“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, January 13, 2013

မျက်စိ ကျန်းမာရေး အတွက် ပြုလုပ်သင့်သည့် အချက် ၉ ချက်

Photo: မျက်စိ ကျန်းမာရေး အတွက် ပြုလုပ်သင့်သည့် အချက် ၉ ချက်

၁။ကန်စွန်းဥစားပါ

ကန်စွန်းဥမှာ ညဘက် အမြင် အာရုံ အားကောင်းစေတဲ့ ဗီတာမင်အေ များစွာ ပါဝင်ပြီး မုန်လာဥ (Beetroot)မှ ပါဝင်တဲ့ Anthocyanin တွေဟာ မျက်စိမှ သွေးကြော ငယ်တွေ သွေးယို စိမ့်မှု မဖြစ်အောင် ကာကွယ်နိုင်တဲ့ အတွက် Retinopathy (မျက်စိ မမြင်ရတဲ့ အကြောင်းရင်း တစ်ခု) မဖြစ်အောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။

၂။ ကွန်ပျူတာ ကြည့်တာ လျှော့ပါ။

အခန်း အပူချိန် လျှော့ထားပါ အသင့်မျက်လုံးနဲ့ လေထုကို ခြောက်သွေ့ စေနိုင်လို့ပါ။ ပတ်ဝန်းကျင် စွတ်စိုမှုရှိအောင် သစ်ပင် အနည်းငယ် စိုက်ထားပေးပါ။

၃။ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်း လုပ်တာကြောင့် မျက်စိအတွင်း ဖိအားတွေ လျှော့ချနိုင်ပြီး အတွင်းတိမ် မဖြစ်အောင် ကာကွယ် ပေးနိုင် ပါတယ်။ လေ့လာမှု တစ်ခုအရ တစ်ကြိမ်ကို မိနစ် ၄၀ ခန့်၊ တစ်ပတ်ကို လေးကြိမ် လမ်းလျှောက်တဲ့ လေ့ကျင့်ခန်း လုပ်သူတွေဟာ ရေတိမ် ဖြစ်နိုင်ခြေကို အများကြီး လျှော့ချနိုင်တယ်လို့သိရပါတယ်။

၎။ နံနက်စာ အတွက် ဘလူးဘယ်ရီစားပါ

ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ပါဝင်မှုများတဲ့ ဘလူးဘယ်ရီသီးကို နံနက်စာအဖြစ် စားသုံးပေးပါက အသက် ၅၀ ကျော်ရင် ဖြစ်တတ်တဲ့ အသက်အရွယ်နဲ့ ဆက်စပ်တဲ့ မျက်စိအမြင်အာရုံ ဆုံးရှုံးမှု (AMD) မဖြစ်အောင် ကာကွယ်နိုင်ပေးပါတယ်။ ကျန်းမာရေးကို မြှင့်တင်နိုင်ဖို့ ဒိန်ချဉ်နဲ့ အတူ တွဲစားပါ။

၅။ မွှေးရနံ့ ရှူပါ

စံပယ်ပန်းရနံ့ပါဝင်တဲ့ ရနံ့ဆီကို ပခုံးမှာ ဆွတ်ထားပြီး ရှူပေးပါ။ ဦးနှောက်အတွင်း ဘီတာလှိုင်း တွေ ပိုများလာပြီး ပိုမိုတက်ကြွမှု ရှိလာနိုင်တဲ့အတွက် အာရုံ စူးစိုက်မှုလည်း ပိုကောင်း လာပါတယ်။

ဒေါက်တာခင်မိုးမိုး

http://www.myawady.com.mm/health/preventing/item/4210-2013-01-12-10-51-51

နှာခေါင်းပိတ်နေပါသလား ........

Photo: နှာခေါင်းပိတ်နေပါသလား  ........ 

ရေနွေးငွေ့  ရှူပေးပါ  ။  အသက်ရှူ လေပြွန် ပိတ်လို့  ဖြစ်စေ၊ နှာခေါင်း လမ်းကြောင်းပိတ်လို့  ဖြစ်စေ၊ နှာခေါင်း ပိတ်နေရင် ပွင့်သွားအောင် ရေနွေးငွေ့ ကို ရှူပေးပါ။ 

လက်ဆေးဇလုံ သို့ မဟုတ် ပန်းကန်ဆေးကန်ထဲ ရေနွေးပူပူ အပြည့်ထည့်ထားပြီး သင့်ခေါင်းပေါ် မျက်နှာသုတ်ပုဝါ တစ်ထည် အုပ်လျက် ရေနွေးငွေ့ များ ရှူသွင်းပါ။ 

ပိုပြီး ထိရောက်စေဖို့  ရေနွေးပူပူထဲ ယူကလစ်ရွက် အဆီ၊ စမုန်စပါးဆီ၊ လာဗင်ဒါဆီ၊ ဒါမှမဟုတ် ထင်းရှူးဆီ တစ်မျိုးမျိုးကို အနည်းငယ် ရောထည့်ပြီး ရှူရှိုက်ပါ. မေဇူး
ရေနွေးငွေ့  ရှူပေးပါ ။ အသက်ရှူ လေပြွန် ပိတ်လို့  ဖြစ်စေ၊ နှာခေါင်း လမ်းကြောင်းပိတ်လို့  ဖြစ်စေ၊ နှာခေါင်း ပိတ်နေရင် ပွင့်သွားအောင် ရေနွေးငွေ့ ကို ရှူပေးပါ။

လက်ဆေးဇလုံ သို့ မဟုတ် ပန်းကန်ဆေးကန်ထဲ ရေနွေးပူပူ အပြည့်ထည့်ထားပြီး သင့်ခေါင်းပေါ် မျက်နှာသုတ်ပုဝါ တစ်ထည် အုပ်လျက် ရေနွေးငွေ့ များ ရှူသွင်းပါ။

ပိုပြီး ထိရောက်စေဖို့  ရေနွေးပူပူထဲ ယူကလစ်ရွက် အဆီ၊ စမုန်စပါးဆီ၊ လာဗင်ဒါဆီ၊ ဒါမှမဟုတ် ထင်းရှူးဆီ တစ်မျိုးမျိုးကို အနည်းငယ် ရောထည့်ပြီး ရှူရှိုက်ပါ.
 
 မေဇူး
http://www.facebook.com/mg.mandalay

ငရုတ်သီးမှုန့်နှင့် နနွင်းမှုန့်အချို့တွင် ကင်ဆာနှင့် မျိုးရိုးဗီဇကို ထိခိုက်စေနိုင်သည့် ဆိုးဆေးများတွေ့ ....

Photo: ငရုတ်သီးမှုန့်နှင့် နနွင်းမှုန့်အချို့တွင် ကင်ဆာနှင့် မျိုးရိုးဗီဇကို ထိခိုက်စေနိုင်သည့် ဆိုးဆေးများတွေ့ ....

မြန်မာတစ်နိုင်ငံလုံးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဈေးကွက်များအတွင်း ကင်ဆာဖြစ်စေပြီး မျိုးရိုးဗီဇကိုပါ ထိခိုက်စေနိုင်သည့် ဓာတုဆိုးဆေးများ အသုံးပြုထားသည့် ငရုတ်သီးမှုန့်များနှင့် နနွင်းမှုန့်များ စစ်ဆေးတွေ့ရှိရကြောင်း သတင်းရရှိသည်။ 

၂၀၁၂ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဈေးကွက်များအတွင်း ရောင်းချနေသည့် ငရုတ်သီးမှုန့်၊ နနွင်းမှုန့် နမူနာပေါင်း ၁၀၀၀ နီးပါးအား ကောက်ယူကာ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ပြီး ငရုတ်သီးမှုန့် အမှတ်တံဆိပ် ၂၀ နှင့် နနွင်းမှုန့်ထုတ်လုပ်သည့် အမှတ်တံဆိပ်နှစ်မျိုးတို့တွင် စားသုံးရန်မသင့်သည့် ဓာတုဆိုးဆေးများ အသုံးပြုထားကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။News
မြန်မာတစ်နိုင်ငံလုံးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဈေးကွက်များအတွင်း ကင်ဆာဖြစ်စေပြီး မျိုးရိုးဗီဇကိုပါ ထိခိုက်စေနိုင်သည့် ဓာတုဆိုးဆေးများ အသုံးပြုထားသည့် ငရုတ်သီးမှုန့်များနှင့် နနွင်းမှုန့်များ စစ်ဆေးတွေ့ရှိရကြောင်း သတင်းရရှိသည်။

၂၀၁၂ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဈေးကွက်များအတွင်း ရောင်းချနေသည့် ငရုတ်သီးမှုန့်၊ နနွင်းမှုန့် နမူနာပေါင်း ၁၀၀၀ နီးပါးအား ကောက်ယူကာ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ပြီး ငရုတ်သီးမှုန့် အမှတ်တံဆိပ် ၂၀ နှင့် နနွင်းမှုန့်ထုတ်လုပ်သည့် အမှတ်တံဆိပ်နှစ်မျိုးတို့တွင် စားသုံးရန်မသင့်သည့် ဓာတုဆိုးဆေးများ အသုံးပြုထားကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
 
News
http://www.facebook.com/mg.mandalay

အပူရှိန်မြင့်ဖြင့် အသားများကို ကြော်လှော်လျှင် စားသုံးသူအား အကြိတ် ကင်ဆာ ဖြစ်ပွားနိုင်

သုတေသီများ၏ လေ့လာတွေ့ ရှိချက် အရ အပူရှိန် မြင့်ဖြင့် အသားများကို ကြော်လှော် စားသောက်ပါက အကြိတ် ကင်ဆာ ဖြစ်ပေါ် စေနိုင်သည့် ရာခိုင်နှုန်း များကြောင့် လေ့လာတွေ့ ရှိရသည် ။
အပူရှိန်မြင့်ဖြင့် အသားကို ကြောက်လှော်ပါက အသားတွင် ဓာတုဓာတ် တစ်မျိုး ဖြစ်ပေါ် စေနိုင်ပြီး ယင်းဓာတုဓာတ်သည် ဒီအင်န်အေ များကို ထိခိုက် ပျက်စီး စေနိုင်သည်။
အကြိတ်ကင်ဆာ ရောဂါသည်ပေါင်း ၂၀၀၀ ဦးအား လေ့လာမှုများ ပြုလုပ် ခဲ့ရာတွင် အဆိုပါ တွေ့ ရှိချက်ကို တွေ့ ရှိခဲ့ခြင်း ဖြစ်သည် ။
ကယ်လီ ဖိုနီးယား ပြည်နယ်မှ သုတေသီများက အပူရှိန်မြင့်ဖြင့် ကြော်လှော် ထားသော အစားသောက်များ စားသူများတွင် ၃၀ ရာခိုင်နှုန်ခန့် အကြိတ်ကင်ဆာ ဖြစ်ပွား နိုင်သည်ဟု ပြောကြား ခဲ့ကြောင်း သိရသည် ။

http://www.myawady.com.mm/health/preventing/item/4208-2013-01-12-10-49-49

အနားယူ အပန်းဖြေရန် နည်းလမ်း ၅ခု

Photo: အနားယူ အပန်းဖြေရန် နည်းလမ်း ၅ခု

စိတ်ညစ်တဲ့အခါ၊ အလုပ်ရှုပ်တဲ့အခါ အချို့သော လူများဟာ စိတ်ကိုယ် ပင်ပန်းမှုကို ဖြေဖျောက် စေဖို့ ဆေးဝါးတွေ အသုံးပြုကြပါတယ်။ ဥပမာ- အားဆေး၊ အိပ်ဆေး။

အမှန်တော့ ယင်းဟာ မှားယွင်းတဲ့ အယူအဆ ဖြစ်ပြီး ကြာလာနဲ့အမျှ ကျန်းမာရေးကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အလွယ်ဆုံး အပန်းဖြေနိုင်မယ့် နည်းလမ်း ၅ခုကို Hearcare ဝဘ်ဆိုဒ်မှ ယခုလို ဖော်ပြထားပါတယ်။

၁။ Autogenic relaxtion

Autogenic relaxtion ဆိုတာ စိတ် အပန်းဖြေမှုအတွက် အသားပေးပါတယ်။ Calming word ရွတ်ဆိုပေး ရမယ်လို့ ဆိုပါတယ်။ ဆိုလိုရင်းက စိတ်ငြိမ်စေအောင် စကားလုံးရိုးရိုးရှင်းရှင်း တစ်ခုခုကို ထပ်ခါထပ်ခါ တိုးတိုးဖွဖွ ရေရွတ်ဖို့ ဖြစ်ပါတယ်။ မြန်မာတွေမှာဆိုရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ အစရှိသဖြင့် ရွတ်ဆိုနေတာမျိုး၊ ဘုရားစာ ဂါထာ တစ်ခုခု ရွတ်ဆိုတာမျိုး ဖြစ်ပါတယ်။ ဘုရားစာမဟုတ်ပဲ သင်္ချာ ဂဏန်း အစဉ်တန်း တစ်ခုခုကို ရွတ်ဆိုနိုင်ပါတယ်။

၂။ Visualization

အမြင်အာရုံကို စိတ်ထဲကဟာကို မှတ်ယူကြည့်ရပါမယ်။ စိတ်ထဲမှာ အေးချမ်းတဲ့၊ စိတ်အေးချမ်းတဲ့ ပုံရိပ်တစ်ခုခု၊ ရှုခင်းတစ်ခုခုကို စွဲနေပြီး ယင်းပုံကိုပဲ တွေးနေရပါမယ်။ ခက်ခဲတယ်လို့ ယူဆသူတွေအတွက် ရှုခင်းလှလှပုံရိပ်တွေကို ကြည့်ရှုနိုင်ပါတယ်။

၃။ Progresive relaxtion

ဒါကတော့ ခန္ဓာကိုယ်ကြွက်သားတွေကို ပြေလျော့စေမယ့် နည်းလမ်း ဖြစ်ပါတယ်။ အဖုအထစ် မရှိတဲ့ ကြမ်းပြင်မှာ လဲလျောင်းပြီးတော့ ခေါင်းကနေ ခြေဖျားထိပ်အထိ အကြောဆန့်ရန် ဖြစ်ပါတယ်။ ခြေလက်တို့ကို အတတ်နိုင်ဆုံး ဆန့်တန်းရပါမယ်။ လိုတာထက် ပိုလည်း အားမသုံးရပါဘူး။ ဒါက ကြွက်သားတွေကို ပိုနာကျင် စေပါတယ်။ ခေါင်းကနေ ခြေ ကို ၅ စက္ကန့် ဆန့်ပြီး စက္ကန့် ၃၀ ပြန်လည် အနားယူပါမယ်။ ယင်းလုပ်ဆောင်ချက် ကို ကြွက်သားတွေ တင်းမနေတော့ဘူးလို့ ယူဆရတဲ့အထိ လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။

၎။ Breathing Break

လေရှုလေထုတ် လေ့ကျင့်ခန်းကတော့ အလွယ်ဆုံး နည်းလမ်း ဖြစ်ပါတယ်။ သက်တောင့်သက်သာ ထိုင်နိုင်မယ့် ထိုင်ခုံမှာ ထိုင်ပြီးတော့ ၅ မိနစ်ကနေ ၁၀ မိနစ်အထိ လေကို ခပ်ပြင်းပြင် ရှူသွင်း၊ ခပ်ပြင်းပြင် မှုတ်ထုတ် ပေးရပါမယ်။ ခပ်ပြင်းပြင်းဆိုတာ အသက် ရှုကြပ်လောက်တဲ့ထိကို မဆိုလိုပါ။

၅။ Exercise

နောက်ဆုံးတစ်ခုအနေနဲ့ Exercise ဖြစ်ပါတယ်။ စိတ်ရောကိုယ်ပါ လန်းဆန်းစေဖို့ အကောင်းဆုံး နည်းလမ်းပြီး သာမန် လုပ်နေရိုးရှိတဲ့ လေ့ကျင့်ခန်းတစ်ခုခုကို လုပ်နိုင်ပါတယ်။

အထက်ပါ လုပ်ဆောင်ချက်အားလုံးကို တစ်ကြိမ်တည်းပြုလုပ်နိုင်ပါတယ်။ သို့သော် အားလုံးကို တစ်ပြိုင်နက်တည်းသာ လုပ်ဆောင်ရမယ်လို့လည်း မဆိုပါ။ အဆင်ပြေရင်ပြေသလို၊ နေရာဒေသ အခြေအနေလိုက် လွယ်ကူတဲ့ နည်းလမ်းတစ်ခုခုကို ပြုလုပ်နိုင်ပါတယ်။

Ref:healthcar.com
အောင်ခမ်း (ရိုးရာလေး)

တောင်ထဲမှ လျှို့ ဝှက်ကမ်းခြေ

Photo: တောင်ထဲမှ လျှို့ ဝှက်ကမ်းခြေ

မက္ကဆီကိုနိုင်ငံ၊ အနောက်မြောက်ပိုင်း Puerto Vallarata ပြည်နယ်နဲ့ မနီးမဝေးမှာ တည်ရှိနေတဲ့ Marieta ကျွန်းမှာ ဖြစ်ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း အပေါ်မှာ တောင်ဖုံးနေတဲ့ ကမ်းခြေကို မြင်တွေ့ ရပါတယ်။ ယင်း Hidden beach ဟာ မီးတောင်ပေါက်ကွဲမှု ဖြစ် စဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ ကမ်းခြေဖြစ်တယ်လို့လည်း ဆိုပါတယ်။ Marieta ကျွန်းဟာ လူအရောက်နည်းတာမို့ မက္ကဆီကိုအစိုးရဟာ အရင်တုန်းက စစ်လက်နက်ကြီးများ စမ်းသပ်မှု ပြုလုပ်ခဲ့ပါတယ်။ ယင်း ကဲ့သို့ ဗုံးဖောက်ခွဲ စမ်းသပ်မှုကြောင့်လည်း ကမ်းခြေမှု မမြင်ဖူးတဲ့ ဖွဲ့စည်းတည်ဆောက်ပုံ များ ပေါ်လာပြီး ထူးခြား လှပနေတတ်ပါတယ်။

ယခုတော့ ယင်းကမ်းခြေကို သဘာဝထိန်းသိမ်းရေး နယ်မြေ အဖြစ် သတ်မှတ်လိုက်ပါပြီ။ ငါးဖမ်းခွင့်၊ အမဲလိုက်ခွင့် လုံးဝ မရှိပဲ ကမ္ဘာလှည့်ခရီး သည်များကိုတောင် အကန့်အသတ်နဲ့ သာ ပေးလည်ပတ် တဲ့ နေရာ ဖြစ် ပါတယ်။ သန္တာကျောက်တန်းများ၊ ရေသတ္တဝါမျိုးစိတ် ၁၀၀ ကျော် အပြင် လှပတဲ့ ပတ်ဝန်းကျင်ကြောင့် Marieta ကျွန်းဟာ အင်မတန်လှပတဲ့ ကျွန်း ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း အပေါ်မှာ သစ်တောနဲ့တောင် ဖုံးနေပြီး အထဲမှာကျတော့ ပင်လယ်ရေနဲ့ ဆက်စပ်နေတဲ့ ကမ်းခြေလေး တစ်ခု လည်း တည်ရှိနေပါတယ်။

ယင်း ကမ်းခြေကို The Hidden Beach in the Marieta Islands လို့ လူသိများပြီး လစဉ် ကမ္ဘာလှည့်ခရီးသည်ပေါင်း မြောက်များစွာ လာရောက် လည်ပတ်လေ့ ရှိကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

အေးချမ်းမွန်မှ  International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia