“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, February 4, 2013

အရေးပေါ်

Photo: အရေးပေါ်

အရေးပေါ်လူနာတင်ကားတစီး ရန်ကုန်ဆေးရုံကြီးသို့ အမြန်မောင်းကာရောက်လာ၏။

ဆေးရုံရှိ ၀န်ထမ်းများ ပြေးဆင်းလာကြ၏။

ဝန်ထမ်းတဦးမှ ကားထဲသို့ ချောင်းကြည့်ပီး နားမလည်သောအသံဖြင့် လူနာတင်ကား ဒရိုင်ဘာကို လှမ်းမေး၏။

" မင်း တယ်လီဖုန်းကနေ သတင်းပို့တော့ ကားတိုက်ခံရတဲ့ လူနာတစ်ယောက်ကို တင်လာမှာဆို။အခု လေးယောက်တောင် ဖြစ်နေပါလားကွ "

ဒရိုင်ဘာက ဂုဏ်ယူဝင့်ကြွားသံဖြင့်ပြန်ပြောလိုက်တာက....

" ကျန်တဲ့ လူတွေက အလာလမ်းမှာ ကျနော်တိုက်လာခဲ့တာ.." ..တဲ့

တိန်

ရီမောပျော်ရွှင်ပါစေ.....

ကိုလုံ

http://www.facebook.com/jokeandothers

ကာလသားရောဂါဆိုတာဘာလဲ

Photo: ကာလသားရောဂါဆိုတာဘာလဲ  ...............
( ကျန်းမာရေး အသိရှိစေရန် )

ကာလသားရောဂါ (Veneral Disease)  အုပ်စုလို့ခေါ်ခဲ့ပါတယ်။ ယခုတော့ Sexually Transmitted Infectionလို့ခေါ်ပါတယ်။ Infection ဆိုတာ မြန်မာလိုတော့ ကူးစက်ခြင်း၊ရောဂါပိုးဝင်ခြင်းဖြစ်ပါတယ်။ အဲဒီ Infection မှာ ရောဂါပိုးအမျိုး (၃ဝ)ထက် ပိုရှိပါတယ်။ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ ကပ်ပါးကောင်တွေကပေးတဲ့ ရောဂါတွေ ဖြစ်ပါတယ်။
 
ဘယ်လိုလူတွေဆီက ကူးစက်နိုင်ပါသလဲ ... ဒီရောဂါတွေကို Prostitute (or) Commercial Sex Workers လို့ခေါ်တဲ့ ကြေးစားအမျိုး သမီးတွေဆီမှ ရတယ်လို့ ယူဆခဲ့ကြပေမယ့် အခုခေတ်မှာ Prost (CSW) တစ်ခုထဲမဟုတ်ပါဘူး။ သင့်ရဲ့အချစ်၊ သင်ကိုယ်တိုင်ယုံကြည်ပြီး ချစ်တဲ့သူတွေဆီကလည်း ရနိုင်ပါတယ်။ တစ်ချို့ကလည်း ပြောသေးတယ် ''ကျွန်တော်တစ်ခါဘဲ သွားမိပါတယ်။ တစ်ကြိမ်ဘဲ သွားမိပါတယ်။ ဘယ်လိုလုပ်ရမလဲ ဆိုတာမျိုးပေါ့။ အရေအတွက်နဲ့လည်း မဆိုင်ပါဘူး။ တစ်ကြိမ်တည်းနဲ့လည်း ရောဂါရနိုင်ပါ တယ်။

အပြင်သွားမှမဟုတ်ပါဘူး။ ကိုယ့်ရဲ့ sex partner  မှန်သမျှဆီကရနိုင်ပါတယ်။ အထူးသဖြင့် Multiple Sex Partnerရှိတဲ့သူကပိုဆိုးပါတယ်။ အခုခေတ်မှာ နိုင်ငံတကာအစိုးရတိုင်းက Condom တွေသုံးဖို့ တိုက်တွန်းနေပါတယ်။ Condom သုံးရင် လိင်ဆက်ဆံခြင်းကြောင့် ရရှိနိုင်သောရောဂါများကို ကာကွယ်နိုင်ပါတယ်။ သို့သော်လူတွေက ကြေးစားကောင်မလေးတွေဆီသွားရင် Condomကိုအမြဲတမ်း မလွဲမသွေသုံးတယ်။ ကိုယ်ချစ်တဲ့၊ ကိုယ်တွဲတဲ့၊ ကိုယ်သိနေတဲ့သူဆိုရင် CONDOM  မသုံးကြပါဘူး။ အဲဒီတော့ရောဂါကို  Sex Workers တွေသာမက ကိုယ်အယုံကြည်ရဆုံး ဆိုတဲ့သူတွေဆီကလည်း ရနိုင်တယ်ဆိုတာကို အသိပေးလိုပါတယ်။

http://www.facebook.com/mg.mandalay

အလကားညှပ်ရမယ်ဆိုလို့

Photo: အလကားညှပ်ရမယ်ဆိုလို့

လူတစ်ယောက်သည် ကလေးငယ်တစ်ယောက်နဲ့အတူ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်သို့ ရောက်လာပီး ဆံပင်ညှပ်လေသည်။

ပထမဆုံး ထိုလူမှဆံပင်အညှပ်ခံလေ၏။ ဆံပင်ညှပ်ပီးသွားသောအခါ....... ဆံသဆရာအား  ထိုသူမှ ပြောလိုက်သည်။

" ဒီကလေးကိုဆံပင်ညှပ်ပေးလိုက်ပါ။ ကျနော် ဟိုဘက်ခန်းက ဆိုင်မှာ တခုခု သွားသောက်လိုက်ဦးမယ် "

သို့နှင့် ဆံသဆရာလည်း ကလေးကိုဆံပင်ညှပ်ပေးလေ၏။

ထို့နောက် ဆံသ ဆရာသည် ထိုသူပြန်အလာကို စောင့်နေသည်။

ကြာလာသဖြင့် ကလေးငယ်ကို ဆံသ ဆရာမှမေးလိုက်၏။

" ဟေ့ .. မင်းအဖေက ဘယ်တွေလျှောက်သွားနေတာလဲကွ။ ကြာလိုက်တာ.."

ထိုအခါ ကလေးကပြန်ပြောလိုက်သည်မှာ.....

" ဟာ....သူက ကျနော့်အဖေ မဟုတ်ဖူး  ...လမ်းမှာတွေ့တော့ သူက မင်းဆံပင် အလကားညှပ်ရမယ် လိုက်ခဲ့ ဆိုလို့ပါ...".ဟူ၍ ဖြစ်သည်။

တိန်

ရီမောပျော်ရွှင်ပါစေ

Lon Ely.....

အိမ်ထောင်ပြုမဲ. ကောင်မလေးတွေ သတိထား မိန်းကလေးများသတိထားရအောင်

Photo: အိမ်ထောင်ပြုမဲ. ကောင်မလေးတွေ သတိထား
မိန်းကလေးများသတိထားရအောင်

မိန်းမများကို (အန်) စေသော ယောက်ျား

၁. ကိုယ့်အောင်မြင်မှုကို ပါးစပ်ဖျားက မချတတ်သော ယောက်ျား

၂. ခေါင်းလိမ်းဆီကို ရွဲနစ်နေအောင် လိမ်းတတ်သော ယောက်ျား

၃. ဆီများရွဲနစ်နေသော ဆံပင်တွင် ဘောက်များကပ်နေသော ယောက်ျား

၎. ရေမချိုးဘဲ အနံ့ပြင်းသော ယောက်ျား

၅. နှာခေါင်းထဲက အမွေးများ နှာခေါင်းပေါက်အပြင်ထိ ရှည်ထွက်နေသော ယောက်ျား

၆. လေကြီးပြီး ကြွားဝါတတ်သော ယောက်ျား

၇. မိန်းကလေးများကြားတွင် မျက်နှာပန်းလှသည်ဟု ထင်နေသော ယောက်ျား

၈. အရာရာတွင် တွန့်တိုတတ်ပြီး အထူးသဖြင့် မိန်းကလေးနှင့်အပြိုင် တွန့်တိုတတ်သော ယောက်ျား

၉. အာပုပ်စော်နံသော ယောက်ျား

၁၀. ငွေကြေးအားကိုးပြီး မြက်နုကြိုက်သော နွားအို...အဲလေ..ယောက်ျား

၁၁. လက်ရဲ ဇက်ရဲ တဏှာယောက်ျား

၁၂. မိန်းကလေးနှင့် တခါချိန်းတွေ့ပြီး ဟိုလိုလို ဒီလိုလို ထင်အောင် ပြောတတ်သော ယောက်ျား

၁၃. ချက်အောက်ပိုင်း အရာများဖြင့် အမြဲဟာသ လုပ်ပြောတတ်သော ယောက်ျား

၁၄. မိန်းကလေးအထာ ငါနှပ်တယ်ဟု အမြဲပြောတတ်သော ယောက်ျား

၁၅. ကြမ်းတမ်းသော ယောက်ျား။ အထူးသဖြင့် ပါးစပ်ပြောရင် လက်ပါ ပါတတ်သော ယောက်ျား

၁၆. ရုပ်ကိုချစ်တာ မဟုတ်ဘူး.. စိတ်ထားကို ချစ်တာဟု မိန်းကလေးတိုင်းကို ပြောတတ်သော ယောက်ျား

၁၇. အိုင်တွေ့တိုင်း ခြေဆေးတတ်သော ယောက်ျား

၁၈. ဘာမဆို ငါသိတယ် တတ်တယ်ဟု ထင်နေသော ယောက်ျား

၁၉. စကားပြောပြီးနောက် နုတ်ခမ်းဘေးတွင် တံထွေးမြုပ်များ ကပ်ကျန်ခဲ့တတ်သော ယောက်ျား

၂၀. သားသမီးများက တစ်ခုခုမေးလျှင် "နင်တို့အမေကို သွားမေး" ဟု ပြောတတ်သော ယောက်ျား

၂၁. မိန်းမ၏ စေညွှန်ရာတွင် ကနေရသော ယောက်ျား

၂၂. နိုက်ကလပ် မသွားဖူးဘူးဟု ပြောတတ်သော ယောက်ျား

၂၃. စကားတစ်ခွန်းကို ကွေ့ကောက်လိမ်ပတ်ပြီး သုံးခွန်းဖြစ်အောင် ပြောတတ်သော ယောက်ျား

၂၄. ပိုက်ဆံရှိသော မိန်းကလေးများကိုသာ ရွေးချစ်တတ်သော ယောက်ျား

၂၅. မိန်းမဆန်ဆန် ၀တ်စားတတ်သော ယောက်ျား

၂၆. ရှိသမျှလက်ချောင်းတွင် ရွေလက်စွပ်များ စွပ်ထားတတ်သော ယောက်ျား

၂၇. အထက်လူကြီးကို ဖားပြီး အိမ်ပြန်ရောက်လျှင် မိန်းမကို ရန်ရှာတတ်သော ယောက်ျား

၂၈. ချိန်းတွေ့တိုင်း မိန်းကလေးများကို အကုန်အကျခံစေသော ယောက်ျား

Credit to : ၊ သတင်းစုံလင် ဖေ.ဘုတ်တခွင်မိန်းမများကို (အန်) စေသော ယောက်ျား

Credit to : ၊ သတင်းစုံလင် ဖေ.ဘုတ်တခွင်
မြ၀တီ

အစာမရှိသော အစာအိမ်အတွက် ရေသောက်ပေးပါ

Photo: အစာမရှိသော အစာအိမ်အတွက် ရေသောက်ပေးပါ

မနက်အိပ်ရာ နိုးထပြီးချိန်တွင် ချက်ချင်း ရေသောက်ခြင်းသည် ဂျပန်နိုင်ငံရှိ ပြည်သူများစွာအတွက် နေ့စဉ် ပြုမူ လုပ်ဆောင်နေတဲ့ အရေးပါသော ကျန်းမာရေး လုပ်ဆောင်မှုလေး ဖြစ်တယ်လို့ သိရပါတယ်။ ထို့အပြင် သိပ္ပံပညာရှင်များ သုတေသနပြုချက်အရ ၎င်းဟာ အလွန်အရေးပါပြီး ကောင်းကျိုးများစွာ ဖြစ်စေတယ် ဆိုတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ နံနက်ခင်း ရေသောက် ပေးခြင်းအားဖြင့် သင့်ရဲ့ တစ်ညတာ ပင်ပန်းတစ်ကြီး လှုပ်ရှား ခဲ့ရတဲ့ အစာအိမ်အတွက် များစွာ အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တာအတွက် အဆင်မပြေမှုများ၊ စိတ်သောကများ အတွက်ပါ ရေရဲ့ အစွမ်းကြောင့် လန်းဆန်း သွားစေနိုင်ပါတယ်။

ဒါကို ဂျပန်ဆေးပညာရှင် တွေက ၉၆ ပါး ရောဂါနှင့် များစွာသော အောက် ဖော်ပြပါ ရောဂါများအတွက် အလွန်ပင် အစွမ်းထက်တဲ့ နည်းလမ်း တစ်ခု ဖြစ်ကြောင်း တွေ့ရှိခဲ့တာပါ။

ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်ခြင်း၊ အဆစ်မြစ်ရောင်ရောဂါ ဖြစ်ခြင်း၊ နှလုံးတုန်ခြင်း၊ ဝက်ရူးပြန်ရောဂါ ဖြစ်ခြင်း၊ အသဲ အဆီဖုံးခြင်း၊ လည်ချောင်းနာ ဖြစ်ခြင်း၊ ပန်းနာရင်ကျပ် ဖြစ်ခြင်း၊ တီဘီ၊ ဦးနှောက် အမြှေးရောင်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဝမ်းလျှောဝမ်းပျက်ခြင်း၊ လိပ်ခေါင်းရောဂါ၊ ဝမ်းချုပ်ခြင်း၊ မျက်စိနာခြင်း၊ ကင်ဆာနှင့် ရောဂါ များစွာအတွက် ရေကို နည်းလမ်းတကျ နံနက်တိုင်း သောက်သုံးခြင်းအားဖြင့် ရောဂါများစွာကို ကြိုတင်ကာကွယ်ပြီး ဖြစ်မှာပါ။

လုပ်ဆောင်ရမယ့် နည်းလမ်းကတော့ -

၁။ မနက်အိပ်ရာထပြီး သွားမတိုက်ခင် ၁၆၀ မီလီမီတာရှိ ဖန်ခွက်ဖြင့် ရေ ၄ ခွက် သောက်ပါ။

၂။ ထို့နောက် သွားတိုက်၊ မျက်နှာသစ်ပြီးပါက ၄၅ မိနစ်အတွင်း မည်သည့်အရာမှ စားခြင်း၊ သောက်ခြင်း မပြုပါနှင့်။ ၄၅ မိနစ်ပြည့်ပြီးမှ ပုံမှန်အတိုင်း စားသုံးပါ။

၃။ နံနက်စာစားပြီး ၁၅ မိနစ်အတွင်း၊ နေ့လည်စာနှင့် ညစာစားပြီး ၂ နာရီအတွင်း အခြား အရာများ စားသောက်ခြင်း ရှောင်ပါ။

၃။ ညစာစားပြီး ၁ နာရီခွဲ အတွင်း ဒါမှမဟုတ် ၂ နာရီအတွင်း အိပ်စက်ခြင်း မပြုပါနှင့်။

အထက်ပါ လုပ်ဆောင်မှုတွေကို သင့်ရဲ့တစ်နေ့တာအတွက် ပုံမှန် လုပ်ဆောင် သွားပါက ဖျားနာခြင်း ကင်းဝေးပြီး ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါ တယ်။

ဒီအရာတွေကို လူတိုင်းရဲ့ဘဝမှာ ပြုလုပ်နိုင်ပါတယ် ..

လမင်းလေး

http://on.fb.me/UWRK0Q
laminmaung

နှလုံး ကျန်းမာရေး အတွက် သင်မသိ သေးသော နည်းသုံးမျိုး

Photo: နှလုံး ကျန်းမာရေး အတွက် သင်မသိ သေးသော နည်းသုံးမျိုး

နှလုံး ရောဂါ မျိုးရိုး ရှိတာက အနာ ဂတ်မှာ နှလုံး ကျန်းမာရေး အတွက် အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ပါဝင် နေပေမယ့် ဘဝ နေထိုင် စားသောက်မှုပုံစံနဲ့ အာဟာရ စားသုံးမှု ဆိုင်ရာ အလေ့အထ တွေကလည်း နှလုံး ကျန်းမာရေးနဲ့ ဆက် စပ်မှုရှိနေပါတယ်။ ဆေးလိပ်ဖြတ်တာနဲ့ လေ့ကျင့်ခန်း လုပ်တာတွေ ကလည်း နှလုံး ကျန်းမာရေးကို ကောင်းမွန် စေတယ် ဆိုတာ သင်သိပြီးဖြစ်မှာပါ။ နှလုံးကျန်းမာ ရေးအတွက် ကောင်းမွန်ပေမယ့် သင်မ သိသေးလောက်တဲ့ နည်းသုံးမျိုးကို အကြံ ပြု ရေးသား လိုက်ရပါတယ်။

(၁) အမျှင်ဓာတ် မှီဝဲပါ

အမျှင်ဓာတ်ကို စားပေးတာက အစာခြေ စနစ် ကျန်းမာ တိုးတက်ရေး အတွက် ကောင်းတဲ့ အပြင် နှလုံးသွေးကြောဆိုင် ရာ ကျန်းမာရေးကိုလည်း ကောင်းမွန်စေ ပါတယ်။ သင့်အနေနဲ့ ဟင်းသီးဟင်းရွက် တွေနဲ့ အခွံ ချွတ်မထားတဲ့ ကောက်နှံစာကို စားပေးတဲ့နည်းနဲ့ အမျှင်ဓာတ် ကို အပြည့် အဝ ရရှိနိုင်ပါတယ်။

(၂) သရေစာကို မှန်မှန်ကန်ကန်စားပါ

သင်စားမယ့်သရေစာက သင့်နှလုံး အတွက် တကယ်ကို အကျိုးရှိရဲ့လား။ ထပ်ခါတလဲလဲ အသုံးပြုထားတဲ့ ဆီနဲ့ ကြော်ထားတဲ့ ဆီကြော်စာ၊ တာရှည်ခံ အောင် ပြုပြင်ထားတဲ့ အစာနဲ့ ထရန့်စ် ဖက်စ်များစွာ ပါဝင်တဲ့ အစာ(ဥပမာအာလူး ချောင်းကြော်)တွေကို စားမယ် ဆိုရင် နှလုံးကျန်းမာရေးကို ထိခိုက်စေ နိုင်ပါတယ်။ ဒါကြောင့် နှလုံးကျန်းမာ ရေး ကောင်းမွန်ဖို့အတွက် သစ်သီးတွေ၊ အခွံမာတဲ့ အစေ့အဆန်တွေ၊ ဟင်းသီး ဟင်းရွက်တွေနဲ့ တခြား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားပေး ဖို့ လိုအပ်ပါတယ်။

(၃) ငါးစားပါ

နှလုံးကျန်းမာရေးကောင်းချင်ရင် အဆီများတဲ့ အသားကို မစားသင့်ပါဘူး။ အဆီများတဲ့ အသားအစား ငါးကို စားပါ။ ဆယ်လ်မွန်ငါးလို အဆီများတဲ့ ငါးတွေ မှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်တာ ကြောင့် နှလုံးသွေးကြောကျန်းမာရေးကို ကောင်းမွန်စေတဲ့အပြင် သွေးဖိအားကို လည်း လျော့ကျစေပါတယ်။

ရွှေစင်

ခါးနာသောသူများအတွက် အလွယ်ဆုံးကုသနည်း

Photo: ခါးနာသောသူများအတွက် အလွယ်ဆုံးကုသနည်း 

အခုနည်းကတော့ သဘောင်္ရွက်ပါဘဲဗျာ လွယ်ကူပါတယ်၊ သင်္ဘောရွက်စိမ်းတစ်ရွက်ကို ညအိပ်ခါနီး ကျောဘက်အင်္ကျီ အတွင်းက အသားပေါ်မှာ ကပ်ထားပြီး အိပ်ရမယ်။ ပက်လက်လှဲပြီး ညအိပ်ပါ။ ခါးထဲက အပူအခိုးတွေ ကို သင်္ဘောရွက်က စုပ်ယူပါတယ်။ ကပ်ထားခိုက်မှာ စပ်ရှိန်းရှိန်းခံစားရပါမယ်။ အဲဒီလို နေ့စဉ် ရက်ဆက် မပျက်မကွက် လုပ်ရပါတယ်။

နောက်ပြီး ခါးလေ့ကျင့်ခန်းကိုလည်း လုပ်ရပါမယ်။ လုပ.်ပုံကတော့ မတ်တပ်ရပ်နေပြီး ခါးကို ရှေ့အနည်း ငယ် ကိုင်းပြီး ခန္ဓာကိုယ်ကို ခါးမှစ၍ ဆန်ကောဝိုင်းသလို လှည့်ပတ်ပေးရပါမယ်။ ဘယ်ပြန်ညာပြန် (၁၀)

ကြိမ်လောက် အလိုက်သင့် သက်သက်သာသာ လှည့်ဝိုက်ပေးရပါမယ်။ အဲဒီလိုလုပ်တော့ ခါးရိုး၊ ခါးဆစ်က အကြောအရွက်တွေ ပွင့်လာပြီး အညောင်းအကိုက် သက်သာလာပါလိမ့်မယ်။ တစ်နေ့မှာ နှစ်ကြိမ်လောက် လေ့ကျင့်လုပ်ကြည့်ပါ။

အဖြူရောင်မီဒီယာ

အစွမ်းတန်ခိုးကြီးသည့် သမ္ဗုဒ္ဓေဂါထာတော်

Photo: အစွမ်းတန်ခိုးကြီးသည့် သမ္ဗုဒ္ဓေဂါထာတော်"

***********" သမ္ဗုဒ္ဓေဂါထာတော်သည် ဘေးအမျိုးမျိုး၊
ရန်အန္တရာယ် အမျိုးမျိုးတို့ကို ကာကွယ်တားဆီးပေးတတ် ၍၊ ချမ်းသာ စီးပွားဖြစ်အောင်စောင့်ရှောက်ပေးနိုင်သဖြင့် -
ရတနာမြတ် သုံးပါး အပေါ် မမှိတ်မသုန်ယုံကြည် သက်ဝင် ကြသော ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် နေ့စဉ်မပြတ်ရွတ်ဖတ်ပူဇော်ကြရန် ကျေး
ဇူးတော်ရှင်နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌ ဗန်းမော်
ဆရာတော်ကြီး၏ ကရုဏာ၊ မေတ္တာကြီးသောမိန့်မြွက် တိုက် တွန်းချက်ကြောင့်ဗုဒ္ဓဘာသာလူငယ် များ အသင်းမှ ဓမ္မဒါနပြု
ထပ်ဆင့်မျှဝေလိုက်ပါသည်။ "

" သမ္ဗုဒ္ဓေဂါထာတော်"
~~~~~~~~~~~~

“ သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ
ဒွါဒသဉ္စ သဟဿကေ
ပဉ္စသတ သဟဿာနိ
နမာမိ သိရသာ မဟံ၊
အပကာ ၀ါဠုကာ ဂင်္ဂါ
အနန္တာ နိဗ္ဗုတာ ဇိနာ
တေသံ ဓမ္မဉ္စ သံဃဉ္စ
အာဒရေန နမာမဟံ၊
နမက္ကာရာ နုဘာဝေန
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ
အနေက အန္တရာယာပိ
ဝိနာဿန္တု အသေသတော။ "

ပါဠိတော်မြန်မာပြန်
-------------------

နှစ်ကျိပ်ရှစ် (၂၈) ဆူကုန်သော ဘုရားရှင်တို့ကို
လည်းကောင်း၊ တစ်သောင်းနှစ်ထောင်ကုန်သော
ဘုရားရှင်တို့ကို လည်းကောင်း၊
ငါးသိန်းကုန်သော ဘုရား ရှင်တို့ကို လည်းကောင်း၊
အကျွန်ုပ်သည် ဦးခေါင်းရတနာဖြင့် ရှိခိုးပါ၏။

ဂင်္ဂါမြစ်အတွင်းမှာရှိကြသော သဲလုံးတို့က
နည်းကြပါသေး၏။ ပရိနိဗ္ဗာန်ပြုသွားကြသော
ဘုရားရှင်တို့ကား ရေတွက်ပိုင်းခြား၍ပင်
မရနိုင်ပါ။ ထိုများပြားလှသော ဘုရားရှင်တို့ကို
လည်းကောင်း၊ ထိုဘုရားရှင်အားလုံးတို့၏
တရားတော်တို့ကိုလည်းကောင်း၊ ထိုဘုရားရှင်
အားလုံးတို့၏ တပည့်သံဃာတော်များကို
လည်းကောင်း၊ အကျွန်ုပ်ရိုသေစွာ ရှိခိုးပါ၏။

ဤသို့ရှိခိုးပူဇော်ရသော ကုသိုလ်စေတနာကြောင့်
ခပ်သိမ်းသော ရန်တို့ကို ပယ်ပျောက်ပြီး တစ်ပါးမက
များပြားလှသည့် အန္တရာယ်ဟူမျှတို့ အကြွေးကျန်မရှိ
ကြွင်းမဲ့ဥဿုံ ကင်းပျောက်ပါစေကုန်သတည်း။
**********

ကလေးတစ်ယောက်ရဲ့ ရင်နင့်ဖွယ် သိတတ်မှု

Photo: ဆင်းရဲသား ရပ်ကွက်လေးတစ်ခုရဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ လူတစ်စု အလှူလေးတစ်ခု လုပ်နေတယ် ... သူတို့ အလှူက ထူးထူးခြားခြားပါပဲ ... ရပ်ကွက်ထဲက ကလေးငယ်လေးတွေ အားလုံးကိုခေါ်ပြီး ထမင်းဟင်းတွေ ကျွေးမွေးတာပါ ...

ဟင်းကတော့ ၀က်သားဟင်း၊ ငပိကြော်ချက်နဲ့ တို့စရာအစုံ၊ ပဲတီချဉ်သုပ် နဲ့ ပဲနီလေးဟင်းချို စသဖြင့် ဖွယ်ဖွယ်ရာရာပါပဲ ... ကလေးတစ်ယောက်ကို ၀က်သားတုံးကြီး နှစ်တုံးကျ ထမင်းပန်းကန်ထဲ ထည့်ပေးထားတယ် ..

ကလေးတွေ စားသောက်နေကြတဲ့အချိန်မှာ အလှူရှင်တွေက အားပါးတရ စားနေကြတဲ့ ကလေးတွေကို လိုက်ကြည့်ပြီး ပီတိဖြစ်နေတာပေါ့ ... ကလေးတွေ စားနေပုံကလည်း တကယ်ကို အားရစရာပါပဲ ... သူတို့ခမျာ အသားဟင်းဆိုတာ ဒီလို အလှူရှင်တွေလာမှပဲ စားရရှာတာကိုး ...

အဲ့လိုလိုက်ကြည့်နေရင်းနဲ့ ကလေးတစ်ယောက်ရဲ့ ပန်းကန်ထဲမှာ ၀က်သားဟင်းမတွေ့ရဘဲ ငပိချက်တွေ ဟင်းရည်တွေနဲ့ပဲ စားနေတာတွေ့တော့ အလှူရှင်က ဟင်းထည့်ပေးနေတဲ့လူတွေကို လှမ်းမေးလိုက်ပါတယ် ...

"ဟေ့! ဒီကလေးပန်းကန်ထဲ ၀က်သားဟင်း မပါပါလား?"

အဲ့ဒီအခါ ဟင်းထည့်ပေးနေတဲ့သူတွေထဲက တစ်ယောက်က

" ကျွန်တော်တို့ ကုန်လုံးကို နှစ်တုံးစီ ထည့်ပေးပြီးသား အကို ~ ကလေးကို မေးကြည့်လိုက်ပါဦး" လို့ပြန်ပြောပါတယ် ...

အလှူရှင်လည်း ကလေးကို မေးမယ်ဆိုတဲ့အတွေးနဲ့ ကလေးဘက်ကို ပြန်လှည့်လိုက်တဲ့အခါ ထမင်းငုံ့စားနေတဲ့ ကလေးလေး ဆောင်းထားတဲ့ ဦးထုပ်အနွမ်းလေးအောက်ကနေ အဆီတွေ စီးကျလာတာကို တွေ့လိုက်ရတယ် ...

အဲ့ဒါနဲ့ အလှူရှင်လည်း ဦးထုပ်ကို မ,ကြည့်လိုက်တော့ ခေါင်းပေါ်တင်ထားတဲ့ ၀က်သားတုံး ( ၂ ) တုံးကို တွေ့လိုက်ရတယ် ...

အဲ့ဒီအခါ ကလေးလေးက မျက်ဝန်းထဲမှာ မျက်ရည်အပြည့်နဲ့ မော့ကြည့်ပြီး ပြောလိုက်တာက 

..
..
..
..
..

" သားတို့အိမ်မှာ အသားမစားရတာကြာပြီ၊ ၀က်သားဟင်း စားချင်တယ်ဆိုပြီး အမေက ခဏခဏပြောနေတော့ သားလည်း စားမယ်လုပ်တုန်း အမေ့ကိုသတိရပြီး အမေ့အတွက် ယူသွားမလို့ ဖွက်ထားတာပါ" တဲ့!

☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺

(ဂျာနယ်တစ်စောင်တွင်ပါသော မြန်မာပြည်အတွင်းမှ တကယ့်အဖြစ်အပျက်တစ်ခုအား ပြန်လည်ခံစားရေးဖွဲ့ထားပါသည်!! )

☁ Thu Thu Lay ☁ 

(Heart Canteen)

ဆင်းရဲသား ရပ်ကွက်လေးတစ်ခုရဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ လူတစ်စု အလှူလေးတစ်ခု လုပ်နေတယ် ... သူတို့ အလှူက ထူးထူးခြားခြားပါပဲ ... ရပ်ကွက်ထဲက ကလေးငယ်လေးတွေ အားလုံးကိုခေါ်ပြီး ထမင်းဟင်းတွေ ကျွေးမွေးတာပါ ...