“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, December 27, 2013

အမျိုးသမီးတိုင်း သိသင့်သော ကင်ဆာလက္ခဏာ ၁၀ မျိုး

အမျိုးသမီးတိုင်း သိသင့်သော ကင်ဆာလက္ခဏာ ၁၀ မျိုး
==============================

အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါတွေ အတွက် သတိပေး လက္ခဏာတွေကို လျစ်လျူရှု မထားသင့်ပါဘူး။ ဒီလက္ခဏာတွေကို အစောပိုင်း အဆင့်ကတည်းက သိနားလည်မှသာ ကုသမှုကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

(၁) တင်ပဆုံ နာကျင်ကိုက်ခဲခြင်း

ချက်အောက်ပိုင်း တင်ပဆုံတွင်းမှာ နာကျင်တာနဲ့ တင်းနေတာစတဲ့ လက္ခဏာ တွေကို တာရှည်ခံစားနေရရင် သတိထားသင့်ပါတယ်။ ဒါက ရာသီအကြို ဝေဒနာ မဟုတ်ဘူးဆိုတာ သေချာဖို့တော့ လိုပါတယ်။ တင်ပဆုံတွင်း နာကျင်ကိုက်ခဲမှုဟာ မမျိုးဥအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ မိန်းမကိုယ် ကင်ဆာစတဲ့ ကင်ဆာတွေနဲ့ ဆက်စပ်မှုရှိလို့ သတိထားသင့်ပါတယ်။

(၂) ဝမ်းဗိုက်ဖောင်းခြင်း၊ လေပွခြင်း

ဝမ်းဗိုက်ဖောင်းတာနဲ့ လေပွတာက မမျိုးဥအိမ်ကင်ဆာမှာ အတွေ့ရများတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ လေပွတာကြောင့် ဘောင်းဘီ ကြယ်သီးကိုတောင် မတပ်နိုင်အောင် ဖြစ်နေတာမျိုး၊ ဘောင်းဘီဆိုက်ကြီးတာကို ဝတ်ရတာမျိုး ဖြစ်နေရင် ဒီလက္ခဏာတွေကို လျစ်လျူမရှုသင့်ပါဘူး။

(၃) ခါးအောက်ပိုင်း ကြာရှည် ကိုက်ခဲခြင်း

ခါးနာတာက ခါးအောက်ပိုင်းမှာ အဖြစ်များပြီး စူးရှတဲ့ ကိုက်ခဲမှုမျိုးကို ခံစားရ တတ် ပါတယ်။ တချို့အမျိုးသမီးတွေက ကလေးမွေးတဲ့ ခံစားချက်မျိုးနဲ့ ဆင်တူတယ်လို့ ဆိုကြပါတယ်။ ခါးနာတာက မမျိုးဥအိမ် ကင်ဆာရဲ့ လက္ခဏာတစ်ရပ်ပါ။

(၄) ကြာရှည် ဖျားနာခြင်း

ခုနစ်ရက်ထက် ပိုကြာကြာ ဖျားရင် ဒါမှမဟုတ် အဖျားက မပျောက်နိုင်ဖြစ်နေရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ကြာရှည်ဖျားနာတာက ကင်ဆာရဲ့ လက္ခဏာ တစ်ရပ် ဖြစ်နိုင်လို့ပါ။ ဒါပေမဲ့ အများအားဖြင့် ဖျားတာက တခြားအပရိက ဝေဒနာတွေရဲ့ လက္ခဏာလည်း ဖြစ်တတ်ပါတယ်။

(၅) မိန်းမကိုယ်မှ ပုံမမှန်သွေးဆင်းခြင်း

မိန်းမကိုယ်က ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာက စိုးရိမ်ရပါတယ်။ ရာသီသွေး အလွန်အမင်း ဆင်းတာ၊ ရာသီလာချိန် တစ်ချိန်နဲ့ တစ်ချိန်ကြား သွေးဆင်းတာ၊ Sex အတွင်းနဲ့ အပြီးမှာ သွေးဆင်းတာတွေ အားလုံးက ပုံမမှန် သွေးဆင်းမှုတွေဖြစ်ပြီး အမျိုးသမီး ကင်ဆာ လက္ခဏာတွေလည်း ဖြစ်ပါတယ်။ ဒီလက္ခဏာတွေက သားအိမ်ခေါင်းကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ မမျိုးဥအိမ် ကင်ဆာတို့နဲ့ ဆက်စပ်မှု ရှိပါတယ်။

(၆) ဝမ်းသွားသော အလေ့အထ ပြောင်းလဲမှု ကြာရှည်ဖြစ်ပေါ်ခြင်း

ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ ဝမ်းထဲ သွေးပါတာ၊ လေထတာ၊ ဝမ်းအရည်ကျဲကျဲ သွားတာနဲ့ အူအလေ့အထ ပြောင်းလဲမှုတွေ ဖြစ်ရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ဒါတွေက မီးယပ်သားဖွားကင်ဆာနဲ့ အူမကြီးကင်ဆာ လက္ခဏာတွေနဲ့ ဆက်စပ် နေတတ်ပါတယ်။

(၇) အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် များစွာလျော့ကျခြင်း

ဘာအကြောင်းရင်းမှ မရှိဘဲ ကိုယ်အလေးချိန် ၁၀ ပေါင်နဲ့အထက် လျော့ကျ တာက ပုံမှန် မဟုတ်ပါဘူး။ အမျိုးသမီး တစ်ဦးရဲ့ ကိုယ်အလေးချိန်က တစ်လအတွင်း အတက်အကျ ဖြစ်နိုင်ပေမယ့် ၁၀ ပေါင်နဲ့အထက် လျော့ကျရင် ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။

(၈) မိန်းမကိုယ် ပုံမမှန်ပြောင်းလဲမှုများ

မိန်းမကိုယ်မှာ အနာဖြစ်တာ၊ အရည်ကြည်ဖြစ်တာ၊ အရေပြား အရောင်ပြောင်း လဲတာနဲ့ မိန်းမကိုယ်ကနေ ပုံမမှန် အရည်ဆင်းတာတွေဖြစ်ရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

(၉) ရင်သားပြောင်းလဲခြင်း

လစဉ် ရင်သား စစ်ဆေးမှုအတွင်း အဖုအကျိတ်ပေါ်တာ၊ နာကျင်တာ၊ ရင်သားက အရည်ထွက်တာ၊ ရင်သား နီမြန်းတာနဲ့ ရောင်ရမ်းတာတို့ ဖြစ်နေရင် ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ပါ။

(၁၀) နုံးချည့်ညောင်းညာခြင်း

အဖြစ်များဆုံး ကင်ဆာလက္ခဏာ တစ်ရပ်က နုံးချည့်ညောင်းညာတာပါ။ ကင်ဆာ အဆင့်မြင့်တဲ့အခါ ပိုမို နုံးချည့် ညောင်းညာနိုင်ပေမယ့် ကင်ဆာ အစောပိုင်း အဆင့်မှာကတည်းက သိသာထင်ရှားတဲ့ ဝေဒနာပါ။ နေ့စဉ် ပုံမှန်လုပ်ဆောင်မှုတွေ လုပ်တာတောင် နုံးချည့်ညောင်းညာ နေဆဲဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

By ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
===

(မိဘပြည်သူများ ဖတ်ရှုနိုင်စေရန် အခမဲ့ကြော်ငြာ မှ  မေတ္တာဖြင့် ပြန်လည် မျှဝေပါသည်) အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါတွေ အတွက် သတိပေး လက္ခဏာတွေကို လျစ်လျူရှု မထားသင့်ပါဘူး။ ဒီလက္ခဏာတွေကို အစောပိုင်း အဆင့်ကတည်းက သိနားလည်မှသာ ကုသမှုကို  အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

(၁) တင်ပဆုံ နာကျင်ကိုက်ခဲခြင်း

ချက်အောက်ပိုင်း တင်ပဆုံတွင်းမှာ နာကျင်တာနဲ့ တင်းနေတာစတဲ့ လက္ခဏာ တွေကို တာရှည်ခံစားနေရရင် သတိထားသင့်ပါတယ်။ ဒါက ရာသီအကြို ဝေဒနာ မဟုတ်ဘူးဆိုတာ သေချာဖို့တော့ လိုပါတယ်။ တင်ပဆုံတွင်း နာကျင်ကိုက်ခဲမှုဟာ မမျိုးဥအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ မိန်းမကိုယ်

ကမ္ဘာရန် - မောင်ပေါ်ထွန်း

အမျိုးသမီးတို့အတွက် ထိတ်လန့်ဖွယ် ကြက်တောင်ပံ

အမျိုးသမီးတို့အတွက် ထိတ်လန့်ဖွယ် ကြက်တောင်ပံ

ဖတ်ပြီးရင်လည်း ကျန်တဲ့သူငယ်ချင်းတွေ သိအောင် ပြန် Share ပေးလိုက်ပါဦးနော်။

ကြက်ခြံမွေးမြူရေးတစ်ချို့တွေ မှာ ကြက် အသားတိုးစေဖို့အတွက် အသားတိုးဆေး ၊ ဘာဆေးညာဆေး ထိုးကြပါတယ်။
တော်တော်များများက ဒီဆေးထိုးဖို့ကို လည်း ကြက်တွေရဲ့တောင်ပံကနေ တဆင့် ထိုးကြပါတယ်။
ဒီလို ဆေးထိုးထားတဲ့ ကြက်တောင်ပံကိုတွေကို စားသုံးတာ များလာတာနဲ့အမျှ သားအိမ်မှာ အသားလုံး ၊ သွေးလုံးတို့ တည်လာပါတယ်။
နောက်ဆုံးအဆင့် သားအိမ်ကင်ဆာထိတောင် ဖြစ်နိုင်ပါတယ်။
ဒါကြောင့် အကောင်းဆုံးကတော့ ဖြစ်နိုင်ရင် မနုဿ ရဲ့ ပရိတ်သတ်တွေအားလုံးလည်း မွေးမြူရေးကြက်ကို တတ်နိုင်သလောက် ရှောင်စေချင်ပါတယ်။

ဒီလိုပြောတော့ မနုဿကို ကြက်သားရောင်းတဲ့သူတွေ လာဝိုင်းရိုက်ကြတော့မယ်နဲ့တူတယ်နော်။ ဖြစ်မှကုတာထက် မဖြစ်ခင် ကြိုတားနိုင်ဖို့က မနုဿ တာဝန်ဖြစ်တဲ့အတွက် ရရှိလာတဲ့ သတင်းလေးကို ချက်ချင်းရေးသား ဝေမျှ လိုက်ပါတယ်။

ချစ်တဲ့ .... မနုဿ

ဗြိတိန်ပေါင် ၉.၇ သန်း ထီပေါက်သော်လည်း အမှိုက်ကောက်သမား ဘဝ ပြန်ရောက်သူ

ဗြိတိန်ပေါင် ၉.၇ သန်း ထီပေါက်သော်လည်း အမှိုက်ကောက်သမား ဘဝ ပြန်ရောက်သူ

သက္ကရာဇ် ၂၀၀၂ ခုနှစ်တုန်းကပါ။ ဗြိတိန်နိုင်ငံက Michael Carroll လို့ အမည်ရတဲ့ အမှိုက်ကောက်သမား တစ်ဦးဟာ ဗြိတိန်ပေါင် ၉.၇ သန်းတန် ထီဆုကြီး ပေါက်ခဲ့ ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ တွက်ရင် ၁၄.၃ သန်း ဖြစ်ပါတယ်။

သို့ပေမယ့် ၂၀၁၀ ခုနှစ်မှာ အမှိုက်ကောက်သမားဘဝ ပြန်ရောက် သွားပါတယ်။ ဖြစ်ပုံက ဒီလိုပါ။

ထီပေါက်ပြီး ရတဲ့ ငွေတွေနဲ့ ၈ နှစ်ပတ်လုံး ဘာအလုပ်မှ မလုပ်ပါဘူး။ တစ်ပတ်ကို ပျမ်းမျှအားဖြင့် ကန်ဒေါ်လာ ၁သိန်းခွဲနီးပါး သုံးစွဲ ပါတယ်။ ဈေးအကြီးဆုံးကားများ ဝယ်စီး ပါတယ်။ အိမ်ကောင်းမှာ နေ ပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲပါတယ်။ မိန်းမအပျော်အပါးလိုက်စား ပါတယ်။ နောက်တော့ အကြွေးတွေ တင်ပြီး တစ်ခုပြီး တစ်ခု ပြန်လည် ရောင်းချလိုက်ရာမှာ ၂၀၁၀ ခုနှစ်ရောက်တော့ အမှိုက်ကောက်သမား အလုပ်ကို ပြန်လုပ်ဖို့ အလုပ်သမားဝန်ကြီးဌာနကို မှတ်ပုံတင်ပြန်လျှောက်ပါတယ်။ အခုတော့ အမိုက်ကောက်သမား ဘဝနဲ့ပဲ ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်လျက် ရှိပါတယ်။

ပြည်ဗာရာက သူဌေးသား ပုံပြင်တစ်ပုဒ်လိုပဲ အပြင်မှာ တကယ် ဖြစ်ခဲ့ တာလေး ဖြစ်ပါတယ်။
-
Ref: dailymail

သင်ခန်းစာ -

လက်ထဲမှာ ငွေရှိပြီး အကျိုးရှိရှိ အသုံးမချတတ်သူဟာ ပိုက်ဆံကို မီးရှို့ ပြီး မီးလှုံနေသူနဲ့ အတူတူပါပဲ။ တစ်ခဏတာအတွက် အနွေးဓာတ်ပေးသော် ငြားလည်း........

အောင်ခမ်း ( ရိုးရာလေး )
သက္ကရာဇ် ၂၀၀၂ ခုနှစ်တုန်းကပါ။ ဗြိတိန်နိုင်ငံက Michael Carroll လို့ အမည်ရတဲ့ အမှိုက်ကောက်သမား တစ်ဦးဟာ ဗြိတိန်ပေါင် ၉.၇ သန်းတန် ထီဆုကြီး ပေါက်ခဲ့ ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ တွက်ရင် ၁၄.၃ သန်း ဖြစ်ပါတယ်။

သို့ပေမယ့် ၂၀၁၀ ခုနှစ်မှာ အမှိုက်ကောက်သမားဘဝ ပြန်ရောက် သွားပါတယ်။ ဖြစ်ပုံက ဒီလိုပါ။

ထီပေါက်ပြီး ရတဲ့ ငွေတွေနဲ့ ၈ နှစ်ပတ်လုံး ဘာအလုပ်မှ မလုပ်ပါဘူး။ တစ်ပတ်ကို ပျမ်းမျှအားဖြင့် ကန်ဒေါ်လာ ၁သိန်းခွဲနီးပါး သုံးစွဲ ပါတယ်။ ဈေးအကြီးဆုံးကားများ ဝယ်စီး ပါတယ်။ အိမ်ကောင်းမှာ နေ ပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲပါတယ်။ မိန်းမအပျော်အပါးလိုက်စား ပါတယ်။ နောက်တော့ အကြွေးတွေ တင်ပြီး တစ်ခုပြီး တစ်ခု ပြန်လည် ရောင်းချလိုက်ရာမှာ ၂၀၁၀ ခုနှစ်ရောက်တော့ အမှိုက်ကောက်သမား

မျက်စိ ကျန်းမာရေး အတွက် ပြုလုပ်သင့်သည့် အချက် ၉ ချက်

မျက်စိ ကျန်းမာရေး အတွက် ပြုလုပ်သင့်သည့် အချက် ၉ ချက်
=================================

၁။ကန်စွန်းဥစားပါ

ကန်စွန်းဥမှာ ညဘက် အမြင် အာရုံ အားကောင်းစေတဲ့ ဗီတာမင်အေ များစွာ ပါဝင်ပြီး မုန်လာဥ (Beetroot)မှ ပါဝင်တဲ့ Anthocyanin တွေဟာ မျက်စိမှ သွေးကြော ငယ်တွေ သွေးယို စိမ့်မှု မဖြစ်အောင် ကာကွယ်နိုင်တဲ့ အတွက် Retinopathy (မျက်စိ မမြင်ရတဲ့ အကြောင်းရင်း တစ်ခု) မဖြစ်အောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။

၂။ ကွန်ပျူတာ ကြည့်တာ လျှော့ပါ။

အခန်း အပူချိန် လျှော့ထားပါ အသင့်မျက်လုံးနဲ့ လေထုကို ခြောက်သွေ့ စေနိုင်လို့ပါ။ ပတ်ဝန်းကျင် စွတ်စိုမှုရှိအောင် သစ်ပင် အနည်းငယ် စိုက်ထားပေးပါ။

၃။ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်း လုပ်တာကြောင့် မျက်စိအတွင်း ဖိအားတွေ လျှော့ချနိုင်ပြီး အတွင်းတိမ် မဖြစ်အောင် ကာကွယ် ပေးနိုင် ပါတယ်။ လေ့လာမှု တစ်ခုအရ တစ်ကြိမ်ကို မိနစ် ၄၀ ခန့်၊ တစ်ပတ်ကို လေးကြိမ် လမ်းလျှောက်တဲ့ လေ့ကျင့်ခန်း လုပ်သူတွေဟာ ရေတိမ် ဖြစ်နိုင်ခြေကို အများကြီး လျှော့ချနိုင်တယ်လို့သိရပါတယ်။

၎။ နံနက်စာ အတွက် ဘလူးဘယ်ရီစားပါ

ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ပါဝင်မှုများတဲ့ ဘလူးဘယ်ရီသီးကို နံနက်စာအဖြစ် စားသုံးပေးပါက အသက် ၅၀ ကျော်ရင် ဖြစ်တတ်တဲ့ အသက်အရွယ်နဲ့ ဆက်စပ်တဲ့ မျက်စိအမြင်အာရုံ ဆုံးရှုံးမှု (AMD) မဖြစ်အောင် ကာကွယ်နိုင်ပေးပါတယ်။ ကျန်းမာရေးကို မြှင့်တင်နိုင်ဖို့ ဒိန်ချဉ်နဲ့ အတူ တွဲစားပါ။

၅။ မွှေးရနံ့ ရှူပါ

စံပယ်ပန်းရနံ့ပါဝင်တဲ့ ရနံ့ဆီကို ပခုံးမှာ ဆွတ်ထားပြီး ရှူပေးပါ။ ဦးနှောက်အတွင်း ဘီတာလှိုင်း တွေ ပိုများလာပြီး ပိုမိုတက်ကြွမှု ရှိလာနိုင်တဲ့အတွက် အာရုံ စူးစိုက်မှုလည်း ပိုကောင်း လာပါတယ်။

ဒေါက်တာခင်မိုးမိုး
၁။ကန်စွန်းဥစားပါ

ကန်စွန်းဥမှာ ညဘက် အမြင် အာရုံ အားကောင်းစေတဲ့ ဗီတာမင်အေ များစွာ ပါဝင်ပြီး မုန်လာဥ (Beetroot)မှ ပါဝင်တဲ့ Anthocyanin တွေဟာ မျက်စိမှ သွေးကြော ငယ်တွေ သွေးယို စိမ့်မှု မဖြစ်အောင် ကာကွယ်နိုင်တဲ့ အတွက် Retinopathy (မျက်စိ မမြင်ရတဲ့ အကြောင်းရင်း တစ်ခု) မဖြစ်အောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။

၂။ ကွန်ပျူတာ ကြည့်တာ လျှော့ပါ။

အခန်း အပူချိန် လျှော့ထားပါ အသင့်မျက်လုံးနဲ့ လေထုကို ခြောက်သွေ့ စေနိုင်လို့ပါ။ ပတ်ဝန်းကျင် စွတ်စိုမှုရှိအောင် သစ်ပင် အနည်းငယ် စိုက်ထားပေးပါ။

၃။ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်း လုပ်တာကြောင့် မျက်စိအတွင်း ဖိအားတွေ လျှော့ချနိုင်ပြီး အတွင်းတိမ် မဖြစ်အောင် ကာကွယ် ပေးနိုင် ပါတယ်။ လေ့လာမှု တစ်ခုအရ တစ်ကြိမ်ကို မိနစ် ၄၀ ခန့်၊ တစ်ပတ်ကို လေးကြိမ်

"ရိုက်ပေါက်"

Photo: "ရိုက်ပေါက်"

တခါက... ...
စကားပြောရင် အပိုမပြော တိုတိုပြတ်ပြတ်ပဲ ပြောတတ်တဲ့ လူတစ်ယောက်ရှိသတဲ့
တနေ့တော့ သူ့အိမ်ပေါက်ကို အမျိုးသမီးအရောင်းကိုယ်စားလှယ်တစ်ယောက် ရောက်လာတယ်... 

"ကျမတို့ ကုမ္မဏီကထုတ်တဲ့ အလှကုန်ပစ္စည်းတချို့ ကြော်ငြာချင်လို့ပါရှင့်"
"အင်း..."

"ဦးရဲ့ အမျိုးသမီးရော?"
"အလုပ်သွားတယ်"

"သူပြန်လာမှာလား"
"အင်း..."

"ကျမ ထိုင်စောင့်မယ်နော်"
"စောင့်ပေါ့"

ဒီလိုနဲ့ ဧည့်ခန်းမှာထိုင်စောင့်နေတယ်
တစ်နာရီနဲ့လည်း မလာ
နှစ်နာရီနဲ့လည်း မလာ
သုံးနာရီနဲ့လည်း မလာ
... ဆိုတော့ အရောင်းကိုယ်စားလှယ်လည်း နည်းနည်း စိတ်ညစ်လာပြီး အိမ်ရှင်ကို မေးတာပေါ့... ...

"ဦးရဲ့ အမျိုးသမီးကလည်း ကြာလိုက်တာနော်"
"အင်း..."

"ဘယ်တော့ ပြန်လာမှာလဲ"
"နောက်နှစ်ကုန်လောက်မှ"

"ရှင်... ဦး ခုနကပြောတော့ သူက အလုပ်သွားတာဆို"
"သူ့အလုပ်က စင်္ကာပူမှာ"

"ရွှမ်..."

သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko

လေဖြတ်ခြင်း မဖြစ်စေရန် ငှက်ပျောသီး စားပါ

လေဖြတ်ခြင်း မဖြစ်စေရန် ငှက်ပျောသီး စားပါ
=========================
Monday, 09 December 2013

ပိုတက်စီယမ် များစွာပါဝင်တဲ့ သစ်သီးတွေဟာ သွေးဖိအားကို ကျဆင်း စေနိုင်ပါတယ်။

သွေဖိအား မြင့်မားတာ (သွေးတိုးတာ)ဟာ လေဖြတ်ဖို့ အဓိက အချက်ကြီးပါ။ ပိုတက်စီယမ်များစွာ ပါဝင်တဲ့ အစာ စားသူတွေဟာ လေဖြတ်နိုင်ခြေ ၂၄ ရာခိုင်နှုန်း လျော့နည်း လာပါတယ်။ ငှက်ပျောသီး များများစားပြီး အာလူးကြော်လိုမျိုး ကြွပ်ရွတဲ့ အစာတွေကို ရှောင်ရှားတာကြောင့် လေဖြတ်တာ မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ပိုတက် စီယမ် မြင့်မားစွာ ပါဝင်တဲ့ သစ်သီးတွေဟာ ကြွပ်ကြွတဲ့ အဆာပြေ အစာတွေကို ရှောင်တာကြောင့် ဆားရရှိမှု နည်းသလိုမျိုး သွေးဖိအားကို ကျဆင်းစေနိုင်တယ်လို့ သိရပါတယ်။

ယခင်က လေ့လာမှုတွေအရ အသက်ကြီးသူတွေ အနေနဲ့ ပိုတက်စီယမ် မြင့်မားစွာပါဝင်တဲ့ အစာစားရင် အန္တရာယ်ရှိတယ်လို့ သိရပါတယ်။ သူတို့ရဲ့ ကျောက်ကပ်ဟာ ပိုလျှံနေတဲ့ သွေးတွင်းက ပိုတက် စီယမ်ကို ဖယ်ရှားနိုင်စွမ်း လျော့နည်းနေတာကြောင့် ဆိုပါတယ်။ ယခုလေ့လာမှုအရ ပိုတက်စီယမ်ဟာ ကျောက်ကပ် လုပ်ဆောင်ချက်အတွက် ထိခိုက်မှု မရှိဘူးလို့ တွေ့ရှိထားပါတယ်။ ပိုတက်စီ ယမ် မြင့်မားစွာ ပါဝင်တဲ့ အသီးတွေထဲမှာ ငှက်ပျော်သီးလည်း ပါဝင်ပါတယ်။

ငှက်ပျောသီး တစ်လုံးမှာ ပိုတက်စီယမ် ၄၂၀ မီလီဂရမ် ပါဝင်ပြီး လူကြီး တစ်ယောက်အတွက် နေ့စဉ် ပိုတက်စီယမ် လိုအပ်ချက်ပမာဏ ၃၅၀၀ မီလီဂရမ် ဖြစ်ပါတယ်။ လေးပတ်တာလောက် ဆားလျှော့ စားတာကြောင့် သွေးဖိအား ကျဆင်းပြီး လေဖြတ်တာနဲ့ နှလုံးတိုက်ခိုက်ခံ ရနိုင်ခြေ လျော့ကျ သွားတယ်လို့ လေ့လာမှု အရလည်း တွေ့ရှိထားပါတယ်။ ဆားလျှော့စားပြီး ငှက်ပျော်သီးနဲ့ ဟင်းနု နယ်ရွက်လို ပိုတက်စီယမ် မြင့်မားစွာ ပါဝင်တဲ့ အစာ စားတာကြောင့် သွေးဖိအား ထိန်းချုပ်နိုင်ပြီး လေဖြတ်တာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

GoodHealths

http://www.myawady.net.mm/productinfo/item/12388-2013-04-29-09-28-16
ပိုတက်စီယမ် များစွာပါဝင်တဲ့ သစ်သီးတွေဟာ သွေးဖိအားကို ကျဆင်း စေနိုင်ပါတယ်။

သွေဖိအား မြင့်မားတာ (သွေးတိုးတာ)ဟာ လေဖြတ်ဖို့ အဓိက အချက်ကြီးပါ။ ပိုတက်စီယမ်များစွာ ပါဝင်တဲ့ အစာ စားသူတွေဟာ လေဖြတ်နိုင်ခြေ ၂၄ ရာခိုင်နှုန်း လျော့နည်း လာပါတယ်။ ငှက်ပျောသီး များများစားပြီး အာလူးကြော်လိုမျိုး ကြွပ်ရွတဲ့ အစာတွေကို ရှောင်ရှားတာကြောင့် လေဖြတ်တာ မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ပိုတက် စီယမ် မြင့်မားစွာ ပါဝင်တဲ့ သစ်သီးတွေဟာ ကြွပ်ကြွတဲ့ အဆာပြေ အစာတွေကို ရှောင်တာကြောင့် ဆားရရှိမှု နည်းသလိုမျိုး သွေးဖိအားကို ကျဆင်းစေနိုင်တယ်လို့ သိရပါတယ်။

ယခင်က လေ့လာမှုတွေအရ အသက်ကြီးသူတွေ အနေနဲ့ ပိုတက်စီယမ် မြင့်မားစွာပါဝင်တဲ့ အစာစားရင် အန္တရာယ်ရှိတယ်လို့ သိရပါတယ်။ သူတို့ရဲ့ ကျောက်ကပ်ဟာ ပိုလျှံနေတဲ့ သွေးတွင်းက ပိုတက် စီယမ်ကို

**သတိ အမျိုးကောင်းသမီးများ သိစေအပ်သည်**

Photo: **သတိ အမျိုးကောင်းသမီးများ သိစေအပ်သည်**

အမျိုးသမီးငယ်များ ဂရုပြု ရှောင်ကြဉ်နိုင်စေဖို့ ပုံတွင်ဖော်ပြပါ ဆေးအမျိုးအစားသည် အမျိုးသမီးများ သောက်သုံးမည့် အချိုရည်၊ ရေ နှင့် အစားအသောက်များထဲသို့ ဆေးရေ နှစ်စက် သုံးစက်မျှ ထည့်သွင်းရုံဖြင့် အမျိုးသမီးတို့၏ ကာမစိတ်ကို ပြင်းထန်လာစေသည်။ အရောင်၊ အနံနှင့် အရသာမရှိခြင်းတို့ကြောင့် လူငယ်ထုများ သုံးစွဲကြသည်ဟုဆိုသည်။

ထို့ကြောင့် မိမိချစ်သူ ၊ အမျိုးသား သူငယ်ချင်းများ ကျွေးသော အစားအသောက်များကို အလွယ်တစ်ကူ စားသုံးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကို ရှောင်လွဲ နိုင်ရန်စေရန် ဖော်ပြပေးလိုက်ပါသည်။

Aung YeSoe
ဗမာပြည်ဖွား ညီနောင်များ

Aye Chan Mon# Credit To: ကြေးမုံသတင်းစာ> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Monday, December 16, 2013

ဘိုးဘွားရိပ်သာတစ်ခုတွင် တွေ့ ရသော စာလေးတစ်စောင်

<အချိန်၁မိနစ်လောက် ပေးပြီးဖတ်ပေးပါဗျာ>
========================
Photo: ဘိုးဘွားရိပ်သာတစ်ခုတွင် တွေ့ ရသော စာလေးတစ်စောင်

<အချိန်၁မိနစ်လောက် ပေးပြီးဖတ်ပေးပါဗျာ>
========================

သား !
သား...ငယ်ငယ်တုန်းကပေါ့။
အချိန်တွေအများကြီးယူပြီး အစားစားတက်အောင်ဇွန်းကိုင်တက်အောင်၊အကျီဝတ်တက်အောင်၊
ကြယ်...သီးတပ်တက်အောင်၊ဖိနပ်ကြိုးချည်တက်အောင်၊ဆံပင်ဖြီးတက်အောင်၊ နှာရည်တွေကျရင် သုတ်တက်အောင်၊ တနေ့နေ့ သင်ပေးခဲ့ရတာလေးက အမေ့ အတွက်မမေ့ နိုင်စရာလေးတွေပေါ့။
ခုချိန်မှာ ဒါလေးတွေက အမှတ်ရစရာလေးတွေပေါ့ကွယ်။အဲဒါလေးတွေကို စဉ်စားမိရင် အမေ စိတ်မကောင်းဖြစ်ရတယ်။ခဏလေး အချိန်နည်းနည်းလေးပေးပါ အမေ ထပ်စဉ်စားပါရစေအုံး။
ဆက်ပြောရမဲ့ စကားများတောင် စဉ်စားမရအောင် မေ့တက်နေပါပြီးသား!
သား...သားမှတ်မိအုံးမလား။

သားငယ်ငယ်က အခေါက် ၁၀၀ လောက် အဆိုလေ့ကျင့်ခဲ့ရတဲ့ ကလေးသီချင်းလေးတပုဒ်ကိုလေ။
အဲဒီသီချင်းလေးတပုဒ်ကို အမေ ခုထိအမှတ်ရနေတုန်းပေါ့ကွယ်။
ညတိုင်းပြောနေကြ ပုံပြင်လေးတစ်ပုဒ် ၊
တစ်နေ့ တစ်မျိုး မရိုးနိုင်အောင် မေးတက်တဲ့ သားရဲ့မေးခွန်လေးတွေနဲ့ အမေရဲ့တက်သလောက်မှတ်သလောက် ဥာဏ်နဲ့ဖြေခဲ့ရတာလေးတွေကိုလဲ အမှတ်ရနေတုန်းပေါ့။

သား.......

ခုချိန်မှာတော့ အမေ ကသားငယ်ငယ်တုန်းက ဘဝလေးလို့ ဖြစ်နေပါပြီ။
သား.....
အခုဆိုရင် အကျီကြယ်သီးတပ်တာ ၊ဖိနပ်ကြိုးချည်တာတောင် ခဏခဏမေ့နေပါတယ်။
အစားစားတဲ့ အခါလဲ အကျီတွေ ညစ်ပတ်ကုန်တယ်၊ ဆံပင်ဖြီးရင်တောင် လက်တွေက တုန်တုန်ရင်ရင် နဲ့ပေါ့။ သား... အမေ ကိုတော့ စိတ်ရှည်ပါကွယ်။
ခုချိန်မှာ အမေအတွက် အလိုအပ်ဆုံးကတော့ သားရဲ့ နွေးထွေးတဲ့ လက်တစုံပါပဲ။
သား နဲ့တူတူနေရှိနေမယ့် အချိန်လေးတွေ လိုချင်ပါသေးတယ်။
သား....... ခုဆိုရင် မက်တပ်တောင်ကောင်းကောင်းမရပ်နိုင်၊
လမ်းလည်းကောင်းကောင်းမလျှောက်နိုင်အောင်ပါပဲ။
သားရဲ့နွေးထွေးတဲ့ လက်ကို ဆုပ်ကိုင်ပြီး ကျန်ရှိနေသေးတဲ့ အချိန်ကလေးတွေ ကိုကျော်ဖြတ်ရင်း မကြာမီ ရောက်ရှိလာတော့မဲ့ သေမင်းရဲ့တံခါးဝဆီအထိသို့  တဖြည်း...တဖြည်း............

သူငယ်ချင်းတို့နားလည်မယ်လို့ မျှော်လင့်ပါတယ်။
မိဘဆိုတာ ဘာနဲ့မှ မလဲနိုင်တဲ့ အရာတခုပါ။
မိဘထက် အရေးကြီးတာ မရှိပါဘူး။ ချစ်သူရည်စား မိန်မ ယောင်္ကျား ဆိုတာ အစားထိုးလို့ရတဲ့ အရာတွေပါ။
မိဘဆိုတာကတော့ အစားထိုးလို့မရနိုင်သလို ဘယ်တော့မှလဲ ပြန်မရနိုင်မဲ့ အရာပါ။
မိဘတွေ မရှိတော့မှ ဝမ်းနည်းပူဆွေးတမ်းတနေမယ့် အတူတူ မိဘ တွေရှိနေစဉ် စောင့်ရှောက်ဖို့ မိဘကို စိတ်ချမ်းသာအောင်ထားနိုင်ဖို့ မမေ့လျှော့ပါနဲ့လို့ ပြောချင်ပါတယ်။

Credit: မိဘမေတ္တာ

~ဘုရားစင်ကို ဘုရားစင်လို့ မခေါ်ကောင်းဘူးတဲ့လား~

Photo: ~ဘုရားစင်ကို ဘုရားစင်လို့ မခေါ်ကောင်းဘူးတဲ့လား~

ဘုရားကို စင်လေးနဲ့ တင်ပြီးကိုးကွယ်တာကို ဘုရားစင်...
ဘုရားကို အခန်းတစ်ခန်း သီးသန့်ဖွဲ့ပြီး ကိုးကွယ်တာမျိုးကျတော့ ဘုရားခန်း...
ဘုရားကို ကျောင်းဆောင်လေး တစ်ဆောင်သီးသန့် ထားပြီး ကိုးကွယ်တာမျိုးကျတော့ ဘုရားကျောင်း...
အသီးသီး ခေါ်ဆိုကြပါတယ်...

ခုခေတ်တော့ တချို့ က ဘုရားစင်လို့ မခေါ်ကောင်းဘူး... 
နတ်စင်နဲ့ အခေါ်အဝေါ်တူနေလို့ ဘုရားကျောင်းလို့ ခေါ်ရမယ်... 
ဆိုတဲ့ အယူအဆတစ်ရပ် ပေါ်လာပါတယ်...

ဒီနေရာမှာ ပြောစရာရှိတာက အခန်းတစ်ခန်း သီးသန့်ထားပြီး ကိုးကွယ်တဲ့ အခန်းလေးနဲ့၊ အဆောင်လေးတစ်ဆောင် သီးသန့် ဆောက်ပြီး ကိုးကွယ်တဲ့ ဘုရားသီတင်းသုံးရာ ဂန္ဓကုဋီလေးတွေကိုတော့ ဘယ်သူမှ ဘုရားစင်လို့ ခေါ်မှာမဟုတ်ပါဘူး၊ဘုရားခန်း၊ဘုရားကျောင်းလို့ပဲ ခေါ်ကြမှာပါ။

သို့သော်လည်း တချို့အိမ်များမှာ ကျယ်ကျယ်ဝန်းဝန်းနေရာ မရှိတဲ့ အတွက် ဘုရားရှင်ကိုစင်လေးနဲ့ပဲတင်ပြီး ပူဇော်ကြရပါတယ်၊ ဒါမျိုးကျတော့ ဘုရားစင်လို့ပဲ ခေါ်ကြမှာပါ...

တကယ်တော့ ဘုရားစင်၊ ဘုရားကျောင်း၊ ဘုရားခန်းဆိုတာတွေဟာ အမည်ပညတ်မျှသာဖြစ်ပြီးအနှစ်သာရကတော့ကိုးကွယ်ဆည်းကပ်မှုသာဖြစ်ပါတယ်။ ကိုယ်က နေရာကျယ်ကျယ် မရှိလို့ စင်လေးနဲ့ပဲ ကိုးကွယ်ထားပြီး၊ အမည်ကိုလည်း ဘုရားစင်လို့ပဲ ခေါ်ပါတယ်၊ ဒါပေမယ့် ဘုရားကို သက်ရှိထင်ရှား ဘုရားလို့ပဲ စိတ်မှာမှန်းပြီး ဆွမ်း၊ ပန်း၊ ရေချမ်း အမြဲမပြတ် ဆက်ကပ်လှူဒါန်းနေမယ်ဆိုရင်...

သမေ စိတ္တေသမံဖလံ...
ကြည်ညိုတဲ့ စိတ်တူတဲ့ အတွက် တူညီတဲ့ အကျိုးပေးမှာပါ...

ဘုရားကို စင်နဲ့ ကိုးကွယ်ထားတယ်၊ ခေါ်တာတော့ ဘုရားစင်လို့ မခေါ်ဘူး၊ ဘုရားကျောင်းလို့တော့ ခေါ်ပါရဲ့၊ ဒါပေမယ့် ဘုရားကို ဆွမ်းမှ မှန်မှန် မကပ်ဘူးဆိုရင်ဘာအကျိုးမှ ရမှာမဟုတ်ပါဘူး...

ဘုရားစင်လို့ပဲ ခေါ်ခေါ်၊ဘုရားကျောင်းလို့ပဲ ခေါ်ခေါ်၊ဘုရားခန်းလို့ပဲ ခေါ်ခေါ် တကယ်ကြည်ညိုတဲ့ အနှစ်သာရကသာ အဓိကကျပါတယ်၊ အခေါ်အဝေါ်ဟာ အပေါ်ယံ ပညတ်မျှသာ ဖြစ်ပြီး ကောင်းကျိုး၊ ဆိုးကျိုးအတွက် သိပ်ပြီးအထောက်အပံ့ မဖြစ်လှပါဘူး...

လိုရင်းကတော့ ...
အခန်းနဲ့ ကိုးကွယ်ရင် ဘုရားခန်း...
အဆောင်နဲ့ ကိုးကွယ်ရင် ဘုရားကျောင်းဆောင်...
စင်နဲ့ ကိုးကွယ်ရင် ဘုရားစင်... ခေါ်နိုင်ပါတယ်...

ဘယ်လိုပဲ ခေါ်ခေါ် ကုသိုလ်စိတ်နဲ့ ဆည်းကပ်ပူဇော်မှုသာ လိုရင်းပါ...

(အရှင်တေဇာနန္ဒ - ရွှေဘုန်း ( 3Oct,2013 )

မရီနဲ့.. အောင့်ခံ(ဟာသ)

Photo: မရီနဲ့.. အောင့်ခံ
Monday, December 9, 2013

(ဘယ်နှစ်ခါပြန်ဖတ်ရ ဖတ်ရ ရီရတဲ့ ဟာသလေးပါ)

လူသုံးယောက် တောအုပ်တစ်ခုအတွင်းတွင် လမ်းပျောက်နေရာမှ လူသားစား
လူရိုင်းများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ ခေါင်းဆောင် လူရိုင်းကြီးက
နောက်ဆုံး အခွင့်အရေးပေးသည်။ တောထဲတွင် ရှိသော သစ်သီး များအနက်မှ
ကြိုက်ရာ သစ်သီး ၁၀လုံးကို အမြန်ဆုံး ယူလာရန် အမိန့်ပေးသည်။
သုံးယောက်လုံး အမြန်ထွက်သွားကြသည်။

ပထမလူ ပြန်ရောက်လာပြီး လူရိုင်းခေါင်းဆောင်ကို ပြောသည်။

" ကျွန်တော်ပန်းသီးဆယ်လုံးယူလာပါတယ်၊ ကျွန်တော်သွားလို့ရပြီလားခင်ဗျာ... "

ခေါင်းဆောင်ကြီးက ခေါင်းခါပြီးဆက်ပြောသည်။

" မရဘူး။ မင်းယူလာသမျှ ပန်းသီးဆယ်လုံးလုံးကို မင်းမစင်စွန့်တဲ့
ဒွါရပေါက်ထဲကိုသွတ်ထည့်ရမယ်။ မငိုရဘူး။ မရီရဘူး။ မမဲ့ရဘူး။ မအော်ရဘူး၊
မျက်နှာပျက်တာနဲ့ သတ်စားတာခံရမယ်.. "

ပထမလူ ကြိုးစားထည့်ကြည့်သည်၊ ပထမဆုံး ပန်းသီးတစ်လုံး ၀င်သွားသည်၊
သို့သော် နောက်တစ်လုံး အရောက်တွင် နာလွန်းသဖြင့် အော်မိရာ
သတ်စားခံလိုက်ရသည်၊

ဒုတိယလူ ပြန်ရောက်လာပြီး လူရိုင်းခေါင်းဆောင်ကြီးအား စတော်ဘယ်ရီသီး
ဆယ်လုံးယူလာပြသည်။

ခေါင်းဆောင်ကြီးက စည်းကမ်းချက်များကို ရှင်းပြသောအခါ ဒုတိယလူ အသက်ရှူ
ချောင်သွားပြီး စတော်ဘယ်ရီသီးများကို စသွတ်သည်၊

၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၈ လုံး။ ၉လုံး " ဟား ဟား ဟား ဟား .... "

နောက်ဆုံး အလုံးသွင်းခါနီးတွင် မအောင့်နိုင်ပဲ ရီလိုက်မိသဖြင့်
ဒုတိယလူလည်း သတ်စားခံလိုက်ရသည်။

ပထမလူနှင့် ဒုတိယလူ နတ်ပြည်တွင်တွေ့သောအခါ ပထမလူကအံ့သြတကြီး မေးလေသည်။

" ခင်ဗျားဗျာ... ဘာလို့ရီလိုက်ရတာလဲ နောက်ဆုံး တစ်လုံးတောင် ၀င်တော့မယ့်
ဟာကို.... "

ဒုတိယလူပြန်ဖြေသည်။

" မင်းနောက်ဆုံးကောင် ၀င်လာတာကို မတွေ့လိုက်ဘူး မဟုတ်လား။ ဒီကောင်
ထမ်းလာတာ ဒူးရင်းသီး တွေကွ ဟီး..ဟီး......။

Credit: Origenal Uploader

"ဆေးဆရာ"

Photo: "ဆေးဆရာ"

ကလေးသုံးယောက် စကားပြောနေကြရင်း၊ သူတို့ရွာက ဆေးဆရာတွေ ဘယ်လောက်တော်ကြောင်း အပြိုင်ကြွားနေကြတယ်... ...

ပထမကလေးကပြောတယ်... ...
"ငါတို့ရွာက ဆေးဆရာက အရမ်းတော်တာကွ"
"ဘယ်လို တော်တာလဲ"
"ခြေတွေလက်တွေ ပြတ်ရင် သူ့ဆီသွား၊ ကော်နဲ့ ကောက်ကပ်ပေးလိုက်တာ အကောင်းအတိုင်း ပြန်ဖြစ်ရော" 

ဒုတိယတစ်ယောက်ကပြောတယ်... ...
""ငါတို့ရွာက ဆေးဆရာက ပိုတော်တာပေါ့ကွ"
"ဘယ်လို တော်တာလဲ"
"တခါက ခေါင်းပြတ်သွားတဲ့လူတစ်ယောက်ကို မုံညင်းဆီလေးလိမ်းပြီး ပြန်ဆက်ပေးလိုက်တာ ခုထိ အသက်ရှင်တုန်း"

တတိယတစ်ယောက် ပြောတယ်... ...
"ငါတို့ရွာက ဆေးဆရာက အတော်ဆုံးကွ"
"ပြောပါအုံး"
"င့ါဘကြီးတစ်ယောက် သစ်ပင်ပိလို့ အောက်ပိုင်းကြေသွားတယ်၊ ကြေနေတဲ့ အောက်ပိုင်းနေရာမှာ ဆိတ်ရဲ့အောက်ပိုင်းနဲ့ အစားထိုးပြီး ပြန်ဆက်ပေးလိုက်တယ်လေ"
"ဟင်... အဲဒါ အဆင်ပြေရဲ့လားကွ"
"ပြေပ့ါ၊ ခုဆို မနက်တိုင်း ငါ့ဘကြီးကို ညှစ်တာ  နို့နှစ်ပုလင်း ရတယ်"
"အမ်..."

ပုံမှန်သောက်ရင် အသက်ရှည်တယ်

Photo: ပုံမှန်သောက်ရင် အသက်ရှည်တယ်

==================

လေ့လာတွေ့ရှိချက် အသစ်တစ်ခုအရ Alcohol လုံးဝ မသောက်သုံးတဲ့ သူတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးနိုင်ခြေများတယ်လို့ သိရပါတယ်။

Alcohol ပါဝင်တဲ့ ဘီယာ၊ ၀ိုင်နဲ့ အဖျော်ယမကာတွေကို ပုံမှန်သောက်သုံးသူတွေဟာ လုံးဝမသောက်တဲ့သူတွေထက် အသက်ရှည်ရှည် နေထိုင်နိုင်ပြီး အလွန်အကျွံမဟုတ်တဲ့ Drinking ဖြစ်ဖို့တော့ လိုပါတယ်။

ဒါဟာ ကမ္ဘာကျော် TIME မဂ္ဂဇင်းကြီးထဲမှာ ပါဝင်တဲ့ ကျန်းမာရေး ဆောင်းပါးတစ်ပုဒ်ပါ။ အမေရိကန် Texas တက္ကသိုလ်မှ စိတ်ပညာရှင် ‘Charles Holahan’ ဦးဆောင်တဲ့ အဖွဲ့ဟာ လူတွေကို အသက်အရွယ် အပိုင်းအခြားလိုက် သုတေသနပြုခဲ့ပြီး ယခုကဲ့သို့ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

၎င်းတို့ရဲ့ ထုတ်ပြန်ချက်အရ Alcohol တစ်ခါမှ မသောက်သုံးတဲ့ သူတွေအတွက် သေဆုံးနိုင်ခြေဟာ အမြင့်ဆုံး အနေအထားမှာ ရောက်နေပြီး အလွန်အကျွံသောက်သုံးတဲ့ သူတွေအတွက်တော့ သေဆုံးနိုင်ခြေဟာ အလယ်အလတ် အဆင့်မှာ ရှိပါတယ်။ တစ်ရက်လျှင် ပျမ်းမျှ တစ်ခွက်ကနေ သုံးခွက်အထိ ပုံမှန်သောက်သုံးတဲ့ သူတွေအတွက်ကတော့ သေဆုံးနိုင်ခြေ အနည်းဆုံးဖြစ်ပါသတဲ့။

၎င်းတို့အနေနဲ့ လူအယောက် ၂၀၀၀ နီးပါးကို သုတေသနပြုခဲ့တာ ဖြစ်ပြီး ပုံမှန်သောက်သုံးသူတွေမှာ ၄၁% သာ အသေစောတာ ဖြစ်ပါတယ်။ လုံးဝမသောက်တဲ့သူတွေမှာတော့ ၆၉%လောက်က စောစောစီးစီး သေကြပြီး အလွန်အကျွံသောက်ကြတဲ့သူတွေထဲမှာ ၆၀%လောက်က အသေစောကြပါတယ်။

ဖြစ်နိုင်ချေရှိတဲ့ အကြောင်းပြချက်တစ်ခုကတော့ Alcohol ဟာ လူမှုဆက်ဆံရေး အဆင်ပြေချောမွေ့စေဖို့ အတွက် ကြားခံပစ္စည်းတစ်ခုပါ။

ဒါ့အပြင် ပုံမှန်သောက်တဲ့သူတွေဟာ လုံးဝမသောက်တဲ့သူတွေထက် အခမ်းအနားတွေမှာ ပိုမိုပျော်ရွှင်မှု ရရှိပါတယ်။ ဒါကြောင့် စိတ်လက်ချမ်းသာပြီး ခန္ဓာကိုယ်ကျန်းမာရေးလည်း ကောင်းမွန်လာတာပေါ့။

Alcohol ကြိုက်တဲ့သူတွေအတွက်တော့ ၀မ်းမြောက်စရာပါပဲ။
အလွန်အကျွံမဖြစ်ဖို့တော့ အထူးလိုအပ်ပါတယ်။

 ဒါပေမယ့် တစ်ခုသတိပြုရမှာက ဒါဟာ အမေရိကန်မှာလုပ်တဲ့ သုတေသနဖြစ်ပါတယ်။ သူတို့နိုင်ငံသားတွေဟာ သန်မာပြီး ခံနိုင်ရည်လည်း ရှိကြတဲ့အပြင် အဲဒီမှာရောင်းတဲ့ အရက်ဘီယာတွေဟာ အရည်အသွေးကောင်း ပါတယ်။ မြန်မာနိုင်ငံမှာကတော့ လူတွေဟာ ခံနိုင်ရည်သိပ်မရှိကြပဲ ဒီမှာရောင်းနေတဲ့ အရက်ဘီယာတွေဟာ သူတို့နဲ့ယှဉ်ရင် အရည်အသွေးညံ့နေပါတယ်။ ဒါကြောင့် သတိပြုဆင်ခြင် နိုင်စေရန် တင်ဆက်ပေးလိုက်ပါတယ်။

Source: Business Insider
Kangyi (MCG)
...

www.mmconsumerguide.com | The Best Reviews & Ratings Website in Myanmar

LIKE (y) SHARE ✓ LOVE <3 Myanmar Consumer Guide
လေ့လာတွေ့ရှိချက် အသစ်တစ်ခုအရ Alcohol လုံးဝ မသောက်သုံးတဲ့ သူတွေဟာ ငယ်ငယ် ရွယ်ရွယ်နဲ့  သေဆုံးနိုင်ခြေများတယ်လို့ သိရပါတယ်။

Alcohol ပါဝင်တဲ့ ဘီယာ၊ ၀ိုင်နဲ့ အဖျော်ယမကာတွေကို ပုံမှန်သောက်သုံးသူတွေဟာ လုံးဝမသောက်တဲ့သူတွေထက် အသက်ရှည်ရှည် နေထိုင်နိုင်ပြီး အလွန်အကျွံမဟုတ်တဲ့ Drinking ဖြစ်ဖို့တော့ လိုပါတယ်။

ဒါဟာ ကမ္ဘာကျော် TIME မဂ္ဂဇင်းကြီးထဲမှာ ပါဝင်တဲ့ ကျန်းမာရေး ဆောင်းပါးတစ်ပုဒ်ပါ။ အမေရိကန် Texas တက္ကသိုလ်မှ စိတ်ပညာရှင် ‘Charles Holahan’ ဦးဆောင်တဲ့ အဖွဲ့ဟာ လူတွေကို အသက်အရွယ်

လက်တွေ့ ကျကျ ပုရွက်ဆိတ်အန္တာရာယ်နှိမ်နင်းနည်း

Photo: *** လက်တွေ့ ကျကျ ပုရွက်ဆိတ်အန္တာရာယ်နှိမ်နင်းနည်း *** 

မုန့် အချိုများ နှင့် အစားအစာတွေက ပုရွက်ဆိတ်တွေအတွက် သည်းခြေကြိုက်ဖြစ်ကြ သလို၊ တခါတရံ ပန်းပင်တွေပေါ်အုံခဲနေ တတ်ပြီး အပင်များကိုသေစေတတ် တာကြောင့်၊ အိမ်ရှင်မများစိတ်ညစ်ရပြီပေါ့ရှင်။ ဟောဒီမှာ သဘာဝကျကျနှိမ်နင်းနိုင် တဲ့  နည်းလမ်းကောင်းလေးတွေရှိလို့  စမ်းသပ်ကြည့်ကြပါဦးနော်။

(၁) မုန့် လုပ်ဆော်ဒါက ပုရွက်ဆိတ်တွေအတွက် အဆိပ်မှုန့် ဖြစ်စေလို့ ၊ ပုရွက်ဆိတ် အုံပေါ် ဆော်ဒါမှုန့် ဖြူးပေးပါ။ (သို့ မဟုတ်) မုန့် လုပ်ဆော်ဒါနဲ့  သကြားဆ တူရောပြီးဖြူးပေးပါ။ သူတို့  အစာအဆိပ်သင့်ပြီး သေသွားကြပါတယ်။

(၂) ဂျုံမှုန့် နဲ့ ကလေးပေါင်ဒါမှုန့် များပေါ် ပုရွက်ဆိတ်တွေ ဖြတ်သန်းကျော် လွှားနိုင် စွမ်းမရှိကြပါဘူး။ ဒါကြောင့် ပန်းပင်တွေရဲ့  အောက်ခြေပတ်လည်မှာ ဂျုံမှုန့် နဲ့  ကလေးပေါင်ဒါမှုန့် လေးတွေ စက်ဝိုင်းသဏ္ဍာန်ဖြူးထားလိုက်တော့ ပုရွက်ဆိတ် ရန်ကကင်းပြီ ပေါ့။

(၃) ငရုပ်သီးမှုန့် ၊ ငရုပ်ကောင်းမှုန့် များကလည်း ပုရွက်ဆိတ်ကိုနိုင်တဲ့ အမှုန့်  များဖြစ်ပါတယ်။

(၄) ပုရွက်ဆိတ်တွင်း(သို့ မဟုတ်)ပုရွက်အိမ်ပေါ်ကို ကော်ဖီမှုန့် ဖြူးထားတဲ့အခါ၊ ပုရွက် ဆိတ်တွေ ကော်ဖီမှုန့် စားကြပြီး၊ သူတို့  အဆောက်အအုံ ယိုယွင်းပြိုကျသွားကာ၊ သူတို့ အဲဒီနေရာကို ဘယ်တော့မှပြန်မလာကြတော့ဘဲ အသိုက်ပြောင်းသွားပါတော့ တယ်။

(၅) ရှာလကာရည်နဲ့ ရေ တို့ ဆတူရောပြီး spray ဖျန်းဗူးထဲထဲ့ကာ၊ ပုရွက်ဆိတ်များ ကိုဖျန်းပက်ပေးခြင်းက သူတို့ အတွက် အက်ဆစ်ရေဖြစ်စေလို့  သေစေနိုင်ပါတယ်။

(၆) သံပုရာရည်ကလည်း သူတို့ အတွက် အက်ဆစ်ရည်ဖြစ်လို့  ပြေးကြပြီပေါ့ရှင်။

(၇) မြေဖြူလိုင်းတားထားပါ။ သူတို့ က မြေဖြူကို ကျော်ခွပြီး မဖြတ်ရဲကြဘူးလေ။ (သို့ မဟုတ်) မြေဖြူမှုန့် (သို့ မဟုတ်) ထုံးမှုန့်  ဖြူးထားနိုင်ပါတယ်။

(၈) ပုရွက်ဆိတ်အုံပေါ်သို့ ရေနွေးပူလောင်းချခြင်း(သို့ မဟုတ်)ရေနွေး နဲ့  ပန်းကန်ဆေးဆပ်ပြာရည်ရောပြီး spray ဗူးဖြင့် ဖျန်း ပက်ခြင်းပြုလုပ်ပါ။

(၉) ပင်စိမ်းရွက်ရနံ့ ကို ပုရွက်ဆိတ်တွေကြောက်ကြပါတယ်။ ဒါကြောင့် ပင်စိမ်းရွက်အခြောက်မှုန့် (သို့ မဟုတ်)ပင်စိမ်းရွက် သတ္တုရည် တို ဖြင့် နှိမ်နင်းပါ။

(၁၀) သစ်ကြပိုးခေါက် နဲ့  လေးညှင်းပွင့်ရနံ့ တို့ ကိုလည်း ပုရွက်ဆိတ်တွေမကြိုက်ကြဘူးလေ။ မိမိအိမ်အခန်းဒေါင့်မှာ သစ်ကြပိုး ခေါက်မှုန့်  (သို့ မဟုတ်) လေးညှင်းပွင့်လေးတွေ ပုံထားပေးပါ။

(၁၁) ပန်းပေါင်းစုံရာပန်းဆီရနံ့ က ပုရွက်ဆိတ်တွေကို မွန်းကြပ်ပူစပ်လောင်စေနိုင်တာကြောင့်၊ ရာပန်းဆီကို ရေအနည်းငယ်ရော ၍ spray ဖျန်းပါ။

(၁၂) သကာရည် လ္ဘက်ရည်ခွက် ၃-ပုံ ၁-ပုံ၊ သကြား စားပွဲတင်ဇွန်း ၆-ဇွန်း၊ ကဇော်(အချဉ်)ဖောက်တဲ့တစေး စားပွဲတင်ဇွန်း ၆-ဇွန်း တို့ ရောစပ်ကာ၊ ရလာသောအနှစ်ပျစ်ပျစ်ကို အိမ်ပြူတင်းပေါက်ဘောင်များပေါ်လိမ်း၍ ပုရွက်ဆိတ်အန္တရာယ်မှ ကာကွယ်နိုင် ပါတယ်။

+++++++++++++++++++++++++
၅-ပါးသီလကို ကာယ-၀စီ-မနော တည်းဟူသော ကံ၃ပါးစလုံးလုံမှသာ အပြစ်ကင်းတဲ့ သီလဆောက်တည်နိုင်မှာဖြစ်ပါတယ်။ မူလအစကတည်းက ပုရွက်ဆိတ်များ မအုံဖွဲ့ နိုင်အောင် မိမိအိမ်တွင်းအိမ်ပြင်ကို သန့် ရှင်းစင်ကြယ်စွာ ထိန်းသိမ်းနိုင်ရင် အကုသိုလ် မဖြစ်စေတော့ဘူးပေါ့ရှင်။ အထက်ပါ ပုရွက်ဆိတ်နှိမ်နှင်းနည်းအချို့ က အိမ်မွေးခွေး/ကြောင် နဲ့  ကလေး သူငယ်များကို အန္တာရာယ်ဖြစ်စေလို့  သတိနဲ့ ယှဉ်ပြီး ပုရွက်ဆိတ်နှိမ်နင်းနိုင်ကြပါရန် နှိုးဆောင်လိုက်ပါရစေ။

(ပေါက်ပေါက်…မျှဝေသည်)
(ကိုးကား။ Health and Wellness@Internet News on 8th August 2013)
မုန့် အချိုများ နှင့် အစားအစာတွေက ပုရွက်ဆိတ်တွေအတွက် သည်းခြေကြိုက်ဖြစ်ကြ သလို၊ တခါတရံ ပန်းပင်တွေပေါ်အုံခဲနေ တတ်ပြီး အပင်များကိုသေစေတတ် တာကြောင့်၊ အိမ်ရှင်မများစိတ်ညစ်ရပြီပေါ့ရှင်။ ဟောဒီမှာ သဘာဝကျကျနှိမ်နင်းနိုင် တဲ့  နည်းလမ်းကောင်းလေးတွေရှိလို့  စမ်းသပ်ကြည့်ကြပါဦးနော်။

(၁) မုန့် လုပ်ဆော်ဒါက ပုရွက်ဆိတ်တွေအတွက် အဆိပ်မှုန့် ဖြစ်စေလို့ ၊ ပုရွက်ဆိတ် အုံပေါ် ဆော်ဒါမှုန့် ဖြူးပေးပါ။ (သို့ မဟုတ်) မုန့် လုပ်ဆော်ဒါနဲ့  သကြားဆ တူရောပြီးဖြူးပေးပါ။ သူတို့  အစာအဆိပ်သင့်ပြီး သေသွားကြပါတယ်။

(၂) ဂျုံမှုန့် နဲ့ ကလေးပေါင်ဒါမှုန့် များပေါ် ပုရွက်ဆိတ်တွေ ဖြတ်သန်းကျော် လွှားနိုင် စွမ်းမရှိကြပါဘူး။ ဒါကြောင့် ပန်းပင်တွေရဲ့  အောက်ခြေပတ်လည်မှာ ဂျုံမှုန့် နဲ့  ကလေးပေါင်ဒါမှုန့် လေးတွေ စက်ဝိုင်းသဏ္ဍာန်ဖြူးထားလိုက်တော့ ပုရွက်ဆိတ် ရန်ကကင်းပြီ ပေါ့။

(၃) ငရုပ်သီးမှုန့် ၊ ငရုပ်ကောင်းမှုန့် များကလည်း ပုရွက်ဆိတ်ကိုနိုင်တဲ့ အမှုန့်  များဖြစ်ပါတယ်။

(၄) ပုရွက်ဆိတ်တွင်း(သို့ မဟုတ်)ပုရွက်အိမ်ပေါ်ကို ကော်ဖီမှုန့် ဖြူးထားတဲ့အခါ၊ ပုရွက် ဆိတ်တွေ ကော်ဖီမှုန့် စားကြပြီး၊ သူတို့  အဆောက်အအုံ ယိုယွင်းပြိုကျသွားကာ၊ သူတို့ အဲဒီနေရာကို

Friday, December 6, 2013

ကြွက်သားတွေ သန်မာစေဖို့ ဒါတွေစားပါ

Photo: ကြွက်သားတွေ သန်မာစေဖို့ ဒါတွေစားပါ

ခန္ဓာကိုယ် အတွက် အရေးပါတဲ့ အစိတ်အပိုင်းတွေ ထဲမှာ ကြွက်သားတွေ  ကလည်း အဓိကကျ လှပါတယ်။ လူအ များစု လေ့ကျင့်ခန်းပြု လုပ်ရာမှာ ကိုယ်အ လေးချိန်ကျစေဖို့ အတွက် ပြုလုပ်ကြပေ မယ့် ကြွက်သားသန်မာစေဖို့ ကိုတော့ မေ့နေတတ် ပါတယ်။ ကြွက်သားတွေ သန် မာစေဖို့ အစားအစာတွေ ကလည်း ကူညီ ပေးနိုင်ပါတယ်။ ဥအမျိုးမျိုးကို စားပေးပါ။ ပရိုတင်း ဓာတ်ကြွယ်ဝပြီး ဗီတာမင် အေ၊ အီးနဲ့ ဒီတွေ ပါဝင်ပါတယ်။
ဟင်းနုနယ်ရွက်ဟာ ကြွက်သားတွေကို အကောင်း ဆုံးထောက် ပံ့ပေးနိုင်တဲ့ အစိမ်းရောင် အရွက်ပဲဖြစ်ပါ တယ်။ ငါးကြီးဆီနဲ့ အိုမီဂါသရီး၊ အုတ်ဂျုံနဲ့ ဂျုံနဲ့ ပြုလုပ်ထားတဲ့အစား အစာတွေကို စားပေးပါ။ အစေ့ အဆန်တွေမှာ အမျှင် ဓာတ်၊ ပရိုတင်းဓာတ်နဲ့ အိုမီဂါသရီးတွေ ပါဝင်တာကြောင့် သရေစာအဖြစ် စား ပေးလို့ရ ပါတယ်။ မြေပဲစေ့မှာ အသား ဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင် အီး၊ သွပ်ဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ Polyunsaturated Fats တွေပါဝင်ပြီး သင့် ကြွက်သားဖွံ့ဖြိုးမှုကို အထောက်အ ကူပြုပါ တယ်။ အနီရောင်အသား၊ ပန်း ဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ ပန်းသီး၊ မုန်လာဥနီ၊ လက်ဖက်စိမ်းလက် ဖက်ရည်စတာတွေကို မှီဝဲပေးပါ။  

BY GOOD HEALTH

သောင်းဝေဦး - မဲသဝေါတိုက်ပွဲ

*** လေ့ကျင့်ခဏ်း လွန်ကဲစွာလုပ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ ***

*** လေ့ကျင့်ခဏ်း လွန်ကဲစွာလုပ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ ***

(၁) ထိခိုက်အနာတရ ဖြစ်စေပါတယ်။

သင့်ပတ်ဝန်းကျင်မှာ လေ့ကျင့်ခဏ်းပြင်းပြင်းထန်ထန် လုပ်သူတွေကိုမြင်ဖူးကြမှာပါ။ ထိုကဲ့သို့ ပြုလုပ်ခြင်းက ကာလတိုအတွင်း ကိုယ်ရည်စစ်သွားတာ မို့ ထိရောက်မှုရှိ တယ်လို့ ထင်ကောင်းထင်နေကြပါလိမ့်မယ်။ တနေ့ တရက်လောက် ပြင်းပြင်း ထန် ထန် လေ့ကျင့်ခဲ့ပြီး၊ နောက်နေ့ တွေမှာ ပုံမှန်အတိုင်းပြုကျင့်ခြင်းက ကျန်းမာရေး အ တွက် ပြဿနာကြီးကြီးမားမား ဖြစ်မလာစေနိုင် သော်လဲ၊ နေ့ စဉ်ရက်ဆက်ပြုမူခြင်းက အချိန်ကာလကြာလာတာနဲ့ အမျှ ကြွက်သားတွေ ရောင်ရမ်းနာကျင်လာစေပါတော့ တယ်။ ဒါ့ပြင် အရိုးများကိုဆက်နွယ်ထားတဲ့ အရွတ်ပြားတွေကို ဒဏ်ဖြစ်စေကာ ဒူးနာ/ ခါးနာခြင်းနဲ့  အရိုးပါး၍ ကြွတ်ဆတ်လာ စေနိုင်တာကြောင့် ထိုသို့ သော နောက် ဆက် တွဲဘေးထွက် ဆိုးကျိုးတွေ မဖြစ်ရအောင် မိမိခံနိုင်ရည်ရှိသလောက်သာ လေ့ကျင့်ပါ။

(၂) ကြွက်သားတွေလျော့ရဲ သွားစေပါတယ်။

အထူးသဖြင့် ပိန်ချင်လွန်းသူများက လေ့ကျင့်ခဏ်းပြင်းပြင်းများ နေ့ စဉ်လုပ်ရင်း၊ အစား ကို ပါလျော့စားကြတဲ့အခါ ခန္ဓာကိုယ်အ တွက် အာဟာရချို့ တဲ့သွားပြီးတော့၊ ကျန်း မာရေးကို ဘက်ပေါင်းစုံထိခိုက်လာစေပါတယ်။ ကြွက်သားတွေပျော့တွဲ ကျလာ တာ ကြောင့် အရွယ်မတိုင်ခင် အိုစာသွားစေပါတယ်။

(၃) ကိုယ်ခံစွမ်းအားကို ထိခိုက်စေပါတယ်။

မိမိခံနိင်ရုံပမာဏထက်ပိုကာ လွန်လွန်ကြူးကြူး လေ့ကျင့်ခဏ်းပြုလုပ်ခြင်းက ကိုယ်ခံ စွမ်းအားကို လျော့နည်းသွားစေ တာကြောင့်၊ အအေးမိ/တုပ်ကွေးစတဲ့ အပရိက ရာသီ ဖျားနာ ကူးစက်ရောဂါတွေကိုတောင် ခံနိုင်ရည်မရှိတော့ပါဘူး။

(၄) ခံတွင်းပျက်လာစေပါတယ်။

ခန္ဓာကိုယ်အလေးချိန်(၀ိတ်)ချသူတွေက လေ့ကျင့်ခဏ်းအပြင်းအထန်လုပ်ရင်း၊ bulimia(ခေါ်)ဗိုက်ဆာ၍ အစားအစာ များကို စားသောက်ကြပြီးနောက်မှာတော့၊ ကိုယ် အလေးချိန်တိုးလာမှာစိုးတာကြောင့် အန်ထုတ်တဲ့နည်းကို တလှည့် စီပြုကျင့်ကြ တာ မို့ ၊ နောက်ဆုံးမှာ ဘာစားစား အရသာမရှိတော့ဘဲ ခံတွင်းပျက်သွားကြပါ တယ်။ ဘေး ထွက်ဆိုးကျိုး များအဖြစ် မူးဝေအော့အန်ခြင်း၊ သွား/သွားဖုံးနာရောဂါများ နဲ့  အစာအိမ် အက်ဆစ်အထွက်များပြီး အစာအိမ်နာရောဂါ တို့ ပါ စွဲကပ်လာနိုင်ပါတယ်။

(၅) အအိပ် ပျက်စေပါတယ်။

လေ့ကျင့်ခဏ်း ပြင်းထန်စွာပြုလုပ်ခြင်းကြောင့် ပင်ပန်းအားယုတ်လာကာ၊ လုပ်ငန်း ခွင်မှာအာရုံစူးစိုက်မှုတွေ လျော့နည်းသွားပြီး စိတ်ဖိစီးမှုများဖြစ်လာ ကာ ကောင်းစွာ မအိပ်စက်နိုင်တော့ပါဘူး။ အိမ်ထောင်ရှင်များအဖို့ လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုလျော့နဲ သွားတာကြောင့်၊ အိမ်ထောင်ရေးအခြေအနေကို ထိခိုက်လာစေပါတယ်။

(၆) ရာသီထိန်သွားတတ်ပါတယ်။

ဥပမာအားဖြင့် အမျိုးသမီးအားကစားသမား(အများစု) ဟာ ပြင်းထန်စွာလေ့ကျင့် ခဏ်း ယူရခြင်းကြောင့် အရွယ်မတိုင်မီ အရိုးပွလာ တတ်ပြီး၊ ဓမ္မတာရာသီသွေးဆင်းခြင်း ပုံမှန် မဖြစ်နိုင်တော့ပါဘူး။ တချို့ ဆို စောစောစီးစီး (လုံးဝ)ရာသီထိန် သွေးဆုံးသွားကြပါ တယ်။ (တခြားဘေးထွက်ဆိုးကျိုးများအနေဖြင့် အမျိုးသမီးများ သားအိမ်ကျစေ တတ် သလို၊ အမျိုးသားများမှာ အူကျရောဂါဖြစ် လာစေပါတယ်)

+++++++++++++++

“အသက်ကိုဥာဏ်စောင့်” ဆိုသော ဆိုရိုးစကားနဲ့ အညီ လှချင်လွန်း လို့ (သို့ မဟုတ်) ကျန်းမာရေး လိုက်စားလို့ (သို့ မဟုတ်)၀ါ သနာပါလွန်းလို့ (သို့ မဟုတ်)အားကစား နည်းဖြင့် အသက်မွေးဝမ်းကျောင်းနေရသူမို့  ….စတဲ့အကြောင်းအမျိုးမျိုးကြောင့် လေ့ ကျင့်ခဏ်းလုပ်တဲ့အခါမှား၊ တတ်သိနားလည်သူ(လေ့ကျင့်ပေးသူ) နဲ့  ဆွေးနွေး တိုင်ပင်ကာ မိမိခံနိုင်ရည်ရှိရုံမျှသာ ပြုကျင့်ကြပါ ရန် တိုက်တွန်းလိုက်ရပါတယ်။

(ပေါက်ပေါက်….မျှဝေသည်)
(မှီငြမ်း…Useful Info and Health Tips on 1st December 2014)
(၁) ထိခိုက်အနာတရ ဖြစ်စေပါတယ်။

သင့်ပတ်ဝန်းကျင်မှာ လေ့ကျင့်ခဏ်းပြင်းပြင်းထန်ထန် လုပ်သူတွေကိုမြင်ဖူးကြမှာပါ။ ထိုကဲ့သို့ ပြုလုပ်ခြင်းက ကာလတိုအတွင်း ကိုယ်ရည်စစ်သွားတာ မို့ ထိရောက်မှုရှိ တယ်လို့ ထင်ကောင်းထင်နေကြပါလိမ့်မယ်။ တနေ့ တရက်လောက် ပြင်းပြင်း ထန် ထန် လေ့ကျင့်ခဲ့ပြီး၊ နောက်နေ့ တွေမှာ ပုံမှန်အတိုင်းပြုကျင့်ခြင်းက ကျန်းမာရေး အ တွက် ပြဿနာကြီးကြီးမားမား ဖြစ်မလာစေနိုင် သော်လဲ၊ နေ့ စဉ်ရက်ဆက်ပြုမူခြင်းက အချိန်ကာလကြာလာတာနဲ့ အမျှ ကြွက်သားတွေ ရောင်ရမ်းနာကျင်လာစေပါတော့ တယ်။ ဒါ့ပြင် အရိုးများကိုဆက်နွယ်ထားတဲ့ အရွတ်ပြားတွေကို ဒဏ်ဖြစ်စေကာ ဒူးနာ/ ခါးနာခြင်းနဲ့  အရိုးပါး၍ ကြွတ်ဆတ်လာ စေနိုင်တာကြောင့် ထိုသို့ သော နောက် ဆက် တွဲဘေးထွက် ဆိုးကျိုးတွေ မဖြစ်ရအောင် မိမိခံနိုင်ရည်ရှိသလောက်သာ လေ့ကျင့်ပါ။

(၂) ကြွက်သားတွေလျော့ရဲ သွားစေပါတယ်။

အထူးသဖြင့် ပိန်ချင်လွန်းသူများက လေ့ကျင့်ခဏ်းပြင်းပြင်းများ နေ့ စဉ်လုပ်ရင်း၊ အစား ကို ပါလျော့စားကြတဲ့အခါ ခန္ဓာကိုယ်အ တွက် အာဟာရချို့ တဲ့သွားပြီးတော့၊ ကျန်း မာရေးကို ဘက်ပေါင်းစုံထိခိုက်လာစေပါတယ်။ ကြွက်သားတွေပျော့တွဲ ကျလာ

Wednesday, December 4, 2013

ဘ၀တွင် အောင်မြင်လိုသော်

Photo: ဘ၀တွင် အောင်မြင်လိုသော်

စကားကို ညင်ညင်သာသာပြောပါ

အစားကို ချင့်ချင့်ချိန်ချိန် စားပါ

လေကို ၀အောင် ရှုပါ

အိပ်ချိန်ကို အပြည့်ယူပါ

အ၀တ်ကို စမတ်ကျကျ ၀တ်ပါ

အပြုအမူကို ရဲရဲဝံ့ဝံ့ ဆောင်ရွက်ပါ

အလုပ်ကို စိတ်ရှည်ရှည်ထား လုပ်ပါ

အတွေးကို ဆန်းသစ်အောင် တွေးပါ

ထာဝရအလင်းတန်းများ
စကားကို ညင်ညင်သာသာပြောပါ

အစားကို ချင့်ချင့်ချိန်ချိန် စားပါ

လေကို ၀အောင် ရှုပါ

အိပ်ချိန်ကို အပြည့်ယူပါ

အ၀တ်ကို စမတ်ကျကျ ၀တ်ပါ

အပြုအမူကို ရဲရဲဝံ့ဝံ့ ဆောင်ရွက်ပါ

အလုပ်ကို စိတ်ရှည်ရှည်ထား လုပ်ပါ

အတွေးကို ဆန်းသစ်အောင် တွေးပါ

ထာဝရအလင်းတန်းများ

ရသကောင်းလေးတစ်ပုဒ်

Photo: ဘတ်စ် ကားစောင့်နေတုန်း ဘေးနားက
အသံကြားလို့ လှည့်ကြည့်လိုက်မိတယ်။

*ရေခဲမုန့် ဘယ်လောက်လဲ။
*500
*ဒီထက် ဈေးပေါတာမရှိဘူးလား
*ရှိတယ်။300 တန် ရှိတယ်။

ရေ ခဲမုန့်ရောင်းနေတဲ့ကောင် လေးက
စိတ်မရှည်သလိုပြောလိုက်တယ်။

ရေခဲမုန့်ဝယ်တဲ့ကောင် လေးကိုကြည့်
လိုက်တော့ ၁၃ နှစ် အရွယ် ကောင်လေးတယောက်။
ငွေကြေးတတ်နိုင် တဲ့
အသိုင်းအဝိုင်းကမှန်းသိသာပါတယ်။

ဒါပေမယ့် ကပ်စီးအိုးထင် ပါရဲ့။
ဈေးပေါတာကို မေးနေတယ်ဆိုတော့။
မဆီမဆိုင် ဘေးကနေ
ကျွန် မ အကဲဖြတ်နေမိတယ် ။

ရေခဲမုန့်ရောင်းတဲ့
ကောင် လေးကတော့ ခပ်နွမ်းနွမ်းရယ်ပါ။
နောက်အရောင်းအဝယ်ကတည့်သွားပါတယ်။

ကောင် လေးက 300 တန်ရေခဲမုန့်ကိုယူလိုက်တယ်။
ပြီးတော့ ဘောင်းဘီအိတ်ထဲက 500 တန်တရွက် ထုတ်ပေးတယ်။

ပြီးတော့ ကောင် လေးကစကားတခွန်းပြောတယ်။

ရော့ 500 ။200 ကိုပြန်မအမ်းနဲ့ မင်းယူလိုက်တော့
ငါတို့ကစားနေချိန်မှာမင်းက ဈေးရောင်းနေရတော့
ငါ ကိုယ်ချင်းစာပါတယ်။
ငါရတဲ့ မုန့်ဖိုးကိုတခုခုမဝယ်စားရင် လည်း
အမေက ငါ့ကိုဆူလိမ့်မယ်။

ဒါ့ကြောင့် ငါကဈေးပေါတာကိုမေးပြီးဝယ်စားတာပါ။
မင်းလည်း 200 ဖိုးလောက်ရေခဲမုန့်စားခြင် စားပေါ့။
ဒါမှမဟုတ်တခုခု ဝယ်စားပေါ့

ကျွန်မ နဲနဲလေးရှက်သွားတယ်။
မျှဝေပေးတယ်ဆိုတာကိုလည်း
ကျွန်မ ခုမှသဘောပေါက်လိုက်မိတယ်………
ပြီးတော့ ကိုယ်ချင်းစာတယ်ဆိုတာကိုရောပေါ့…………

ငြိမ်းလဲ့

ဘတ်စ် ကားစောင့်နေတုန်း ဘေးနားက အသံကြားလို့ လှည့်ကြည့်လိုက်မိတယ်။

*ရေခဲမုန့် ဘယ်လောက်လဲ။
*500
*ဒီထက် ဈေးပေါတာမရှိဘူးလား
*ရှိတယ်။300 တန် ရှိတယ်။

ရေ ခဲမုန့်ရောင်းနေတဲ့ကောင် လေးကစိတ်မရှည်သလိုပြောလိုက်တယ်။

ရေခဲမုန့်ဝယ်တဲ့ကောင် လေးကိုကြည့်လိုက်တော့ ၁၃ နှစ် အရွယ် ကောင်လေးတယောက်။
ငွေကြေးတတ်နိုင် တဲ့အသိုင်းအဝိုင်းကမှန်းသိသာပါတယ်။

ဒါပေမယ့် ကပ်စီးအိုးထင် ပါရဲ့။
ဈေးပေါတာကို မေးနေတယ်ဆိုတော့။
မဆီမဆိုင် ဘေးကနေကျွန် မ အကဲဖြတ်နေမိတယ် ။

ရေခဲမုန့်ရောင်းတဲ့ကောင် လေးကတော့ ခပ်နွမ်းနွမ်းရယ်ပါ။
နောက်အရောင်းအဝယ်ကတည့်သွားပါတယ်။

ကောင် လေးက 300 တန်ရေခဲမုန့်ကိုယူလိုက်တယ်။
ပြီးတော့ ဘောင်းဘီအိတ်ထဲက 500 တန်တရွက် ထုတ်ပေးတယ်။

ပြီးတော့ ကောင် လေးကစကားတခွန်းပြောတယ်။

ရော့ 500 ။200 ကိုပြန်မအမ်းနဲ့ မင်းယူလိုက်တော့ငါတို့ကစားနေချိန်မှာမင်းက ဈေးရောင်းနေရတော့
ငါ ကိုယ်ချင်းစာပါတယ်။
ငါရတဲ့ မုန့်ဖိုးကိုတခုခုမဝယ်စားရင် လည်းအမေက ငါ့ကိုဆူလိမ့်မယ်။

ဒါ့ကြောင့် ငါကဈေးပေါတာကိုမေးပြီးဝယ်စားတာပါ။
မင်းလည်း 200 ဖိုးလောက်ရေခဲမုန့်စားခြင် စားပေါ့။
ဒါမှမဟုတ်တခုခု ဝယ်စားပေါ့

ကျွန်မ နဲနဲလေးရှက်သွားတယ်။
မျှဝေပေးတယ်ဆိုတာကိုလည်း
ကျွန်မ ခုမှသဘောပေါက်လိုက်မိတယ်………
ပြီးတော့ ကိုယ်ချင်းစာတယ်ဆိုတာကိုရောပေါ့…………

ငြိမ်းလဲ့

လောကတွင် မယားကောင်း မယားမြတ်တို့ ၏ အင်္ဂါအရည်အချင်းများ

Photo: လောကတွင် မယားကောင်း မယားမြတ်တို့ ၏ အင်္ဂါအရည်အချင်းများ
---------------------------------------------------------------------

၁။ အိပ်ယာနေရာ အစားအသောက်တို့ကို သန့်ရှင်စင်ကြယ်စွာ စားသောက် နေထိုင်လေ့ရှိခြင်း..။

၂။ ယောက်ျားတစ်ပါးသို့ စိတ်နှစ်လုံးမကူးခြင်း..။

၃။ လင် ရှာဖွေရသော ဥစ္စာပစည်းတို့ကို ကောင်းမွန်လုံခြုံစွာ ထိန်းသိမ်းခြင်း..။

၎။ လင်နောက်မှ အိပ်လေ့ရှိခြင်း..။

၅။ လင်၏ အလုပ်အကြံ အစီအမံကို ခံယူ၍ ကူညီရခြင်း..။

၆။ လင့်အာဏာကို မဖီဆန် လင်၏အလိုသို့လိုက်၍ ပြုရခြင်း..။

၇။ လင်အား ချစ်ဖွယ်သောစကားကို ပြောဆိုလေ့ရှိခြင်း..။

၈။ အပူအချမ်းတို့ လျော်စွာ လင်အား ဝတ်ဆင်ပေးရခြင်း..။

(သုတေသနသရုပ်ပြ အဘိဓာန်ကျမ်း)

“လောကနီတိကျမ်း အလိုအရမူ”

၁။ စားသောက်သောအခါတို့၌ လည်းကောင်း အဝတ်တန်ဆာ ပြုပြင် စီရင်သောအခါ၌ လည်းကောင်း အမိကဲ့သို့ နှစ်သက်ဖွယ်ပြုပြင် တတ်ခြင်း..။

၂။ လျှို့ဝှက်အပ်သော မကျစ်မလျစ်သော အရာတို့၌ နှမကဲ့သို့ ရှက်တတ်ခြင်း..။

၃။ အမှုကိစ္စ ဆောင်ရွက်သောအခါ၌ လည်းကောင်း လင်အနီးအပါးသို့ သွားသောအခါ၌ လည်းကောင်း ကျွန်မကဲ့သို့ ရိုသေစွာ ပြုမူသွားတတ်ခြင်း..။

၎။ ဘေးဒုက္ခ ကြုံတွေ့သောအခါ တိုင်ပင်ဖော်ရခြင်း..။

၅။ အိပ်သောအခါလင်ကို မွေ့ လျှော်စေတတ်ခြင်း..။

၆။ အရောင်အဆင်း ပြုပင်ခြင်း၌ တင့်တယ်စွာ ပြုတတ်ခြင်း..။

၇။ အမျက်ထွက်ရန် ရှိသောအခါ အမျက်ကို သည်းခံထိန်းသိမ်းထား တတ်ခြင်း..။

ဤမယားသည် မယားကောင်း မယားမြတ်ဖြစ်၍ သေသည့်အခါ နတ်ပြည့်သို့သွားရသည်…..။

ဗဟုသုတတိုးပွားနိုင်ကြပါစေ

Royal Hero Media