“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”
Monday, November 12, 2012
အမျိုးသမီး ရင်သားကို နေ့စဉ် ကြည့်ရှုခံစားသည့် အမျိုးသားများ၏ ကျန်းမာရေးကောင်းမွန်နိုင်
လှပကျော့ရှင်းသည့် အမျိုးသမီးတဦး၏ ရင်
သားအလှကို နေ့စဉ် (၁၀)မိနစ်စီ
 ကြည့်ရှုခံစားခြင်းသည် အမျိုးသားများ
အတွက် ကျန်းမာရေးကောင်းမွန်စေကြောင်း 
သိရှိရသည်။
ယင်း အလေ့အကျင့်ကြောင့် ရရှိလာသည့် လှုံဆော်မှုသည် နာရီဝက် ကြာအောင် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းနှင့် ညီမျှကြောင်း ဒေါက်တာ ကာရန် ၀ီသာဘီက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာ ၀ီသာဘီ ဦးဆောင်သော ဂျာမနီနိုင်ငံ ဆေးရုံ(၃)ခုမှ ဆရာဝန်များသည် အမျိုးသားအယောက်(၂၀၀) တို့၏ နေ့စဉ် ဓလေ့စရိုက် များကို (၅)နှစ် အချိန်ယူ လေ့လာခဲ့ကြရာ ၎င်းတို့အနက် ထက်ဝက်သည် မနက်လင်းချိန်တွင် အရင်ဆုံး မြင်ချင်သည့် ကိစ္စမှာ စိတ်လှုပ်ရှားဖွယ်ကောင်းလှသ
ည့် အမျိုးသမီးတဦး၏ ခန္ဓာကိုယ်အလှဖြစ်ကြောင်း
 ပြောကြားထားပြီး ကျန်တ၀က်မှာမူ ထိုကိစ္စအတွက် ထောက်ခံခြင်းမပြုဘဲ
 ကြားနေကြသည်။
ပညာရှင်များသည် ပထမအဖွဲ့မှ ပုဂ္ဂိုလ်များအား ၎င်းတို့ ဆန္ဒအတိုင်းဆောင်ရွက်ရန်
 ခွင့်ပြုထားပြီး ကျန်အဖွဲ့ကိုမူ နှစ်သက်ရာ အာရုံအလိုက် ခံစားခွင့်ပေး
ထားသည်။
(၅)နှစ်ကြာပြီးနောက် နေ့စဉ်နေ့တိုင်း အမျိုးသမီးများ၏ လှပသော ရင်သားကို
အရသာခံ ကြည့်ရှုခွင့်ရသည့် အမျိုးသားများသည် သွေးဖိအား ပြဿနာ၊
 သွေးကြောနှင့် ဆိုင်သောရောဂါများ၊ သွေးခုန်နှုန်း မမှန်ကန်မှုများ
 ဖြစ်ပေါ်နိုင်ခြေ သိသိသာသာကျဆင်းသွားသည်ကို လေ့လာတွေ့ရှိခဲ့သည်။
လိင်နှင့်ဆိုင်သည့် စိတ်လှုပ်ရှားမှုသည် နှလုံးအား ပိုမိုလှုပ်ရှား သက်ဝင်စေကာ
 သွေးလှည့်ပတ် စီးဆင်းမှုကို လျင်မြန်ကောင်းမွန်စေသည်။
ထို့ကြောင့်လည်း လိင်စိတ်ကို လှုံဆော်ပေးနိုင်သည့် ရင်သားအလှကို
 နေ့စဉ်ခံစားထိတွေ့နေသည့် အမျိုးသားများအတွက် ကျန်းမာရေး ပိုမိုကောင်းမွန်နေသည်မှာ မေးခွန်းထုတ်စရာ မလိုသည့် ရလဒ်ဖြစ်ကြောင်း 
 ဒေါက်တာဝီသာဘီက ရှင်းပြခဲ့သည်။
ထို့အပြင် ထိုအပြုအမူကို ကာလရှည်ကြာ ပြုလုပ်ပါက နှလုံးရောဂါဖြစ်နိုင်ခြေ 
 ထက်ဝက်မျှ ကျဆင်း နိုင်သည်ဟုလည်းဆိုသည်။
                                   လှပကျော့ရှင်းသည့် အမျိုးသမီးတဦး၏ 
                                   ရင်သားအလှကို နေ့စဉ်
                                  ကြည့်ရှုခံစားနေသည့်အမျိုးသားတစ်ဦး © 
                                  (Photo: New England Journal of Medicine)
ထို့ကြောင့်လည်း ဒေါက်တာဝီသာဘီက အမျိုးသားများ (အထူးသဖြင့် အသက်
 ၄၀ ကျော် ပုဂ္ဂိုလ်များ)သည် D-Cup အရွယ်၊ သို့မဟုတ် ပိုကြီးသော အမျိုး
သမီးရင်သားများကို နေ့စဉ်နေ့တိုင်း (၁၀)မိနစ်မျှ ခံစားကြည့်ရှုသင့်ကြောင်း 
တိုက်တွန်းနှိုးဆော်ထားသည်ကို ဂျာမဏီနိုင်ငံထုတ် နယူးအင်္ဂလန် ဆေးပညာ
ဂျာနယ်တွင် ဖေါ်ပြထားသည်။
http://shwemyanmarmediagroup.blogspot.com/2012/09/blog-post_1526.html
အမေပြောတဲ့ အမောပြေလေနှင့်ဟာသများ
သက်သေ
အတန်းထဲတွင် ဖြစ်သည်၊ဆရာမက မေးသည်။
"ငါးလိပ်ကျောက်ဟာ ဘာဖြစ်လို့ ပြားပြားကြီး ဖြစ်နေရသလဲ" ပီတာလေး လက်ညှိုးထောင်ပြီး ဖြေသည်။
"ဝေလငါးနဲ့ တူတူ အိပ်လို့ပါ"
"ပီတာ မင်း အခုချက်ချင်း အခန်းထဲက ထွက်သွားစမ်း" က်ျသို့ အမိန့်ပေးပြီး ဆရာမက ဆက်မေးသည်။
"ကျောက်ပုဇွန်တွေရဲ့ မျက်လုံးတွေ ဘာဖြစ်လို့ ပြူးထွက်နေရသလဲ၊ ဘယ်သူ သိကြသလဲကွယ်"
ပီတာလေး နောက်လှည့်ပြီး အော်ပြောသည်။
"ဒါတွေ အားလုံး သူမြင်လိုက်လို့"
အဖြေမှန်
ဇီဝဗေဒဘာသာရပ်ကို သင်ကြားနေချိန်တွင်ဖြစ်သည်။ ဆရာကတပည့်များကို ပြောသည်။
"တပည့်တို့ကို ဆရာ စကားထားတခု ၀ှက်မယ်။ သေသေချာချာ နားထောင်ကြ"
"မိကျောင်းနှစ်ကောင် ပျံသွားတယ်။ တကောင်က အစိမ်းရောင်၊ နောက်တကောင်က အာဖရိကတိုက်ဘက်ကို ပျံသွား
တယ်၊ ဆရာ့အသက် ဘယ်လောက်လဲ" ကျောင်းသားအားလုံး ငြိမ်နေကြသည်။
နောက်ဆုံးခုံတွင် ထိုင်နေသော ပီတာလေးက ပြောသည်။
"ဆရာ့အသက် ၂၄ နှစ်"
"မှန်တယ် မင်းတော်တယ်။ ဒါနဲ့ မင်းက ဘယ်လိုလုပ် ဆရာ အသက်သိတာလဲ"
"ကျနော် အသက် ၁၂နှစ်ရှိပါပြီ။ ပြီးတော့ ကျနော်ကိုဦးနှောက်တ၀က် ချောင်တဲ့ကောင်လို့အားလုံးကပြောကြတယ်လေ"
အိပ်မပျော်သောည
တည်းခိုခန်းပိုင်ရှင်က ဧည့်သည်ကိုပြောသည်။
"ညက ကောင်းကောင်း အိပ်ပျော်ပါရဲ့လား ခင်ဗျာ"
"မမေးရင် ပိုကောင်းမယ်၊ မနေ့ညက အိပ်ရာထဲမှာ ဂျပိုးအသေတကောင်ကို တွေ့ရတယ်"
"အသေတကောင်အတွက်နဲ့ ဒီလောက်တောင် စိတ်အနှောင့်အယှက်ဖြစ်သွားလားဗျာ"
"အသုဘကို လိုက်ပို့တဲ့ သူ့ဆွေမျိုးသားချင်းတွေကို ခင်ဗျားမြင်ရင် ဒီစကားမျိုးပြောမှာ မဟုတ်ဘူး ဟင်းးးး"
နိုင်ငံတကာ ပြိုင်ပွဲ
ကမ္ဘာ့ တပ်မတော်များအကြားမှာ ပေါင်မုန့်စား ပြိုင်ပွဲတခု ကျင်းပသည်။
တစ်ကြိမ်တည်းနှင့် မည်သည့် တပ်မတော်သားက အများဆုံးစားနိုင်သလဲဆိုသည်ကို ဖော်ထုတ်မည့်ပွဲဖြစ်သည်။
ပထမဆုံး ဗလကောင်းကောင်းနှင့် အမေရိကန်စစ်သား ထွက်လာသည်။ ပေါင်မုန့်နှစ်လုံးကို စားလိုက်သည်။
နောက်ထပ် မစားနိုင်တော့။ ပြင်သစ်စစ်သားထွက်လာသည်။ ပေါင်မုန့် သုံးလုံး စားနိုင်သည်။ နောက်ထပ် ထပ်မစား
နိုင်တော့။ ဂျာမန်စစ်သား အလှည့်ရောက်လာသည်။ ပေါင်မုန့်လေးလုံးခွဲ ကုန်အောင် စားနိုင်သည်။ နောက်ထပ်
မစားနိုင်တော့…မြန်မာစစ်သား ထွက်လာသည်။ တလုံးကုန်အောင်မပြောနှင့် လေးပုံတပုံတောင် မနဲကုန်အောင်
စားနေရသည်။ ၄င်းစစ်သားကို ပြိုင်ပွဲဝင်ရန်စေလွှတ်သည့် တာဝန်ခံအရာရှိအား ကာကွယ်ရေးဝန်ကြီးက ခေါ်ပြီး
ကြိမ်းမောင်းသည်။ "ဘယ်လိုကောင်မျိုးကို မင်းလွှတ်လိုက်သလဲကွ။ ငါလို အသက်ကြီးတဲ့ လူတောင် ကြိုးစားစားရင်
တလုံးတော့ ကုန်နိုင်ပါတယ်ကွ" တာဝန်ခံဗိုလ်မှူးက ပြန်ပြောသည်။ "ဒီတပ်သားဟာ အခုလိုဖြစ်သွားတာနဲ့
ပတ်သက်ပြီး ကျနော်လဲ မစဉ်းစားတတ်အောင် ဖြစ်ရပါတယ်။ ပြိုင်ပွဲ မစတင်မီ ၁၀ မိနစ်အလိုမှာ ကျနော်တို့ သူ့ကို
ကြိုတင်လေ့ကျင့်ခိုင်းတုန်းကတောင် တခါတည်းနဲ့ ၁၂လုံးကုန်အောင် စားပြလိုက်သေးတယ် ခင်ဗျ"
တန်ဖိုးမရှိသောသူ
သူငယ်ချင်းနှစ်ယောက် အလောင်းအစားလုပ်ကြသည်။
တက္ကစီကားမှတ်တိုင်သို့ရောက်လာပြီး တစ်ယောက်က တက္ကစီကားဒရိုင်ဘာကိုမေးသည်။
``ဒီကနေ မြို့ထဲကို ဘယ်လောက်ပေးရမလဲ။´´
``နှစ်ရာ´´
``ကျွန်တော့်သူငယ်ချင်းပါ ကျွန်တော်နဲ့လိုက်မယ်ဆိုရင်ကော´´
``နှစ်ရာပါပဲ´´
``ကြားတယ်မဟုတ်လား ဘမောင်၊မင်းဟာ ဘာတန်ဖိုးမှ မရှိတဲ့ အကောင်ဆိုတာ ယုံပြီလား။´´
ဘယ့်သူလက်ချက်လဲ
ဧည့်ခံပွဲတစ်ခုတွင်ဖြစ်သည်။  အမျိုးသမီးငယ်တစ်ဦး ဆွဲလာသော စိန်ဘယက်ကိုကြည့်ပြီးဧည့်သည်အားလုံးက
`လှလိုက်တာ၊လှလိုက်တာ´၀ိုင်းဝန်းချီးကျူးကြသည်။ချီးမွမ်းခံရသဖြင့် ပီတိဖြစ်မိသောအမျိုးသမီးသည် အားပါးတရ
ကြည့်ပါစေဟူသော ရည်ရွယ်ချက်ဖြင့် ဘယက်ကိုချွတ်ပေးသည်။ စိန်ဘယက်သည် တစ်လက်မှတစ်လက်သို့
ကူးသွားသည်။ နောက်ဆုံးတွင်စိန်ဘယက်ပျောက်သွားတော့သည်။  အိမ်ရှင်ကစိတ်မကောင်းဖြစ်ရသော အသံဖြင့်
ပြောသည်။ ``ကျီစားတာဆိုရင်လွန်သွားပြီဗျာ။ အခုစားပွဲပေါ်ကို ကျွန်တော်ငွေဖလား တင်ထားမယ်။ မီးခလုတ်ကို
ပိတ်လိုက်ပြီး တစ်ရာထိကျွန်တော်ရေမယ်။ မီးကိုပြန်ဖွင့်လိုက်တဲ့အချိန်မှာ စိန်ဘယက်ကို ငွေဖလားထဲမှာပြန်တွေ့
ရမယ်လို့ မျှော်လင့်ချင်ပါတယ်။ မီးကိုပြန်ဖွင့်လိုက်သည်.... ““ငွေဖလားကြီးမရှိတော့။””
သူများတာဝန်
သင်္ချိုင်းရှိ အုတ်ဂူတစ်ခုရှေ့ တွင် ယောက်ျားတစ်ယောက် ငိုယိုနေသည်။ နှုတ်မှလည်းပြောသည်။
" သူမသေသင့်ဘူး ၊ တကယ်တမ်း သူ မသေသင့်သေးဘူး၊ ငါအင်မတန် ကံဆိုးပါလား "
" ဒီဂူမှာ ခင်ဗျားရဲ့ အဖေ ဒါမှမဟုတ် သားကို မြုပ်ထားတာလားဗျာ "
" ဟင့် အင်း၊ ကျွန်တော့်မိန်းမရဲ့ ပထမယောက်ျား"
အမေတာဝန်ယူတယ်
"မေမေ သမီး ဒီလူ့ ကို လက်မထပ်ချင်ဘူး၊ သူက ဘုရားမဲ့ ဝါဒီ၊ ငရဲ ရှိတယ်ဆိုတာ သူမယုံဘူး"
" လက်သာထပ်လိုက်ပါ သမီးရယ် ၊ ငရဲရှိတယ်ဆိုတာ သူသိသွားအောင် လုပ်ဖို့ မေမေ့တာဝန် ထားလိုက်ပါကွယ် "
မှန်လိုက်လေ
လင်မယားနှစ်ယောက် စကားပြောနေကြရာ
မိန်းမ " ရှင်တို့  ယောက်ျားတွေက ဒီဘက်နားက၀င် ဟိုဘက်နားကပြန်ထွက်သွားတာပဲ"
ယောက်ျား " မင်းတို့ မိန်းမတွေကရော"
မိန်မ " ကျုပ်တို့ ကတော့ ဟိုဘက်နားက၀င်တာရော ဒီဘက်နားက၀င်တာရော  ပါးစပ်ကပဲ ပြန်ထုတ်တာ"
သြော်
" သမီးနဲ့ ဈေးဝယ်တောင် အတူတူမသွားရဲပါဘူးရှင်။ သမီးချောချောမွေးမိတဲ့ ဒုက္ခတော်တို့ သိမှာမဟုတ်ပါဘူး"
" သဘာဝပဲလေ ဆီစက်ပိုင်ရှင်ကြီးရယ်။ ၀ိုင်းဝိုင်းလည်နေလို့ စိတ်ညစ်နေတာပေါ့ ။"
" ၀ိုင်းဝိုင်းလည်နေတာ စိတ်မညစ်ပါဘူးနော်။ လမ်းထောင့် က သူဌေးက ယောက္ခမကြီးလို့ ခေါ်ခေါ်နေတာစိတ်ညစ်တာ"
" သူဌေးကခေါ်တာများ "
" အို…သူ့ အသက်က ကျုပ်ထက်သုံးနှစ် ပိုကြီးတယ်တော့ "
စဉ်းစားပါဦး
သူမ "ငါနိုင်ငံခြားသွားမလို့ "
သူငယ်ချင်း " ဘာလုပ်ဖို့ "
သူမ " ပိုလှအောင် ခွဲစိတ်ကုသမလို့ "
သူငယ်ချင်း " အတော်ကုန်မှာပဲနော်"
သူမ " သိန်း၂၀၀ လောက်တော့ ကုန်မှာပေါ့ "
သူငယ်ချင်း " နှမြောစရာကြီးဟယ်"
သူမ " ကိုယ်ချစ်သူအတွက်ပဲကွာ"
သူငယ်ချင်း " စဉ်းစားပါဦးကွာ။ မင်းမှာရှိတဲ့ သိန်း၂၀၀ကုန်သွားရင် မင်းချစ်သူက မင်းကို ချစ်ပါဦးမလား"
http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1844131&xgs=1&xg_source=msg_share_post
လူ့ဘဝ၏အောင်မြင်တိုးတက်ခြင်းသို့သွားရာလှေခါး(၃၀)ထစ်
၁။ ကတိအပေးနည်းပါစေ။
၂။ အမှန်ကို အမြဲပြောပါ။
၃။ မိတ်ကောင်းဆွေကောင်းထားရှိပါ။
၎။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။
၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။ှ
၆။ မိမိ၏ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစ။
၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။
၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။
၉။ လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။
၁၀။ လျှို့ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။
၁၁။ အကျင့်စာရိတ္တကောင်းခြင်းမွန်သည်သာ ဘဝ၏အောင်မြင်တိုးတက်ခြင်းကိုဖြစ်စေသည်။
၁၂။တတ်နိုင်ပါက ချေးငှားမှုအား ဘယ်သောအခါမှ မပြုပါနှင့်။
၁၃။သင်၏ပျော်ရွှင်ချမ်းမြေ့ခြင်းသည်သင့်၏ကျေနပ်မှုနှင့်လုပ်ငန်းအပေါ်မှာမူတည်ပါလိမ့်မယ်။
၁၄။ ကြွယ်ဝချမ်းသာမှုကို ဆောင်ရွက်ရာတွင် အလောသုံးဆယ်မပြုလုပ်သင့်။
၁၅။ သူတစ်ပါးအား ပြောဆိုရန်ရှိလျှင် ထိုသူ့မျက်နှာကို ကြည့်ရ်ျပြောပါ။
၁၆။ မယားတစ်ယောက်ကို လုပ်ကြွေးနိုင်မှ ထိမ်းမြားမင်္ဂလာ ပြုသင့်ရာသည်။
၁၇။ ကြီးလာသည့်အခါ သုံးစွဲနိုင်ရန် ငယ်ရွယ်စဉ်က ချွေတာစုဆောင်းရာ၏။
၁၈။ အပေါ်ယံသာယာမှုကိုကြည့်၍ အပျော်အပါးများအားမလိုက်စားသင့်။
၁၉။သူတစ်ပါးတို့အားကူညီရာတွင် ကဲ့ရဲ့ ပြစ်တင်ရှုတ်ချမှုကိုဂရုမစိုက်သင့်။
၂၀။ ကောင်းသောစိတ်ထားခြင်း၊ကောင်းသောစကား ဆိုခြင်းသည် မွန်မြတ်ခြင်းဖြစ်၏။
၂၁။ မှန်မှန်ကန်ကန်နှင့်ကြိုးစားမှုကြောင့်တိုးတက်ခြင်းသည် ထိုက်တန်အောင်မြင်ခြင်းဖြစ်၏။
၂၂။ ညအိပ်ယာဝင်သည့်အခါတစ်နေ့တာလုပ်ဆောင်ခဲ့သမျှကို ပြန်လည်သုံးသပ်ခြင်းသည်
နောက်နေ့လုပ်ဆောင်ရမည့်အလုပ်အတွက် တိကျမှုကိုဖြစ်စေ၏။
၂၃။သင့်အပြုအမူဆောင်ရွက်ချက်မှလွဲ၍သင့်အကျင့်စာရိတ္တကိုထိခိုက်စေမည့်အကြောင်းမရှိနိင်။
၂၄။ အလုပ်တစ်ခုကို စဉ်းစားဆုံးဖြတ် သုံးသပ်ပြီးမှအကောင်အထည်ဖေါ်ရာ၏။
၂၅။ အလုပ်နှင့်ဘယ်အခါမှ ကင်းကွားမှုမဖြစ်စေပဲ လက်များကိုအကျိုးရှိစွာအသုံးချပါ။
၂၆။ကိုယ့်အကျိုးသာကြည့်ပြီးသူတစ်ပါးအကျိုးမကြည့်သောသူများအားမိတ်ဆွေအဖြစ်မပြုသင့်
၂၇။အကျင့်စရိုက်ကြမ်းတမ်းသူများနှင့်အတူတကွမနေသင့်။
၂၈။သြဇာအာဏာရှိသူသော်ငြားလည်းယုတ်မာရက်စက်လူမဆန်သူများနှင့်ဝေးဝေးနေသင့်၏။
၂၉။သူတော်မဟုတ်သူယုတ်တို့နှင့်ကင်းကင်းနေက ကိုယ် စိတ်နှစ်ဖြာချမ်းသာရ၏။
၃၀။ကိုယ့်အကျိုး သူ့အကျိုး မျှမျှတတဆောင်ရွက်ငြားက မိတ်ကောင်းသဟာပေါကြွယ်ပါ၏။
သွားကျဉ်ခြင်းအကြောင်းရင်းနဲ့ ကုသမှု
သင့်သွားတွေကို ဖြတ်ပြီး လေကို စုပ်လိုက်ရုံ ဒါမှမဟုတ်ပူတဲ့၊ အေးတဲ့ အစာတွေကို ကိုက်လိုက်ရုံနဲ့ ရုတ်တရက် စူးစူးရှရှ နာကျင် သွားပါသလား။ သွားကျဉ်တဲ့အခါ ခံစားရတဲ့ နာကျင်မှုက မကြာရှည်ပါဘူး။ ချက်ချင်းဖြစ် ပြီး စက္ကန့်အနည်းငယ်အတွင်းမှာပဲ ပြန်ပျောက် သွားပါတယ်။
ဒါပေမဲ့ ခံစားရတဲ့ စက္ကန့်အနည်းငယ်အတွင်း မှာတော့ အလွန်ပြင်းပြင်းထန်ထန်ကို ခံစား ရပါတယ်။ သွားကျဉ်တာကို ခံစားနေရရင် ဘဝဟာ စိတ်မချမ်းမြေ့စရာဖြစ်နေတတ် ပါတယ်။
 ဘာကြောင့်သွားကျဉ်တာလဲ
သင့်သွားတွေမှာ ဘာမှထူးထူးခြားခြား ထိခိုက်မှုဖြစ်တာ မမြင်ရဘဲနဲ့ ရုတ်တရက် ကျဉ် သွားတတ်တာ ဒါမှမဟုတ် စူးစူးရှရှ နာကျင်တာဟာ ဘာကြောင့်ဖြစ်ရတာပါလဲ။ သွား တွေမှာ နူးညံ့တဲ့ ဆင်စွယ်နှစ်လွှာနဲ့ အာရုံကြောတွေကို အပေါ်ယံက မာကျောတဲ့ ကြွေသွားလွှာနဲ့ အုပ်ထားပါတယ်။
ဒီကြွေသွားလွှာဟာ ကြမ်းကြမ်းတမ်းတမ်း သွားတိုက်ခြင်း ဒါမှမဟုတ် အလွန်ပူတဲ့ ဒါမှ မဟုတ် အလွန်အေးတဲ့ အစာကို ကိုက်ဝါးခြင်းစတဲ့ အကြောင်းတွေကြောင့် ပွန်းပဲ့ ထိခိုက် နိုင်ပါတယ်။ တစ်ခါတစ်ရံ သွားကို မိုက်ခရိုစကုပ်နဲ့ ကြည့်မှသာ မြင်နိုင်တဲ့ အက်ရာလေး ကနေတော် အပူနဲ့အအေးတွေဟာ အာရုံကြောဆီကို ဖြတ်သန်းရောက်ရှိသွားပြီး စူးစူးရှရှ နာကျင်မှုကို ခံစားရစေပါတယ်။
ကုသမှု
သွားကျဉ်တာက ပြင်းထန်ရင်တော့ အကြောထုတ်ကုသမှုကို လိုအပ်နိုင်ပါတယ်။ ဒါပေမဲ့ မပြင်းထန်တဲ့ ပြဿနာအတွက်တော့ အောက်ပါအကြံပြုချက်တွေက ကူညီနိုင်ပါလိမ့်မယ်။ အစာကို တစ်ကိုက်လေး ကိုက်ဝါးဖို့တောင် ကြောက်လန့်နေရင် အောက်ပါအိမ်တွင်းကုသမှု နည်းလမ်းတွေကို လုပ်ဆောင်ကြည့်လိုက်ပါ။
• သွားကျဉ်တာအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ သွားတိုက်ဆေး (Desensitizing toothpaste) တွေကိုသာ အမြဲသုံးပါ။ ဒီသွားတိုက်ဆေးတွေက သွားမှာဖြစ်နေတဲ့ ဆက်ကြောင်းလေးတွေကို ဖြည့်ပေးပြီး အာရုံခံစားမှုကို ထိထိရောက်ရောက် လျော့နည်း စေပါတယ်။
• ညအိပ်ရာမဝင်ခင် သွားတိုက်ဆေး အနည်းငယ်ကို လက်ချောင်းထိပ်မှာ တင်ပြီး သွား ကျဉ် နေတဲ့ နေရာမှာ ဖြန့်ပြီး သုတ်လိမ်းပေးပါ။ ပြီးရင် သွားတိုက်ဆေးကို ရေနဲ့ ပလုတ် ကျင်းမပစ်ဘဲ ဒီအတိုင်းသာထွေးထုတ်ပါ။ သွားကျင်တာ သက်သာသွားတဲ့အထိ ရက်သတ္တပတ်အနည်းငယ်ကြာအောင် လုပ်ပါ။
• သွားချေးလွှာတွေရှိရင် သွားကျဉ်တာကို ပိုဆိုးစေပါတယ်။ သွားချေးလွှာက သွားကို ထိခိုက်စေမယ့် အက်စစ်တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့မှာ အနည်း ဆုံး နှစ်ကြိမ် သွားတိုက်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ သွားချေးလွှာတွေ မဖြစ်အောင် ကာကွယ်နိုင်မှာပါ။ မနက်တစ်ကြိမ်၊ ညအိပ်ရာမဝင်ခင် တစ်ကြိမ် သွားတိုက်ပါ။ အနည်းဆုံး တစ်နေ့တစ်ကြိမ် သွားကြားပွတ်ကြိုး သုံးပြီးတော့လည်း သွားတွေကို သန့်စင်ပေးပါ။
• သွားကျဉ်စေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ အလွန်ကြမ်းကြမ်းတမ်းတမ်း သွားတိုက်တာကြောင့်ပါ။ ဒါမှမဟုတ်ရင်လည်း ကြမ်းတမ်းတဲ့ သွားတိုက်တံ အမျှင်တွေနဲ့ သွားတိုက်တာကြောင့် သွားရဲ့ ကြွေလွှာကို ထိခိုက်ပျက်စီးစေတာဖြစ်ပါတယ်။ ဒါကြောင့် နူးညံ့တဲ့ သွားတိုက်တံ (Soft) ကိုသာ အမြဲသုံးပြီး ညင်ညင်သာသာ သွားတိုက်ပေးပါ။
• ကွမ်းစားခြင်းက သွားဖုံးတွေကို ယုတ်လျော့ပျက်စီးစေပြီး သွားကျဉ်တာကို ဖြစ်စေနိုင်တဲ့ အတွက် ကွမ်းမစားပါနဲ့။
• အလွန်ပူတဲ့ ဒါမှမဟုတ် အလွန်အေးတဲ့ အစာတွေကို မစားပါနဲ့။ ပူတဲ့အစာနဲ့ အေးတဲ့ အစာ တွေဟာ သွားတွေကို ပြန့်ကားလာတာနဲ့ ကျုံ့တာတွေ   ဖြစ်စေပြီး အက်ရာသေး သေးလေးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီကနေတစ်ဆင့် သွားကျဉ်လာနိုင်ပါတယ်။
• ကြမ်းတမ်းတဲ့ ပါဝင်ပစ္စည်းတွေပါတဲ့ သွားတိုက်ဆေးတွေကို မသုံးပါနဲ့။ သွားဖြူစေတဲ့ သွားတိုက်ဆေးတွေနဲ့ သွားချေးကျောက်တွေကို ထိန်းချုပ်ပေးတဲ့ သွားတိုက်ဆေးတွေမှာ ဒီလိုပစ္စည်းတွေ ပါဝင်တတ်ပါတယ်။
• အက်စစ်ပါတဲ့ အစာတွေကို ရှောင်ပါ။ အချိုရည်တွေကို မကြာခဏသောက်ခြင်းက သွားကျဉ်စေနိုင်ပါတယ်။
• သွားတိုက်တဲ့အခါ သွားကို ဒေါင်လိုက်ရွှေ့လျားမှုနဲ့ တိုက်တာ ပိုကောင်းတယ်။ စက်ဝိုင်းပုံလှည့်ပတ်ပြီး တိုက်တာကလည်း ကောင်းပါတယ်။ ဒါပေမဲ့ ဘေးတိုက်ဆွဲပြီး မတိုက်ပါနဲ့။ ကြွေသွားလွှာကို ထိခိုက်စေပြီး သွားဖုံးတွေကိုလည်း ယုတ်လျော့စေ နိုင်တာကြောင့်ပါ။
Ref : Good Health
source>>>http://natureenergycare.blogspot.com/2012/11/blog-post_5084.html#more
အမျှင်ဓာတ်ပါဝင်မှု အများဆုံး သစ်သီး ခုနစ်မျိုး
အစာခြေစနစ် ကျန်းမာစေဖို့အတွက် လူတိုင်း အမျှင်ဓာတ် လိုအပ်နေပါတယ်။ အရွယ်ရောက် အမျိုးသားတွေက တစ်နေ့မှာ အမျှင်ဓာတ် ၃၈ ဂရမ် လိုအပ်ပြီး အမျိုးသမီးတွေက အမျှင်ဓာတ် အနည်းဆုံး ၃၀ ဂရမ် လိုအပ်နေပါတယ်။ အစားအသောက်ကနေရတဲ့ အမျှင်ဓာတ်ဟာ အစာကြေညက်ဖို့နဲ့ အူထဲက အစာတွေကို ကောင်းကောင်းစုပ်ယူနိုင်ဖို့ အရေးပါပြီး ဝမ်းမှန်မှန်သွားစေပါတယ်။ နေ့စဉ် အစားအသောက်ကနေ လိုအပ်တဲ့ အမျှင်ဓာတ်ပမာဏ ရရှိစေဖို့ အမျှင်ဓာတ်ပါဝင်မှု မြင့်မားတဲ့ အောက်ပါ သစ်သီးဝလံတွေကို စားပေးသင့်ပါတယ်။
(၁) ဆီးသီးခြောက် (ခွက်တစ်ဝက်စာ ပမာဏမှာ အမျှင်ဓာတ် ခြောက်ဂရမ် ပါဝင်ပါတယ်။)
(၂)သစ်တော်သီး (အနေတော် တစ်လုံးမှာ အမျှင်ဓာတ် ခြောက်ဂရမ် ပါဝင်ပါတယ်။)
(၃) လိမ္မော်သီး (အနေတော် တစ်လုံးမှာ အမျှင်ဓာတ် လေးဂရမ် ပါဝင်ပါတယ်။)
(၄) ပန်းသီး (အနေတော်တစ်လုံးမှာ အမျှင်ဓာတ် လေးဂရမ် ပါဝင်ပါတယ်။)
(၅) ငှက်ပျောသီး (အနေတော်တစ်လုံးမှာ အမျှင်ဓာတ် သုံးဂရမ် ပါဝင်ပါတယ်။)
(၆) မက်မွန်သီးခြောက် (ခွက်ရဲ့ လေးပုံတစ်ပုံစာ ပမာဏမှာ အမျှင်ဓာတ် သုံးဂရမ် ပါဝင်ပါတယ်။)
(၇) စပျစ်သီးခြောက် (နှစ်အောင်စမှာ အမျှင်ဓာတ် နှစ်ဂရမ် ပါဝင်ပါတယ်။)
ဇွန်
Ref: Good Health 8 August, 2012 - 16:23
Source: http://www.yatanarpon.com.mm/news/news-63981
အမျိုးသမီးများသည် ယောက်ျားများထက် ဘုန်းကံနိမ့်သလော
ဆရာတော်ဘုရား တပည့်တော် နောင်နောင်ပါ၊ အမေရိကားမှာနေပါသည်ဘုရား အနောက်တိုင်းသား ဗုဒ္ဒဘာသာကိုယုံကြည့်သောသူများနှင့် ဘာသာရေးအကြောင်းပြောရင်  
မြန်မာပြည်မှ တန်ခိုးကြီးဘုရားတွေမှာ မိန်းကလေးတွေမ၀င်ရ ဥပမာ ကျိုက်ထီးရိုးတို့လို ဆံတော်ရှင် စေတီတော်တော်များများမှာ မိန်းကလေးတွေမ၀င်ရဘူးဆိုပြီး ပြောကြပါသည်ဘုရား အဲဒါနဲ့စပ်ပြိး သူတို့နဲ့စကားပြောဖြစ်တော့ မိန်းကလေးတွေ ဘာလို့မ၀င်ရတာလဲလို့ မေးတော့ တပည့်တော်များလဲ လွယ်လွယ်ပဲဖြေလိုက် ပါတယ်ဘုရား။
မိန်းကလေးတွေက ယောင်္ကျားတွေလောက် မမြတ်လို့ပဲ ဖြေလိုက်တော့ အနောက်တိုင်းသားတွေက အဲဒါကိုလက်မခံပါဘူးဘုရား။ သူတို့က ယောက်ျားမိန်းမ ဆိုတာအတူတူပဲ မိန်းကလေးတွေကတောင် ဒီနိုင်ငံမှာ အခွင့်ရေးပိုပြီးပေးထားတော့ သူတို့က မိန်းမက သာတောင်သာသလိုပြောပါသည်ဆိုတော့ တပည့်တော်သိလိုသည်မှာ ယောက်ျားတွေကမိန်းမတွေထက် ဘုန်းကံကြီးတယ် မြင့်မြတ်တယ်ဆိုတာကို ဘယ်လိုတိုင်းတာရမလဲဘုရား။
ယောက်ျားတွေက ဘာလို့မိန်းမတွေထက် ဘုန်းကံကြီးတယ် မြင့်မြတ်တယ်လို့ ယူဆပါသလဲ အကြောင်းပြချက်ထုတ်ပြတော်မူပါဘုရား။ မြန်မာနိုင်ငံကဘုရားတွေမှာ မိန်းကလေးတွေ မ၀င်ရဆိုတဲ့နေရာမှာ မ၀င်ရ မတက်ရဆိုတဲ့နေရာမှာ ၀င်ရင် တက်ရင် တကယ်ပဲ မိုးကြိုးပစ်ပါသလားဘုရား။ အဲဒါဘာ့ကြောင့်ပါလဲ မိန်းကလေးတွေကို ဘာလို့ယုတ်ညံ့တယ်လို့ ယူဆကြပါသလဲဘုရား ဥပမာများနှင့်တကွ ကျေနပ်လောက်ပါသောအဖြေကို ဖြေပေးတော်မူပါဘုရား။
ဆရာတော်ရဲ့ သီလ သမာဓိ ပညာကို ရိုသေစွာ ရှိခိုးပါသည်ဘုရား။
ထိုမေးခွန်း၏အာဘော်
အထက်ပါ မေးခွန်းက စာရေးသူထံ အီးမေးလ်ကနေ ရောက်လာတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ ဒီလိုမေးခွန်းတွေကလဲ မကြာမကြာ ကြုံရဖူးပါတယ်။ 
နံပါတ် (၁) အနေနဲ့ အမျိုးသမီးများ မတက်ရ မ၀င် မဖြတ်ရဆိုတဲ့ ဘုရားတွေ ဘုရားရင်ပြင်တွေ သိမ်တွေမှ ဆိုင်းဘုတ်တွေ တွေ့နေရသောကြောင့် ဗုဒ္ဓဘာသာ လူအများစုမှာ ယောင်ဝါးဝါးတွေ ဖြစ်သွားရတယ်။ ဗုဒ္ဓစာပေကို လုံးဝဆုပ်ကိုင်ထားသူများသာ ဒီအယူဆတွေကို လက်မခံပေမဲ့ ယောင်ဝါးဝါးတွေကတော့ လက်ခံနေကြတယ်။
နံပါတ် (၂) ကတော့ အမျိုးသမီးများသည် ယောက်ျားများထက် ဘုန်းကံနိမ့်တယ်ဆိုတဲ့ အယူအဆပဲ ဖြစ်ပါသည်။ ဒီ ၂ ခုကိုပဲ ဆွေးနွေးကြည့်ကြရအောင်။
စာရေးသူအမြင်များ
 နံပါတ် (၁) ဘုရား ကျောင်း သိမ်စတဲ့ နေရာတွေမှာ အမျိုးသမီးများ မတက်ရ မ၀င်ရဆိုတာနဲ့ပတ်သက်ပြီး စာရေးသူ၏ အမြင်ကိုပဲ ပြောပြရမှာဖြစ်ပါသည်။
ထေရ၀ါဒဗုဒ္ဓဘာသာလို့ ယုံကြည်ထားတဲ့ မြန်မာနိုင်ငံမှာ ဒီလိုအယူအဆတွေ ရှိနေပါတယ်။ ဘုရားဟောမဟုတ်၍ ထေရ၀ါဒလမ်းစဉ်မဟုတ်သော အယူအဆတွေဖြစ်ပါတယ်။ သို့သော်လည်း ဘာလို့ မြန်မာနိုင်ငံမှာ ဒီအယူအဆတွေ ရှိနေပါသလဲလို့ မေးရင် tradition ရိုးရာအစဉ်အလာ လက်ခံမှုလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ အစဉ်အဆက်လက်ခံလာကြသည့် အယူအဆဖြစ်သည်။ တချို့နေရာတွေမှာ ဘုရား သို့မဟုတ် ကျောင်း သိမ်များ၏ အဦးဆုံး ဒါယကာများကပဲ သူတို့၏ ဘုရား ကျောင်း သိမ်များအပေါ် အမျိုးသမီးများ မတက်ရဟု သတ်မှတ်ခဲ့သလား၊ ဒါမှ မဟုတ် ဂေါပကများ၏ ဘုရားကို သို့မဟုတ် ဘုရားရှင်၏ ကျောင်းတော်များကို ကြည်ညိုလွန်း၍ ဒီစည်းကမ်းသက်မှတ်ခဲ့လေရော့လား၊ ဗုဒ္ဓဘာသာလူမျိုးများက ကျောင်းထဲတွင် အမြတ်ဆုံး သိမ်တို့ကို အလွန်အလေးထားကြသည်၊ ဘုရားရှင်၏သားတော်များ မွေးဖွားပေးရာ ကျောင်းဖြစ်နေသောကြောင့် ဖြစ်ဟန်တူပါသည်။
မြန်မာပြည် တချို့ နာမည်ကြီး ဘုရားရင်ပြင်တို့၌ အမျိုးသမီးများ မတက်ရ မ၀င်ရဟု ပြောနေကြပေမဲ့ ဘုရားလက်ထက်တော်က သက်တော်ထင်ရှား ဘုရားရှင်၏ ဂန္ဓကုဋီကျောင်းဆောင်ထဲအတွင်း ၀ိသာခါ ခေမာ စတဲ့ အမျိုးသမီးများ ၀င်ထွက် သွားလာနေသည်တို့ကို ထောက်ဆလျှင် ထိုရိုးရာအစဉ်အလာလက်ခံမှုသည် စဉ်းစားစရာဖြစ်လာသည်။ သက်တော်ထင်ရှားဘုရားရှင်၏ ကျောင်းအတွင်းတောင် အမျိုးသမီးများ ၀င်ထွက် သွားလာခွင့်ပြုရသေးတာပဲ ဘုရားရှင်အားရည်စူးပြီးကိုးကွယ်ထားတဲ့ ထိုစေတီ ပုထိုး ကျောင်းများကိုက ဘာလို့ အမျိုးသမီးများဝင်ခွင့် မပြုရမှာလဲ။ ၀င်ရင် တက်ရင် မိုးကြိုးပြစ်သည်တဲ့၊ တကယ် ၀င် တကယ်တက်ကြည့်တော့ မိုးကြိုးမပြစ်ရင် ဘယ့်နှယ်လုပ်မလဲ၊ တချို့နေရာတွေမှာ နာမည်ကြီးအောင် လူအထင်ကြီးအောင် ထွင်ကြတဲ့သူတွေရဲ့ ပြောစကားတွေကြောင့် ဗုဒ္ဓဘာသာမှာ ရှုပ်ထွေးကုန်တယ်။
အမျိုးသမီးနှင့်သိမ်
တချို့နယ်တွေမှာ သိမ်ထဲကို အမျိုးသမီးများ မ၀င်ရဟု ဆိုကြတယ်၊ လူတွေကလဲ အမျိုးသမီးများကို သိမ်ထဲမ၀င်ရဟု ထင်နေကြသည်၊ ၀င်ရင် ဘာဖြစ်မယ် ညာဖြစ်မယ်ပေါ့၊ စာရေးသူ ရဟန်းခံစဉ်က အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်အတွင်းက သိမ်ကြီးထဲမှာ ရဟန်းပြုခံပါတယ်၊ ယခုလက်ရှိ နာယကချုပ်ဆရာတော် ဘဒ္ဒန္တကုဏ္ဍလာဘိဝံသကို ဥပဇ္ဈာယ်ပြုပြီး ရဟန်းပြုခဲ့တာပါ၊ ထိုရဟန်းခံစဉ်က သိမ်ထဲထွင် ဒကာရော ဒကာမရော ကလေးရော များစွာရှိနေပါတယ်၊ စာရေးသူကို ခေတ်ပညာများ သင်ပေးရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဇောတိကာမဟာသိမ်တော်ကြီးအတွင်းမှာလဲ အမျိုးသမီးများ ၀င်ခွင့်ပြုသည်။ ၂၀၀၈ ခုနှစ်က ထိုသိမ်တော်ကြီးအတွင်းမှာပဲ နိုင်ငံတကာ ထေရ၀ါဒတက္ကသိုလ်များ အစည်းအဝေးကြီးကို ကျင်းပခဲ့သည်။ နိုင်ငံပေါင်း ၃၀ ကျော်က အမျိုးသား အမျိုးသမီးများစွာ တက်ရောက်ခဲ့ကြသည်။
ရာဇဂြိုဟ်မြို့သိမ်
ဘုရားလက်ထက်က ရာဇဂြိုဟ်မြို့ကြီးသည် လူဦး ၁၈ ကုဋေရှိသည်။ ငယ်ငယ်က ထို ရာဇဂဟ ပုဒ်ကို တောင် ၅ လုံးက ပတ်ပတ်လည် ကားရံထားလို့ တောင်ငါးလုံးရန် နွားခြံတို့လို ရာဇဂြိဟ်မြို့သို့ဟု နိဿျဆိုခဲ့ကြသည်။ ထိုမျှလောက် လူဦးရေ ထူထပ်သော ရာဇဂြိုဟ်မြို့ကြီး တစ်မြို့လုံးကို သိမ်သမုတ်ထားသည်။ ထိုမြို့ကြီးသည်ပင် သိမ်မည်ပါသည်။ ထိုသိမ်ကြီးထဲမှာ အမျိုးသမီးတွေ အိပ်ကြသည်၊ နေကြသည်၊ ကျင့်ကြီးကျင်ငယ်အမှု ပြုကြသည်၊ ဇနီးခင်ပွန်းတို့ပြုကြသည့်အမှုတွေ ပြုကြသည်။ ထိုဘုရားလက်ထက်ကတောင် အမျိုးသမီးများ သိမ်ထဲမှ နေခွင့်ပြုသေးတယ်ဆိုရင် ဒီခေတ်မှာ သိမ်ထဲ အမျိုးသမီးများမ၀င်ရဟုသော တားမြစ်ချက်သည် ပုဂ္ဂိုလ်ရေးဆန်သော ဆက်ဆံမှုသာဖြစ်သည်။ သိမ်ထဲ ၀င်ခြင်းကြောင့် ဘာမှ မဖြစ်ပါဟု ယူဆပါသည်။ သိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲ ဖြစ်ဖြစ် ဘုရားမှာပဲဖြစ်ဖြစ် အမျိုးသမီးဖြစ်စေ အမျိုးသားဖြစ်စေ ရဟန်းပဲဖြစ်စေ အကုသိုလ်စိတ်နှင့် ၀င်ရင် သွားရင်တော့ အပြစ်ရှိသလို ကောင်းတဲ့စိတ်နဲ့သွားရင်တော့ ကုသိုလ်တွေ ရမှာအမှန်ပင် ဖြစ်ပါသည်။
တချို့က ဘုရားကျောင်းသိမ်တွေမှာ အမျိုးသမီးများ မ၀င်ရခြင်းသည် အမျိုးသမီးများက ဘုန်းကံ မရှိသောကြောင့်ဟု ယူဆထားကြသည်။ တကယ်တော့ ထိုအယူအဆ မမှန်ကန်ဟုဆိုရပါမည်။ အမျိုးသမီးရဟန်းမများ ထွန်းကားသည့်အချိန်အခါက အမျိုးသမီးများကိုယ်တိုင် သိမ်ထဲဝင်ပြီး ရဟန်းပြုကြသည်၊ ကံကြီးကံငယ်ပြုကြသည်၊ သူတို့ကိုယ်တိုင် ရဟန်းများပြုလုပ်နိုင်သည့် ကံကြီးကံငယ်များကို ပြုလုပ်နိုင်သည်မှာ ရဟန်း မဟုတ်သော အမျိုးသားများထက် ဘုန်းကံရှိနေသည်ဟု ဆိုရပေမည်။ အမျိုးသမီးများနှင့်ဘုန်းကံအကြောင်း ဆက်လက် ဆွေးနွေးကြမည်။
အမျိုးသမီးများနှင့်ဘုန်းကံ
အမျိုးသမီးများသည် ယောက်ျားများထက် ဘုန်းကံနိမ့်တယ်ဆိုတဲ့ အယူအဆနှင့်ပတ်သက်ပြီး ပြောရရင် သူများအတင်းပြောသလို ဖြစ်နေမယ်၊ တကယ်တော့ အမျိုးသားလဲ လူသား အမျိုးသမီးလဲ လူသားဆိုတော့ လူဖြစ်ဖို့ရန် ဘုန်းကံအတူပါလာတာခြင်း အတူတူပဲဖြစ်သည်။ သို့သော်လည်း ဘုန်းကံအနဲအများအပေါ် မူတည်ပြီး အမျိုးသား အမျိုးသမီး ကွဲပြားပေမဲ့ သာသနာအတွက်ရော လူမှုရေးအတွက် နိုင်ငံရေးအတွက်တွေပါ အကျိုးပြုပေးနိုင်တာကတော့ တန်းတူ လုပ်နိုင်ကြသည်ဟု ယူဆမိပါသည်။ အကောင်း (positive view) အမြင်ကိုသာ ရေးချင်ပေမဲ့ မေးလာတဲ့သူရှိလာတော့ မေးခွန်းအရ ဘုန်းကံနိမ့်ခြင်းအကြောင်းကို စာပေမှာ ပြဆိုထားတဲ့ စကားအချို့နဲ့ တင်ပြရပါလိမ့်မည်။
အဘိဓမ္မာ ၇ ကျမ်းတွင် အပါအ၀င်ဖြစ်သည့် ဓမ္မသင်္ဂဏီပါဠိတော် အဋ္ဌကထာ (အဋ္ဌသာလိနီ) စာမျက်နှာ ၃၅၈-၃၅၉ တို့၌ ဣတ္ထိလိင်္ဂံ ဣတ္ထိနိမိတ္တံအဖွင့်မှာ အမျိုးသမီးများနှင့် အမျိုးသားများ ခန္ဓာကိုယ်တည်ဆောက် ဖွဲ့စည်းပုံ အသွင်အပြင် မတူပုံနှင့် ထိုအသွင်အပြင်ဖြစ်ပေါ်လာရခြင်း၏အကြောင်းများကို ပြဆိုထားသည်။ သရက်မျိုးစေ့ဗီဇကြောင့် သရက်ပင်အသွင်သဏ္ဌာန်ဖြစ်လာရသလို အမျိုးသမီးပုံသဏ္ဌာန် ဖြစ်လာရခြင်းကလည်း ထိုအသွင်သဏ္ဌာန်ကို ဖြစ်စေ ပဋိသန္ဓေမျိုးစေ့ကြောင့်ဖြစ်သည်။ ဒါကို စာက ကမ္မဇ (ကံကြောင့်) ဟု ခေါ်သည်။ အမျိုးသားများကိုလည်း ထိုနည်းအတူမှတ်လေ။
တခါက သောရေယျအမျိုးသား အလွန်ချောမောလှပသော အရှင်မဟာကစ္စာယန ရဟန္တာမထေရ်ကို မြင်ပြီး အယောနိသောမနသိကာရ (မကောင်းတဲ့စိတ်ကူး) ဖြစ်မိသည်၊ ဒီလောက်လှတဲ့သူ ငါ့မိန်းမဖြစ်ရင် ဘယ်လောက်ကောင်းမလဲဟု အတွေးစိတ်ဝင်လာတဲ့အမျှ ထိုသောရေယျ သူဋ္ဌေးသား သူ၏အမျိုးသားအင်္ဂါများပျောက်ကွယ်သွားပြီး အမျိုးသမီးအင်္ဂါပေါ်ပေါက်လာခဲ့သည်၊ (ဓမ္မပဒအဋ္ဌကထာ သောရေယျဝတ္ထု)။ တခါက ရဟန်းမတစ်ယောက်သည်လည်း အမျိုးသမီးအင်္ဂါများ ပျောက်ကွယ်သွားပြီး အမျိုးအင်္ဂါများပေါ်ပေါက်လာသည်၊ ဘုရားရှင်အားလျှောက်ထားသောအခေါ ဘုရားရှင်က ရဟန်းတော်များ နေသောကျောင်းသို့ ရွှေ့ထားပေးခဲ့ရဖူးသည်။ (ပါရာဇိကဏ်ပါဠိတော်-၄၃)။
ထိုကဲ့သို့ အမျိုးသမီးလိင် (ဣတ္ထိလိင်္ဂ)နှင့် အမျိုးသားလိင် (ပုရိသလိင်္ဂ)နှင့်ပတ်သက်ပြီး ဓမ္မသင်္ဂဏီအဋ္ဌကထာက ဤကဲ့သို့ဆိုထားသည်၊ ‘‘အမျိုးသား လိင် သည် မြတ်၏ (ဥတ္တမ)၊ အမျိုးသမီးလိင်သည် ညံ့၏ (ဟီန)ဟု ဆိုထားသည်။ သောရေယျသူဋ္ဌေးသားကဲ့သို့သော အမျိုးသား လိင်အင်္ဂါ ပျောက်ကွယ်သွားခြင်းသည် အလွန်အားကောင်းသော အကုသိုလ် (ဗလ၀ အကုသလ) အစွမ်းကြောင့် ဖြစ်သည်။ အမျိုးသမီးလိင်အင်္ဂါ ရရှိခြင်းသည်ကား အနဲငယ်သော ကုသိုလ် (ဒုဗ္ဗလ ကုသလ) အစွမ်းကြောင့် ဖြစ်သည်ဟု ဆိုထားသည်။ တဖန် အထက်ပါ ဘိက္ခူနီမကဲ့သို့ အမျိုးသမီးလိင်အင်္ဂါ ပျောက်ကွယ်သွားခြင်းသည် အနဲငယ်သော အကုသိုလ် (ဒုဗ္ဗလ အကုသလ) အစွမ်းကြောင့် ဖြစ်သည်၊ အမျိုးသားလိင်အင်္ဂါပေါ်ပေါက်လာခြင်းသည် အလွန်စွမ်းအားကြီးသော ကုသိုလ် (ဗလ၀ ကုသလ) ကြောင့် ဖြစ်သည်ဟု ပြထာသည်။ အကျဉ်းချုပ်သော် ၂ မျိုးလုံး ကွယ်ပျောက်ခြင်းသည် အကုသိုလ် အနဲအများကြောင့် ဖြစ်သလို ပေါ်ပေါက်လာရခြင်းကလဲ ကုသိုလ် အနဲအများကြောင့် ဖြစ်ရသည်။
ထိုအဋ္ဌကထာဆရာ၏အဆိုများအရ- အမျိုးသမီးများသည် အမျိုးသားများထက် အကုသိုလ်ကြီးခဲ့သလို ကုသိုလ်ကံတွေ နဲခဲ့သော ကြောင့် အမျိုးသမီးဖြစ်ရသည်ဟုဆိုသည့်အတွက် ဘုန်းကံလဲ နဲသည်ဟု ဆိုရပေမည်။ ဘုန်းကံဆိုသည်မှာ ကုသိုလ်ကံကိုဆိုလိုပါသည်။
အမျိုးသမီးများ၏ ခန္ဓာကိုယ်တည်ဆောက်ပုံကိုက အမျိုးသားများကဲ့သို့ ပေါ့ပါးမှုမရှိ၊ လွတ်လပ်မှုမရှိသည့် အပြင် ယောက်ျားများထက် သီးခြား ကိုယ်ဝန်ဆောင်ရခြင်း၊ သားမွေးရခြင်း၊ ဥတုလာခြင်း စတဲ့ဒုက္ခများသည် ယောက်ျားများထက် ဘုန်းကံနဲပါးခြင်းဆိုတဲ့ လက္ခဏာများရှိနေသည့်အတွက် စာနာထောက်ထားသင့်သည်။
အမျိုးသမီးများအခွင့်အရေး
မြတ်ဗုဒ္ဓသာသနာတော်မှာ အမျိုးသမီးများသည် အမျိုးသားများကဲ့သို့ သာသနာ့ဝန်ထမ်းများ ဖြစ်ခွင့်ရှိသည်၊ ဘုရားရှင်၏ လက်ျာ လက်ဝဲများဖြစ်ခွင့်ရှိသည်၊ အရှင်သာရိပုတ္တရာနှင့် အဆင့်တူ ပညာအရာဝယ် ခေမာထေရီ၊ အရှင်မောဂ္ဂလာန်နှင့်အဆင့်တူ တန်ခိုးအရာဝယ် ဥပ္ပလ၀ဏ်ထေရီနှင့် တခြား ဓမ္မကထိကအရာ ဓမ္မဒိန္နာထေရီနှင့် ၀ိနည်းဆောင်အရာမှာ ပဋာစာရီစသော အမျိုးသမီးရဟန်းမများကဲ့သို့ အမျိုးသားများနည်းတူ ရာထူးများ ရရှိကြသည်။ မဂ် ဖိုလ် နိဗ္ဗာန်ဝင်ရာမှာလဲ အမျိုးသားများကဲ့သို့ အမျိုးသမီးများလဲ ၀င်ရောက်နိုင်သည် ဖြစ်ရာကား သာသနာမှာ အမျိုးသား အမျိုးသမီးအဆင့်တူဟု ဆိုနိုင်သည်။ သို့သော်လည်း အမျိုးသမီးများအတွက် ဂရုဓမ် ၈ ပါးကား အမျိုးသားများကဲ့သို့ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ မတူရာကား အန္တရာယ်များမှ ကာကွယ်ရန် သတ်မှတ်ထားသည်က လွဲ၍ အားလုံး ခံစားခွင့်တူသည်ဟု ဆိုရမည်။ သာသနာတော်မှာ အခွင့်တူခံစားမှု ရှိသော်လည်း အမျိုးသားများကသာ ဖြစ်ခွင့်ရှိပြီး အမျိုးသမီးများ ဖြစ်ခွင့်မရှိသော အရာများကား ရှိသေးသည်။
ဘုရား၊ ဗြဟ္မာ၊ စကြာဝတေးမင်း၊ မာနတ်မင်း၊ သကြားမင်းဟုသော ထိုနေရာများမှာ အမျိုးသမီးများ ဖြစ်ခွင့်မရှိ။ ‘‘ဘုရား ဗြဟ္မာ မင်းစကြ်ာနှင့် မာရ သက္ကံ မိန်းမမှန် အမှန် မဖြစ်ရာ’’ ဟု ငယ်ငယ် သာမဏေကျော်တန်း ၀င်စဉ်က ရဖူးသည် ကဗျာဆောင်ပုဒ်ဖြစ်သည်။ (အင်္ဂုတ္တရနိကာယ် ပထမအုပ်)။
အဋ္ဌသာလိနီတွင် ဘုရားဖြစ်ဖို့ရန် ပြည့်စုံရမည့်အချက်ထဲမှာ လိင်္ဂသမ္ပတ္တိ ဆိုတာပါသည်၊ ဆိုလိုသည်မှာ ယောက်ျားလိင်အင်္ဂါရှိရမည်ဟု ဆိုသည်။ ‘‘မနုဿတ္တံ လိင်္ဂသမ္ပတ္တိ၊ ဟေတု သတ္ထာရဒဿနံ’’။ ဗုဒ္ဓ၀ံသ-၂-၅၉ နှင့် အဋ္ဌသာလိနီ ဗုဒ္ဓ၀င်အခန်းမှာ လေ့လာနိုင်ပါသည်။
အမျိုးသမီးနှင့်အကုသိုလ်
ကုသိုလ် အကုသိုလ်တို့သည် လူတစ်ယောက်၏ ဘုန်းကံများဟုခေါ်သည်။ ထို့ကြောင့် လူတစ်ယောက်၏ ဘုန်းကံကြီးခြင်း ဘုန်းကံနဲခြင်းကို ကုသိုလ် အကုသိုလ်ကံတို့၏ အနဲအများဖြင့် ဆုံးဖြတ်ကြသည်။ ဘုန်းကံကြီးသူသည် ကုသိုလ်ကံကြီးသူများဖြစ်ပြီး အကုသိုလ်ကံ နဲသူများဖြစ်သည်။ ဘုန်းကံနဲခြင်းဆိုသည်မှာ ကုသိုလ်ကံနဲပါးခြင်းနှင့် အကုသိုလ်ကံ များပြားခြင်းဖြစ်သည်။
ဗလ၀ အကုသလ ၀သေန - များစွာသော အကုသိုလ်အစွမ်းကြောင့် အမျိုးသမီးဖြစ်ရတယ်ဆိုတော့ အမျိုးသမီးများက အမျိုးသားများထက် အကုသိုလ်အဖြစ်များသလား?  မေးစရာရှိလာသည်။
တခါက အနုရုဒ္ဓါမထေရ်ကြီး ဘုရားထံရောက်လာပြီး အရှင်ဘုရား-တပည့်တော် နတ်မျက်စိနှင့် အမျိုးသမီးတွေ ငရဲကျရောက်နေတာကို တွေ့နေရပါတယ်ဘုရား၊ အဘယ့်ကြောင့် ဒီလိုဖြစ်ရပါသလဲဘုရား’’  မေးလျှောက်သော အခါ 
ဘုရားရှင်က ‘‘အနုရုဒ္ဓါ အမျိုးသမီးတွေ ငရဲရောက်နေကြတယ်ဆိုတာ အချက်သုံးချက်နှင့် တစ်နေကုန် နေနေကြလို့ဖြစ်တယ်။ အဲဒီ ၃ ချက်က---
၁။ နံက်ပိုင်းမှာ- အမျိုးသမီးတွေက မစ္ဆရိယစိတ်တွေနဲ့ နေကြတယ်။
၂။ နေ့လည်ပိုင်းမှာတော့- ဣဿာ စိတ်နဲ့ နေကြတယ်။
၃။ ညနေပိုင်းမှာတော့- ရာဂစိတ်နဲ့ နေကြတယ်။
‘‘နံနက် မစ္ဆေ နေ့လည် ဣဿာ ညနေ ရာဂ’’ ဆိုတဲ့ ငယ်ငယ်က ရထားတဲ့ ဆောင်ပုဒ်တစ်ပိုင်းတစ်စလေး ဖြစ်ပါတယ်။ 
(အင်္ဂုတ္တိုရနိကာယ်၊ ပထမအနုရုဒ္ဓါသုတ်၊ နှာ ၂၈၅)။
ဤသုတ်တော်က အမျိုးသမီးများက အမျိုးသားများထက် အကုသိုလ်စိတ် အဖြစ်များတယ်၊ ဖြစ်ချိန် ပိုများတယ်ဆိုတာ ပြဆိုခြင်းပဲ ဖြစ်သည်။ နံက် အိပ်ယာထ မိုးလင်းတာနဲ့ ကိုယ့်ပိုင်ဆိုင်မှုအပေါ်မှာ မစ္ဆရိယစိတ် စဖြစ်တယ်လို့ ဆိုတယ်၊ နေ့လည်ပိုင်းရောက်လာတော့ သူတစ်ပါးပိုင်ဆိုင်မှု အောင်မြင်မှု ပြည့်စုံမှုအပေါ်မှာ ဣဿာစိတ်ဖြစ်တတ်တယ်ဟုဆိုသည်၊ ထို ဣဿာအကြောင်းကို စာရေးသူ၏ဆိုက်တွင် လောကအဖျက်တရား အပိုင်း(၁)တွင် အကျယ်တ၀န့်ပြဆိုထားပြီး မစ္ဆရိယအကြောင်းကိုတော့ လောကအဖျက်တရား အပိုင်း (၂) တွင် ဖော်ပြီးဖြစ်ရကား ထိုပို့စ်များကို လေ့လာနိုင်ပါသည်။ ညပိုင်းတွင် အမျိုးသမီး ရာဂစိတ်ပိုဖြစ်တယ်ဟု ဆိုသည်။
စာရေးသူ၏အယူအဆ မဟုတ်ပါ၊ ဘုရားဟောများကိုသာ ထုတ်ဖော်ပြခြင်းပဲ ဖြစ်သည်။ သို့သော်လည်း ကုသိုလ်ကောင်းမှုပြုနေကြသူများကလဲ အမျိုးသမီးများပင်ဖြစ်သည်၊ စာရေးသူ၏ပညာရေးကို ထောက်ပံ့သူများကားလဲ အမျိုးသမီးက ခက်များများပင်ဖြစ်သည်။ ထို့ကြောင့် နတ်ပြည်မှာ နတ်သားတစ်ယောက် နတ်သမီး ၅၀၀ ဆိုတော့ နတ်ပြည်အရောက်များသူတွေကလဲ အမျိုးသမီးများပင်ဖြစ်သည်။ ထိုသုတ်အဆိုအရ ထိုအင်္ဂါ၃ ရပ်ဖြင့် အဖြစ်များသူများကို ရည်ရွယ်သည်၊ အမျိုးသမီးအားလုံးကို မဆိုလို၊ ဖြစ်တတ်တဲ့သဘောကို ဆိုလိုသည်၊ ငရဲကျရောက်နေသော အမျိုးသမီးများကိုသာ ဆိုလိုပါသည်။ ငရဲကျရောက်တတ်တယ်ဟုဆိုသည်။ တော်ကြာ အမျိုးသမီးထုက ဒီလိုပြောရမလားဆိုပြီး စာရေးသူ ပါးစပ်ပေါက် ပိတ်သွားနိုင်သည်။
နတ်ပြည်ရောက်သူ အရေအတွက်ကြည့်ပြန်တော့ အမျိုးသမီးများက ကောင်းရာဘုံကို အဖြစ်များသလိုဖြစ်သည်အတွက် ကောင်းမှုပြုသူများသည်ဟုလည်း ဆိုနိုင်သည်။ သို့သော်လည်း အမျိုးသမီးဘ၀ကနေ တိုက်ရိုက်အနေနဲ့ ဘုရားအဖြစ် သကြားမင်း လူမင်း နတ်မင်း ဗြဟ္မာ အဖြစ်ကိုတော့ မရနိုင် အမျိုးသားဘ၀ရောက်အောင် ကောင်းမှုပြု အမျိုးသားဘ၀ဖြစ်ချင်သည့်ဆန္ဒဖြင့် ဆန္ဒပြုကြရသည်။ ထိုအမျိုးသားဘ၀ ရရှိပြီးမှသာ ဘုရား သကြားစတဲ့ ဘ၀မျိုးများကို ရနိုင်မည်ဖြစ်ပါသည်။ ဘုရားရှင်၏ မယ်တော်သည်ပင် သန္တုသိတ နတ်သား ဖြစ်ခဲ့သည်ကို သတိပြုသင့်ပေသည်။ အရှင်အာနန္ဒာသည် မိန်းမဖြစ်ခဲ့တဲ့ဘ၀တွေ များစွာရှိခဲ့သည်။ ဘုရားရှင်နှင့် အရှင်သာရိပုတ္တရာစတဲ့ သာဝကကြီးများသည်လည်း လူသားထက် ဘုန်းကံနိမ့်သည့် တိရစ္ဆာန်ဘ၀တို့ဖြင့် များစွာကျင်ခဲ့ရသည်တို့ကို ထောက်ဆ၍ ဘုရားဖြစ်ဖို့ သာဝကကြီးများဖြစ်ဖို့ ဘ၀အမျိုးမျိုး ဘုန်းကံအမျိုးမျိုးတို့ဖြင့် သံသရာကို ဖြတ်သန်းပြီးမှ ဘုရားအဖြစ်၊ သာဝကကြီးများအဖြစ်ကြရသည်ကို ထောက်ဆလျင် အမျိုးသမီးများလဲ ပစ္စုပ္ပန် လက်ရှိဘ၀မှာ ဘုရားအဖြစ်ကို မရနိုင်ပေမဲ့ ဘုရားလောင်းနှင့် သာဝကလောင်းကြီးများနည်းတူ ပါရမီများ ဖြည့်ပြီး ဘုရားအဖြစ် သာဝက (အမျိုးသား)ကြီးများအဖြစ်ကို ရနိုင်ပါသည်။ ဤကား အမျိုးသမီးများ မဖြစ်နိုင်သည့်အရာများကို ရနိုင်သည့် အခွင့်လမ်းဖြစ်သည်။
ဖေ့ဘုတ်မှာတင်ထားတဲ့ ချစ်စရာအမျိုးသမီးငယ်လေးများ၏ ဘုန်းကံ
ယနေ့ခေတ်အမျိုးသမီးများ
ခန္ဓာကိုယ်ဖွဲ့စည်းပုံသည်သာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာသည်သာ အမျိုးသားများထက် နိမ့်နေသည်ဆိုစေကာမူ စိတ်ဓာတ်ရေးရာ အသိပညာ ပိုင်းဆိုင်ရာမှာကား အဆင့်တူဟု ဆိုနိုင်သည်။ ထို့ကြောင့် သာသနာမှာ အမျိုးသားများကဲ့သို့ ရာထူးများရသည်၊ မဂ် ဖိုလ် နိဗ္ဗာန်ဝင်နိုင်သည်။
ယနေ့ခေတ်မှာ နိုင်ငံ၏ ခေါင်းဆောင်ပိုင်းနေရာများမှာ အမျိုးသမီးများ နေရာယူလာသည်၊ တိုင်းပြည်၏ခေါင်းဆောင်များဖြစ်လာကြသည့်အတွက် ပြည်သူများ အလေးပေးဆက်ဆံရမည့် သူများဖြစ်လာကြသည့်အတွက် လုပ်ရည်ကိုင်ရည် နှလုံးရည်များ တန်းတူ ရှိလာနိုင်သည်ဟု ဆိုနိုင်ပါသည်။
ဤသို့အားဖြင့် အမျိုးသမီးများ ဘုန်းကံနိမ့်သည်ဟု အထင်အမြင်ဖြင့် အမျိုးသမီးများကို အထင်မသေးသင့်။
ဒကာတော် နောင်နောင်ရေ--မောင်ရင်ရဲ့ အမေးကို ဘုန်းဘုန်းတတ်နိုင်သလောက် ဤမျှလောက်ဖြင့်စုစည်းတင်ပြလိုက်ရပါသည်။ ကျေနပ်မှုမရှိသေးပါက ရှေ့ဆက်ပြီး လေ့လာနိုင်ပါသည်။
အမျိုးသမီးနှင့်အမျိုးသားမှာ ကိုယ်ခန္ဓာဖွဲ့စည်းတည်ဆောက်ပုံသဏ္ဍာန်ခြင်း မတူညီသည်မှ လွဲ၍ မိန်းမများသည် ယောင်္ကျားများထက် နိမ့်ကျသည်ဟုဆိုသော စကားများနှင့် အယူအဆများကို ကျွန်တော့်အနေနဲ့လည်း လက်ခံနိုင်ခြင်း မရှိပါဘူး...။ ကျွန်တော်တို့ နေ့စဉ်ခေါ်ဆိုနေကြသော အမေဆိုသည်မှာလည်း အမျိုးသမီးပင် ဖြစ်သည်။
မှတ်ချက်/ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။
http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogPost%3A8067650&xgs=1&xg_source=msg_share_post
မိန်းမချောများနှင့်တွေ.ဆုံရခြင်းသည်ကျန်းမာရေးဆိုးဝါးစေနိုင်
လှပသော အမျိုးသမီးများနှင့် တွေ့ဆုံရခြင်းသည် ကျန်းမာရေး အတွက် ဆိုးဝါးစေနိုင် .........
နှလုံးခုန်မြန်လာခြင်းနှင့် ခြေဖဝါး၊ လက်ဖဝါးများ၌ ချွေးပြန်လာခြင်းသည် ဆွဲဆောင်မှု ရှိလွန်းသော အမျိုးသမီးများနှင့် တွေ့ဆုံရသည့်အခါ ဖြစ်တတ်ကြောင်း အမျိုးသားများစွာတို့ သတိပြုမိပြီး ဖြစ်သည်။
ယခုအခါ သုတေသန အသစ်တစ်ရပ်အရ အမျိုးသားများသည် လှပသော သူစိမ်းတစ်ရံစာ အမျိုးသမီးတစ်ဦးနှင့် ငါးမိနစ်မျှသာ တွေ့ဆုံရုံနှင့် စိတ်ဖိ
စီးမှုများ လွန်စွာမြင့်တက်လာပြီး ယင်းသည် ကျန်းမာရေးအတွက် ဆိုးရွားစေကြောင်း သိရသည်။
“ငါ ဒီလိုလူစားမျိုးမဟုတ်ဘူး” ဟု တွေးလိုက်မိသောအခါ၊ အဆိုပါ အမျိုးသမီးက အနားလာကပ် ထိုင်သောအခါ၊ သို့မဟုတ် အဆိုပါအမျိုးသမီး၏ စိတ်ဝင်စားမှုကို ရရှိအောင် ကြိုးစားသောအခါ အကြင်ပုရိသ၏ အခြေအနေသည် အဆိုးရွားဆုံးသို့ ရောက်ရှိသွားသည် ဟု သိပ္ပံပညာရှင်တို့က အခိုင်အမာပြောကြားခဲ့သည်။
အဆိုပါ အမျိုးသားတို့၏ စိုးရိမ်သောကဖြစ်မှုနှုန်းသည်
လေယာဉ်ပျံတစ်စင်းပေါ်မှ ခုန်ချ ရသည့်အခါ ဖြစ်ပေါ်သောနှုန်းနှင့် ညီမျှသည်ဟု ဆိုသည်။ အဆိုပါအမျိုးသားတို့၏ ကော်တီဆောဟော်မုန်း ပါဝင်မှုနှုန်းသည် လေယာဉ်ပျံပေါ်မှ ခုန်ချရသည်ထက်ပင် ပို၍ မြင့်မားနိုင်သည်ဟု ပညာရှင်တို့က ဆို၏။
ယင်းသို့ ကော်တီဆောဟော်မုန်း မြင့်တက်မှုက နှလုံးရောဂါဖြစ်နိုင်ခြေနှင
့် နှလုံး ရောဂါကြောင့် အမောဖောက်လာနိုင်ခြေကို လွန်စွာမြင့်မားစေသည်ဟု ဆိုသည်။
စပိန်နိုင်ငံ ဗလင်စီယာတက္ကသိုလ်မှ ပညာရှင်များသည် ၎င်းတို့၏ သုတေသနတွင် အမျိုးသား ၈၄ဦးကို ပါဝင်စေလျက် တစ်ဦးတည်းရှိနေစဉ်နှင့် လှပသော အမျိုးသမီးများနှင့် တွေ့ဆုံပြီးနောက် ကော်တီဆောဟော်မုန်း ပါဝင်မှုနှုန်းကို တိုင်းတာကာ တွက်ချက် သုတေသန ပြုခဲ့ကြခြင်း သိရသည်။
အားဖြည့်အချိုရည်နှင့် အရက် တွဲဖက် သောက်သုံးခြင်းကြောင့် ကျန်းမာရေးထိခိုက်နိုင်
အားဖြည့် အချိုရည်များကို အရက်ဖြင့် တွဲဖက် သောက်သုံးခြင်းသည် ကျန်းမာရေးအတွက်
ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ကြောင်း သိရှိရသည်။အချို့သော လူငယ်များသည် အားဖြည့်အချိုရည်ကို အရက်ထဲ ရောနှော ထည့်သွင်း သောက်လေ့ရှိရာ ယင်းသည် နှလုံး၏ လုပ်ငန်းဆောင်တာများကို ထိခိုက်စေသလို နှစ်ခြိုက်စွာ အိပ်မပျော်ဘဲ ရှိစေတတ်ကြောင်း ပညာရှင်များက သတိပေးခဲ့သည်။
ကဖိန်းဓာတ် မြင့်မြင့်မားမား ပါဝင်သော အားဖြည့် အချိုရည်များသည် အရက်နှင့် တွဲဖက်မိပါက နှလုံးတုန်မှုကို သာမန်ထက် (၆)ဆထိ မင့်တက်လာစေတတ်ကြောင်း သုတေသန ရလဒ်တစ်ခုက ဖော်ပြခဲ့သည်။ အရက်ကို သာမန် အချိုရည် တစ်မျိုးမျိုးဖြင့် တွဲဖက်သောက်သုံးခြင်းနှင့် နှိုင်းယှဉ်လျှင် အားဖြည့် အချိုရည်များက သက်ရောက်မှု အလွန်များကြောင်း ပညာရှင်များက ဆိုသည်။
ထို့အပြင် အရက်ကို အားဖြည့်အချိုရည်နှင့် ရောနှော သောက်သုံးပါက အိပ်စက်ရ ခက်ခဲမှုကို (၄)ဆမျှ မြင့်မားစေနိုင်ကြောင်းလည်း ဖော်ထုတ်နိုင်ခဲ့သည်။
Red Bullကဲ့သို့ အချိုရည်များသည် ဈေးကွက်အတွင်း အခိုင်အမာ နေရာရနေပြီး ၎င်းတို့သည် ပျမ်းမျှအားဖြင့် တစ်ဘူးလျှင် ကဖိန်းဓာတ် (၈၀)မီလီဂရမ်မျှ ပါဝင်လေ့ရှိသည်။ တက်စ်မေးနီးယား တက္ကသိုလ်မှ ဒေါက်တာ အန်ဒရီရာကားရ်က "အရက်နဲ့ အားဖြည့်အချိုရည်တွေကို တွဲပြီး သောက်တာဟာ သတိထားရမယ့် အခြေအနေ တစ်ခုပါ။
ကဖိန်းရဲ့ အာနိသင်က အဲီးအချိန်မှာ ပိုပြင်းပြလာပြီး လိုတာထက်ပိုတဲ့ သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်"ဟု ပြောကြားသွားသည်။
သုတေသီများသည် ယခုတွေ့ရှိချက်အတွက် အသက်(၁၈)နှစ်နှင့် (၃၅)နှစ်ကြား အမျိုးသား၊ အမျိုးသမီး (၄၀၃)ဦးကို လေ့လာခဲ့ကြောင်းလည်း သိရသည်။ သုတေသန ရလဒ်များက အားဖြည့် အချိုရည်များသည် အရက်၏ ထိုင်းမှိုင်းစေတတ်သော အာနိသင် အချို့ကို ပယ်ဖျက်ပစ်လိုက်ပြီး အိပ်ပျော်ရန် ခက်ခဲစေတတ်ကြောင်းလည်း ညွှန်ပြလျှက်ရှိကြောင်း သတင်းများက ဖော်ပြသွားသည်။
http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1497562&xgs=1&xg_source=msg_share_post
Vtok - Google VideoChat (Beta) For Android
ကျွန်တော် တို့  verson နိမ့်တဲ့ android ဖုန်းတွေမှာပါတဲ့ ဂျီတော့ က ဖုန်းပြောလို့ မရပါဘူး...ဖုန်းပြောချင်ရင် ဒီဆော့ဝဲလ်လေးကို သုံးသင့်တယ်လို့ အကြံပြုပါရစေ...မိမိဖုန်းမှာ ဒီ Vtok ဆော့ဝဲလ်ထည့်ထားရုံနှင့် တစ်ဖက်က ကွန်ပျူတာ နှင့် ဂျီတော့ သုံးနေသူထံသို့  ဖုန်း (သို့ မဟုတ်) ဗွီဒီယို Call ဖရီးခေါ်နိုင်ပါသည်။
စမ်းသပ်သုံးစွဲချင်ရင်
Google play store မှဒေါင်းရန် (For Android)
အိုင်ဖုန်းအတွက်ဒေါင်းရန်လင့်(For iPhone)
အဆင်ပြေကြပါစေ။
http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1494715&xgs=1&xg_source=msg_share_post
မိမိဂျီမေးလ်အကောက်စတင်ဖွင့်ခဲ့တဲ့ရက်ကိုသိချင်ရင်
မိမိဂျီမေးလ်အကောက်စတင်အကောက်ဖွင့်ခဲ့တဲ့နေ့ ကိုမေ့နေ့ ရင်အောက်ပါနည်းလမ်းအတိုင်းကြည့်နိုင်ပါတယ်။
သိပြီးတဲ့သူတွေကတော့ ထုံစံအတိုင်း ကျော်သွားကြပေါ့ဗျာ....
မသိသေးတဲ့ ညီအစ်ကိုမောင်နှမတွေအတွက်ပါ။
ပထမဦးဆုံး မိမိဂျီမေးလ်ကို ဖွင့်လိုက်ပါ။ ပြီးရင် ဂျီမေးလ် Setting(ခွေးသွားစိတ်ပုံလေး) ကိုသွားပါ။
ပြီးရင်ပေါ်လာတဲ့အထဲက Setting ကိုကလစ်ပါ။
ပြီးရင်ပေါ်လာတဲ့ခေါင်းစဉ်တွေအထဲက  Forwarding and POP/MAP ကိုကလစ်ပါ။ ပြီးရင် POP Download: ဘေးရှိစာတန်းအဆုံးကိုကြည့်လိုက်ပါ။အဲ့ဒါ မိမိဂျီမေးလ်အကောက်စတင်ဖွင့်ခဲ့တဲ့ နေ့ ရက်ပါ။
အဆင်ပြေကြပါစေ...........  
http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1494715&xgs=1&xg_source=msg_share_post
သင့်ကျန်းမာရေးအတွက်အဆိုးဆုံးရန်သူမျိုး(၅)ပါး
အသားအရေနဲ့ပတ်သက်ပြီး လူတွေပြောကြတာတစ်ခုရှိပါတယ်။အသက်နှစ်ဆယ်အရွယ်မှာအမွေရထားတဲ့
အသားအရေ ၊ အသက်(၄၀)အရွယ်မှာ ကိုယ့်မှာရှိသင့်ရှိထိုက်တဲ့အသားအရေ ၊ အသက် (၆၀)မှာ
ကြိုးစားရယူထားတဲ့အသားအရေကို လူတွေပိုင်ဆိုင်ကြတယ်လို့ဆိုပါတယ်။ အကောင်းဆုံးအသားအရေနဲ့
မွေးဖွားခဲ့လာပေမဲ့ ကိုယ့်ရဲ့နေထိုင်မှုပုံစံက ကိုယ့်မှာရှိသင့်ရှိထိုက်တဲ့အသားအရေနဲ့ ကြိုးစားရယူထားတဲ့
အသားအရေဆိုတာ ဘယ်လိုလည်းဆိုပြီး ဆုံးဖြတ်ပေးပါတယ်။ အများစုဟာ ကိုယ့်ထိန်းချူပ်မှု
အောက်မှာပဲရှိတာမို့ သတိပြုသင့်ပါတယ်။
ရန်သူနံပါတ်(၁)နေရောင်ခြည်
 နေရောင်ခြည်ဟာအကာအကွယ်ယူမထားတဲ့ အရေးပြားအတွက် အကြီးမားဆုံးရန်သူပါပဲ။
 အရေပြားတွန့်တာ၊
အသားအရေညိုမည်းတာ၊ နေလောင်ကွက်ဖြစ်သွားတာတွေဟာ နေရောင်ခြည်ကြောင့်ပါ
ဗိုက်တာမင်ဒီရဖို့လိုပေမယ့် လိုတာထက်ပိုများတဲ့ နေရောင်ခြည်က အရေပြားကိုဖျက်စီးနိုင်ပါတယ်။
နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က အရေးပြားထဲကို ထိုးဖောက်ဝင်ရောက်နိုင်ပြီး
 အရေပြားဆဲလ်တွေ
တစ်ခုကိုတစ်ခု ချော့ချော့မွေ့မွေ့နဲ့ ကပ်နေအောင် တွဲကပ်ပေးထားတဲ့ ပရိုတင်း(ကိုလတ်ဂျင် Collagen)ကို
ပျက်စီးစေပါတယ်။ အကောင်းဆုံးနည်းကတော့နေပူမမိအောင်နေဖို့၊
 ခရမ်းလွန်ရောင်ခြည်ကိုကာကွယ်ပေးနိုင်တဲ့
လိမ်းဆေး(Sunscreen)လိမ်းဖို့ပါပဲ။ နေလောင်ဒဏ်ခံရပြီးပြီဆိုရင်တော့
 အရေပြားအထူးကုဆရာဝန်နဲ့ပြဖို့လိုပြီး
အများအားဖြင့် ဗိုက်တာမင်အေ ပါဝင်တဲ့လိမ်းဆေးတွေ လိမ်းရဖို့ရှိပါတယ်။ ဟိုတစ်ကွက်
 ဒီတစ်ကွက်ဖြစ်နေတဲ့
နေလောက်ကွက်တွေကိုတော့ လေဆာကုထုံးနည်းနဲ့ကုလို့ရပါတယ်။
ရန်သူနံပါတ်(၂)ဆေးလိပ်
 ဆေးလိပ်သောက်ခြင်းကြောင့် အရေပြားဆဲလ်မှာ အောက်ဆီဂျင်လိုသလောက် မရတဲ့အတွက် ဆေးလိပ်
သောက်သူတွေရဲ့ အသားအရေဟာလည်း မီးခိုးရောင်ဖျော့ဖျော့ရှိနေတတ်ပါတယ်။ ဒဏ်ရာရခဲ့ရင်လည်း
အနာကျက်နှေးတတ်ပါတယ်။ ဆေးလိပ်သောက်သူတွေဟာ ရေဓာတ်ခန်းခြောက်တဲ့ အသားအရေရှိတတ်ပြီး
ကိုလတ်ဂျင် လုပ်ဖို့လိုအပ်တဲ့ ဗိုက်တာမင်စီအပါအ၀င် ဗိုက်တာမင်များနဲ့ သတ်တုဓာတ်တို့
 ရေရှည်ချို့တဲ့လေ့ရှိပါတယ်။
အကောင်းဆုံးကတော့ ဆေးလိပ်ကိုတတ်နိုင်သလောက် လျော့သောက်ဖို့ပါ။ အရေးပြားမှာ
 ရေဓာတ်မခန်းခြောက်ရအောင်
ရေများများသောက်ဖို့လိုသလို သင့်တော်တဲ့ မွိုက်ချာရိုက်ဇာ(Moisturizer)တခုခုကိုလည်းသုံးဖို့လိုပါတယ်။
အရေပြားတွန့်တာ ပျောက်ကင်းသက်သာအောင် ဗိုက်တာမင်စီနဲ့ဓာတ်တိုးဆန့်ကျင် ပစ်စည်း(Antioxidant)
ဆေးပြားတွေကို သုံးစွဲဖို့လိုအပ်ပြီး ကိုလတ်ဂျင်များများထုတ်လာအောင် လေဆာကုထုံးကိုလည်း
 သုံးနိုင်ပါတယ်။
ရန်သူနံပါတ်(၃)အိပ်ရေးပျက်ခြင်း
စိတ်ဖိစီးလို့၊ အလုပ်ဒဏ်ပိနေလို့ အပျော်အပါးများလို့ ဘယ်အကြောင်းနဲ့ပဲ အိပ်ရေးပျက်ပျက် အရေးပြားကို
ထိခိုက်တာပါပဲ။ ရက်အနည်းငယ်လောက် အိပ်ရေးပျက်တာနဲ့ မျက်တွင်းချိုင့်ချိုင့်နဲ့
တွေ့ရတတ်ပါတယ်။ ပိုဆိုးတာက ရက်အတော်ကြာအောင် အိပ်ရေးပျက်လာတာနဲ့ မျက်လုံးအောက်မှာ
အရေကြောင်းတွေ၊ အမည်းဝိုင်းတွေ ပေါ်လာတတ်တာပါပဲ။ ဒါတွေပျောက်ဖို့ အကောင်းဆုံးနည်းလမ်းကတော့
အချိန်မှန်အိပ်၊ အချိန်မှန်ထဖို့ပါပဲ။
 ရန်သူနံပါတ်(၄)ကိုယ်အလေးချိန်ပြောင်းလဲခြင်း
 အရေးပြားဆိုတာ ဆွဲဆန့်လို့ရတဲ့ ရာဘာတစ်ခုမဟုတ်ပါဘူး။ ဒါကြောင့်
 ရုတ်တရက်ကိုယ်အလေးချိန်တိုးလာရင်
အရေပြားမှာ အစင်းကြောင်းတွေပေါ်လာတတ်သလို ကျသွားရင်လည်း အရေးပြားတချို့နေရာတွေမှာ
တွဲကြနေတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်ကို ပုံမှန်ထိန်းထားနိုင်ဖို့လိုအပ်ပြီး လျှော့မယ်ဆိုရင်လည်း
ဖြေးဖြေးနဲ့မှန်မှန်ပဲ လျှော့သင့်ပါတယ်။ အစင်းတွေပျောက်ဖို့ကတော့ လေဆာကုထုံးနဲ့
 ဗိုက်တာမင်အေပါဝင်တဲ့
လိမ်းဆေးတို့ကိုလည်း သုံးစွဲဖို့လိုအပ်ပါတယ်။
ရန်သူနံပါတ်(၅)ရာသီဥတု နဲ့ ပတ်ဝန်းကျင်အခြေအနေ
 ခြောက်တွေ့တဲ့ရာသီဥတု၊ ညစ်ညမ်းတဲ့လေထု၊ ဖုန်ထူတဲ့ပတ်ဝန်းကျင်၊
 စိတ်ဖိစီးမှုများတဲ့ပတ်ဝန်းကျင်တွေကလဲ
အရေးပြားကို ထိခိုက်စေပါတယ်။ အရေပြားဆဲလ်ကို ထိခိုက်စေပြီး အရေပြားရဲ့ အဓိကဒေါက်တိုင်ဖြစ်တဲ့
ကိုလတ်ဂျင်ကို ပျက်စီးယိုယွင်းစေလို့ဖြစ်ပါတယ်။
 ညစ်ညမ်းတဲ့လေထုကြောင့် အရေပြားဟာ သူရဲ့စိုထိုင်းစကို ကောင်းကောင်းမထိန်းနိုင်ပဲ
 ခြောက်သွေ့ကြမ်းတမ်းလာပါတယ်
အရေပြားမှာရှိတဲ့ ချွေးပေါက်လေးတွေပိတ်သွားပြီး ၀က်ခြံတွေ၊ ကြာဆူး(အမည်းစက်နဲ့)တွေ
 ထွက်လာတတ်ပါတယ်။
 စိတ်ဖိစီးမှုကြောင့် ကိုယ်ထဲကထွက်လာတဲ့ ဓာတ်တိုးပစ်စည်း(Free Radical)ကလဲ အိုးမင်းရင့်ရော်မှု
မြန်မြန်ဖြစ်စေပါတယ်။ စိတ်ဖိစီးမှုက အသားအရေညှိုးနွမ်းစေပြီး မကြာခဏမျက်မှောင်ကျုံ့ရာကနေလဲ
အစင်းတွေ ထင်စေပါတယ်။ ဒါ့အပြင် အရေပြားကို သဘာဝအလျောက် စိုထိုင်းစထိန်းညှိပေးတဲ့
လစ်ပတ်ဘယ်ရီရာ(Lipid Barrier)ကိုလဲ စိတ်ဖိစီးမှုကလျော့နည်းစေပါတယ်။
 ခြောက်သွေ့တဲ့အသားအရေရှိရင် လိုတာထက်ပိုပြီး ဆပ်ပြာနဲ့မျက်နှာမသစ်သင့်ပါဘူး။
မိတ်ကပ်ဖျက်စရာမရှိရင် ရေကိုပဲသုံးသင့်ပါတယ်။ ပြင်းအားများတဲ့ မွိုက်ချာရိုက်ဇာ(Moisturiser)သုံးပြီး
ကိုယ့်အရေပြားကို တစ်နေ့လုံး ခြောက်သွေ့မသွားအောင် လုပ်ထားရပါမယ်။ ဒါဆိုခြောက်သွေ့မှုကြောင့်
ဖြစ်ရတဲ့အရေပြားတွန့်နေတာတွေ ပျောက်ကွယ်သွားမှာပါ။ ဓာတ်တိုးဆန့်ကျင်ပစ်စည်း(Antioxidants)တွေ
ဖြစ်တဲ့ ဗိုက်တာမင်အေ၊ စီ ၊ အီးကလဲ ဓာတ်တိုးပစ်စည်းကြောင့် ဖြစ်ပေါ်လာတဲ့
 အစင်းတွေကိုလျော့နည်းစေပါတယ်။
 ဒေါက်တာဥာဏ်ပေါ်
http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1480547&xgs=1&xg_source=msg_share_post
USB Drives အသုံးပြုခွင့်ကို ပိတ်ထားချင်တယ်ဆိုရင်
အကြောင်းကြောင်းကြောင့် USB Drives အသုံးပြုခွင့်ကို ပိတ်ထားချင်တယ်ဆိုရင် အောက်ပါအတိုင်း ပိတ်ထားလို့ရပါတယ်...။
Start  > Run  ကိုခေါ်ပါ win+r ကိုကလစ်ခေါ်နိုင်ပါတယ်..အဲမှာ Regedit ရေးထည့်ပြီး Enter ခေါက်ပါ ... Registry Editor Box ပေါ်လာရင် .. ဒီအဆင့်တွေအတိုင်း သွားပါ...
HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\USBSTOR
USBSTOR ကို Click ပါ .. ညာဘက်မှာ Start ဆိုတာကို ရှာပါ...  တွေ့ရင် Double Click ပြီး  Value Data  မှာ  (3) ကို (4) Change ပေးလိုက်ပါ ...ဒါဆိုရင် မိမိ ကွန်ပြူတာမှာ USB အသုံးပြုခွင့်ကို ပိတ်ထားလိုက်ပါပြီ... 
ပြန်လည် အသုံးပြုလိုတယ်ဆိုရင်တော့ စောစောကအတိုင်း ပြန်ဝင်ပြီး USBSTOR  က Start မှာ (4) ကို (3) ပြန် Change ပေးလိုက်ပါ...။
အားလုံးအဆင်ပြေကြပါစေ....
အောင်အောင်(မကစ)
www.ledimyethar.com
www.aungsanmks.blogspot.com
http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1462037&xgs=1&xg_source=msg_share_post