“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, July 21, 2012

windows xp speed မြှင့်တင်ပေးနိုင်တဲ့ နည်းလမ်းအချို့....



(1) Indexing Services ကို ပိတ်ပစ်ပါ။
ဒီဆားဗစ်က ကျနော်တို့ရဲ့စက်ထဲမှာရှိတဲ့ ဖိုလ်ဒါတွေ၊ ဖိုင်တွေရဲ့စာရင်းကို စနစ်တကျ စုစည်းပေးတဲ့ ဆားဗစ်တစ်ခုပါ။ ကျနော်တို့ ဖိုင်တစ်ဖိုင်ကို ရှာတဲ့အခါတိုင်း စက်ထဲမှာရှိသမျှ ဖိုင်တိုင်းကိုလိုက်စစ်စရာမလိုဘဲ တည်ဆောက်ပြီးသား index list မှာရှာခြင်းအားဖြင့် မြန်မြန်ရှာတွေ့စေပါတယ်။ ဆိုးတာက သူက system resourse တော်တော်များများကို သုံးတာပါပဲ။ ကျနော်တို့ ဖိုင်(သို့)ဖိုလ်ဒါတစ်ခုခုကို ပြင်ဆင်တိုင်း သူကအမြဲနောက်ကွယ်ကနေ indexing and updating လုပ်နေပါတယ်။ ကျနော်တို့က ဖိုင်တွေကို အမြဲရှာဖွေမနေရင်၊ မှတ်မိနေရင်(ဦးနှောက်ကောင်းရင်ပေါ့ဗျာ) ဒီဆားဗစ်မလိုပါဘူး။ ရံဖန်ရံခါ ရှာဖွေဖို့လိုအပ်ရင်တောင် ဒီဆားဗစ်ကို ပိတ်ထားလို့ရပါတယ်။ သူ့ကိုအပြီး uninstall လုပ်ချင်ရင်....
၁. Start ကို သွားပါ။
၂. Setting ကိုရွေးပါ။
၃. Control Panel ကိုရွေးပါ။
(ဒါမှမဟုတ် Windows key + R နှိပ်ပြီး ပေါ်လာတဲ့ Run box ထဲမှာ control လို့ ရိုက်ပြီး Enter ခေါက်ရင်လည်းရပါတယ်)
၎. Add or Remove Programs ကို ဖွင့်ပါ။
၅. Add/Remove Windows Components ကို ရွေးပါ။

ခံတွင်းအနံ့ဆိုးနေရင် ခရမ်းချဉ်သီးစား

ခရမ်းချဉ်သီးကိုစားချင်းဖြင့်အသားအရေလှတယ်လို့ပြောကြပါတယ်။
လူတွေနဲ့စကားပြောချိန်မှာ ခံတွင်းနံ့ဆိုးဝါးရင်ယုံကြည့်ချက်တစ်စိတ်တစ်ဒေသလျော့စေပါတယ် ဒါကြောင့်လည်းလူသားတွေကလည်း
မိမိကိုယ်ကိုယ်ယုံကြည်မှုအပြည့်အ၀ရှိဖို့အဆွက် ခံတွင်းငုံဆေးတွေ ၊ ပီကယ်တွေ ၊ ခံတွင်းသန့်ဆေးတွေသုံးကြပါတယ်။
ခံတွင်းကိုအနံ့ဆိုးစေတာကလည်း အသားတွေ နဲ့ ၀မ်းမှာအလွယ်တကူပုတ်နိုင်တဲ့အရာတွေကလည်းခံတွင်းနံ့ကိုဆိုးဝါးစေပါတယ်။
ခံတွင်းငုံဆေးတွေ ၊ ပီကယ်တွေ ၊ ခံတွင်းသန့်ဆေးတွေ အလွယ်တစ်ကူပါမလာခဲ့ရင်တောင် ခရမ်းချဉ်သီးလေးတစ်လုံးက သင့်ရဲ့ခံတွင်း
နံ့ကို 5% ပဲကျန်အောင်ကူညီဖြေရှင်းပေးပါလိမ့်မယ်။

စောင့်လို့နေမှာပါ.....

မင်းနဲ့မှ ချစ်တတ်သွားတာပါ
မင်းနဲ့မှ ချစ်တာမချစ်တာ ငါသိခဲ့တာ
မင်းနဲ့မှ အချစ်အကြောင်းငါသိခဲ့တာ
ဒါတွေဟာ ရိုးလွန်းပါတယ်ကောင်မလေးရယ်
ငါကတော့ မင်းအပေါ်
ဘယ်လောက်ချစ်တယ်ဆိုတာတွေကို
ရိုးလွန်း အသုံးများလွန်းနေတဲ့စကားလုံးတွေနဲ့ မတင်စားချင်ဘူးကောင်မလေးရယ်
ငါအချစ်ကို ထိခိုက်ပွန်းပဲ့သွားနိုင်လို့ပါ
ငါရဲ့အချစ်ဟာ အရမ်းသိမ်မွေ့နူးညံ့ပြီး
ပေးဆပ်ခြင်းတွေ ရယူခြင်းမရှိ
ယုယခြင်းတွေ ကြမ်းတမ်းခြင်းမရှိ
နွေးထွေးသော အချစ် အေးစက်စက်ဖြစ်ခြင်းမရှိတွေနဲ့
ပြည့်စုံနေတဲ့ အချစ်တွေနဲ့မင်းလေးကို
တသက်လုံးချစ်သွားမှာပါ
မင်းအနားဘယ်သူတွေပဲရှိရှိပေါ့ ကောင်မလေးရယ်
မပြောင်းမလဲ အကြောင်းမလွဲပဲ
တထောင့်တနေရာကနေ မင်းလေးကိုယ့်ရင်ခွင်ဝင်လာမဲ့
တစ်နေ့ကို ကိုယ်ကျေကျေနပ်နပ်ကြီး စောင့်လို့နေမှာပါ......

ကောင်မလေး

ကောင်မလေးရေ
ငါတော့ နင့်နဲ့တွေ့ရတဲ့အချိန်လေးတွေကို
စိန်စီပြီး ရွှေကွပ်ထားချင်တယ်

ကောင်မလေးရေ
ငါတော့ နင်ပြောတဲ့စကားလုံးလေးတွေကို
ငါ့နှလုံးသားထဲမှာ ဖမ်းယူထားတယ်
နင့်အသံအမြဲတမ်းကြားချင်လို့ပေါ့

ကောင်မလေးရေ
ငါတော့ နင့်ဆံနွယ်စလေးတွေကို
ငါ့သိမ်းထားပါရစေ
နင့်ကိုသတိရရင် နမ်းရှိက်ချင်လို့ပါ.