“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, September 4, 2013

မပေါင်းသင့်သူ (၁၄) ယောက်

Photo: *** မပေါင်းသင့်သူ (၁၄) ယောက် ***
=============================

(၁) မကောင်းမှုကို ပြုသူများ

(၂) မုသားပြောတတ်သူများ

(၃) ကိုယ်ကျိုးကိုသာ အလိုရှိလို့  ဆည်းကပ်လာသူများ

(၄) အယောင်ဆောင် သူတော်ကောင်းများ

(၅) နှုတ်နဲ့ သာ အဆွေခင်ပွန်းဖွဲ့ တတ်ပြီး ကိုယ်မပါတဲ့သူများ

(၆) နှုတ်ပြောတစ်ခြား အလုပ်တစ်ခြား ပြုမူပြောဆိုတတ်သူများ

(၇) အရှက်အကြောက် မရှိတဲ့သူများ

(၈) ကျေးဇူးကို မသိတတ်သူများ

(၉) မုန်းလွယ် ချစ်လွယ်သော စိတ်ရှိသူများ

(၁၀) အန္တရာယ်ပြုရအောင် ပေါင်းဖော်လာသူများ

(၁၁) စကားမတည်၊ ဒုစရိုက်အလုပ်တွေကို ပြုလုပ်ပြီး တွေ သမျှသတ္တ၀ါတွေကိုညှင်းဆဲတတ်သူများ

(၁၂) စကားသာပြေပြစ်ပြီး စိတ်မပါပဲ ဟန်ဆောင်ပေါင်းကာ အခွင့်အရေးရှာတတ်တဲ့ သူများ

(၁၃) မြင်မြင်သမျှကို လိုချင်မက်မောတတ်တဲ့အပြင် မိတ်ဆွေကိုပါ ဖျက်ဆီးသွားတတ်သူများ

(၁၄) နှုတ်ကသာချိုသာပြီး စိတ်ကောက်တတ်တဲ့ သူများ။

(ကိုယ်ကျင့်မင်္ဂလာ - အရှင်ကုမာရ) BY :Ashin Tikkha
--------------------------------------------------------

Nansu Kayswan

အခမဲ့ကြော်ငြာ

ဦးနှောက် ကျန်းမာရေး ကောင်းမွန်စေမည့် နည်းသုံးသွယ်

Photo: ဦးနှောက် ကျန်းမာရေး ကောင်းမွန်စေမည့် နည်းသုံးသွယ်
==============================

သံပရာရည်... ရှောက်ရည် သုံးပြီး ပလုတ်ကျင်းပါ...

လေ့လာမှု အသစ် တစ်ခုအရ ချိုမြိန်တဲ့ အရည်တွေက မှတ်ဉာဏ်ကို ကောင်းမွန်စေကြောင်း သိရပါတယ်။ ဂျော်ဂျီယာ တက္ကသိုလ်ရဲ့ လေ့လာမှုအရ သကြားပါတဲ့ သံပရာရည်/ ရှောက်ရည်ကို သုံးပြီး ပလုတ်ကျင်း တာကြောင့် ကျောင်းသား၊ ကျောင်းသူတွေကို စာမေးပွဲရမှတ် အဆင့် ကောင်းမွန်ကြောင်း သိရပါတယ်။ ခံတွင်းထဲ သကြားဝင်ရောက် ချိန်မှာ ဦးနှောက်ရဲ့ လှုံ့ဆော်မှု ဆိုင်ရာ စင်တာကို သိသိသာသာ အချက်ပြ လိုက်တာကြောင့် အာရုံ စူးစိုက်မှုကို ကောင်းမွန် သွားစေပါတယ်။

တစ်ည ခုနစ်နာရီ အိပ်စက်ပါ...

အိပ်စက်ချိန် များလွန်းတာက အိပ်စက်ချိန် နည်းတာလိုပဲ ကျန်းမာရေး အတွက် အန္တရာယ်ပါ။ ဘရိုင်ဟမ်နဲ့ ဘော့စတွန် အမျိုးသမီးဆေးရုံက လေ့လာသူတွေက လူတစ်သောင်းခွဲ ကျော်ကို နှစ်၂၀ကြာ လေ့လာခဲ့ရာ ခုနစ်နာရီ အိပ်သူတွေထက် နှစ်နာရီကျော် ပိုအိပ်သူ ဒါမှမဟုတ် နှစ်နာရီ လျှော့အိပ်သူ တွေဟာ ဦးနှောက်နှစ်နှစ် ပိုအိုနေကြကြောင်း သိရပါတယ်။ တစ်ညနှစ်နာရီ ပိုအိပ်တာနဲ့ လျှော့အိပ်တာဟာ တွေးခေါ် မြော်မြင်နိုင်စွမ်းကို ထိခိုက် စေပါတယ်။

ထောပတ်အတု လျှော့စားပါ...

ပြောင်းဖူးပေါက်ပေါက်၊ ဝက်ပေါင်ခြောက် စတာတွေမှာ ထည့်ထားတဲ့ ထောပတ်အစားထိုး ထောပတ် အတုတွေမှာ ဒိုင်အစီတိုင်း အခြေခံ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် ဦးနှောက်ဆဲလ် တွေကို ထိခိုက် စေနိုင်ပါတယ်။ ဒိုင်အစီတိုင်းဟာ ဦးနှောက်ထဲမှ ပရိုတင်းစုပုံမှု ဖြစ်စေပြီး အယ်လ်ဇိုင်းမား ရောဂါ ဖြစ်စေနိုင်လို့ပါ။

credit to နှင်းဆီဖူးလေးများ-Love BUDS

http://www.myawady.net.mm/health/knowledge/item/13590-2013-05-13-09-46-35

ကျီးပေါင်းအတွက် သင်္ဘောရွက်

Photo: ကျီးပေါင်းအတွက် သင်္ဘောရွက်

သင်္ဘောသီးသည် မြန်မာသာမက တစ်ကမ္ဘာလုံးတွင် စားသုံးကြသော အသီးဖြစ်သည်။ အရသာကောင်းသည်။ ဝမ်းမှန်စေသည့် အစာအဖြစ် စားသုံး
သည်။ အထူးသဖြင့် အပူပိုင်းဇုန်များတွင် ပို၍ဖြစ်ထွန်းသည်။ သင်္ဘောပင်၏ ထူးခြားချက်မှာ အဖိုပင်နှင့် အမပင်ဟူ၍ နှစ်မျိုးရှိသည်။ အဖိုပင်သည် အသီးမသီးပေ။ မြေသြဇာကောင်းလျှင် သင်္ဘောအမပင်မှ အသီးများမှာ ပင်စည်ပတ်လည်တွင် နေရာမလပ် ပြွတ်သိပ် ညပ်နေအောင် သီးလေ့ရှိသည်။ အသီးကြီးစေချင်လျှင် ကြားညပ်သော အသီးများကို ချွေပေး ခူးပေးရသည်။ သင်္ဘောသီးတွင်လည်း အလုံးအဝိုင်းမျိုးနှင့် အရှည်သီးဟူ၍ နှစ်မျိုးတွေ့ရသည်။
အပူပိုင်းဒေသများတွင် လုံးဝိုင်းသောအမျိုးက ပို၍ ဖြစ်ထွန်းပြီး ပို၍ချိုသည်။ သင်္ဘောသီးသည် စားကောင်းရုံမျှမက ဆေးဘက်ဝင်ကြောင်းကို ရှေးကအိန္ဒိယ အာယုဗေဒဆေးကျမ်းများတွင် တခမ်းတနား ဖော်ပြခဲ့သည်။

အနောက်တိုင်းတွင်လည်း ၁၅ ရာစုခန့်က တွေ့ရှိသည့် ခရီးသည်ကြီး မာကိုပိုလို၏ မှတ်တမ်းများတွင် သူ၏ သင်္ဘောသားများတွင် ဖြစ်ပွားသည့် သွားဖုံးသွေးယိုရာဂါနှင့် ရေစီးကမ်းပြိုရောဂါများမှာ သင်္ဘောသီး စားရုံနှင့် ပျောက်ကင်းကြောင်းနှင့် အလွန်ကျေးဇူးကြီးသည့် ရွှေရောင်အသီးဖြစ်ကြောင်း မှတ်တမ်းများ တွေ့ရှိခဲ့ကြရသည်ဟု ဆိုသည်။ သင်္ဘောသီးအမှည့်တွင် ဗီတာမင် အေနှင့်စီ အမြောက်အများ ပါဝင်သည်ဟု ဆိုသည်။ ဗီတာမင်အေမှာ မျက်စိအတွက်နှင့် ဗီတာမင်စီမှာ ကိုယ်ခံအားအတွက် ကောင်းခြင်းနှင့် ကင်ဆာကို ကာကွယ်နိုင်သော Antioxident ဟု ဆိုကြသည်။ သင်္ဘောသီးအစိမ်းမှာ အစာကြေစေသည်။ အသားကို နူးစေသည်။ ဟင်းအဖြစ် ချက်စားလျှင် အစာအိမ်ရောင်ခြင်း၊ အသည်းရောဂါများကို ကောင်းစေနိုင်သည်ဟု ဆိုသည်။ သင်္ဘောသီးတွင် အဓိက ပါဝင်သောဓါတ်မှာ (papin) ဟုခေါ်ပြီး အခြား ရှားပါးသတ္တုဓါတ်များ မင်ဂနိ(စ်)နှင့် သွပ်ဓါတ်၊ ထုံးဓါတ်များလည်း ထိုက်သင့်သလောက် ပါဝင်သည်ဟု အဆိုရှိသည်။
ရှေးမြန်မာ လူကြီးများက နံနက်သင်္ဘော၊ ညငှက်ပျောဟု အဆိုရှိကြသည်။ နံနက်စောစော အစာစားပြီး သင်္ဘောသီးမှည့် စားပေးလျှင် အစာကြေစေပြီး ရင်တောင့်ခြင်း၊ ရင်ခံခြင်းမှ ကင်းရှင်းသည်။ ဝမ်းသက်လေကြေစေသည်ဟု ယူဆသည်။ ညအိပ်ယာဝင် ငှက်ပျောသီး ဖီးကြမ်း စားပေးလျှင် လေဖိပြီး ညအိပ်ပျော်စေသည်။ နောက်တစ်နေ့နံနက်တွင် ဝမ်းမှန်စေသည်ဟု အယူအဆ ရှိကြသည်။ တိုင်းရင်းမြန်မာ အယူအဆတွင် သင်္ဘောသီးအစိမ်းသည် လေစာဖြစ်သည်။ သင်္ဘောသီးအမှည့်သည် အာပေါ+ဝါယော အစာဖြစ်သည်။ လေစာဆိုသော်လည်း လေချုပ်စာမဟုတ်၊ လေပွ၊ လေသက်စေသော အစာမျိုး ဖြစ်သည်။ ထို့အပြင် သင်္ဘောသီးကို ခွဲလိုက်လျှင် အလယ်တွင် အခေါင်းပွပါသဖြင့် အာကာသ (အပေါက်၊ အခေါင်းရှိသော) အစာမျိုး ဖြစ်သည်။ သင်္ဘောရွက်သည်လည်း ပုံမှန်သစ်ရွက် မဟုတ်ဘဲ လက်ငါးချောင်းကဲ့သို့ လက်ခြားပါသော သစ်ရွက်ရိုးတံတွင် ခေါင်းပွပါသော သစ်ရွက်ဖြစ်သဖြင့် အာကာသအရွက် ဖြစ်သည်။

သင်္ဘောသီး၏ အဟာရနှင့် ဆေးအသုံးဝင်ပုံကို အသိများသော်လည်း သင်္ဘောရွက်၏ ဆေးဘက်ဝင်ပုံကို သိသူနည်းသဖြင့် တင်ပြလိုက်ရပါသည်။ သင်္ဘောရွက်တွင် ရွက်နုနှင့် ရွက်ကြမ်းနှစ်မျိုး ရှိသည်။ ထွက်ခါစအရွက်နှင့် အဖူးတို့ကိုပြုတ်ပြီး တို့စရာအဖြစ် စားသုံးလေ့ ရှိကြသည်။ ရွက်ကြမ်းများကို မီးကင်၊ မီးမြိုက်ပြီး ဆေးဘက်ဝင်အဖြစ် စားသုံးလေ့ ရှိကြသည်။ ရှေးကပင် လူကြီး၊ သက်ကြီးရွယ်အိုများနှင့် လေသက်၍ အစာကြေစေသည်ဆိုကာ အရွက်ကြမ်းကို မီးမြိုက်ပြီး စားသုံးလေ့ရှိကြသည်။ ရင်ကြပ်၊ ပန်းနာနှင့် စကားပြောလျှင် မောပြီး လေမဆက်သူများအတွက် သင့်တော်သည်။ သင်္ဘောရွက်သည် ခါးသောအရသာ ရှိသည်။ ခါးသောအရာ မှန်သမျှသည် လေကိုဖွပေးသော ဓာတ်သဘောရှိသည်။ စားသုံးမှုများလျှင်၊ လွန်ကဲလျှင်ေ ခါင်းမူးတတ်သဖြင့် အခါးအရသာရှိသော အသီးအရွက်မှန်သမျှ သင့်တင့်ရုံသာ စားသုံးရမည်။

သင်္ဘောရွက်ကြမ်းပြုတ်၊ ကပ်ကြေးဖြင့် ပါးပါးညှပ်ပြီး လက်ဖက်သုပ်ကဲ့သို့ အသုတ်ပြုလုပ်ပြီးလည်း စားသုံးနိုင်သည်။ နှမ်းနက်၊ ကြက်သွန်ဖြူကြော်တို့နှင့် တွဲဖက်စားလျှင် လေသက်စေသည်။ ညနေစောင်းအချိန် (ညနေ ၃ နာရီမှ ၆ နာရီအတွင်း) စားလျှင် ပို၍ လေရသည်။ သင်္ဘောရွက်ကိုထောင်းပြီး ညှစ်ယူ၍ရသော အရည်ကို နေ့စဉ်မှန်မှန် သောက်ပေးလျှင် ဝမ်းတွင်းမှ တုတ်၊ သန်စသော ပိုးများကို အောက်သို့ သက်စေသည်။ အစာအိမ် အူသိမ်မှ အနာကို ကျက်စေသည်။ ၎င်းကို သဘောင်္ရွက်သတ္တုရည်ဟု ခေါ်သည်။ မကြာသေးမီက စာစောင်တစ်ခုတွင် မြဝတီမဂ္ဂဇင်း အယ်ဒီတာချုပ်ဟောင်း ဆရာကြီးမင်းယုဝေ ရေးထားသည်မှာ သင်္ဘောရွက်ကို မီးကင်ပြီး အရည်ညှစ်သောက်သဖြင့် ကင်ဆာရောဂါ ပျောက်ကင်းနိုင်ကြောင်း လွန်ခဲ့သော နှစ် (၂၀) ခန့်က မိတ်ဆွေတစ်ဦးက ပြောဖူးသည်။ လွန်ခဲ့သောနှစ်က မိတ်ဆွေတစ်ဦးတွင် အဆုတ်ကင်ဆာရောဂါ ဖြစ်သဖြင့် သောက်ြကည့်ရန် တိုက်တွန်းရာ အမှတ်မထင်ပင် ကင်ဆာရောဂါ ပျောက်ကင်းသွားကြောင်း လက်တွေ့သိရသည်ဟု ဆိုသည်။

ဆရာကြီးမင်းယုဝေ၏ ပြောကြားချက်ဖြင့် စာရေးဆရာကြီး တက္ကသိုလ်ဝင်းမွန်မှလည်း အခြားဝေဒနာသည်တစ်ဦးကို ထပ်မံပြောရာ ထိုသူမှာလည်း ကုသရန် ခက်ခဲသော ကင်ဆာရောဂါမှ ကင်းကင်းရှင်းရှင်း ပျောက်ကင်းသွားသည်ဟု ဆိုသည်။ ဆရာတော်ကြီး တစ်ပါးမှာလည်း လည်ချောင်းအစာရေမျိုတွင် ကင်ဆာဆဲလ် တွေ့သဖြင့် ဆေးရုံမှ ဓါတ်ကင်ရန် ညွှန်ကြားရာ မကင်လိုဟု ဆိုကာ နယ်ပြန်ကြွသွားခဲ့သည်။ ထို့နောက် သတင်းကြားသဖြင့် သင်္ဘောရွက်ကို ထောင်းပြီး အရည်ညှစ်သောက်ရာမှ ကင်ဆာရောဂါမှာ ဓါတ်ကင်စရာ မလိုတော့ဘဲ ပျောက်ကင်း ချမ်းသာခဲ့သည်ဟု ဆရာကြီးက ရေးသားထားသည်ကို ဖတ်ရှုရပါသည်။ စာရေးသူ လက်တွေ့ ကုသဖူးသည်မှာ တိုင်းရင်းဆေးသိပ္ပံ ဆေးရုံကြီးတွင် အလုပ်သင်ဆရာအဖြစ် တာဝန်ကျစဉ်က ဖြစ်သည်။ ဒူးဆစ်၊ ဂုံညင်းနှင့် အရိုးအောက်ခံခွက် အတွင်းမှ လမ်းသွားလျှင် မခံမရပ်နိုင်အောင် နာကျင်သူတစ်ဦးကို သင်္ဘောရွက်များကိုထောင်းပြီး စည်းဆေးအဖြစ် ဒူးတွင် ထည့်ပေးခဲ့ရာ (၇) ရက်ခန့်စည်းပြီး သက်သာသွားခဲ့ပါသည်။

ဒူးဆစ်၊ ဂုံညင်းနှင့် အောက်ခံအရိုးဂျွိုင်းဆက်တွင် ကျီးပေါင်းတက်လေ့ရှိပါသည်။ ဘောလုံးကန်သူ၊ ခြင်းလုံးခတ်သူများတွင် အဖြစ်များသည်။ ဒူးဆစ် ကျီးပေါင်းတက်ပြီး အဆစ်ကြပ်လျှင် ကွေးဆန့်သောအခါ အထဲမှအသံမြည်ပြီး လမ်းသွားလျှင် နာကျင်စေသည်။ ထိုဒူးဆစ်ကို မုံညင်းဆီ သို့မဟုတ် နှမ်းဆီကို မီးဖြင့်နွေးပြီး ခပ်နွေးနွေးလိမ်းပေးပြီးနောက် သင်္ဘောရွက်ကြမ်းကို ပျော့သွားအောင် မီးကင်ပြီး စည်းပေးပါ။ ရက်သတ္တတစ်ပတ်မှ သုံးပတ်အထိ စည်းလျှင် အကောင်းဆုံး ဖြစ်ပါသည်။ ဖနောင့်ရိုးအတက်ထွက် ကျီးပေါင်းတက်သူများကို တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၄၇) ခုနှစ်ပါးဆေးဝါလေးနှင့် ရောနယ်စည်းပေးပါ။ ညအိပ်ယာဝင်ချိန်တွင် စည်းထားပြီး နံနက် အိပ်ယာထတွင် ဖြည်ပါ။ သုံးပတ်ခန့် စည်းပေးရပါမည်။ (၇) ပါးဆေးဝါးလေးမှာ ရှေးဆေးကျမ်းများပါ ဆေးနည်းကျော် ဖြစ်သည်။ ထိုဆေးတွင် ၁။ဆိတ်ဖူး ၂။လင်းနေ ၃။နွားမြေရင်း ၄။ဣဿရမူလီ ၅။ရှိန်းခို ၆။ဆေးဒန်း ၇။ကန့် စသည့် ဆေးဖက် (၇) မျိုး ပါဝင်သည်။ ဝယ်မရလျှင် ပရဆေးဆိုင်များတွင် ဖော်စပ်နိုင်သည်။ ဆေးအလေးချိန်မှာ အားလုံးဆတူဖြစ်သည်။

ဇက်၊ ဂုတ်ရိုး ကျီးပေါင်းဖုပေါ်တွင် သင်္ဘောရွက်ကိုပြုတ်ပြီး ခပ်နွေးနွေးကပ်ပေးလျှင် ကွမ်းရွက်ကပ်သကဲ့သို့ ကပ်နေသည်။ ပုံမှန် စိတ်ရှည်ရှည် ကပ်ပေးခြင်းဖြင့် ကျီးပေါင်းရောဂါကို သက်သာစေနိုင်သည်။ လေ့ကျင့်ခန်းမှာ ဘယ်လှည့် ညာလှည့် လုပ်ပေးဖို့ လိုသည်။ ဦးခေါင်း လေ့ကျင့်ခန်းမှာ ဘယ်လှည့်၊ ညာလှည့်၊ အထက်မော့၊ အောက်ငုံ့ ဖြည်းဖြည်းချင်း အစဉ်အတိုင်း တစ်နေ့လျှင် အကြိမ် နှစ်ဆယ်ခန့် လုပ်ပေးလျှင် သက်သာနိုင်သည်။ သင်္ဘောရွက်သာမက အစေ့မဲမဲများကိုလည်း အခြောက်လှန်း၊ အမှုန့်ထောင်းပြီး ပျားရည်နှင့်တေပြီး (ရောမွှေပြီး) တစ်နေ့လျှင် နှစ်ကြိမ်၊ တစ်ကျပ်သားခန့် သောက်ပေးလျှင် ကျီးပေါင်းနှင့် အရိုးအဆစ်ကိုက်ခြင်း ဝေဒနာများကို သက်သာစေနိုင်သည်။ တောရွာများတွင် သင်္ဘောစေ့အနက်အစိုကို ကလေးများ သန်ချဆေးအဖြစ် (၇) စေ့ တိုက်ကျွေးလေ့ ရှိသည်။ ကျီးပေါင်းရောဂါသည် တစ်ရက်၊ တစ်လနှင့် ဖြစ်ပ်ါလာသော ရောဂါမဟုတ်၊ လနှစ်ချီပြီး ဖြစ်လာသော ရောဂါဖြစ်သဖြင့် စိတ်ရှည်ရှည် ကုသမှုခံယူရန် လိုအပ်သည်။ ပူသော အရေပြားကို လောင်စေသော ဒဏ်ကြေဆေးများကို အလွန်အကျွံ မလိမ်းသင့်ပါ။ ပူတိုင်း မကောင်းပါ။ လေ့ကျင့်ခန်း လုပ်ခြင်း၊ ကြပ်ထုပ်ထိုးခြင်း၊ ရေနွေးအိတ် ကပ်ခြင်း၊ ဆေးပူလိမ်းခြင်း တို့ကို သင့်တင့်ရုံသာ လုပ်ဆောင်ပြီး အနေအထိုင်ကို ဆင်ခြင်၊ စိတ်ရှည်ရှည် ကုသမှုခံယူမှ သက်သာမည်ကို သတိပြုစေလိုသည်။

ကြည်လွင်မြင့်(မုဒြာ)

သဘာဝရဲ့အားအင်

http://myawadynews.blogspot.com/2013/09/blog-post_5478.html

သင်္ဘောသီးသည် မြန်မာသာမက တစ်ကမ္ဘာလုံးတွင် စားသုံးကြသော အသီးဖြစ်သည်။ အရသာကောင်းသည်။ ဝမ်းမှန်စေသည့် အစာအဖြစ် စားသုံး
သည်။ အထူးသဖြင့် အပူပိုင်းဇုန်များတွင် ပို၍ဖြစ်ထွန်းသည်။ သင်္ဘောပင်၏ ထူးခြားချက်မှာ အဖိုပင်နှင့် အမပင်ဟူ၍ နှစ်မျိုးရှိသည်။ အဖိုပင်သည် အသီးမသီးပေ။ မြေသြဇာကောင်းလျှင် သင်္ဘောအမပင်မှ အသီးများမှာ ပင်စည်ပတ်လည်တွင် နေရာမလပ် ပြွတ်သိပ် ညပ်နေအောင် သီးလေ့ရှိသည်။ အသီးကြီးစေချင်လျှင် ကြားညပ်သော အသီးများကို ချွေပေး ခူးပေးရသည်။ သင်္ဘောသီးတွင်လည်း အလုံးအဝိုင်းမျိုးနှင့် အရှည်သီးဟူ၍ နှစ်မျိုးတွေ့ရသည်။
အပူပိုင်းဒေသများတွင် လုံးဝိုင်းသောအမျိုးက ပို၍ ဖြစ်ထွန်းပြီး ပို၍ချိုသည်။ သင်္ဘောသီးသည် စားကောင်းရုံမျှမက ဆေးဘက်ဝင်ကြောင်းကို ရှေးကအိန္ဒိယ အာယုဗေဒဆေးကျမ်းများတွင် တခမ်းတနား ဖော်ပြခဲ့သည်။

အနောက်တိုင်းတွင်လည်း ၁၅ ရာစုခန့်က တွေ့ရှိသည့် ခရီးသည်ကြီး မာကိုပိုလို၏ မှတ်တမ်းများတွင် သူ၏ သင်္ဘောသားများတွင် ဖြစ်ပွားသည့် သွားဖုံးသွေးယိုရာဂါနှင့် ရေစီးကမ်းပြိုရောဂါများမှာ သင်္ဘောသီး စားရုံနှင့် ပျောက်ကင်းကြောင်းနှင့် အလွန်ကျေးဇူးကြီးသည့် ရွှေရောင်အသီးဖြစ်ကြောင်း

မိတ်ဆွေကောင်းဆိုတာ အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးပါ

Photo: မိတ်ဆွေကောင်းဆိုတာ အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးပါ
Wednesday, September 4, 2013

တရုတ်နိုင်ငံ ဟန်ဇူး တိရိစ္ဆာန်ရုံက တကယ့်အဖြစ်အပျက်လေးပါ။
တိရိစ္ဆာန်ရုံမှာ မြွေတွေကို အစာအနေနဲ့ ကြွက်အရှင်ကလေးတွေ ကျွေးလေ့ရှိပါတယ်။

အဲ့ဒီနေ့မှာ မြွေအတွက်ကြွက်ဖြူကလေးနှစ်ကောင်ကို ထည့်ပေးလိုက်တဲ့အခါ ပုံထဲကအတိုင်း ကြွက်ကလေးတစ်ကောင်က သူ့အဖော်ကို ရန်သူ့လက်မှ ကယ်ထုတ်နေတာဖြစ်ပါတယ်။ သူကယ်ထုတ်လို့ရချိန်မှာတော့ ကြွက်ကလေးက သေနေခဲ့ပါပြီး ဖြစ်ပါတယ်။
စာရေးသူနှင့်တကွ မိတ်ဆွေတို့ တွေးမိကြမှာပါ
မိတ်ဆွေကောင်းဆိုတာ အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးလို့လေ။ ဒီလိုမိတ် ဆွေ မျိုးများရှိခဲ့ရင်တန်ဖိုးထားကြပါ

စဉ်းစားမိသမျှ..အတွေးလေးများ
ပုဂံအွန်လိုင်းမီဒီယာ

ဆေးလိပ်သောက်ချင်စိတ်ကိုချိုးနှိမ်နည်း

Photo: *** ဆေးလိပ်သောက်ချင်စိတ်ကိုချိုးနှိမ်နည်း ***

ဆေးလိပ်ထဲမှာ နီကိုတင်းလို့ ခေါ်တဲ့ အလွန်စွဲလမ်းစေပြီး
လွန်စွာအန္တရာယ်များတဲ့ ဓာတ်ပစ္စည်းအပြင်၊ လူသားတွေရဲ့ ကျန်းမာ ရေးကို
အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေထဲ့သွင်းထားတာကြောင့်
ဆေးလိပ်သောက်သုံးသူရော၊ တဆင့်ခံစီးကရက်မီးခိုး ငွေ့ ရှုရှိုက်သူတွေပါ
မြောက်များစွာသော ကျမ္မာရေးဘေးထွက်ဆိုးကျိုးတွေဖြစ်စေကြောင်း
ကျမ္မာရေးသုတေသီတွေက မကြာ ခဏဆိုသလို အသိပညာပေးနှိုးဆော်ပေးလျှက်ရှိပါတယ်။
ဆေးလိပ်ရဲ့ ဆိုးပြစ်တွေကိုသိလို့  ဆေးလိပ်ဖြတ်ချင်ပေမယ့်၊ စိတ်
ဆန္ဒပြင်းပြခြင်းကို ချိုးနှိမ်ဖို့ ခဲယဉ်းတာမို့ အချို့ သူတွေမှာ
ခဏတာမျှသာဆေးလိပ်ပြတ်ကြပြီး၊ အချို့ ကလည်း လုံးဝဖြတ်မရဖြစ် နေကြပါတယ်။
မည်သူမျှ မွေးကတည်းက ဆေးလိပ်မသောက်တတ်ကြပါဘူး။ အဓိကအချက်ကတော့
မချိုးနှိမ်နိုင်တဲ့စိတ်ကို မိမိစိတ်နဲ့ ဘဲ အနိုင်ယူရမှာဖြစ်လို့ 
စိတ်ဓာတ်စစ်ဆင်ရေးကိုသုံးပြီးတော့ အောက်ပါနည်းလမ်း (၉)သွယ်ဖြင့်
ကြိုးစားကြည့်စေလို ပါတယ်။
(၁) (အချိန်ဆွဲပါ) ဆေးလိပ်သောက်ချင်စိတ်ဖြစ်လာတဲ့အခါ၊
သောက်ချင်စိတ်ကိုချိုးနှိမ်ပြီး ၁၀-မိနစ်လောက်အောင့်ထားပါ။ အဲဒီ
၁၀-မိနစ်အတွင်း အာရုံပြောင်းသွားအောင် တခုခုကိုစိတ်နှစ်ထားပါ။
၁၀-မိနစ်ပြည့်တဲ့အခါ သြော်…ငါနေနိုင်သားဘဲဆိုပြီး၊ ဆေး လိပ်မသောက်ပါနဲ့ ၊
နောက်ထပ် ၁၀-မိနစ် အချိန်ထပ်ဆွဲပါ။
(၂) (နောက်ထပ်တစ်လိပ်ထဲပါကွာ မလုပ်မိပါစေနဲ့ ) ဆေးလိပ်သောက်တဲ့ ပမာဏကို
တဖြည်းဖြည်းချင်းလျော့ပါ။ တစ်လိပ် သောက်ပြီးတဲ့အခါ၊
နောက်ထပ်တစ်လိပ်ထဲပါကွာဆိုပြီး မိမိကိုယ်ကိုအလိုမလိုက်ပါနဲ့ ။
ခါတိုင်းဆေးလိပ်သောက်ဖက် မိတ်ဆွေ တွေက သင့်ကိုဆေးလိပ်ကမ်းလာခဲ့ရင်လည်း
အားနာရှက်ရွံ့ ခြင်းဖြစ်မနေဘဲ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေပြီဖြစ်ကြောင်း
ပွင့်ပွင့် လင်းလင်းပြောပြပါ။
(၃) (ကိုယ်လက်လှုပ်ရှားမှု တခုခုထလုပ်လိုက်ပါဦး) ဆေးလိပ်သောက်ချိန်မှာ
မသောက်ရလို့ စိတ်ထဲ တခုခုလိုနေရင်၊ ငြိမ်ထိုင် မနေဘဲ၊ ခေတ္တခဏ
၁၅-မိနစ်လောက်လမ်းထလျှောက်ပါ။ (သို့ မဟုတ်) အလုပ်တစ်ခုခုရှာလုပ်နေပါ။
(၄) (လေ့ကျင့်ခဏ်းယူပါ) အသက်ပြင်းပြင်းရှုခြင်း၊ ကြွက်သားလေ့ကျင့်ခဏ်း၊
ယောဂ၊ အိပ်မွေ့ ချခြင်း၊ အနှိပ်ခံခြင်း စသည်တို့ က
ဆေးလိပ်သောက်ချင်တဲ့စိတ်ကို ပြေပျောက်သွားအောင် တစ်ဖက်တစ်လမ်းက
ကူညီပေးပါတယ်။
(၅) (ဆေးလိပ်ဖြတ်ခြင်းရဲ့  ကျမ္မာရေးကောင်းကျိုးကို အမြဲသတိယနေပေးပါ)
သင်ဆေးလိပ်သောက်တတ်အောင် ဘယ်သူမှ သင်ပေးခြင်းမဟုတ်ပါ။ မိမိသာလျှင်ဆရာ၊
မိမိသာလျှင်တပည့်ပါ။ နှစ်ရှည်လများ ဆေးလိပ်စွဲနေခဲ့ပြီဖြစ်ရာ၊
ဆေးလိပ်ဖြတ်တဲ့ စဦးပိုင်း ကာလေတွေမှာ ကသိကအောင့်၊
စိတ်အလိုမကျဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ဆေးလိပ်သောက်ခြင်းကြောင့် ကျမ္မာ
ရေးဆေးကျိုးများ၊ ငွေကိုမီးရှို့ နေခြင်း၊ မိမိပတ်ဝန်းကျင်လေထုညစ်ညမ်း၍
တဆင့်ခံဆေးလိပ်ရနံ့ ရှုရှိုက်နေသူများ အတွက် ပရဟိတစိတ်
စတဲ့ကောင်းကျိုးအထွေထွေကို စဉ်းစားသုံးသပ်ပါ။
(၆) (ဘ၀တူချင်းမိတ်ဖွဲ့ ပါ) မိမိလိုဘဲ ဆေးလိပ်ဖြတ်သူတွေနဲ့ မိတ်ဖွဲ့ ပြီး
သူတို့ ရောဘယ်လိုကြိုးစားနေတယ်ဆိုတာ နည်းနာ ယူပါ။ မိမိရဲ
့ကြိုးစားမှုကိုလည်းတဆင့်မျှဝေပေးပါ။ ဆေးလိပ်ပြတ်သွားပြီးသူတွေရဲ့ 
နည်းစံနစ်ကို မေးမြန်ဖို့ ဝန်မလေးပါနဲ့ ။ သူတို့ ရဲ့ အတွေ့ အကြုံက
သင့်အတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။
(၇) (နီကိုတင်းဓာတ် အစားထိုးမှီဝဲပါ) လ္ဘက်ခြောက်ခပ်ထားတဲ့ ရေနွေးပူပူ၊
ပူရှိန်းဓာတ်ပါတဲ့ ပီကေ/သကြားလုံးများ၊ ပူရှိန်းငုံ ဆေးပြားတို့ က
ဆေးလိပ်သောက်ချင်စိတ်ကို ချိုးနှိမ်ကာ၊ ခံတွင်းချဉ်ခြင်းမှ သက်သာစေပါတယ်။
နီကိုတင်းအစားထိုး ရှုဆေး တောင့်သုံးပါ။ ဆေးလိပ်ဖြတ်ခြင်းကို
အထောက်အကူပြုတဲ့ bupropion (Zyban) နှင့် varenicline (Chantix)
စသောဆေးဝါး များ မှီဝဲသောက်သုံးပါ။
(၈) (အာသာပြေ တခုခုစားပါ) စိတ်သက်သာရာရအောင် သကြား(အချို)ဓာတ်မပါတဲ့
ပီကေ၀ါးပါ။ ပဲကြီးလှော်၊ နေကြာ စေ့ လှော် တို့ စားပါ။
(၉) (မိမိကိုယ်ကိုယုံကြည်မှုရှိနေပါစေ) ဆေးလိပ်ဖြတ်လိုက်တဲ့အတွက်
အပိုငွေမကုန်တော့ဘဲ၊ အဲဒီငွေကိုစုနိုင်သလို အလှူဒါနပြု ရာမှာ
သုံးနိုင်ပါတယ်။ ဆေးလိပ်ဖြတ်တာကြောင့် အနံ့နဲ့ အရသာခံအာရုံတွေ
ပိုကောင်းသွားပါတယ်။ သွား၊ နှုတ်ခမ်းများလည်း မည်းမနေတော့ဘဲ၊
နီကိုတင်းဓာတ်ကြောင့် ခံတွင်း၊ ဆီး၊ ချွေးရနံ့ ဆိုးတွေပါ
ပျောက်ကင်းသွားပါတယ်။ အရေးကြီးတဲ့ အချက်ရှိပါ သေးတယ်။ အဲဒါကတော့
ဆေးလိပ်စွဲနေတဲ့ အကျင့်ကိုဖြတ်နိုင်တာကြောင့်
မိမိကိုယ်မိမိယုံကြည်မှုပိုရှိလာပါတယ်။
+++++++++++
ဆေးလိပ်သောက်ခြင်းကြောင့် အရေပြားရောဂါ၊ မျက်စိတိမ်စွဲရောဂါ၊
အကြားအာရုံချို့ တဲ့ရောဂါ၊ သွားပိုးစား သွားပုပ်ရောဂါ နဲ့ ခံတွင်းရနံ
့ဆိုးရွားခြင်း၊ အဆုပ်လေအိတ်တွေမှာ လေခိုပြီးပွပျက်ရောဂါ နဲ
့အသက်ရှုမ၀ခြင်း၊ အရိုးပွ/အရိုးပါးရောဂါနဲ့  အရိုး ကျိုးလွယ်ခြင်း၊
နှလုံးသွေးကြောရောဂါများနဲ့  နှလုံးခုန်မမှန်ခြင်း၊
သွေးကြောငယ်များကျဉ်းသွားကာ ခြေပုတ်လက်ပုတ်ရောဂါ၊ သွေးတိုးရောဂါ၊
အစာအိမ်မှာ အစာခြေရည်အက်စစ်အထွက် များလားခြင်း၊ အမျိုးသားများ
သုက်ရည်မအောင်တော့ဘဲ သား သမီးမရနိုင်ခြင်း၊
အိမ်ထောင်ရေးသုအပြည့်အ၀မခံစားနိုင်ခြင်း၊ DNA ပျက်စီးစေခြင်း၊
အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာ နဲ့  သားလျှောသားပျက်ခြင်း၊
လမစေ့/ပေါင်မပြည့်သောကလေးမွေးဖွားခြင်း၊
ကလေးအသေမွေးခြင်းများဖြစ်စေနိုင်ပါတယ်။ ဒါ့ပြင် ဆေးလိပ်ထဲမှာ Carcinogen
လို့ ခေါ်တဲ့ ကင်ဆာဖြစ်စေတတ်သော ဓါတ်ပေါင်း ၄၃ မျိုးမျှ ပါဝင်ခြင်းကြောင့်
အဆုပ်၊ နှာခေါင်း၊ လည်ချောင်း၊ လေပြွန်၊ အသံအိုး၊ ခံတွင်း၊
အစာမြိုပြွန်၊ အူ၊ ရင်သား၊ ကျောက်ကပ်၊ ပန်ကရိယ၊ ဆီးအိတ် စသည့်ကင်ဆာများ
အပြင် နှင့် အချို့ သူတွေမှာ သွေးကင်ဆာဖြစ်လာစေပါတယ်။ ဒါတင်မကသေးပါဘူး။
ဆေးလိပ်သောက်သူ ရဲ့  ရုပ်ရည်ဟာ မသောက်သူနဲ့ ယှဉ်လိုက်ရင် ပိုပြီးအိုစာကာ၊
အသားအရေတွေညစ်ပြီး၊ အကြိုအရေပြားဇရာဖြစ်တဲ့ အရွယ်မတိုင်ခင် အရေးအ
ကြောင်းတွေ ပေါ်လာစေပါတယ်။
ဆေးလိပ်သောက်သူတွေမှာ အိပ်မရခြင်း၊
စိတ်ဓာတ်ကျလွယ်ခြင်းတွေပိုမိုဖြစ်ပွားစေနိုင်ပြီးတော့ ဆေးလိပ်တစ်လိပ်
သောက်လျှင် ငါးမိနစ် အသက်တိုစေကာ၊ ပျှမ်းမျှသက်တမ်း အသက် ၁၀-နှစ်
ပိုတိုသွားတယ်လို့  ဆေးသုတေသီတွေကဆိုပါတယ်။ နောက်ပြီး
ဆေးလိပ်သောက်သူလူငယ်များ စာသင်ကြားမှုကို ထိခိုက်စေနိုင်ပြီး၊
အမောမခံနိုင် သက်လုံချို့ ယွင်းလာစေတာကြောင့် လူကြီး-လူရွယ်-လူငယ်အားလုံး
ဆေးလိပ်ဖြတ်သင့်ပါကြောင်း။
(ပေါက်ပေါက်…မျှဝေသည်)
(မှီငြမ်း how to resist tobacco cravings by By Mayo Clinic staff)
ဆေးလိပ်ထဲမှာ နီကိုတင်းလို့ ခေါ်တဲ့ အလွန်စွဲလမ်းစေပြီး လွန်စွာအန္တရာယ်များတဲ့ ဓာတ်ပစ္စည်းအပြင်၊ လူသားတွေရဲ့ ကျန်းမာ ရေးကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေထဲ့သွင်းထားတာကြောင့်
ဆေးလိပ်သောက်သုံးသူရော၊ တဆင့်ခံစီးကရက်မီးခိုး ငွေ့ ရှုရှိုက်သူတွေပါမြောက်များစွာသော ကျမ္မာရေးဘေးထွက်ဆိုးကျိုးတွေဖြစ်စေကြောင်းကျမ္မာရေးသုတေသီတွေက မကြာ ခဏဆိုသလို အသိပညာပေးနှိုးဆော်ပေးလျှက်ရှိပါတယ်။

ဆေးလိပ်ရဲ့ ဆိုးပြစ်တွေကိုသိလို့  ဆေးလိပ်ဖြတ်ချင်ပေမယ့်၊ စိတ်ဆန္ဒပြင်းပြခြင်းကို ချိုးနှိမ်ဖို့ ခဲယဉ်းတာမို့ အချို့ သူတွေမှာခဏတာမျှသာဆေးလိပ်ပြတ်ကြပြီး၊ အချို့ ကလည်း လုံးဝဖြတ်မရဖြစ် နေကြပါတယ်။

မည်သူမျှ မွေးကတည်းက ဆေးလိပ်မသောက်တတ်ကြပါဘူး။ အဓိကအချက်ကတော့
မချိုးနှိမ်နိုင်တဲ့စိတ်ကို မိမိစိတ်နဲ့ ဘဲ အနိုင်ယူရမှာဖြစ်လို့ 

ကွန်ပျူတာ ကြာကြာ အသုံးပြုသူများ ဖြစ်နိုင်သော ရောဂါ နှင့် ကာကွယ်နည်း

Photo: ကွန်ပျူတာ ကြာကြာ အသုံးပြုသူများ ဖြစ်နိုင်သော ရောဂါ နှင့် ကာကွယ်နည်း

ကွန်ပျူတာကို နေ့စဉ် ပျမ်းမျှ ၆ နာရီမှ ၈ နာရီကြာ အသုံးပြုသူ များ ဖြစ်နိုင်ချေရှိတဲ့ ရောဂါ များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ Decreasing eyesight

ကွန်ပျူတာ မျက်နှာပြင်ကို ကြာရှည်စွာ ကြည့်ရှုရတဲ့အတွက် အမြင် အာရုံကြောတွေ အားနည်းလာပါတယ်။ ကွန်ပျူတာဖန်သားပြင်ပေါ်မှာ မျက်တောင်မခပ်တန်း အာရုံစိုက်နေမှုကြောင် မျက်ရည်များ ခမ်းခြောက်စေတာမျိုးတို့ ဖြစ်ပါတယ်။

၂။ Muscle weakening
ကြွက်သားများ သိသိသာသာ အားနည်းလာတတ်ပါတယ်။ လက်နဲ့ လက်ကောက်ဝတ်သာ အလုပ်လုပ်ရပြီး ကျန်သော ခန္ဓာကိုယ် အစိတ်အပိုင်းများ လှုပ်ရှားမှု မရှိတဲ့အတွက် အဓိက ကြွက်သားတွေ လုပ်ဆောင်ချက် နှေးကွေးလာတတ်ပါတယ်။

၃။ RSI (Repetitive strain injury)
ကွန်ပျူတာရှေ့ထိုင်တဲ့အခါ ခန္ဓာကိုယ်ပုံစံကို မပြောင်းလဲပဲ အလုပ်လုပ်နေ ရမှုကြောင့် အမြဲတမ်းအသုံးပြုနေရတဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲ လာတတ်ပါတယ်။ ဥပမာ-လည်ပင်နာခြင်း၊ ခါးနာခြင်း၊ ခန္ဓာကိုယ် လှုပ်ရှားတိုင်း နေရာတစ်ခုတည်းက အမြဲနာကျင်နေတတ်ခြင်း မျိုးတို့ ဖြစ်ပါတယ်။

၎။ Menal side effects

ကွန်ပျူတာကို ကြာရှည်စွာ အသုံးပြုရတဲ့အတွက် တကယ့်အပြင် လူမှုဆက်ဆံရေးမှာ ပြောင်းလဲမှုတွေ ရှိလာ ပါတယ်။ Facebook, G-talk တို့လို ဘယ်လောက် ဆိုရှယ်ဝဘ်ဆိုဒ်, ကွန်ရက်တွေသုံးသုံး တကယ့်အပြင် လူမူကွန်ရက်နဲ့ Face to Face ပြောဆိုဆက်ဆံရတာ မဟုတ်တဲ့အတွက် လုပ်ငန်းခွင်၊ ပေါင်းသင်း၊ ဆက်ဆံရေးတွေမှာ ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဂိမ်းအဆော့များတဲ့သူတွေ ပိုပြီး သတိထားရမယ့် အချက် ဖြစ်ပါတယ်။ အချိန်ကြာကြာ အသုံးပြုတဲ့အခါ အာရုံဟာ အရာဝတ္ထုတစ်ခုတည်းမှာ စုစည်းနေတတ်ပြီး ယင်းအရာဝတ္ထုရဲ့ ပြောင်းလဲမှုအလိုက် စိတ်က ပြောင်းလဲနိုင်တဲ့အတွက် ဖြစ်ပါတယ်။

၅။ Back Problems
ခါးနာတာကတော့ ဖြစ်ကိုဖြစ်မယ့် ရောဂါဝေဒနာပါ။ ဘယ်လောက် သက်တောင့်သက်တာ ဖြစ်တဲ့ ထိုင်ခုံနဲ့ပဲ ထိုင်ထိုင် ကွန်ပျူတာရှေ့မှာ ထိုင်ပြီးအလုပ်လုပ်တဲ့သူတွေ

အတွက် ကြောရိုးတစ်လျှောက်ဟာ နာကျင်တတ် ပါတယ်။ အသက်အရွယ်ငယ်တုန်းက မသိသာပေမယ့် ၄၀ ကျော်နောင်းပိုင်းကာလမှာ ကျောရိုးကိုက်ခဲ တဲ့ ဝေဒနာဟာ ကြီးမား တဲ့ ပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်။

ကာကွယ်နည်း
ပထမ တစ်ချက်ဖြစ်တဲ့ အမြင်အာရုံအတွက်တော့ ကွန်ပျူတာကို ကြာကြာဆိုက်ကြည့်ပြီး မိနစ် ၂၀၊ နာရီဝက် တိုင်း ဖန်သားပြင် မဟုတ်တဲ့ အခြားတစ်နေရာတစ်ခုခုကို ကြည့်ရှုသင့်ပါတယ်။ မျက်တောင်ခတ်ပေး ရပါမယ်။ နည်းနည်းခပ်ဝေးဝေး အရာဝတ္ထုတစ်ခုခုကို စိုက်ကြည့်ရပါတယ်။ ၄၅ မိနစ်ကြာတစ်ခါ ပြုလုပ်လည်း ရပါတယ်။

နံပါတ်၂ ကြွက်သား အားနည်းမှုနဲ့ နံပါတ် ၃ RSI အတွက်ကတော့ အားကစားအနည်းငယ်လုပ်ပေးခြင်းနဲ့ အိပ်ခြင်းဖြစ်ပါတယ်။ အိပ်ခြင်းဆိုတာ ခြေလက်၊ကြောရိုးများကို ဆန့်ပြီး အိပ်တာမျိုးကို ဆိုလိုပါတယ်။ အားကစားက ကြွက်သားတွေကို သန်မာလာစေပြီး အိပ်စက်ခြင်းက ခန္ဓာကိုယ်ကြွက်သားတင်း မာနေမှုတွေ ကို လျော့ချပေး ပါတယ်။

Mental side effect အတွက်ကတော့ ပေါင်းသင်းဆက်ဆံရေးတွေ၊ လုပ်ငန်းခွင်တွေမှာ မလစ်ဟင်းဖို့၊ အာရုံများများ စိုက်ရတဲ့ Program, ဂိမ်းတို့မှာ နားနားပြီး အသုံးပြု၊ လုပ်ဆောင်၊ ဆော့ကစား ပေးဖို့ ဖြစ် ပါတယ်။

Back Problems အတွက်ကတော့ ကြောရိုးကို ပျော့ပြောင်းစေမယ့် အားကစားတစ်ခုခု လုပ်ပေးခြင်း၊ ကြောရိုးဆန့် အိပ်ခြင်းတို့ ပြုလုပ်ပေးရ မှာ ဖြစ်ပါတယ်။ အားကစားကတော့ ရေကူးတာမျိုး၊ ဘတ်စကတ်ဘော ဆော့တာမျိုးတို့ ဖြစ်ပါတယ်။ အလွယ်ဆုံးကတော့ အကြောဆန့်ခြင်း ဖြစ်ပါတယ်။ ဒါက အချိန်သီးသန့်ပေးစရာ မလိုပဲ နေရာတိုင်းမှာ အဆင်ပြေသလို လုပ်ဆောင်နိုင်ပါတယ်။

http://myawadynews.blogspot.com/2013/09/blog-post_4043.html
ကွန်ပျူတာကို နေ့စဉ် ပျမ်းမျှ ၆ နာရီမှ ၈ နာရီကြာ အသုံးပြုသူ များ ဖြစ်နိုင်ချေရှိတဲ့ ရောဂါ များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ Decreasing eyesight

ကွန်ပျူတာ မျက်နှာပြင်ကို ကြာရှည်စွာ ကြည့်ရှုရတဲ့အတွက် အမြင် အာရုံကြောတွေ အားနည်းလာပါတယ်။ ကွန်ပျူတာဖန်သားပြင်ပေါ်မှာ မျက်တောင်မခပ်တန်း အာရုံစိုက်နေမှုကြောင် မျက်ရည်များ ခမ်းခြောက်စေတာမျိုးတို့ ဖြစ်ပါတယ်။

၂။ Muscle weakening
ကြွက်သားများ သိသိသာသာ အားနည်းလာတတ်ပါတယ်။ လက်နဲ့ လက်ကောက်ဝတ်သာ အလုပ်လုပ်ရပြီး ကျန်သော ခန္ဓာကိုယ် အစိတ်အပိုင်းများ လှုပ်ရှားမှု မရှိတဲ့အတွက် အဓိက ကြွက်သားတွေ လုပ်ဆောင်ချက် နှေးကွေးလာတတ်ပါတယ်။

၃။ RSI (Repetitive strain injury)
ကွန်ပျူတာရှေ့ထိုင်တဲ့အခါ ခန္ဓာကိုယ်ပုံစံကို မပြောင်းလဲပဲ အလုပ်လုပ်နေ ရမှုကြောင့် အမြဲတမ်းအသုံးပြုနေရတဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲ လာတတ်ပါတယ်။ ဥပမာ-လည်ပင်နာခြင်း၊

ချို့ယွင်းချက်ရှိတိုင်းအားမငယ်ပါနဲ့ ...

Photo: ချို့ယွင်းချက်ရှိတိုင်းအားမငယ်ပါနဲ့ ...

03-09-2013

အသက်အရွယ်ကြီးရင့်တဲ့
အမျိုးသမီးကြီးတစ်ယောက်မှာ ရေအိုးနှစ်လုံးရှိပါတယ်...

ဝါးလုံးနဲ့တစ်ဘက်တစ်ချက်လျှိုပြီး ပခုံးပေါ်မှာထမ်းပြီး နေ့စဉ်ရေခပ်လေ့ရှိပါတယ်...

အိုးတစ်လုံးမှာ အက်ရာလေးတစ်ခုပါပါတယ်...

နောက်တစ်အိုးကတော့ အပြစ်အနာအဆာမရှိတဲ့အတွက် အမြဲတမ်းရေအပြည့်ရပါတယ်...

သူ့အိမ်နဲ့စမ်းချောင်းက အတော်အလှမ်းကွာတဲ့အတွက် အိမ်ကိုရောက်တဲ့အခါမှာ အက်ကြောင်းပါတဲ့အိုးထဲကရေက တစ်ဝက်ပဲပါလာပါတော့တယ်...

နှစ်နှစ်တိုင်တိုင်ရေခပ်လာခဲ့တာ သူ့ဖို့အမြဲပဲ တစ်အိုးနဲ့ တစ်ဝက်သောရေကိုသာရခဲ့ပါတယ်...

အနာအဆာကင်းတဲ့အိုးကတော့ သူ့ရဲ့စွမ်းဆောင်ချက်ကို ဂုဏ်ယူနေခဲ့ပါတယ်...

ဒါပေမယ့် အနာပါတဲ့အိုးကတော့ သူ့ရဲ့ချို့ယွင်းချက်ကိုရှက်နေမိပြီး သူလုပ်ရမယ့်အလုပ်ကို တစ်ဝက်ပဲလုပ်နိုင်တာကို စိတ်ဆင်းရဲနေခဲ့ပါတယ်...

နှစ်နှစ်ကြာတဲ့အထိ ခါးသီးလှတဲ့ ကျရှုံးမှုကို ခံစားလာခဲ့ရပြီး တစ်နေ့မှာတော့ စမ်းချောင်းဘေးမှာ အိုးပိုင်ရှင်အမျိုးသမီးကြီးကို ဒီလိုပြောပါတယ်...

" ကျွန်တော့်ကိုယ်ကျွန်တော် သိပ်ရှက်မိပါတယ်...
ဘာလို့လည်းဆိုတော့ ကျွန်တော့ဘေးဘက်မှာရှိနေတဲ့အက်ရာက အိမ်ကိုသွားရာလမ်းမှာ ရေတွေတစိမ့်စိမ့်ထွက်ကျကုန်လို့ ပါပဲ "...

အမျိုးသမီးကြီးက ပြုံးလိုက်ပြီး...

" မင်းဘက်ကလမ်းတစ်လျှောက်မှာ ပန်းတွေပွင့်နေတာသတိမထားမိဘူးလား...
ဟိုဘက်မှာတော့ပန်းတွေမရှိဘူးလေ...
အဲဒါမင်းရဲ့အပြစ်အနာအဆာကို ငါသိလို့ ပန်းမျိုးစေ့ကလေးတွေကို စိုက်ထားတာ...
ငါတို့အိမ်ပြန်တိုင်း မင်းက ရေလောင်းပေးသွားတာမဟုတ်လား...
နှစ်နှစ်လုံးငါလှပတဲ့ ပန်းတွေကိုခူးပြီး ငါ့အိမ်မှာအလှဆင်နိုင်ခဲ့တယ်...
မင်းမှာသာအက်ရာလေး မရှိခဲ့ရင် ငါ့အိမ်ကို ဘယ်မှာအလှဆင်နိုင်မလဲ " လို့
ပြောပြလိုက်ပါတယ်...

" လူတိုင်းလိုလိုမှာ အပြစ်အနာအဆာလေးတွေ ရှိကြတာပါပဲ။အဲဒီလိုအက်ကြောင်း
ရာတွေ၊ အပြစ်အနာအဆာတွေက ကျွန်မတို့ရဲ့ဘ၀ကို တစ်နည်းတစ်ဖုံ စိတ်ဝင်စားစရာကောင်းအောင် ဖန်တီးပေးပြီး အကျိုးလည်းပြုပေးကြပါတယ် " လို့ ဆရာမကြီးဒေါ်ခင်စောတင့်ရဲ့ အချစ်များစွာနဲ့ပေးတဲ့လက်ဆောင် " ဆိုတဲ့ စာအုပ်ထဲမှာရေးထားလို့ကိုယ်ကပြန်ပြီးဝေမျှတာပါ။

credit> Swe Thandar Aung
ရသစုံ

ဒါကိုသင် သတိထားမိပါသလား

Photo: ဒါကိုသင် သတိထားမိပါသလား
-------------------------------

(၁) ကိုယ့်အစာအိမ်က မလိုအပ်ပဲ ၀ယ်စားလိုက် နေကြာစေ့ တစ်ထုပ်ရဲ့ တန်ဘိုးဟာ ဆာလောင်နေတဲ့ ကလေးတစ်ယောက် အတွက်ဆိုရင် အသက်ကယ်တဲ့ နေ့လည်စာ တစ်နပ်လည်း ဖြစ်နိုင်ကောင်းပါရဲ့....

(၂) ကိုယ့်ဖိနပ်စင်မှာ နေရာမလပ်ရှိနေပါလျှက် ထပ်မံ ဖြည့်တင်းလိုက်တဲ့
ဒေါက်ဖိနပ်တစ်ရံရဲ့ တန်ဘိုးဟာ ဆူးစူးနေတဲ့ ခြေထောက်လေးပေါင်းများစွာ အတွက်တော့ အကာအကွယ် တခု ပေးနိုင်ကောင်းပါရဲ့...

(၃) ပြည့်နှက်နေတဲ့ ကိုယ့်အ၀တ်ဗီဒိုထဲကို ပိုပြီး ကျပ်သိပ်သွားအောင်
ဖြည့်ဆည်းလိုက်တဲ့ နိုင်ငံခြားဖြစ် အ၀တ်တစ်ထည်ရဲ့ တန်ဘိုးဟာ
ခိုက်ခိုက်တုန်အောင် ချမ်းနေတဲ့ ကလေးတစ်ယောက် အတွက်တော့
နွေးထွေးမှုလေးတစ်ခု ပေးစွမ်းနိုင်ကောင်းပါရဲ့...

(၄) ကိုယ့်မိသားစု အတွက် ဘယ်လိုမှ ကောင်းကျိုး မပေးနိုင်ပဲ ဖြုန်းတီးပစ်လိုက်တဲ့ ဘီယာဗူးပေါင်းများစွာရဲ့ တန်ဖိုးဟာ မွတ်သိပ်နေတဲ့ ဘ၀ပေါင်းများစွာ အတွက်တော့ သန့်စင်တဲ့ ရေတစ်ကန် အဖြစ် ကျေးဇူးပြုနိုင်ကောင်းပါရဲ့...

(၅) ကိုယ့်အတွက် လူမြင်ကွင်းမှာ ကြွားဝါဖို့လောက်သာ အသုံးကျတဲ့ iPhone တစ်လုံးရဲ့ တန်ဖိုးဟာ အနာဂါတ်မဲ့ ကလေးတစ်ယောက် အတွက်တော့ ဘ၀အာမခံချက်ကို ပေးနိုင်တဲ့ ပညာရေး တစ်ခု အဖြစ်ဖြည့်ဆည်း
ပေးနိုင်ကောင်းပါရဲ့....

ကိုယ့်အတွက် မလိုအပ်တာလေးတွေကို လောကလိုအပ်ချက်လေးတွေ အဖြစ် ပြောင်းလဲနိုင်ပါစေ...

( အရှင်တေဇာနန္ဒ )
ထို့ကြောင့်မိတ်ဆွေတို့သဘောပေါက်ခဲ့ပါလျှင်

မိတ်ဆွေတို့ထဲမှာ မိမိမှာ ပိုလျံနေသော အဝတ်အစား ဖိနပ်များ ရှိပါက ကြယ်စင်မောင်နှမပရဟိတအဖွဲ့လေးကို အဝတ်အစား ငွေ ရေသန့်ဘူး မည်သည့်အရာမဆို အနည်းအများ ပဓါန မထားဘဲ ဆက်သွယ်ပေးနိုင်ပါသည်ဗျာ

By ကြယ်စင်မောင်နှမပရဟိတအဖွဲ့

Admin . . . . . 

Contact ph 09420100788
. . . . . . . . 0943056479
. . . . . . . . 09450018612
. . . . . . . . 0973116797
. . . . . . . . 09450011060

— Ko Ko Waizayantar

ယနေ့ ကမ္ဘာပေါ်တွင် ထင်ရှားနေသော ဘာသာရေးတရားများ အကြောင်း တစ်စေ့တစ်စောင်း

Photo: ယနေ့ ကမ္ဘာပေါ်တွင် ထင်ရှားနေသော ဘာသာရေးတရားများ အကြောင်း တစ်စေ့တစ်စောင်း

၁။ “ဟိန္ဒူ ဘာသာ ”

တည်ထောင်သူ == ? ။
စတင်ပေါ်ပေါက်ချိန် == ခရစ်မပေါ်မီ နှစ် ၁၅၀၀ ခန့် ။
စတင်ပေါ်ပေါက်ရာ ဌာန == အိန္ဒိယပြည် ။
ဘာသာ၏ အထွက်အထိပ် ပုဂ္ဂိုလ် == ဗြဟ္မာ၊ ဗိဿနိုး၊ သီဝ ။
ပဓာန ကျမ်းဂန် == ဝေဒကျမ်းများ၊ ဥပနိသျှဒ်ကျမ်းများ၊ ရာမာယန၊ မဟာဘာရတ၊ ဘဂ၀ဒ်ဂီတ ။

၂။ “ ဇိုရိုအက်စတား ဘာသာ ”

တည်ထောင်သူ == ပါရှင်းလူမျိုး၊ ဇိုရိုအက်စတား( ဇရတုတ္တရ) ။
စတင်ပေါ်ပေါက်ချိန် == ခရစ်တော်မပေါ်မီ ၆၁၈ ခုနှစ် (ဘီစီ ၆၁၈) ။
တည်ထောင်သည့်နှစ် == ခရစ်တော်မပေါ်မီ ၅၈၈ ခုနှစ် (ဘီစီ ၅၈၈) ။
ကွယ်လွန်သည့်နှစ် == ခရစ်တော်မပေါ်မီ ၅၄၁ ခုနှစ် (ဘီစီ ၅၄၁) ။
စတင်ပေါ်ပေါက်ရာ ဌာန == ပါရှားနိုင်ငံ (အီရန်နိုင်ငံ) ။
ဘာသာ၏ အထွက်အထိပ် ပုဂ္ဂိုလ် == အဟုရ မဇဒါဘုရား။
ပဓာန ကျမ်းဂန် == အဗက်စတာကျမ်း (အဝေတ္ထကျမ်း)။

၃။ “ ဂျူး ဘာသာ ”

တည်ထောင်သူ == ဂျူးလူမျိုး၊ မိုးဇက်(မောရှေ)။
စတင်ပေါ်ပေါက်ချိန် == ခရစ်တော်မပေါ်မီ ၁၂၃၀ (ဘီစီ ၁၂၃၀)။
စတင်ပေါ်ပေါက်ရာ ဌာန == ပါလက်စတိုင်း (အစ္စရေး) ပြည်။
ဘာသာ၏ အထွက်အထိပ် ပုဂ္ဂိုလ် == ဂျေဟိုဗ ဘုရားသခင်။
ပဓာန ကျမ်းဂန် == သမ္မာကျမ်းစာ (ဓမ္မဟောင်းကျမ်း)။

၎။ “ဗုဒ္ဓ ဘာသာ ”

တည်ထောင်သူ == ဗုဒ္ဓမြတ်စွာဘုရား(သိဒ္ဓတ္ထ မင်းသား)။
ဖွားတော်မူသောနှစ် == ခရစ်တော်မပေါ်မီ ၆၂၄ (ဘီစီ ၅၆၃ တစ်ဝါဒ)။
တည်ထောင်သောနှစ် == ခရစ်တော်မပေါ်မီ ၅၈၉ (ဘီစီ ၅၂၈ တစ်ဝါဒ) ။
ပရိနိဗ္ဗာန်စံသည့်နှစ် == ခရစ်တော်မပေါ်မီ ၅၄၄ (ဘီစီ ၄၈၃ တစ်ဝါဒ)။
စတင်ပေါ်ပေါက်ရာ ဌာန == အိန္ဒိယပြည်။
ဘာသာ၏ အထွက်အထိပ် ပုဂ္ဂိုလ် == ဗုဒ္ဓမြတ်စွာဘုရား(ဂေါတမမြတ်စွာဘုရား)။
ပဓာန ကျမ်းဂန် == နိကာယ်ငါးရပ်၊ ပိဋကသုံးပုံ။

၅။ “ခရစ်ယာန် ဘာသာ ”

တည်ထောင်သူ == ဂျူးလူမျိုး၊ ယေရှုခရစ်တော်။
မွေးဖွားသည့်နှစ် == ဘီစီ ၄ ခန့်။
တည်ထောင်သောနှစ် == သက်တော် ၃၀ (အေဒီ ၂၇ ခန့်) ။
ကွယ်လွန် သည့်နှစ် == သက်တော် ၃၃ (အေဒီ ၃၀ ခန့်) ။
စတင်ပေါ်ပေါက်ရာ ဌာန == ပါလက်စတိုင်းပြည်။
ဘာသာ၏ အထွက်အထိပ် ပုဂ္ဂိုလ် == ထာဝရဘုရားသခင်။
ပဓာန ကျမ်းဂန် == သမ္မာကျမ်းစာ(ဓမ္မဟောင်းနှင့် ဓမ္မသစ်)။

၆။ “ အစ္စလာမ် ဘာသာ ”

တည်ထောင်သူ == အာရပ်လူမျိုး၊ မိုဟာမက်။
မွေးဖွားသည့်နှစ် == ခရစ်နှစ် ၅၇၀ (အေဒီ ၅၇၀) ။
တည်ထောင်သောနှစ် == ခရစ်နှစ် ၆၁၀ (အေဒီ ၆၁၀) ။
မဒီနာသို့ ထွက်ခွာသည့်နှစ် == ခရစ်နှစ် ၆၂၂ (အေဒီ ၆၂၂) ။
ကွယ်လွန် သည့်နှစ် == ခရစ်နှစ် ၆၃၂ (အေဒီ ၆၃၂) ။
စတင်ပေါ်ပေါက်ရာ ဌာန == အာရေဗျနိုင်ငံ၊ မက္ကာမြို့။
ဘာသာ၏ အထွက်အထိပ် ပုဂ္ဂိုလ် == အလ္လာဟ်ဘုရားသခင်။
ပဓာန ကျမ်းဂန် == ကိုရန်ကျမ်း။

{ချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသ၏ အခြေပျိုး ဗုဒ္ဓဘာသာမှ ကူးယူဖေါ်ပြပါသည်။}

အခမဲ့ကြော်ငြာ