“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, July 18, 2013

သဘာဝအတိုင်း အရပ်မြင့်လာစေရန်

Photo: သဘာဝအတိုင်း အရပ်မြင့်လာစေရန်

အသက်ကြီးလာမှ အရပ်ရှည်ထွက် လာဖို့ မလွယ်ပါဘူး။ ငယ်စဉ် ကလေးဘဝ ကတည်းက သဘာဝနည်း အတိုင်း အရပ်ရှည်ထွက် လာစေဖို့ လေ့ကျင့်ခန်း လုပ်ဖို့ လိုသလို အစားအသောက် တွေကလည်း အရေးကြီး ပါတယ်။ အသက်၂၁ နှစ်ကျော်ချိန်မှာ ကြီးထွားမှု ရပ်တန့်သွားလေ့ ရှိတာကြောင့် အသက် ၂၁ နှစ်မတိုင်မီမှာ အရပ်မြင့်လာစေဖို့ လိုက်နာသင့်တဲ့ နည်းတွေကို ရေးသား လိုက်ရပါတယ်။

ကြိုးခုန်ပါ

ကြိုးခုန် တာကြောင့် သွေးလှည့်ပတ် မှုကို ကောင်းမွန် စေရုံသာမက ကြွက်သား တွေကို ကြီးထွား စေပါတယ်။ အရပ်မြင့် စေတဲ့ လေ့ကျင့်ခန်း တစ်မျိုးပါ။ နွားနို့သောက်ပါ
ပရိုတင်း၊ ဗီတာမင်ဒီနဲ့ ကယ်လ်စီ ယမ်စတဲ့ အာဟာရဓာတ် သုံးမျိုး ပါဝင် တဲ့ နွားနို့ကို ပုံမှန်သောက်တာကြောင့် အ ရပ်ရှည်စေပါတယ်။

ကယ်လ်စီယမ်မှီဝဲပါ

အစစ်မှန်ဆုံး ကယ်လ်စီယမ်အမျိုး အစား Coral Calcim ဟာ အရိုးသိပ် သည်းဆကို ကောင်းမွန်စေပြီး ကြီးထွားမှု ကို အားပေးပါတယ်။

ဘောလုံးကန်ပါ

ခြေထောက်အောက်ပိုင်း ကြီးထွား စေတဲ့ အကောင်းဆုံး လေ့ကျင့်ခန်းပါ။

ပဲပိစပ် စားပါ

ပရိုတင်းဓာတ် ပါဝင်မှု မြင့်မားတဲ့ ပဲပိစပ်ဟာ ကြွက်သားတွေရဲ့ ကြီးထွားမှုကို တိုးမြင့်စေပါတယ်။

ဆွဲဆန့်လေ့ကျင့်ခန်းလုပ်ပါ

ကိုယ်နေဟန် မတ်မတ်ထားပြီး ဆွဲဆန့်လေ့ကျင့်ခန်း ပြုလုပ်ပေးတာကြောင့် ခန္ဓာကိုယ် ကြွက်သားတွေကို ပျော့ပျောင်း စေပြီး ကြီးထွားမှု ဖြစ်စေပါတယ်။

တိရစ္ဆာန်ထွက် ပရိုတင်း မှီဝဲပါ

ကြက်သား၊ အမဲသား စတဲ့ တိရစ္ဆာန် ထွက်ပရိုတင်း ဓာတ်တွေဟာ ကြွက်သား တွေကို ကြီးထွား စေပါတယ်။ ကြွက်သား ကြီးထွားသန်စွမ်းမှု အတွက် အကောင်း ဆုံး ပရိုတင်း အရင်း အမြစ်လည်း ဖြစ်ပါ တယ်။

မြွေဟောက်ပုံစံ ယောဂကျင့်စဉ်လုပ်ပါ

ဦးခေါင်းကို မြွေလို ထောင်ပြီး ကြမ်း ပြင်ပေါ်မှာ ပက်လက်လှန်ကာ လှဲရင်း ပြု လုပ်ရတဲ့ ယောဂကျင့်စဉ်ဟာ ခန္ဓာကိုယ် အပေါ်ပိုင်း ကြွက်သားတွေကို ဆွဲဆန့်ပြီး အရပ်ရှည်ထွက် စေပါတယ်။

ကြက်ဥ/ ဘဲဥစားပါ

ကြက်ဥ၊ဘဲဥထဲမှာ ကယ်လ်စီယမ်၊ ပရိုတင်းနဲ့ ဗီတာမင်ဒီ အများအပြား ပါဝင် ပါတယ်။ ဒီအာဟာရ ဓာတ်သုံးမျိုးစလုံး ဟာ အရပ်ရှည်စေပါတယ်။

ကိုယ်နေဟတ် မတ်မတ်ထားပြီး ဘားတန်းဆွဲပါ

ဘားတန်းကို လက်နဲ့ ဆွဲတဲ့အခါ ကိုယ်နေဟန် မတ်မတ်ထားလိုက်ရင် အ ရပ်ရှည်ထွက် စေပါတယ်။ အသက်ငယ် စဉ် ဘားတန်းဆွဲရင် ကျောရိုးမကြီးကို ကြီးထွား သန်စွမ်း စေပါတယ်။  

ဇွန်
BY GOOD HEALTH
အသက်ကြီးလာမှ အရပ်ရှည်ထွက် လာဖို့ မလွယ်ပါဘူး။ ငယ်စဉ် ကလေးဘဝ ကတည်းက သဘာဝနည်း အတိုင်း အရပ်ရှည်ထွက် လာစေဖို့ လေ့ကျင့်ခန်း လုပ်ဖို့ လိုသလို အစားအသောက် တွေကလည်း အရေးကြီး ပါတယ်။ အသက်၂၁ နှစ်ကျော်ချိန်မှာ ကြီးထွားမှု ရပ်တန့်သွားလေ့ ရှိတာကြောင့် အသက် ၂၁ နှစ်မတိုင်မီမှာ အရပ်မြင့်လာစေဖို့ လိုက်နာသင့်တဲ့ နည်းတွေကို ရေးသား လိုက်ရပါတယ်။

ကြိုးခုန်ပါ

ကြိုးခုန် တာကြောင့် သွေးလှည့်ပတ် မှုကို ကောင်းမွန် စေရုံသာမက ကြွက်သား တွေကို ကြီးထွား စေပါတယ်။ အရပ်မြင့် စေတဲ့ လေ့ကျင့်ခန်း တစ်မျိုးပါ။ နွားနို့သောက်ပါ
ပရိုတင်း၊ ဗီတာမင်ဒီနဲ့ ကယ်လ်စီ ယမ်စတဲ့ အာဟာရဓာတ် သုံးမျိုး ပါဝင် တဲ့ နွားနို့ကို

(၅)ယောက်စာ(ဟာသ)

Photo: များများမှာပါ
---------
တခါက အရမ်းကို အစအနောက်သန်တဲ့ ကောင်လေးတယောက်၇ှိတယ်။သူက သူငယ်ချင်းတွေရဲ့ မင်္ဂလာဆောင်တွေမှာဆို နှိုးစက်ကို ညအချိန်မတော်ကြီး အလန်းမ်ပေးပြီး လက်ဖွဲ့ပို့ပေးတာတို့၊ မင်္ဂလာဦးညတွေမှာ အချိန်မတော်မှ ဖုန်းဆက်တာတို့ကို လုပ်လေ့၇ှိတယ်။သူ့သူငယ်ချင်းတွေအား လုံးဟာ သူစတဲ့ နောက်တဲ့ ဒဏ်တွေကိုခံခဲ့ရတယ်။သူငယ်ချင်းတွေက မကျေနပ်ကြဘူး။နောက် တော့ အဲဒီကောင်လေး၇ဲ့မင်္ဂလာဆောင်မယ့်အလှည့်ကိုရောက်လာတယ်။
ကောင်လေးက သိပ်ကြောက်နေတယ်။သူ့သူငယ်ချင်ေးတွ သူ့ကိုပြန်ကလဲ့စားချေမှာစိုးလို့ပေါ့။ သူ့၇ဲ့မင်္ဂလာပွဲကို သူငယ်ချင်းတွေ အားလုံးတက်ကြတယ်။ကောင်လေးကတော့ ကြောက်နေ တယ်။ဒီလိုနဲ့ မင်္ဂလာဦးညကို ရောက်လာတယ်။ကောင်လေးက အရမ်းကိုကြောက်နေတာပေါ့။“ငါ့ ကိုများ အဲ့လိုလုပ်လိုက်ရင်..”ဆိုပြီး…..။
သူတို့ မင်္ဂလာဆောင်တဲ့ ဟိုတယ်က မင်္ဂလာဦးည အဖြစ် တညတာ တည်းခိုခွင့်ပေးတယ်။ မင်္ဂလာ ဦးညကို ကြောက်ကြောက်လန့်လန့်နဲ့ပဲ ကောင်လေးဖြတ်သန်းတယ်.။ဒါပေမယ့် သူထင်ထားသလို ဘယ်သူငယ်ချင်းကမှ သူ့ကိုမနှောင့်ယှက်ကြပါဘူး။
မနက်မိုးလင်းတော့ ကောင်လေး ၀မ်းသာပျော်ရွှင်စွာနဲ့ နိုးလာတယ်။ဘာအနှောင့်အယှက်မှ မ၇ှိ တဲ့အတွက် သူပျော်သွားတယ်။အဲဒီနောက် ဟိုတယ်စားဖိုဆောင်ကို လှမ်းဖုန်းဆက်တယ်။
“အခန်းနံပါတ် ၄၀၁ကို မနက်စာ နှစ်ယောက်စာ ယူလာပေးပါ။”
အဲဒီအချိန်မှာ ကုတင်အောက်က အသံတွေ ထွက်လာတယ်။
“နှစ်ယောက်စာ မဟုတ်ဘူး။ငါးယောက်စာဟေ့..." 
~Sezin Lynn~
Credit- Chilly's Joke Corner

ကြိုတင်ရှောင်ရှား ရောဂါမများ ………

Photo: ကြိုတင်ရှောင်ရှား ရောဂါမများ  ………

အမြင်အာရုံမျက်လုံးနှင့် အကြောပိုင်းဆိုင်ရာအားနည်းခြင်းရောဂါဝေဒနာကို  လူအများ တိုးတက်ဖြစ်ပေါ်လာနေသည့် အတွက်အသိပေး တင်ပြခြင်းဖြစ်ပါသည် ။

ကျန်းမာရေး  အသိတွေရတော့ ရှောင်သင့်တာကိုရှောင်လိုက်ခြင်းဖြင့် ရောဂါများ များပြားလာခြင်း သို့ တည်းမဟုတ် တိုးပွားနိုင်လာခြင်း လျှော့နည်းပါလိမ့်မည် ။
 
မြို့ ပြတောရွာမကျန် အိုင်တီခေတ်ကြောင့် နည်းပညာနှင့် အသုံးဆောင်ပစ္စည်းတွေ သုံးစွဲမှု့ မြင့်မားလာခြင်းနှင့် အတူ မသိမသာ သုံးစွဲသူ လူတစ်ယောက်တွင် ကျန်းမာရေးဆိုင်ရာ တစ်ချို့ တစ်လေ အားနည်းလာပါတယ် ဒါကလဲ သတိမထားမိတော့ မဖြစ်ဘူးလို့ ထင်နေကြမှာပါ ။

တစ်ချို့ မိဘတွေ ကိုယ့်ကလေးငယ်ငယ်လေးတွေကို MP-4 နှင့် တစ်ခြား အိုင်တီခေတ်ပစ္စည်းများကို ပေးကိုင်ခိုင်းခြင်း ပြု့ လုပ်စေပါတယ် တကယ်တမ်းမှာ ရုပ်မြင်စေသည့် ဖန်ပြားပြင်သည့် နုနယ်သော ကလေးတွေမှာ ကြာလာသည့်နှင့် အမျှ အမြင်အာရုံကို ချိုးတဲ့ ထိခိုက်စေပါသည် ။

ခေတ်ကာလအတွင်းက အရွယ်ရောက် ယောင်္ကျားလေးများနှင့် မိန်းကလေးများတို့ သည့် မိမိလက်ကိုင်ဖုံးမှနေပြိး အင်တာနက်ကို အချိန်ကြာမြင့်စွာ တစိုက်မတ်မတ် သုံးစွဲလာကြပါတယ် အဲလို့ အမြင်ကို ကျန်းမာရေးအရ ပြောရရင် မကောင်းပါဘူး လူ့ ခန္ဓာကိုယ့် ကြာလာသည့်နှင့်အမျှ ကျန်းမာရေး ချိုးတဲ့လာဖို့ သာ ရှိပါတော့တယ် ကျန်းမာရေးမကောင်းလာခဲ့ရင် ကျန်သည့်အသိပညာတွေ အချည်းအနှီးသာဖြစ်လာပါတယ် ဒါကြောင့် သုံးစွဲသူများ သိရှိစေလိုပါသည် ။

မိမိ အာရုံစူးစိုက်ကြည့်နေသည့် မြင်ကွင်းသေးသေးများကို ကြာချိန် ၁၀ မိနစ်ထက်မပိုဘဲ မျက်စိ မှစူးစိုက်စွာကြည့်ခြင်းမျိုး ရှောင်ရှားပေးပါ ။ မျက်လုံးကို တစ်နေရာသို့  မကြာမကြာလွဲပြောင်းကြည့်ပေးသင့်ပါတယ် ။

ခေါင်းငုံခြင်းဖြစ်နေသည့်အတွက် မကြာခဏ ခေါင်းမတ်ပေးခြင်း  ခေါင်းကို နောက်ပြန် အကြောပြေစေရန် လုပ်ဆောင်ပေးခြင်းမျိုးနှင့် ဦးခေါင်းကို ဘယ်ညာ လှဲ့ ပေးခြင်း မဖြစ်မနေ လုပ်ပေးသင့်ပါသည် ။

လက်အနေအထားမှာ ကွေးနေသည့် ပုံစံဖြင့် သုံးစွဲလွန်လာခဲ့ရင် လက်နှစ်ဖက်မှာ  ထုံတာတွေ ကျင်တာတွေ တဖြေးဖြေးဖြစ်ပေါ်လာပြီး နောက်ပိုင်း လက်လှုပ်ရှားခြင်းတွက် မိမိကိုယ်ကိုယ့် လှုပ်ရှားမှု့ အားမရဖြစ်လာတက်ပါတယ် ဒါကြေင့် အိုင်တီနှင့်ပတ်သက်သည့် အသုံးဆောင်များကို အချိန်ကြာမြင့်စွာ သုံးစွဲရန် မသုံးသင့်ကြောင်ကို ကျန်းမာရေး အမြင်ဖြင့် အသိပေးပြောကြားလိုပါသည်  ။

အသက်ရာကျော်ရှည်ပါစေ