“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, March 25, 2012

GTalk မှ နောက်ဆုံးရ မြန်မာသတင်းများ ဖတ်နိုင်ပြီ


  နိုင်ငံရေးရာ သတင်း Share ပြည်တွင်း၌ တရားဝင်ထုတ်ဝေနေသည့် ဂျာနယ်များမှ ရရှိသည့် နောက်ဆုံးရသတင်းများကိုG Talk အသုံးပြုသူများ အချိန်မရွေးဖတ်ရှု နိုင်မည့်စနစ် မြန်မာအင်တာနက်မှ စတင်လိုက်ပြီဟု သိရသည်။ သတင်းဖတ်ရှုလိုသူများ သည် မိမိ G Talk တွင် friends. myan-mar.burma@ gmail.com ကို မိတ်ဆွေစာရင်းတွင် ထည့်သွင်းထားရမည်ဖြစ်သည် ထိုမိတ်ဆွေအမည်ကို ပုံမှန်စာရိုက်၍ စကားပြောသကဲ့သို့ စာတစ်ခုခုရိုက်ထည့်၍ Enter နှိပ်လိုက်ပါက နောက်ဆုံးရ သတင်း ၁ဝ ပုဒ်ကို ချက်ချင်းထုတ်ပြပေးမည်ဖြစ်သည်။ ၄င်းသတင်းများကို နေ့စဉ် ပုံမှန်ထွက်ရှိနေသည့် ပြည်တွင်းထုတ် ဂျာနယ်များမှရွေးကာာ myanmar- myanmar. net မှ ဖော်ပြခြင်းဖြစ်ကြောင်း သိရသည်။ ”သိသင့်သိထိုက်တဲ့သတင်းတွေကို ရွေးဖော်ပြပေးမှာပါ။ ဖော်ပြရင်လည်း တစ်ပုဒ်လုံးမဟုတ်ဘဲ အဓိက အကြောင်းအရာပဲ ဖော်ပြမှာပါ။ ကိုယ်တိုင်ကလည်း နည်းပညာပိုင်း လုပ်နေတာဖြစ်တဲ့ အတွက် နည်း ပညာပိုင်းမှာ သိသင့်တဲ့ဟာတွေကိုလည်း ဘာသာပြန်ပြီး ထည့်ပေးမယ်” ဟု မြန်မာအင်တာနက်မှ တာဝန်ရှိသူ တစ်ဦးက သတင်းတင်ပြမှုနှင့် ပတ် သက်၍ ရှင်းပြသည်။ ပြည်ပရောက် မြန်မာအများစုအနေဖြင့် ပြည်တွင်းသတင်းဂျာနယ်များမှ သိသင့်သိထိုက်သည့် သတင်းများကို ဖတ်ရှုနိုင်ရန် တင် ပြပေးခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။ ပြည်တွင်းထုတ် သတင်းဂျာနယ်များမှ စိစစ်ရေးခွင့်ပြုချက်ရ သတင်းများကို ဖော်ပြသည့် သတင်းဝက်ဘ်ဆိုက်
မှ နေ့စဉ်သတင်းဂျာနယ်ပေါင်းစုံမှ သတင်းများကို အခမဲ့ဖတ်ရှုနိုင်ကြောင်း သိရသည်။

ချစ်သူ(ရည်းစား)ဘ၀ သာယာပျော်ရွှင် ခိုင်မြဲနေစေဖို့

   အချို့သော အမျိုးသား၊ အမျိုးသမီးတို့ဟာ ချစ်သူ(ရည်းစား)ဘ၀ ရောက်ပြီးမှ နှစ်ဖက်မိဘဆွေမျိုးတို့ကို အသိပေးပြီး စေ့စပ်ပွဲပြုလုပ်ကြတယ်. အချို့ကတော့ နှစ်ဖက်မိဘဆွေမျိုးတို့က လူကြီးချင်း ညှိနှိုင်းပြောဆို စေ့စပ်ပွဲပြုလုပ်ပြီးမှပဲ ချစ်သူ(ရည်းစား)ဘ၀ ရောက်ကြတယ်.. အချို့က စေ့စပ်ပြီးမှ လက်ထပ် မင်္ဂလာပွဲကျင်းပပြီး အိမ်ထောင်ပြုကြတယ်...
   အချို့ကတော့ ချစ်သူဘ၀နဲ့ပဲ စေ့စပ်ပွဲမလုပ်တော့ဘဲ လက်ထပ်ပေါင်းသင်းကြတယ်..အချို့စုံတွဲများဟာ ချစ်သူ(ရည်းစား)ဖြစ်ပြီး မကြာမီ ရက်ပိုင်း၊ လပိုင်းအတွင်း အိမ်ထောင်ပြုချင်တယ်..အလားတူ အချို့စုံတွဲများဟာ စေ့စပ်ပွဲကျင်းပပြီး ရက်ပိုင်း လပိုင်းအတွင်း လက်ထပ်မင်္ဂလာပွဲ ကျင်းပလိုကြတယ်..ဒါပေမယ့် .
   အချို့သော စေ့စပ်ပြီးမှ ချစ်သူဖြစ်လာသူ စုံတွဲတွေနဲ့ မစေ့စပ်ရသေးဘဲ ချစ်သူဖြစ်နေကြသူ စုံတွဲတွေကတော့ အချိန်ကာလ အနည်းဆုံး (၁)နှစ်၊ (၃)နှစ် (၅)နှစ်၊ (၁၀)နှစ် စသဖြင့် ကာလရှည်ကြာအောင် လွတ်လပ်သာယာပျော်ရွှင်တဲ့ ချစ်သူ(ရည်းစား)ဘ၀နဲ့ နေချင်ကြပါတယ်..
  အဲ့ဒီလို ကြာရှည်ခိုင်မြဲစွာ ချစ်သူဘ၀နဲ့ တွဲပြီးမှပဲ လက်ထပ်ပေါင်းသင်းချင်ကြတဲ့ ချစ်သူ(ရည်းစား)စုံတွဲများဟာ ဒီအစီအမံကို ယုံယုံကြည်ကြည်လုပ်ကြည့်ပါ..
   အဓိက လိုအပ်တဲ့ ပစ္စည်းကတော့ သြဇာရွက်တွေပါတဲ့ အကိုင်းငယ်တစ်ကိုင်းသာ ဖြစ်ပါတယ်..