူး အင်ဂျင်ပေမယ့် မြင်းကောင်ရေအား ထုတ်လုပ်မှု ထောင်ကျော်အောင် ဆီအချိုး ပေါင်းစပ်မှု နည်းပညာ အဆင်မြင့်ထားပါတယ်။ 

ဒီဇိုင်းအားဖြင့်လည်း အပြစ်ပြောစရာ တောင် မရှိပါဘူး။ McLaren P1 နဲ့ Ferrari LaFerrari တို့လို ပြိုင်ကားကို အသာလေး ကျော်နိုင်မယ်လို့ ပြောဆို ကြပါတယ်။ ၂၀၁၃ နှစ်ကုန်ပိုင်းမှာ ဖြန့်ချိမယ့် စူပါကား ဖြစ်ကြောင်း သိရပါတယ်။ 
--
Ref: autoblog

ColayOnline:Automobile

http://www.facebook.com/MyawadyNews 

ဂျပန်တွင် သေကြောင်းကြံလည်း ဒဏ်ငွေရိုက်

Photo: ဂျပန်တွင် သေကြောင်းကြံလည်း ဒဏ်ငွေရိုက်

ဂျပန်နိုင်ငံမှာ လူသိများတဲ့ သေကြောင်းကြံစည်နည်း တစ်ခုကတော့ ရထား အတိုက်ခံခြင်း ဖြစ်ပါတယ်။ 

ယင်းနည်းလမ်းနဲ့ မိမိကိုယ်ကို သေကြောင်းကြံသူ အရေအတွက် တိုးပွား လာမှုကြောင့် ဥပေဒ တစ်ခု ချမှတ်ခဲ့ပါတယ်။ ဒါကတော့ ရထားလမ်းပေါ်မှာ မိမိကိုယ်ကို သေကြောင်းကြံစည်မှု ပြုလုပ်ရင် ကျန်ရှိသူ မိသားစုမှ ဒဏ်ငွေ ယွမ် ၁ သန်းဆောင်ရမှာ ဖြစ်ပါတယ်။ ဘယ်သူမှ မကျန်ရင်တောင် အတူနေတဲ့ အခန်းဖော်၊ ဆွေမျိုးနီးစပ် ဒဏ်ငွေရိုက်လို့ရတဲ့ လူမှန်သမျှရိုက် မှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ အချင်းချင်း ပြန်လည် ထိန်းကျောင်း စေဖို့လည်း ပါတယ်လို့ ဆိုပါတယ်။ 

ပြီးတော့ ယင်းကဲ့သို့ သံလမ်းပေါ် သေကြောင်းကြံမှုကြောင့် ခရီးသွား ပြည်သူများ အချိန်နောက်ကျရပြီး ဒီအတွက် ပေးဆောင်ရတဲ့ ဒဏ်ငွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ရထားလမ်းပေါ် သေကြောင်းကြံမှု မဖြစ်အောင် လည်း လုံခြုံရေးအဆင့်မြင့်ထားရှိပြီး ကင်မရာများလည်း ရှိပါတယ်။ သို့ပေမယ့် သေရန် ကြိုးပမ်းသူများ ရှိနေသေးတဲ့အတွက် ယခုလို ဒဏ်ငွေ သတ်မှတ်ရခြင်း ဖြစ်ပါတယ်။ အကယ်၍ အကြောင်းအမျိုးမျိုး ကြောင့် မသေခဲ့ဘူးဆိုရင်တောင် အမှုရင်ဆိုင်ရပြီး ဒဏ်ငွေ ၁ သန်းကိုပါ သီးသန့် ဆောင်ရမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် ဂျပန်နိုင်ငံမှာ သံလမ်းပေါ် သေကြောင်းကြံဖို့ စဉ်းစားရင် ဒဏ်ငွေ ယမ်း ၁ သန်းတော့ ဆွေမျိုးကို ပေးခဲ့ဖို့လို့ ထူးထူးခြားခြား ဥပဒေလေး တစ်ခု ရှိကြောင်း သိရပါတယ်။ 
--
Ref: japantoday
ရိုးရာလေး
ဂျပန်နိုင်ငံမှာ လူသိများတဲ့ သေကြောင်းကြံစည်နည်း တစ်ခုကတော့ ရထား အတိုက်ခံခြင်း ဖြစ်ပါတယ်။

ယင်းနည်းလမ်းနဲ့ မိမိကိုယ်ကို သေကြောင်းကြံသူ အရေအတွက် တိုးပွား လာမှုကြောင့် ဥပေဒ တစ်ခု ချမှတ်ခဲ့ပါတယ်။ ဒါကတော့ရထားလမ်းပေါ်မှာ မိမိကိုယ်ကို သေကြောင်းကြံစည်မှု ပြုလုပ်ရင် ကျန်ရှိသူ မိသားစုမှ ဒဏ်ငွေ ယွမ် ၁ သန်းဆောင်ရမှာ ဖြစ်ပါတယ်။ ဘယ်သူမှ မကျန်ရင်တောင် အတူနေတဲ့ အခန်းဖော်၊ ဆွေမျိုးနီးစပ် ဒဏ်ငွေရိုက်လို့ရတဲ့ လူမှန်သမျှရိုက် မှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ အချင်းချင်း ပြန်လည် ထိန်းကျောင်း စေဖို့လည်း ပါတယ်လို့ ဆိုပါတယ်။

ပြီးတော့ ယင်းကဲ့သို့ သံလမ်းပေါ် သေကြောင်းကြံမှုကြောင့် ခရီးသွား ပြည်သူများ အချိန်နောက်ကျရပြီး ဒီအတွက် ပေးဆောင်ရတဲ့ ဒဏ်ငွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ရထားလမ်းပေါ် သေကြောင်းကြံမှု မဖြစ်အောင် လည်း လုံခြုံရေးအဆင့်မြင့်ထားရှိပြီး ကင်မရာများလည်း ရှိပါတယ်။ သို့ပေမယ့် သေရန် ကြိုးပမ်းသူများ ရှိနေသေးတဲ့အတွက် ယခုလို ဒဏ်ငွေ သတ်မှတ်ရခြင်း ဖြစ်ပါတယ်။ အကယ်၍ အကြောင်းအမျိုးမျိုး ကြောင့် မသေခဲ့ဘူးဆိုရင်တောင် အမှုရင်ဆိုင်ရပြီး ဒဏ်ငွေ ၁ သန်းကိုပါ သီးသန့် ဆောင်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဂျပန်နိုင်ငံမှာ သံလမ်းပေါ် သေကြောင်းကြံဖို့ စဉ်းစားရင် ဒဏ်ငွေ ယမ်း ၁ သန်းတော့ ဆွေမျိုးကို ပေးခဲ့ဖို့လို့ ထူးထူးခြားခြား ဥပဒေလေး တစ်ခု ရှိကြောင်း သိရပါတယ်။
--
Ref: japantoday
ရိုးရာလေး

ထိုင်းနိုင်ငံမှ ရေပေါ် ရုပ်ရှင်ရုံ

Photo: ထိုင်းနိုင်ငံမှ ရေပေါ် ရုပ်ရှင်ရုံ

မတ်လ ၂၀ ရက်၊ ၂၀၁၃

ရေပေါ်မှာ ပြုလုပ်ထားတဲ့ ရုပ်ရှင်ရုံ တကယ် ရှိပါတယ်။ ထိုင်းနိုင်ငံ ဖူးခက် ကျွန်းအနီး Kudu Noi ကျွန်းမှာ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

တရုတ်ပြည် ရှန်ဟိုင်းမှာ နေထိုင်တဲ့ ဂျာမနီ လူမျိုး ဒီဇိုင်နာတစ်ဦးက သူ့စိတ်ကူးနဲ့ ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ယင်းနေရာမှာ ဖူးခက်ကျွန်း ရုပ်ရှင်ပွဲတော်တွေလည်း နှစ်စဉ် ကျင်းပပေးတယ်လို့ ဆိုပါတယ်။ ရာသီဥတုကြောင့် ရေတက်လာရင်လည်း မြှုပ်မသွားနိုင်အောင်၊ ပုံမှန်အတိုင်း ကြည့်လို့ရအောင် အတိမ်အနက်ကိုလညး တွက်ချက်ထားပါတယ်။ အပေါ်မြင့် ယူလို့ ရသလို၊ အောက်လည်း ချလို့ ရပါတယ်။

ပင်လယ်ရေပြင်ပေါ်မှာ ရုပ်ရှင်ကြည့်လို့ ရအောင် ဖန်တီးပေးလိုက်နိုင်တဲ့ ဂျာမနီ ဒီဇိုင်နာရဲ့  စိတ်ကူးဟာ ကမ္ဘာကျော်သွားပြီး Kudu Noi ကို အလည် လာ သူအများစုဟာ ရေပေါ်က ရုပ်ရှင်ရုံကို လာရောက် အားပေးလျက် ရှိတယ်လို့ သိရပါတယ်။

Myawady News

ရွှေကိုဘာကြောင့် တန်ဖိုးထားသလဲ

Photo: ရွှေကိုဘာကြောင့် တန်ဖိုးထားသလဲ

အဓိကကတော့ သူ့ဂုဏ်သတ္တိကြောင့်ပါပဲ။

- ၁ ဂရမ် ပမာဏရှိသော ရွှေကို အပြားခတ် မယ်ဆိုရင် ၁ စတုရန်းမီတာ အထိ ကျယ်ပြန့်နိုင်ပါတယ်။ ၁ အောင်စဆို စတုရန်းပေ ၃၀၀ အထိ ဖြန့်နိုင်တဲ့အတွက် တော်တော်ကို ထူးခြားတဲ့ သတ္တုဒြပ်စင်တစ်မျိုးလည်း ဖြစ်ပါတယ်။

- ရွှေကနေ ထွက်တဲ့ အရောင်က အနီနဲ့ အဝါ ခပ်တောက်တောက် ရှိပြီး သာမန်မမြင်နိုင်တဲ့ ရောင်ခြည်တွေကို တားဆီးကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် အာသာယဉ်နဲ့ ဝတ်ဆုံမှာ နေရောင်ခြည် တိုက်ရိုက်မထိ အောင် ရွှေအလွှာခံတဲ့ မှန်တွေကို အသုံးပြု လေ့ ရှိကြပါတယ်။

- ရွှေကို အခြား သတ္တုတွေနဲ့ ရောစပ် အသုံးပြုခြင်းကလည်း ရေပန်းစား ပါတယ်။ အခြား သတ္တု တစ်ခုခုကို ရွှေရောလိုက်ခြင်းဖြင့် ပိုမို မာကျော သွားခြင်း၊ အကြမ်းခံခြင်း၊ သန်မာခြင်း တို့လည်း ဖြစ်နိုင်ပါတယ်။ အကောင်းဆုံး လျှပ်ကူးပစ္စည်း တစ်မျိုးလည်း ဖြစ်ပါတယ်။ ရေခိုးရေငွေ့၊ ရေ၊ တိုက်စားနိုင်သော အခြားသော ဓာတုဓာတ်များနဲ့ ဓာတ်မပြုနိုင်ပဲ ပုံမှန် အနေအထားအတိုင်း အမြဲ တည်ရှိ နိုင်ပါတယ်။

အဓိကကတော့ တာရှည်ခံမှုပါပဲ။ ဘယ်လောက်ပဲ နှစ်တွေပြောင်းသွား ပါစေ ရွှေဟာ သူ့နဂိုအတိုင်းပဲ ကျန်ရှိပါတယ်။ ဒါကြောင့်ပဲ လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီက လူသားတို့ အသုံးပြုခဲ့တဲ့ ရွှေတွေကို ပြန်လည်တွေ့ရှိတဲ့အခလါ ပုံမပျက်ကို ပြန်တွေ့ရ ပါတယ်။ အပူကြောင့် အရည်ပျော်မယ်ဆိုရင်တောင် ပြန်အေးပြီး ခဲတဲ့အခါ အရင် အတိုင်းပါပဲ။

နောက်ထပ် အရေးကြီးတဲ့ အချက်က ရှားပါးမှု ဖြစ်ပါတယ်။ ပေါပေါပဲပဲရနေရင် ဒီလောက် တ်ဖိုး ထားကြမှာ မဟုတ်ပါဘူး။ အလွယ်တကူ မရနိုင်တဲ့အတွက်လည်း ရွှေကို တန်ဖိုးထားကြပါတယ်။

အရောင်ကလည်း တောက်တော့ အလှဆင်ဝတ်လို့ တင်တယ်ပါတယ်။ ဒါကြောင့် ရှေးယခင်က ငွေကြေးအဖြစ်တောင် ရွှေကို အသုံးပြုခဲ့ကြပါတယ်။ ရွှေကို အတုံးလိုက် အသုံပြုရာကနေ အင်္ဂါးလို လှလှပပ ဖန်တီး အသုံးပြုပါတယ်။ နောက်တော့ ငွေသတ္တုနဲ့ တွဲသုံးလာပြီး နောက်ဆုံးမှာ ရွှေကို အလှဆင်ဝတ်ဖို့ရန်ပဲ အသုံးပြုတဲ့ အနေအထား သို့ ရောက်လာပါတယ်။

ရွှေကို ပိုက်ဆံ (ငွေကြေးယူနစ်) နေရာမှာ အသုံးပြုနေရာကနေ ပိုက်ဆံကို တန်ဖိုးဖြတ်ပေးတဲ့ ပစ္စည်း အဖြစ်သို့ ပြန်လည်ရောက်ရှိလာပါတယ်။ ယနေ့ ကမ္ဘာမှာ ရွှေရဲ့  အသုံးဝင်မှုက တော်တော်လေး စိုးမိုးနေပါတယ်။ ကမ္ဘာ့ရွှေဈေး၊ ငွေဈေး၊ ရေနံဈေး ဆိုပြီး အရေးကြီးတဲ့ ဈေးသုံးဈေးမှာ ရွှေ ကလည်း ပါဝင်နေပါတယ်။

http://www.facebook.com/MyanmarNewsUpdates