“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, August 9, 2013

သင် လုပ်နေကျ အပြုအမူတချို့က ကျန်းမာရေးနဲ့ တကယ်ညီညွတ်ရဲ့လား

Photo: သင် လုပ်နေကျ အပြုအမူတချို့က ကျန်းမာရေးနဲ့ တကယ်ညီညွတ်ရဲ့လား

လေချဉ်တက်တာ၊ လေလည်တာ၊ နှာခေါင်းထဲ လက်နှိုက်တာ စတဲ့ လူအများစု ပြုလုပ်နေကျ အပြုအမူတွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပြုအမူတွေ ဖြစ်ရဲ့လားဆိုတာ လေ့လာကြည့်ရအောင်။
နားကျပ်တံဖြင့် နားဖာချေးကလောခြင်းဟာ ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး
နားကျပ်တံနဲ့ သင့်နားထဲ ထည့်ပြီး သန့်ရှင်းရေး လုပ်တာကို နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တွေက ကန့်ကွက် ပါလိမ့်မယ်။ တကယ်တော့ နားဖာချေး ဆိုတာ နားကို ကာကွယ်ပေးပြီး ဘက် တီးရီးယားဟန့်တားတဲ့ အစွမ်းရှိပါတယ်။ နားထဲမှာ နားဖာချေးနည်းလွန်း ရင်တောင် နားက ခြောက်သွေ့ပြီး ယားယံနေတတ် ပါသေးတယ်။ ပိုဆိုးတာက နားဖားချေးကလော် ရင်း နားအတွင်းထဲ အထိ နားဖာချေးတွေ ကို ရောက်ရှိပိတ်ဆို့ မှုနဲ့ နားစည် ထိခိုက်မှု တို့ ဖြစ်စေ နိုင်ပါတယ်။

လေချဉ်တက်ခြင်းဟာ ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်
အစာတွေ အများကြီး စားပြီး ကျယ်လောင်တဲ့ လေချဉ်တက်သံထွက် တာက ကြားလို့ မကောင်းပေမယ့် သင့် အစာအိမ် အတွက်တော့ ကောင်းပါတယ်။ အစာအိမ်မှာ အစာတွေနဲ့ ပြည့်နေတဲ့အ ခါ လေးလံပြီး လေပွနေတတ်ပါတယ်။ အစာရေမျိုပြွန် တစ်လျှောက် အစာအိမ် ကနေ လေတက်လာပြီး ပါးစပ်ကနေ လေထွက် သွားတာက သက်သာရာ ရစေ ပါတယ်။ အစာစားပြီးတဲ့ အခါ လေချဉ်တက် တာက ပုံမှန်ပါ၊ ဒါပေမဲ့ တစ်နေ့လုံး လေချဉ် တက်နေပြီး အစာစားတာနဲ့လည်း မဆက်စပ်ဘူးဆိုရင် လေတွေ အများကြီးကို မျိုချနေရာ ရောက်ပါတယ်။ ဒါက စိတ်ဖိစီးမှုရဲ့ လက္ခဏာတစ်ရပ် လည်း ဖြစ်နေနိုင် ပါတယ်။

လေလည်ခြင်ဟာ ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်
လူအများစုဟာ တစ်နေ့တာအ တွင်း ၁၄ ကြိမ်လောက် လေလည်လေ့ရှိ ပြီး အိပ်နေစဉ်အတွင်း ၃-၅ကြိမ်ခန့် လေ လည်လေ့ ရှိပါတယ်။ လေလည် တယ်ဆို တာ အစာချေဖျက်တဲ့ ဖြစ်စဉ်ရဲ့ အကျိုး ဆက်အနေနဲ့ လေနဲ့ ဓာတ်ငွေ့အရောအ နှော ထွက်ရှိတာဖြစ်ပြီး ပျမ်းမျှအားဖြင့် လေလည်တဲ့ အခါ ပါဝင်တဲ့အရာတွေက နိုက်ထရိုဂျင် ၅၉ ရာခိုင်နှုန်း၊ ဟိုက်ဒရို ဂျင် ၂၁ ရာခိုင်နှုန်း၊ ကာဘွန်ဒိုင်အောက် ဆိုက် ၉ ရာခိုင်နှုန်း၊ မီသိန်း ၇ ရာခိုင်နှုန်း၊ အောက်ဆီဂျင် ၃ ရာခိုင်နှုန်းနဲ့ တခြား ၁ ရာခိုင်နှုန်းတို့ ပါဝင်ပါတယ်။ အူမကြီး ဟာ ညဥ့်လယ်လောက်အတွင်း အသင့် အတင့် ငြိမ်သက်နေပြီး အိပ်ရာနိုးတဲ့ အခါ စတင်လှုပ်ရှားလာပြီး တစ်ညလုံး စုထား တဲ့ လေတွေကို တွန်းထုတ်တတ်ပါတယ်။ ဒါကြောင့် တစ်နေ့လုံးမှာ ပမာဏအပြင်း ဆုံးနဲ့ အကျယ်ဆုံး လေလည်သံက နံနက် ခင်းမှာ ထွက်ပေါ်ရတာပါ။

နှပ်ချေးကလော်ပြီး စားခြင်းဟာ လေ့လာဆဲ
နှာခေါင်းထဲ လက်နှိုက်ပြီး နှပ်ချေးတွေကို စားတာဟာ ကိုယ်ခံစွမ်းအားစနစ် ထိခိုက်မှုကိုတော့ မဖြစ်စေနိုင်ပါဘူး။ အကြောင်းကတော့ လူအများစုဟာ နှပ်ချေးတွေ၊ နှရည်တွေကို မတော်တဆ မျိုချမအိတတ်လို့ပါ။
အိပ်ယာထဲ အစာစားခြင်းဟာ ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး
အိပ်ရာထဲ အစာစားတာက အိပ်ရာ ခင်းတွေ၊ စောင်တွေကို ညစ်ပတ်သွားစေ နိုင်တဲ့အပြင် အစာချေဖျက်မှု အတွက် မ ကောင်းပါဘူး။ အိပ်ရာထဲ လှဲပြီး အစာစား တာကြောင့် ဝမ်းဗိုက်မှာ ဖိအားသက်ရောက် မှု ဖြစ်စေပြီး လေထ၊ လေပွစေနိုင်ပါတယ်။ အိပ်ယာဝင်ခါနီးမှာ အိပ်ယာထဲ အစားစားရင် ရင်ပူဝေဒနာ ရစေနိုင်ပါတယ်။ အစာကို များများစားပြီး ၃-၄ နာရီအတွင်းလဲလျောင်း တာက အစာရေမျိုပြွန်က အက်စစ်တွေ ထွက်လာစေတဲ့ အတွက် ဖြစ်ပါတယ်။  

ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)
BY GOOD HEALTH

အသုံးများတဲ့..အာမေဋိတ်စကားလုံးများ”

Photo: အသုံးများတဲ့..အာမေဋိတ်စကားလုံးများ”
Thursday, August 8, 2013

(1) How joyful! ၀မ်းမြောက်လိုက်တာကွာ။
(2) Marvellous! အံ့မခမ်းပဲနော်..။
(3) Done wonderfully! လုပ်ထားတာ ကောင်းလိုက်တာ။
(4) Excellent! ကောင်းမှကောင်းကွာ။
(5) How sweet! ချိုသာလိုက်တာ..။
(6) How lovely! ချစ်စရာလေး။
(7) What a surprise! အံ့သြသွားတာပဲ။
(8) Wonderful! ကောင်းလိုက်တာကွာ။
(9) Congratulations! ဂုဏ်ယူတယ်ကွာ..။
(10) What a wonderful idea! တယ်ကောင်းတဲ့ အကြံညဏ်ပဲ။
(11) Oh! No! အိုး..မဟုတ်ရပါဘူး။
(12) How bad! ဆိုးလိုက်တာ။
(13) How terrible! ဆိုးပါ့ကွာ..။
(14) How disgraceful! ဆိုးလွန်းပါတယ်။
(15) How absurd! အဓိပွါယ် မရှိလိုက်တာ..။
(16) What a shame! ရှက်စရာ ကောင်းလိုက်တာ။
(17) What a nonsense! တောက်တီးတောက်တဲ့ကွာ။
(18) How disgusting! မုန်းစရာကောင်းလိုက်တာ။
(19) What a pity! သနားပါတယ်နော်။
(20) How tragic! ၀မ်းနည်းစရာ ကောင်းလိုက်တာ။
(21) O God! ဘုရားရေ။
(22) My God! ဘု၇ား..ရေ။
(23) Oh my God! ဘုရား..ဘုရား။
(24) Good Heavens! ။
(25) By God's grace! ။
(26) For goodness' sake! ဘုရား..ဘုရား
(27) Thank Goodness! တော်ပါသေး။ဘုရားမလို့။
(28) My Goodness! , Goodness me! , Goodness gracious(me)!
ဟိုက်..ဘုရားရေ ..(Surprise)
(29) God Almighty! , God in heaven! ,Good Heavens!, Good God! Oh (my) God! =ဘုရား..ဘုရား၊ ဘုရားရေ
(30) To God/ Goodness/Heaven! ဘုရားသိကြား မလို့....
(31) And how! ဟုတ်ပါ့..မှန်လိုက်လေ။
(32) Well I never! ဟုတ်ပါ့..ငါ ထင်တောင်မထင်ဘူး။
(33) Just imagine! စဉ်းစားလဲ ကြည့်ပါဦး
(34) What the dickens is that! ဘာများပါလိမ့်။
(35) Great Scott! အမလေး။
(36) Look's who's here! ဟေ့ဒီမှာဘယ်သူလဲ ကြည့်စမ်း။
(37) Absolutely delightful! သိပ်ကို ကောင်းတာပေါ့ဗျာ..။
(38) What a nasty weather! တယ်ဆိုးတဲ့ ရာသီဥတုပဲ။
(39) Cool! မိုက်တယ်ကွာ။
(40) Lots of luck! ကံကောင်းကြပါစေ။

Maung Maung One ( မောင်မောင်ဝမ်း ) 
Credit - Ahlamlay Queen
(1) How joyful! ၀မ်းမြောက်လိုက်တာကွာ။
(2) Marvellous! အံ့မခမ်းပဲနော်..။
(3) Done wonderfully! လုပ်ထားတာ ကောင်းလိုက်တာ။
(4) Excellent! ကောင်းမှကောင်းကွာ။
(5) How sweet! ချိုသာလိုက်တာ..။
(6) How lovely! ချစ်စရာလေး။
(7) What a surprise! အံ့သြသွားတာပဲ။
(8) Wonderful! ကောင်းလိုက်တာကွာ။
(9) Congratulations! ဂုဏ်ယူတယ်ကွာ..။
(10) What a wonderful idea! တယ်ကောင်းတဲ့ အကြံညဏ်ပဲ။
(11) Oh! No! အိုး..မဟုတ်ရပါဘူး။
(12) How bad! ဆိုးလိုက်တာ။
(13) How terrible! ဆိုးပါ့ကွာ..။
(14) How disgraceful! ဆိုးလွန်းပါတယ်။
(15) How absurd! အဓိပွါယ် မရှိလိုက်တာ..။

လက်ဝဲသုန္ဒရ(ဟာသ)

 တခါက... ...
လူတစ်ယောက် မဂ္ဂဇင်းတိုက်ထဲ ဝင်လာပြီး စာမူလာပေးတယ်။
အယ်ဒီတာက စာမူကိုဖတ်ကြည့်ပြီး သူ့ကိုမေးတယ်... ...

"ဒီစာမူ မင်းရေးတာလား"
"ဟုတ်ပါတယ်၊ ကျနော်ကိုယ်တိုင် ရေးတာပါ"

ထပ်မေးတယ်... ...

"သေချာလား၊ မင်း ရေးတာ"
"ဟုတ်ပါတယ်ဆိုဗျာ၊ ကျနော်ကိုယ်တိုင် ရေးတာပါ"

ဒီတော့ အယ်ဒီတာက အဲဒီလူကို ထ,ပြီး အရိုအသေပေးရင်း ပြောတယ်... ..

"လက်ဝဲသုန္ဒရအမတ်ကြီးကို ခုလို အရှင်လတ်လတ်တွေ့ရတာ အများကြီး ဂုဏ်ယူမိပါတယ်"... တဲ့။

facebook ပေါ်မှ

လေပေါ်မှာ ပျံဝဲနေမယ့် တိမ်လွှာ မွေ့ ယာ

Photo: လေပေါ်မှာ ပျံဝဲနေမယ့် တိမ်လွှာ မွေ့ ယာ

======================

Concept ပစ္စည်း တစ်ခုသာ ဖြစ်တာကြောင့် ဈေးကွက်ထဲကို ရောက်ရှိလာခြင်း
မရှိသေးပါဘူး။ လေထဲမှာ ပေါ်နေ တဲ့ အတွက် စိတ်ဖိစီမှုကို သက်သာရာ ရရှိစေမယ်လို့ လည်းထင်မိပါတယ်။

အောက်မှာ အသုံးပြုထားတဲ့သတ္တုပြားက တိမ်လွှာမွေ့ ယာကို လေပေါ်
ကို မြောက်တက်စေဖို့ အတွက် သံလိုက် စွမ်းအင်ကို အသုံးပြု
ထားခြင်းဖြစ်ပါတယ်။

ဒီပစ္စည်းမျိုးသာ ဈေးကွက်ထဲကို ရောက်ရှိလာမယ် ဆိုရင်တော့ အလုအယက် ၀ယ်ယူကြမှာ အမှန်ပါပဲ။ 

မျက်လှည့် ပြသလို့ လေပေါ်မှာ ပေါ်နေတာကြောင့် ပျော်ရွင်မှုကိုလည်း ခံစားရင်း၊ နူးညံ့တဲ့ အထိ့ အတွေ့ ကိုလည်း ခံစားရင်း နဲ့  အတော်လေးကို ဇိမ်ကျမှာ အမှန်ပါပဲ။

Kaung Zay Yan
(Discoveries Myanmar)

ချစ်ခြင်း မေတ္တာ

Photo: ♥ ချစ်ခြင်း မေတ္တာ ♥

တစ်ခါတုန်းက မျက်စိမမြင်တဲ့ကောင်မလေး တစ်ယောက်ရှိတယ်။
မွေးရာပါမျက်စိမမြင်တာမဟုတ်ဘဲအက်စီးဒန့်တစ်ခုကြောင့်
မျက်စိကွယ်သွားရတာပေါ့ သူမမျက်စိမမြင် တဲ့အချိန် မှာ
သူမအနားမှာ သူမကိုဖေးမကူညီပေးမယ့် သူတစ်ယောက်မှာ
မရှိရှာခဲ့ဘူး။

တစ်နေ့မှာတော့ သူမရဲ့ဘဝထဲကို ကောင်လေးတစ်ယောက် ဝင်ရောက်လာခဲ့တယ်။ အဲဒီကောင်လေးကို သူမ မမြင်ဖူးပေမယ့်
သူမရင်ထဲမှာ သူ့ကိုချစ်မိသွားတယ်။

အဲဒါနဲ့ သူမကပြောတယ် ကောင်လေးကို ''ငါတစ်နေ့ မျက်စိပြန်မြင်ခဲ့ရင် အမြင်ချင်ဆုံးက နင်ပဲနောက်ပြီး ငါနင့်ကိုလက်ထပ်မယ်''ကောင်မလေး
စကားကိုကြားတော့ ကောင်လေးအရမ်းပျော်သွားတာပေါ့

အဲလိုနဲ့ တစ်နေ့မှာ ကောင်မလေးကို မျက်ကြည်လွှာလှူမယ့် အလှူရှင်ပေါ်လာတယ်။ဆေးရုံမှာ နှစ်ပတ်ခွဲစိတ်ကုသခံလိုက်တဲ့
အချိန်မှာ ကောင်မလေး မျက်စိပြန်မြင်သွားတာပေါ့။

ကောင်မလေး မျက်စိနှစ်လုံး အလင်းပြန်ရသွားတဲ့အချိန်မှာပဲ ကောင်လေးဆီကိုရောက်သွားတယ်။ ဒါပေမယ့် မထင်မှတ်ထားတဲ့မြင်ကွင်းတစ်ခုက သူ့ကိုဆောင့်ကြို နေတယ်။

အဲဒါကတော့ ကောင်လေးကလဲ သူ့လိုပဲ မျက်စိမမြင်တဲ့သူ ဖြစ်နေလို့ပဲ။ ကောင်မလေးသူ့ဆီလာမှန်းလဲ သိရော ကောင်လေးကပြောတယ် '' နင်အခု မျက်စိနှစ်လုံး အလင်းပြန်ရသွားပြီနော် ငါ့ကိုလက်ထပ်နိုင်မလား ''ဒါပေမယိ့ ကောင်မလေးက ကောင်လေးကိုပြောတယ် ''အရင်တုန်းက ပြောခဲ့တာတွေ မေ့လိုကိပါတော့ ငါအခုနင့်လို မျက်မမြင်တစ်ယောက်ကို မချစ်နိုင်တော့ဘူး '' အဲလိုပြောပြီး သူမလှည့်ထွက်လာခဲ့တယ် ။

ကောင်လေး သူ့နောက်ကို ပြေးလိုက်လာတာ သူမသိဘူး '''ဒုန်း''' ဆိုတဲ့အသံကြားမှ သူမ လှည်ကြည့်လိုက်တယ်။ သွေးအလူးလူးနဲ့ အသက်မဲနေတယ့် ကောင်လေးကိုတွေ့လိုက်ရတယ်။ သူမနောက်ကို မမြင်မစမ်းနဲ့ပြေးလိုက်ရင်း ကောင်လေးခမျာ ကားတိုက်ခံလိုက်ရတယ်။

တစ်ဆက်တည်းမှာပဲ ကောင်လေးရဲ့လက်မှာ သွေးတွေပေကျံနေတဲ့ ဒိုင်ယာရီစာအုပ်တစ်အုပ်ကိုတွေ့လိုက်ရတယ်.အဲဒီစာအုပ်လေးကို
ကောင်မလေး ဖွင့်ဖတ်လိုက်တဲ့ အချိန်မှာပဲ ...........

.စာအုပ်ထဲမှာ '''ဟိတ် ကောင်မလေး နင့်အတွက် ငါလုပ်ပေးနိုင်တာလေး တစ်ခုကိုလုပ်ပေးခဲ့မယ်နော် နင်အလင်းပြန်ရဖို့ ငါ့မျက်ကြည်လွှာကို နင့်အတွက်လှူပေးခဲ့မယ် ငါဘက်ကနင့်ကို ပေးဆပ်နိုင်တာ ဒီတစ်ခုပဲရှိတယ်လေ နင်အခုလိုဖြစ်နေတာကို ငါမကြည့်ရက်ဘူး ငါကမျက်စိမမြင်ရလဲ အရေးမကြီးပါဘူးဟာ နင့်နားမှာရှိနေရနေရင်ကိုပဲ ငါ့အတွက်အရာရာ ပြည့်စုံသွားပြီ ဒါပေမယ့် နင်အလင်းပြန်ရင် ငါလို ဒုတ်ခိတတစ်ယောက်ကို နင်လက်ခံနိုင်ပါ့မလား...နငိလက်မခံလဲ ရပါတယ်ဟာ နင်ပျော်ရွှင်နေမယ်ဆိုရင် ငါကပေးဆပ်ရကျိုးနပ်ပါတယ်
ဘာလို့လဲဆိုရင် ငါကနင့်ကို အရမ်းချစ်လို့ပေါ့ ကောင်မလေးရယ် ''

*လောကမှာ ကိုယ့်အပေါ် ချစ်ခြင်းမေတ္တာတရား ကြီးမားတဲ့သူကို
ဆုံးရှုံးတာထက် ပိုတဲ့ဆုံးရှုံးမှုမျိုးမရှိပါဘူး...ပစ္စည်းဥစ္စာ ဆုံးရှုံးရင်
ပြန်ရှာဖွေလို့ရတယ် မေတ္တာတရားဆုံးရှုံးသွားရင်တော့ ဘာနဲ့မှ
ပြန်ပြီး အစားထိုးလို့မရနိုင်ပါဘူး*

♦ MC Zin Jay Shin ♦

ဘယ်လိုပြောရမလဲ ဗဲရီးဂွတ်ပေါ့