“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, May 18, 2012

တန်ဖိုးနည်းသော တန်ဖိုးကြီးလက်ဆောင်(၈)ခု

ပိုက်ဆံတစ်ပြားမှ မကုန်တဲ့လက်ဆောင်(၈)မျိုး


လက်ဆောင်(၁)နားထောင်ခြင်းလက်ဆောင်

... နားထောင်တယ်ဆိုတဲ့နေရာမှာ လေးလေးစားစားနားထောင်ရမယ်။ကြားဖြတ်ပြီး မပြောရဘူး တွေးငေးစိတ်ကူးနေတာမဖြစ်ရဘူး ဘယ်လိုတုံပြန်ပြောမယ်ဆိုပြီး စိတ်ထဲမှာကြိုတင်စိစဉ်မနေရဘူး နားထောင်ပေးခြင်းသက်သက်ပဲ။

လက်ဆောင်(၂)မေတ္တာလက်ဆောင်

ပွေ.ဖက်တာ၊အနမ်းကလေးတွေ၊ကျောပြင်လေးကို ပုတ်ပေးတာ၊လက်ကလေးကိုင်တာ၊အဲဒီ အပြုအမူကလေးတွေက ကိုယ့်မိသားစုနဲ့ သူငယ်ချင်းတွေအတွက် ကိုယ့်အချစ်ကို ဖော်ပြပေးရာတာမို့ ရက်ရောစွာပေးပါတဲ့။

လက်ဆောင်(၃)ရယ်မောခြင်းလက်ဆောင်

ကာတွန်းကလေးတွေ ဆောင်းပါးကလေးတွေနဲ့ ရယ်စရာ ပုံပြင်လေးတွေ မျှဝေးပေးပါတဲ့ အဲဒီလက်ဆောင်ကလေးက ကိုယ် မင်းနဲ.အတူရယ်မောရတာကို နှစ်သက်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါတဲ့။

ကျန်းမာရေးကိုထိခိုက်စေတဲ့ အကျင့်ဆိုးများ

ကျန်းမာရေးကိုထိခိုက်စေတဲ့ အကျင့်ဆိုးများ

၁၊ နံနက်စာမစားတဲ့အကျင့်

နံနက်စာ စားတာဟာ အလုပ်ခွင်နဲ့စာသင်ကျောင်းမှာ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေပါတယ်။ နံနက်စာမစားရင် သွေးကြောသကြားဓာတ် လျော့နည်းပြီး မောပန်း ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။

၂။ အစာစားပြီး ရေများများသောက်ခြင်း

အစာစားပြီးခါစမှာ ရေအ၀သောက်ရင် အစာခြေဖျက်မှုကိုအနှောက်အယှက်ဖြစ်စေတတ်တဲ့အတွက် အစာစားပြီးစမှာ ရေတနင့်တပိုးသောက်မည့်အစား တစ်နေ့တာကာလအတွင်း သောက်နိုင်သမျှ မျှသောက်ပါ။

၃။ အစားအလွန်အကျွံစားတတ်မှု

အစားကို နင့်နေအောင်စားရင် အစာအိမ်ဒဏ်ဖြစ်ပြီး အစာအိမ်ရှုံပွမှုကို နှေးကွေးစေပါတယ်။ ဒါဟာ အစာခြေလုပ်ငန်းကို အကျိုးယုတ်စေပါတယ်။