“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, September 23, 2012

ကိုက်လန်၏ အကျိုးကျေးဇူး ၁၀ မျိုး


 
ကိုက်လန်ကို အစိမ်းရောင် ဟင်းရွက်တို့ရဲ့ ဘုရင်မလို့ တင်စားတတ်ကြသလို အာဟာရ စုပေါင်းရာ အိမ်တစ်လုံးလို့လည်း ခေါ်ဆိုတတ်ကြပါတယ်။ သင်စားတဲ့ အစားအသောက်ထဲကို ကိုက်လန် ထည့်စားပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူး ၁၀ မျိုးကို ရရှိပါလိမ့်မယ်။

(1) အစာခြေလမ်းကြောင်းစနစ်ကို ကျန်းမာစေပါတယ် 

ကိုက်လန်မှာ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး အဆီဓာတ်လည်း လုံးဝမပါပါဘူး။ အမျှင်ဓာတ် များစွာ ပါဝင်ပါတယ်။ ကိုက်လန်တစ်ခွက်မှာ ၃၆ ကယ်လိုရီနဲ့ အမျှင်ဓာတ် ငါးဂရမ်တို့ ပါဝင်ပါတယ်။

(2) အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ကိုက်လန်မှာ သံဓာတ်များစွာ ပါဝင်ပါတယ်။ ကယ်လိုရီတူတဲ့ ကိုက်လန်နဲ့ အမဲသားတို့ကို နှိုင်းယှဉ်ကြည့်ရာ ကိုက်လန်မှာ သံဓာတ် ပိုမိုပါဝင်တာကို တွေ့ရပါတယ်။ သံဓာတ်ဟာ ဟေမိုဂလိုဘင်နဲ့ အင်ဇိုင်း ဖြစ်ပေါ်စေတာ၊ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးကို အောက်ဆီဂျင် ပို့ပေးတာ၊ ဆဲလ်ကြီးထွားတာ၊ အသည်းရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေတာ စတဲ့ အာနိသင်တွေ ရရှိစေပြီး အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(3) ဗီတာမင်ကေ များစွာ ပါဝင်ပါတယ်

ကိုက်လန်မှာ များစွာ ပါဝင်တဲ့ ဗီတာမင်ကေဟာ ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ အရိုးကျန်းမာရေးကို ကောင်းစေတဲ့အပြင် သွေးခဲတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရသူတွေကို သက်သာအောင် ဗီတာမင်ကေနဲ့ ကုသနိုင်ပါတယ်။

(4) ကင်ဆာအမျိုးမျိုးကို ကာကွယ်ပေးပါတယ်

ကိုက်လန်မှာ ကာရိုတီးနွိုက်နဲ့ ဖလေဗိုးနွိုက်တို့လို အင်တီအောက်ဆီးဒင့်များစွာ ပါဝင်ပါတယ်။ ဒီအင်တီအောက်ဆီးဒင့်တွေက ကင်ဆာရောဂါ အမျိုးမျိုးကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(5) ရောင်ရမ်းမှုကို လျော့ကျစေပါတယ်

ကိုက်လန်ဟာ ရောင်ရမ်းမှု လျော့ကျစေတဲ့ အစာတစ်မျိုးပါ။ ကိုက်လန်တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ မှီဝဲသင့်တဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်ပမာဏ ၁၀ ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် ရိုးဆစ်ရောင်ရမ်းနာ၊ ပန်းနာရင်ကျပ်ရောဂါနဲ့ Autoimmune Disorder တို့ကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။

(6) နှလုံးသွေးကြောကို ကျန်းမာစေပါတယ်

ကိုက်လန်မှာ နှလုံးသွေးကြော စနစ်ကို ကျန်းမာစေတဲ့ အစွမ်းရှိပါတယ်။ ကိုက်လန်ကို များများ စားပေးရင် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေနိုင်ပါတယ်။

(7) အမြင်အာရုံကို ကောင်းမွန်စေပါတယ်

ကိုက်လန်မှာ ဗီတာမင်အေ များစွာပါဝင်တာကြောင့် အမြင်အာရုံကို ကောင်းမွန်စေတဲ့အပြင် အဆုတ်နဲ့ ခံတွင်းကင်ဆာတို့ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

(8) ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေပါတယ်

ကိုက်လန်မှာ ဗီတာမင်စီ ပမာဏများစွာ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်၊ ဇီဝရုပ်ဖြစ်ပျက်မှုနဲ့ ရေဓာတ်ပြည့်ဝမှုတို့ကို အားပေးထောက်ပံ့နိုင်စွမ်း ရှိပါတယ်။

(9) အရိုး၊ အဆစ် ကျန်းမာစေပါတယ်

ကိုက်လန်မှာ ကယ်လ်စီယမ် ပမာဏများစွာ ပါဝင်ပါတယ်။ ကယ်လိုရီ ပမာဏတူတဲ့ နွားနို့နဲ့ ယှဉ်ရင် ကိုက်လန်မှာ ကယ်လ်စီယမ် ပိုမို ပါဝင်တာကြောင့် အရိုးထုထည် ဆုံးရှုံးမှု မဖြစ်အောင်နဲ့ အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ကိုက်လန်မှာပါတဲ့ ဗီတာမင်စီဟာ အရိုးနုနဲ့ အဆစ်တွေ သန်စွမ်းပျော့ပျောင်းအောင် ကူညီနိုင်ပါတယ်။

(10) ကိုယ်တွင်းအဆိပ်တွေကို ကင်းစင်စေပါတယ်

ကိုက်လန်ကို အဆိပ်ဖယ်ရှားပေးနိုင်တဲ့ အစာလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ကိုက်လန်မှာ အမျှင်ဓာတ်နဲ့ ဆာလဖာတို့ အပြည့်အဝ ပါဝင်နေတာကြောင့် ကိုယ်ခန္ဓာတွင်းရှိ အဆိပ်တွေကို ကင်းစင်စေပြီး အသည်းကို ကျန်းမာစေပါတယ်။
 
From:::http://natureenergycare.blogspot.com/2012/09/blog-post_20.html#more

ကျောက်ကပ်နှင်.ဆီးကောင်းစေသောဆေးနည်းတစ်လက်

၁။ကျောက်ဖရုံသီးတစ်လုံးကိုအညှာမှကွက်၍လှီးပါ။
၂။အူတိုင်များကိုထုတ်ပါ။
၃။အလယ်အူတိုင်နေရာ ကွက်လပ်တွင် သကြားထည့်သိပ်ပါ။
၎။လှီးထားသောအညှာကို ပြန်ကပ်၍ ပိတ်ထားပါ။
၅။အညှာ၏ပြောင်းပြန် ထိပ်တွင် ခဲတန်တစ်လုံးစာ အပေါက်ဖောက်ထားပါ။
၆။သကြားသည် ကျောက်ဖရုံသီးအသားတွင် ပျော်ဝင်၍ ဖောက်ထားသောအပေါက်မှ အရည်များ စိမ့်ထွက်လာပါလိမ့်မည်။
ရ။ခွက်တခွက်ခံထားပါ။
၈။နေ့စဉ်သောက်ပေးပါ။
၉။စိမ့်ထွက်ရေ နည်းလာပြီး ကျောက်ဖရုံသီးအတွင်းသားကျန်သေးပါက သကြားထပ်ထည့်ပါ။
၁၀။ယင်ကောင်မနားစေရန် ဂရုပြုပါ။
၁၁။ကျောက်ဖရုံသီးအတွင်းရှိ အသားများ ကုန်သွားပါက ကျောက်ဖရုံသီးအသစ်တစ်လုံးဖြင့် ထပ်မံ ပြုလုပ်ပါ။
၁၂။ဆီးချိုသမားများသောက်သုံးနိုင်ပါသည်။
၁၃။ဆီးချိုမတက်ဘဲကျစေပါသည်။
၁၄။ကျောက်ကပ် နှင့် ဆီးကို အားကောင်းစေပါသည်။
၁၅။သွေးတိုးကိုပါကျဆင်းစေပါသည်။ မေးလ်ထဲတွေ.လို.တင်ပြလိုက်ပါတယ်ဗျာ..

http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A476941&xgs=1&xg_source=msg_share_post

မြန်မာနိုင်ငံမှဒုတိယကမ္ဘာစစ် သမိုင်းဝင်နေရာ - (၂)ခု နှင့် ကမ္ဘာ့ အမြင့်ဆုံးတံတား

သံဖြူဇရပ်မြို့ မှ စစ်သင်္ချိုင်း
       
သံဖြူဇရပ် မဟာမိတ်စစ်သင်္ချိုင်းသည် သံဖြူဇရပ်-ကျိုက်ခမီသွားကားလမ်းဘေးတွင် တည်ရှိပါသည်။
အကျယ်အ၀န်းမှာ ၁၀ ဧက ခန့် ဖြစ်သည်။ အုတ်ဂူငယ်ပေါင်း ၃၇၇၁ ခုပါဝင်ပြီး ၁၉၄၆ ခု ဒီဇင်ဘာ ၁၈ ရက်နေ့ တွင်
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်တက်ရောက် ဖွင့်လှစ်ခဲ့ပြီး သက်ဆိုင်ရာ စစ်သင်္ချိုင်းကော်မရှင်၏
ထောက်ပံ့ထိန်းသိမ်းမှုဖြင့် သက်တမ်းအနှစ်(၆၀)ကျော်ရှိပြီဖြစ်သော်လည်း အပန်းဖြေ စခန်းအဖြစ်
ထိန်းသိမ်းထားရှိမှုကြောင့် ကျဆုံးခဲ့သော ရဲဘော်များ၏ သားသမီးဆွေမျိုးများ နိုင်ငံခြားဧည်သည် ၃၀၀ ကျော်ခန့် 
နှစ်စဉ်  လာရောက် ဂါရ၀ပြုလေ့ရှိကြောင်းသိရပါသည်။
စစ်သင်္ချိုင်းအတွင်းသို့ နိုင်ငံခြားသားများသာ ၀င်ရောက်ခွင့်ပြုကြောင်း သိရပါသည်။
 

မြန်မာပြည်မှ ကမ္ဘာ့ အမြင့်ဆုံး မြင်းခုံတံတား(ဂုတ်ထိပ် တံတား)
                 
ဂုတ်ထိပ်တံတား(Goteik viaduct) အမည်ရ တောင်ကြားဖြတ် မီးရထားသံလမ်း
တံတားရဲ့တည်နေရာကတော့ ရှမ်းပြည်နယ် အနောက်ပိုင်း နောင်ချိုမြို့ အနီးမှာ ဖြစ်ပါတယ်။
                  
အတိအကျအားဖြင့် မန္တလေး-လာရှိုးလမ်း၊နောင်ချိုဘူတာအလွန် ၇ မိုင်အကွာမှာ တည်ရှိပါတယ်။
ပြင်ဦးလွင် နဲ့ လာရှိုး မြို့ နှစ်မြို့ ကြားက တံတားလို့ လည်း နိုင်ငံခြားသားများက အလွယ်မှတ်ထားကြပါတယ်။
                  
The World Largest Trestle လို့ အသိအမှတ်ပြုထားတဲ့ တံတားဖြစ်ပြီး Trestle ဆိုတာ
စတီး၊သံမဏိ၊သံချောင်းများဖြင့် ထောက်ခံထားသော တံတားလို့ လွယ်လွယ်ကူကူ ဘာသာပြန်နိုင်ပါတယ်။
မြန်မာအခေါ်ကတော့ မြင်းခုံ တံတားဖြစ်ပါတယ်။



ဒုတိယ ကမ္ဘာစစ်အတွင်းက သမိုင်းဝင် လီဒိုလမ်းမကြီး
              
ဒုတိယ ကမ္ဘာစစ်အတွင်းက မဟာဗျုဟာကျတဲ့ လီဒိုလမ်းမကြီးကို တည်ဆောက်ခဲ့ရာမှာ လူပေါင်း ၆၃,၀၀၀ နဲ့ ငွေကြေးအမေရိကန်ဒေါ်လာ သန်း ၁၅၀ သုံးစွဲခဲ့တယ်လို့  သမိုင်းအထောက်အထားများအရ သိရှိရပါတယ်။ဒီလမ်းမကြီးကိုတရုတ်၊အိန္ဒိယ၊ဗြိတိသျှ တပ်များ စစ်လက်နက်၊ရိက္ခာသယ်ယူပို့ ဆောင်ရေးအတွက် အသုံးပြုခဲ့ကြောင်းဖော်ပြထားပါတယ်။ လီဒိုလမ်းမ တည်ဆောက်မှုမှာ အမေရိကန်စစ်သား ၁၁၀၀ကျော် သေဆုံးခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။၁၉၄၅ ခုနှစ် အစောပိုင်းမှာ ဒီလမ်းမကြီးကို တည်ဆောက်ခဲ့တဲ့ အမေရိကန် စစ်ဗိုလ်ချုပ်ကြီး Vinegar Joe Stilwell ကိုဂုဏ်ပြုတဲ့အနေနဲ့  တရုတ်ခေါင်းဆောင် ချန်ကေရှိတ်က Stiwell Road လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။
           


မဟာမိတ်တို့  စစ်ဗျုဟာအရ ဖောက်ခဲ့သောလမ်း၊စစ်ဗိုလ်ချုပ်ကြီး စတီးဝဲလ်၊စစ်အင်ဂျင်နီယာ ဟပ်ခ်ျဖီးတို့ စွန့် စွန့် 
စားစား ဖောက်ခဲ့ရသောလမ်း၊ရိုင်ဖယ်လွယ်ရင်း စစ်တိုက်ရင်း ခက်ခဲစွာ ဖောက်ခဲ့ရသောလမ်း၊ထိုလမ်းကို တိုက်ရင်းဖောက်၊ ဖောက်ရင်းတိုက်ရသဖြင့် တစ်နေ့ ၁ မိုင်မျှပေါက်အောင် မနည်းဖောက်ခဲ့ကြရသည်။ ဖျားနာရင်းသေကြ၊စစ်တိုက်ရင်း ကျဆုံးကြနှင့် တောတောင်ထူထပ် မတ်ဆောက်တောင်နှင့် ချောက်ကမ်းပါးတို့ အကြား ဖောက်ခဲ့ရသောလမ်းသည် သမိုင်းဝင်လမ်း ဖြစ်ခဲ့ရသည်။ သို့ ပေမဲ့ လမ်းဖောက်ပုံစနစ်ကျသည်ဟု ဆိုရမည်။ ချောင်းရိုးတစ်လျှောက်ကိုရှာဖွေပြီး တောင်နံရံဘေးတွင် ဖြတ်ဖောက်ထားသဖြင့် စစ်ယာဉ်တန်းများ ရေဖြည့်ရန် လွယ်ကူ၏။ ရှေးယခင်ကလမ်းတစ်လျှောက်တွင် အရေးပေါ်စက်သုံးဆီ အလွယ်တကူဖြည့်ရန်  သံပိုက်လိုင်းများ တောက်လျှောက်သွယ်တန်းခဲ့
သည်ဟု ဆို၏။ ယခုအခါ အဆိုပါ သံပိုက်လုံးများပျက်စီး ကုန်သော်လည်း နာဂရိုးရာအိမ်အချို့ တွင် အိမ်တိုင်လုပ်ထားသည်ကို တွေ့ ရ၏။ တောတောင်သဘာဝမှာ အမြဲစိမ့်အေးနေပြီး အဖိုးတန်သစ် ပေါက်ရောက်ခြင်းမရှိသောကြိုးပြင်သစ်တောများဖြစ်သည်။
          
 
ကချင်ပြည်နယ် တနိုင်းမှရှင်ဘွေယန် အထိ ကားလမ်းသည် အတက်အဆင်းတချို့ ချောင်းတစ်ချို့ ရှိသော်လည်း လမ်းမှာလွန်စွာ ဖြောင့်ဖြူးနေသည်ကို တွေ့ ရသဖြင့် တပ်မတော်အင်ဂျင်နီယာ ဗိုလ်ကြီးကြည်မောင်ကို မေးမြန်းကြည့်ရာ "မဟာမိတ်တွေက လေယာဉ်နဲ့ လမ်းအူကြောင်းရှာတယ်ဗျ၊ ဒီဘက်လမ်းကြောဆိုတာ ကြိမ်ဝါးပဲ အများဆုံးပေါက်တာဆိုတော့လေယာဉ် ပေါ်ကနေပြီးတော့ လောင်စာဆီတွေ တန်းတန်းကြီး သွန်ချပြီး မီးရှို့ လိုက်တာပဲ၊ဒါကြောင့် လမ်းဟာဖြူးနေတာပေါ့" တဲ့။       


လီဒိုလမ်းမ၏ မတ်ဆောက်သောအတက်လမ်းမှာ ကချင်ပြည်နယ် တနိုင်းမြို့ နယ် ရှင်ဘွေယန်မှ စတင်သည်။
ထိုမှ (၁၈)မိုင် စခန်းအထိ အတက်ချည်းသာ ဖြစ်သဖြင့် ကုန်တင်ယာဉ်၊ရိက္ခာပို့ ယာဉ်တန်းများ ငယ်သံပါအောင်
အော်ဟစ်ရုန်းကန် တက်ကြရသည်။


လေဗောက်အိုးရဲ- စတီးဝဲလမ်း (လီဒိုလမ်း) ခရီးသည်
(နာဂမြေ နန်းယွန်း-ပန်ဆောင်သွား တောလားမှ)ကူးယူ ဖော်ပြပါသည်။
(www.facebook.com/pages/မြန်မာ-တို့ -ရဲ့-ယဉ်ကျေးမှု-အမွေ-အနှစ်များ/182039631890567?ref=stream)
http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1757256&xgs=1&xg_source=msg_share_post

လူလတ်ပိုင်းအရွယ်များ လေ့ကျင့်ခန်းပြုလုပ်ပါက နှလုံးရောဂါ ဖြစ်ပွားမှုကို သက်သာစေနိုင်

လူလတ်ပိုင်းအရွယ်များ လေ့ကျင့်ခန်းပြုလုပ်ပါက နှလုံးရောဂါ ဖြစ်ပွားမှုကို သက်သာစေနိုင် …………..
ဗြိတိန်ဆေးပညာရှင်သုတေသီများ၏ ထုတ်ဖော်ပြောကြားချက်အရ လူလတ်ပိုင်းအရွယ်များသည် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါက နှလုံးရောဂါဖြစ်ပွားမှုကို သက်သာစေနိုင်ကြောင့် လေ့လာတွေ့ ရှိရသည်ဟု သတင်းတွင် ဖော်ပြပါရှိသည် ။

လူတစ်ဦးသည် တစ်ပတ်လျှင် ၂ ဒသမ ၃ နာရီခန့်  လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် သွေးအတွင်းရှိ လှုံ ဆော်မှုဖြစ်စေသည့် ဓာတ်ပစ္စည်းများကို လျှော့ချပေးနိုင်ကာ နှလုံးရောဂါဖြစ်ပွားမှု သက်သာစေနိုင်ခြင်းဖြစ်သည် ။

ပြည်သူ့ ကျန်းမာရေးဌါနမှ ပြောကြားချက်အရ အားကစားရုံတွင် သာမက ဥယျာဉ် ပြုပြင်ခြင်းနှင့် သာမန်လမ်းလျှောက်ခြင်းများသည်လည်း လေ့ကျင့်ခန်း ဖြစ်ကြောင့် ထုတ်ဖော်ပြောကြားခဲ့သည်ဟု သိရသည် ။

http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogPost%3A7990173&xgs=1&xg_source=msg_share_post

အင်တာနက်မှအလုပ်ရှာသော မိန်းကလေးများ သတိပြုမိစေရန်


စက်တင်ဘာ၊၁၉ ရက်၊ကွာလာလမ်ပူ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ တော်တွင်  မလေးနိုင်ငံသူ တရုတ်အမျိုးသမီးတစ်ဦးအား အလုပ်အင်တာဗျူးမည်ဟု အင်တာနက်အီးမေးလ်မှတဆင့် အကြောင်းကြားကာ ၎င်းအမျိုးသမီးအား ဟိုတယ်တခုသို့ ချိန်းဆို၍ အဓမ္မပြုကျင့်မှုဖြစ်ပွါးခဲ့ပါသည်။

တိုးတက်ပြောင်းလဲလာသော ယနေ့ ခေတ်တွင် လူငယ်အများစုသည် အလုပ်အကိုင်အခွင့်အလမ်း များစွာကို အင်တာနက်တွင် ရှာဖွေ၍ လုပ်ကိုင်လာကြလျှက်ရှိပြီး အချို့ သော မသမာသူ များ၏ လှည့်စားမှုကြောင့် ဒုက္ခရောက်ကြရ သူများလည်းရှိလာခဲ့ရာမှ မလေးရှားနိုင်ငံတွင်လည်း ထိုကဲ့သို့ အဖြစ်မျိုးကိုတွေ့ ရှိခဲ့ရပါသည်။ 

ဖြစ်စဉ်မှာ အသက်(၂၀)အရွယ် မလေးနိုင်ငံသူတရုတ်အမျိုးသမီးတစ်ဦးသည် နိုင်ငံပိုင်နေ့ စဉ်သတင်းစာတစ်ခုမှ လစာကောင်းသော အလုပ်အကိုင်ကြော်ငြာစာ တစ်ခုကိုတွေ့ ရှိခဲ့ရာ ၎င်း အလုပ်ရှင်၏အီးမေးလ်သို့ CV Form ပေးပို့ ကာဆက်သွယ်ခဲ့ပါသည်။ ၎င်း အီးမေးလ်ပိုင်ရှင်မှ အမျိုးသမီးအား အလုပ်အင်တာဗျူးရန် ဟိုတယ်တစ်ခုသို့ ချိန်းဆိုခဲ့ပါသည်။


ဟိုတယ်သို့ အရောက်တွင် အလုပ်ရှင်ဟန်ဆောင်ထားသူသည် ထိုအမျိုးသမီးအား ၎င်း၏ အခန်းသို့ ခေါ်ဆောင်သွားခဲ့ပါသည်။ တရားလို အမျိုးသမီးအား အလုပ်ရှင် ဟန်ဆောင်ထားသူမှ အအေးသုံးဆောင်ပါ ဟုပြောကာ ၄င်း၏ အင်တာဗျူးအား စတင်ပါသည်။ တရားခံ အလုပ်ရှင်တိုက်သော အအေးခွက်အတွင်း တွင် မူးယစ်စေတတ်သော ဆေးတစ်မျိုးထည့်ထားသဖြင့် တရားလိုအမျိုးသမီး မှာ အင်တာဗျူးမဆုံးခင်တွင် အိပ်မောကျသွားခဲ့ပါသည်။


အိပ်ရာမှာ ရုတ်တရက် လန့် နိုးချိန်တွင်မူ မိမိ တစ်ကိုယ်လုံးတွင် မည်သည့် အဝတ်အစားမျှမရှိတော့ပဲ မိမိယူဆောင်လာသော လက်ဆွဲအိတ်အတွင်းမှ ပိုက်ဆံနှင့် အခြားအဖိုးတန် ပစ္စည်းများလည်း ပျောက်ဆုံးနေသည်ကိုတွေ့ ရှိရပါသည်။
ထို့ နောက်တွင် တရားလို အမျိုးသမီးမှ နီးစပ်ရာ ရဲစခန်းသို့ အမြန်ဆုံးအကြောင်းကြားခဲ့ပါသည်။


တရားခံသည် လျှင်မြန်ပါးနပ်သူဖြစ်၍ ၄င်း၏မျက်နှာနှင့်ပုံစံအား ဟိုတယ် CCTV မှ မှတ်မိနိုင်ခြင်းမရှိစေရန် ခြေရာ
ဖျောက်ခဲ့သောကြောင့် မလေးရှား ရဲတပ်ဖွဲ့ ဝင်များအတွက် အကြပ်တွေ့ စေခဲ့ပါသည်။ တရားလို နှင့် နီးစပ်ရာဟိုတယ်ဝန်ထမ်း အချို၏ ပုံဖော်ချက်ဖြင့်တရားခံ၏ မျက်နှာပုံစံကြမ်းအား နိုင်ငံ၏ မီဒီယာများမှတဆင့် ကြေငြာ၍ အသိပေးနှိုးဆော်ထားပါသည်။ ဤဖြစ်စဉ်မှာ ဒုတိယ အကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ် တရားခံ၏ပုံစံနှင့် တစ်ထပ်တည်းကျပြီးကျုးလွန်သူမှာလည်း တစ်ကိုယ်တော်သာဖြစ်ကြောင်း ရဲတပ်ဖွဲ့ မှ ယူဆထားသည်။


မလေးရှားနှိုင်ငံထုတ် The star daily news သတင်းတွင် ဖော်ပြထားသည်။
ရွှေမြန်မာမီဒီယာ
http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1756577&xgs=1&xg_source=msg_share_post

အစွမ်းထက်သည့် လက်များပိုင်ရှင် ကန်းထရီချန်း

ဒီအကြော်သည်အမျိုးသားကြီးကတော့ သူ့ ရဲ့ လက်နှစ်ဖက်စလုံးကို ဆီပူအိုးထဲနှစ်ပြီး ယောင်းမတစ်ခုကို အ
သုံးပြုနိုင်တာမို့ ပြိုင်စံမပေါ်တဲ့ နိုင်ငံကျော် ( ကမ္ဘာကျော်လို့ ဆိုယင်ပိုတောင်မှန်ပါဦးမယ်...) ပါပဲ...

အစွမ်းထက်သည့် လက်များပိုင်ရှင် ကန်းထရီချန်း တစ်ယောက် ပွက်ပွက်ဆူနေသည့် ဆီပူအိုးထဲ၎င်း၏လက်

များနှစ်ကာကြော်နေသည့် ကြက်သားတုံးများကို လက်ချောင်းများဖြင့် ကိုင်တွယ်ကာဆယ်ယူနိုင်စွမ်းရှိနေ

တာဖြစ်ပါတယ်...


ကမ္ဘာ့ စံချိန်ရှင် အသက် ၅၀ အရွယ်ရှိ လူထူးလူဆန်းဟာ အံ့ သြဖွယ်ရာကောင်းလှစွာပင် တစ်ချက်ကလေးမှ

ဆီပူအလောင်မခံရပါဘူး...

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ တွင်နေထိုင်သည့် မစ္စတာ ထရီချန်း က " ဆီပူအိုးထဲကျွန်တော့် ရဲ့ လက်တွေထည့် 

လိုက်တဲ့ အခါမှာတော့ ပူလောင်မှုကိုခံစားရပေမယ့် လက်ရဲ့ အရေခွံ၊ အရေပြားကို ဆီပူမလောင်ပါဘူး...

ကျွန်တော်ဟာ (ဘာအကာအကွယ်မှမပါပဲ ဗလာသက်သက်၊ လက်နှစ်ဘက်နှင့် ) ထမင်း၊ ကြက်သားကစ

ပြီး အစားအသောက်မျိုးစုံကြော်နိုင်ပါတယ်..." လို့ ပြောကြားခဲ့ ပါတယ်...Superhands: Kann Trichan feels no pain and his skin is unaffected by the boiling fat at his fried chicken stall in Chiang Mai, Thailand


ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ မှ ကန်ထရီချန်းရဲ့ စွမ်းအားရှင်လက်များကတော့ ဆီပူအိုးထဲလက်ထဲ့ တာ
တောင် ဆီပူမလောင်ပါဘူး...
Fast finger food: Mr Trichan holds the world record for plucking 20 pieces of chicken from 480c fat in one minute
အပူချိန် ၄၈၀ ဒီဂရီရှိနေသည့် ဆီပူအိုးထဲမှ ကြက်သားတုံး ၂၀ ကို ၁ မိနစ်အတွင်း လက်ဗလာ
ဖြင့် ဆယ်ယူပြနိုင်ခဲ့ လို့ ကမ္ဘာ့ စံချိန်တင်နိုင်ခဲ့ ပါတယ်...

မစ္စတာထရီချန်းဟာ သူ့ ရဲ့ သူမတူတဲ့ စွမ်းရည်ကိုလွန်ခဲ့ သည့် ၇ နှစ်ခန့် က မတော်တစ်ဆ လက်ကိုဆီပူ

တွေဖိတ်စဉ်မိခဲ့ စဉ်မည်သည့် ဒါဏ်ရာမှမရခဲ့ သည်မှစတင်ပြီးသိရှိခဲ့ တာဖြစ်ပါတယ်...

သားသမီးနှစ်ယောက်တို့ ရဲ့ ဖခင်ဖြစ်သူဟာ ထိုစဉ်က ကိုယ်ပိုင်ကြက်ကြော်ဆိုင်မှာရှိနေခဲ့ တာဖြစ်ပြီး ရှဉ့် က

လေးတစ်ကောင်က သစ်ပင်ပေါ်မှာ သရက်သီးစားနေတာကိုကြည့် နေခဲ့ တာဖြစ်ပါတယ်...


Look, no blisters: Mr Trichan's wife and children say they never tire of watching him at work
ကြက်သားတုံးသာကြော်လို့ ကျက်သွားမယ် လက်ကတော့ဘာမှမဖြစ်ဘူး...

ထိုစဉ်မှာပဲ သရက်သီးဟာ သူ့ နံဘေးရှိဆီပူအိုးကြီးထဲကိုပြုတ်ကျလာခဲ့ တာဖြစ်ပါတယ်...
" ဆီပူတွေကအရပ်လေးမျက်နှာအကုန်စဉ်ကုန်ပြီး ကျွန်တော့် ရဲ့ ခေါင်း၊ လက်မောင်း၊ လက်တွေအားလုံးကို

ဆီပူတွေထိကုန်ပါတယ်...အကြီးအကျယ်ဒါဏ်ရာရသင့် ခဲ့ တာပေါ့ ဗျာ....

ကျွန်တော်ဟာကိုယ့် ကိုယ်ကိုမှန်ထဲမှာပြန်ကြည့် ယင်း ဆီပူလောင်အဖုတွေ၊ ဆီပူလောင်တဲ့ အကွက်တွေရှိ

နေမလားဆိုပြီးပေါ့ ....ဘာတစ်ခုမှမရှိခဲ့ ပါဘူး...ဆီပူလောင်ယင်ဖြစ်တတ်တဲ့ အနီကွက်လေးတွေတောင်

မရှိပါဘူး...ဘာဆိုဘာမှမဖြစ်ခဲ့ တာပါပဲ..." လို့ ၎င်းကပြောပြခဲ့ ပါတယ်...


နောက်တစ်နေ့ မှာဈေးရောင်းပြန်ထွက်ခဲ့ လို့ ဆိုင်နီးနားချင်းတွေအားလုံး အံ့ သြကုန်ကြပါတယ်...

" ဒီလောက်ကြီးမြန်မြန်ဈေးပြန်ထွက်နိုင်လိမ့် မယ်သူတို့ ကမထင်ဘူးလေ...လူတွေအားလုံးက ဒီလိုဆီပူတွေ

မိုးရွာသလို ထိခံရတာတောင်ဘာမှမဖြစ်တဲ့ လူဆိုပြီး အထူးအဆန်းလာကြည့် ကြတော့ တာပါပဲ..." လို့ သူ

ကပြောကြားခဲ့ပါတယ်...

အဲဒီကစပြီး မစ္စတာထရီချန်း လည်း ဆီပူအိုးထဲကနေ ကြက်သားတုံးတွေကိုလက်နှင့် စမ်းပြီးနှိုက်ဆယ်ကြည့်

တော့ တာပါပဲ...

" ဒီလိုမျိုးဆီပူအိုးထဲလက်နှိုက်ပြီးဆယ်တာ တစ်ခါမှမတွေ့ ဘူးတော့ လူတွေဆိုတာ သဘောအကျကြီးကျနေ

ကြတော့ တာပါပဲ....ယောင်းမကိုမသုံးပဲ အိုးထဲကနေလက်ချည်းသက်သက်နဲ့ နှိုက်တာကိုကြည့် ချင်တာ

သက်သက်နဲ့ တင် တစ်နိုင်ငံလုံးကလူတွေ ကြက်ကြော်လာဝယ်ကြတာပါပဲ..." လို့ သူကဆိုပါတယ်...


မစ္စတာထရီချန်း ဟာလွန်ခဲ့ တဲ့ ၇ နှစ်ကစပြီး နိုင်ငံတစ်ကာမှာထင်ပေါ်ကျော်ကြားခဲ့ ပြီး သူ့ ရဲ့ စွမ်းရည်ကိုပြ

သဖို့ အတွက် အသက် ၄၅ နှစ်ရှိ ဇနီးဖြစ်သူ တွမ် နှင့် အတူ ကမ္ဘာအနှံ့ လှည့် လည်ခဲ့ ပါတယ်...

သမီးဖြစ်သူ အသက် ၃၄ ရှိ ဆူပါလက်ခ် နှင့် သားဖြစ်သူ အသက် ၂၇ နှစ်ရှိ ဂျက်ဆဒါး တို့ လည်းဖခင်ဖြစ်သူ

အတွက် ဂုဏ်ယူနေကြပါတယ်...

" အံ့ သြစရာကောင်းလွန်းလို့ အဖေ့ ကိုကြည့် ရတာဘယ်တော့ မှမရိုးပါဘူး...ဒီလိုဖခင်မျိုးရလို့ လည်းအ

လွန်ဂုဏ်ယူမိပါတယ်..." လို့ ဂျက်ဆာဒါး ကဆိုခဲ့ ပါတယ်...


ဒီလိုလုပ်နိုင်လိမ့် မယ်လို့ ထင်တောင်မထင်ခဲ့ ပါဘူး...တစ်ကယ့် ကိုအဆန်းတစ်ကြယ်ပါပဲ...ကျွန်တော့် ဆိုင်
ကတော့ လာကြည့် သူ အနယ်နယ်အရပ်ရပ်ကခရီးသည်တွေနှင့် ဖောက်သည်တွေတိုးတိုးလာလို့ ပိုပိုပြီးအ
လုပ်များ၊ရောင်းကောင်းနေတော့ တာပါပဲဗျာ လို့ သူဆိုလိုက်ပါတယ်....

သူ့ ရဲ့ နာမည်ကျော်ဆိုင်ကလေးကတော့ ဘန်ကောက်မြို့ မှ မြောက်ဘက် မိုင် ၄၇၀ အကွာရှိ ချင်းမိုင်မြို့ ရဲ့ 

နည်းပညာကောလိပ်အပြင်ဖက်နားမှာတည်ရှိနေပါတယ်....

" ဒီဒေသကိုရောက်ခဲ့ ယင်တော့ သံမဏိလက်နှင့် ကြက်ကြော်သမားရဲ့ ဆိုင်ကိုလာပြီး သူ့ အစွမ်းကိုကြည့် ရှု

ဖို့ မမေ့ ပါနှင့် ...." လို့ သူကဆိုလိုက်ပါတယ်....

Unscathed: Mr Trichan discovered his skill when a squirrel dropped a mango into a pan next to him, splashing boiling fat all over himဒီကမ္ဘာမှာ ကျွန်တော်အကြော်ဆုံး...
ရှဉ့် လက်ထဲကသရက်သီး သူ့ ဘေးကဆီပူအိုးထဲပြုတ်ကျပြီးကတည်းက ဇာတာစန်းလဂ်တက်ခဲ့ 
တော့တာပါပဲ...အဲဒီကတည်းကမနားတမ်းကြော်နေခဲ့ ရတော့ တာပါပဲ...
Tourist attraction: Over the past seven years Mr Trichan has become a celebrity with people flocking to his stall in Chiang Ma
ကမ္ဘာလှည့်ခရီးသည်များဆွဲဆောင်ရာ...
ချင်းမိုင်မြို့ ရဲ့ နာမည်ကျော်...အကြော်ဆရာ မစ္စတာထရီချန်း...
 
from - http://fettypotelay.multiply.com

သစ်ကြားသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

သစ်ကြားသီး စားရင် အဆီတက် မှာ စိုးလို့ဆိုပြီး တချို့ က ရှောင်တတ် ကြ ပါတယ်။
တကယ်က သစ်ကြားသီး မှာပါ ဝင်တဲ့ အဆီက ကောင်းတဲ့အဆီပါ။ တစ် နေ့မှာ အသင့်အတင့်ပမာဏကို စားပေး ရင် ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တဲ့ အပြင် အောက်ပါကျန်းမာရေးစွမ်းပကား တွေကိုလည်း ရရှိပါလိမ့်မယ်။

(၁) နှလုံးရောဂါမဖြစ်အောင် ကာကွယ် ပေးပါတယ် သစ်ကြားသီးမှာ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အင်တီအောက်ဆီးဒင့် များစွာ ပါဝင်ပါ တယ်။ သစ်ကြားသီးမှာ အိုမီဂါ၃ ဖက်တီး အက်စစ်လည်း ပါဝင်နေပါတယ်။ ဒါ ကြောင့် သစ်ကြားသီးကို စားတာက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော နဲ့ ထရိုင်ဂလစ် စရိုက် အဆင့်ကို လျော့ကျ စေ တာကြောင့် နှလုံးရောဂါဖြစ်နှုန်းကို လျော့ကျစေပါတယ်။

(၂) စိတ်ကျရောဂါ သက်သာစေပါတယ် သစ်ကြားသီးနဲ့ သစ်ကြားသီးအဆီ မှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်မှု များတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ကောင်းကောင်းလုပ် ဆောင်နိုင်စေပြီး စိတ်ကျရောဂါကို သက် သာစေပါတယ်။ စိတ်ကျရောဂါခံစားနေ ရသူအများစုဟာ သူတို့ရဲ့ ခန္ဓာကိုယ်ထဲ မှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ပမာဏ လျော့နည်းနေတတ်ပါတယ်။ ကလေး တွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်လျော့ ကျနေရင် အာရုံစူးစိုက်မှုချို့တဲ့တဲ့ရောဂါ (ဗီံ) နဲ့ ဆက်စပ်မှုရှိတယ်လို့ လေ့ လာမှုများစွာက ဆိုပါတယ်။

(၃) ကိုယ်အလေးချိန်ကို လျော့ကျစေ ပါတယ် သစ်ကြားသီးရဲ့ ကောင်းတဲ့ အကျိုး တစ်ခုက ကိုယ်အလေးချိန်ကို ထိန်းပေး နိုင်တာပဲ ဖြစ်ပါတယ်။ လိုမာလင်ဒါတက္က သိုလ်ရဲ့ လေ့လာမှုတွေအရ ထမင်းမစား ခင် သစ်ကြားသီးအနည်းငယ်စားတာက အစာစားချင်စိတ်ကို လျော့ကျစေပြီး အ စာကို နည်းနည်းပဲ စားဖြစ်စေတယ်လို့ သိရပါတယ်။

(၄) ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါ ပါတယ် သစ်ကြားသီးမှာ အာဟာရတန်ဖိုး များစွာ ပါဝင်တာကြောင့် တစ်နေ့တာ အတွက် လိုအပ်တဲ့ အာဟာရဓာတ်ကို ကောင်းကောင်း ရရှိစေပါတယ်။ သစ် ကြားသီးမှာ ပရိုတင်းဓာတ်၊ ဗီတာမင် ဘီ၊ ဗီတာမင် အီး၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီ ယမ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနိစ်တွေ ပါဝင် နေတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ကောင်းမွန်စေသလို ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုအတွက်လည်း အရေးပါပါတယ်။

(၅) ဆီးကျိတ်ကင်ဆာကို ကာကွယ် ပေးနိုင်ပါတယ် သစ်ကြားသီးမှာ အင်တီအောက် ဆီးဒင့်များစွာ ပါဝင်တာကြောင့် ဆီး ကျိတ်ကင်ဆာကို ကာကွယ်နိုင်စွမ်း ရှိ တယ်လို့ ဗြိတိန်အာဟာရဂျာနယ်မှာ လတ်တလောတွေ့ရှိချက်တစ်ရပ်ကို ရေး သားဖော်ပြထားပါတယ်။

(၆) မှတ် ဥာဏ်ကို ကောင်းမွန်စေပါ တယ် သစ်ကြားသီးကို ဦးနှောက်အာဟာ ရလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ အ ကြောင်းကတော့ သစ်ကြားသီးက ဦး နှောက်အခွံပုံသဏ္ဌာန်ရှိတဲ့အပြင် မှတ် ဥာဏ်အားကောင်းစေတဲ့ အိုမီဂါ ၃ အ ဆီတွေ များစွာ ပါဝင်တာကြောင့်ပါ။ ဦး နှောက်ဟာ အဆီ ၆၀ ရာခိုင်နှုန်းကျော် နဲ့ တည်ဆောက်ထားပါတယ်။ ဦးနှောက် ဆဲလ်တွေ ကောင်းကောင်း အလုပ်လုပ် နိုင်ဖို့ အဆီတည်ဆောက်ရာမှာ အိုမီဂါ ၃ အဆီ လိုအပ်ပါတယ်။

(၇) သည်းခြေကျောက်တည်မှု မဖြစ် အောင် ကာကွယ်နိုင်ပါတယ် အမျိုးသမီး ရှစ်သောင်းကျော်ကို နှစ် ၂၀ ကြာလေ့လာမှုအရ တစ်ပတ်မှာ သစ်ကြားသီးလို အခွံမာတဲ့အစေ့အဆန် တစ်အောင်စ စားတဲ့ အမျိုးသမီးတွေက မစားသူတွေထက် သည်းခြေကျောက် တည်နိုင်ခြေ ၂၅ ရာခိုင်နှုန်းလျော့နည်း ကြောင်း သိရပါတယ်။ တစ်အောင်စဆို တာ ပျမ်းမျှအားဖြင့် သစ်ကြားသီး အစေ့ ၂၈စေ့ခန့်နဲ့ ညီမျှပါတယ်။ ဒါမှမဟုတ် နေ့လယ်စာစားပြီးချိန်မှာ သစ်ကြားသီး လက်တစ်ဆုပ်စာပမာဏကို စားပေးရင် လည်း သည်းခြေကျောက်တည်တာအ ပါအဝင် သည်းခြေအိတ်ဆိုင်ရာ ရောဂါ တွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၈) ကောင်းကောင်း အိပ်မောကျစေ ပါတယ် ညစာစားရာမှာ ဟင်းရွက်သုပ်ထဲ သစ်ကြားသီးထည့်စားပေးရင် ကောင်း ကောင်းအိပ်မောကျစေပါတယ်။ သစ်ကြား သီးမှာပါတဲ့ မယ်လတိုနင်ဟာ ညဆိုင်းအ လုပ်လုပ်ရသူ၊ လေယာဉ်အကြာကြီးစီးရ သူတွေမှာ အိပ်ရေးဝ၀ အိပ်ပျော်စေပါတယ်။

(၉) ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှု ကို တွန်းလှန်နိုင်ပါတယ် သစ်ကြားသီးကို စားရင် ဖရီးရယ် ဒီကယ်ကြောင့် ထိခိုက်မှုဖြစ်လာတဲ့ ရော ဂါတွေကို ကာကွယ်ပေးပါတယ်။ ဥပမာကင်ဆာရောဂါဖြစ်နိုင်ခြေကို လျော့ကျ စေပြီး နှလုံးသွေးကြောဆိုင်ရာရောဂါနဲ့ ပါကင်ဆန်ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ တို့လို ရောဂါတွေကို သက်သာစေပါ တယ်။

(၁၀) အရိုးကျန်းမာရေးကို ကောင်းမွန် ပေးပါတယ် သစ်ကြားသီးမှာပါတဲ့ Alpha linolenic acid ဟာ အရိုးဖြစ်ပျက်မှုကို အလွန်အမင်းမဖြစ်အောင် ကာကွယ်ပေး တာကြောင့် အရိုးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ သစ်ကြားသီးမှာ အိုမီဂါ ၃ အဆီပါဝင်မှုကြောင့် အရိုးထု ထည်ဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ပေး နိုင်ပါတယ်။

http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A477219&xgs=1&xg_source=msg_share_post

ရေကျောက်ရောဂါ


ရေကျောက်ရောဂါ (Chickenpox) ကို ပဲသီတာလို့လည်း ခေါ်ကြပါတယ်။ ကလေးတွေမှာ ဖြစ်ရိုးဖြစ်စဉ် ကူးစက် ရောဂါဖြစ်ပါတယ်။ ဗေရီဆယ်လား (Varicella Zoster) လို့ ခေါ်တဲ့ ဗိုင်းရပ်(စ်)ပိုး တစ်မျိုးကြောင့် ဖြစ်ပွားရပါတယ်။

ပိုးဝင်ပြီး ပထမ တစ်ရက်အတွင်း နှာစေပြီး ချောင်းဆိုးမယ်။ ယားမယ။ နည်းနည်းဖျားမယ်။ နှစ်ရက်၊ သုံးရက်ကြာရင် အရေပြားပေါ်မှာ အရည်ကြည် ဖုလေးတွေ ပေါ်လာပါတယ်။ (၇)ရက် အတွင်း အရည်ကြည်ဖုလေး တဖြည်းဖြည်းခြောက်ပြီး (၇)ရက် ကျော်သွားရင် အကုန်လုံး ခြောက်လာပြီး ကွာကျပါတယ်။
ကလေးတွေမှာ ရောဂါပျိုးစ (အရည်ကြည်ဖုမပေါ်ခင်) အချိန်မှာ ကူးစက်မှု အမြန်ဆုံးဖြစ်ပါတယ်။

တစ်ခါတစ်ရံ နှာစေးချောင်းဆုံးရုံလောက်နဲ့ ပြီးသွားပြီး တစ်ရက်နှစ်ရက်ကြာတော့ အတူနေကလေးတွေကို ကူးစက်သွားတယ်။ ကူးစက်ပုံကတော့ ရောဂါရှိတဲ့ကလေးရဲ့ အသက်ရှူလမ်းကြောင်းမှ ထွက်သောအရည်၊ အမှုန်အစက်ကလေးတွေ Droplet ကတဆင့် ကူးစက်ပါတယ်။ အရည်ကြည်ဖုလေးတွေကို ဘက်တီးရီးယား ပိုးဝင်သွားရင် ပြည်တည်နာလေးတွေ ဖြစ်သွားပါတယ်။

ရေကျောက် ဗိုင်းရပ်(စ်)ပိုးကြောင့် ဦးနှောက်ရောင်ရောဂါ၊ အဆုတ်ရောင်ရောဂါ၊ အဆုတ်အအေးမိရောဂါ ဖြစ်သွားနိုင်ပါတယ်။ သာမန်အားဖြင့် အသက်အန္တရာယ်မရှိပေမယ့် ခုခံအားကျဆင်းနေတဲ့ ကလေးတွေ၊ ကျောက်ကပ် ရောင်ရောဂါရှိတဲ့ကလေး၊ သွေးကင်ဆာရောဂါ ရှိတဲ့ကလေးတွေ၊ စတီးရွိုက်ဆေးတွေသောက်နေလို့ခုခံအား ကျနေတဲ့ ကလေးတွေဆိုရင်တော့ အန္တရာယ်ရှိပါ တယ်။

ကလေးတိုင်းလိုလိုဖြစ်နိုင်ပါတယ်။ အငယ်ဆုံး(၆)လကနေ အသက်ကြီးသည်အထိ ဖြစ်နိုင်ပါတယ်။ ငယ်ငယ်တုန်း က မဖြစ်တဲ့ ကလေးတွေ လူကြီးဘ၀မှာ ကူးစက်ခံရနိုင်ပါတယ်။ အတွေ့အကြုံအရ အသက် (၁၉)နှစ်မှ အသက် (၂၀)အထိ ရေကျောက်ပေါက် တာ တွေ့ဖူးပါတယ်။ အများအားဖြင့် မတ်လ၊ ဧပြီလလောက်မှာ ကလေးတွေ အဖြစ်များပါတယ်။

ရောဂါဖြစ်မှန်း သေချာဖို့အတွက် ပြင်ပလက္ခဏာများကို စမ်းသပ်ကြည့်ရှုရုံနဲ့ သေသေချာချာသိရှိနိုင်ပါတယ်။ အရည် ကြည်ဖုလေးတွေ ပေါက်နေတာကို ကြည့်ပြီးပြောနိုင်ပါတယ်။ သွေးစစ်ကြည့်မယ်ဆိုရင်တော့ ရေကျောက် ဗိုင်းရပ်(စ်)ပိုး အတွက် ခုခံပစ္စည်းတွေထွက်နေတာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။
ဗိုင်းရပ်(စ်)ပိုးဟာ ခန္ဓာကိုယ်ထဲမှာ ကျန်နေခဲ့ပြီး ကြီးလာရင် ကျောက်ပေါက် နေတဲ့လူရဲ့ အရည်ကြည်ဖုလေးတွေကို ဖောက်ယူပြီး ဗိုင်းရပ်(စ်)ပိုးကို မွေးယူလို့ရပါတယ်။

ကုသပုံကတော့ ဗိုင်းရပ်(စ်)ပိုးအတွက် ပေးထားတဲ့ဆေးကတော့ မရှိပါဘူး။ အဖျားကြီးရင် အဖျားကျဆေးပေးမယ်။ ယားယံလျှင် အယားပျောက် ဆေးတွေပေးပါတယ်။ အရည်ကြည်ဖု ပြည်တည်လျှင်တော့ ပဋိဇီဝပိုးသတ်ဆေးတွေပေးဖို့ လိုပါ လိမ့်မယ်။
အရည်ကြည်ဖုလေးတွေ အချိန်တန်ရင် ကွာကျသွားမှာပါ။ ဘာဆေးမျှလိမ်းစရာမလိုပါဘူး။ အမာရွတ်လည်း ထင်ကျန် ခြင်း မရှိပါဘူး။ တစ်ခါတစ်ရံအရေပြားရဲ့ (Dermis) အလွှာကို ထိရင်တော့ အမာရွတ်သေးသေးလေး ကျန်တက်ပါတယ်။ ပြည်တည် ရောဂါ ပိုးဝင်ရင်လည်း ကျန်တက်ပါတယ်။

ရေကျောက်ရောဂါဟာ ကာကွယ်ဖို့အတွက် ကာကွယ်ဆေးကို သာမန်အားဖြင့် ထိုးမပေးပါဘူး။ ခုခံအားကျဆင်းနေ တဲ့ ကလေးတွေဆိုရင်တော့ ထိုးပေးနိုင်ပါတယ်။
ဒီရောဂါဟာ အန္တရာယ်မရှိလှသလို၊ သိပ်ပြီးစိုးရိမ်စရာ မလိုပါဘူး။ အရည်ကြည်ဖု လေးတွေဖြစ်ပေါ်လာလည်း ဘာဆေးမျှလိမ်းစရာ မလိုပါဘူး။ သနပ်ခါးလည်း လိမ်းစရာမလိုပါဘူး။ သူ့ဘာသာသူ ပျောက်သွားမှာ ဖြစ်ပါတယ်။
MG MANDALAY

http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogPost%3A7991962&xgs=1&xg_source=msg_share_post

အထိုင်များသော အလုပ်ကြောင့် စောစောစီးစီး သေဆုံးစေနိုင်

Photo: အထိုင်များသော အလုပ်ကြောင့် စောစောစီးစီး သေဆုံးစေနိုင် တစ်ခါထိုင်ရင် သုံး-လေးနာရီကျော်ကြာတဲ့သူတွေကို လေ့လာခဲ့ရာ စောစောစီးစီး သေဆုံးနိုင်ခြေ မြင့်မားနေတယ်လို့ လေ့လာမှု နှစ်ခုအရ သိရပါတယ်။ အမေရိကန်လေ့လာမှုအရ တစ်နေ့ ခြောက်နာရီထက် ပိုမိုထိုင်ပြီး လေ့ကျင့်ခန်း မလုပ်တဲ့ အမျိုးသမီးတွေက အချိန်မတိုင်မီ စောစောသေဆုံးနိုင်ခြေ ၇၀ ရာခိုင်နှုန်းကျော် ပိုမိုမြင့်မားကြောင်း၊ အမျိုးသားတွေမှာတော့ အချိန်မတိုင်မီ စောစောသေဆုံးနိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုမိုမြင့်မားကြောင်း လေ့လာတွေ့ရှိရပါတယ်။သြစတြေးလျ လေ့လာမှုအရ တစ်နေ့ ၁၁ နာရီကျော်ထိုင်တဲ့သူတွေက အချိန်မတိုင်မီ စောစောသေဆုံးနိုင်ခြေ ၄၀ ရာခိုင်နှုန်း ပိုမိုမြင့်မားကြောင်း တွေ့ရှိရပါတယ်။ လေ့လာမှုနှစ်ရပ်အရ လူတွေက အထိုင်များလေလေ၊ ဘဝသက်တမ်းတိုဖို့ အခွင့်အလမ်း ပိုများလေလေ ဖြစ်တာကိုတွေ့ရပါတယ်။ အထိုင်များသူတို့အတွက် ဖြေရှင်းနည်း - အထိုင်များတဲ့ အလုပ်လုပ်ရသူတွေ အနေနဲ့ နာရီဝက်ကြာ ထိုင်ပြီးတိုင်း မတ်တပ်ရပ်ပေးဖို့ လိုပါတယ်။ - ဖုန်းကို ရပ်ပြီး ပြောတာ၊ လက်ကိုင်ဖုန်းကို လမ်းလျှောက်ပြီး ပြောတာမျိုး လုပ်ပါ။ - လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောရာမှာ အီးမေး၊ ချက်တင်တွေနဲ့ ပြောမယ့်အစား သူတို့ဆီကို သွားရောက်ပြီးပြောပါ။ - နာရီများစွာ ကြာကြာထိုင်ပြီး အလုပ်လုပ်မယ့်အစား မကြာခဏ ရေသောက်လိုက်၊ အိမ်သာသွားလိုက်(ဆီးသွားလိုက်)လုပ်ပေးပါ။ ZKO(Ref; yahoo.com) By Good Health Originally posted 11/06/2012 15:44PM 
တစ်ခါထိုင်ရင်သုံး-လေးနာရီကျော်ကြာတဲ့သူတွေကို လေ့လာခဲ့ရာ စောစောစီးစီး သေဆုံးနိုင်ခြေ မြင့်မားနေတယ်လို့
 လေ့လာမှု နှစ်ခုအရ သိရပါတယ်။ အမေရိကန်လေ့လာမှုအရ တစ်နေ့ ခြောက်နာရီထက် ပိုမိုထိုင်ပြီး
လေ့ကျင့်ခန်း မလုပ်တဲ့ အမျိုးသမီးတွေက အချိန်မတိုင်မီ စောစောသေဆုံးနိုင်ခြေ ၇၀ ရာခိုင်နှုန်းကျော် ပိုမိုမြင့်မားကြောင်း၊ အမျိုးသားတွေမှာတော့ အချိန်မတိုင်မီ စောစောသေဆုံးနိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုမိုမြင့်မားကြောင်း လေ့လာတွေ့ရှိရပါတယ်။သြစတြေးလျ လေ့လာမှုအရ တစ်နေ့ ၁၁ နာရီကျော်ထိုင်တဲ့သူတွေက အချိန်မတိုင်မီ စောစောသေဆုံးနိုင်ခြေ ၄၀ ရာခိုင်နှုန်း ပိုမိုမြင့်မားကြောင်း တွေ့ရှိရပါတယ်။ လေ့လာမှုနှစ်ရပ်အရ လူတွေက အထိုင်များလေလေ၊ ဘဝသက်တမ်းတိုဖို့ အခွင့်အလမ်း ပိုများလေလေ ဖြစ်တာကိုတွေ့ရပါတယ်။

အထိုင်များသူတို့အတွက် ဖြေရှင်းနည်း

- အထိုင်များတဲ့ အလုပ်လုပ်ရသူတွေ အနေနဲ့ နာရီဝက်ကြာ ထိုင်ပြီးတိုင်း မတ်တပ်ရပ်ပေးဖို့ လိုပါတယ်။

- ဖုန်းကို ရပ်ပြီး ပြောတာ၊ လက်ကိုင်ဖုန်းကို လမ်းလျှောက်ပြီး ပြောတာမျိုး လုပ်ပါ။

- လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောရာမှာ အီးမေး၊ ချက်တင်တွေနဲ့ ပြောမယ့်အစား သူတို့ဆီကို သွားရောက်ပြီးပြောပါ။

- နာရီများစွာ ကြာကြာထိုင်ပြီး အလုပ်လုပ်မယ့်အစား မကြာခဏ ရေသောက်လိုက်၊ အိမ်သာသွားလိုက်(ဆီးသွားလိုက်)လုပ်ပေးပါ။

ZKO(Ref; yahoo.com)
By Good Health Originally posted 11/06/2012 15:44PM
http://onlinepyadaik.com/profiles/blog/show?id=4021190%3ABlogPost%3A584780&xgs=1&xg_source=msg_share_post