“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, March 16, 2013

သဘာဝဆေးဖက်ဝင် အာဟာရပြည့် အလှအပသုံး ဒန့်သလွန်တပင် လုံးအ သုံး ဝင်ပုံ

 ဒန့်သလွန်ပင်ဟာ အကြီးမြန်တဲ့ပြင် မိုးခေါင်ရေရှားဒဏ်ကိုပါ ခံနိုင်ပါတယ်။...
အရှေ့တောင်အာရှ၊ ဖိလစ်ပိုင်ကျွန်း၊ အာဖရိကတိုက်၊ တောင်အမေ ရိ က တိုက်တို့မှာ အနှံ့အပြားပေါက်တယ်။

ဒန့်သလွန် အရွက်နဲ့ တုတ်ချောင်းပုံအသီးတွေကို အစေ့ပါချက်စားကြတယ်။
အရွက်က ဗီတာမင် ဓာတ်သတ္တုနဲ့ ပရိုတင်းတွေပါလို့ အသားနေရာကို ပဲ ၊မြေပဲလို လုံးဝအစားထိုးစားသုံးနိုင်ပါတယ်။

နွားနို့ထက် အဆီ၂ ဆ ၊ ငှက်ပျော သီးထက် ပိုတက်ဆီယမ်၃ဆ၊ဥနီထက် ဗီတာမင်အေ ၄ဆ၊ လိမ္မော်သီးထက် ဗီတာမင်၇ဆ ပိုပြီးပါဝင်တယ်။

၂၀၀၇ထိုင်းမှာလုပ်ခဲ့တဲ့လေ့လာမူ့တွေအရဆိုရင် ဒန့်သလွန်သီးတွေ ဟာ သွေး ထဲကအဆီတွေကျဆင်းစေနိုင်တဲ့ အန်တိုင်အောက်ဆီဒင့်တွေ အများပြားပါဝင်နေပါတယ်။

အရွက်ကနေအဆီထုတ်ယူလို့ရသလို အစေ့ကနေလည်း အဆီနှစ်ထုတ် ယူ လို့ ရပြန်ပါတယ်။အဲဒီအဆီနှစ်တွေကို အသားရေ ခြောက်သွေ့ခြင်းနဲ့ အရေပြားပျက်စီးနေတာတွေကို ကောင်းကောင်းကုစားနိုင်ပြီးအသားရေ စိုပြေဖို့ ပြန်လည်ရှင်သန်ဖို့ အယောင်ကျစေဖို့ နဲ့ ပိုးမွားရန်ကာကွယ်ဖို့ တချိန်တည်းအသုံးပြုနိုင်ပါသေးတယ်။ဒါ့အပြင် ဆံပင်နဲ့ဦးရေပြား ကို လည်း ကာကွယ်ကုသပေးနိုင်ပါသေးတယ်။

အာဖရိကတိုက်မှာတော့ ဒန့်သလွန်ဆီကို စားသုံးတဲ့အပြင် အလှကုန်ထဲ မှာလည်း ထဲ့သွင်းအသုံးချကြပါတယ်။

အရွက်တွေမှာပါဝင်တဲ့ အာဟာရဓာတ်တွေကြောင့် ဆီနီဂေါ နဲ့ အိန္ဒိယမှာ အာဟာရချို့တဲ့မူ့တိုက်ဖျက်ရေးမှာ အသုံးဝင်ခဲ့ပါတယ်။

အရွက်တွေကို ပေါင်ဒါအမှုန့်ပြုလုပ်ပြီး ချက်ပြုတ်စားသောက်စေခဲ့တယ်။
ဆီနီဂေါ နဲ့ အိန္ဒိယ မှတ်တမ်းများအရ ကလေးငယ်တွေရဲ့ ဗီတာမင်အေ နဲ့ ပရိုတင်း ချို့တဲ့မူ့ကို ထိထိမိမိ ဖြည့်စွမ်းပေးသွားတာတွေ့ရှိခဲ့ပါတယ်။

ဆီးချိုအမျိုးစား၂သမားတွေ နှလုံးသွေးကြောပိတ်တာကာကွယ်ဖို့၊ သွေးတွင်းအဆီကျစေဖို့၊ ဒန့်သလွန်အရွက်ကို စားသုံးနိုင်ပါတယ်။

အရွက်တွေကိုပြော့ပြောင်းအောင်အပူအနည်းငယ်ပြပြီး အဖျားရောဂါကို ကုသနိုင်ပါသေးတယ်။

ကြွက်သားကိုက်ခဲတာ အဆစ်မြစ်နာကျင်တာတွေလည်း သက်သာစေနိုင် ပါသေးတယ်။

အဆုပ်ရောင်ရောဂါ၊ မိုင်ဂရိန်းခေါင်းတခြမ်းကိုက်ရောဂါနဲ့ မျက်နှာကြွက်သား ကိုက်ခဲနာကျင်မူ့တွေကို လျှော့ပါးအောင်လည်း ခြေမွထားတဲ့အရွက်ကို လိမ်းဆေးအနေနဲ့လူးပေးလို့ရပါတယ်။

ဒန့်သလွန်အသုံးဝင်ပုံကို မြန်မာဆေးကျမ်းတွေမှာလည်း အောက်ပါတိုင်း
ဖော်ပြထားပါတယ်။

ဒန့်သလွန်သီး...


၁။ဒန့်သလွန်သီး ကို ဟင်းချက် ကျွေးက ကလေး များ သန်ကောင်၊ တုတ်ကောင် ကင်းရှင်း စေ၏။

၂။ အသီး ကို အမှုန့် ပြု သကြားနှင့် ရောသောက်သော် ဆီးများခြင်း ပျောက် ၏။

ဒန့်သလွန်ရွက်...

၁။ ဒန့်သလွန်ရွက်၊ ကြက်သွန်ဖြူ၊ ပတဲ ကောမြစ်၊ မိဿလင် ဟင်းခါး ချက်သောက် သော် ရာသီထိမ် ခြင်း ပျောက်၏။

၂။ ဒန့်သလွန်ရွက်ကို၃ခွက်တစ်ခွက်တင်ဟင်းချိုအဖြစ် ပြုတ်သောက်သော်သွေး တိုး ကျ၏။

ဒန့်သလွန်အမြစ်...

၁။ ဒန့်သလွန် မြစ်ကို ထုထောင်း ကြိတ်ခြေ၍ အရည်ကို ညှစ်ကာ စားပွဲ ဇွန်း နှင့် တစ်ဇွန်း ခန့် သောက်က အသံဝင် အသံကပ် လည်ချောင်း နာ ပျောက် ၏။

၂။ ဒန့်သလွန် မြစ်နှင့် မုန်ညင်းစေ့ အမျှ ပေါင်းစပ်၍ ရောကြိတ်ပြီး ရေတွင် ၂ နာရီ ကျော်မျှ စိမ်ကာ တစ်ခါသောက် စားပွဲဇွန်း တစ်ဇွန်း တစ်နေ့ ၃ ကြိမ်သောက် က အ စာ မကြေ ၀မ်းဖော ၀မ်းရောင် ပျောက်၏။

၃။ ဒန့်သလွန် မြစ်ကို သုံးခွက် တစ်ခွက်တင် ကျို၍ စားပွဲဇွန်း တစ်ဇွန်း မှန်မှန် သောက်သော် ၀မ်းတွင်း သက်တန့် ပျောက်၏။

၎။ ပန်းနာ ရောဂါ အတွက် ဒန့်သလွန် မြစ်ကို ကြိတ်၍ ရသော အရည်ကို ချင်းရေနှင့် ရောသောက် ရ၏။

၅။ ဒန့်သလွန် မြစ်မှုန့်နှင့် ပရန္န၀ါ မြစ်မှုန့် ဆတူကို အုန်းနို့ ပျားရည် တို့နှင့် ရောစပ် ချက်ပြီး နံနက် ည တစ်ဇွန်း စီ သောက်သော် အား အင် ပြည့်ဖြိုး ခွန်အား တိုး၍ အသက် ရှည်စေ၏။

၆။ အမြစ် ကိုကြိတ်၍ စည်းပေးသော် ရောင်တင်းခြင်း ပျောက်၏။ အမြစ် ကြိတ်ညှစ် ရည်ကို နို့နှင့် ရောသောက်သော် ဆီးချို ရောဂါ ပျောက်၏။

ဒန့်သလွန်အစေ့...

၁။ အစေ့ သည် အဆိပ် သင့်ခြင်းနှင့် ခေါင်းကိုက် ရောဂါ ဖြစ်ခြင်း ကို ပျောက် ကင်းစေ တတ်၏။ အစေ့ ကို အမှုန့် ပြု၍ နား၌ ထည့်ပေးသော် နား ကိုက်ခြင်း၊ နားပြည်ယို ခြင်း ပျောက်၏။

၂။ အစေ့ဆီကို အနာပေါက် နှင့် ယားနာ အမျိုးမျိုး တို့၌ သုံး၏။

ဒန့်သလွန်အစေး...

၁။ အစေးကို ပါးစပ်၌ ငုံပေး သော် သွား ပုပ်ခြင်း ပျောက်၏။

ဒန့်သလွန်အပွင့်...

၁။အပွင့်ကို ဖောရောင် ခြင်း၊ အဖျဉ်း ကြီးခြင်း နှင့် အကြော ရောဂါ ၊ သက်တန့် ရောဂါ၊သလိပ် ရောဂါ၊ လေဖောက် ပြန်သော ရောဂါ များအတွက် ဆေးဖော်စပ် သုံးရ၏။

ဒန့်သလွန်အခေါက်...

၁။လတ်ဆတ် သော အခေါက်ရည် ကို နား၌ ထည့်ပေး သော် နား နာကျင် ကိုက်ခဲခြင်း၊ နား ပြည်ယို ခြင်း များကို ပျောက်ကင်း စေတတ်၏။

သဘာဝဆေးဖက်ဝင် အာဟာရပြည့် အလှအပသုံး ဒန့်သလွန်တပင်လုံး အသုံးဝင်တာသိရှိပြီးတဲ့စာဖတ်သူတို့ အခွင့်ရေးရ ရင် ဒန့်သလွန်ပင်ကို စိုက်ကြရအောင်လားဗျာ။

Myawady News

Re-Post By ACM 15-3-2013
အေးချမ်းမွန် Credit & Copy From >>Myanmar Online News Thank

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ဖြောင့်ဖြောင့်တန်းတန်း ကြည့်နည်း



မယုံလို့ ကိုယ်တိုင် စမ်းသုံးကြည့်လိုက်တာ တကယ်ပဲ မှန်ကန်နေတာ တွေ့ရပါတယ်။

မြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော လောလော ဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။


အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1585518&xgs=1&xg_source=msg_share_post

မိဘအပေါ်မှာ ကျေးဇူးတင်တဲ့စကား ပြောတတ်ကြရဲ့လား

   
"ကျေးဇူးတင်တယ်"  ဆိုတဲ့စကားလုံးကို ကျွန်တော်တို့ ရေးတတ်ပေမယ့် သူထဲက ပါဝင်တဲ့ တကယ့်အဓိပ္ပါယ်ကို ကျွန်တော်တို့မသိခဲ့ကြဘူး။ အမေ့ဝမ်းဗိုက်ထဲကနေ ကျွန်တော်တို့ လွတ်မြေက်လာတဲ့ တခဏ ကျွန်တော်တို့ရဲ့ဘဝက မိဘတို့ရဲ့မေတ္တာ ၊ မိဘတို့ရဲ့ကောင်းချီးမင်္ဂလာထဲ ဝကွက်အပ်လိုက်ပြီးဖြစ်တယ်။ ကျွန်တော်တို့ကို သူတို့ရဲ့ချစ်ခြင်းကောင်းကင်ကြီးနဲ့ ကာမိုးလိုက်ပြီဖြစ်တယ်။
သူတို့က ကျွန်တော်တို့ကို ချမ်းသာ  ကြွယ်ဝတဲ့ ဘဝပေးချင်မှ  ပေးနိုင်လိမ့်မယ်။ ဒါပေမယ့် သူတို့ပေးလိုက်တာ လူတစ်ယောက်ရဲ့ ဘဝအတွင်း အစားထိုးလို့ မရတဲ့ ရှင်သန်ခြင်းတွေ ဖြစ်တယ်။ မပြောပလောက်တဲ့ အရာလေးနဲ့တင်မိဘကိုပျော်ရွှင်ကြည်နူးသွားအောင်လုပ်တာလဲ မိဘကိုကျေးဇူးဆပ်တာပါပဲ။ အခုထိ ကျွန်တော်အရိုးစွဲ မှတ်မိနေတဲ့ ကြော်ငြာလေးတစ်ခုရှိပါတယ်။ အဲဒီကြော်ငြာ မှာ ကောင်လေး တစ်ယောက်က ရေဇလုံတစ်ခုကို မနိုင်မနင်းမပြီး အမေ့ရှေ့မှာချလိုက်တယ်။ ပြီးတော့ အပြစ်ကင်းတဲ့ပုံစံနဲ့...."မေမေခြေထောက်ရေးရအောင်"လို့သူပြောတယ်။   
           
ဒီကြော်ငြာက ဒီကနေ့ထိ လူကြိုက်များလို့ လွှင့်ထုတ်နေတုန်းပဲ။ လူကြိုက်များရတဲ့အကြောင်းက သရုပ်ဆောင်တွေနာမည်ကြီးလို့မဟုတ်ပါဘူး။ အဲဒီမတ္တာသံယောဇဉ်က လူတွေရဲ့ရင်ကို ကိုင်လှုပ်နိုင်ခဲလို့ဖြစ်တယ်။ကြော်ငြာကိုကြည့်ပြီးလူတွေမျက်ရည်ကျခဲ့ ကောင်လေးအတွက်သာမက ကောင်လေးရင်ထဲကလာတဲ့ နက်ရှိုင်းတဲ့မတ္တောနဲ့ ကျေးဇူးသိတတ်မှုကြောင့်ဖြစ်ပါတယ်။ ဒီလိုကိစ္စမျိုးကို လူတိုင်းလုပ်နိုင်ပါတယ်။ဒါပေမယ့်လူတိုင်းမလုပ်နိုင်ခဲ့ကြဘူး။
         
သင်တို့ရဲ့ကျေးဇူးဘယ်မှာလဲလို့ ကျွန်တော်စမ်းမေးကြည့်ချင်ပါတယ်။ စိတ်ပညာမှာ အနက်ဖွင့်ဆိုခဲ့ပါတယ်။ယနေ့ခေတ်လူငယ်တွေရဲ့ ပြောဆိုဆက်ဆံမှုတွေမှာ အပြုအမူ တစ်မျိုးရှိတယ်။ အဲဒီအပြုအမူ "ချစ်ခြင်းမပါတဲ့ အပြုအမူ"ဖြစ်တယ်။ချစ်ခြင်းကိုခုတုံးလုပ်ပြီး ကိုယ့်အရင်းနီးဆုံးလူတွေဆီကနေကိုယ်ရလိုချင်တာကို အဓမ္မရယူဖြစ်တယ်။

 ချစ်ခြင်းကိုဘန်းပြပြီးကိုယ်ရည်ရွယ်ချက် ပြီးမြောက်စေတာဖြစ်တယ်။ကျေးဇူးတင်တယ် ၊ ကျေးဇူးဆပ်တယ်ဆိုတာကတော့ ရင်ထဲကနေလာသင့်တဲ့အရာဖြစ်တယ်။ စကားပုံ တစ်ခုကတော့"ရေစက်တစ်စက်မျှသောကျေးဇူးကို စမ်းချောင်းတစ်ခုလုံးနဲ့ဆပ်သင့်တယ်"တယ်တဲ့။ကိုယ့်အတွက် မိဘတွေ ၊ မိသားစုတွေဆပ်ခဲ့တာ "ရေတစ်စက်"မဟုတ်ပါဘူး။ သမုဒ္ဒရာကြီးတစ်စင်းဖြစ်ပါတယ်။မိဘတွေ ပင်ပန်းေ မာပန်းနေချိန် ရေတစ်ခွက်သင်ပေးကမ်းဖူးသလာ?မိဘတွေနွမ်းလျအားလျှော့ချိန် နှစ်သိမ့်စကားတစ်ခွန်း သင်ပြောခဲ့ဖူးသလား?မိဘတို့ရဲ့ အိမ်ခန်းကို သင်လှည်းကျင်းဖူးသလား?
ကျွန်တော်တို့အတွက် သွေး ၊ ချွေး၊ အင်အားတွေ သူတို့သွန်းလောင်းချိန်မှာ သူတို့ရဲ့မာပန်းနွမ်းနယ်မှုတွေကိုကျွန်တော်တို့ခံစားမိဖူးလား?တစ်နေ့ထက်တစ်နေ့ ငွေရောင်သမ်းလာတဲ့ ဆံနွယ်တွေ ၊ တစတစ နက်ရှိုင်းလာတဲ့ ပါးပြင်ပေါ်ကအရေးအကြောင်းတွေ ကျွန်တော်တို့သတိထားခဲ့မိသလား?
မိဘကိုဂရုစိုက်၊ ပြုစုဖို့အချိန်ကိုမစောင့်ပါနဲ့။ မိဘကိုကျေးဇူးတင်တယ်ဆိုရင်လဲ ရင်ထဲ ၊ အသဲထဲကနေလှိုက်လှိုက်လှဲလှဲပေးဆပ်ပါ။ အချိန်လွန်မှ ယူကြုံးမရတဲ့ ပူဆွေးနောင်တတွေနဲ့ ကိုယ့်ကိုမချုပ်နှောင်ပါစေနဲ့......
                                                                                                   
နိုင်းနိုင်းစနေ
 http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A2019001&xgs=1&xg_source=msg_share_post

Gtalk မှာ offline နဲ့ပဲချိတ်မယ်...

ဒီလင့်လေးဆီသွားလိုက်ပါ  http://talkgadget.google.com/talkgadget/popout
အဲဒီမှာ အရင်ဆုံး Signin ကို နှိပ်လိုက်ပါ။ ပြီးရင် ပုံမှန်အတိုင်း Gtalk က Username နဲ့ Password ကိုရိုက်လိုက်ပါ။ ဒါဆိုရင် စလို့ ရပါပြီ… သူငယ်ချင်းတို့ရဲ့ မိတ်ဆွေတွေကို Gtalk မှာလိုပဲ တွေ့ရမယ်။ ဒါပေမယ့် ပုံမှန် Gtalk နဲ့ တော့ အကုန်မတူဘူးနော်။ သူက တစ်မျိုးလေး… အဲဒီအထဲကို ရောက်ရောက် ချင်း Gtalk အတိုင်းပဲ Online မှာရှိနေတဲ့ ကိုယ့်သူငယ်ချင်းတွေကို အပေါ်ဆုံးမှာ တွေ့ရမယ်။ အခု အတိုင်း ဆို သူတို့ကလည်း ကိုယ့်ကို Gtalk မှာ Online အနေနဲ့ ပုံမှန်အတိုင်း မြင်ရမယ်…. ပြောချင်တဲ့ သူကို ကလစ်နှိပ်ပြီး ပြောကြည့်ပါ။ပုံမှန် Gtalk အတိုင်းပဲ…. သူကတော့ သူငယ်ချင်းတစ်ယောက်ကို စကားပြောဖို့ ကလစ်နှိပ်လိုက်ရင်
 ပုံမှန် Gtalk ကလို Window တစ်ခု အနေနဲ့တော့ ထွက်မလာဘူး။ Tab တစ်ခုအနေနဲ့ Contacts ရဲ့ဘေးမှာ ကိုယ်ပြောမယ့် သူငယ်ချင်းရဲ့ နာမည်နဲ့ ထွက်လာမယ်…ကဲ အခုစပြောတော့မှာက သူငယ် ချင်း တို့ သိချင်နေတဲ့ ကိုယ့်ကို သူများမမြင်အောင်
offline လုပ်ကြမယ်ဆိုတဲ့ အကြောင်းလေ… အရင်ဆုံး Gtalk မှာ Singout လုပ်ဖို့သွားတဲ့ မြှားလေးကို မှတ်မိတယ်နော်။ အဲဒါက Contacts ရဲ့ အောက်မှာရှိတယ်… အဲဒီံ မြှားကလေး ကို ကလစ်နှိပ်လိုက်ပါ။ ပြီးရင် အောက်ဆုံးနားက invisible ကိုရွေးပေးပါ… ဒါဆိုရင် ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ကို မမြင် ရတော့ဘူး။ ကိုယ်က သူတို့ဆီမှာ offline ဖြစ်သွားပြီ… ကိုယ်ကသာ သူတို့ကို မြင်နေရမယ်… ကိုယ်က offline ပုံစံဖြစ်နေပေမယ့် သူတို့ကို စကားသွားပြောလို့ ရတယ်နော်… သူတို့ဆီမှာတော့ ကိုယ်က offline ကြီးနဲ့ စကားတွေပြောနေတာပေါ့…
ကဲ စမ်းသပ် ကြည့်လိုက်ကြပါ…
 
http://friendsdaygroup.ning.com/profiles/blog/show?id=2293535%3ABlogPost%3A1599562&xgs=1&xg_source=msg_share_post

မြန်နှုန်းမြင့် internet ဖြစ်ဖို့

 internet speed photo: SPEED INTERNET hispeedinternet3.jpg
မြန်နှုန်းမြင့် INTERNET ဖြစ်ဖို့၊ WEB PAGE တွေ LOADING လုပ်တာမြန်စေဖို့၊ ပုံတွေပေါ်တာ မြန်စေဖို့ စိတ်ကူးရှိရင် သင့် BROWSERကို နည်းနည်းချိန်ညှိပေးဖို့လိုလိမ့်မယ်။ ဒီ ဆောင်းပါးက BROWSER အနေနဲ့ FIRE FOX ကို သုံးထားတဲ့သူတွေ အတွက်ပါ။ မရှိလဲ DOWNLOAD ဆွဲပြီး သုံးနိုင်ပါတယ်။ FIRE FOX ကိုဖွင့်လိုက်ပါ။ ပြီးတော့ ADDRESS BAR မှာ about:config လို့ရိုက်ထည့်ပြီး ENTER နှိပ်ပါ။ ပညာရှင်အဆင့် ချိန်ညှိမှု့တွေ လုပ်မယ့်နေရာကို သွားမှာ ဖြစ်လို့ သတိပေးတဲ့စာတမ်း တစ်ခုပေါ်လာပါလိမ့်မယ်။ ဂရုစိုက်လုပ်ပါ့မယ် လို့အဓိပါယ်ရတဲ့ BUTTON ကို နှိပ်ပေးလိုက်ပါ။

network.http.pipelining ရှိတဲ့နေရာကိုကိုဆင်းသွားပါ။ သူ့ရဲ့Value Field မှာ FALSE ဖြစ်နေခဲ့ရင် DOUBLE CLICK နှိပ်ပြီး TRUEပြောင်းလိုက်ပါ။

network.http.pipelining.maxrequests ကိုသွားပါ။ DOUBLE CLICKနှိပ်ပြီး တန်ဖိုးကို 8 လို့ပြောင်းပါ။
network.http.proxy.pipelining ကိုသွားပါ။ DOUBLE CLICK နှိပ်ပြီးတန်ဖိုးကို TRUE ပြောင်းလိုက်ပါ။
network.dns.disableIPv6 ကိုရှာပြီး တန်ဖိုးကို TRUEပြောင်းပေးပါဦး။

CONFIGURATION WINDOW ရဲ့ ညာဘက်က လွတ်နေတဲ့ ကြိုက်တဲ့ နေရာမှာRIGHT CLICK ထောက်လိုက် ပါ။ POP UP MENU လေးပေါ်လာပါလိမ့်မယ်။ MENU ထဲကNEW ကိုရွေးပြီး BOOLEANကိုတဆင့် ရွေးပေး ပါ။ ပေါ်လာတဲ့ New booleanvalue pop-up window ထဲမှာ content.interrupt.parsingလို့ရိုက်ထည့် ပါ။ OK ရွေးပြီး New Boolean အတွက် VALUE ကို TRUEထားပေးပါ။

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါ။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာcontent.max.tokenizing.time လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို2250000 လို့ထားလိုက်ပါ။

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာcontent.notify.interval လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE BOX မှာ750000 လို့ထားပါ။

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကBOOLEAN ကိုရွေးပါ။ ပေါ်လာတဲ့ New boolean value pop-up window မှာcontent.notify.ontimer လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို TRUEထားပေးပါ။

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာcontent.notify.backoffcount လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို 5 လို့ထားပေးပါ။

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး ။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာcontent.switch.threshold လို့ရိုက်ထည့်ပါ။
OK ပေးပြီး VALUEကို 750000 လို့ထားပေးလိုက်ပါ။

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာnglayout.initialpaint.delay လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို 0 ထားလိုက်ပါ။

အခုက စပြီး သင့် FIRE FOX ရဲ့ အမြန်နှုန်းဟာ မင်သက်လောက်စရာမြန်ဆန်နေခဲ့ပြီပေါ့။

http://whitestrength.ning.com/profiles/blog/show?id=6586231%3ABlogPost%3A33145&xgs=1&xg_source=msg_share_post

ချစ်သူနှစ်ဦးလမ်းခွဲရခြင်း (၁၀)မျိုး


၁။ ချစ်သူတွေဖြစ်ခဲ့တာ မမှားပါဘူး
နားလည်မှု့မရှိတာက မှားတာပါ..

၂။ သ၀န်တိုခဲ့တာတွေ မမှားဘူး
သံသယ တွေ ၀င်ခဲ့တာ မှားတာပါ..

၃။ ကျီစယ်ခဲ့တာတွေ မမှားဘူး
ပျက်ရယ်ပြုခဲ့တာတွေ မှားတာပါ..

၎။ စိတ်ကောက်ခဲ့တာတွေ မမှားပါဘူး
ပြန်မချော့နိုင်တဲ့ မာနတွေက မှားတာပါ..။

၅။ ပိတ်ပင်တားမြစ်တာက မမှားပါဘူး
ချုပ်ခြယ်ချည်နှောင်ထားတာက မှားတာပါ...။

၆။ အနေမနီးခြင်းက မမှားပါဘူး
နွေးထွေးမှု့ မရှိခြင်းက မှားတာပါ..။

၇။ အရမ်းချစ်ပြခဲ့တာက မမှားပါဘူး
တယောက်ထဲ အတွေးချော်တာက မှားတာပါ...

၈။ တစိမ်းတွေ ၀င်စွက်ဖက်တာ မမှားပါဘူး..
တစိမ်းစကားတွေ နားယောင်တာက မှားတာပါ...။

၉။ အတိတ်ကို ဂရုမစိုက်တာ မမှားပါဘူး
အနာဂတ်အတွက် ရည်ရွယ်ချက်မဲ့တာ မှားတာပါ..။

၁၀။ တခါတခါ ချစ်သူကိုဦးစားမပေးနိုင်တာ မမှားပါဘူး

ကျန်းမာစေရန် ရောင်စုံစားပါ

သင်ရဲ့ ထမင်း ပန်းကန်ထဲမှာ သက်တံရောင် အစားအစာတွေ ရှိနေတာဟာ နုပျို ကျန်းမာ စေတာကြောင့် သင့်ပန်းကန်ထဲမှာ အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အဖြူရောင်နဲ့ အပြာရောင်ရှိတဲ့ အစားအသောက်တွေ ပါဝင် သင့်ပါတယ်။
အနီရောင်
အရသာရှိတဲ့ အနီရောင် အစားအသောက် တွေကို စားပေးတဲ့အခါ အနီရောင် အသီးအနှံနဲ့ ဟင်းသီး ဟင်းရွက်တွေမှာ အင်သိုဆိုင်ယာနင် ပါဝင်နေတာ ကြောင့် ဆဲလ်တွေရဲ့ ထိခိုက် ပျက်စီးမှုကို အကာအကွယ် ပေးနိုင်ပါတယ်။ အနီရောင်ရှိတဲ့ အစားအစာတွေကတော့ စတော်ဘယ်ရီသီး၊ အနီရောင် ပန်းသီးနဲ့ ငရုတ်သီး အနီ၊ သလဲစေ့ စတာတွေပဲ ဖြစ်ကြပါတယ်။ ဆီးကျိတ် ကင်ဆာကို ကာကွယ်ပေးနိုင်ပြီး နှလုံးကိုလည်း ကျန်းမာစေပါတယ်။
လိမ္မော်ရောင်နှင့် အဝါရောင်
ရွှေဖရုံသီးနဲ့ ကန်စွန်းဥတို့လို အဝါရောင်နဲ့ လိမ္မော်ရောင် ရှိတဲ့ အစား အစာတွေကို စားပေးရင် အမြင်အာရုံကို ကောင်းမွန်စေပြီး ခုခံစွမ်းအား စနစ်ကို တိုးမြင့်စေပါတယ်။ အဝါရောင် အသီးအနှံတွေထဲမှာ ပါဝင်တဲ့ ဘီတာ ကယ်ရိုတင်းတွေဟာ ခန္ဓာကိုယ်ထဲ ရောက်တဲ့အခါမှာ ဗီတာမင်အေ အဖြစ် ပြောင်းသွားတာကြောင့် ကင်ဆာ ရောဂါနဲ့ နှလုံးရောဂါ အန္တရာယ်ကို လျော့ကျ စေပါတယ်။ ဒါ့အပြင် ချဉ်တဲ့ အသီးအနှံတွေမှာ ဗီတာမင်စီနဲ့ ဖောလိတ်ဓာတ်လည်း ပါဝင်နေတာကြောင့် ဖရီးရယ်ဒီ ကယ်တွေကို ကင်းဝေးစေပြီး ခုခံစွမ်းအား စနစ်ကို ကောင်းမွန် စေပါတယ်။
အပြာရောင်၊ ခရမ်းရောင်နှင့် အနက်ရောင်
အစိမ်းရောင်
အစိမ်းရောင် အစားအစာထဲမှာ ပါတဲ့ ကလိုရိုဖီးတွေဟာ သွေးဆဲလ် ထုတ်လုပ်မှု အားကောင်း စေပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ အစိမ်းရောင် အစားအစာ တွေထဲမှာ လူတင်ဓာတ် ပါဝင်တာကြောင့် အတွင်းတိမ်ရောဂါ အန္တရာယ်နဲ့ အသက်ကြီးတာကြောင့် ဖြစ်တဲ့ မက်ကူလာ ယိုယွင်း ပျက်စီးတာကို လျော့ကျ စေနိုင်ပါတယ်။ အစိမ်းရောင် အစား အစာတွေ ကတော့ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်ရွက်၊ ရွက်လိပ်ဂေါ်ဖီထုပ် စတာတွေပဲ ဖြစ်ကြပါတယ်။ အဖြူရောင် သစ်တော်သီး၊ အခွံမာသီးနဲ့ သီဟိုဠ်စေ့လို အစေ့အဆန်တွေမှာ အန်သို ဆိုင်ယာနင်တွေ ပါဝင်တာကြောင့် သွေးဖိအားကို ထိန်းညှိပေးပြီး သွေးတွင်း ကိုလက်စထရော ပမာဏကို လျော့ကျ စေပါတယ်။
အဖြူရောင်
ကြက်သွန်ဖြူနဲ့ ကြက်သွန်နီ ထဲမှာလည်း ကွာဆီတင်ဓာတ် ပါဝင်တာကြောင့် ရောင်ရမ်းမှု လျော့ကျ စေကာ နှလုံးသွေးကြော စနစ်ကို ကျန်းမာစေပါတယ်။ ပဲပိစပ်၊ အဖြူရောင်ပဲ၊ ဘာလီစေ့နဲ့ ထမင်းတွေဟာလည်း သင်စားသင့်တဲ့ အဖြူရောင် အစားအစာတွေပဲ ဖြစ်ကြပါတယ်။

http://www.myawady.com.mm/health/knowledge/item/5105-2013-01-23-09-58-31#.UP9ZFVLgyuo

မိန်းကလေးအတွက် ဘဝဒဿန


Photo: မိန်းကလေးအတွက် ဘဝဒဿန

(၁) သင့်မှာ အဝတ်အစားတွေအများကြီးရှိဖို့ မလိုပါဘူး။ ခေတ်နဲ့မလိုက်ဖက်တော့တဲ့၊ ခေတ်လွန်အင်္ကျီတွေကို ခေါက်သိမ်းလိုက်ပါ။ သင့်အသက်အရွယ်နဲ့ မလိုက်ဖက်တော့တဲ့ အနားပန်းဖွားအင်္ကျီတွေကို ခေါက်သိမ်းလိုက်ပါ။ ဒီကနေ့ကစ ဘီရိုထဲမှာရှိတဲ့ အင်္ကျီတစ်ထည်တိုင်းဟာ သင်နဲ့လိုက်ဖက်တဲ့အရောင်၊ သင်နဲ့သင့်တော်တဲ့ စတိုင်လ်တွေဖြစ်နေပါစေ။

(၂) အားကစားရုံသွားဖို့ အပိုဝင်ငွေမရှိဘူးဆိုရင် လှေကားထစ်တွေကို သင်နေ့တိုင်းတက်နိုင်၊ ဆင်းနိုင်ပါတယ်။ Lancôme၊ Clinique၊ Estée Lauder တွေကို သင်မသုံးနိုင်ဘူးဆိုရင် အရက်၊ ဆေးလိပ်မသောက်၊ အိပ်ချိန်မှန်၊ စားချိန်မှန်ရင်လည်း သင့်အသားအရည်ကို စိုပြေဝင်းပစေပါတယ်။ SPAတွေလုပ်ဖို့ ငွေကြေးမတတ်နိုင်ဘူးဆိုရင် green tea၊ နွားနို့၊ ရေတွေကို အမြဲသောက်ဖို့ မမေ့ပါနဲ့။ ဒါတွေဟာလည်း အကျိုးရှိတဲ့အရာတွေဖြစ်တယ်။

(၃) အချစ်ကို သင်ယုံကြည်လို့ရတယ်။ ယောက်ျားလေးတွေရဲ့ ချိုချိုသာသာစကားတွေကို သင်နားထောင်လို့ရတယ်။ ဒါပေမဲ့ တစ်ဖက်နားက နားထောင်ရင် ကျန်တစ်ဖက်နားက ထွက်သွားပါစေ။ ပျားရည်လိုချိုတဲ့ အဆိပ်တွေကို ရင်ထဲ သိမ်းဆည်းမထားပါနဲ့။ တော်ထက်တဲ့ယောက်ျားတွေကို သင်တန်ဖိုးထားနိုင်တယ်။ တကယ်လို့ အိမ်ထောင်သည်ဆိုတဲ့ တံဆိပ်ကပ်ထားသူဆိုရင် သင်တတ်နိုင်၊ လက်ခံနိုင်တဲ့သူမဟုတ်ကြောင်း မမေ့ပါနဲ့။ ဒီလိုလူမျိုးနဲ့ကြုံခဲ့ရင် ဘာအတွယ်အတာမှမချန်ဘဲ ဝေးဝေးခွာပါ။

(၄) ကိုယ့်ရဲ့အပြင်ပန်းအလှကို တန်ဖိုးထားပါ။ ထိုနည်းတူ အတွင်းစိတ်ကိုလည်း မပြတ်ဖြည့်ဆည်းပါ။ စာများများဖတ်ပါ၊ များများသင်ယူပါ။ လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ ဖက်ရှင်၊ မိသားစု..... ဘုရားသခင်က သင့်ကို လှပတဲ့မျက်နှာမပေးခဲ့ရင် အသိဉာဏ်ပြည့်တဲ့ စိတ်နှလုံးတစ်စုံရှိဖို့ကို သင်ကိုယ်တိုင် တာဝန်ယူပါ။ ပန်းအိုးတွေက ကွဲလွယ်တယ်၊ ရုပ်ရည်က အိုလွယ်တယ်။ အသိဉာဏ်က နှစ်လကြာလေ တိုးပွားလေ၊ ခိုင်မြဲလေဖြစ်တယ်။

(၅) လက်ဆောင်ပစ္စည်းရတဲ့ အံ့သြဝမ်းသာခြင်းမျိုးကို သင်ခံစားနိုင်ပါတယ်။ ဒါပေမဲ့ အလကားစားရတဲ့ ညစာဆိုတာ မရှိဘူးဆိုတာကိုတော့ မမေ့ပါနဲ့။ ယောက်ျားတစ်ယောက်ကပေးတဲ့ အဖိုးတန်ဈေးကြီးလွန်းတဲ့ လက်ဆောင်ပစ္စည်းကို ဘယ်လိုဂုဏ်ပုဒ်မျိုးနဲ့ သင်လက်ခံယူမလဲ! ဇနီးမယား? ချစ်သူရည်းစား? တကယ်လို့ ဇနီးမယားလည်းမဟုတ်၊ ချစ်သူရည်းစားလည်း မဟုတ်ဘူးဆိုခဲ့ရင် ဒီလက်ဆောင်အတွက် ဘယ်လိုပေးဆပ်ခြင်းမျိုးကို သင်ပေးဆပ်ရလိမ့်မလဲဆိုတာကို သေသေချာချာ စဉ်းစားပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို ကိုယ်တိုင်ဝယ်ယူနိုင်ဖို့ ကြိုးစားပါ။ ယောက်ျားတွေပေးမယ့် လက်ဆောင်ကိုပဲ မျှော်ကိုးမနေပါနဲ့။

Credit to- Nine Nine Sanay @ နိုင်းနိုင်းစနေ

(၁) သင့်မှာ အဝတ်အစားတွေအများကြီးရှိဖို့ မလိုပါဘူး။ ခေတ်နဲ့မလိုက်ဖက်တော့ တဲ့၊ ခေတ်လွန်အင်္ကျီတွေကို ခေါက်သိမ်းလိုက်ပါ။ သင့်အသက်အရွယ်နဲ့ မလိုက်ဖက်တော့တဲ့ အနားပန်းဖွားအင်္ကျီတွေကို ခေါက်သိမ်းလိုက်ပါ။ ဒီကနေ့ကစ ဘီရိုထဲမှာရှိတဲ့ အင်္ကျီတစ်ထည်တိုင်းဟာ သင်နဲ့လိုက်ဖက်တဲ့အရောင်၊ သင်နဲ့သင့်တော်တဲ့ စတိုင်လ်တွေဖြစ်နေပါစေ။

(၂) အားကစားရုံသွားဖို့ အပိုဝင်ငွေမရှိဘူးဆိုရင် လှေကားထစ်တွေကို သင်နေ့တိုင်းတက်နိုင်၊ ဆင်းနိုင်ပါတယ်။ Lancôme၊ Clinique၊ Estée Lauder တွေကို သင်မသုံးနိုင်ဘူးဆိုရင် အရက်၊ ဆေးလိပ်မသောက်၊ အိပ်ချိန်မှန်၊ စားချိန်မှန်ရင်လည်း သင့်အသားအရည်ကို

ကြားကုန်လိမ့်မယ်

Photo: ကြားကုန်လိမ့်မယ်

ညအချိန်တွင်ဖြစ်သည်။

ကွန်မန်ဒို နှစ်ယောက်သည် ထောက်လှမ်းရေးတာဝန်ဖြင့် ရန်သူရှိရာ စခန်းသို့

ဝမ်းလျားမှောက်ပီး ဖြည်းဖြည်းချင်းကပ်လာနေသည်။

ဤတွင်ရုတ်တရက်တစ်ယောက်ကပြောသည်။

 " ဟာာာာာ.....သွားပါပီကွာ...ငါ့လက်နှစ်ဘက်စလုံး ချေးပုံတက်ဖိမိတယ် ဒုက္ခပါပဲ "

ကျန်တစ်ယောက်က  ကြား သောအခါ အားရပါးရ ထရီလေသည်။

ထိုအခါ ချေးပုံဖိမိသူက.....

 " ရှူးးးးး......မင်းအသံကို ရန်သူတွေ ကြားကုန်လိမ့်မယ်... " ဟုဆိုကာ

ဟိုတစ်ယောက်၏ ပါးစပ်ကိုလက်ဖြင့် လှမ်းပိတ်လိုက်လေသည်။


ရီမောပျော်ရွှင်ပါစေ

Lon Ely ( 9-9-12 )
ညအချိန်တွင်ဖြစ်သည်။

ကွန်မန်ဒို နှစ်ယောက်သည် ထောက်လှမ်းရေးတာဝန်ဖြင့် ရန်သူရှိရာ စခန်းသို့

ဝမ်းလျားမှောက်ပီး ဖြည်းဖြည်းချင်းကပ်လာနေသည်။

ဤတွင်ရုတ်တရက်တစ်ယောက်ကပြောသည်။

" ဟာာာာာ.....သွားပါပီကွာ...ငါ့လက်နှစ်ဘက်စလုံး ချေးပုံတက်ဖိမိတယ် ဒုက္ခပါပဲ "

ကျန်တစ်ယောက်က ကြား သောအခါ အားရပါးရ ထရီလေသည်။

ထိုအခါ ချေးပုံဖိမိသူက.....

" ရှူးးးးး......မင်းအသံကို ရန်သူတွေ ကြားကုန်လိမ့်မယ်... " ဟုဆိုကာ

ဟိုတစ်ယောက်၏ ပါးစပ်ကိုလက်ဖြင့် လှမ်းပိတ်လိုက်လေသည်။


ရီမောပျော်ရွှင်ပါစေ

Lon Ely ( 9-9-12 )
http://www.facebook.com/jokeandothers

ကြိုက်တာဝယ်စား(ဟာသ)

Photo: ကြိုက်တာဝယ်စား

မြန်မာနိုင်ငံရှိ ၀က်မွေးမြူသူတစ်ဦးထံသို့တစ်နေ့သောအခါလူကြီးလူကောင်းတစ်ဦး ရောက်ရှိလာပြီးစုံစမ်းလေ၏ ။

" ခင်ဗျားရဲ့ဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ "

" ကျွန်တော့်ဝက်တွေကို ထမင်းကျန်၊ ဟင်းကျန်တွေနဲ့ဟင်းသီးဟင်းရွက်အပုပ်တွေရောစပ်ပြီးကျွေးပါတယ် "

" ကြားရတာစိတ်မကောင်းစရာပဲ၊ ကျွန်တော်က မြန်မာ့တိရိစ္ဆာန်များမွေးမြူဆောင့်ရှောက်ရေးအဖွဲ့ကအရာရှိပါ ။

အခုလိုကျန်းမာရေးနဲ့မညီညွတ်တဲ့အစာတွေကျွေးမှုအတွက်ခင်ဗျားကို ဒဏ်ငွေ  ၅ သောင်း ရိုက်ရပါလိမ့်မယ် "

ဒဏ်ငွေဆောင်ပြီး ( ၃ ) လခန့်ကြာပြန်သော်................

နောက်ထပ်လူကြီးလူကောင်းတစ်ဦးရောက်လာပြီး စုံးစမ်းပြန်၏ ။

"ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ "

" ဟုတ်ကဲ့၊ ပေါင်မုန့်၊ ပူတင်း၊  အာလူး၊ကြက်ပေါင်းနဲ့ဗိုက်တာမင်အားဆေးတွေ ရောစပ်ပြီး လူတွေ စားသလို ကျွေးပါတယ်ခင်ဗျာ "

" အားပါး၊ အံ့သြစရာပဲ၊ ကျွန်တော်က အရာရှိပါ။။ကမ္ဘာကြီးရဲ့လူဦးရေလေးပုံတစ်ပုံလောက် နှစ်စဉ်အငတ်ဘေးကြုံနေရတာကိုတောင်မှ

ခင်ဗျားကခြိုးခြုံမှုမရှိဘဲ ဖြုန်းတီးပစ်နေတာအဲဒီအတွက်ခင်ဗျားကို ငွေ ၅ သောင်း ဒဏ်ငွေရိုက်ပါတယ် "

ဒဏ်ငွေဆောင်ပြီး များမကြာမီနောက်တစ်ဦးလာပြန်လေ၏ ။

" ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးပါသလဲခင်ဗျား "

ဝက်မွေးမြူရေးသမားမှာ တော်တော်စိတ်ညစ်နေ၏။ နောက်ဆုံး ပြောလိုက်တာက....

" တစ်ကောင်ကို  ငွေ နှစ်ထောင် စီပေးပြီး ကြိုက်တာဝယ်စားလို့ ပြောလိုက်တယ် "

တိန်

ရီမောပျော်ရွှင်ပါစေ....

ကိုလုံ....

မြန်မာနိုင်ငံရှိ ၀က်မွေးမြူသူတစ်ဦးထံသို့တစ်နေ့သောအခါလူကြီးလူကောင်းတစ်ဦး ရောက်ရှိလာပြီးစုံစမ်းလေ၏ ။

" ခင်ဗျားရဲ့ဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ "

" ကျွန်တော့်ဝက်တွေကို ထမင်းကျန်၊ ဟင်းကျန်တွေနဲ့ဟင်းသီးဟင်းရွက်အပုပ်တွေရောစပ်ပြီးကျွေးပါတယ် "

" ကြားရတာစိတ်မကောင်းစရာပဲ၊ ကျွန်တော်က မြန်မာ့တိရိစ္ဆာန်များမွေးမြူဆောင့်ရှောက်ရေးအဖွဲ့ကအရာရှိပါ ။

အခုလိုကျန်းမာရေးနဲ့မညီညွတ်တဲ့အစာတွေကျွေးမှုအတွက်ခင်ဗျားကို ဒဏ်ငွေ ၅ သောင်း ရိုက်ရပါလိမ့်မယ် "

ဒဏ်ငွေဆောင်ပြီး ( ၃ ) လခန့်ကြာပြန်သော်................

နောက်ထပ်လူကြီးလူကောင်းတစ်ဦးရောက်လာပြီး စုံးစမ်းပြန်၏ ။

"ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ "

" ဟုတ်ကဲ့၊ ပေါင်မုန့်၊ ပူတင်း၊ အာလူး၊ကြက်ပေါင်းနဲ့ဗိုက်တာမင်အားဆေးတွေ ရောစပ်ပြီး လူတွေ စားသလို ကျွေးပါတယ်ခင်ဗျာ "

" အားပါး၊ အံ့သြစရာပဲ၊ ကျွန်တော်က အရာရှိပါ။။ကမ္ဘာကြီးရဲ့လူဦးရေလေးပုံတစ်ပုံလောက် နှစ်စဉ်အငတ်ဘေးကြုံနေရတာကိုတောင်မှ

ခင်ဗျားကခြိုးခြုံမှုမရှိဘဲ ဖြုန်းတီးပစ်နေတာအဲဒီအတွက်ခင်ဗျားကို ငွေ ၅ သောင်း ဒဏ်ငွေရိုက်ပါတယ် "

ဒဏ်ငွေဆောင်ပြီး များမကြာမီနောက်တစ်ဦးလာပြန်လေ၏ ။

" ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးပါသလဲခင်ဗျား "

ဝက်မွေးမြူရေးသမားမှာ တော်တော်စိတ်ညစ်နေ၏။ နောက်ဆုံး ပြောလိုက်တာက....

" တစ်ကောင်ကို ငွေ နှစ်ထောင် စီပေးပြီး ကြိုက်တာဝယ်စားလို့ ပြောလိုက်တယ် "

တိန်

ရီမောပျော်ရွှင်ပါစေ....

ကိုလုံ....
http://www.facebook.com/jokeandothers

မင်း..သိပါတယ်ကွာ(ဟာသ)

Photo: မင်း..သိပါတယ်ကွာ......

တခါက မြို့တမြို့ မှာ မြင့်မောင်ဆိုတဲ့ လူငယ်တယောက်ရှိ သတဲ့။ မြင့်မောင်က ကုမ္ပဏီ တခုမှာ အလုပ်လုပ်နေတယ်။ သူ့အိမ်ကနေ ရုံးကို သွားတဲ့လမ်းမှာ မဖြတ်သွားလို့ မရတဲ့ လမ်းတခုရှိတယ်တဲ့။

တနေ့မနက်ခင်းမှာ အဲဒီလမ်းကလည်း သူဖြတ်သွားရော စတိုးဆိုင်တဆိုင်အရောက်မှာ

“ဟရောင် ငတုန်း..ငနွား လမ်းလျှောက်တာ ဘယ်လိုလျှောက်နေလဲ .. အခြောက်လိုပဲ.. ^#^@*#*@*#@&$&#!&#^#^$@$*$xxxx...”
...
ဆိုတဲ့ သူ့ကို ယုတ်ယုတ်မာမာ လှမ်းဆဲဆိုတဲ့ အသံကြားလိုက်ရသတဲ့ ။ ဒါနဲ့ မောင်မြင့်မောင်လည်း ဒေါသကြီးနဲ့ လှမ်းကြည့်လိုက်တော့ လှောင်အိမ်လေးထဲက ကြက်တူရွေးတကောင်က သူ့ကို စိုက်ကြည့်ပြီး ပြောနေတာကို တွေ့ရသတဲ့။

မောင်မြင့်မောင် လှမ်းကြည့်တဲ့ အချိန်မှာ ကြက်တူရွေးက “ဟရောင် .. မင်းဘာကြည့်တာလဲ .. မိုက်လို့လားကွ” လို့ ထပ်ပြောသတဲ့ ..

မောင်မြင့်မောင်လည်း ဒေါသထွက်ပေမယ့် တိရစ္ဆာန် နဲ့တော့ ပြိုင်ပြီး ဒေါသမထွက်တော့ပါဘူးလေ လို့ တွေးပြီး ဘာမှ မပြောတော့ပဲ ဆက်သွားခဲ့တော့သတဲ့ ။

ဒီလိုနဲ့ သုံးလေးရက် ဆက်တိုင် အဲဒီစတိုးဆိုင်နားကို ရောက်တိုင်း ဆဲဆိုကြိမ်းမောင်းသံတွေ နေရတော့ မောင်မြင့်မောင် လည်း ဒေါသတကြီးနဲ့ စတိုးဆိုင်ထဲကို ၀င်သွားပြီး ဆိုင်ရှင်ကို

“အကို ခင်ဗျား ကြက်တူရွေးမွေးထားတာ လည်း ကြည့်မွှေးပေါ့ဗျာ။ ခင်ဗျားကောင်က ကျုပ်ကို နေ့တိုင်း ဆဲဆိုနေတယ်။ ကြည့်ကြပ် ထိန်းဗျာ။ နောက်တခါဆိုရင်တော့ အလိုကောင်ကို မွေးပြီး ပတ်ဝန်းကျင်ကို အနှောက်အယှက်ပေးမှုနဲ့ ရဲစခန်း တိုင်တော့မယ်..”
လို့ ပြောလိုက်သတဲ့ ။
ဒါနဲ့ ပိုင်ရှင်လည်း သေချာထိန်းသိမ်းပါမယ့်အကြောင်းနဲ့ နောက်ဒီလို မဖြစ်စေရပါဘူးဆိုပြီး တောင်းပန်သတဲ့။ မောင်မြင့်မောင်လည်း ကျေနပ်ပြီးပြန်လာသတဲ့။

အထွက်မှာ ကြက်တူရွေးကို ရင်ကော့ပြပြီး မင်း ဘာတတ်နိုင်သေးလဲကွ ဆိုတဲ့ အကြည့်နဲ့ တောင် ကြည့်ခဲ့လိုက်သေးသတဲ့။

ဒါနဲ့ မောင်မြင့်မောင်လဲ နောက်တနေ့မှာ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ အဲဒီလမ်းကို ဖြတ်လာသတဲ့။

စတိုးဆိုင်နားကို အရောက်မှာ “ဟရောင်.. ဟရောင်” လို့ ခေါ်သံ ကြားလိုက်ရလို့ လှည့်အကြည့်မှာ ကြက်တူရွေးက သူ့ကို စေ့စေ့ကြည့်ပြီး ပြောလိုက်တဲ့ စကားကြောင့်

 မောင်မြင့်မောင်ခဗျာ ပက်လက်ကိုလန်သွားသတဲ့ခင်ဗျာ။ 

“ဟရောင် .. မင်းကို ငါဘာပြောချင်လည်းဆိုတာ ကို...မင်း..သိပါတယ်ကွာ” တဲ့။ :D

ရီမောနိုင်ပါစေ။ရှဲပါတယ်...

lon elys...တခါက မြို့တမြို့ မှာ မြင့်မောင်ဆိုတဲ့ လူငယ်တယောက်ရှိ သတဲ့။ မြင့်မောင်က ကုမ္ပဏီ တခုမှာ အလုပ်လုပ်နေတယ်။ သူ့အိမ်ကနေ ရုံးကို သွားတဲ့လမ်းမှာ မဖြတ်သွားလို့ မရတဲ့ လမ်းတခုရှိတယ်တဲ့။

တနေ့မနက်ခင်းမှာ အဲဒီလမ်းကလည်း သူဖြတ်သွားရော စတိုးဆိုင်တဆိုင်အရောက်မှာ

“ဟရောင် ငတုန်း..ငနွား လမ်းလျှောက်တာ ဘယ်လိုလျှောက်နေလဲ .. အခြောက်လိုပဲ.. ^#^@*#*@*#@&$&#!&#^#^$@$*$xxxx...”
...
ဆိုတဲ့ သူ့ကို ယုတ်ယုတ်မာမာ လှမ်းဆဲဆိုတဲ့ အသံကြားလိုက်ရသတဲ့ ။ ဒါနဲ့ မောင်မြင့်မောင်လည်း ဒေါသကြီးနဲ့ လှမ်းကြည့်လိုက်တော့ လှောင်အိမ်လေးထဲက ကြက်တူရွေးတကောင်က သူ့ကို စိုက်ကြည့်ပြီး ပြောနေတာကို တွေ့ရသတဲ့။

မောင်မြင့်မောင် လှမ်းကြည့်တဲ့ အချိန်မှာ ကြက်တူရွေးက “ဟရောင် .. မင်းဘာကြည့်တာလဲ .. မိုက်လို့လားကွ” လို့ ထပ်ပြောသတဲ့ ..

မောင်မြင့်မောင်လည်း ဒေါသထွက်ပေမယ့် တိရစ္ဆာန် နဲ့တော့ ပြိုင်ပြီး ဒေါသမထွက်တော့ပါဘူးလေ လို့ တွေးပြီး ဘာမှ မပြောတော့ပဲ ဆက်သွားခဲ့တော့သတဲ့ ။

ဒီလိုနဲ့ သုံးလေးရက် ဆက်တိုင် အဲဒီစတိုးဆိုင်နားကို ရောက်တိုင်း ဆဲဆိုကြိမ်းမောင်းသံတွေ နေရတော့ မောင်မြင့်မောင် လည်း ဒေါသတကြီးနဲ့ စတိုးဆိုင်ထဲကို ၀င်သွားပြီး ဆိုင်ရှင်ကို

“အကို ခင်ဗျား ကြက်တူရွေးမွေးထားတာ လည်း ကြည့်မွှေးပေါ့ဗျာ။ ခင်ဗျားကောင်က ကျုပ်ကို နေ့တိုင်း ဆဲဆိုနေတယ်။ ကြည့်ကြပ် ထိန်းဗျာ။ နောက်တခါဆိုရင်တော့ အလိုကောင်ကို မွေးပြီး ပတ်ဝန်းကျင်ကို အနှောက်အယှက်ပေးမှုနဲ့ ရဲစခန်း တိုင်တော့မယ်..”
လို့ ပြောလိုက်သတဲ့ ။
ဒါနဲ့ ပိုင်ရှင်လည်း သေချာထိန်းသိမ်းပါမယ့်အကြောင်းနဲ့ နောက်ဒီလို မဖြစ်စေရပါဘူးဆိုပြီး တောင်းပန်သတဲ့။ မောင်မြင့်မောင်လည်း ကျေနပ်ပြီးပြန်လာသတဲ့။

အထွက်မှာ ကြက်တူရွေးကို ရင်ကော့ပြပြီး မင်း ဘာတတ်နိုင်သေးလဲကွ ဆိုတဲ့ အကြည့်နဲ့ တောင် ကြည့်ခဲ့လိုက်သေးသတဲ့။

ဒါနဲ့ မောင်မြင့်မောင်လဲ နောက်တနေ့မှာ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ အဲဒီလမ်းကို ဖြတ်လာသတဲ့။

စတိုးဆိုင်နားကို အရောက်မှာ “ဟရောင်.. ဟရောင်” လို့ ခေါ်သံ ကြားလိုက်ရလို့ လှည့်အကြည့်မှာ ကြက်တူရွေးက သူ့ကို စေ့စေ့ကြည့်ပြီး ပြောလိုက်တဲ့ စကားကြောင့်

မောင်မြင့်မောင်ခဗျာ ပက်လက်ကိုလန်သွားသတဲ့ခင်ဗျာ။

“ဟရောင် .. မင်းကို ငါဘာပြောချင်လည်းဆိုတာ ကို...မင်း..သိပါတယ်ကွာ” တဲ့။ :D

ရီမောနိုင်ပါစေ။
 http://www.facebook.com/jokeandothers