“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, April 8, 2013

Hyundai ထုတ်သည့် ကြက်ဥကား

ကြက်ဥ လိုပုံစံ တည်ဆောက် ထားတဲ့ကား ဖြစ်ပါတယ်။
ကားလို့တောင် မခေါ်ပါဘူး။ Personal Vehicle လို့ ခေါ်တဲ့ တစ်ယောက်စီး ခရီးတိုသွားလာယာဉ် ဖြစ်ပါတယ်။
မြို့ထဲမှာ အသုံးပြုဖို့ အတွက်ပါ။ လျှပ်စစ် မော်တာနဲ့ အလုပ်လုပ်မယ့်ယာဉ် ဖြစ်ပါတယ်။ ဘယ်ခြေထောက်မှာ ရှေ့သွားဖို့ နင်းစရာပါပြီး ညာခြေထောက်က နောက်ပြန်သွားဖို့ အသုံးပြုရမှာ ဖြစ်ပါတယ်။ ဘေးဘယ်ညာ ကွေ့ဖို့က ဘော်ဒီကိုပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။ လျှပ်စစ် စက်ဘီး တစ်စီး သွားနှုန်းလောက် ပါပဲ။
ခါးတစ်ဝက်လောက်ထိ အကာအကွယ် ပေးပြီး စီးမယ်ဆိုရင် ဦးထုပ်ဆောင်း ရပါတယ်။ မတ်တပ်ရပ် ပြီးတော့ စီးရတာ ဖြစ်ပါတယ်။ E4U လို့အမည် ပေးထားတဲ့ယာဉ် ဖြစ်ပြီး တောင်ကိုးရီးယား Hyundai ကားကုမ္မဏီက ထုတ်တာ ဖြစ်ပါတယ်။
Slash Gear
Aung Kham (Stuff Myanmar)
မြ၀တီ

အမြင့်ဖုန်းတွေ ထဲမှာ ဘယ်ဟာ အကောင်းဆုံးလဲ

မေးနေကျ မေးခွန်းပဲ ထပ်မေးချင် နေမိပါတယ်။ ခုက တန်ဖိုးနည်း ဆင်းကဒ်တွေ ချပေးပြီလေ။ ဒီတော့ ပိုက်ဆံရှိတဲ့ သူများက တန်ဖိုးကြီး ဟန်းဆက် အပိုင်းကို ပိုမို အလေးပေး ကိုင်ကြတော့မယ် ထင်ပါတယ်။ အခုလည်း ကိုင်နေပါတယ်။

လက်ရှိ ရန်ကုန်မှာ လူကြိုက်အများဆုံး ဖုန်းက - iPhone 5, Samsung Galaxy Note 2, Galaxy S3 ပါ။ လူသုံးများတာကို ပြောတာ မဟုတ်ဘူးနော်။ အကြိုက်များ တာပါ။ အသုံးများ ကတော့ GSM မှာဆိုရင် Samsung တစ်သိန်းခွဲအောက် ဖုန်းများ (Galaxy Y, Galaxy Duos , and so on) နဲ့ CDMA မှာဆိုရင် တရုတ် Huawei ဖြစ်ပါတယ်။

တန်ဖိုးမြင့် ဖုန်းများကိုလည်း ကိုင်ကြပါတယ်။ Samsung မှာဆိုရင် Sasung Galaxy S3, Note 2, Galaxy S2, Galaxy Note, Galaxy Mini ,etc........, Sony မှာဆိုရင် Xperia စီးရီး, Apple မှာဆိုရင် iPhone 5, iPhone 4s, iPhone 4, iPhone 3G, etc....., HTC မှာဆိုရင် Butterfly, One စီးရီး အစရှိတဲ့ အမြင့်ဖုန်းများ လူကိုင် များပါတယ်။
ယခုလည်း အမြင့်ဖုန်းတွေ ကြိုက်တယ် ကိုင်ဖို့လည်း ရည်ရွယ်တယ် ဆိုရင် ယခု ရွေးချယ် စရာများ ဖောပြ လိုက်ရပါတယ်။

ဈေးအကြီးဆုံး ကတော့ Samsung Galaxy S4 ဖြစ်လာမယ် ထင်ပါတယ်။ iPhone 5, HTC One, Nokia Lumia 920, Black Berry Z10 တို့ကတော့ ဈေးကွာမယ်မထင်ပါဘူးး။ Samsung Galaxy Note 2 လည်း ၅သိန်းအထက်ဈေးဆိုတော့ အမြင့်ဖုန်းပါပဲ။ Samsung Galaxy S4 မထွက်ခင်က သူ့မှာပါတဲ့ Specification ဟာအမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ လူကြိုက်လည်းများခဲ့ပါတယ်။ ယနေ့အထိလည်း လူကြိုက်များပြီး အရောင်းသွက်နေဆဲပါ။ ယခုတော့ Spec အမြင့်ဆုံးက Samsung Galaxy S4 ဖြစ်သွားပါပြီ။ i Phone 5 ကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ iPhone 5 ကလည်း ကမ္ဘာတင် မက မြန်မာပြည်မှာလည်း လူအထင်ကြီးများတဲ့ ဖုန်း ဖြစ်ပါတယ်။ နာမည်နဲ့ တင် ဈေးကြီးတယ်ဆိုတာ iPhone ရဲ့  ဂုဏ်ပုဒ်ပဲ ဖြစ်မယ်ထင်ပါတယ်။
ကဲ။ ဒီတော့ စာဖတ်သူတို့ ကပဲ အားနည်းချက်၊ အားသာချက်များကို ပညာရှိနည်းနဲ့ သေချာ ထောက်ပြလို့ အကောင်းဆုံးဖုန်းကို ရွေးချယ် ပေးနိုင်ယ်လို့ မျော်လင့်ပါတယ်။

Aung Kham (TSJ team)
 မြ၀တီ

ဆား၏ လက်တွေ့အသုံးဝင်ပုံနည်းလမ်းစုံ

Photo: ဆား၏ လက်တွေ့အသုံးဝင်ပုံနည်းလမ်းစုံ
Monday, April 8, 2013

၁) ကြက်ဥတစ်လုံးကျကွဲပြီး ကြမ်းပြင်ပေါ်မှာ ကြက်ဥအနှစ်တစ်ခုလုံးကျနေ
တယ်ဆိုရင် ဖိတ်ကျနေတဲ့ ကြက်ဥအနှစ်ပေါ်ကို ဆားနှံ့အောင်ဖြူးပေးပါ... ပြီးရင် ခဏစောင့်ပါ.... နည်းနည်းကြာရင် ပေခြင်းပွခြင်းမရှိဘဲ ကြက်ဥအနှစ်တွေကို အမှိုက်ဂေါ်နဲ့ ကော်ပစ်နိုင်ပြီဖြစ်ပါတယ်....

၂) စွန်းထင်းနေတဲ့ လက်ကိုင်ပုဝါတွေကို မလျှော်ဖွတ်ခင်မှာ ဆားရည်ထဲစိမ်ထားပါ... အစွန်းအထင်းတွေကို ပြောင်စင်စေပါတယ်...

၃) ပန်းကန်စင် စာအုပ်စင် စတဲ့စင်တွေပေါ်မှာ ပုရွက်ဆိတ်တွေတက်နေရင် ဆားဖြူးပေးလိုက်ပါ... ပုရွက်ဆိတ်တွေပြေးသွားပါလိမ့်မယ်....

၎) ငါးတွေကို ကြေးခွံတွေမချွတ်ခင် ဆားရည်ထဲစိမ်ထားပါ... ကြေးခွံတွေအ
လွယ်တကူ ချွတ်နိုင်ပါလိမ့်မယ်...

၅) ခါချပြီးဖြူးရတဲ့ ဆားဗူးမျိုးထဲကနေ ဆားတွေအလွယ်တကူကျစေချင်ရင် ဗူးထဲမှာ ဆန်စေ့အနည်းငယ်ရောနှောထည့်ထားပါ...

၆) အသုပ်ထဲက အရွက်တွေမညှိုးနွမ်းသွားအောင် ဆားဖြူးနိုင်ပါတယ်...

၇) ကြက်ဥတွေကောင်းမကောင်းစမ်းချင်ရင် ဆားရည်ထည့်ထားတဲ့ခွက်ထဲ
စိမ်ကြည့်ပါ.... ကောင်းတဲ့ကြက်ဥက နစ်သွားပြီး မကောင်းတော့တဲ့ကြက်
ဥက ပေါလောပေါ်နေပါလိမ့်မယ်...

၈) ကြက်ဥပြုတ်တဲ့အခါ ဆူနေတဲ့ရေနွေးထဲ ဆားနည်းနည်းခပ်လိုက်ပါ... ကွဲနေတဲ့ကြက်ဥတွေက သူ့အခွံထဲမှာပဲ ရှိနေပါလိမ့်မယ်....

၉) ရှုံ့တွနေတဲ့ပန်းသီးတွေကို ဆားအတော်အသင့်ခတ်ထားတဲ့ရေထဲ စိမ်ထားလိုက်ရင် ပြန်ပြည့်တင်းပြီး ကြည့်ကောင်းသွားပါလိမ့်မယ်...

၁၀) မုန့်လုပ်တဲ့ဒယ်ပြားကို ဆားနဲ့ပွတ်ပေးထားရင် မုန့်တွေမကပ်တော့ပါဘူး....

၁၁) သွားတိုက်တံကို မသုံးခင်ဆားရည်ထဲစိမ်ထားခြင်းဖြင့် သက်တမ်းပိုကြာကြာ အသုံးပြုနိုင်ပါတယ်...

၁၂) ကော်ဖီအိုးကိုအရောင်ချွတ်တဲ့အခါ ဆားနဲ့ပွတ်ပြီးချွတ်နိုင်ပါတယ်...

၁၃) ဆားနဲ့ တာပင်တိုင်ကိုရောပြီး ကြွေရေဇလားတွေ အိမ်သာခွက်တွေကို ဖြူအောင်ဆေးနိုင်ပါတယ်...

Ref: Awesome Facts
နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway

အမျိုးသမီးတို့ အနိုင်ကျင့်ခံရစေခြင်းမှ ကင်းဝေးစေမည့် အတွင်းခံ

Photo: အမျိုးသမီးတို့ အနိုင်ကျင့်ခံရစေခြင်းမှ ကင်းဝေးစေမည့် အတွင်းခံ

 အန္ဒိယနိုင်ငံက အင်ဂျင်နီယာ ကျောင်းသားများ ဖန်တီးလိုက်တဲ့ ဝတ်ဆုံ ဖြစ်ပါတယ်။ 

 အန္ဒိယမှာ အမျိုးသမီးတို့ အဓမ္မအကျင့်ခံရတဲ့ မှုခင်းတွေ များလာတာ အတွက်ကြောင့် ယခုလို ဖန်တီးထုတ်လုပ်လိုက်ခြင်း ဖြစ်ပါတယ်။ အပေါ်အောာက် One-Set အတွင်းခံဖြစ်ပြီး အမျိုးသားတို့ ထိလိုက် တာနဲ့ မလှုပ်မယှက်ဖြစ်သွားအောင်ကို ပြုလုပ်နိုင်ပါတယ်။ 
 
အဝတ်မှာ လျှပ်စစ်ဓာတ်လမ်းကြောင်းစီးဆင်းနေပြီး အမျိုးသား တစ်ယောက်က Rape လုပ်ဖို့ ကြိုးပမ်းပြီဆိုရင် လျှပ်စစ်ကြောင့် ကျင်သွားပြီး မလှုပ်မယှက်ကို လှဲသွားစေမှာ ဖြစ်ပါတယ်။ 

 ဒီတော့ ဝတ်ထားတဲ့ အမျိုးသမီးကို မထိခိုက်ဘူးလားလို့ မေးစရာ ရှိပါတယ်။ လုံးဝမရှိပါဘူး။ ဝတ်ထားတဲ့ သူရဲ့  နှလုံးခုန်နှုန်း၊ ခန္ဓာကိုယ် လှုပ်ရှား တုန်ခါမှု index တစ်ခု သတ်မှတ်ထားပြီး ယင်း အမှတ်ကို ရောက်တာနဲ့ ပြင်ပက လာထိတဲ့သူမှန်သမျှကို လျှပ်စစ်နဲ့ တုန့်ပြန်စေမှာ ဖြစ်ပါတယ်။ ဝတ်ထားတဲ့သူကတော့ ဘာမှ မဖြစ် ပါဘူး။ 

 နောက်ထပ်ပိုကောင်းတာ တစ်ခုက ဝတ်ဆုံမှာ GPS ပါဝင်ပြီး လျှပ်စစ်ဓာတ်လွတ်လိုက်ပြီဆိုတာနဲ့ ရဲစခန်းက ကွန်ပြူတာကို ချက်ချင်း လှမ်းအကြောင်းကြားစေမှာ ဖြစ်ပါတယ်။ ဒီတော့ ဝတ်ဆုံ ဝယ်ဝတ်ဖို့ ဆုံးဖြတ်ထားသူများ အနေနဲ့ မိမိချစ်သူများကို ဖတ်တဲ့ အခါ သတိထားရန်လိုအပ်တယ်လို့ တိုက်တွန်းထားကြောင်း သိရပါတယ်။
--
Ref: techblog
 Aung Kham (TSJ team)

Re-Post By ACM  8-4-2013
အေးချမ်းမွန် Credit & Copy From >TechSpace Journal << Thank

လေးမွှာပူးကလေးများ ခွဲခြားရခက်၊ နံပါတ်ဆံပင် အဆန်းထွင်

Photo: လေးမွှာပူးကလေးများ ခွဲခြားရခက်၊ နံပါတ်ဆံပင် အဆန်းထွင်
Monday, April 8, 2013

 လေးမွှာပူးမွေးထားသည့် မိခင်တစ်ယောက်သည် သားလေး ယောက်ကို ခွဲခြားရခက်သဖြင့် ဦးခေါင်းတွင် ဆံပင်ပုံကို နံပါတ်များပုံဖော်ကာ ညှပ်ပေးခဲ့ရကြောင်း သိရှိရသည်။

မိခင်ဖြစ်သူက အသက် ၆ နှစ်အရွယ် သားလေးယောက်ကို ကျောင်းသို့လာအပ်ရာတွင် ကျောင်းရှိ ဆရာ ဆရာမများနှင့် သူငယ်ချင်းများခွဲခြားရလွယ်ကူစေရန် ထိုသို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟုဆိုသည်။
...

လေးမွှာပူးတို့၏အမည်များမှာ ယန်လောင်၊ ယန်ရှောင်၊ ယန်ဟန်နှင့် ယန်လင်းဟူ၍ ပေးထားသော်လည်း သူတို့၏ရုပ်သွင်များမှာ ခွဲခြားမရအောင် တူလွန်းနေသဖြင့် မိခင်က ဆံပင်ပုံကို အစဉ်လိုက် နံပါတ်များတပ်ကာ ပုံဖော်ပေးခဲ့ခြင်းဖြစ်သည်။

မိခင်နှင့် ကလေးများသည် တရုတ်ပြည်၊ ဂွမ်ဒေါင်းနယ်ရှိ ရှန်ဇန်းမြို့တွင် နေထိုင်ကြပြီး ကျောင်းသို့ ပထမဦးဆုံး အကြိမ်လာအပ်သော သားများ၏ပြဿနာကို မိမိကိုယ်တိုင်ဖြေရှင်းပေးခဲ့ခြင်းဖြစ်သည်။

မိခင် တန် ချောင်ယန်းက “ကျွန်မသားတွေက တစ်ယောက်နဲ့တစ်ယောက် ခွဲမရအောင်တူတယ်။ သူတို့ အသက် ၁၈ လလောက်ကတည်းက ကျွန်မ ခွဲခြားမရတော့လို့ ပြဿနာတွေတက်ခဲ့တယ်။ ဒါကြောင့် သူတို့ လက်မောင်းတွေမှာ စာချိတ်ထားရတယ်။ သူတို့ကို သေသေချာချာကြည့်ရင် မျက်ရစ်လေးတွေတော့ကွဲတယ်။ ဒါပေမယ့် သူတို့အဖေတောင် သူတို့ကို ဘယ်သူတွေမှန်း မသိဘူး။ ဒါကြောင့် ထမင်းကျွေးပြီးသားကလေးကို ထပ်ကျွေးမိတာတို့၊ အပြစ်ပေးပြီးသားကလေးကို ထပ်အပြစ်ပေးတာတွေ ဖြစ်ခဲ့တယ်” ဟု ပြောကြားသည်။

မောက္ခ

Myanmar Online News

နာမည်ကြီး ဇတ်ကောင်တွေနဲ့ ဆုရသောင်ပြင် ပင်ပန်းပုရုပ်ကြီး

Photo: နာမည်ကြီး ဇတ်ကောင်တွေနဲ့ ဆုရသောင်ပြင် ပင်ပန်းပုရုပ်ကြီး
Monday, April 8, 2013

ဗြိတိန်နိုင်ငံ မှာကျင်းပတဲ့ မြေပုံ ပန်းပုပြိုင်ပွဲကြီး ဖြစ်ပါတယ်၊အဆိုပါပြိုင်ပွဲ 
ကိုသဲသောင်ပြင်ရှိရာ နေရာဒေသတွေမှာ နှစ်စဉ် အလှည့်ကျ ပုံမှန်ကျင်း
ပတဲ့ ရိုးရာပြိုင်ပွဲ ကြီးလည်းဖြစ်ပါတယ်၊နှစ်စဉ် ပြိုင်ပွဲ ဝင်သူ ရာနဲ့ချီပြီး ဝင်ရောက်ယှဉ် ပြိုင်တဲ့ ပွဲကြီးလည်းဖြစ်ပါတယ်။

အဲဒီထဲ မှာမှ အသက်ဝင်ပြီး အပီပြင်ဆုံး ပြုလိုက်နိုင်တဲ့ ပန်းပုရုပ်တွေ
ကို ဖော်ပြပေးလိုက်ပါတယ်

Ref:amazing
Khun Nay Tun Media

အပှုဒဏ်ကို တွန်းလှန်နိုင်သော အစားအစာများ

Photo: အပှုဒဏ်ကို တွန်းလှန်နိုင်သော အစားအစာများ
Monday, April 8, 2013

နွေရာသီမှာ ပူအိုက်ပြီး ရေဓာတ်ခမ်း ခြောက်မှုကို သက်သာစေကာ ဝမ်း
ဗိုက် ချပ်ရပ်တဲ့ အလှတရား ကိုပါ ရရှိစေမယ့် သရေစာ တွေကို ရေးသား လိုက်ရပါတယ်။

(၁) ဖရဲသီး

ဖရဲသီးမှာ ရေဓာတ် ၉၂ ရာခိုင်နှုန်း ပါဝင်တဲ့ ဖရဲသီးဟာ နွေရာသီ ရေဓာတ် ခမ်းခြောက် မှုမဖြစ်အောင် ကာကွယ် ပေးသလို ကိုယ် စေတာကြောင့် ဝမ်းဗိုက် ချပ်ရပ်စေပါ တယ်။ ဒါ့အပြင် ဗီတာမင်စီ အများအပြား ပါဝင်ပြီး ကယ်လိုရီ ပါဝင်မှု လျော့နည်း တာကြောင့် ကိုယ်အလေးချိန် ထိန်းလိုသူ တို့အတွက် အကောင်းဆုံး သရေစာပါ။

(၂) ဒိန်ချဉ်

ဒိန်ချဉ် တစ်ခွက်မှာ ပရိုတင်းဓာတ် ၂၀ ဂရမ် ပါဝင်တာကြောင့် ကယ်
လိုရီ အပိုမရရှိ စေဘဲ ချက်ချင်း ဗိုက်ပြည့်စေပါ တယ်။ ဒိန်ချဉ်မှာ ပိုတက်စီယမ်လည်း ပါ ဝင်တာကြောင့် ကိုယ်တွင်း ဆိုဒီယမ် အပို
တွေကို တွန်းထုတ် နိုင်သလို အကျိုးပြုဘက် တီးရီးယား ပါဝင်
မှုကြောင့် လေပွတာနဲ့ လေ ထတာကို လျော့ကျ စေပါတယ်။

(၃) သခွားသီး

သခွားသီးမှာ ရေဓာတ် ၉၆ ရာခိုင် နှုန်း ပါဝင်မှုကြောင့် ပူပြင်းတဲ့ အချိန်မှာ အေးမြ လန်းဆန်း သွားစေတဲ့ အစွမ်းရှိပါ တယ်။ ဒါ့အပြင် သခွားသီးမှာ ကယ်လိုရီ ပါဝင်မှု နည်းပါးတဲ့ အတွက် ဝမ်းဗိုက်ချပ် ရပ်လိုသူတွေ စားသင့်တဲ့ သရေစာပါ။

ကြယ်စင်နွေရာသီမှာ ပူအိုက်ပြီး ရေဓာတ်ခမ်း ခြောက်မှုကို သက်သာစေကာ ဝမ်း

ကြယ်စင်
 
မြ၀တီ