“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, October 20, 2013

တက်တူးထိုးခြင်းနှင့်အရေပြားကင်ဆာဖြစ်ပွားမှု


တက်တူးထိုးခြင်းနှင့်အရေပြားကင်ဆာဖြစ်ပွားမှု


လူငယ်များအကြားတွင် ခေတ်စားနေသောတက်တူးထိုးခြင်
းသည် အရေပြားကင်ဆာဖြစ်ပွားမှုနှုန်းကို မြင့်တက်စေကြောင်း လေ့လာမှုတစ်ရပ်တွင် ဖော်ပြထားသည်။ တက်တူးထိုးရာတွင် အသုံးပြုသောဆေးရည် သည် အရေပြားကင်ဆာကို ဖြစ်စေနိုင်သော ပစ္စည်းများပါဝင်နေသည်ဟု သိရသည်။ အထူးသဖြင့်အပြာရောင် ခြယ်တက်တူးမင်သည် တက်တူးထိုးသူများနှင့် ထိုးနှံပေးသောသူများအကြိုက်အရောင်တစ်မျိုးဖြစ်ပြီးကို ဘော့သတ္ထု နှင့်အလူမီနီယမ်များ ပါဝင်နေသည်။နယူးဒေလီမြို့ BLK ဆေးရုံ၊ အရေပြားအထူးကုဌာနမှ Dr. D.J.S Tula တက်တူးနှင့် ကိုယ်ခန္ဓာအ ပေါက်ဖောက်သော ကိရိယာများသည် လူ့သွေးများမှတစ်ဆင့် ကူးစက်သော ရောဂါများရရှိနိုင်ချေများကြောင်း၊ သွေးမှတစ်ဆင့်ကူးစက်တတ်သော HIV၊ အသည်းရောင်အသားဝါ B,Cနှင့် အရေပြားကင်ဆာရောဂါ အချို့ ကို ရရှိနိုင်ကြောင်း၊ အရေပြားကင်ဆာများတွင် မှဲ့ကင်ဆာနှင့် Squamous cell carcinoma တို့ပါဝင်ကြောင်း၊တက်တူးထိုးသူတိုင်း အဆိုပါရောဂါများကို ရရှိနိုင်သည်ဟု မဆိုလိုဘဲ အသုံးပြုသော တက်တူးမင်အမျိုးအစား၊ တက်တူးထိုးသောကိရိယာ၊ လုပ်ငန်းစဉ်များ၏ ပိုးသတ်ထားမှုရှိမရှိက အဓိကကျ ကြောင်းကိုရှင်းပြထားသည်။“တက်တူးထိုးတဲ့မင်မှာ တစ်ခါတလေ အာဆင်းနစ်တွေ ထည့်သွင်းထားတတ်ပါတယ်။ထိုးနှံသူကတော့ မသိတဲ့အတွက် အရေပြားကင်ဆာဖြစ်ဖို့ အခွင့်အလမ်းများနေပါတယ်။ နောက်ပြီး မှဲ့ရှိတဲ့နေရာတွေနားမှာ လည်းတက်တူးမထိုးသင့်ပါဘူး တကယ်လို့တက်တူးထိုးထားတဲ့နေရာ အနီးတ၀ိုက်မှာပုံမှန်မဟုတ်ဘဲမှဲ့တွေ ပေါ်လာပြီဆိုရင် အရောင်၊ အရွယ်အစား၊ ပုံသဏ္ဌာန်၊ အနားသတ်ပုံစံတွေကို သေချာ စစ်ဆေးဖို့လိုပါတယ်။ တကယ်လို့သေချာမကြည့်ဘဲ ပေါ့ပေါ့ဆဆပဲထားမယ်ဆိုရင် မှဲ့ကင်ဆာနဲ့ အခြားအရေပြားကင်ဆာတွေကို အချိန်လွန်မှ သိတာမျိုးဖြစ်သွားနိုင်ပါတယ်”ဟု ကင်ဆာရောဂါအထူးကု ဆရာဝန် Dr.Amit Kumarက အကြံ ပေးထားသည်။ထို့ပြင်တက်တူးဖျက်ခြင်းတွင်လည်း ဆိုးကျိုးများရှိနေကြောင်း၊အရေပြားအရောင်ဖျော့သွားခြင်း (hypo pigmentation)၊ ရင့်သွားခြင်း (hyper pigmentation)များရလာနိုင်ကြောင်းသိရသည်။ ကျွမ်းကျင်သောတက်တူးထိုးပေးသူများထံသာ သွားသင့်ကြောင်း၊ progessionaltattooistသည် အော်ဂဲနစ်မင်ကိုသာ အသုံးပြုကြကြောင်း၊ ဈေးပေါပေါသုံးထားသောတက်တူးများတွင် အာဆင်းနစ်၊ ကိုဘော့နှင့် အလူမီနီယမ် ကဲ့သို့သော အရေပြားကင်ဆာဖြစ်စေနိုင် သည့်ဓာတ်များပါဝင်နေကြောင်းကို ယခုလေ့လာမှုတွင် ဖော်ပြထားသည်။

သန့်စင်
Ref: IANS
Health Updates


http://myawadynews.blogspot.com/2013/10/blog-post_1444.html
လူငယ်များအကြားတွင် ခေတ်စားနေသောတက်တူးထိုးခြင်းသည် အရေပြားကင်ဆာဖြစ်ပွားမှုနှုန်းကို မြင့်တက်စေကြောင်း လေ့လာမှုတစ်ရပ်တွင် ဖော်ပြထားသည်။ တက်တူးထိုးရာတွင် အသုံးပြုသောဆေးရည် သည် အရေပြားကင်ဆာကို ဖြစ်စေနိုင်သော ပစ္စည်းများပါဝင်နေသည်ဟု သိရသည်။ အထူးသဖြင့်အပြာရောင် ခြယ်တက်တူးမင်သည် တက်တူးထိုးသူများနှင့် ထိုးနှံပေးသောသူများအကြိုက်အရောင်တစ်မျိုးဖြစ်ပြီးကို ဘော့သတ္ထု နှင့်အလူမီနီယမ်များ

သင့်ဘ၀မှာ အောက်ပါ အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ မိန်းကလေး (သို့) ယောက်ျားလေးနဲ့ ဆုံစည်းခွင့်ရရင် ဘယ်တော့မှ လက်လွတ်မခံပါနဲ့

သင့်ဘ၀မှာ အောက်ပါ အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ မိန်းကလေး (သို့) ယောက်ျားလေးနဲ့ ဆုံစည်းခွင့်ရရင် ဘယ်တော့မှ လက်လွတ်မခံပါနဲ့ ...

၁) သင်နဲ့တွေ့ဖို့ အဝေးကြီးကနေ တကူးတက လာတွေ့ရတယ် (သို့) အခက်အခဲတွေကြားက လာခဲ့ရတယ် ...

၂) သူမမှားသည့်တိုင်အောင် "စိတ်မကောင်းပါဘူး" ဆိုတာလေးကို ပြောရှာတယ် ...

၃) သင့်ကိုချစ်တဲ့အတွက်၊ လွမ်းတဲ့အတွက် မျက်ရည်ကျရှာတယ် (မိန်းကလေးဆိုရင်) ...
သင့်ကိုချစ်တဲ့အတွက်၊ လွမ်းတဲ့အတွက် နီးစပ်ခွင့်ရဖို့ ကြိုးစားတယ် (ယောက်ျားလေးဆိုရင်) ...

၎) အဆင်မပြေမှုနဲ့ကြုံတွေ့လာရင်တောင် သင့်ရဲ့ အချစ်ကို ပြန်လည်ရနိုင်ဖို့ ကြိုးစားတယ် ....

၅) သူ့ကိုနာကျင်အောင် ဘယ်လောက် လုပ်လုပ် သင့်ကို ချစ်မြဲချစ်နေရှာတယ် ...

၆) ငြင်းခုန်မှုတွေဖြစ်လာရင်တောင် သင်တို့အချစ်ရေးတည်မြဲဖို့အတွက် အလျှော့ပေးသွားတယ် ...

၇) သင့်စိတ်မှာ ကျေနပ်ဝမ်းမြောက်မှုတွေ ဖြစ်ပေါ်လာအောင် အမြဲတမ်းပြုလုပ်ပေးတယ် ... သင့် ပျော်ရွှင်စေဖို့လည်း ကြိုးစားတယ် ...

၈) စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေရင်တောင် သင်ပါ ရောပြီး ပူပန်နေရမှာစိုးရိမ်လို့ သင့်ကိုဘယ်တော့မှ မပြောဘူး ....

(အကုန်မဟုတ်ပေမယ့် အချက်တော်တော်များများနဲ့ ကိုက်ညီနေရင်လည်း အမိသာ ဆွဲထားလိုက်တော့နော် ... သူချစ်ဆိုတာ ရခဲပါတယ်ရှင့် .. ^_^)
............

credit: အလင်္ကာမေကျော်
သင့်ဘ၀မှာ အောက်ပါ အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ မိန်းကလေး (သို့) ယောက်ျားလေးနဲ့ ဆုံစည်းခွင့်ရရင် ဘယ်တော့မှ လက်လွတ်မခံပါနဲ့ ...

၁) သင်နဲ့တွေ့ဖို့ အဝေးကြီးကနေ တကူးတက လာတွေ့ရတယ် (သို့) အခက်အခဲတွေကြားက လာခဲ့ရတယ် ...

၂) သူမမှားသည့်တိုင်အောင် "စိတ်မကောင်းပါဘူး" ဆိုတာလေးကို ပြောရှာတယ် ...

၃) သင့်ကိုချစ်တဲ့အတွက်၊ လွမ်းတဲ့အတွက် မျက်ရည်ကျရှာတယ် (မိန်းကလေးဆိုရင်) ...
သင့်ကိုချစ်တဲ့အတွက်၊ လွမ်းတဲ့အတွက် နီးစပ်ခွင့်ရဖို့ ကြိုးစားတယ် (ယောက်ျားလေးဆိုရင်) ...

၎) အဆင်မပြေမှုနဲ့ကြုံတွေ့လာရင်တောင် သင့်ရဲ့ အချစ်ကို ပြန်လည်ရနိုင်ဖို့ ကြိုးစားတယ် ....

၅) သူ့ကိုနာကျင်အောင် ဘယ်လောက် လုပ်လုပ် သင့်ကို ချစ်မြဲချစ်နေရှာတယ် ...

၆) ငြင်းခုန်မှုတွေဖြစ်လာရင်တောင် သင်တို့အချစ်ရေးတည်မြဲဖို့အတွက် အလျှော့ပေးသွားတယ် ...

၇) သင့်စိတ်မှာ ကျေနပ်ဝမ်းမြောက်မှုတွေ ဖြစ်ပေါ်လာအောင် အမြဲတမ်းပြုလုပ်ပေးတယ် ... သင့် ပျော်ရွှင်စေဖို့လည်း ကြိုးစားတယ် ...

၈) စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေရင်တောင် သင်ပါ ရောပြီး ပူပန်နေရမှာစိုးရိမ်လို့ သင့်ကိုဘယ်တော့မှ မပြောဘူး ....

(အကုန်မဟုတ်ပေမယ့် အချက်တော်တော်များများနဲ့ ကိုက်ညီနေရင်လည်း အမိသာ ဆွဲထားလိုက်တော့နော် ... သူချစ်ဆိုတာ ရခဲပါတယ်ရှင့် .. ^_^)
............

credit: အလင်္ကာမေကျော်
မြ၀တီ

မိန်းကလေးများ အလိုချင်ဆုံးအရာ



တခါတုန်းက နိုင်ငံငယ်လေးတစ်ခုမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တပါး နန်းတက်ခဲ့တယ်……ထိုတိုင်း ပြည်ရဲ့ အနီးအနားမှာ အလွန်းအင်အားကြီးပြီး စစ်လိုလားတဲ့ ဘုရင်ကြီး တစ်ပါးရှိတယ်…..ထို ဘုရင်ကြီး ဟာ တိုင်းပြည်ငယ်လေး ကိုသိမ်းပိုက်ချင်ပေမဲ့ ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့အတွေးအ ခေါ်တွေကို သဘောကျလို့ အခွင့်အရေးတစ်ခုပေးလိုက်ပါတယ်…..အဲ့ဒီအခွင့် အရေးကတော့ အလွန်ခက်ခဲ တဲ့ မေးခွန်းတစ်ခုပါ….
ဘုရင်ငယ်လေးအတွက် အချိန်တစ်နှစ်ပေးထားပြီး မဖြေနိုင်ပါက အသတ်ခံရမယ်လို့ ပြောလိုက်ပါတယ်….

“လောကကြီးမှာရှိတဲ့ အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ “

အဲဒီမေးခွန်းကတော့
ဘုရင်းလေးနဲ့ ပညာရှိအမတ်တွေကို ခက်ခဲရှုတ်ထွေးစေ တော့တာပါဘဲ…..တချိုက မဖြစ်နိုင်တဲ့ မေးခွန်းလို့ ထင်ကြတယ်……ဒါပေမယ့် အချိန်းတစ်နှစ်ရဖို့အတွက် အဖြေရှာဖို့ လက်ခံလိုက်ရတာပေါ့…..

ဒါနဲ့ သူ့တိုင်းပြည်မှာရှိတဲ့ မင်းညီမင်းသားတွေ၊ ဘုန်းတော်ကြီးတွေ၊ ပညာရှိတွေ၊ တရားသူကြီးတွေ၊ ပြည်သူ ပြည်သားတွေနဲ့ ပြည့်တန်ဆာအမျိုးသမီးတွေပါမကျန် ဆင့်ခေါ်ပြီး အဖြေရဖို့ ကြိုးစားပါတော့တယ်….ဒါပေမဲ့ ပြည့်စုံ ကျေနပ်ဖွယ်ရာ အဖြေတော့ မရခဲ့ပါဘူး….

နောက်ဆုံးမှာတော့ လူအများစုက တိုင်းပြည်မှာရှိတဲ့ စုန်းမအိုကြီး တစ်ယောက် သာလျှင် ဒီအဖြေကို ဖြေနိုင်လိမ့်မယ်လို့ လျှေက်တင်ကြတယ်…..စုန်းမကြီးဟာ အလွန်တန်ဖိုးကြီးတဲ့ အဖိုးအခကိုတောင်းဆို လိုက်ပါတယ်…

အဖြေပေးရမဲ့ နောက်ဆုံးရက်ဟာ တဖြေးဖြေးနီးလာပါပြီ….စုန်းမကြီးဟာလဲ သူ့တောင်းဆိုချက်ကို အရင် လိုက်လျှောမှ အဖြေပေးနိုင်မယ်လို့ ဆိုပါတယ်… တောင်းဆိုချက်ကတော့ ဘုရင်လေးရဲ့ ယုံကြည် အား အကိုရဆုံးသူငယ်ချင်း လဲဖြစ်၊ နိုင်ငံရဲ့ သူရဲကောင်းစစ်ဦးစီးလဲဖြစ်တဲ့ အမတ်ကြီးကို လက်ထပ်ပေး ဖို့ပါဘဲ….

ဘုရင်လေးလဲ အလွန်တုန်လှုပ်ချောက်ချားနေတာပေါ့…..စုန်းမကြီးပုံစံက ခါးကုန်းကုန်း၊ ကျောကုန်းဘုနှင့် အမြင်ဆိုရွားလှတယ်….သွားကလဲ ရှေသွား တစ်ချောင်းထဲရှိတယ်…အနံ့အသက်ကလဲ ဆိုးရွားလှတယ်…စကားအပြောအဆို ကလဲ ကြမ်းတမ်း ညစ်ညမ်းလှတယ်….ထိုဆိုးရွားလှတဲ့ စုန်းမကြီးနဲ့ နုးညံ့သိမ်မွေ့ စိတ် သဘောကောင်းတဲ့ သူရဲ့ သူငယ်ချင်းနဲ့ ယူဖို့တိုက်တွန်းဖို့ရာမှာ သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာပေါ့

ဒါပေမယ့် အမတ်ကြီးကတော့ တိုင်းပြည်နဲ့ လူမျိုးအရေးနဲ့ ယှဉ်ရင် ဒီကိစ္စဟာ သူ့အတွက် အရေးမကြီး ကြောင်း ပြောဆိုပြီး အဆိုကို လက်ခံပါ့မယ်လို့ ဘုရင် လေးကို လျှေက်တင်လိုက်ပါတယ်…

ဒီလိုနဲ့ မင်္ဂလာပွဲ အစီအစဉ်ကို ကြေငြာလိုက်ပြီး ဘုရင်လေးအတွက်အဖြေကို စုန်းမကြီးက ပေးလိုက် ပါတော့တယ်..

“လောကကြီးမှာရှိတဲ့ အမျိုးအမီးတိုင် အမှန်တကယ် အလိုချင်ဆုံးအရာက ………………….
သူတို့ရဲ့ ဘဝကိုသူတို့ စိတ်တိုင်းကျ စီမံခန့်ခွဲချင်တာပါဘဲ“

ထိုအခါမှ ပြည်သူတွေလဲ အဖြေကိုသိပြီး ဘုရင်ကြီးကလည်းစစ်မပြုတော့ဘဲ ဘုရင်လေးတို့တိုင်းပြည်နဲ့ မဟာမိတ်ပြုလိုက်ပါတော့တယ်…

အမတ်ကြီးနဲ့ စုန်းမကြီးတို့ရဲ့ မင်္ဂလာပွဲ ဘယ်လိုဖြစ်သွားလဲ????

ဘုရင်လေးလဲ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနဲခြင်းတွေကို တပြိုင်နက်ခံစားနေရပြီပေါ့…. သိမ်မွေ့ယဉ်ကျေးတဲ့ သူငယ် ချင်းနဲ့ အလွန်မသတီစရာစုန်းမတို့ရဲ့ လက်တွဲရမယ့် ဘဝအရေးကို စဉ်းစားမိလို့ပေါ့….အမတ်ကြီးလဲ ဆိုးရွား လှတဲ့ ဘဝကိုရင်ဆိုင်ဖို့ မင်္ဂလာအိပ်ခန်းတွင်းကို ဝင်သွားရပြီ…

ဒါပေမယ့် အိပ်ခန်းတွင်းမှာတော့ အလွန်လှပတဲ့ အမျိုးအမီးလေးတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရ လို့ အရမ်းအံ့သြသွားတာပေါ့…“ဘာတွေဖြစ်ကုန်ပြီ လဲ မိန်းကလေးရေ“ လို့ လှမ်းမေးလိုက်တယ်….

“သင်ဟာကျွန်မနဲ့ ပထမဦးဆုံးတွေ့တဲ့အချိန်မှာ အလွန်မသတီစရာကောင်းတဲ့ ရုပ်နဲ့တွေ့ပေမဲ့ ကြင်နာစွာ ဆက်ဆံခဲ့တယ်…ဒီအတွက်ကြောင့် စိတ်ထားကောင်း တဲ့သင့်ကို အခွင့်အရေးတစ်ခု ပေးချင်ပါတယ်….ဒါကတော့ နေ့ဘက် ဒါမှမဟုတ် ညဘက် ရှင်ကြိုက်တဲ့ အချိန်ပိုင်းမှာ အခုလိုလှပမွေးပျံ့တဲ့ပုံစံနဲ့ တွေ့မြင် နိုင် အောင် ဖန်ဆင်းထားမယ်လို့ ဆုံးဖြတ်ထားပါတယ်…“လို့ပြန်ပြောလိုက်ပါတယ်

ဘယ်လောက်များ ရက်စက် နာကျင်စေတဲ့ မေးခွန်းပါလိမ့်…အမတ်ကြီးလဲသေ ချာစဉ်းစားပြီး အဖြေပေးရ တော့မယ်….နေ့ပိုင်းမှာ ချောမောလှပတဲ့ မိန်းကလေး ကို မိတ်ဆွေတွေအလည်မှာ ပြသပြီး ညအချိန်မှာ စုန်းမကြီးနဲ့အတူတူအိပ်မလား. ဒါမှမဟုတ် နေ့ပိုင်းမှာ စုန်းမကြီးကိုပြသပြီး ကိုယ်ပိုင်အချိန်ဖြစ်တဲ့ ညအချိန် မှာ ပျော်ရွှင်ဖွယ်ရာအချိန်တွေကို ပိုင်ဆိုင်မှာလား..???

အမတ်ကြီးဘာရွေးလိုက်တယ်ဆိုတာကို ဆက်မဖတ်သေးဘဲ

သင်ကိုယ်တိုင်ဆိုရင်ကော ဘာကိုရွေးချယ်မှာလဲ………?????

အမတ်ကြီးရွေးချယ်လိုက်တာကတော့ “ မင်းသဘောအတိုင်းပါဘဲကွာ “

အဲဒီစကားကိုကြားလိုက်တဲ့အခါ အမျိုးသမီးလေးက အောက်ပါအတိုင်းကြေငြာ လိုက်ပါတော့တယ်…..

“အချိန်တိုင်း လှပတဲ့ပုံစံနဲ့ ရှင့်ကိုမြင်တွေ့စေချင်ပါတယ် “

ဘာကြောင့်လဲဆိုတော့ သူမဘဝကို သူမစိတ်ကြိုက်စီမံခွင့်ရရှိခဲ့လို့ပါ…

ပုံပြင်လေးရဲ့ အဓိက ဆိုလိုရင်းက ဘာလဲ….?????

သင့်ရဲ့ မိန်းကလေးဟာ သူတို့စိတ်တိုင်းကျ သူတို့ဘဝကို စီမံခွင့်မရခဲ့ရင်………

………….သင့်အခြေအနေဟာလဲ နေ့ ဒါမှမဟုတ် ည ပိုင်းတွေမှာ

………………………………

………………………………..မလှပနိုင်တော့ဘူးပေါ့နော်……….။ ။ ။

By သုတလင်း

အခမဲ့ ကြော်ငြာ

ဒါတွေသိမှ Internet ကို ဖုန်းနဲ့ သုံးပါ


 မိုဘိုင်းဖုန်းတွေကနေ အင်တာနက် ဆက်သွယ်မှုတွေကို data usage နဲ့ ကောက်ခံတော့မယ်ဆိုတော့ အသုံးပြုကြတဲ့သူတွေ အနေနဲ့ ကိုယ်ဘာတွေကို သုံးနေပြီး ဘယ်လောက် ကုန်ကျနိုင်တယ်ဆိုတာကို အကြမ်းဖျင်းလောက်တော့ သိထားကြဖို့ လိုပါတယ်။ ကိုယ်သုံးနေတဲ့ ဖုန်းရဲ့ data usage အနည်းအများဟာ အဓိကအားဖြင့်တော့ အသုံးပြုတဲ့ internet applications တွေနဲ့ တိုက်ရိုက် သက်ဆိုင်ပါတယ်။

Typical Data Usage

အင်တာနက်ကနေ မိနစ် 30 ခန့် တီဗွီကြည့်မယ်ဆိုရင် 90 MB ခန့်

YouTube က music video တွေ 4 mins လောက် ကြည့်မယ်ဆိုရင် 11 MB ခန့်

Radio apps တွေသုံးပြီး internet radio 10 mins လောက် နားထောင်ရင် 15 MB ခန့်

Facebook ကို video streaming မပါပဲ 15 mins လောက် သုံးမယ်ဆိုရင် 5 MB ခန့်

Attachment မပါတဲ့ email အစောင် 100 လောက် လက်ခံတာ/ပို့တာအတွက် 2.5 MB ခန့်

Attachment ပါတဲ့ email 10 စောင်လောက် လက်ခံတာ/ပို့တာအတွက် 18 MB ခန့်

Web pages 100 လောက် browsing လုပ်ဖို့အတွက် 20 MB ခန့်

Google maps ကို 10 mins လောက် ဝင်ကြည့်ရင် 6 MB ခန့်


Video streaming
Data usage ဘယ်လောက်သုံးမလဲ ဆိုတာ video အမျိုးအစားအပေါ် မူတည်ပါတယ်။ အကြမ်းဖျင်း အားဖြင့်တော့ Youtube က 4 mins စာလောက်ရှိတဲ့ video file ကို ဖွင့်ကြည့်ယင် data usage 11 MB လောက် သုံးမှာဖြစ်ပြီး static image နဲ့ song file ဖွင့်နားထောင်မယ် ဆိုယင်တော့ 7 MB လောက် သုံးမှာ ဖြစ်ပါတယ်။

Radio streaming
Radio apps တွေဟာ data intensive app အမျိုးအစားတွေဖြစ်ပြီး ပုံမှန် သတ်မှတ်ချက်တွေ အရတော့ 1 min ကို 1.5 MB လောက် သုံးပါတယ်။

Google maps
ပုံမှန်ကတော့ 10 mins ကို 6 MB data usage လောက် ရှိပါတယ်။ ဒါပေမယ့် အသုံးပြုတဲ့ gepgraphic area, zooming, layer toggling တွေပေါ်မှာ မူတည်ပြီး data usage ပမာဏ အပြောင်းအလဲ ရှိနိုင်ပါတယ်။

Facebook
ဖေ့စ်ဘုတ်ကို ပုံမှန်အသုံးပြုတာမျိုး အတွက် (ဓာတ်ပုံတွေ၊ link တွေ ဝင်ကြည့်တာ အပါအဝင်) 15 mins ကို 5 MB လောက် data usage သုံးပါတယ်။ ဒါပေမယ့် ကိုယ်နှိပ်လိုက်တဲ့ link က streaming site တွေ ဖြစ်နေခဲ့ရင်တော့ data usage က အပြောင်းအလဲ ရှိနိုင်ပါတယ်။

Email
ပုံမှန် email ပို့တာ၊ ဖတ်တာတွေအတွက် email အစောင် ၁၀၀ ကို 2.5 MB လောက် သုံးပါတယ်။ Attachment တွေ ပါရင်တော့ data usage က တိုးလာမှာပါ။

Apps and games
Applications နဲ့ games တွေ အတွက်ကတော့ ပုံသေသတ်မှတ်ချက် မရှိပါဘူး။ ဒါပေမယ့် သတိထားဖို့ လိုတာက အချို့ applications တွေနဲ့ games တွေဟာ ဖွင့်ထားပြီး အသုံးပြု မနေရင်တောင်မှ နောက်ကွယ်မှာ background services တွေက ဆက်အလုပ်လုပ်နေပြီး data usage တွေ ရှိနေနိုင်ပါတယ်။

Music
Data usage ဟာ music track တွေရဲ့ length နဲ့ quality အပေါ်မှာ မူတည်ပါတယ်။ ပုံမှန်အားဖြင့်တော့ music track တစ်ခုအတွက် data usage 5 MB လောက် ရှိပါတယ်။

Standard web pages
အခြေခံအားဖြင့်တော့ text အများစုသာ ပါဝင်တဲ့ web page တစ်ခုကို browsing လုပ်ဖို့အတွက် အကြမ်းဖျင်း 0.1 MB လောက် data usage ရှိပါတယ်။ ဒါပေမယ့် ပုံတွေများနေမယ် ဒါမှမဟုတ် flash animation တွေ ပါနေခဲ့မယ် ဆိုယင်တော့ data usage ပိုများလာနိုင်ပါတယ်။

Skype
Skype အတွက် typical data usage တွေကတော့
Skype ကနေ skype ကို ရိုးရိုးပဲ ခေါ်မယ်ဆိုရင် 1 min ကို 3 MB ခန့်
Skype ကနေ ကြိုးဖုန်း (သို့) ဟန်းဖုန်းကို ခေါ်မယ်ဆိုရင် 1 min ကို 1 MB ခန့်
Skype ကနေ skype ကို video calling ခေါ်မယ်ဆိုရင် 500 kbps ခန့်
Skype ကနေ ဟန်းဖုန်း (သို့) ကွန်ပျူတာကို ကို video calling ခေါ်မယ်ဆိုရင် 600 kbps ခန့်

Viber
Viber ခေါ်ဆိုမှုအတွက် data usage ကတော့ 240 kb per min ဖြစ်ပြီး 1 hr ကို 14 MB လောက် ရှိပါတယ်။ Message ပို့မယ်ဆိုယင်တော့ 828 bytes per 500 English characters ဖြစ်ပါတယ်။

Phone Internet သုံးစွဲခကို ဒီဇင်ဘာလမှစ၍ Volume နဲ့ပြောင်းလဲကောက်ခံမည့် ယာယီဈေးနှုန်း
(မြန်မာ့ဆက်သွယ်ရေးမှ လျာထားဈေးနှုန်း)

100 Kb (2 ကျပ်)1 MB (20 ကျပ်)100 MB (1500 – 1800 ကျပ်) Pyay-Phyo http://2daymyanmar.blogspot.com/

Mouse မရှိသည့်အခါ Keyboard ဖြင့် အသုံးပြုနည်း


http://pyae-phyo.blogspot.com
မိမိကွန်ပျူတာမှာ Mouse ပျက်သွားလို့ဖြစ်ဖြစ် မရှိလို့ပဲဖြစ်ဖြစ် mouseသုံးမှ ရမယ့် ကိစ္စတွေမှာ မောက် အခက်အခဲဖြစ်နေရင် အောက်ပါဆက်တင်အတိုင်း ပြောင်းပြီး ကီးဘုတ်က သက်ဆိုင်ရာခလုတ်တွေကနေ မောက်အဖြစ် သုံးလို့ ရပါတယ်။ အောက်ပါ အဆင့်လေးတွေအတိုင်း လုပ်ကြည့်ပါ။
Alt + Shift + Num Lock ( Alt ကီးရယ်၊ Shift ကီးရယ်၊ ညာဘက်ခြမ်းမှာ ရှိတဲ့ number lock ကီးရယ် ကို တပြိုင်နက် နှိပ်ပါ)
Mouse Keyboard ဆိုတဲ့ box လေးပေါ်လာပြီဆိုရင် Settings ထဲသို့ဝင်ပါ။
Use Mouse Key မှာ Check box On ပေးရပါမယ်။၎။ ပြီးရင် ဘေးက Settings ထဲ ထပ်ဝင်ပါ။၅။ Top Speed ကို high အထိဆွဲတင်ပါ။ Acceleration ကိုလည်း Fast အထိဆွဲတင်ပါ။
ပြီးရင် Ok လို့ ပြောပါ။ ညာဘက်ထောင့်အောက်ခြေမှာ Mouse ပုံစံလေးပေါ်လာပြီဆိုရင် ရပါပြီ။ တကယ် လို့ အဲ့ဒီ Mouse ပုံစံလေးမှာ မျဉ်းနီလေးခတ်ထားပါက Number lock Key ကိုတစ်ချက်ထပ်နှိပ်ပြီး မျဉ်းနီ လေးပျောက်သွားအောင် လုပ်နိုင်ပါတယ်။
အခုဆိုရင် စပြီးတော့ Key Board ညာဘက်မှ နံပါတ် ကီးများဖြင့် Mouse Pointer လေးကို ရွှေ့နိုင်ပါပြီ။
နံပါတ် 5 key ကတော့ mouse မှာပါတဲ့ click နှိပ်သလို အလုပ်လုပ်ပေးပါတယ်။
Right Click လုပ်ချင်ရင်တော့ Key Board ညာဘက်ခြမ်းက( - )key ကိုနှိပ်ပေးရပါမယ်။ Left Key ပြန်ပြောင်းချင်ရင်( / )key ကိုနှိပ်ပေးရပါမယ်။Drug ဆွဲဖို.ဆိုရင်တော့( o )Key ကိုနှိပ်ပေးရပါမယ်။၁၀။ အဒီ အချိန်မှာ နံပါတ်တွေ ရိုက်ချင်ရင်တော့ ကီးဘုတ်ရဲ့ ညာဘက်ခြမ်းက နံပါတ်ကီးတွေနဲ. အဆင်ပြေမှာ မဟုတ်ပါဘူး။နဂို မူရင်းအတိုင်း ပြန်ထားချင်ရင်တော့ Alt + Shift + Num Lock ကို ပြန်နှိပ်ရုံပါပဲ။
http://2daymyanmar.blogspot.com/