“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, December 10, 2012

တင်ပါးကြီးခြင်းသည် ကျန်းမာရေး အတွက်ကောင်း

တင်ပါးကြီးခြင်းသည် ကျန်းမာရေး အတွက်ကောင်း 
http://www.myawady.net.mm/health/knowledge/item/1198-2012-12-09-15-19-03
တင်ပါးကြီး ခြင်းသည် ကျန်းမာ ရေးအတွက် ကောင်းကြောင်း လေ့လာချက် အသစ်အရ သိရသည်။

တင်ပါးနှင့် ပေါင်လုံး ကြီးခြင်းသည် ဗိုက်ပူခြင်း ထက်စာလျှင် ကျန်းမာရေးကို ဆိုးရွား စေသော ကိုယ်လက်စထရော အမျိုး အစားကို လျော့နည်းစေပြီး သွေးလွှတ်ကြော နံရံများ မာကြောမှုကို ကာကွယ် ပေးသည့် ကျန်းမာ ရေးအတွက် ကောင်းသော ကိုယ်လက် စထရော အမျိုးအစားကို မြင့်တက် စေကြောင်း လေ့လာချက် အသစ် များအရ သိရ သည်။ တင်ပါးလုံး ကြီးခြင်းသည် ဆီးချို ရောဂါ ဖြစ်နိုင် ခြေကိုလည်း လျော့ချ ပေးနိုင်သည်။

ယခု တွေ့ရှိချက် အသစ်သည် ယခင်တွေ့ ရှိချက်ဖြစ်သော မြေပဲတောင့်ပုံ ခန္ဓာကိုယ် ရှိခြင်းသည် အကျိုး ကျေးဇူးရှိကြောင်း တွေ့ရှိ ချက်ကိုလည်း ထောက်ခံရာ ရောက်သည်ဟု ဆိုသည်။ ယခု တွေ့ရှိချက်အရ ဂျနီဖာလိုပက်ဇ်သည် ခန္ဓာကိုယ်တွင် အဆီများက ဝမ်းဗိုက် ထက်စာလျှင် တင်ပါးနှင့် ပေါင်လုံးတို့တွင် စုဝေးနေ သောကြောင့် ပို၍ အသက်ရှည် လိမ့်မည်ဟု ဆိုသည်။

အောက်စဖို့ဒ် တက္ကသိုလ်မှ သုတေသန ပညာရှင်များသည် အတူတကွ ပူးပေါင်းကာ ခန္ဓာကိုယ် အောက်ပိုင်းနှင့် ပတ်သက်၍ ကျန်းမာရေးအတွက် အကျိုးရှိနိုင်မည့် အချက်များကို သုတေသန ပြုခဲ့ရာ ခန္ဓာကိုယ် အလယ်ပိုင်း ထက် အောက်ပိုင်းတွင် အဆီများ စုဝေးခြင်းက ကျန်းမာ ရေးအတွက် ပို၍ ကောင်းကြောင်း တွေ့ရှိ ခဲ့ရသည်။

သုတေသန ပညာရှင် ကန်စတန် တီနိုမန်
တင်ပါးကြီး ခြင်းသည် ကျန်းမာ ရေးအတွက် ကောင်းကြောင်း လေ့လာချက် အသစ်အရ သိရသည်။

တင်ပါးနှင့် ပေါင်လုံး ကြီးခြင်းသည် ဗိုက်ပူခြင်း ထက်စာလျှင် ကျန်းမာရေးကို ဆိုးရွား စေသော ကိုယ်လက်စထရော အမျိုး အစားကို လျော့နည်းစေပြီး သွေးလွှတ်ကြော နံရံများ မာကြောမှုကို ကာကွယ် ပေးသည့် ကျန်းမာ ရေးအတွက် ကောင်းသော ကိုယ်လက် စထရော အမျိုးအစားကို မြင့်တက် စေကြောင်း လေ့လာချက် အသစ် များအရ သိရ သည်။ တင်ပါးလုံး ကြီးခြင်းသည် ဆီးချို ရောဂါ ဖြစ်နိုင် ခြေကိုလည်း လျော့ချ ပေးနိုင်သည်။

ယခု တွေ့ရှိချက် အသစ်သည် ယခင်တွေ့ ရှိချက်ဖြစ်သော မြေပဲတောင့်ပုံ ခန္ဓာကိုယ် ရှိခြင်းသည် အကျိုး ကျေးဇူးရှိကြောင်း တွေ့ရှိ ချက်ကိုလည်း ထောက်ခံရာ ရောက်သည်ဟု ဆိုသည်။ ယခု တွေ့ရှိချက်အရ ဂျနီဖာလိုပက်ဇ်သည် ခန္ဓာကိုယ်တွင် အဆီများက ဝမ်းဗိုက် ထက်စာလျှင် တင်ပါးနှင့် ပေါင်လုံးတို့တွင် စုဝေးနေ သောကြောင့် ပို၍ အသက်ရှည် လိမ့်မည်ဟု ဆိုသည်။

အောက်စဖို့ဒ် တက္ကသိုလ်မှ သုတေသန ပညာရှင်များသည် အတူတကွ ပူးပေါင်းကာ ခန္ဓာကိုယ် အောက်ပိုင်းနှင့် ပတ်သက်၍ ကျန်းမာရေးအတွက် အကျိုးရှိနိုင်မည့် အချက်များကို သုတေသန ပြုခဲ့ရာ ခန္ဓာကိုယ် အလယ်ပိုင်း ထက် အောက်ပိုင်းတွင် အဆီများ စုဝေးခြင်းက ကျန်းမာ ရေးအတွက် ပို၍ ကောင်းကြောင်း တွေ့ရှိ ခဲ့ရသည်။

သုတေသန ပညာရှင် ကန်စတန် တီနိုမန် 

ထက်မြက်ပြီး မှတ်ဥာဏ်ကောင်းဖို့ ဘာတွေ စားကြမလဲ

ဥာဏ်စွမ်းထက်မြက်ခြင်း ဆိုတာ လူသားတိုင်း အလိုရှိတဲ့ စွမ်းရည်တစ်ခုပါပဲ။ ဥာဏ်စွမ်းလို့ ဆိုရာမှာ မှတ်ဥာဏ် (Memory) နဲ့ ထက်မြက်မှု (Intelligence) နှစ်မျိုးစလုံး ပါဝင်ပါတယ်။ စာသင်သား လူငယ်တွေ အပါအ၀င် အသက်အရွယ် မရွေးအတွက် အထူးအရေးပါလှတယ် ဆိုတာ ပြောနေစရာတောင် မလိုပါဘူး။
ဥာဏ်ကောင်းအောင် ဘယ်လိုလုပ်ရမလဲလို့ လာမေးတဲ့ လူငယ်တွေ၊ ကလေးကို ဥာဏ်ကောင်းအောင် ဘာတွေ ကျွေးရမလဲ ဆိုတဲ့ မိဘတွေ ခဏခဏ ကြုံရပါတယ်။ ခဏခဏ မေ့တတ်လာလို့ ဘယ်လို လုပ်ရမလဲလို့ အကြံလာတောင်းတဲ့ မိတ်ဆွေတွေလဲ ရှိပါတယ်။ ဒါကြောင့် ဦးနှောက်ဥာဏ်ရည် နှစ်မျိုးစလုံးကို တိုးမြှင့်ပေးနိုင်မှု အရှိဆုံး အစားအသောက် ဆယ်မျိုးကို ကမ္ဘာ့အာဟာရ ပညာရှင်များ သုတေသနပြုထားတဲ့ အတိုင်း စုစည်း ဖော်ပြပေးလိုက်ပါတယ်။ ဦးနှောက်ဥာဏ်ရည်ဟာ မိဘမျိုးရိုးဗီဇ၊ ပတ်ဝန်းကျင် အနေအထားများရဲ့ လွှမ်းမိုးမှု အထူးရှိပေမယ့် နေ့စဉ် အစားအသောက်များဟာ လူတစ်ယောက်ရဲ့ ဥာဏ်ရည်ဥာဏ်သွေးမှာ အတိုင်းအတာ တစ်ခုအထိ အရေးပါတယ် ဆိုနိုင်လို့ အောက်ပါအစားအသောက်များဟာ ဥာဏ်ရည်လျော့ပါးမှုကို ကာကွယ်ဖို့၊ ဥာဏ်ရည်တိုးတက်ဖို့ ကောင်းစွာ အထောက်အကူ ပြုမယ် ဆိုတာ သေချာပါတယ်။

(၁) ငါးများ
ဥာဏ်ကောင်းစေတဲ့ အစားအသောက်တွေထဲမှာ ငါးတွေဟာ ထိပ်တန်းက ပါပါတယ်။ ငါးရဲ့ အဆီတွေဟာ ဦးနှောက်ဥာဏ်ရည် တိုးတက်မှုနဲ့ လုပ်ငန်းဆောင်တာတွေ အတွက် မရှိမဖြစ် လိုအပ်တဲ့ DHA နဲ့ EPA လို့ခေါ်တဲ့ အိုမီဂါသရီး ဖက်တီးအက်ဆစ်တွေ အပြည့်ဝဆုံး ပါဝင်တဲ့ အစားအစာ ဖြစ်ပါတယ်။ အဆီပြည့်ဝတဲ့ ငါးတွေ ပုံမှန် စားပေးရင် ဥာဏ်စွမ်းရည် ပိုမို ထက်မြက်လာစေတယ် ဆိုတာကို ကာလရှည် စမ်းသပ်လေ့လာမှုများစွာ ပြုလုပ်ပြီး တွေ့ရှိထားပါတယ်။ ဒီအစွမ်းဟာ ကလေးတွေမှာသာ မကဘဲ အရွယ်သုံးပါး စလုံးမှာပါ အာနိသင်ရှိတာ တွေ့ရပါတယ်။ အိုမီဂါသရီး အပြည့်ဝဆုံး ငါးကတော့ ဆယ်လ်မွန်ငါး ဖြစ်ပြီး သူ့ကို စားပေးနိုင်ရင် အကောင်းဆုံး ဆိုပေမယ့် ငါးမှန်သမျှကတော့ ပုံမှန်စားသုံးပေးရင် ဥာဏ်ရည်အတွက် အထောက်အကူ ပြုစေတယ်လို့ ဆိုနိုင်ပါတယ်။

(၂) ဥအမျိုးမျိုး
ဥတွေဟာ အကောင်းဆုံး အသားဓာတ်ပင်ရင်း အဖြစ် အသိအမှတ်ပြုထားပါတယ်။ ဒီအထဲမှာမှ ဥအနှစ်မှာ ကိုလင်း (Choline) လို့ ခေါ်တဲ့ မှတ်ဥာဏ်စွမ်းအားဆိုင်ရာ အာဟာရဓာတ် ပြည့်ဝလို့ ကလေးတွေရော မေ့တတ်တဲ့ သူတွေပါ သုံးဆောင်ပေးသင့်ပါတယ်။ ဒီနေရာမှာ တစ်ခု သတိပေးလိုတာက ဥအနှစ်ဟာ ကိုလက်စထရော မြင့်မားစွာ ပါဝင်လို့ အသက် ၃၅ နှစ်အထက် လူတွေ များများ မစားသင့်သလို နျူကလီယာပရိုတိန်းခေါ် အသားဓာတ်များနဲ့ ဖွဲ့စည်းထားလို့ လေးဖက်နာ အမျိုးမျိုး ရှိသူတွေလည်း များများ မစားသင့်ပါဘူး။

(၃) မြေပဲနှင့် မြေပဲထောပတ်
မြေပဲနဲ့ မြေပဲအနှစ်နဲ့ လုပ်ထားတဲ့ မြေပဲထောပတ် (Peanut Butter) တို့ဟာ ဗိုက်တာမင်အီး (Vitamin E) ကြွယ်ဝတဲ့ အစာပင်ရင်းများ ဖြစ်ကြပါတယ်။ ဗိုက်တာမင်အီးဟာ မြင့်မားတဲ့ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိ (Potent Antioxidant Property) ရှိတဲ့ အာဟာရ တစ်မျိုး ဖြစ်သလို ဦးနှောက်နဲ့ အာရုံကြောများရဲ့ အပေါ်ယံအလွှာ အိုမင်းပျက်စီးခြင်းကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ မိသားစုမှာ မြေပဲ(သို့) မြေပဲထောပတ်ကို ပုံမှန်စားတဲ့ အကျင့် ရှိတာ ကလေးငယ်တွေရဲ့ ဥာဏ်ရည်အတွက် အကျိုးပြုပါတယ်။ ဗိုက်တာမင် ဘီဝမ်း (Vitamin B1) နဲ့ တွဲဖက်မယ်ဆိုရင် အထူးအစွမ်းထက်ပြီး ဦးနှောက်စွမ်းရည် ကောင်းမွန်စေကာ စိတ်ကြည်လင်စေတဲ့ အာနိသင် ရှိပါတယ်။ ဗိုက်တာမင်ဘီဝမ်း ပါဝင်တဲ့ အစားအသောက်တွေကတော့ နှံစားသီးနှံများ၊ ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင် အသီးအရွက်များ၊ အသားများ၊ ပဲပင်ပေါက် စတာတွေ ဖြစ်ပါတယ်။

(၄) နှံစားသီးနှံများ
ဒီတစ်မျိုးကတော့ အထူးပြောနေစရာ မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လူမျိုးပဲ ဖြစ်ဖြစ် ကစီဓာတ်ပါတဲ့ နှံစားသီးနှံ တစ်ခုခု (ဥပမာ ဆန်၊ ဂျုံ၊ ပြောင်း စသည်) ကို အဓိကအစာ (Staple Food) အနေနဲ့ နေ့စဉ် စားနေကြတာမို့ပါ။ ဒါပေမဲ့ ကလေးငယ်တွေအတွက်ကျတော့ အာဟာရ ပြည့်ဝစွာ စားရဖို့တင်မကဘဲ အဆာမလွန်အောင် စားရဖို့က အထူးအရေးကြီးပါတယ်။ ကလေးတစ်ယောက်ရဲ့ ဘ၀မှာ ဥာဏ်ရည်နဲ့ ပတ်သက်တဲ့ အခြေခံ အကျဆုံး ဦးနှောက်ဖွံ့ဖြိုးမှုဟာ အသက်နှစ်နှစ်အတွင်း အများဆုံးနဲ့ အဓိက ဖြစ်တာမို့ မွေးစကနေ အသက် နှစ်နှစ်ကျော်အထိ ခဏခဏ အဆာလွန်ရတဲ့ ကလေးတွေ ကြီးပြင်းလာရင် အဆာမခံရတဲ့ ကလေးတွေလောက် ဥာဏ်မကောင်းတာ အတိအကျ တွေ့နိုင်ပါတယ်။
အကြောင်းရင်းကတော့ ဆန်၊ ပေါင်မုန့် စတဲ့ ကစီဓာတ် ပြည့်ဝတဲ့ အစာတွေက ခန္ဓာကိုယ်ထဲမှာ ဂလူးကို့စ် (Glucose) ခေါ် သကြားဓာတ်နဲ့ အထက်မှာ ဆိုခဲ့တဲ့ ဗိုက်တာမင် ဘီဝမ်းကို အဓိက ပေးနိုင်တဲ့ အစာတွေ ဖြစ်နေလို့ပါပဲ။ လိုအပ်တဲ့ ပမာဏကို ပြည့်ဝအောင် ပုံမှန်စားသောက်ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အ၀လွန်အောင် စားပါလို့တော့ မဆိုလိုပါဘူး။ ဆန်နဲ့ ဂျုံကို နှိုင်းယှဉ်ကြည့်ရင် ဦးနှောက်ဥာဏ်ရည် အားပေးမှုမှာသာမက ခန္ဓာကိုယ် ဖွံ့ဖြိုးကြီးထွားမှုမှာပါ ဂျုံက ပိုသာတယ်လို့ အာဟာရပညာရှင်များက ဓာတ်ခွဲစမ်းသပ်တွေ့ရှိထားကြပါ
တယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဆန်ကို အဓိကစားတဲ့ လူမျိုးတွေ ဖြစ်ပေမယ့် ရင်သွေးငယ်တွေရဲ့ အနာဂတ် ပညာရေးအတွက် အထောက်အပံ့အဖြစ် ပေါင်မုန့်လဲ ပုံမှန်ကျွေးသင့်တယ်လို့ အကြံပြုလိုပါတယ်။

(၅) ကွေကာအုပ်
Oats ခေါ် နှံစားသီးနှံကို ကွေကာအုပ်အဖြစ် စားသုံးကြပါတယ်။ ၄င်းဟာ ဆန်တွေ ဂျုံတွေလို နှံစားသီးနှံများထဲ အပါအ၀င် ဖြစ်ပေမယ့် ထိုအရာတွေ ပုံမှန်စားဖြစ်တယ် ဆိုတာနဲ့ပဲ ကွေကာအုပ်ကို လျစ်လျူရှု မထားသင့်တဲ့ အချက်တွေကတော့ ဦးနှောက်ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် ရောက်အောင် အားပေးနိုင်တဲ့ ဗိုက်တာမင် အီး၊ ဗိုက်တာမင် ဘီအုပ်စု၊ ပိုတက်စီယမ်နဲ့ ဇင့်ခေါ် သွပ်ဓာတ်တို့ အထူးကြွယ်ဝလှတယ် ဆိုတဲ့ အချက်ပါပဲ။
ကလေးငယ်တွေ ကျောင်းသွားခါနီး ကွေကာအုပ်တစ်ခွက် မှန်မှန် သောက်သုံးစေရင် စာသင်ယူရာမှာအာရုံစူးစိုက်မှု နဲ့ မှတ်မိနိုင်စွမ်း ပိုကောင်းလာတာ တွေ့ရှိရပါတယ်။

(၆) ဘယ်ရီသီးများ
စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီ စတဲ့ ဘယ်ရီသီးများနဲ့ ချယ်ရီသီးများဟာ ဗိုက်တာမင် စီ နဲ့ အခြားဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာ ပါဝင်ပြီး မှတ်ဥာဏ်စွမ်းအားကို အထူးမြဲမြံစေတာကို လေ့လာတွေ့ရှိရပါတယ်။ အသီးတွေရဲ့ အရောင်ရင့်လေ ဒီအာနိသင်
ပိုများလေ ဖြစ်ပါတယ်။

(၇) ပဲကြီး
ပဲကြီးဟာ အသားဓာတ်နဲ့ ကစီဓာတ် နှစ်မျိုးစလုံး ပြည့်ဝတဲ့ စားစရာ တစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်၊ အိုမီဂါသရီး၊ ဗိုက်တာမင်မျိုးစုံနဲ့ သတ္တုဓာတ်တွေ စုံလင်စွာ ပါဝင်ပါတယ်။ ကလေးငယ် တစ်ဦးဟာ မကြာခဏ ပဲကြီးလုံလောက်အောင် စားပေးရင် တွေးခေါ်လေ့လာ သင်ယူနိုင်စွမ်းမှာ အကောင်းဆုံး ဖြစ်စေဖို့ အထောက်အကူပြုတာ လေ့လာတွေ့ရှိရပါတယ်။

(၈) အရောင်စုံ ဟင်းသီးဟင်းရွက်များ
ခရမ်းချဉ်သီး၊ ကန်စွန်းဥ၊ ရွှေဖရုံသီး၊ မုန်လာဥ၀ါ၊ ပန်းဂေါ်ဖီစိမ်း၊ မုန်ညင်း တို့လိုမျိုး အစိမ်းရောင်၊ အနီရောင်၊ အ၀ါရောင် ဟင်းသီးဟင်းရွက်များဟာ ဦးနှောက်ဆဲလ်တွေရဲ့ ကျန်းမာကြံ့ခိုင်မှုကို ထိန်းသိမ်းပေးထားနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ အများဆုံး ပါဝင်တဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။

(၉) ဒိန်ချဉ်နှင့် နို့ထွက်ပစ္စည်းများ
၎င်းတို့ဟာ ဦးနှောက်ဆဲလ်များ၊ အာရုံကြော ဆက်သွယ်မှု ဓာတုပစ္စည်းများ (neurotransmitters)၊ အရေးပါတဲ့ အဲန်ဇိုင်းများ (Enzymes) ထုတ်လုပ်ရာမှာ မရှိမဖြစ် ပါရမယ့် ကုန်ကြမ်းတွေ ဖြစ်တဲ့ အသားဓာတ်နဲ့ ဗိုက်တာမင် ဘီအုပ်စု ကြွယ်ဝသော အစားအစာများ ဖြစ်ကြပါတယ်။ နေ့စဉ် နို့ထွက်ပစ္စည်းတစ်ခုခု မှီဝဲပေးသူ ကလေးငယ်တွေဟာ သင်္ချာစွမ်းရည်နဲ့ မှတ်ဥာဏ်စွမ်းရည် သူများတွေထက် ပိုကောင်းသလို လူကြီးတွေအတွက်လည်း ဒိန်ချဉ်မှန်မှန် သောက်ပေးရင် မှတ်ဥာဏ် ချို့ယွင်းအားနည်းလာမှုတွေကို ပြုပြင်ဖာထေးနိုင်တာ တွေ့ရပါတယ်။
ဒါ့အပြင် ဦးနှောက်ဆဲလ်များနဲ့ လူ့ခန္ဓာကိုယ် တစ်ခုလုံးက ဆဲလ်များကို အသက်ရှည်စေတဲ့ အစွမ်းရှိတဲ့ ဗိုက်တာမင်ဒီကိုလည်း နို့ကရတဲ့ အစားအစာများမှ ရရှိနိုင်ကြပါတယ်။ ဗိုက်တာမင်ဒီ လိုအပ်ချက်ဟာ စာသင်သားတွေမှာ အထူးများပြားလှပြီး ပြည့်ဝစွာ စားသုံးပေးဖို့ အထူးလိုအပ်ကြောင်း ပညာရှင်များက ပြောဆိုကြပါတယ်။

(၁၀) အမဲသားနှင့် ခြေလေးချောင်း အသားများ
ကလေးတွေ စာသင်ယူရာမှာ စွမ်းရည်ထက်မြက်နေဖို့နဲ့ အာရုံကောင်းကောင်း စူးစိုက်နိုင်ဖို့ သံဓာတ်ဟာ မရှိမဖြစ် သတ္တုဓာတ် တစ်မျိုး အနေနဲ့ လိုအပ်ပါတယ်။ အမဲသားဟာ ခန္ဓာကိုယ်က စုပ်ယူအသုံးချနိုင်တဲ့ သံဓာတ် အကြွယ်ဝဆုံး အစာပင်ရင်းတစ်ခု ဖြစ်ပါတယ်။ သံဓာတ်ချို့တဲ့ သွေးအားနည်းသူများဟာ အမဲသားကို စားနိုင်ပါတယ်။ ဒါပေမဲ့ အမဲသားကို အချို့က ယုံကြည်ချက် အမျိုးမျိုးနဲ့ မစားကြတော့ အခြား ခြေလေးချောင်းသားများ (ဥပမာ ဆိတ်၊ သိုး စသည်)ကို အစားထိုး စားသုံးနိုင်ကြပါတယ်။ အမဲသားလောက် သံဓာတ်မကြွယ်ဝပေမယ့် ဒီအသားတွေလောက် စားဖြစ်ရင်လဲ မဆိုးပါဘူး။
အာရုံစူးစိုက်နိုင်စွမ်းကို အားပေးတဲ့ သံဓာတ်နဲ့ မှတ်ဥာဏ်စွမ်းရည် ကောင်းစေတဲ့ သွပ်ဓာတ်တို့ဟာ အဆိုပါ အသားတွေမှာ ပြည့်ဝစွာ ပါဝင်ပါတယ်။ လုံးဝ သက်သတ်လွတ် စားသူတွေ အတွက်ကတော့ ပဲကြီး၊ ပဲနို့ ခေါ် ပဲပိစပ် စတာတွေကို စားသုံးပေးဖို့ လိုအပ်ပါတယ်။ အဆိုပါအစားအစာများ၊ အသားများကို ဗိုက်တာမင်စီ ကြွယ်ဝစွာ ပါဝင်တဲ့ ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ သင်္ဘောသီး စတဲ့ အသီးအရွက်တွေနဲ့ တွဲဖက် စားသုံးပေးရင် ခန္ဓာကိုယ်ရဲ့ သံဓာတ် စုပ်ယူနိုင်စွမ်းကို ပိုမို ကောင်းမွန်စေပါတယ်။

ဒေါက်တာသီဟသစ်
http://www.myanmar1.com/

နုံးချည့် ညောင်းညာ ကိုက်ခဲနေသူများအတွက် နည်းလမ်းလေးများ

နုံးချည့်ညောင်းညာကိုက်ခဲမှု ဝေဒနာတွေကို ခံစားရတဲ့အခါ ဘဝဟာ အနှစ်သာရ ကင်းမဲ့သလိုလို မပျော်ရွှင်မှုတွေ ခံစားရတတ်ပါတယ်။ စိတ်သွားတိုင်း ကိုယ်မပါနိုင်တာကြောင့် အချိန်ပြည့် အိပ်ရာထဲခွေပြီး လှဲလျောင်းနေချင်တတ်ပါတယ်။ ဒါကြောင့် နုံးချည့် ညောင်းညာကိုက်ခဲတတ်သူတွေ မေးလေ့ရှိတဲ့ မေးခွန်းတွေအတွက် ကျွမ်းကျင်သူတွေ ဖြေဆိုထားတဲ့ အဖြေတွေကို ဖော်ပြပေးလိုက်ပါတယ်။


 
ဒီရက်တွေအတွင်း နုံးချည့် ညောင်းညာကိုက်ခဲနေတာကြောင့် ပင်ပန်းနေရပါတယ်။ သက်သာအောင် ဘယ်လိုလုပ်သင့်ပါသလဲ။
နံနက်ခင်းအချိန်မှာ သင့်ခန္ဓာကိုယ်က နုံးချည့်ညောင်းညာကိုက်ခဲနေသလား၊ လန်းဆန်းမှုရှိသလား ဆိုတာကို အရင်ဆုံး ဆန်းစစ်သင့်ပါတယ်။ ညတုန်းက ကောင်းကောင်း အိပ်မပျော်ဘူးဆိုရင် တစ်နေ့တာ အစီအစဉ်တွေကို လျှော့ပြီး လုပ်ဆောင်သင့်ပါတယ်။ သင်ခံစားနေရတဲ့ ညောင်းညာကိုက်ခဲမှုဝေဒနာက ခံနိုင်ရည်ရှိတဲ့ အတိုင်းအတာ ဖြစ်တယ်ဆိုရင်တော့ လုပ်နိုင်သလောက် လုပ်လိုက်ပါ။ ဒါပေမဲ့ အမြဲတမ်း သတိရသင့်တဲ့ အချက်ကတော့ အသင့်အတင့် လုပ်ဆောင်တာက အကောင်းဆုံး ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို အမြဲအာရုံစိုက်ပြီး နုံးချည့်ညောင်းညာကိုက်ခဲသလို ဖြစ်လာရင် အနားယူပေးသင့်ပါတယ်။

ပင်ပန်းနေတဲ့ အခါမှာ ဘယ်လိုလေ့ကျင့်ခန်းမျိုးကို လုပ်သင့်ပါသလဲ။
ဒီအချိန်မှာ ကိုယ်လက်လှုပ်ရှားမှုကို အတန်အသင့် လုပ်ပေးသင့်ပါတယ်။ လှုပ်ရှားမှု လုပ်ပေးတာကြောင့် စိတ်ခံစားချက် ပိုမိုကောင်းမွန်လာပြီး ခွန်အားပိုရှိလာပါလိမ့်မယ်။ ပုံမှန် ညင်သာတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ပေးရင် ကိုက်ခဲမှု၊ စိတ်ဖိစီးမှုနဲ့ တခြား နုံးချည့်ညောင်းညာတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။လမ်းလျှောက်တာ၊ ရေကူးတာ၊ အကြောဆန့်ထုတ်တာ စတဲ့ လှုပ်ရှားမှုတွေကို ဖြည်းဖြည်းချင်း စတင်လုပ်ဆောင်သင့်ပါတယ်။ တကယ်လို့ ပင်ပန်းမှုမရှိဘဲ လုပ်ဆောင်နိုင်တယ်ဆိုရင် နောက်တစ်နေ့မှာ အချိန်နည်းနည်းတိုးပြီး လှုပ်ရှားသွားပါ။

နှိပ်ပေးတာက နုံးချည့်ညောင်းညာကိုက်ခဲမှုကို သက်သာစေနိုင်ပါသလား။
နှိပ်ပေးတာက ကြွက်သားနာကျင်မှုကို ပြေလျော့စေပြီး စိတ်ဖိစီးမှု ကင်းဝေးစေတဲ့ နည်းလမ်းကောင်း တစ်ခုပါ။ စိတ်ဓာတ်ကျတာနဲ့ ပူပင်သောကတို့ ကင်းဝေးစေဖို့ လူအများစုက အနှိပ်ခံလေ့ ရှိကြပါတယ်။ အနှိပ်ခံတဲ့ နည်းလမ်းဟာ နုံးချည့်ညောင်းညာကိုက်ခဲမှုကြောင့် ကြွက်သားတွေ တောင့်တင်းနာကျင်နေတာကို သက်သာစေပါတယ်။ တင်းနစ်ဘောလုံး ဒါမှမဟုတ် တင်းမာတဲ့ အသုံးအဆောင်တစ်ခုနဲ့ နာကျင်တဲ့ ကြွက်သားတွေကို နှိပ်ပေးနိုင်ပါတယ်။

ကြွက်သား နာကျင်တောင့်တင်းမှု သက်သာအောင် ဘာလုပ်သင့်ပါသလဲ။
အပူ အထူးသဖြင့် စိုစွတ်တဲ့ အပူပေးကုထုံးဟာ နုံးချည့်ညောင်းညာကိုက်ခဲနေသူတွေမှာ တင်းမာမှုနဲ့ တောင့်တင်းမှုတွေ လျော့ပါးစေပါတယ်။ အကြောင်းကတော့ နာကျင်တဲ့ နေရာဆီကို သွေးစီးဆင်းမှု ကောင်းသွားစေလို့ပါ။ နာကျင်ကိုက်ခဲတဲ့ နေရာတွေကို နွေးထွေးစိုစွတ်တဲ့ အဝတ်စတစ်စနဲ့ ဖိထားပေးတာ ဒါမှမဟုတ် ကြက်သီးနွေးရေချိုးကန်ထဲ စိမ်ချိုးတာ၊ ကြက်သီးနွေးရေချိုးတာတွေကို လုပ်ဆောင်သင့်ပါတယ်။ ကြွက်သားနာကျင်မှု လျော့ပါးစေဖို့ အအေးဝတ် ကပ်ပေးသင့်ပါတယ်။

အပ်စိုက်ကုထုံးဟာ နုံးချည့်ညောင်းညာကိုက်ခဲမှုကို သက်သာစေနိုင်ပါသလား။
တရုတ်ရိုးရာနည်းလမ်းဖြစ်တဲ့ အပ်စိုက်ကုထုံးဟာ နုံးချည့်ညောင်းညာကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။ အပ်စိုက်ကုထုံးဟာ ခန္ဓာကိုယ်က စွမ်းအင်စီးဆင်းမှု ကောင်းစေတဲ့ နေရာတွေကို အပ်သေးသေးလေးတွေ စိုက်ပြီး ကုသမှုပေးတဲ့နည်း ဖြစ်ပါတယ်။ ဒီနည်းဟာ ခန္ဓာကိုယ်ရဲ့ ကိုက်ခဲနာကျင်မှုကို တွန်းလှန်တဲ့ ဓာတ်ပစ္စည်းတွေကို တိုးစေပါတယ်။ အပ်စိုက်ကုထုံးဟာ နာကျင်မှု၊ ညောင်းညာမှုနဲ့ ပူပင်သောကတွေကို လျော့ပါးစေပါတယ်။

နုံးချည့်ညောင်းညာနေသူတွေ အနေနဲ့ ညဘက်မှာ ကောင်းကောင်းအိပ်ရေးဝဖို့ ဘယ်လိုလုပ်သင့်သလဲ။
နာတာရှည် နုံးချည့်ညောင်းညာကိုက်ခဲနေသူတွေဟာ ကိုက်ခဲတာ၊ ခြေထောက် အငြိမ်အနေနိုင်ဘဲ လှုပ်နေတာနဲ့ တခြားအကြောင်းပြချက်တွေကြောင့် အိပ်ပျော်ဖို့ ခက်ခဲတတ်ပါတယ်။ ဒါကြောင့် အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန်တွေကို ပုံမှန်ဖြစ်အောင် ကြိုးစားပါ။ နေ့ခင်းဘက် တစ်ရေးအိပ်တာကို ရှောင်ပါ။ စာဖတ်တာနဲ့ ရေနွေးနဲ့ ချိုးတာတွေလို အပန်းပြေစေမယ့် နည်းတွေကို လိုက်နာပြီး မှောင်ပြီး အေးမြတိတ်ဆိတ်တဲ့ အခန်းထဲမှာ အိပ်စက်အနားယူသင့်ပါတယ်။

နုံးချည့်ညောင်းညာ ပင်ပန်းလွန်းလို့ လူမှုရေးကိစ္စတွေကို ပျက်ကွက်နေရပါတယ်။ ဘယ်လို အဆင်ပြေအောင် ဆောင်ရွက်သင့်ပါသလဲ။
လွယ်တော့ မလွယ်ပါဘူး။ ဒါပေမဲ့ တချို့ မဖြစ်မနေ ကိစ္စတွေမှာတော့ ပါဝင်လုပ်ဆောင်သင့်ပါတယ်။ အရာရာတိုင်းအတွက် သင့်မှာ စွမ်းအင်မရှိမှန်း သင့်မိသာစုဝင်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေက သိနားလည်ပါလိမ့်မယ်။ ဒါကြောင့် အရေးပါပြီး အလိုအပ်ဆုံး ကိစ္စရပ်တွေမှာပဲ ပါဝင်ဆောင်ရွက်သင့်ပါတယ်။

နာကျင်ကိုက်ခဲမှုကို သက်သာစေမယ့် ဖြည့်စွက်ဆေး ရှိပါသလား။
တချို့ ဆေးဖက်ဝင် အပင်ထွက် ဆေးတွေနဲ့ ဖြည့်စွက်ဆေးတွေ (ဥပမာ- မယ်လတိုနင်၊ 5-HTP) ဟာ နာတာရှည် နုံးချည့်ညောင်းညာတဲ့ ဝေဒနာတွေကို သက်သာစေနိုင်တယ်လို့ လေ့လာမှုတချို့က ဆိုပါတယ်။ ဒါပေမဲ့ တချို့ဖြည့်စွက်ဆေးတွေက စနစ်တကျ သုတေသနလုပ်ပြီး လေ့လာထားတာမျိုး မရှိပါဘူး။ ဒါကြောင့် မသုံးခင်မှာ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

နုံးချည့်ညောင်းညာနေသူတွေ အနေနဲ့ စိတ်ဖိစီးမှု သက်သာစေဖို့ ဘာလုပ်သင့်သလဲ။
စိတ်ဖိစီးမှု များလွန်းတာက နာတာရှည် နုံးချည့်ညောင်းညာကိုက်ခဲတဲ့ ဝေဒနာတွေကို ပိုပြီး တိုးစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကို လျှော့ချတာကြောင့် စိတ်ဓာတ်ကျတာ၊ ပူပင်သောကများတာ၊ ညောင်းညာကိုက်ခဲတာနဲ့ အိပ်မပျော်တာတွေ လျော့ပါးသွားစေပြီး အပန်းပြေစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု ပြေလျော့စေဖို့ စာဖတ်တာ၊ သီချင်းနားဆင်တာ၊ လမ်းလျှောက်တာတွေကို လုပ်ဆောင်ပေးပါ။ တရားထိုင်တာနဲ့ အသက်ပြင်းပြင်းရှူတဲ့ လေ့ကျင့်ခန်းတွေက စိတ်ဖိစီးမှုကို လျော့ပါးစေပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
http://www.myanmar1.com

ကော်ဖီများများ သောက်ခြင်းက စိတ်ခြောက်ခြားစေ


 
ကော်ဖီများများ သောက်တဲ့သူတွေဟာ သာမန်လူတွေထက် ပိုမို စိတ်ခြောက်ခြား တယ်လို့ ဆေးပညာ အရ လေ့လာ တွေ့ရှိထားပါတယ်။
စိတ်ခြောက်ခြားစရာ ပုံရိပ်များ၊ လူသေပုံရိပ်များ အလိုလို ပေါ်လာတာမျိုး၊ အသံများ ကြားနေရခြင်းမျိုး တို့ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ ယင်းလေ့လာမှု ကို ဗြိတိန်မှာ ကျောင်းသား ၂၀၀ အား လက်တွေ့စမ်းသပ် ခဲ့ခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် တစ်ရက်ကို ၇ ခွက်နဲ့ ညီမျှတဲ့၊ ပိုများတဲ့ ကဖင်းဓာတ်ကို နေ့စဉ် သောက် သုံးနေသူများ ကြုံတွေ့ ရတယ်လို့ ဆိုပါတယ်။ သူတို့က သာမန် ကော်ဖီသောက်သုံးသူများ (တစ်ရက်လျှင် တစ်ခွက် နှင့် အောက် သောက်သုံးသူများ) ထက် သုံးဆလောက် ပိုမို စိတ်ခြောက်ခြားပြီး ကြောက်စရာ အာရုံ ပိုရပါတယ်။
စိတ်ဖိစီးနေတဲ့အခါ Stress ဟိုမုန်း တစ်မျိုးဖြစ်တဲ့ Cortisol ကို ကိုယ်တွင်း မှ ထုတ်လွတ်ပါတယ်။ ယင်း Cortisol ထုတ်လွတ်မှုဟာ ကော်ဖီသောက်သုံး လိုက်တဲ့အခါ (ကဖင်းဓာတ် ဝင်ရောက်သွားတဲ့ အခါ) Cortisol ပိုမို ထုတ်လွတ်ပြီး ကဖင်းနဲ့ တွေ့တဲ့အခါ ဦးနှောက်မှာ Hallucinate လို့ခေါ်တဲ့ စိတ်ခြောက်ချား စရာ ပုံရိပ်များ၊အတွေးများ ပေါ်ပေါက်လာစေပါတယ် လို့ ဆိုပါတယ်။
ဒါကြောင့် ကော်ဖီသောက်သုံးခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူး များစွာ ရရှိနိုင်သော်လည်း အလွန်အကျွံ သောက်သုံးမိတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှုကို ရရှိစေတယ်လို့ ဆေးပညာရှင်တို့ သတိပေး ထားကြောင်း သိရပါတယ်။
---
Ref: medicfact
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A519447&xgs=1&xg_source=msg_share_post

စိတ်ဖိစီးမှုများသည့်အခါ ဖြစ်လာနိုင်သော ကျန်းမာရေးဆိုးကျိုး များ

၁။ ခေါင်းကိုက်၊ ခေါင်းမူး၊ ဦးနှောက်နှင့် အာရုံကြော နှင့်ပက် သက်သော ရောဂါများ ဖြစ်လွယ်စေခြင်း။
၂။ မျက်နှာတွင် ဝက်ခြံ၊ တင်းတိမ့် ကဲ့သို့ အရေအပြား ပြဿနာ များ ဖြစ်ပေါ်စေခြင်း။
၃။ အိပ်ရေးပျက်၊ စားအသောက်ပျက်စေခြင်း။
၎။ အရိုးအဆစ်၊ ကြွက်သားများ ကိုက်ခဲ၊ နာကျင်ခြင်း။
၅။ နှလုံးတွင် သွေးဖိအားမြင့်တက်ခြင်း၊ ကိုလက်စထရောတက်ခြင်း ( နှလုံးနှင့် ဆက်စပ်ရောဂါများ အဖြစ်လွယ်စေခြင်း)။
၆။ ဆီးချိုရောဂါဖြစ်ရန် အလားအလာများခြင်း။
၇။ အစာချေဖျက်သည့် လုပ်ငန်းစဉ် ပုံမှန်အလုပ်လုပ်ခြင်း မရှိသဖြင့် ဝမ်းနှင့် ဆက်စပ်ရောဂါများ ဖြစ်ပွားခြင်း။
၈။ အမျိုးသမီးများ ဓမ္မတာမမှန်ခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ အမျိုးသားတို့ ဟိုမုန်းဓာတ် လျော့ကျခြင်း ။
၉။ ကိုယ်ခံအား ကျဆင်းသဖြင့် အဖျားရောဂါငယ်များက အဖျား၊ရောဂါဝေဒနာကြီးများသို့ ခံစားရစေခြင်း။
--
Via: Medicfacts
AUNG KHAMKYAW
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A519300&xgs=1&xg_source=msg_share_post

အရိုးပွခြင်းကို ကာကွယ်ပေးမဲ့ အသီးအနှံ ၁၀ မျိုး

၁။ ပန်းဂေါ်ဖီအစိမ်း (Broccoli)
ပန်းဂေါ်ဖီအစိမ်းသည် မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်၊ ဗီတာမင်-ကေနှင့် ဗီတာ မင်-ဘီတိြုွ့ကယ်ဝသော ဟင်းရွက်ဖြစ် သည်။ ထို့အပြင် ဗီတာမင်စီပါဝင်မှုလည်း မြင့်မားတာကြောင့် အရိုးအတွင်း ကယ်လ်စီယမ်စုတ်ယူနိုင်မှုကိုတိုးမြှင့်ပေး သည်။
၂။ ဆလပ်ရွက်
ဆလပ်ရွက်သည် အရည်ပါဝင်မှု မြင့်မားသောကြောင့် အခြားအဟာရပါဝင် မှုနည်းပါးသည်ဟု အသိများသော်လည်း ၄င်းတွင် အရိုးသန်မာစေသော ကယ်လ် စီယမ်နှင့် မီတာမင်-ကေတို့အပြင် အခြား ဒြပ်ပေါင်းများလည်း ပါဝင်သည်။
၃။ ပဲတောင့်ရှည်
၎င်းသည် ဗီတာမင်-ကေ အလွန်ြွကယ်ဝသော အစာဖြစ်သည်။ အရိုးတွင်း ကယ်လ်စီယမ်သိပ်သည်းမှုကို မြင့်မားစေ ၍ အရိုးကို သန်မာစေသည်။ ဗီတာမင်- ဘီအုပ်စုပါဝင်သောကြောင့် အရိုးပွခြင်း ကို ဟန့်တားနိုင်သည်။
၎။ ဂေါ်ဖီထုတ်
ဂေါ်ဖီထုတ်သည်လည်း အရိုးကျန်း မာရေးအတွက် လိုအပ်သော ဗီတာမင် ကေ၊ ဖိုးလစ်အက်ဆစ် (Folic Acid)နှင့် ဗီတာမင် -ဘီတို့ြွကယ်ဝသည်။ ထို့ အပြင် ကယ်လ်စီယမ်နှင့် ဗီတာမင်စီ ပမာဏလည်း များစွာပါဝင်သည်။
၅။ ဟင်းနုနွယ်
ဗီတာမင် ကေနှင်Folic Acid များစွာပါဝင်သော ဟင်းနုနွယ်သည် အရိုး ကျန်းမာရေးအတွက် စိတ်ပူသူများ၏ ထမင်းဝိုင်းတွင် မပါမဖြစ်ပါဝင်သင့်သော ဟင်းတစ်ခွက်ဖြစ်သည်။
၆။ လက်ဖက်ခြောက်
လက်ဖက်ခြောက်တွင် အရိုးကိုသန် မာစေမည်သတ္တုဓာတ်များစွာပါဝင်သည်။ သို့သော် သကြားခတ်၍ သုံးဆောင်ပါက ကောင်းကျီုးထက် ဆိုးကျိုးပိုများနိုင် ကြောင်းသတိချပ်သင့်သည်။
၇။ ကညွတ်
ကညွတ်သည် အဟာရလွန်စွာ မျှ တသော ဟင်းရွက်တစ်မျိုးဖြစ်သည်။ ၄င်း တွင် ဗီတာမင်နှင့်သတ္တုဓာတ်များစွာပါဝင် သောကြောင့် အရိုးများကို ကြံ့ခိုင်သန်မာ စေသည်။
၈။ တရုတ်နံနံ
၎င်းတွင် ပါဝင်သော ဗီတာမင် ကေ (ဝမ်း) သည် အရိုးကို ဖျော့မည် Osteoclasts ခေါ် ကိုယ်တွင်းဆဲလ်တစ်မျိုးကို ဟန့်တားနိုင်သည်။ ထို့အပြင် အရိုးတွင်း ကယ်လ်စီယမ်ပမာဏစုပ်ယူမှုအားကောင်း အောင်လည်း ကူညီပေးသည်။
၉။ သံပယိုသီး
သံပယိုသီးသည် ချဉ်သော်ငြားလည်း ခန္ဓာကိုယ်အတွက် များစွာအထောက် အကူပြုနိုင်သော အစားအစာဖြစ်သည်။ အရိုးနှင့်သွားများကို သန်မာစေရုံသာမက ကိုယ်ခံအားကိုလည်း တိုးမြှင့်ပေးသည်။
၁၀။ နှံစားသီးနှံများ
၎င်းတို့သည်လည်း အရိုးကျန်းမာ ရေးအတွက် လိုအပ်သော သတ္တုဒြပ်များ စွာပါဝင်သောကြောင့် နေ့စဉ်သုံးဆောင် သင့်သည်။


by ပိုပိုဇော်(သဘာဝအားအင်)
Ref: Health Care Journal
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A519729&xgs=1&xg_source=msg_share_post

ရွှေဖရုံသီး၏ ကျန်းမာရေး အကျိုးကျေးဇူး

ရွှေဖရုံသီးကို အစိမ်းရောင်နဲ့ အဝါရောင်ဆိုပြီး အရောင်နှစ်မျိုး တွေ့ရပါတယ်။ ဗီတာမင်အေ၊ မဂ္ဂနိစ်၊ ပိုတက်စီယမ်၊ ဖောလိတ်စတဲ့ အာဟာရဓာတ်တွေ အများအပြား ပါဝင်တာကြောင့် ကျန်းမာရေးအတွက် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။
၁) ရွှေဖရုံသီးမှာ ကယ်လိုရီ ပါဝင်မှု လျော့နည်းတာကြောင့် အဆီများတဲ့ အစားအသောက်တွေ နေရာမှာ အစားထိုး စားပေးနိုင်ပါတယ်။ ကိုယ်အလေးချိန် မတက်စေဘဲ ဆာလောင်မှုကို လျော့ကျစေပါတယ်။
၂) ရွှေဖရုံသီးမှာ မဂ္ဂနီဆီယမ် ပါဝင်ပြီး အစာကြေညက်စေတာကြောင့် အရံဟင်းလျာအဖြစ် စားပေးသင့်ပါတယ်။
၃) ရွှေဖရုံသီးဟာ ခန္ဓာကိုယ်ကို အေးမြစေတာကြောင့် ပူတဲ့အချိန်တွေမှာ စားသင့်ပါတယ်။
၎) ရွှေဖရုံသီးမှာ ဗီတာမင် အေ၊ စီ နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။ ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်နေရင် ရောဂါအများစု မဖြစ်အောင် ကာကွယ်ထားနိုင်ပါတယ်။
၅) ရွှေဖရုံသီးဟာ သွေးတိုးတာ၊ လေဖြတ်တာနဲ့ နှလုံးရောဂါထတာတွေ မဖြစ်အောင် လျှော့ချပေးနိုင်ပါတယ်။
၆) ရွှေဖရုံသီးမှာ အမျှင်ဓာတ် အများအပြား၊ ဗီတာမင်အေနဲ့ ဗီတာမင်စီတို့ ပါဝင်တာကြောင့် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေပါတယ်။ ပါဝင်တဲ့ ဗီတာမင်တွေက ရောင်ရမ်းမှုနဲ့ ဆက်စပ်နေတဲ့ ရောဂါ (ဥပမာ-ရိုးဆစ်ရောင်ရမ်းနာ၊ အရိုးအဆစ်ရောင်တာနဲ့ ပန်းနာရင်ကျပ် ရောဂါ) တွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
၇) ရွှေဖရုံသီးဟာ ကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်ကို လျော့ကျစေပါတယ်။ အကြောင်းကတော့ ပါဝင်တဲ့ အမျှင်ဓာတ်တွေဟာ ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ကင်းစေပြီး အူမကြီးမှာ အဆိပ်တွေ စုပုံမှု မဖြစ်အောင် ကာကွယ်ပေးနိုင်လို့ပါ။ အူမကြီးထဲမှာ ကင်ဆာဖြစ်စေတဲ့ အဆိပ်တွေ စုနေရင် ကင်ဆာရောဂါ ဖြစ်လာစေနိုင်ပါတယ်။
၈) ရွှေဖရုံသီးဟာ ဆီးကျိတ်ကြီးတဲ့ လက္ခဏာတွေကို လျော့ပါးစေပါတယ်။ အမျိုးသားတွေမှာ ဆီးကျိတ်ကြီးတာကြောင့် ဖြစ်တတ်တဲ့ ဆီးသွားရခက်ခဲတာနဲ့ လိင်ဆက်ဆံမှုဆိုင်ရာ အခက်အခဲတွေကို လျော့ပါးစေပါတယ်။
၉) ရွှေဖရုံသီးမှာ ဗီတာမင်စီနဲ့ လူတင်တို့ ပါဝင်တာကြောင့် မျက်စိကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
၁ဝ) ရွှေဖရုံသီးမှာပါတဲ့ ဗီတာမင်အေက သွားပိုးစားမှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး အိုမင်းမှုကြောင့်ဖြစ်တဲ့ ဝေဒနာတွေကို လျော့ကျစေပါတယ်။
၁၁) ရွှေဖရုံသီးဟာ ဦးနှောက်ဆဲလ်တွေရဲ့ တည်ဆောက်မှုကို အားပေးတာကြောင့် မှတ်ဉာဏ် ကောင်းမွန်အောင် ပံ့ပိုးပေးနိုင်ပါတယ်။ ဆဲလ်တွေ ထိခိုက်မှု မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
၁၂) ရွှေဖရုံသီးမှာ ရေဓာတ်ပါဝင်မှု မြင့်မားတဲ့အပြင် ပိုတက်စီယမ်လည်း ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို ကောင်းစေပါတယ်။ ရွှေဖရုံသီး စားပေးရင် ရေများများ မသောက်ရင်တောင် တစ်နေ့တာလုံး ရေဓာတ် ပြည့်ဝနေစေပါတယ်။
၁၃) ရွှေဖရုံသီးမှာ ဖော့စ်ဖရပ်စ်နဲ့ မဂ္ဂနီဆီယမ်တို့ အလုံအလောက် ပါဝင်တာကြောင့် အရိုးတွေကို သန်စွမ်းစေပါတယ်။ အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ အရိုးကြွပ်ဆတ်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
၁၄) ရွှေဖရုံသီးရဲ့ အရောင်က သူ့မှာ ဘယ်လောက် အာဟာရဓာတ် ပါဝင်နေသလဲဆိုတာ ဖော်ပြနေပါတယ်။ အစိမ်းရင့်ရောင် ရွှေဖရုံသီးဟာ အစိမ်းဖျော့ရောင် ရွှေဖရုံသီးထက် အာဟာရဓာတ် ပိုမို ပါဝင်ပါတယ်။ ရွှေဖရုံသီးကို စားမယ်ဆိုရင် အခွံကို မခွာပါနဲ့။ အခွံမှာ ဘီတာကယ်ရိုတင်းလို့ ခေါ်တဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တာကြောင့် ဆဲလ်တွေကို ကာကွယ်ပေးနိုင်လို့ပါ။ မချက်ပြုတ်ခင် ရေနဲ့ သေချာ ဆေးကြောပေးသင့်ပါတယ်။

ကြယ်စင်
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A519637&xgs=1&xg_source=msg_share_post

နှမ်းစေ့၏ အံ့အားသင့်ဖွယ်ရာ ကျန်းမာရေး အာနိသင်များ

နှမ်းစေ့မှာ အာဟာရဓာတ်တွေ အပြည့်ပါဝင်နေသလို ကော့ပါးဓာတ်၊ သွပ်ဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်၊ မဂ္ဂနိစ်၊ ဆီလီနီယမ်နဲ့ ဆိုဒီယမ်စတဲ့ သတ္တုဓာတ်တွေလည်း အပြည့်ပါဝင်နေပါတယ်။ ဗီတာမင် အေ၊ ဗီတာမင် အီး၊ ဗီတာမင် B6 သိုင်ယာမင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်နဲ့ တိုကိုဖီရောစတဲ့ ဗီတာမင်တွေလည်း အများအပြား တွေ့ရပါတယ်။ နှမ်းစေ့မှာ ပရိုတင်းဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ အမိုင်နိုအက်စစ်၊ အမျှင်ဓာတ် စတာတွေလည်း ပါဝင်နေပါတယ်။ ဒါကြောင့် နှမ်းစေ့မှာ အင်တီအောက်ဆီးဒင့် အများအပြားပါဝင်ပြီး ကိုလက်စထရော နည်းပါတယ်။ နှမ်းစေ့မှာ ပါဝင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေက အများအပြား ရှိပါတယ်။
အရိုးကျန်းမာရေး
နှမ်းစေ့ လက်တစ်ဆုပ်စာ ပမာဏမှာ နွားနို့တစ်ဖန်ခွက်မှာပါတဲ့ ကယ်လ်စီယမ်ထက် ပိုမို ပါဝင်နေပါတယ်။ နှမ်းစေ့မှာပါတဲ့ ကယ်လ်စီယမ်ဟာ အရိုးကျန်းမာအောင် တည်ဆောက်နိုင်ပြီး အရိုးအားနည်းတာနဲ့ သွားခိုင်မာမှု လျော့ကျတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သက်လတ်ပိုင်းအရွယ်နဲ့ သက်ကြီးအမျိုးသမီးတွေမှာ အရိုးပါးရောဂါ မရအောင် နှမ်းစေ့က ကာကွယ် ပေးနိုင်ပါတယ်။
ကင်ဆာကာကွယ်ရေး
နှမ်းစေ့မှာပါတဲ့ Sesamine နဲ့ Sesamolin တို့မှာ ကင်ဆာဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ ရှိနေပါတယ်။ နှမ်းစေ့ကို စားတာကြောင့် ကင်ဆာဆဲလ်တွေ ကြီးထွားဖွံ့ဖြိုးမှု မဖြစ်အောင် ကာကွယ်ပေးနိုင်သလို ကင်ဆာ ကုသရေးကိုလည်း အထောက်အပံ့ ပေးပါတယ်။
ခေါင်းတစ်ခြမ်းကိုက်ခြင်း သက်သာရန်
နှမ်းစေ့မှာပါတဲ့ မဂ္ဂနီဆီယမ်ဟာ ခေါင်းတစ်ခြမ်း ကိုက်စေတဲ့ သွေးကြောကျုံ့ဆန့်မှုကို လျော့ကျစေပါတယ်။ နှမ်းစေ့ကို ပုံမှန် စားတာကြောင့် ခေါင်းတစ်ခြမ်းကိုက်တာ၊ ခေါင်းကိုက်တာနဲ့ မူးဝေတာတွေကို သက်သာစေပါတယ်။
နာ့ဗ်ကြောစနစ် သန်စွမ်းအောင်
နှမ်းစေ့မှာပါတဲ့ ဗီတာမင်အီးဟာ နာ့ဗ်ကြောစနစ်ကို ကောင်းမွန်စေပြီး နာ့ဗ်ကြောစနစ်မှာ ဝေဒနာတွေ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။
အသားအရေ ထိန်းသိမ်းမှု
နှမ်းစေ့နဲ့ နှမ်းဆီမှာ အရေပြားနဲ့ ဆံပင်အတွက် အကျိုးရှိတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ နှမ်းဆီက အရေပြား မီးလောင် ဒဏ်ရာတွေကို သက်သာစေပြီး အရေပြားဆိုင်ရာ ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ နှမ်းစေ့ကို ပုံမှန်စားတာက အသားအရေ အမျိုးအစား အားလုံးအတွက် အကျိုးကျေးဇူး ရှိပါတယ်။
အူလမ်းကြောင်းနှင့် အစာခြေစနစ် ကျန်းမာရေး
နှမ်းစေ့ဟာ အူလမ်းကြောင်း တစ်လျှောက်မှာ သန်ကောင်တွေ ကူးစက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ နှမ်းမှာပါတဲ့ အမျှင်ဓာတ်တွေက အစာခြေလမ်းကြောင်းစနစ် ကျန်းမာရေးကို ကောင်းမွန်စေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။
နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး
နှမ်းစေ့မှာပါတဲ့ Sesamine နဲ့ Sesamolin တို့ဟာ သွေးတိုးတာ မဖြစ်အောင်နဲ့ သွေးတွင်း ကိုလက်စထရောအဆင့် လျော့ကျအောင် ကာကွယ်ပေးနိုင်ပါတယ်။ နှမ်းစေ့ဟာ နှလုံးသွေးကြောစနစ်ဆိုင်ရာ ရောဂါတွေ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။
ရင်ကျပ်ပန်းနာရောဂါ ကာကွယ်ရေး
နှမ်းစေ့မှာပါတဲ့ မဂ္ဂနီစီယမ်ဟာ ရင်ကျပ်ရောဂါထတာနဲ့ အသက်ရှူလမ်းကြောင်းစနစ်ဆိုင်ရာ ဝေဒနာတွေ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။
သွေးဆုံးဝေဒနာ သက်သာရေး
နှမ်းစေ့စားသုံးတာကြောင့် သွေးဆုံးချိန် ရောက်နေတဲ့ အမျိုးသမီးတွေမှာ ပူနွေးတာ၊ ညဘက် ချွေးထွက်လွန်တာနဲ့အိပ်မပျော်တာတွေလို သွေးဆုံးဝေဒနာတွေကို လျော့ပါးစေပါတယ်။ နှမ်းစေ့ကို စားတာကြောင့် အနာကျက်နှုန်းမြန်တာ၊ အဆစ်ရောင်နာ သက်သာစေတာနဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ် ဖြစ်ပျက်နှုန်း ကောင်းစေတာစတဲ့ အကျိုးကျေးဇူးတွေကိုလည်း ရရှိစေပါတယ်။
ကြယ်စင်
By Good Health
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A519651&xgs=1&xg_source=msg_share_post